Unicode
"အဲဒီတော့ မင်းသူ့ကို သွားမတွေ့ဘူးပေါ့"
"အင်း"
"အဟမ်း...ဘယ်နရက်ခံမှာမလို့လဲ"
အနဂ္ဂတို့ လေးဦးသား အိမ်ရှေ့ခြံထဲမှာ စားရင်းသောက်ရင်း စကားပြောနေတာ ဖြစ်သည်။လဆန်းပိုင်းမို့ လအထွက်စောသည်။လပြည့်တော့မည်ဖြစ်သဖြင့် လောကတစ်ခွင် ထိန်ထိန်သာနေသည်။
"ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ပါလားကွာ။Bourbonလေး,ငါးခွက်စာလောက်နဲ့ လည်ချောင်းတောင် မစွတ်ဘူး...အနက်ကောင်ရ"
"ငါ့အခန်းထဲ ကြိုက်တာသွားယူ"
အနဂ္ဂ၏ အခန်းထဲတွင် ဆေးခြောက်နဲ့ ဘိန်းမျိုးနွယ်ဝင်များကလွဲ၍ စီးကရက်အထွေထွေ၊ဝိုင်အမျိုးမျိုး၊ဝီစကီအစားစား မူးယစ်သေစာ အမျိုးစုံအောင် အကုန်ရှိ၏။
ဆန်းမြတ်က သူ့ဘေးမှ ထရပ်ကာ ပြောပြောဆိုဆိုနှင့် အိမ်ထဲသို့ ပြေးဝင်သွားသည်။ကြွက်တွင်းဆိုတာ သူမှစစ်စစ်ဖြစ်၏။ မျိုသလောက်၊မော့သလောက် ဘယ်အပေါက်က ပြန်ထွက်မှန်းမသိအောင် သောက်နိုင်ပါပေသည်။
"ဟေ့ကောင် ဒါက ဘာအထိန်းအမှတ်လဲ"
အသားကင်နေသည့် ဟိဏ်းကမေးလာတဲ့အခါ ရှန်ပိန်လေးမော့ရင်း သူမကြားချင်ယောင်ဆောင်နေလိုက်သည်။ မျက်နှာချင်းဆိုင်မှာထိုင်နေသည့် သုခကတော့ ငါးကင်ကိုသာ တစွတ်စွတ် စားလို့နေ၏။
"ငါမေးနေတယ် ကျွဲရဲ့"
"နား ဘုရားဖူး,သွားတယ်"
"သောက်ချီး(ချေး)...မတန်မရာတွေ မခိုင်းနှိုင်းစမ်းနဲ့ကွာ။'ပါးစပ်က ဘုရား ဘုရား၊လက်က ကားရား ကားရား'ကောင်ကများ.."
အခုထိလည်း သူဂရုမစိုက်သေးချေ။ဟိဏ်းပြောတဲ့ တန်ရာ၊တန်ရာဆိုတာ 'ရင်ထဲဝင်အောင်းနေတဲ့ ငါ့ရဲ့လူကို ပြောတာလား'ဆိုပြီး မေးဖို့ပြင်ပြီးမှ ပါးစပ်,အပ်နှင့် ပြန်ချုပ်ထားလိုက်၏။ဆဲဆိုသံတွေကြားနာဖို့ ခရီးထွက်နေသည့် နား,က အခုထိ ပြန်မရောက်သေးချေ။
"Are you okay ?"
"စင်တစ်ခုလုံး မ,လာခဲ့ပါတော့လား မသာ,ရယ်။မူးပြီးမှောက်ရင် ဘယ်နွားမှ အိမ်ထဲပွေ့မသယ်ပေးဘူးနော်"
ဆန်းမြတ်က သောက်လို့ရသည့် အရည်ဟူသမျှ သယ်လာခဲ့သလား အောက်မေ့ရသည်။လောဘကြီးပုံက ချစ်တီးကုလားက မယား,တော်ရတော့မည်။
"ဒါနဲ့...ဒီနေ့မှ မင်းက ဘာတွေ ဇွတ်သဘောကောင်းနေတာလဲ နက်ကြီး"
"အေး...ငါမေးတော့ ကျွဲနားပင်း လုပ်နေတယ်လေ"
ဟိဏ်းနဲ့ဆန်းမြတ်က စသုံးလုံး(စပ်စုစိန်)လုပ်နေသည့်အချိန် သုခကတော့ အစားကလွဲလျှင် ကျန်သည့်အရာမှန်သမျှ ဖုတ်လေသည့် ငပိ၊ရှိသည်ပင် မထင်ချေ။'နိုင်ငံအေး,အေးမှန်းမသိ ကုလားပြေး,ပြေးမှန်းမသိ' တကယ်ကို တစ်ယောက်တည်းကမ္ဘာ ဖြစ်နေလေ၏။
အနဂ္ဂကတော့ မာယာတို့အိပ်နေကြသည့် မြက်ခင်းစိမ်းစိမ်းတွင် ဆင်းထိုင်လိုက်သည်။ပြီးတော့မှ အခန်းမီး မှိန်ပြပြလေးအား ငေးကြည့်မိ၏။ဒီအချိန် သူ့လူဟာ အိပ်နေလေတော့မလား မသိချေ။
"ဒီနေ့ သူဆေးရုံဆင်းတယ်"
"သြော်...."
"အကျိုးနည်း အောင်ပွဲခံမှုကြီး ဆိုပါတော့"
"ဘယ်လို ဖြစ်ဖြစ်..."
"လင်းတ, ကတော့..."
"တိုးတိုးအော်ပါဟ...အပေါ်မှာ ကိုကြီးမဂ္ဂအိပ်နေပြီကို..."
