ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

89

7.2K 1.4K 132
By Melinoe_Megami

Unicode

“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကျုပ်က ဟော်လင်းယွင်ရဲ့သားမဟုတ်ဘူး..!”

အမှိုက်ဖြစ်သွားပြီဆိုတဲ့ ရက်စက်လွန်းတဲ့ အမှန်တရားကြောင့် အသိစိတ်လွတ်နေခဲ့တဲ့ ရင်းဝူရွှမ်ခမျာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့ဖြစ်နေကြမှန်း သတိမပြုမိခဲ့ဘူး။ အလင်းတန်းတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲကို ရုတ်တရက် ဝင်ရောက်လာပြီး ဟော်လင်းယွင်နဲ့ သွေးချင်းဆက်သွယ်မှုကို ခံစားလိုက်ရတော့မှ အခြေအနေတွေကို သတိပြုမိလိုက်တော့တယ်။

အစောပိုင်းကတော့ သူက ရင်းမင်ရဲ့သားအရင်းမဟုတ်ဘူးဆိုတဲ့ စကားကို စိတ်ထဲမထားခဲ့ဘူး။ သိသာစွာပဲ ရွှယ်ယို့ရှန်းဆိုတဲ့ ကလေးငယ်က ရင်းဆုယဲ့ရဲ့ ဘက်တော်သားဖြစ်တာကြောင့် သူ့အကြောင်းကို သွားပုတ်လေလွင့်လျှောက်ပြောနေတာလို့ ထင်နေခဲ့တယ်။ သို့သော်ငြား ထူးဆန်းတဲ့ အလင်းတန်းကြောင့် ဟော်လင်းယွင်နဲ့ သွေးသားဆက်စပ်မှုကို ခံစားလိုက်ရတဲ့အချိန် ရင်းဝူရွှမ်လည်း ထိတ်လန့်တုန်လှုပ်သွားရပြီး ထအော်လိုက်မိတယ်။

“ပါးစပ်ပိတ်ထား..!”

ရင်းမင်တစ်ယောက် စိတ်မထိန်းနိုင်လောက်အောင် ဒေါသူပုန်ထနေချေပြီ။

ဟော်လင်းယွင်နဲ့ ချန်းရုန်ယန်က နှစ်ပေါင်းများစွာကြာအောင် သူ့ကို လှည့်စားခဲ့ရုံတင်မကဘူး၊ သူတို့ရဲ့ သားဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ခိုင်းခဲ့တယ်..! ဒီ ‘ဦးထုပ်စိမ်း’ကြီးကတော အရမ်းကြီးမားလွန်းသွားပြီ..! ဒီမျိုးမစစ် ခွေးဇာတ်ခင်းတဲ့ဟာတွေကတော့..!

အစတုန်းက ဒီကိစ္စကြီးတစ်ခုလုံးကို ရင်းဆုယဲ့ ဖန်တီးထားတာလို့ ရင်းမင်က သံသယဝင်နေခဲ့တယ်။ သူနဲ့ ဟော်လင်းယွင်ကို ရန်တိုက်ပေးပြီး ရင်းမိသားစုနဲ့ ဟော်မိသားစုကို လက်စားချေချင်နေတာလို့ပေါ့။ သို့သော်ငြား တချို့လုပ်ကြံဖန်တီးလို့မရတဲ့ အကြောင်းအရာတွေ ပါဝင်လာခဲ့ချေပြီ။

ရွှယ်ယို့ရှန်းရဲ့ စွမ်းရည်က ရှေးဟောင်းစာအုပ်တွေထဲက ရေးသားချက်တွေနဲ့ တူညီနေတာကို အသာထားဦး။ ဒီကလေးပြုလုပ်ခဲ့တဲ့ သွေးသားစစ်ဆေးနည်းက တချို့စက်ပစ္စည်းတွေလို ယန္တရားပညာနဲ့ အတုလုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ ဒီအခြေအနေအထိ အမှားအမှန်မခွဲခြားနိုင်သေးရင် သူ့ရဲ့ဘဝတစ်ခုလုံးဟာ အလကားအချိန်ကုန်ခဲ့ရသလို ဖြစ်သွားတော့မှာပေါ့..!

အရာအားလုံးကို စဉ်းဆင်ဆင်ခြင်ပြီးနောက် ရင်းမင်လည်း ရွှယ်ယို့ရှန်း လိမ်ညာနေတာမဟုတ်မှန်း သဘောပေါက်သွားခဲ့တယ်။ ထို့ကြောင့် ရင်းဝူရွှမ်အပေါ် သူ့ရဲ့ဆက်ဆံပုံက လုံးလုံးလျားလျား ပြောင်းလဲသွားတော့တယ်။

“အဖေ.. ကျွန်တော့ကို မယုံတော့ဘူးလား..?!”

ရင်းဝူရွှမ်လည်း ရင်းမင်က မျက်စိတစ်မှိတ်စာအတွင်း သူ့ကိုပစ်ပယ်သွားလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။ သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။ သူ့ကို ရွံရှာစက်ဆုပ်စွာ စိုက်ကြည့်နေတဲ့လူက ငယ်ငယ်လေးထဲက ချော့မော့အလိုလိုက်ခဲ့တဲ့ သူ့ရဲ့ဖခင်ဆိုတာကို မယုံကြည်နိုင်အောင် ဖြစ်နေတော့တယ်။

ရင်းဆုယဲ့သာ သူ့ကို ဒါဏ်ရာရအောင် မလုပ်ခဲ့ဘူးဆိုရင် ပြေးပြီးမေးပစ်လိုက်ပြီ။ အခုတော့ သူ့ရဲ့ဒဏ်ရာကြောင့် မြေပြင်ပေါ်မှာ သနားစဖွယ်လဲလျောင်းရင်း နှစ် ၂၀ ကျော်ခန့် ‘အဖေ’ ခေါ်ခဲ့ရတဲ့ ထိုလူကြီးကိုသာ စိတ်အားငယ်စွာ ငေးကြည့်နေမိတော့တယ်။

“မယုံသေးဘူးဆိုရင်လည်း တခြားနည်းလမ်းတွေနဲ့ သက်သေပြလို့ ရသေးတယ်နော်.. အချိန်တော့ နည်းနည်းလိုတာပေါ့..”

