Heartbeat Of Kiss (Completed)

By ThitKhatSain

16.4K 1.7K 430

စီးကရက်ရဲ့အရသာက ခါးတယ် ။ စတော်ဘယ်ရီရဲ့အရသာက ချိုတယ်။ ကျွန်တော်က အဲ့ဒီအရသာ နှစ်ခုလုံးကို အကောင်းဆုံးခံစားရစေတဲ... More

01.
02.
03.
04.
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22 (final)
Extra

05

761 94 34
By ThitKhatSain

"အယ် ... ကျွန်တော်အကုန်စားလိုက်မိပြီ"

ဆိုပြီး ပြူးကြောင်ကြောင် မျက်လုံးလေးဖြင့် မော့ကြည့်လာလေသည်။

ခေါင်းလှည့်လာတဲ့ကောင်လေးကြောင့် ရေသုတ်နေတဲ့ Yoongi လက်တွေရပ်တန့်သွားရသည်။

ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ အကြည့်ချင်းစုံသွားတဲ့ ကောင်လေးရဲ့ မော့ကြည့်နေတဲ့ မျက်လုံးတွေဟာ ပေကလပ် ပေကလပ်ဖြင့် ဝိုင်းစက်လို့နေသည်။

တရှူးရှူးဖြင့်စပ်နေတဲ့ ကောင်လေးရဲ့နှုတ်ခမ်းတွေဟာလည်း အနည်းငယ်ထော်ပြီးရဲနေသယောင်။ ထိုနှုတ်ခမ်းသားများကို စိုက်ကြည့်ရင်းရေငတ်လာရတဲ့ Yoongi ..... မထိန်းနိုင်တဲ့အဆုံး ငုံ့ကာ နမ်းရှိုက်မိပါတော့သည်။

ရုတ်တရက်နီးကပ်လာတဲ့မျက်နှာကြောင့် Hoseok အလ်ိုလိုမျက်လုံးမှိတ်ကျမိသွားသည်။ ထို့နောက် သိမ်းပိုက်ခံလိုက်ရတဲ့ သူ့နှုတ်ခမ်းတွေ။

အပေါ်တလှည့် အောက်တလှည့်ကိုကျွမ်းကျင်စွာစုပ်ယူရင်း မူးမေ့စေနိုင်လောက်တဲ့ အနမ်းတွေကို Hoseok ပြန်မတုံ့ပြန်သော်ငြား မငြင်းဆန်မိ။
သူကိုယ်တိုင် ထိုအနမ်းပေါ်ရင်ခုန်နေမိသည်မှာအမှန်။

"ငါ ... ငါ "

နမ်းလို့ဝမှ လွှတ်ပေးပြီး စိတ်ဆိုးခံရမှာစိုးနေတယ့် လူကြီးက စကားပြောသည်မှာ အ ထစ် အ ထစ်နှင့် ။
သူလုပ်ချင်တာလုပ်ပြီးမှ ဖြစ်နေတဲ့ လူဆိုးလူကြီးရဲ့ပုံစံကို ကြည့်ကာ Hoseok ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်သည်။

"ခင်ဗျား ဆေးလိပ်သောက်ထားတာလား"

နမ်းတုန်းက ဆေးလိပ်နံ့နဲ့ သူ့နှုတ်ခမ်းပါးက ခါးသက်သက်အရသာတစ်မျိုးရတာကြောင့် Hoseok မေးမိခြင်း။

"အင်း ... စောနက ခေါက်ဆွဲပြုတ်ရင်း ခံတွင်းချဥ်လာလို့ နဲနဲ ... "

သူပြောတာကို ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ရှေ့ပြန်လှည့်သွားတဲ့ ကောင်လေးအား Yoongi အရိပ်အခြည်ကြည့်မိသည်။

*ဟူး ... စိတ်တော့မဆိုးသွားပါဘူးထင်တယ်*

ထို့နောက်ကောင်လေးက ထကာ ဝရံတာဘက်ထွက်သွားသည်။
ဒူးအထက် ဘောင်းဘီတိုကိုဝတ်ထားတဲ့ ကောင်လေးရဲ့ ခြေတံသွယ်လေးတွေက သူ့ကို ဆွဲဆောင်နေသယောင်ပင် ။
မရိုးမယွစိတ်ကို ထိန်းချုပ်ကာ ပန်းကန်တွေကို သိမ်းဆည်းပြီး ဆေးကြောလိုက်တဲ့ Yoongi။