"သြော်...ငါ့အသေးလေး စားလို့,ဝသွားပြီလား"
"မင်းကြီးတော် ဘောပဲ"
သုခ စကားဝင်ပြောပြောချင်း ဇာတ်လမ်းက စချေပြီ။'တစ်နွယ်ငင် တစ်စင်ပါ'ဆိုသလို အမျှင် တတန်းတန်းဖြင့် ပါးစပ်အမြှုပ်ထွက်မတတ် ပွစိပွစိ လုပ်ကြပေတော့မည်။
"ငါထင်တာကလေ...အိပ်ခန်းထဲမှာ မင်းအော်သံက ပိုကျယ်နေမလားလို့ပဲ။ဟင်...အသေးလေး"
"စောက်သူတောင်းစား...နွားစကား မပြောနဲ့နော်"
"ဟား...ဟား...ဟိုနေ့က ပင့်ကူတစ်ကောင်ဝင်လာတော့ မင်းပဲ ဗြဲစိန်လန်အောင် အော်တာ မဟုတ်ဘူးလား။အဲတာကို ပြောတာလေကွာ အဟင်း..."
"ငါမဆဲတော့ဘူး...လလေးလုံးကောင်"
"တော်ကြပါတော့ကွာ...ငါရယ်၊နက်ကြီးရယ်၊ဟိုနှစ်ကောင်ရယ်ကိုလည်း အားနာကြပါဦးဟ.."
ဆန်းမြတ်က ဖြတ်ညှပ်ကပ်,ပြောတော့မှ နှစ်ယောက်သားက မျက်စောင်းတကြည့်ကြည့်ဖြင့်် အသံတိတ်သွားကြသည်။အနဂ္ဂကတော့ ပြုံး၍သာ နေမိတော့၏။ကိုယ့်မှာ ဒီလိုသူငယ်ချင်းများ ရထားတာဟာ တကယ်ကို ဘုရားကပေးသည့်် လက်ဆောင်တစ်မျိုးပင်။
"မင်းဘာဆက်လုပ်မှာလဲ နက်ကြီး"
ဘယ်နခါ မြောက်မှန်းမသိစွာ ဟိဏ်းက အတည်ပေါက်နဲ့ မေးလာပြန်သည်။
"ဘာလုပ်ရမှာလဲ...တွေ့သမျှဆူး တစ်မွေးတစ်မှင်မှ မကျန်အောင် ခုတ်ထွင်ရှင်းလင်းပစ်ရုံပေါ့"
"အဲ့ဒီထဲ မင်းကိုကြီးပါသလား"
"ကျစ်...ပုလင်းတစ်လုံး ပစ်ပေးလိုက်စမ်း ဟိဏ်း"
သုခစကားက သူ့အရှိုက်တည့်တည့်ကို ထိမှန်သည်။လေထဲတွင်ဖမ်းယူလိုက်သည့် ဝိုင်ပုလင်းက သူ့နှုတ်ခမ်းနှင့် ထိတွေ့ပြီး စက္ကန့် ၃၀ အကြာမှာ တစ်ဝက်ကျိုးသွားခဲ့ပြီ။ပြင်းရှရှအရသာက လည်ချောင်းမှ စီးဝင်ကာ စိတ္တဇမီးတ်ို့က တဟုန်းဟုန်းတောက်လောင်သည်။
"မသေချာတော့ဘူး"
"ဘာကိုလဲ"
"ကိုကြီးကို ငဲ့ညှာဖို့ ငါ့နှလုံးသားကို အမိန့်ပေးလို့ မရတော့ဘူး။သိလား...ငါလည်းမတတ်နိုင်တော့ဘူးကွာ"
"ကိုကြီးမဂ္ဂကို အသာထားစမ်းပါ။လောလောဆယ် ဇယားရှုပ်နေတာက ဟို,ဗိုင်းတာမလေး..."
"ဒီခွေးက ငါစုံစမ်းခိုင်းတုန်းက အပြည့်အစုံမပြောဘူးလေ"
ဆန်းမြတ်၏အပြောကို ဟိဏ်းကိုမေးငေါ့ပြရင်း သူစကားပြန်လိုက်သည်။သူကိုယ်တိုင် သေချာစိတ်မဝင်စားဘဲ ပေါ့လျော့ခဲ့သမျှ အခုမှ စိတ်အလိုမကျ ဖြစ်နေရပြီ။
"ငါလည်း ဘယ်ထင်မလဲကွာ၊အခု ပြန်စုံစမ်းလိုက်ရမလား"
"မင်းလို အကောင်ကြီးကြီး၊အမြှီးရှည်ရှည်တောင်မှ သိခွင့်မရတာ။ဘယ်သိကြားသွားမေးမေး သိမှာမဟုတ်ဘူး။အဲဒါဟာ သူတို့နှစ်ယောက်ပဲ သိတဲ့ကိစ္စတွေ..."
လည်နေသမျှ ဘီးတွေလောက်တော့ အနဂ္ဂအိပ်နေသလောက်ပဲ ရှိ၏။ ဟိုရက်ကတည်းက အမှုန်အမွှားပါမကျန် သူမြေလှန်ရှာခဲ့ပြီးပြီ။ သက်လျာပျိုဆိုတာ သက်နှင်းချို၏ အမအရင်းခေါက်ခေါက်ပင်။
"အဟက်...အဲ့မိန်းမ ငါ့လူကို ဘယ်လောက်နာကျင်စေခဲ့သလဲ မင်တို့သိလား...ဟမ်"
"အဖေတို့မှာ ဆဋ္ဌမအာရုံမရှိဘူး ငါ့သားရယ်..."