ရင်းမင်ရဲ့ မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ဝိဉာဉ်မဲ့သူလိုဖြစ်နေတဲ့ ရင်းဝူရွှမ်ကိုကြည့်ပြီး ရွှယ်ယို့ရှန်းတစ်ယောက် စိတ်ပျော်ရွှင်နေတော့တယ်။

ကြည့်ရတာ ရင်းဝူရွှမ်က ပိုပြီးသိသာတဲ့ သက်သေမရသရွေ့ အလျော့ပေးမယ့်ပုံမပေါ်ဘူး။ အဲ့တော့ ဒီလူတွေအကုန်လုံး မြေပြင်ပေါ်မှောက်သွားတဲ့အထိ ဖိအားပေးရတော့မှာပေါ့..!

သွေးသားစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး နည်းလမ်းများစွာရှိသော်လည်း ရွှယ်ယို့ရှန်းက အဆင်ပြေသက်သာတဲ့ အလွယ်ကူဆုံးနည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်တယ်။ ရင်းမင်လို ရင်းအိမ်တော်ရဲ့ ခေါင်းဆောင်ကြီးက သူသာအလိုရှိမယ်ဆိုရင် သွေးသားစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းတွေအများကြီး ရှာဖွေကြည့်နိုင်တယ်။

ထိုအတွက်ကြောင့် ရွှယ်ယို့ရှန်းက ရင်းမင်ကို ပိုပြီးကြည့်မရဖြစ်နေတာပဲ။ ရင်းမင်က အတိတ်တုန်းက ချင်းရုန်ယန်ရဲ့ စကားကိုပဲ နားယောင်နေခဲ့ပြီး ရင်းဆုယဲ့က သူ့ရဲ့သားဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို အတည်မပြုမခဲ့ဘူး။ ဒီလို အာဏာရှင်ဆန်လွန်းတဲ့ အကျင့်စရိုက်ကြောင့် ရင်းဆုယဲ့ရဲ့ ငယ်ဘဝက နာကျင်မှုတွေနဲ့ ပြည့်နှက်ခဲ့ရတယ်။

“မလိုအပ်ဘူး..!”

ရင်းမင်က အနည်း စိတ်ထိန်းထားရဟန်နဲ့ ပြောလာခဲ့တယ်။

ဒါတွေအကုန်လုံးက ကိုယ့်ကိုယ်ကို ယုံကြည်လွန်းပြီး ချင်းရုန်ယန်ရဲ့ စကားကို နားယောင်ခဲ့မိလို့ပဲ။ သွေးသားအစစ် ဟုတ်မဟုတ်ဆိုတာ မစစ်ဆေးကြည့်မိခဲ့ဘူး။ အဲ့တာကြောင့်လည်း လက်ရှိအခြေအနေလို ပြန်လည်ပြင်ဆင်လို့မရတဲ့ကိစ္စတွေ ဖြစ်လာခဲ့ရတာပေါ့။

“ကိစ္စမရှိတော့ဘူးဆိုရင်လည်း ရင်းဆုယဲ့နဲ့ ကျွန်တော်က ခင်ဗျားတို့မိသားစုအရေးကို မနှောင့်ယှက်တော့ဘူးနော်.. သွားခွင့်ပြုပါဦး..!”

ရွှယ်ယို့ရှန်းက ပြောရင်းဆိုရင်း ရင်းဆုယဲ့ကို ဆွဲခေါ်ကာ ထွက်ခွာသွားရန် ပြင်လိုက်တယ်။

အခုချိန်က လစ်ထွက်လို့အကောင်းဆုံးအချိန်ပဲ..!  ရင်းဆုယဲ့လုပ်ခဲ့တဲ့ ကိစ္စတွေက ပေါ့သေးသေးမဟုတ်ဘူးလေ။ ဒီလူတွေအားလုံး ရုတ်တရက်ဆန်တဲ့ အမှန်တရားကြောင့် တွေဝေငေးမောနေတဲ့အချိန် ထွက်သွားမှဖြစ်မယ်။ မဟုတ်ရင် ထွက်သွားလို့ ရတော့မှာမဟုတ်ဘူး..!

“နေဦး..!”

ရင်းမင်က မသိစိတ်ရဲ့ အလိုအတိုင်း ရွှယ်ယို့ရှန်းနဲ့အတူ ထွက်ခွာသွားရန်ပြင်နေတဲ့ ရင်းဆုယဲ့ကို တားဆီးလိုက်တယ်။

“ဘာလုပ်ချင်သေးလို့လဲ..?”

ရွှယ်ယို့ရှန်းက ဘုဆတ်ဆတ် ပြန်မေးလိုက်တယ်။ သူရဲ့အစီအစဉ်ကို ရင်းမင်က ရိပ်မိသွားတာလား..? မဖြစ်နိုင်တာ..!

“ကျုပ်..”

ရင်းမင်က ရင်းဆုယဲ့ကို တားဆီးလိုက်သော်ငြား ဘာဆက်ပြောရမှန်းမသိ ဖြစ်နေတော့တယ်။

မန္တန်အစီအရင်ရဲ့ အကျိုးသက်ရောက်မှုက ပျက်ပြယ်သွားခဲ့ပြီ။ ထို့ကြောင့် သွေးရင်းဆက်စပ်မှုခံစားချက်ကို မခံစားရတော့သော်ငြား ရင်းဆုယဲ့က သူ့ရဲ့သွေးသားအရင်း ဖြစ်နေတယ်။ ဒါပေမဲ့ ၁၇ နှစ်တိုင်တိုင် ပစ်ပယ်ထားခဲ့တဲ့ သားဖြစ်သူကို မည်သို့မည်ပုံ ရင်ဆိုင်ရမှန်း မသိတော့ဘူး။

ထို့အပြင် ရင်းဆုယဲ့ကို သားအရင်းတစ်ယောက်လို မသတ်မှတ်ဖူးတာကြောင့် သူ့ရဲ့အပြုအမူကို ချက်ချင်းပြောင်းလဲပစ်ရန် အလွန်ခက်ခဲနေတော့တယ်။ သူ့ဆီမှာ သွေးသားအရင်းက ရင်းဆုယဲ့တစ်ယောက်သာ ရှိတော့ကြောင်း ထပ်စဉ်းစားမိလိုက်ပြန်တော့ ရင်းမင်ရဲ့ အမူအရာက ပိုမိုပျော့ပျောင်းလာခဲ့တယ်။

တစ်ဖက်မှာလည်း ရင်းဆုယဲ့က အိမ်တော်ရဲ့ ဘိုးဘေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက မီးနဲ့ရေလို ဖြစ်နေခဲ့ချေပြီ။

အခုအချိန်မှာသာ သူ့ရဲ့အပြုအမူကို ချက်ချင်းပြောင်းလဲပစ်လိုက်ရင် အိမ်တော်မှာရှိနေသေးတဲ့ တခြားလူတွေရဲ့ စိတ်ထဲမှာ သစ္စာဖောက်ခံလိုက်ရသလို ခံစားသွားကြလိမ့်မယ်။ ဒါပေမဲ့ ရင်းဆုယဲ့ရဲ့ စွမ်းအားအရှိန်အဝါအရ အဲ့ကိစ္စက သိပ်ပြီးစိတ်ပူစရာမလိုဘူး။ ရင်းဆုယဲ့သာ ရင်းအိမ်တော်အတွက် အလုပ်လုပ်ပေးချင်သရွေ့ သူ့ရဲ့စွမ်းရည်နဲ့ အင်အားက တခြားဘိုးဘေးတွေထက် သာလွန်နေဦးမှာပဲ..! အဲ့တာဆို ရင်းအိမ်တော်ရဲ့ဆုံးရှုံးနစ်နာမှုကို ပြန်လည်ဖာထေးပြီးသား ဖြစ်သွားလိမ့်မယ်..!

