ရီဟွိုင်ကို ဖုန်းခေါ်ပြီးတာနဲ့ ချန်လီကော
တစ်ယောက် စဥ်းစားမိလိုက်သည်။
အဲဒါကတော့ ဒီအစ်ကိုကြီး၏ စိတ်
အခြေအနေက တစ်နေ့တစ်ခြား
ပိုပိုဆိုးလာသည် ဆိုတာပင်။
သူဖုန်းဆက်နေစဥ် ထွက်လာသည့်
အသံက လူသတ်ဇာတ်လမ်းထဲက
လူသတ်သမား၏ အသံလိုပင်။
ချန်လီကောက ဖုန်းချပြီးတဲ့နောက်
တုန်ယင်လာကာ သူ့system ကို
မေးလိုက်သည်။
"ထုံအာ.....ယိုလင်ရဲ့ ပြီးမြောက်ခြင်း
ဘားတန်းကရော ဘယ်လိုအခြေအနေရှိလဲ?????"
system:မရွေ့သေးဘူး!!!
အဲဒီတော့မှ သူလည်း သူ့သမီးဒဏ်ရာမရသေး
ကြောင်း သက်ပြင်းချနိုင်သည်။ထို့နောက်
သူက systemကိုထပ်မေးလာသည်။
"ရီဟွိုင်က တစ်နေ့တစ်ခြား ပိုပိုပြီး ပုံမှန်မဟုတ်တော့သလိုပဲ သိလား!!!"
system:ဘာလို့လဲ?????
ချန်လီကော: အစောက သူ့ရဲ့ဖုန်းထဲကအသံအရ
ငါသူ့ရဲ့ မျက်နှာပုံစံတောင် ခန့်မှန်းလို့ရတယ်။
system:ငါထင်တာတော့ ဒီကမ္ဘာမှာ ဗိုင်းရပ်စ်တွေအများကြီးဝင်နေတာထင်တယ်။မင်းစောစောလေး ထွက်ရင်ကောင်းမယ်။
ဘာမှဖြစ်ဟန်မပြသော်လည်း systemကတော့
စိတ်ပူစွာ ပြောလာသည်။
ချန်လီကော:ပြည့်ခါနီးပါပြီကွာ!!!ငါ နှစ်တစ်ဒါဇင်လောက် နေခဲ့ပြီးပြီပဲ!!!ဆက်သည်းခံနိုင်ပါတယ်။
systemက ထပ်မပြောတော့ချေ။
ရီဟွိုင်က သူချန်လီကောကို တွေ့ဖို့ မစောင့်နိုင်တော့ဘူးဟု ပြောပြီးတာနဲ့ မျှော်လင့်ထားသည့်
အတိုင်း နာရီဝက်လောက်ကြာတော့ အိမ်ပြန်လာခဲ့သည်။
ရှန်းယိုလင် သူ့ကို ထိခိုက်ထားသည့်
နဖူးနားက ဒဏ်ရာကသွေးတွေထွက်နေတာကို.သူတွေ့လိုက်ရသည်။
ရီဟွိုင်က အိမ်ထဲကို ဝင်သွားပြီး သူ့ကုတ်အင်္ကျီကို ဆွဲချွတ်ကာ တိုးတိုးလေး ခေါ်လာသည်။
"သခင်"
ချန်လီကောက ဆိုဖာပေါ်မှာ ထိုင်ပြီး
သူ့ကို လျစ်လျူရှုထားလိုက်သည်။
အိမ်ထဲ၌ အပူပေးစက်ဖွင့်ထားပြီး
ကြမ်းပြင်ကိုလည်း ကော်ဇောခပ်ထူထူနှင့်
ခင်းထားလိုက်သည်။ ရီဟွိုင်က
ချန်လီကောရှိရာ လျှောက်လာပြီး
သူ့ရှေ့၌ ဒူးတစ်ဖက် ထောက်ကာ
ထိုင်ချလိုက်သည်။
ချန်လီကောက သူ့အပြုအမူကြောင့်
ခဏတာမျှ ကြောင်အသွားသည်။
ထို့နောက် သူက ချန်လီကောရဲ့
ဖိနပ်ပါးကို ချွတ်ပေးလျက် ချန်လီကောရဲ့
ခြေဖဝါးကို မြှောက်ကာ သူ့မျက်နှာ၌
ကပ်လိုက်သည်။
"သခင့်ခြေဖဝါးတွေက အရမ်းအေးတာပဲ....
ဘာလို့ ခြေအိတ်မစွပ်ထားတာလဲ????"
ချန်လီကောရဲ့ ရင်ထဲမှာ ပိုပိုကြောက်လာပြီး
ပြောလိုက်သည်။
"မဝတ်ချင်လို့ပေါ့!!!"