"အဲ့ဒီ့ ဆရာဝန်မ,ကြောင့် ကျောင်းတစ်နှစ်အရှုံးခံပြီး အသည်းကွဲခဲ့တာတဲ့လေ...အဟက်"
"နေပါဦး...ငါစုံစမ်းတုန်းက သက်နှင်းချိုရဲ့ အစ်မက သေသွားသလိုလို၊ပျောက်သွားသလိုလိုမို့ ငါလည်း အရေးမပါလောက်ဘူးထင်လို့ ချန်ထားခဲ့တာ"
"ဟုတ်တယ်...အိမ်က အပြီးတိုင် အမွေဖြတ်လိုက်ပြီး ဒီသမီးအကြောင်း သတင်းအစအနတွေအားလုံး ဖျောက်ဖျက်ထားခဲ့ကြတာ"
"ဘာလို့လဲ"
"သူတို့နှစ်ယောက်ပဲ သိလိမ့်မယ်"
စကားကို ခပ်တင်းတင်းပြောလိုက်ရင်း စီးကရက်ကို မီးညှိ၍ ရှိုက်ဖွားလိုက်ပြန်သည်။ဘယ်လောက်ရှုပ်သည့် ဇာတ်မျိုးဖြစ်ပါစေ သော,ဆိုသော အစအနလေးကို သူရအောင်ဘဆွဲထုတ်မှာပင်။ ဘယ်အရာမှ ဂရုစိုက်နေမှာ မဟုတ်...။
"ဒီလိုဆို အစက ဘယ်ချောင်မှာ သွားသေနေမှန်းမသိဘဲ 'ဘူးသီးမှ အရီးတော်'ချင်နေတာပေါ့"
"ဒါများ ဘာခက်လို့လဲ။ဘူးသီးနှင့် ရောချက်စားဖို့ ကြက်မ,လုပ်ခိုင်းလိုက်ရင် ပြီးနေပြီဟာကို...။ဟုတ်တယ်မလား နက်ကြီး...ဟား...ဟား..."
"ဘယ်လောက် မျက်မုန်းကျိုးနေပါစေဦး တစ်ဖက်မိန်းခလေးကို ဒီလိုတော့ မပြောနဲ့ပေါ့ဟ"
"ငါပြောတာက "အောက် အီး အီး အွတ်"လို့ တွန်တဲ့ ကြက်ကိုပဲ ပြောတာပါကွာ"
"ဟား...ဟား...မင်းတို့နှစ်ယောက်ကတော့ တော့လားကွာ"
ရယ်သံများ၏ အဆုံးတွင် လှုပ်ခတ်သွားသည့် လိုက်ကာနောက်ကွယ် အရိပ်လေးတစ်ခုကို အနဂ္ဂ လှမ်းမြင်လိုက်ရသည်။ သူ့လူဟာ သူတို့ရှိရာကို ငေးကြည့်နေပါသည်ဟု ဘာကြောင့် ထင်နေမိသည် မသိချေ။
"ငါ့ကို ဟိုခုံပေါ်က ဂီတာလေး လှမ်းပေးပါဦး"
"ဘာလဲ...'လွယ်လွယ်နဲ့လည်း မပျောက်နိုင်...အသည်းကွဲတဲ့ ရောဂါ' ဆိုပြီး ဟစ်ကြွေးမလို့လား"
"အသာနေစမ်းပါ"
သုခလှမ်းပေးသည့် ဂီတာကို သူယူလိုက်ကာ အကြည့်တို့ကိုတော့ ပြတင်းတံခါးလေး ဖွင့်ထားသည့် အခန်းကျဥ်းလေးတစ်ခုဆီ ဦးတည်ထားလိုက်သည်။ အချစ်သီချင်းများကြားတိုင်း ထိုလူသားလေး ကိုယ့်အပေါ်၌ ကျွံဝင်ပါစေ။ မှော်သာတတ်ရင် ဆေးစိမ်ပြီး ဘေးနားခေါ်ထားလိုက်တာ ကြာနေပြီ။
"မလွမ်းဘဲ မနေနိုင်အောင် မင်းလုပ်ခဲ့တယ်
မချစ်ဘဲ မနေနိုင်အောင် မင်းရဲ့အပြုံးရယ်"
"နှလုံးသား ဒဏ်ရာတွေမင်းမပေးဘဲနဲ့
ရရှိခဲ့တာ ဘာကြောင့်လဲ..."
"ချစ်ခဲ့တာတွေ ကိုယ့်အမှားများလားကွယ်
ဖွင့်ပြောဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ပါ"
"ဆုံးရှုံးမှာကို ကြိုတွေးမိခဲ့လည်း
မင်းမသိအောင်ချစ်မယ်..."
မြေမခဟာ လိုက်ကာလေးအား ဖယ်လိုက်ရင်း မသိမသာ ငေးကြည့်မိသည်။ သီချင်းသံတွေကြားရတဲ့အခါ ဖြူဖွေးဖွေးရေခဲပြင်တွေဆီ သူအပြေးလေး သတိရမိ၏။ အဘယ်အခြေမျိုးမဆို ဒီအမှတ်တရတွေကို သူသယ်ပိုးသွားချင်ပါ၏။
"တကယ်ဆိုမင်း နားလည်မှာပါ အချစ်ရယ်
ခင်မင်မှု အရောင်များ ပျက်ပြယ်..."
"ဒီလိုနဲ့ ဝေးမှာကို ကြိုသိခဲ့မိလည်း အချစ်ရယ်
ယုံကြည်ကွယ်...သီချင်းကေ ပြောလိမ့်မယ်.."
မြေမခ မှန်ပြတင်းလေး ပိတ်ရန်အလုပ် အနဂ္ဂဘက်မှလည်း လှည့် အကြည့်.....။
"မောင်..."
"သက်လျာ..."