ကိုယ့်ကိုယ်ကို စိတ်ပြင်ဆင်ပြီးနောက် ရင်းမင်က အလွန်ချစ်မြတ်နိုးတဲ့ အမူအရာမျိုးဖြင့် ရင်းဆုယဲ့ကို ချော့မော့ရန် ပြင်ဆင်လိုက်လေတယ်။

“ခင်ဗျားနဲ့ကျုပ်ကြားမှာ ဘာမှပြောစရာမရှိဘူး..”

ရင်းဆုယဲ့က ရင်းမင်ကို စကားပြောခွင့်ပင် မပေးခဲ့ပါဘူး။ ရင်းမင်ပြောလိုတဲ့ စကားတွေကို ကြိုတင်ပိတ်​ပင်လိုက်ပြီး သူ့ရဲ့ငြင်းဆန်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တယ်။

“အဖေက မင်းရဲ့အဖေ မဖြစ်ထိုက်ဘူးဆိုတာကို ဝန်ခံပါတယ်.. အရင်တုန်းက မင်းကို ထိခိုက်စေခဲ့မိတယ်.. ဒါပေမဲ့ အဖေ့အမှားကို အဖေသိပါပြီ.. ယဲ့အာ.. အဖေ့ကို အခွင့်အရေးလေးတစ်ခုတော့ ပေးပါကွာ.. မင်းအတွက် ပြန်လည်ပေးဆပ်ပါရစေ..!”

ရင်းဆုယဲ့က ဘာမှမပြောတာကြောင့် ရင်းမင်က သူပြောလိုတဲ့ စကားတွေကို တရစပ်တည်း ပြောချလိုက်တော့တယ်။

“ပြန်ပေးဆပ်မယ်..? ဟမ့်.. နောက်ကျသွားပြီ..!”

ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက အေးစက်စူးရှနေတော့တယ်။

ရင်းမင်က ‘အဖေနဲ့သား ချစ်ခြင်းမေတ္တာ’ပြဇာတ် ကပြလိုက်ရုံနဲ့ သူတို့ကြားက အမုန်းတရားတွေ၊ ရန်ငြိုးတွေအကုန်လုံးကို လျှော်ပစ်လို့ရနိုင်မယ်လို့ ထင်နေတာလား..? ထင်ယောင်ထင်မှား ဖြစ်နေတာပဲ..!

အရင်ဘဝတုန်းကလည်း ရင်းဝူရွှမ်က ဟော်လင်းယွင်ရဲ့ တရားမဝင်ကလေးဖြစ်ကြောင်း ရင်းမင် သိသွားတဲ့အချိန် ရင်းဆုယဲ့ကို လက်ရှိပုံစံအတိုင်း တောင်းပန်ခဲ့ဖူးတယ်။ သူ့ကိုခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ မိသားစုဆီကို ပြန်လာခဲ့ဖို့ တောင်းပန်ခဲ့တယ်။ ရင်းဆုယဲ့လည်း ရင်းအိမ်တော်ကို ပြန်သွားခဲ့ပြီး ရင်းအိမ်တော်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း တခြားလူတွေရဲ့ စကားကြောင့် ရင်းမင်က သူ့ကိုပစ်ပယ်ခဲ့ပြန်တယ်။

ထိုအချိန်ကတည်းက သူနားလည်သွားခဲ့တယ်။ ရင်းမင်ရဲ့ မျက်လုံးထဲမှာ သွေးသားအရင်း၊ ဆက်သွယ်မှု၊ ခံစားချက် ဘာဆိုဘာမှမရှိဘူး။ သူ(ရင်းမင်)သိတာက အင်အားကြီးမားဖို့ တစ်ခုတည်းပဲ။ ထိုအချက်ကို သိသွားတဲ့အချိန်ကစပြီး သူ့ရဲ့ဘဝမှာ မိသားစုအချစ်ဆိုတာ ပျောက်ဆုံးသွားခဲ့ပြီ။ လုံးဝမမျှော်လင့်ထားတော့ဘူး..!

“မင်းလက်မခံချင်လည်း ငါက မင်းရဲ့အဖေပဲ.. ငါတို့သွေးကြောထဲမှာ တူညီတဲ့သွေးတွေ စီးဆင်းနေတယ်ဆိုတဲ့အချက်က ဘယ်တော့မှ မပြောင်းလဲသွားဘူး..!”

ဒီလောက်ကိုယ့်ကိုယ်ကိုနှိမ်ချပြီး ပြောနေတာအောင် ရင်းဆုယဲ့ဘက်က ဘာတုံ့ပြန်မှုမှမရှိတာကြောင့် ရင်းမင်လည်း မယုံကြည်နိုင်အောင် ဖြစ်သွားရတယ်။

“ရတာပေါ့..!” (ပြောင်းလဲလို့ရတာပေါ့..)

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က ခနဲ့တဲ့တဲ့အပြုံးမျိုးနဲ့ ကော့ညွှတ်သွားခဲ့တယ်။

ကြီးမြတ်သောဘုရင်အဆင့်ကို ရောက်သွားခဲ့ရင် သူ့ရဲ့ခန္ဓာကိုယ်ကို လိုသလိုပြုပြင်နိုင်လိမ့်မယ်။ အဲ့အချိန်ရောက်ရင် သူ့ရဲ့ခန္ဓာကိုယ်၊ သွေးနဲ့အရိုးအကြော၊ အရာအားလုံးက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့အလိုကျ ပြောင်းလဲသွားမှာပဲ။ အဲ့တာဆိုရင် ရင်းမင်ကို ထပ်ပြီးငဲ့ညှာနေစရာ အကြောင်းမရှိတော့ဘူး..!

“………….”