ထို့နောက် ကောင်လေးဘေးနားသွားကာ လက်ရန်းပေါ်လက်တင်ရင်း ကောင်လေးငေးကြည့်နေတဲ့ ကောင်းကင်ပေါ်က ကြယ်တွေကို Yoongi လည်းငေးကြည့်နေမိသည်။

အတန်ကြာမှ Yoongiဘက်ကပင် စကားစသည်။
"မင်းအိမ်ကို လှမ်းမပြောတော့ဘူးလား"

"​ဒီည ကျောင်းကစာကြည့်တ်ိုက်မှာညဥ့်နက်မယ်လို့ လှမ်းပြောပြီးပြီ"

ကောင်းကင်ကိုမော့ကြည့်ရင်းပင်ပြန်ဖြေတဲ့ ကောင်လေးအား Yoongi ဘေးတိုက်ငေးကြည့်နေမိသည်။

တဖြူးဖြူးတိုက်ခတ်နေတဲ့လေကြောင့် လွင့်ကျနေတဲ့ ဆံသားလေးတွေကို သိမ်းပေးမိတော့ သူ့ပခုံးပေါ်မှီကျလာတဲ့ ကောင်လေးရဲ့ခေါင်း။

အထက်တန်းကျောင်းသားလေးဆိုပေမယ့် ထိုကောင်လေးရဲ့အရပ်က Yoongiနဲ့မတိမ်းမယိမ်း ၊ နောက်ဆိုသူ့ထက်ပင် ရှည်သွားမလား မပြောတတ်။

"Yoongi ... ဟိုး အပေါ်ကကြယ်တွေက သိပ်လှတယ်ထင်ရတယ်နော်"

"အင်း"

"ဒါပေမယ့် အမြင့်မှာနေရတာ သူတို့တော့မသိဘူး .. ကျွန်တော်တော့ပင်ပန်းတယ်"

"....... "

"ဘာမဆို တော်နေအောင် ၊ တတ်နေအောင် အချိန်ပြည့်လေ့ကျင့်ယူနေရတာ တကယ်ပင်ပန်းတယ်။ ကျွန်တော်က စက်ရုပ်မှမဟုတ်တာ"

ခပ်အေးအေးလေးပြောနေတဲ့ကောင်လေးရဲ့အသံထဲမှာ ရောယှက်နေတဲ့ ပင်ပန်းမှုတချို့။

သူ့ပခုံးကိုမှီနေတဲ့ ကောင်လေးကို ပခုံးကနေဖက်ထားလိုက်ပြီး

"အဲ့တာဆို အခုနားလိုက် ... ငါက မင်းရဲ့နားခိုရာကြီးဖြစ်ပေးမယ်"

ဆိုတော့ ပခုံးပေါ်မေးလေးတင်လျက်ပင် သူ့ကိုကြည့်လာတဲ့ ကောင်လေး။ ထို့နောက် ပြုံးသည်။ သူ့ရဲ့မူပိုင် နွေးထွေးတောက်ပတဲ့အပြုံးလေး ....

ထိုအပြုံးလေးအား Yoongi ပြန်တုံ့ပြန်မိသည်က အပြုံးနောက်မှာကပ်ငြိနေတဲ့ ပါးချိုင့်သေးသေးလေးကို ခပ်ဖွဖွ နမ်းလိုက်တဲ့အနမ်းတပွင့်။

"ခင်ဗျား ကျွန်တော့်ကို အသားယူတာ များပြီနော်"

"ယူလက်စနဲ့ ဆက်ယူလိုက်မယ်လေ "

မျက်စောင်းတချက်ထိုးကာ ရင်ခွင်ထဲ ပြန်ဝင်လာတဲ့ကောင်လေးကို Yoongi အသဲယားလို့ ဖက်ထားရင်းမှ သူ့ရဲ့ဆံပင်တွေကို ထိုးဖွမိပါသည်။

"Yoongi ... ကျွန်တော်တို့နှစ်ယောက်က ဘာတွေလဲ"