အနဂ္ဂ၏ မျက်တောင်တွေ တစ်ချက်မှ မခပ်မိတော့ချေ။ မီးရောင်ဘယ် လောက်ဖျော့ဖျော့ နောက်ဆီမှ ဝင်လာသည့် ထိုမိန်းမအရိပ်အား လရောင်ဖြင့် ကောင်းစွာမြင်နေရ၏။ သိပ်မွေ့ပါတော့မည်ဟု ဆုံးဖြတ်ထားသမျှ ဤအချိန်မှာ ဘာကိုမှ ထည့်မတွေးနိုင်တော့...။
"တောက်...ဒီမိန်းမ..."
"နက်ကြီး...စိတ်ထိန်းပါဦးကွာ"
"အခြေအနေတွေ ပိုဆိုးကုန်မယ်...စိတ်ကိုလျှော့လိုက်"
"လွှတ်...လွှတ်ကြစမ်းပါ"
အနဂ္ဂရဲ့ စိတ်တို့က ဗလာင်ဆူနေ၏။တံခါးဝဆီ လှမ်းဖို့ ပြင်လိုက်သည့်ခြေလှမ်းများက ကျန်သုံးယောက်၏ ဆွဲတားမှုကြောင့် အရာမဝင်နိုင်...။
"သော...ခင်ဗျားတကယ် လုပ်ရဲတာလား။ကျုပ်ကို တကယ်စိန်ခေါ်ရဲတယ်ပေါ့။အား...လွှတ်ကြလို့ ငါပြောနေတယ်"
"အနဂ္ဂ..."
"ဒုန်း...ဝုန်း..."
မိနစ်ပိုင်းအတွင်းက လက်ထဲတွင် တယုတယထွေးပွေ့ထားခဲ့သည့် အနက်ရောင် ဂီတာလေး အခုတော့ အရပ်တမျှရှည်သည့် အလှပန်းအိုး၏ ကိုယ်ထည်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိပြီးနောက် မြက်ခင်းပြင်တွင် အပိုင်းပိုင်းအစစ...။
"တောက်...ကွာ"
အာခေါင်အားရင်းမှ ခြစ်ကုတ်ပြီး ထွက်လာသည့် တောက်ခေါက်သံအဆုံး ဆန်းမြတ်တို့လည်း လက်လျှော့လိုက်ရချေပြီ။ မုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်လို အနဂ္ဂကိုထိန်းချုပ်ရန် ချွန်းတစ်လက် ရှိမနေခဲ့ချေ။
"ညီညီ.... "
အနဂ္ဂအတွက် ပြုနေသမျှ ထိုခဏမှာ ရပ်တန့်သွားရသည်။ ကိုကြီး၏ အသံဟာ မာကျော၍မနေ၊တည်တံ့သည့် အနေအထားမှာ ရှိသည်။ သူ နောက်ပြန် လိုက်ကြည့်မိလိုက်၏။
"ကိုကြီး..."
"အားလုံးကို ငါနားလည်တာမလို့ စိတ်လိုက်မာန်မာ ထပ်မလုပ်တော့နဲ့..."
"ဘယ်ကတည်းက..."
"အဖြေတွေအားလုံး ငါ့မှာရှိတယ်"
🌻🌻🌻
ဖတ်ရတာတော့ ဘယ်လိုနေကြသလဲ မသိပေမယ့် ဦးနှောက်တွေ ဖောက်စားရလွန်းလို့ အဆီအနှစ်တွေ မကျန်တော့ဘူး ထင်တယ်...🤧
ဒီရက်ပိုင်း ချိုင့်ဝင်သွားတဲ့ မျက်တွင်းတွေထဲ ရေသွင်းပြီး စပါးစိုက်လို့ ရလောက်ပြီ...အဟင့်။
မျက်ရိုးတွေ၊ခေါင်းတွေကိုက်ပြီး လူကဖျားချင်နေရော...။ဒါကြောင့်မို့ မနက်ဖြန်တစ်ရက်တော့ အနားယူမယ်နော်..။
မီက စာရေးရင် ကြာတယ်ရယ်။
လူရောစိတ်ရော ပင်ပန်းလာတဲ့အခါ အားလုံးကိုလွှတ်ချထားပြီး ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး နေပစ်ချင်တော့တာ..။
လူက ဟာသသာ ပြောနေတာ။
တစ်နေ့လုံး ခေါင်းတွေ ကိုက်နေတာပဲ။
Vote,Comment,ဖတ်ပေးသူအားလုံး ကျေးဇူးပါပဲနော်...။
#TBC
#MiKyaw
#BlackZone
🌻🌻🌻🌻🌻🌻🌻
Zawgyi
"အဲဒီေတာ့ မင္းသူ႕ကို သြားမေတြ႕ဘူးေပါ့"
"အင္း"
"အဟမ္း...ဘယ္နရက္ခံမွာမလို႔လဲ"
အနဂၢတို႔ ေလးဦးသား အိမ္ေရွ႕ၿခံထဲမွာ စားရင္းေသာက္ရင္း စကားေျပာေနတာ ျဖစ္သည္။လဆန္းပိုင္းမို႔ လအထြက္ေစာသည္။လျပည့္ေတာ့မည္ျဖစ္သျဖင့္ ေလာကတစ္ခြင္ ထိန္ထိန္သာေနသည္။
"ပို႔မယ့္ပို႔ ကူးတို႔ေရာက္ေအာင္ပို႔ပါလားကြာ။Bourbonေလး,ငါးခြက္စာေလာက္နဲ႕ လည္ေခ်ာင္းေတာင္ မစြတ္ဘူး...အနက္ေကာင္ရ"
"ငါ့အခန္းထဲ ႀကိဳက္တာသြားယူ"