ပထမဆုံးအကြိမ်အဖြစ် ရင်းဆုယဲ့က သူပစ်ပယ်ဖူးခဲ့တဲ့ အနိုင်ကျင့်ခံမဟုတ်တော့ဘဲ အမှန်တကယ် စွမ်းအားကြီးမြတ်သူဖြစ်ကြောင်း ရင်းမင်တစ်ယောက် ခံစားလိုက်ရတယ်။

“သွားကြရအောင်..”

သူ့အပေါ်မှီထားတဲ့ ကောင်ငယ်လေးကို ငုံ့ကြည့်ရင်း ရင်းဆုယဲ့ရဲ့ စိတ်အခြေအနေက အလိုလို ပျော့ပျောင်းလာခဲ့တယ်။

“ကောင်းပြီ..”

ရွှယ်ယို့ရှန်းက လက်ဆန့်ထုတ်လိုက်ပြီး ရင်းဆုယဲ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ လက်ဖဝါးပြင်ကို ဆုပ်ကိုင်လိုက်တယ်။ အားပေးနှစ်သိမ့်လိုတဲ့ ထိုအပြုအမူက ရင်းဆုယဲ့ကို တစ်ကမ္ဘာလုံးက ပစ်ပယ်ထားခဲ့ရင်တောင် ရင်းဆုယဲ့ရဲ့ဘေးနားမှာ သူရှိနေပေးပါ့မယ်လို့ ပြောနေသယောင်။

ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်တယ်။ ထိုတစ်ခဏ သူ့ရဲ့စိတ်အခြေအနေက အနည်းငယ် ပေါ့ပါးသွားခဲ့တယ်။ ဒီခံစားချက်က ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။

“မင်းတို့ ထွက်သွားလို့မရဘူး..!”

သူ့ကိုနာကျင်အောင်လုပ်ပြီး ထွက်ခွာသွားတော့မယ့် ရင်းဆုယဲ့ကိုကြည့်ရင်း ရင်းဝူရွှမ်တစ်ယောက် အလိုမကျဖြစ်နေတော့တယ်။ သူ့ကို လျစ်လျူရှုထားတဲ့ ရင်းမင်ကို လှည့်ကြည့်မိလိုက်တော့ သူက ရင်းမင်ရဲ့သားမဟုတ်တော့မှန်း သတိရလိုက်တယ်။ ရင်းမင်ရဲ့ ပစ်ပယ်မှုကို ခံလိုက်ရတာကြောင့် ဟော်လင်းယွင်ဘက်လှည့်ကာ ပြောလိုက်တယ်။

“ဟော်လင်းယွင်.. ခင်ဗျားက ကျုပ်ရဲ့သွေးရင်းအဖေဆိုတော့ ကျုပ်အတွက် သူတို့ကိုတားပေး..!”

ကယောင်ချောက်ချားဖြစ်နေတဲ့ ရင်းဝူရွှမ်မှာ ဆင်ခြင်တုံတရား ပျောက်ကွယ်သွားလေပြီ။ သူ့ကို ထိခိုက်အောင်လုပ်ခဲ့တဲ့ ရင်းဆုယဲ့ကို အလွယ်တကူ လွတ်မြောက်ခွင့်မပေးချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းသာ ရှိတော့တယ်။

သူ့ကိုလုပ်ခဲ့တဲ့အရာတွေအတွက် ရင်းဆုယဲ့လည်း ပြန်ပေးဆပ်ရမယ်..! ရင်းဆုယဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ရင်းအိမ်တော်ရဲ့ ဆက်ခံသူအနေနဲ့ သက်သောင့်သက်သာ နေရမှာ၊ တရားမဝင်ကလေးဆိုတာမျိုးလည်း ဖြစ်လာတော့မှာမဟုတ်ဘူး..!

ရင်းဆုယဲ့နံဘေးက ကောင်ငယ်လေးကို စိုက်ကြည့်နေရင်း ရင်းဝူရွှမ်ရဲ့ မျက်လုံးတွေထဲမှာ ပိုင်ဆိုင်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့တယ်။ ကောင်းတဲ့စိတ်နှင့် မကောင်းတဲ့စိတ် လွန်ဆွဲခဲ့ပြီးနောက် ရင်းဝူရွှမ်က သူ့နှလုံးသားထဲက လိုလားတောင့်တချက်ကို ထုတ်ဖော်ပြောလိုက်တယ်။

“ကျုပ် ရွှယ်ယို့ရှန်းကို လိုချင်တယ်..!”

…………………………………….

Zawgyi

“မဟုတ္ဘူး၊ မျဖစ္ႏိုင္ဘူး၊ က်ဳပ္က ေဟာ္လင္းယြင္ရဲ႕သားမဟုတ္ဘူး..!”

အမႈိက္ျဖစ္သြားၿပီဆိုတဲ့ ရက္စက္လြန္းတဲ့ အမွန္တရားေၾကာင့္ အသိစိတ္လြတ္ေနခဲ့တဲ့ ရင္းဝူ႐ႊမ္ခမ်ာ သူ႔ရဲ႕ပတ္ဝန္းက်င္မွာ ဘာျဖစ္လို႔ျဖစ္ေနၾကမွန္း သတိမျပဳမိခဲ့ဘူး။ အလင္းတန္းတစ္ခုက သူ႔ရဲ႕ခႏၶာကိုယ္ထဲကို ႐ုတ္တရက္ ဝင္ေရာက္လာၿပီး ေဟာ္လင္းယြင္နဲ႔ ေသြးခ်င္းဆက္သြယ္မႈကို ခံစားလိုက္ရေတာ့မွ အေျခအေနေတြကို သတိျပဳမိလိုက္ေတာ့တယ္။

အေစာပိုင္းကေတာ့ သူက ရင္းမင္ရဲ႕သားအရင္းမဟုတ္ဘူးဆိုတဲ့ စကားကို စိတ္ထဲမထားခဲ့ဘူး။ သိသာစြာပဲ ႐ႊယ္ယို႔ရွန္းဆိုတဲ့ ကေလးငယ္က ရင္းဆုယဲ့ရဲ႕ ဘက္ေတာ္သားျဖစ္တာေၾကာင့္ သူ႔အေၾကာင္းကို သြားပုတ္ေလလြင့္ေလွ်ာက္ေျပာေနတာလို႔ ထင္ေနခဲ့တယ္။ သို႔ေသာ္ျငား ထူးဆန္းတဲ့ အလင္းတန္းေၾကာင့္ ေဟာ္လင္းယြင္နဲ႔ ေသြးသားဆက္စပ္မႈကို ခံစားလိုက္ရတဲ့အခ်ိန္ ရင္းဝူ႐ႊမ္လည္း ထိတ္လန႔္တုန္လႈပ္သြားရၿပီး ထေအာ္လိုက္မိတယ္။

“ပါးစပ္ပိတ္ထား..!”