"မင်း သတ်မှတ်သလိုပေါ့"

"ကျွန်တော့်အပေါ် ခံစားချက်တွေရှိလား"

"ငါ့ဘဝမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဖူးဘူး ... မင်းကလွဲပြီးတော့ပေါ့"

"Yoongi ကျွန်တော့်ကိုချစ်လား"

မျက်ဝန်းတွေကို အတိအကျစိုက်ကြည့်လာတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေကို ပြန်လည်စိုက်ကြည့်ရင်း

"ငါ နူးနူးညံ့ညံ့တွေမပြောတတ်ဘူး ... မဝန်ခံတတ်ဘူး ။ ဒါပေမယ့် မင်းကို ချစ်တာထက်ပိုတယ်ဆိုတာတော့ သေချာတယ်"

"ဒါဆို လုံလောက်ပါပြီ"

ကောင်လေးဘက်ကစတင်လာတဲ့ အနမ်း။
စတင်သူက သူဆိုပေမယ့် ဦးဆောင်ခေါ်သွားသူက Yoongi သာ။

Yoongiရဲ့ မကျဥ်းမကျယ်ကုတင်ထက်မှာ ကျောပေးထားတဲ့ Hoseokကို ဖက်အိပ်နေတဲ့ Yoongi ။

Hoseokကတော့ အိပ်မပျော်နိုင်သေးဘဲ ပြတင်းပေါက်မှတစ်ဆင့်ကောင်းကင်ပြင်ကိုမော့ကြည့်နေသည်။

"ဟင်း ~ ~"

တစ်ဖက်ကိုလှည့်လိုက်တော့ အေးချမ်းစွာအိပ်ပျော်နေတဲ့ လူကြီးကို တွေ့ရသည်။

လူကြီးရဲ့မျက်နှာကိုအနီးကပ်မြင်ရတော့ ပူပန်နေတဲ့သူ့စိတ်တွေ လွင့်စင်သွားရသည်။

မျက်နှာသေးသေးထက်က နှာခေါင်းချွန်ချွန်လေးကို တို့ထိကြည့်ရင်း Hoseok လူကြီးရဲ့ရင်ခွင်ထဲ တိုးဝင်ကာ အိပ်စက်လိုက်တော့သည်။

* * *

"Hoseok ... ဘယ်လိုဖြစ်ရတာလဲ မင်းအမှတ်တွေကျသွားတယ်"

အမြဲ အဆင့်တစ်ရနေခဲ့တဲ့ ကျွန်တော်က အဆင့်ငါးအထိ ကျသွားတော့ အတန်းပိုင်ဆရာရဲ့ ရှယ်ဆူခြင်းကို ခံနေရသည်။

မယုံနိုင်သလို ဝိုင်းကြည့်နေကြတဲ့တစ်တန်းလုံးရဲ့မျက်လုံးတွေ ၊ ခနဲ့တဲ့တဲ့မျက်နှာပေးတွေနဲ့ Yoonjoon တို့အုပ်စု။

အမှတ်စာရင်းစာရွက်ကို ယူပြီး နောက်ဆုံးတန်းက ထောင့်ခုံလေးမှာ သွားပြန်ထိုင်လိုက်သည်။

ဒီနေ့တစ်နေ့လုံး စာသင်ရတာစိတ်မပါခဲ့။
ပြန်ရောက်ရင် ဦးလေးက ဘာတွေပြောဦးမယ်မသိ။ အိမ်ကိုလှမ်းပြောရင်တော့ သွားပြီပဲ ... ချက်ချင်း ဆိုးလ်ကကျောင်းကို ပြန်ပြောင်းရမယ့်အဖြစ်။

"ဟူး ~ ~ ~ ~ "

ထိုင်ခုံကိုလျောထိုင်ကာ သက်မ တချက်ချတုန်း ... Yoonjoon နဲ့သူ့သူငယ်ချင်းနှစ်ယောက်က အနားရောက်လာကာ

"ဟက် ... ငါတို့ကျောင်းရဲ့စာအတော်ဆုံးကျောင်းသားက ခုတော့ ငါ့နောက်ကို ရောက်လို့နေပါလား"

ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ရင်း ငုံ့ကာပြောနေတဲ့ လှောင်ရီတဲ့မျက်နှာပေးနဲ့ သူက သိပ်စိတ်ပျက်ဖို့ကောင်းလှသည်။

Hoseok လည်းစကားမပြောချင်တာမို့ လွယ်အိတ်ဆွဲပြီး ထထွက်ရန်အပြင် သူက ရှေ့ကပိတ်ရပ်ပြီး

"ဘယ်လ်ိုဖြစ်တာလည်းကွာ ... ကြည့်ရတာအပေါင်းအသင်းမှားပြီး ပျက်စီးနေတာနဲ့တူတယ်။ ကျောင်းမှာ မင်းပေါင်းတဲ့ကောင်လည်း တစ်ကောင်မှ မတွေ့မိပါဘူး"

Yoonjoon က သူ့နောက်က သူ့သူငယ်ချင်းနှစ်ယောက်ကို လှမ်းကြည့်ကာမေးသလိုပြောတော့ ထိုနှစ်ယောက်က ပခုံးတွန့်ပြသည်။

Hoseok ကတော့ စိတ်ရှုပ်နေတဲ့မျက်နှာဖြင့် သူ့လွယ်အိတ်ကို တဖက်တည်းလွယ်ရင်း သုံးယောက်လုံးကိုကြည့်နေမိသည်။

Yoonjoon က သူ့နှုတ်ခမ်းသားကိုတွန့်ချိုးရင်း
"ဒါမှ မဟုတ် ...."

ဟုဆိုကာ Hoseok ဘက်ပြန်ကြည့်လာပြီး သူ့စကားကိုဆက်ပြောသည်။

"ကျောင်းသွားကျောင်းပြန် မင်းနဲ့အတူတူတွဲတွေ့နေရတဲ့ အနက်ရောင် ဂျင်းအင်္ကျီနဲ့ လူကြီးများလား? "

Hoseok မျက်ခုံးတို့မြင့်တက်သွားရပြီး Yoonjoon ကိုစူးစိုက်ကြည့်မိသည်။
သူ့အကြည့်ကြောင့် နောက်ကနှစ်ယောက်က ထိုင်နေရာကနေ ထလာကာ ကိုယ်မတ်သွားပြီး Yoonjoonကသာ မတုန်မလှုပ် ပုံစံဖြင့်ဆက်ပြောသည်။

"အဲ့ဒီသူက ငါတို့မြို့မှာလူမိုက်ပဲ ။ ပိုက်ဆံပေးရင် ဘာမဆိုလုပ်ပေးတဲ့ လူစားမျိုး။ ပြီးတော့ ....."

Hoseok အနားကို တဖြေးဖြေးတိုးကပ်လာရင်း နားနားကပ်ကာ Yoonjoon ပြောသွားသည်မှာ

"သူ့အလုပ်တာဝန်အရ လူတစ်ယောက်ကို ချဥ်းကပ်တတ်ပြီးတော့ သူ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်တတ်တယ်"

ဟုပြောပြီးSmirkချိတ်ဆွဲကာ ထွက်သွားသည်။

ထိုနေရာမှာ အတောင့်လိုက်ရပ်ကျန်နေခဲ့သူက Hoseokသာ ..... Yoonjoon ပြောသွားတဲ့

"သူ့အလုပ်တာဝန်အရ လူတစ်ယောက်ကို ချဥ်းကပ်တတ်ပြီးတော့"
ဆိုတာကြီးကိုပဲ ထပ်တလဲလဲကြားယောင်နေမိသည်။

"မဟုတ်လောက်ပါဘူး"
လို့တိုးတိုးရေရွတ်ရင်း ကျောင်းခန်းအပြင်ထွက်ခဲ့လိုက်သည်။

ဆရာ့ကို ခွင့်တိုင်ရင်း Hoseok ကျောင်းအပြင်ထွက်ခဲ့လိုက်သည်။

Yoonjoonပြောတာတွေ မယုံကြည်ပေမယ့် သူသေချာအောင်လုပ်ချင်လို့ Yoongi ကိုခေါ်လိုက်သည်။

အဲ့နေ့ညက အချင်းချင်းခံစားချက်တွေဝန်ခံခဲ့ပြီးနောက် သူ့လူကြီးကိုယ်တိုင်မှတ်ပေးခဲ့တယ့် "ကိုကို" ဆိုတဲ့နာမ်စားလေးနဲ့ ဖုန်းနံပါတ်ကို Hoseok ရိုက်နှိပ်လိုက်သည်။