အနဂၢ၏ အခန္းထဲတြင္ ေဆးေျခာက္နဲ႕ ဘိန္းမ်ိဳးႏြယ္ဝင္မ်ားကလြဲ၍ စီးကရက္အေထြေထြ၊ဝိုင္အမ်ိဳးမ်ိဳး၊ဝီစကီအစားစား မူးယစ္ေသစာ အမ်ိဳးစုံေအာင္ အကုန္ရွိ၏။
ဆန္းျမတ္က သူ႕ေဘးမွ ထရပ္ကာ ေျပာေျပာဆိုဆိုႏွင့္ အိမ္ထဲသို႔ ေျပးဝင္သြားသည္။ႂကြက္တြင္းဆိုတာ သူမွစစ္စစ္ျဖစ္၏။ မ်ိဳသေလာက္၊ေမာ့သေလာက္ ဘယ္အေပါက္က ျပန္ထြက္မွန္းမသိေအာင္ ေသာက္နိုင္ပါေပသည္။
"ေဟ့ေကာင္ ဒါက ဘာအထိန္းအမွတ္လဲ"
အသားကင္ေနသည့္ ဟိဏ္းကေမးလာတဲ့အခါ ရွန္ပိန္ေလးေမာ့ရင္း သူမၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္။ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနသည့္ သုခကေတာ့ ငါးကင္ကိုသာ တစြတ္စြတ္ စားလို႔ေန၏။
"ငါေမးေနတယ္ ကြၽဲရဲ႕"
"နား ဘုရားဖူး,သြားတယ္"
"ေသာက္ခ်ီး(ေခ်း)...မတန္မရာေတြ မခိုင္းႏွိုင္းစမ္းနဲ႕ကြာ။'ပါးစပ္က ဘုရား ဘုရား၊လက္က ကားရား ကားရား'ေကာင္ကမ်ား.."
အခုထိလည္း သူဂ႐ုမစိုက္ေသးေခ်။ဟိဏ္းေျပာတဲ့ တန္ရာ၊တန္ရာဆိုတာ 'ရင္ထဲဝင္ေအာင္းေနတဲ့ ငါ့ရဲ႕လူကို ေျပာတာလား'ဆိုၿပီး ေမးဖို႔ျပင္ၿပီးမွ ပါးစပ္,အပ္ႏွင့္ ျပန္ခ်ဳပ္ထားလိုက္၏။ဆဲဆိုသံေတြၾကားနာဖို႔ ခရီးထြက္ေနသည့္ နား,က အခုထိ ျပန္မေရာက္ေသးေခ်။
"Are you okay ?"
"စင္တစ္ခုလုံး မ,လာခဲ့ပါေတာ့လား မသာ,ရယ္။မူးၿပီးေမွာက္ရင္ ဘယ္ႏြားမွ အိမ္ထဲေပြ႕မသယ္ေပးဘူးေနာ္"
ဆန္းျမတ္က ေသာက္လို႔ရသည့္ အရည္ဟူသမွ် သယ္လာခဲ့သလား ေအာက္ေမ့ရသည္။ေလာဘႀကီးပုံက ခ်စ္တီးကုလားက မယား,ေတာ္ရေတာ့မည္။
"ဒါနဲ႕...ဒီေန႕မွ မင္းက ဘာေတြ ဇြတ္သေဘာေကာင္းေနတာလဲ နက္ႀကီး"
"ေအး...ငါေမးေတာ့ ကြၽဲနားပင္း လုပ္ေနတယ္ေလ"
ဟိဏ္းနဲ႕ဆန္းျမတ္က စသုံးလုံး(စပ္စုစိန္)လုပ္ေနသည့္အခ်ိန္ သုခကေတာ့ အစားကလြဲလွ်င္ က်န္သည့္အရာမွန္သမွ် ဖုတ္ေလသည့္ ငပိ၊ရွိသည္ပင္ မထင္ေခ်။'နိုင္ငံေအး,ေအးမွန္းမသိ ကုလားေျပး,ေျပးမွန္းမသိ' တကယ္ကို တစ္ေယာက္တည္းကမၻာ ျဖစ္ေနေလ၏။
အနဂၢကေတာ့ မာယာတို႔အိပ္ေနၾကသည့္ ျမက္ခင္းစိမ္းစိမ္းတြင္ ဆင္းထိုင္လိုက္သည္။ၿပီးေတာ့မွ အခန္းမီး မွိန္ျပျပေလးအား ေငးၾကည့္မိ၏။ဒီအခ်ိန္ သူ႕လူဟာ အိပ္ေနေလေတာ့မလား မသိေခ်။
"ဒီေန႕ သူေဆး႐ုံဆင္းတယ္"
"ေၾသာ္...."
"အက်ိဳးနည္း ေအာင္ပြဲခံမႈႀကီး ဆိုပါေတာ့"
"ဘယ္လို ျဖစ္ျဖစ္..."
"လင္းတ, ကေတာ့..."
"တိုးတိုးေအာ္ပါဟ...အေပၚမွာ ကိုႀကီးမဂၢအိပ္ေနၿပီကို..."
"ေၾသာ္...ငါ့အေသးေလး စားလို႔,ဝသြားၿပီလား"
"မင္းႀကီးေတာ္ ေဘာပဲ"
သုခ စကားဝင္ေျပာေျပာခ်င္း ဇာတ္လမ္းက စေခ်ၿပီ။'တစ္ႏြယ္ငင္ တစ္စင္ပါ'ဆိုသလို အမွ်င္ တတန္းတန္းျဖင့္ ပါးစပ္အျမႇုပ္ထြက္မတတ္ ပြစိပြစိ လုပ္ၾကေပေတာ့မည္။
"ငါထင္တာကေလ...အိပ္ခန္းထဲမွာ မင္းေအာ္သံက ပိုက်ယ္ေနမလားလို႔ပဲ။ဟင္...အေသးေလး"
"ေစာက္သူေတာင္းစား...ႏြားစကား မေျပာနဲ႕ေနာ္"
"ဟား...ဟား...ဟိုေန႕က ပင့္ကူတစ္ေကာင္ဝင္လာေတာ့ မင္းပဲ ၿဗဲစိန္လန္ေအာင္ ေအာ္တာ မဟုတ္ဘူးလား။အဲတာကို ေျပာတာေလကြာ အဟင္း..."