ရင္းမင္တစ္ေယာက္ စိတ္မထိန္းႏိုင္ေလာက္ေအာင္ ေဒါသူပုန္ထေနေခ်ၿပီ။

ေဟာ္လင္းယြင္နဲ႔ ခ်န္း႐ုန္ယန္က ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သူ႔ကို လွည့္စားခဲ့႐ုံတင္မကဘူး၊ သူတို႔ရဲ႕ သားျဖစ္သူကိုလည္း ျပဳစုေစာင့္ေရွာက္ခိုင္းခဲ့တယ္..! ဒီ ‘ဦးထုပ္စိမ္း’ႀကီးကေတာ အရမ္းႀကီးမားလြန္းသြားၿပီ..! ဒီမ်ိဳးမစစ္ ေခြးဇာတ္ခင္းတဲ့ဟာေတြကေတာ့..!

အစတုန္းက ဒီကိစၥႀကီးတစ္ခုလုံးကို ရင္းဆုယဲ့ ဖန္တီးထားတာလို႔ ရင္းမင္က သံသယဝင္ေနခဲ့တယ္။ သူနဲ႔ ေဟာ္လင္းယြင္ကို ရန္တိုက္ေပးၿပီး ရင္းမိသားစုနဲ႔ ေဟာ္မိသားစုကို လက္စားေခ်ခ်င္ေနတာလို႔ေပါ့။ သို႔ေသာ္ျငား တခ်ိဳ႕လုပ္ႀကံဖန္တီးလို႔မရတဲ့ အေၾကာင္းအရာေတြ ပါဝင္လာခဲ့ေခ်ၿပီ။

႐ႊယ္ယို႔ရွန္းရဲ႕ စြမ္းရည္က ေရွးေဟာင္းစာအုပ္ေတြထဲက ေရးသားခ်က္ေတြနဲ႔ တူညီေနတာကို အသာထားဦး။ ဒီကေလးျပဳလုပ္ခဲ့တဲ့ ေသြးသားစစ္ေဆးနည္းက တခ်ိဳ႕စက္ပစၥည္းေတြလို ယႏၲရားပညာနဲ႔ အတုလုပ္လို႔ရတဲ့ အရာမ်ိဳးမဟုတ္ဘူး။ ဒီအေျခအေနအထိ အမွားအမွန္မခြဲျခားႏိုင္ေသးရင္ သူ႔ရဲ႕ဘဝတစ္ခုလုံးဟာ အလကားအခ်ိန္ကုန္ခဲ့ရသလို ျဖစ္သြားေတာ့မွာေပါ့..!

အရာအားလုံးကို စဥ္းဆင္ဆင္ျခင္ၿပီးေနာက္ ရင္းမင္လည္း ႐ႊယ္ယို႔ရွန္း လိမ္ညာေနတာမဟုတ္မွန္း သေဘာေပါက္သြားခဲ့တယ္။ ထို႔ေၾကာင့္ ရင္းဝူ႐ႊမ္အေပၚ သူ႔ရဲ႕ဆက္ဆံပုံက လုံးလုံးလ်ားလ်ား ေျပာင္းလဲသြားေတာ့တယ္။

“အေဖ.. ကြၽန္ေတာ့ကို မယုံေတာ့ဘူးလား..?!”

ရင္းဝူ႐ႊမ္လည္း ရင္းမင္က မ်က္စိတစ္မွိတ္စာအတြင္း သူ႔ကိုပစ္ပယ္သြားလိမ့္မယ္လို႔ လုံးဝမထင္ထားခဲ့မိဘူး။ သူ႔ရဲ႕မ်က္လုံးေတြက ျပဴးက်ယ္သြားခဲ့တယ္။ သူ႔ကို ႐ြံရွာစက္ဆုပ္စြာ စိုက္ၾကည့္ေနတဲ့လူက ငယ္ငယ္ေလးထဲက ေခ်ာ့ေမာ့အလိုလိုက္ခဲ့တဲ့ သူ႔ရဲ႕ဖခင္ဆိုတာကို မယုံၾကည္ႏိုင္ေအာင္ ျဖစ္ေနေတာ့တယ္။

ရင္းဆုယဲ့သာ သူ႔ကို ဒါဏ္ရာရေအာင္ မလုပ္ခဲ့ဘူးဆိုရင္ ေျပးၿပီးေမးပစ္လိုက္ၿပီ။ အခုေတာ့ သူ႔ရဲ႕ဒဏ္ရာေၾကာင့္ ေျမျပင္ေပၚမွာ သနားစဖြယ္လဲေလ်ာင္းရင္း ႏွစ္ ၂၀ ေက်ာ္ခန႔္ ‘အေဖ’ ေခၚခဲ့ရတဲ့ ထိုလူႀကီးကိုသာ စိတ္အားငယ္စြာ ေငးၾကည့္ေနမိေတာ့တယ္။

“မယုံေသးဘူးဆိုရင္လည္း တျခားနည္းလမ္းေတြနဲ႔ သက္ေသျပလို႔ ရေသးတယ္ေနာ္.. အခ်ိန္ေတာ့ နည္းနည္းလိုတာေပါ့..”

ရင္းမင္ရဲ႕ မည္းေမွာင္ေနတဲ့ မ်က္ႏွာထားနဲ႔ ဝိဉာဥ္မဲ့သူလိုျဖစ္ေနတဲ့ ရင္းဝူ႐ႊမ္ကိုၾကည့္ၿပီး ႐ႊယ္ယို႔ရွန္းတစ္ေယာက္ စိတ္ေပ်ာ္႐ႊင္ေနေတာ့တယ္။

ၾကည့္ရတာ ရင္းဝူ႐ႊမ္က ပိုၿပီးသိသာတဲ့ သက္ေသမရသေ႐ြ႕ အေလ်ာ့ေပးမယ့္ပုံမေပၚဘူး။ အဲ့ေတာ့ ဒီလူေတြအကုန္လုံး ေျမျပင္ေပၚေမွာက္သြားတဲ့အထိ ဖိအားေပးရေတာ့မွာေပါ့..!