"ခြေအိတ်တွေမပါရင်....နေမကောင်းဖြစ်မှာပေါ့"
ရီဟွိုင်က သူ့မှာ ချန်လီကောကို ချစ်လျက်
ဘာလုပ်ပါဟု ပြောပိုင်ခွင့်မရှိခြင်းအပေါ်
ဝမ်းနည်းကာ ပြောလာသည်။
ချန်လီကောက အေးစက်စွာ ပြောလိုက်သည်။
"အဲဒါမင်းအပူ မပါပါဘူး"
"သခင်က ဒီကော်ဇောကို သဘောကျလို့လား???"
ပြောရသည့် ခေါင်းစဥ်က ပိုပိုပြီး ဂွကျလာသည်။
ဒီကော်ဇောကို လွန်ခဲ့တဲ့ ၂ရက်ကမှ အသစ်လဲထားတာဖြစ်သည်။ ရီဟွိုင်ကတော့ Kနိုင်ငံမှ
အထူးပြုလုပ်ထားသည့် ဝါဂွမ်းကော်ဇောဟု
ပြောသည်။ချန်လီကောကတော့ ဘယ်လိုမှ
အထူးအထွေမခံစားရပေ။ခြေထောက်ချဖို့
နူးညံ့ပြီး နွေးသည်ဟုပဲ ထင်မိသည်။
"ဒီကော်ဇောက လှဲအိပ်ဖို့လဲ အရမ်းသက်တောင့်သက်သာ ဖြစ်တာ သခင်စမ်းကြည့်ချင်လား????"
ချန်လီကောလို လိုင်စင်ရှိ သက်တမ်းရာရှိနေတဲ့ ကားမောင်းသမားဟောင်းကြီး အနေနဲ့
သူစကားအသွားအလာကို သိတာပေါ့။
သို့သော်သူက သူ့မာနကို ထိန်းချုပ်လျက်
ပြောလိုက်သည်။
"ရီဟွိုင် မင်းတကယ့်ကို ရူးသွားပြီပဲ!!!"
ရီဟွိုင်က ထိုစကားကို ကြားတော့
ပြောလာသည်။
"သခင်က ကျွန်တော့်ကို ရူးတယ်လို့ပြောရင်လည်း ရူးတာပေါ့"
ထိုသို့ ပြောပြီးတာနဲ့ ရီဟွိုင်က သူ့ရဲ့
ခြေဖမိုးကို နမ်းလိုက်သည်။
ချန်လီကော သိလိုက်ရတာက ရီဟွိုင်က
သူ့ခြေထောက်နဲ့ပတ်သက်ပြီး ထူးခြားတဲ့
အစွဲအလမ်းရှိတယ်ဆိုတာပင်။ သူတို့က
တကယ့်ကို ဖြူဖွေးတဲ့ ခြေချောင်းလေးတွေနဲ့
လှပတဲ့ ခြေကျင်းဝတ်လေးတွေဆိုပေမဲ့
အမြဲတမ်း သူ့ခြေထောက်တွေကို ရီဟွိုင်
နမ်းပြီးမှ သူ့ကို နမ်းတာကို လက်မခံနိုင်ပေ။
ချန်လီကော:အရမ်းကို ပျော်ဝင်ချင်စရာ အနမ်းပဲ!!!
system:"......."
ချန်လီကော:"ကွာ....သူ အစဥ်လိုက် နမ်းလို့
မရဘူးလား မသိဘူး????နှုတ်ခမ်းပြီးမှ
ခြေထောက်နမ်းရမှာလေကွာ"
system:"......."
ချန်လီကော:"ထုံအာ....မင်ဘာလို့ စကားတစ်ခွန်းမှ မပြောရတာလဲ????"
system: "မင်းဘာပြောလိုက်တာလဲ???ငါတရားစာဖတ်နေလို့ မင်းပြောတာမကြားလိုက်ဘူး"
ချန်လီကော: "ဒီsystemနဲ့ အချစ်တွေအကုန်
အဆုံးသတ်ပြီ"
ရီဟွိုင်က ချန်လီကောကို ပွေ့ချီကာ ကော်ဇော်ပေါ်သို့ လှဲချဲလိုက်သည်။
ချန်လီကောက နောက်တစ်ကြိမ် ခေါင်းကနေ
ခြေအထိ အားနည်းသွားရပြန်သည်။
သူက သူ့နှုတ်ခမ်းကို စေ့ထားရင်း
သူ့မျက်ခုံးနှစ်ခုကြားမှာ အေးစက်စက်အရာတစ်ခုကို ခံစားလိုက်ရသည်။
ပူနွေးနေတဲ့ အခန်းနဲ့ နူးညံ့တဲ့ ကော်ဇောပေါ်၌
ရီဟွိုင်က ချန်လီကောရဲ့ အဝတ်တွေကို
ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီး
သူတို့က ဘဝရဲ့သာယာမှုကို ရှာဖွေခဲ့ကြသည်။
ချန်လီကောက မျက်နှာကျက်ကို စိတ်ရှုပ်ထွေးစွာ
ကြည့်နေပြီး သူ့ကိုယ်သူလည်း မိခင်၏ သားအိမ်ထဲတွင် ကွေးကောက်နေရသော သန္ဓေသားလေးလို့ မြင်လာစေသည်။
ရီဟွိုင်က ချန်လီကောရဲ့ နှာခေါင်းပေါ်ရှိ
ချွေးစက်များကို လျက်ပေးလိုက်ရင်း
မေးလာသည်။
"သခင် ခံစားလို့ကောင်းရဲ့လား????"