"ငါမဆဲေတာ့ဘူး...လေလးလုံးေကာင္"
"ေတာ္ၾကပါေတာ့ကြာ...ငါရယ္၊နက္ႀကီးရယ္၊ဟိုႏွစ္ေကာင္ရယ္ကိုလည္း အားနာၾကပါဦးဟ.."
ဆန္းျမတ္က ျဖတ္ညွပ္ကပ္,ေျပာေတာ့မွ ႏွစ္ေယာက္သားက မ်က္ေစာင္းတၾကည့္ၾကည့္ျဖင့္္ အသံတိတ္သြားၾကသည္။အနဂၢကေတာ့ ၿပဳံး၍သာ ေနမိေတာ့၏။ကိုယ့္မွာ ဒီလိုသူငယ္ခ်င္းမ်ား ရထားတာဟာ တကယ္ကို ဘုရားကေပးသည့္္ လက္ေဆာင္တစ္မ်ိဳးပင္။
"မင္းဘာဆက္လုပ္မွာလဲ နက္ႀကီး"
ဘယ္နခါ ေျမာက္မွန္းမသိစြာ ဟိဏ္းက အတည္ေပါက္နဲ႕ ေမးလာျပန္သည္။
"ဘာလုပ္ရမွာလဲ...ေတြ႕သမွ်ဆူး တစ္ေမြးတစ္မွင္မွ မက်န္ေအာင္ ခုတ္ထြင္ရွင္းလင္းပစ္႐ုံေပါ့"
"အဲ့ဒီထဲ မင္းကိုႀကီးပါသလား"
"က်စ္...ပုလင္းတစ္လုံး ပစ္ေပးလိုက္စမ္း ဟိဏ္း"
သုခစကားက သူ႕အရွိုက္တည့္တည့္ကို ထိမွန္သည္။ေလထဲတြင္ဖမ္းယူလိုက္သည့္ ဝိုင္ပုလင္းက သူ႕ႏႈတ္ခမ္းႏွင့္ ထိေတြ႕ၿပီး စကၠန့္ ၃၀ အၾကာမွာ တစ္ဝက္က်ိဳးသြားခဲ့ၿပီ။ျပင္းရွရွအရသာက လည္ေခ်ာင္းမွ စီးဝင္ကာ စိတ္တဇမီးတ်ို့က တဟုန္းဟုန္းေတာက္ေလာင္သည္။
"မေသခ်ာေတာ့ဘူး"
"ဘာကိုလဲ"
"ကိုႀကီးကို ငဲ့ညွာဖို႔ ငါ့ႏွလုံးသားကို အမိန့္ေပးလို႔ မရေတာ့ဘူး။သိလား...ငါလည္းမတတ္နိုင္ေတာ့ဘူးကြာ"
"ကိုႀကီးမဂၢကို အသာထားစမ္းပါ။ေလာေလာဆယ္ ဇယားရႈပ္ေနတာက ဟို,ဗိုင္းတာမေလး..."
"ဒီေခြးက ငါစုံစမ္းခိုင္းတုန္းက အျပည့္အစုံမေျပာဘူးေလ"
ဆန္းျမတ္၏အေျပာကို ဟိဏ္းကိုေမးေငါ့ျပရင္း သူစကားျပန္လိုက္သည္။သူကိုယ္တိုင္ ေသခ်ာစိတ္မဝင္စားဘဲ ေပါ့ေလ်ာ့ခဲ့သမွ် အခုမွ စိတ္အလိုမက် ျဖစ္ေနရၿပီ။
"ငါလည္း ဘယ္ထင္မလဲကြာ၊အခု ျပန္စုံစမ္းလိုက္ရမလား"
"မင္းလို အေကာင္ႀကီးႀကီး၊အျမႇီးရွည္ရွည္ေတာင္မွ သိခြင့္မရတာ။ဘယ္သိၾကားသြားေမးေမး သိမွာမဟုတ္ဘူး။အဲဒါဟာ သူတို႔ႏွစ္ေယာက္ပဲ သိတဲ့ကိစၥေတြ..."
လည္ေနသမွ် ဘီးေတြေလာက္ေတာ့ အနဂၢအိပ္ေနသေလာက္ပဲ ရွိ၏။ ဟိုရက္ကတည္းက အမႈန္အမႊားပါမက်န္ သူေျမလွန္ရွာခဲ့ၿပီးၿပီ။ သက္လ်ာပ်ိဳဆိုတာ သက္ႏွင္းခ်ိဳ၏ အမအရင္းေခါက္ေခါက္ပင္။
"အဟက္...အဲ့မိန္းမ ငါ့လူကို ဘယ္ေလာက္နာက်င္ေစခဲ့သလဲ မင္တို႔သိလား...ဟမ္"
"အေဖတို႔မွာ ဆ႒မအာ႐ုံမရွိဘူး ငါ့သားရယ္..."