ေသြးသားစစ္ေဆးျခင္းႏွင့္ပတ္သက္ၿပီး နည္းလမ္းမ်ားစြာရွိေသာ္လည္း ႐ႊယ္ယို႔ရွန္းက အဆင္ေျပသက္သာတဲ့ အလြယ္ကူဆုံးနည္းလမ္းကို အသုံးျပဳခဲ့တာ ျဖစ္တယ္။ ရင္းမင္လို ရင္းအိမ္ေတာ္ရဲ႕ ေခါင္းေဆာင္ႀကီးက သူသာအလိုရွိမယ္ဆိုရင္ ေသြးသားစစ္ေဆးျခင္းဆိုင္ရာ နည္းလမ္းေတြအမ်ားႀကီး ရွာေဖြၾကည့္ႏိုင္တယ္။

ထိုအတြက္ေၾကာင့္ ႐ႊယ္ယို႔ရွန္းက ရင္းမင္ကို ပိုၿပီးၾကည့္မရျဖစ္ေနတာပဲ။ ရင္းမင္က အတိတ္တုန္းက ခ်င္း႐ုန္ယန္ရဲ႕ စကားကိုပဲ နားေယာင္ေနခဲ့ၿပီး ရင္းဆုယဲ့က သူ႔ရဲ႕သားဟုတ္လား၊ မဟုတ္ဘူးလားဆိုတာကို အတည္မျပဳမခဲ့ဘူး။ ဒီလို အာဏာရွင္ဆန္လြန္းတဲ့ အက်င့္စ႐ိုက္ေၾကာင့္ ရင္းဆုယဲ့ရဲ႕ ငယ္ဘဝက နာက်င္မႈေတြနဲ႔ ျပည့္ႏွက္ခဲ့ရတယ္။

“မလိုအပ္ဘူး..!”

ရင္းမင္က အနည္း စိတ္ထိန္းထားရဟန္နဲ႔ ေျပာလာခဲ့တယ္။

ဒါေတြအကုန္လုံးက ကိုယ့္ကိုယ္ကို ယုံၾကည္လြန္းၿပီး ခ်င္း႐ုန္ယန္ရဲ႕ စကားကို နားေယာင္ခဲ့မိလို႔ပဲ။ ေသြးသားအစစ္ ဟုတ္မဟုတ္ဆိုတာ မစစ္ေဆးၾကည့္မိခဲ့ဘူး။ အဲ့တာေၾကာင့္လည္း လက္ရွိအေျခအေနလို ျပန္လည္ျပင္ဆင္လို႔မရတဲ့ကိစၥေတြ ျဖစ္လာခဲ့ရတာေပါ့။

“ကိစၥမရွိေတာ့ဘူးဆိုရင္လည္း ရင္းဆုယဲ့နဲ႔ ကြၽန္ေတာ္က ခင္ဗ်ားတို႔မိသားစုအေရးကို မေႏွာင့္ယွက္ေတာ့ဘူးေနာ္.. သြားခြင့္ျပဳပါဦး..!”

႐ႊယ္ယို႔ရွန္းက ေျပာရင္းဆိုရင္း ရင္းဆုယဲ့ကို ဆြဲေခၚကာ ထြက္ခြာသြားရန္ ျပင္လိုက္တယ္။

အခုခ်ိန္က လစ္ထြက္လို႔အေကာင္းဆုံးအခ်ိန္ပဲ..!  ရင္းဆုယဲ့လုပ္ခဲ့တဲ့ ကိစၥေတြက ေပါ့ေသးေသးမဟုတ္ဘူးေလ။ ဒီလူေတြအားလုံး ႐ုတ္တရက္ဆန္တဲ့ အမွန္တရားေၾကာင့္ ေတြေဝေငးေမာေနတဲ့အခ်ိန္ ထြက္သြားမွျဖစ္မယ္။ မဟုတ္ရင္ ထြက္သြားလို႔ ရေတာ့မွာမဟုတ္ဘူး..!

“ေနဦး..!”

ရင္းမင္က မသိစိတ္ရဲ႕ အလိုအတိုင္း ႐ႊယ္ယို႔ရွန္းနဲ႔အတူ ထြက္ခြာသြားရန္ျပင္ေနတဲ့ ရင္းဆုယဲ့ကို တားဆီးလိုက္တယ္။

“ဘာလုပ္ခ်င္ေသးလို႔လဲ..?”

႐ႊယ္ယို႔ရွန္းက ဘုဆတ္ဆတ္ ျပန္ေမးလိုက္တယ္။ သူရဲ႕အစီအစဥ္ကို ရင္းမင္က ရိပ္မိသြားတာလား..? မျဖစ္ႏိုင္တာ..!

“က်ဳပ္..”

ရင္းမင္က ရင္းဆုယဲ့ကို တားဆီးလိုက္ေသာ္ျငား ဘာဆက္ေျပာရမွန္းမသိ ျဖစ္ေနေတာ့တယ္။

မႏၲန္အစီအရင္ရဲ႕ အက်ိဳးသက္ေရာက္မႈက ပ်က္ျပယ္သြားခဲ့ၿပီ။ ထို႔ေၾကာင့္ ေသြးရင္းဆက္စပ္မႈခံစားခ်က္ကို မခံစားရေတာ့ေသာ္ျငား ရင္းဆုယဲ့က သူ႔ရဲ႕ေသြးသားအရင္း ျဖစ္ေနတယ္။ ဒါေပမဲ့ ၁၇ ႏွစ္တိုင္တိုင္ ပစ္ပယ္ထားခဲ့တဲ့ သားျဖစ္သူကို မည္သို႔မည္ပုံ ရင္ဆိုင္ရမွန္း မသိေတာ့ဘူး။

ထို႔အျပင္ ရင္းဆုယဲ့ကို သားအရင္းတစ္ေယာက္လို မသတ္မွတ္ဖူးတာေၾကာင့္ သူ႔ရဲ႕အျပဳအမူကို ခ်က္ခ်င္းေျပာင္းလဲပစ္ရန္ အလြန္ခက္ခဲေနေတာ့တယ္။ သူ႔ဆီမွာ ေသြးသားအရင္းက ရင္းဆုယဲ့တစ္ေယာက္သာ ရွိေတာ့ေၾကာင္း ထပ္စဥ္းစားမိလိုက္ျပန္ေတာ့ ရင္းမင္ရဲ႕ အမူအရာက ပိုမိုေပ်ာ့ေပ်ာင္းလာခဲ့တယ္။

တစ္ဖက္မွာလည္း ရင္းဆုယဲ့က အိမ္ေတာ္ရဲ႕ ဘိုးေဘးတစ္ေယာက္ကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာေၾကာင့္ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက မီးနဲ႔ေရလို ျဖစ္ေနခဲ့ေခ်ၿပီ။