ချန်လီကောက အသံတစ်သံမှ မထွက်ချေ။
"သခင်ခံစားလို့ ကောင်းနေတဲ့ပုံပဲ"
ချန်လီကောကတော် ဒီနူးညံ့ပြီး နွေးထွေးတဲ့.ကော်ဇောဟာ ကုတင်ပေါ်ထက်
ပိုသာသည်ဟု ထင်ပြီး အခန်းထဲမှာလည်း
TVက ဆက်ဖွင့်ထားဆဲ ဖြစ်သည်။
ထို့နောက် သူက ရီဟွိုင်၏ ရင်ခွင်ထဲသို့
တစ်ခါပြန်ရောက်သွားရသည်။
ရီဟွိုင်က သူ့ကို ပွေ့ဖက်လျက် ပြောလာသည်။
"ကျွန်တော် သခင့်ကို စတွေ့ခဲ့ကတည်းက
ကျွန်တော် အရမ်းသဘောကျခဲ့တာ"
ချန်လီကောကတော့ သူနဲ့ရီဟွိုင်နဲ့စတွေ့တုန်းက
ရီဟွိုင်ရဲ့အသက်အကြောင်းတွက်နေသည့်
ဂဏန်းပေါင်းများစွာ စိတ်ထဲမှာ ပေါ်နေသည်။
သူမလေးစားဘဲ မနေနိုင်တော့ ဒီကောင်လေးက
အရမ်းငယ်ပေမဲ့ အရမ်းစိတ်အားထက်သန်ပြီး
အမြင်တယ်စူးရှတာပဲ။
"သခင်က ပုံပြင်စာအုပ်ထဲက နတ်သမီးလို
အရမ်းလှတာ"
ချန်လီကောရဲ့ နှလုံးသားထဲမှာတော့ ပန်းတွေ
ပွင့်နေပြီး ရင်ခုန်တာမခံနိုင်တော့လို့
တော်ပါတော့ဟု ပြောနေရသည်။
ရီဟွိုင်: "ယိုလင်က ဘွဲ့ရပြီးတာနဲ့ လက်ထပ်တော့မယ်လို့ ပြောတယ်"
ချန်လီကောရဲ့ မျက်လုံးတွေက အရောင်တောက်သွားသည်။ သူ့သမီးလေးက ဒီလောက်ဆန္ဒတွေစောနေမှန်း သူမမျှော်လင့်ထားခဲ့ပေ။ သူမက
နောက်နှစ်ဆို ဘွဲ့ရတော့မှာ။ သူက သူမမင်္ဂလာပွဲကို တက်ရတော့မှာပဲ။
ရီဟွိုင်: "အဲဒီအချိန်ရောက်လာရင် သခင်
ကျွန်တော်နဲ့အတူတူ ပွဲတက်ရမယ်နော်"
ချန်လီကောက သူပြောတာ နားထောင်ရင်းနှင့်
အိပ်ပျော်သွားခဲ့သည်။
ရီဟွိုင်က ချန်လီကော အိပ်ပျော်သွားတာကို
မြင်တော့ သူ့မျက်ခုံးနှစ်ခုကြားမှာ ပြင်းထန်တဲ့
နူးညံ့မှုတစ်ခုဖြစ်လာခဲ့သည်။သူက ချန်လီကောကို ရေချိုးခန်းထဲ ပွေ့ချီပေးသွားပြီး သန့်စင်ပေးလိုက်သည်။ ထို့နောက် သူက ညစ်ပတ်သွားသော ကော်ဇောကို လူတွေနှင့်လဲခိုင်းလိုက်သည်။
ထိုလိုပုံစံတူကော်ဇောများ သူKနိုင်ငံမှ အများကြီး ယူလာခဲ့သည်ဖြစ်၍ သူနှစ်တွေအများကြီး
သုံးနိုင်သည်ပင်။
ရီဟွိုင်က ချန်လီကောနှင့် အရာအားလုံးကို
အတူတူလုပ်ချင်မိသည်။သို့သော် သူတို့မှာ
နှစ်တွေအကြာကြီး ကျန်သေးတဲ့အတွက်ကြောင့် သူတို့တစ်ခုချင်းစီ ဖြည်းဖြည်းချင်း လုပ်ရန်
စဥ်းစားထားသည်။
ချန်လီကောကတော့ တွေးနေမိသည်က
လူငယ်လေးရဲ့ ကျောက်ကပ်က အတော့်ကို