"အဲ့ဒီ့ ဆရာဝန္မ,ေၾကာင့္ ေက်ာင္းတစ္ႏွစ္အရႈံးခံၿပီး အသည္းကြဲခဲ့တာတဲ့ေလ...အဟက္"
"ေနပါဦး...ငါစုံစမ္းတုန္းက သက္ႏွင္းခ်ိဳရဲ႕ အစ္မက ေသသြားသလိုလို၊ေပ်ာက္သြားသလိုလိုမို႔ ငါလည္း အေရးမပါေလာက္ဘူးထင္လို႔ ခ်န္ထားခဲ့တာ"
"ဟုတ္တယ္...အိမ္က အၿပီးတိုင္ အေမြျဖတ္လိုက္ၿပီး ဒီသမီးအေၾကာင္း သတင္းအစအနေတြအားလုံး ေဖ်ာက္ဖ်က္ထားခဲ့ၾကတာ"
"ဘာလို႔လဲ"
"သူတို႔ႏွစ္ေယာက္ပဲ သိလိမ့္မယ္"
စကားကို ခပ္တင္းတင္းေျပာလိုက္ရင္း စီးကရက္ကို မီးညွိ၍ ရွိုက္ဖြားလိုက္ျပန္သည္။ဘယ္ေလာက္ရႈပ္သည့္ ဇာတ္မ်ိဳးျဖစ္ပါေစ ေသာ,ဆိုေသာ အစအနေလးကို သူရေအာင္ဘဆြဲထုတ္မွာပင္။ ဘယ္အရာမွ ဂ႐ုစိုက္ေနမွာ မဟုတ္...။
"ဒီလိုဆို အစက ဘယ္ေခ်ာင္မွာ သြားေသေနမွန္းမသိဘဲ 'ဘူးသီးမွ အရီးေတာ္'ခ်င္ေနတာေပါ့"
"ဒါမ်ား ဘာခက္လို႔လဲ။ဘူးသီးႏွင့္ ေရာခ်က္စားဖို႔ ၾကက္မ,လုပ္ခိုင္းလိုက္ရင္ ၿပီးေနၿပီဟာကို...။ဟုတ္တယ္မလား နက္ႀကီး...ဟား...ဟား..."
"ဘယ္ေလာက္ မ်က္မုန္းက်ိဳးေနပါေစဦး တစ္ဖက္မိန္းခေလးကို ဒီလိုေတာ့ မေျပာနဲ႕ေပါ့ဟ"
"ငါေျပာတာက "ေအာက္ အီး အီး အြတ္"လို႔ တြန္တဲ့ ၾကက္ကိုပဲ ေျပာတာပါကြာ"
"ဟား...ဟား...မင္းတို႔ႏွစ္ေယာက္ကေတာ့ ေတာ့လားကြာ"
ရယ္သံမ်ား၏ အဆုံးတြင္ လႈပ္ခတ္သြားသည့္ လိုက္ကာေနာက္ကြယ္ အရိပ္ေလးတစ္ခုကို အနဂၢ လွမ္းျမင္လိုက္ရသည္။ သူ႕လူဟာ သူတို႔ရွိရာကို ေငးၾကည့္ေနပါသည္ဟု ဘာေၾကာင့္ ထင္ေနမိသည္ မသိေခ်။
"ငါ့ကို ဟိုခုံေပၚက ဂီတာေလး လွမ္းေပးပါဦး"
"ဘာလဲ...'လြယ္လြယ္နဲ႕လည္း မေပ်ာက္နိုင္...အသည္းကြဲတဲ့ ေရာဂါ' ဆိုၿပီး ဟစ္ေႂကြးမလို႔လား"
"အသာေနစမ္းပါ"
သုခလွမ္းေပးသည့္ ဂီတာကို သူယူလိုက္ကာ အၾကည့္တို႔ကိုေတာ့ ျပတင္းတံခါးေလး ဖြင့္ထားသည့္ အခန္းက်ဥ္းေလးတစ္ခုဆီ ဦးတည္ထားလိုက္သည္။ အခ်စ္သီခ်င္းမ်ားၾကားတိုင္း ထိုလူသားေလး ကိုယ့္အေပၚ၌ ကြၽံဝင္ပါေစ။ ေမွာ္သာတတ္ရင္ ေဆးစိမ္ၿပီး ေဘးနားေခၚထားလိုက္တာ ၾကာေနၿပီ။
"မလြမ္းဘဲ မေနနိုင္ေအာင္ မင္းလုပ္ခဲ့တယ္
မခ်စ္ဘဲ မေနနိုင္ေအာင္ မင္းရဲ႕အၿပဳံးရယ္"
"ႏွလုံးသား ဒဏ္ရာေတြမင္းမေပးဘဲနဲ႕
ရရွိခဲ့တာ ဘာေၾကာင့္လဲ..."
"ခ်စ္ခဲ့တာေတြ ကိုယ့္အမွားမ်ားလားကြယ္
ဖြင့္ေျပာဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ခဲ့ပါ"
"ဆုံးရႈံးမွာကို ႀကိဳေတြးမိခဲ့လည္း
မင္းမသိေအာင္ခ်စ္မယ္..."
ေျမမခဟာ လိုက္ကာေလးအား ဖယ္လိုက္ရင္း မသိမသာ ေငးၾကည့္မိသည္။ သီခ်င္းသံေတြၾကားရတဲ့အခါ ျဖဴေဖြးေဖြးေရခဲျပင္ေတြဆီ သူအေျပးေလး သတိရမိ၏။ အဘယ္အေျခမ်ိဳးမဆို ဒီအမွတ္တရေတြကို သူသယ္ပိုးသြားခ်င္ပါ၏။
"တကယ္ဆိုမင္း နားလည္မွာပါ အခ်စ္ရယ္
ခင္မင္မႈ အေရာင္မ်ား ပ်က္ျပယ္..."