အခုအခ်ိန္မွာသာ သူ႔ရဲ႕အျပဳအမူကို ခ်က္ခ်င္းေျပာင္းလဲပစ္လိုက္ရင္ အိမ္ေတာ္မွာရွိေနေသးတဲ့ တျခားလူေတြရဲ႕ စိတ္ထဲမွာ သစၥာေဖာက္ခံလိုက္ရသလို ခံစားသြားၾကလိမ့္မယ္။ ဒါေပမဲ့ ရင္းဆုယဲ့ရဲ႕ စြမ္းအားအရွိန္အဝါအရ အဲ့ကိစၥက သိပ္ၿပီးစိတ္ပူစရာမလိုဘူး။ ရင္းဆုယဲ့သာ ရင္းအိမ္ေတာ္အတြက္ အလုပ္လုပ္ေပးခ်င္သေ႐ြ႕ သူ႔ရဲ႕စြမ္းရည္နဲ႔ အင္အားက တျခားဘိုးေဘးေတြထက္ သာလြန္ေနဦးမွာပဲ..! အဲ့တာဆို ရင္းအိမ္ေတာ္ရဲ႕ဆုံးရႈံးနစ္နာမႈကို ျပန္လည္ဖာေထးၿပီးသား ျဖစ္သြားလိမ့္မယ္..!

ကိုယ့္ကိုယ္ကို စိတ္ျပင္ဆင္ၿပီးေနာက္ ရင္းမင္က အလြန္ခ်စ္ျမတ္ႏိုးတဲ့ အမူအရာမ်ိဳးျဖင့္ ရင္းဆုယဲ့ကို ေခ်ာ့ေမာ့ရန္ ျပင္ဆင္လိုက္ေလတယ္။

“ခင္ဗ်ားနဲ႔က်ဳပ္ၾကားမွာ ဘာမွေျပာစရာမရွိဘူး..”

ရင္းဆုယဲ့က ရင္းမင္ကို စကားေျပာခြင့္ပင္ မေပးခဲ့ပါဘူး။ ရင္းမင္ေျပာလိုတဲ့ စကားေတြကို ႀကိဳတင္ပိတ္​ပင္လိုက္ၿပီး သူ႔ရဲ႕ျငင္းဆန္မႈကို ရွင္းရွင္းလင္းလင္း ေဖာ္ျပလိုက္တယ္။

“အေဖက မင္းရဲ႕အေဖ မျဖစ္ထိုက္ဘူးဆိုတာကို ဝန္ခံပါတယ္.. အရင္တုန္းက မင္းကို ထိခိုက္ေစခဲ့မိတယ္.. ဒါေပမဲ့ အေဖ့အမွားကို အေဖသိပါၿပီ.. ယဲ့အာ.. အေဖ့ကို အခြင့္အေရးေလးတစ္ခုေတာ့ ေပးပါကြာ.. မင္းအတြက္ ျပန္လည္ေပးဆပ္ပါရေစ..!”

ရင္းဆုယဲ့က ဘာမွမေျပာတာေၾကာင့္ ရင္းမင္က သူေျပာလိုတဲ့ စကားေတြကို တရစပ္တည္း ေျပာခ်လိုက္ေတာ့တယ္။

“ျပန္ေပးဆပ္မယ္..? ဟမ့္.. ေနာက္က်သြားၿပီ..!”

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းေတြက ေအးစက္စူးရွေနေတာ့တယ္။

ရင္းမင္က ‘အေဖနဲ႔သား ခ်စ္ျခင္းေမတၱာ’ျပဇာတ္ ကျပလိုက္႐ုံနဲ႔ သူတို႔ၾကားက အမုန္းတရားေတြ၊ ရန္ၿငိဳးေတြအကုန္လုံးကို ေလွ်ာ္ပစ္လို႔ရႏိုင္မယ္လို႔ ထင္ေနတာလား..? ထင္ေယာင္ထင္မွား ျဖစ္ေနတာပဲ..!

အရင္ဘဝတုန္းကလည္း ရင္းဝူ႐ႊမ္က ေဟာ္လင္းယြင္ရဲ႕ တရားမဝင္ကေလးျဖစ္ေၾကာင္း ရင္းမင္ သိသြားတဲ့အခ်ိန္ ရင္းဆုယဲ့ကို လက္ရွိပုံစံအတိုင္း ေတာင္းပန္ခဲ့ဖူးတယ္။ သူ႔ကိုခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္။ မိသားစုဆီကို ျပန္လာခဲ့ဖို႔ ေတာင္းပန္ခဲ့တယ္။ ရင္းဆုယဲ့လည္း ရင္းအိမ္ေတာ္ကို ျပန္သြားခဲ့ၿပီး ရင္းအိမ္ေတာ္အတြက္ အမ်ားႀကီး လုပ္ေဆာင္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့လည္း တျခားလူေတြရဲ႕ စကားေၾကာင့္ ရင္းမင္က သူ႔ကိုပစ္ပယ္ခဲ့ျပန္တယ္။

ထိုအခ်ိန္ကတည္းက သူနားလည္သြားခဲ့တယ္။ ရင္းမင္ရဲ႕ မ်က္လုံးထဲမွာ ေသြးသားအရင္း၊ ဆက္သြယ္မႈ၊ ခံစားခ်က္ ဘာဆိုဘာမွမရွိဘူး။ သူ(ရင္းမင္)သိတာက အင္အားႀကီးမားဖို႔ တစ္ခုတည္းပဲ။ ထိုအခ်က္ကို သိသြားတဲ့အခ်ိန္ကစၿပီး သူ႔ရဲ႕ဘဝမွာ မိသားစုအခ်စ္ဆိုတာ ေပ်ာက္ဆုံးသြားခဲ့ၿပီ။ လုံးဝမေမွ်ာ္လင့္ထားေတာ့ဘူး..!

“မင္းလက္မခံခ်င္လည္း ငါက မင္းရဲ႕အေဖပဲ.. ငါတို႔ေသြးေၾကာထဲမွာ တူညီတဲ့ေသြးေတြ စီးဆင္းေနတယ္ဆိုတဲ့အခ်က္က ဘယ္ေတာ့မွ မေျပာင္းလဲသြားဘူး..!”

ဒီေလာက္ကိုယ့္ကိုယ္ကိုႏွိမ္ခ်ၿပီး ေျပာေနတာေအာင္ ရင္းဆုယဲ့ဘက္က ဘာတုံ႔ျပန္မႈမွမရွိတာေၾကာင့္ ရင္းမင္လည္း မယုံၾကည္ႏိုင္ေအာင္ ျဖစ္သြားရတယ္။

“ရတာေပါ့..!” (ေျပာင္းလဲလို႔ရတာေပါ့..)