ကောင်းပြီး သူ့ရဲ့ လက်တွေခြေတွေကတော့
ခံနိုင်ရည်မရှိသည့်အတွက် အတော့်ကို
ရောင်ကိုင်းနေသည်။
သူအစကတွေးခဲ့တာတော့ ရီဟွိုင်က သူနဲ့အတူ
ကော်ဇောကို စမ်းသပ်ချင်သည်ဟု ထင်ခဲ့ပေမဲ့
သူက ပြတင်းပေါက်အပြင်ဘက်က ကြည့်နေသည့်ရှန်းယိုလင်ကို ရွဲ့ပြလိုက်သည်ပင်။
ပြတင်းပေါက်က တစ်ဖက်မြင်ပြတင်းပေါက်ဖြစ်ပြီး နေ့အချိန်ဆို သူတို့ လုပ်သမျှ အပြင်ဘက်ကလူက မြင်ရသည်ဆိုတာကို ချန်လီကော
သိလိုက်ရတဲ့အခါမှာတော့ ရှက်လွန်းလို့
သေချင်စိတ်တောင် ပေါက်သွားသည်။
"ရီဟွိုင်!!!!!......မင်းအဲဒီမှာ ရပ်နေ"
ရီဟွိုင်: "သခင်က ရှက်လို့လား????"
"ငါတစ်နေ့ကြရင် မင်းကို သေချာပေါက်
သတ်မယ်"
ရီဟွိုင်က ရယ်လျက် ပြောလာသည်။
"သခင်သာ တကယ်သတ်ချင်ရင်
သတ်ပြီးနေလောက်ပါပြီ"
ချန်လီကောက ရှက်လွန်း၍ သွားတွေကျိုးကြေမတတ် အံကြိတ်ထားသည်။
ရီဟွိုင်က နောက်ထပ်တစ်ခွန်း ထပ်ပြောလိုက်တော့ သူ့နားရွက်တွေ နီရဲသွားတာကိုမြင်ပြီး
ပိုလို့တောင် ရယ်လာသည်။
"ဒီကိစ္စမှာ သခင်ဒီလောက် ရိုးမယ်လို့
ကျွန်တော် မထင်ထားဘူး"
ချန်လီကောက သူ့နားလျှောက်လာပြီး
သူ့ကို ရိုက်လိုက်သည်။
ရီဟွိုင်က ဘယ်လိုမှ သဘောမထားဘဲ
ချန်လီကောရဲ့ နှုတ်ခမ်းကိုသာ နမ်းလိုက်သည်။
နှစ်ယောက်သား ထုံးစံအတိုင်း ပြန်ဖြစ်သွားကြပြန်သည်။
systemကတော့ ဒီနေ့တစ်နေကုန် တရားစာ
ဖတ်ရတော့မည်ဟု တွေးလိုက်သည်။
ဒီလိုနဲ့ တစ်ပတ်ကြာသွားတော့ systemက
တစ်ပတ်ဆိုတော့လည်း တစ်ပတ်ပေါ့ဟု
တွေးလိုက်သည်။ နောက်ထပ်တစ်လ
ထပ်ကြာသွားပြန်သည်။ systemက တစ်လဆိုတာ နောက်ဆုံးဖြစ်မည်ဟုထင်လိုက်သည်။
သို့သော် နောက်ဆုံး၌ ရက်၄၀ကြာသွားပြန်သည်။
အဲဒီအချိန်မှာတော့ systemရဲ့ နှလုံးသားထဲမှာ တရားစာတွေနှင့် ပြည့်နေပြီး ချန်လီကောကတော့ အချည်းနှီးသာဖြစ်သည်။
ချန်လီကောရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်
ကျိုးကျေသွားတဲ့အချိန်မှာတော့ systemဟာ
တရားစာအားလုံးကို အလွတ်ရနေခဲ့ပြီဖြစ်သည်။
ရီဟွိုင်က ရှန်းယိုလင်ဆီက အနှိမ်ခံရသမျှကို
ချန်လီကောဆီမှာ အတိုးချပြန်ယူလိုက်သည်။
Note- Hello ပြန်လာပါပြီ မနေ့က arc7အကြောင်း လွမ်းတယ်ပြောထားတာလေးတွေတွေ့လို့ ကျေးဇူးတင်လို့လာတင်ပေးတာပါ😁