"ဒီလိုနဲ႕ ေဝးမွာကို ႀကိဳသိခဲ့မိလည္း အခ်စ္ရယ္
ယုံၾကည္ကြယ္...သီခ်င္းေက ေျပာလိမ့္မယ္.."
ေျမမခ မွန္ျပတင္းေလး ပိတ္ရန္အလုပ္ အနဂၢဘက္မွလည္း လွည့္ အၾကည့္.....။
"ေမာင္..."
"သက္လ်ာ..."
အနဂၢ၏ မ်က္ေတာင္ေတြ တစ္ခ်က္မွ မခပ္မိေတာ့ေခ်။ မီးေရာင္ဘယ္ ေလာက္ေဖ်ာ့ေဖ်ာ့ ေနာက္ဆီမွ ဝင္လာသည့္ ထိုမိန္းမအရိပ္အား လေရာင္ျဖင့္ ေကာင္းစြာျမင္ေနရ၏။ သိပ္ေမြ႕ပါေတာ့မည္ဟု ဆုံးျဖတ္ထားသမွ် ဤအခ်ိန္မွာ ဘာကိုမွ ထည့္မေတြးနိုင္ေတာ့...။
"ေတာက္...ဒီမိန္းမ..."
"နက္ႀကီး...စိတ္ထိန္းပါဦးကြာ"
"အေျခအေနေတြ ပိုဆိုးကုန္မယ္...စိတ္ကိုေလွ်ာ့လိုက္"
"လႊတ္...လႊတ္ၾကစမ္းပါ"
အနဂၢရဲ႕ စိတ္တို႔က ဗလာင္ဆူေန၏။တံခါးဝဆီ လွမ္းဖို႔ ျပင္လိုက္သည့္ေျခလွမ္းမ်ားက က်န္သုံးေယာက္၏ ဆြဲတားမႈေၾကာင့္ အရာမဝင္နိုင္...။
"ေသာ...ခင္ဗ်ားတကယ္ လုပ္ရဲတာလား။က်ဳပ္ကို တကယ္စိန္ေခၚရဲတယ္ေပါ့။အား...လႊတ္ၾကလို႔ ငါေျပာေနတယ္"
"အနဂၢ..."
"ဒုန္း...ဝုန္း..."
မိနစ္ပိုင္းအတြင္းက လက္ထဲတြင္ တယုတယေထြးေပြ႕ထားခဲ့သည့္ အနက္ေရာင္ ဂီတာေလး အခုေတာ့ အရပ္တမွ်ရွည္သည့္ အလွပန္းအိုး၏ ကိုယ္ထည္ႏွင့္ ျပင္းျပင္းထန္ထန္ ရိုက္ခတ္မိၿပီးေနာက္ ျမက္ခင္းျပင္တြင္ အပိုင္းပိုင္းအစစ...။
"ေတာက္...ကြာ"
အာေခါင္အားရင္းမွ ျခစ္ကုတ္ၿပီး ထြက္လာသည့္ ေတာက္ေခါက္သံအဆုံး ဆန္းျမတ္တို႔လည္း လက္ေလွ်ာ့လိုက္ရေခ်ၿပီ။ မုန္ယိုေနသည့္ ဆင္ရိုင္းတစ္ေကာင္လို အနဂၢကိုထိန္းခ်ဳပ္ရန္ ခြၽန္းတစ္လက္ ရွိမေနခဲ့ေခ်။
"ညီညီ.... "
အနဂၢအတြက္ ျပဳေနသမွ် ထိုခဏမွာ ရပ္တန့္သြားရသည္။ ကိုႀကီး၏ အသံဟာ မာေက်ာ၍မေန၊တည္တံ့သည့္ အေနအထားမွာ ရွိသည္။ သူ ေနာက္ျပန္ လိုက္ၾကည့္မိလိုက္၏။
"ကိုႀကီး..."
"အားလုံးကို ငါနားလည္တာမလို႔ စိတ္လိုက္မာန္မာ ထပ္မလုပ္ေတာ့နဲ႕..."
"ဘယ္ကတည္းက..."
"အေျဖေတြအားလုံး ငါ့မွာရွိတယ္"
💛💛
ဖတ္ရတာေတာ့ ဘယ္လိုေနၾကသလဲ မသိေပမယ့္ ဦးႏွောက္ေတြ ေဖာက္စားရလြန္းလို႔ အဆီအႏွစ္ေတြ မက်န္ေတာ့ဘူး ထင္တယ္...
ဒီရက္ပိုင္း ခ်ိဳင့္ဝင္သြားတဲ့ မ်က္တြင္းေတြထဲ ေရသြင္းၿပီး စပါးစိုက္လို႔ ရေလာက္ၿပီ...အဟင့္။
မ်က္ရိုးေတြ၊ေခါင္းေတြကိုက္ၿပီး လူကဖ်ားခ်င္ေနေရာ...။ဒါေၾကာင့္မို႔ မနက္ျဖန္တစ္ရက္ေတာ့ အနားယူမယ္ေနာ္..။
မီက စာေရးရင္ ၾကာတယ္ရယ္။
လူေရာစိတ္ေရာ ပင္ပန္းလာတဲ့အခါ အားလုံးကိုလႊတ္ခ်ထားၿပီး ဘာမွမလုပ္ဘဲ ၿငိမ္ၿငိမ္ေလး ေနပစ္ခ်င္ေတာ့တာ..။
လူက ဟာသသာ ေျပာေနတာ။
တစ္ေန႕လုံး ေခါင္းေတြ ကိုက္ေနတာပဲ။
Vote,Comment,ဖတ္ေပးသူအားလုံး ေက်းဇူးပါပဲေနာ္...။
#TBC
#MiKyaw
#BlackZone
🌻🌻🌻🌻🌻🌻🌻