: ကျွန်တော်အခုအပြင်မှာ တံတားဆီသွားနေတယ် ။ လာခဲ့ပေး .. စောင့်နေမယ်

ဆိုတဲ့ စာလေးပေးပို့ပြီး နှစ်ယောက်အတူသွား ထိုင်နေကြ တံတားရှိရာမြစ်လေးဆီ သွားလိုက်သည်။

(Geumho river , Daegu)

မြစ်ကမ်းစပ်နားမှာထိုင်ကာ ကြည်လင်နေတယ့် ကန်ရေပြင်ကို ငေးကြည့်နေတဲ့ Hoseokက Yoongiရောက်လာသည်ကိုပင်သတိမမူမိ။

"ရော့ "

စတော်ဘယ်ရီအရသာနဲ့ စုပ်လုံးလေးကမ်းပေးလာတဲ့ လူကြီးကို Hoseok မော့ကြည့်လိုက်တော့

"စတိုးဆိုင်က အကြွေမရှိလို့ပြန်အမ်းလိုက်တဲ့ချိုချဥ်"

Hoseokလည်း လှမ်းယူထားလိုက်သည်။

"ပြောပါဦး ကျောင်းလစ်လာရတဲ့အကြောင်းလေး"

စီးကရက်ဘူးထဲမှ ဆေးလိပ်ကိုထုတ်ကာ လေကွယ်ရင်းမီးညှိနေတဲ့ လူကြီး ။
ဆေးလိပ်ကို တရှိုက်ဖွာရင်း သူ့ကိုမေးသည်။

"Yoongi ကကော ဘယ်ကနေရောက်လာတာလဲ ။ ထပ်ပြီးရန်သွားဖြစ်နေတာလား"

ချက်ချင်းအဖြေပြန်မပေးသေးဘဲ ဆေးလိပ်ကိုဖွာရှိုက်ကာ

"အလုပ်သွားရှာတာပါ ။ ငါရန်မဖြစ်တော့ပါဘူး "

"အဲ့တော့ အလုပ်ရခဲ့ပြီလား"

လူကြီးက ခေါင်းခါပြသည်။ သူ့ရဲ့ဆေးလိပ်ကိုပဲ ထပ်ဖွာရှိုက်နေပြန်သည်။

Hoseok ဒီအတိုင်းလေးပဲ ငေးကြည့်မိနေတုန်း

"အဟွတ် .. အဟွတ် ...... အဟွတ် .. အဟွတ်"

"Yoongi ! "

ပါးစပ်ကို လက်ဖြင့်အုပ်ကာ အသည်းအသန်ချောင်းတွေဆိုးပြီး လက်ထဲ၌သွေးတွေပင် ပေလာတဲ့ လူကြီးကြောင့် သူသောက်နေတဲ့ ဆေးလိပ်ကို အမြန်ဖယ်ခွာပစ်လိုက်တဲ့ Hoseok။

"ကျစ်"
လူကြီးက စုတ်တချက်သပ်ရင်း သွေးတွေကိုသုတ်ပစ်နေသည်။

"ခင်ဗျား ဒီအခြေအနေရောက်နေတာတောင် ဆေးလိပ်ဆက်သောက်နေတုန်းပဲလား ဟမ်!"

"မင်းက ငါ့ရဲ့ဆေးလိပ်ဖွာရှိုက်တဲ့ပုံစံကိုသဘောကျတယ်မဟုတ်ဘူးလား"

"ကျွန်တော်က ခင်ဗျားကျန်းမာရေးထက် အဲ့တာကို ပိုသဘောကျမယ်ထင်နေတာလား "

သူကသာ စိတ်ပူလို့ဒေါသတကြီးနဲ့ပြောနေမိပေမယ့် ရှေ့က ဂျစ်ပေပေပုံစံနဲ့ လူကြီးက ရယ်နေသည်။

"ခင်ဗျား ဘာရယ်တာလဲ"