ရင္းဆုယဲ့ရဲ႕ ႏႈတ္ခမ္းေထာင့္က ခနဲ႔တဲ့တဲ့အၿပဳံးမ်ိဳးနဲ႔ ေကာ့ၫႊတ္သြားခဲ့တယ္။

ႀကီးျမတ္ေသာဘုရင္အဆင့္ကို ေရာက္သြားခဲ့ရင္ သူ႔ရဲ႕ခႏၶာကိုယ္ကို လိုသလိုျပဳျပင္ႏိုင္လိမ့္မယ္။ အဲ့အခ်ိန္ေရာက္ရင္ သူ႔ရဲ႕ခႏၶာကိုယ္၊ ေသြးနဲ႔အ႐ိုးအေၾကာ၊ အရာအားလုံးက ေကာင္းကင္ဘုံနဲ႔ ကမာၻေျမႀကီးရဲ႕အလိုက် ေျပာင္းလဲသြားမွာပဲ။ အဲ့တာဆိုရင္ ရင္းမင္ကို ထပ္ၿပီးငဲ့ညႇာေနစရာ အေၾကာင္းမရွိေတာ့ဘူး..!

“………….”

ပထမဆုံးအႀကိမ္အျဖစ္ ရင္းဆုယဲ့က သူပစ္ပယ္ဖူးခဲ့တဲ့ အႏိုင္က်င့္ခံမဟုတ္ေတာ့ဘဲ အမွန္တကယ္ စြမ္းအားႀကီးျမတ္သူျဖစ္ေၾကာင္း ရင္းမင္တစ္ေယာက္ ခံစားလိုက္ရတယ္။

“သြားၾကရေအာင္..”

သူ႔အေပၚမွီထားတဲ့ ေကာင္ငယ္ေလးကို ငုံ႔ၾကည့္ရင္း ရင္းဆုယဲ့ရဲ႕ စိတ္အေျခအေနက အလိုလို ေပ်ာ့ေပ်ာင္းလာခဲ့တယ္။

“ေကာင္းၿပီ..”

႐ႊယ္ယို႔ရွန္းက လက္ဆန႔္ထုတ္လိုက္ၿပီး ရင္းဆုယဲ့ရဲ႕ ႀကီးမားက်ယ္ျပန႔္တဲ့ လက္ဖဝါးျပင္ကို ဆုပ္ကိုင္လိုက္တယ္။ အားေပးႏွစ္သိမ့္လိုတဲ့ ထိုအျပဳအမူက ရင္းဆုယဲ့ကို တစ္ကမာၻလုံးက ပစ္ပယ္ထားခဲ့ရင္ေတာင္ ရင္းဆုယဲ့ရဲ႕ေဘးနားမွာ သူရွိေနေပးပါ့မယ္လို႔ ေျပာေနသေယာင္။

ရင္းဆုယဲ့လည္း ႐ႊယ္ယို႔ရွန္းရဲ႕လက္ကို တင္းက်ပ္စြာ ျပန္လည္ဆုပ္ကိုင္လိုက္တယ္။ ထိုတစ္ခဏ သူ႔ရဲ႕စိတ္အေျခအေနက အနည္းငယ္ ေပါ့ပါးသြားခဲ့တယ္။ ဒီခံစားခ်က္က ကမာၻႀကီးတစ္ခုလုံးကို ပိုင္ဆိုင္လိုက္ရသလိုပါပဲ။

“မင္းတို႔ ထြက္သြားလို႔မရဘူး..!”

သူ႔ကိုနာက်င္ေအာင္လုပ္ၿပီး ထြက္ခြာသြားေတာ့မယ့္ ရင္းဆုယဲ့ကိုၾကည့္ရင္း ရင္းဝူ႐ႊမ္တစ္ေယာက္ အလိုမက်ျဖစ္ေနေတာ့တယ္။ သူ႔ကို လ်စ္လ်ဴရႈထားတဲ့ ရင္းမင္ကို လွည့္ၾကည့္မိလိုက္ေတာ့ သူက ရင္းမင္ရဲ႕သားမဟုတ္ေတာ့မွန္း သတိရလိုက္တယ္။ ရင္းမင္ရဲ႕ ပစ္ပယ္မႈကို ခံလိုက္ရတာေၾကာင့္ ေဟာ္လင္းယြင္ဘက္လွည့္ကာ ေျပာလိုက္တယ္။

“ေဟာ္လင္းယြင္.. ခင္ဗ်ားက က်ဳပ္ရဲ႕ေသြးရင္းအေဖဆိုေတာ့ က်ဳပ္အတြက္ သူတို႔ကိုတားေပး..!”

ကေယာင္ေခ်ာက္ခ်ားျဖစ္ေနတဲ့ ရင္းဝူ႐ႊမ္မွာ ဆင္ျခင္တုံတရား ေပ်ာက္ကြယ္သြားေလၿပီ။ သူ႔ကို ထိခိုက္ေအာင္လုပ္ခဲ့တဲ့ ရင္းဆုယဲ့ကို အလြယ္တကူ လြတ္ေျမာက္ခြင့္မေပးခ်င္တဲ့ စိတ္ဆႏၵတစ္ခုတည္းသာ ရွိေတာ့တယ္။

သူ႔ကိုလုပ္ခဲ့တဲ့အရာေတြအတြက္ ရင္းဆုယဲ့လည္း ျပန္ေပးဆပ္ရမယ္..! ရင္းဆုယဲ့ေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ရင္းအိမ္ေတာ္ရဲ႕ ဆက္ခံသူအေနနဲ႔ သက္ေသာင့္သက္သာ ေနရမွာ၊ တရားမဝင္ကေလးဆိုတာမ်ိဳးလည္း ျဖစ္လာေတာ့မွာမဟုတ္ဘူး..!

ရင္းဆုယဲ့နံေဘးက ေကာင္ငယ္ေလးကို စိုက္ၾကည့္ေနရင္း ရင္းဝူ႐ႊမ္ရဲ႕ မ်က္လုံးေတြထဲမွာ ပိုင္ဆိုင္လိုစိတ္ေတြ တဖြားဖြား ေပၚေပါက္လာခဲ့တယ္။ ေကာင္းတဲ့စိတ္ႏွင့္ မေကာင္းတဲ့စိတ္ လြန္ဆြဲခဲ့ၿပီးေနာက္ ရင္းဝူ႐ႊမ္က သူ႔ႏွလုံးသားထဲက လိုလားေတာင့္တခ်က္ကို ထုတ္ေဖာ္ေျပာလိုက္တယ္။

“က်ဳပ္ ႐ႊယ္ယို႔ရွန္းကို လိုခ်င္တယ္..!”

…………………………………….

Continue Reading

You'll Also Like

313K 31K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
143K 9.8K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...
193K 21.2K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
3.4M 279K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...