"ငါ့ကျန်းမာရေးဂရုစိုက်တဲ့သူ ရှိသေးတာ​ပျော်လို့ ... ပြီးတော့ အဲ့ဒီသူကမင်းဖြစ်နေလို့"

မျက်ဝန်းနက်နက်တွေနဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ ၊ သူ့ရဲ့အသံအေးအေးလေးတွေနဲ့ နူးညံ့စွာ​ပြောလာတဲ့အခါတွေမှာလည်း Hoseok ရင်တွေအတိုင်းအဆမရှိခုန်ရပါသည်။

"ခင်ဗျား ဒီဆေးလိပ်ကိုဆက်မသောက်နဲ့တော့"

"ဟေး .. ဟေး နေဦး"

ဟန့်တားသံကြောင့် ဆေးလိပ်က်ို လွှတ်ပစ်တော့မယ့် Hoseok လက်ရပ်တန့်သွားရသည်။
ခပ်စူးစူးအကြည့်တချက်ပို့လိုက်ပြီး

"ဘာလဲ"

"အဲ့ဆေးလိပ်က အရမ်းစျေးကြီးတာ .. လွှင့်ပစ်ရမှာနှမြောစရာကြီး .. ဒီတစ်လိပ်လေးပဲပေးသောက်လို့မရဘူးလား"

"မရဘူး! "
"ခင်ဗျားနှမြောရင် ကျွန်တော်သောက်ပေးမယ် ... ရော့ ခင်ဗျားကဒါစား"

ဆိုပြီး သူပေးထားတဲ့ချိုချဥ်ကိုဖောက်ကာ သူပါးစပ်ထဲထည့်ပေးတဲ့ကောင်လေး။
သူကျတော့ ဆေးလိပ်ကို တေ့လိုက်သည်လေ။

မသောက်တတ်သူဆိုတာ သိသာစွာ တချက်ဖွာပြီး ချောင်းတဟွတ်ဟွတ်ဆိုးသွားရသည်။

ဆေးလိပ်သောက်နေတဲ့ ကောင်လေးကို မတားဘဲ စုပ်လုံးလေးစုပ်ကာ ခပ်ဖွဖွရယ်နေသေးတဲ့ Yoongi။
တစ်ချက်နှစ်ချက် သောက်ပြီးတော့ ဆေးလိပ်က်ို အထာကျသွားတဲ့ ကောင်လေးက သူ့ဘက်လှည့်ပြီး ဖွာရှိုက်ပြနေသေးသည်။

"ဟက် .. အိမ်ကမသိအောင် ဆေးလိပ်တွေသောက်နေတာ ၊ မင်းကတကယ် လူဆိုးလေးပဲ "

"ခင်ဗျားကြောင့် ကျွန်တော်ဆိုးနေရတာလေ"

အစီခံပဲကျန်တော့တဲ့ ဆေးလိပ်ကို မီးငြိမ်းသတ်လိုက်တဲ့ Hoseok ။

"ခင်ဗျားဟာကြီးကလည်း စျေးသာကြီးတာ ကောင်းလည်းမကောင်းဘူး "

လို့ Hoseokက ရှုံ့မဲ့ကာ ပြောတော့ Yoongiက ရယ်ကာ ခေါင်းလေးကိုပုတ်ရင်း

"ကလေးတွေ ဘယ်သောက်နိုင်ပါ့မလဲ"

Hoseokက ထပ်နှာခေါင်းရှုံ့ပြန်တော့ Yoongi ကအသံထွက်ရယ်သည်။

အရှေ့ကမြစ်ကျယ်ကြီးကို ကြည့်ရင်းမှ Hoseok ဘေးကိုပြန်လှည့်ကြည့်မိသည်။ သူဖောက်ထည့်ပေးထားတဲ့ စုပ်လုံးကို ကလေးလည်းမဟုတ် တပြွတ်ပြွတ်စုပ်နေတဲ့လူကြီးကြောင့်ရယ်မိရသည်။

စတော်ဘယ်ရီအရသာ စုပ်လုံးလေးကို စားသုံးနေတဲ့ သူ့နှုတ်ခမ်းပါးကို ကျွန်တော်(Hoseok) ငေးကြည့်နေမိတာသူသတိထားမိသွားတော့

"ဘာလဲ စားချင်လို့လား ..... ရော့"

ချက်ချင်း သူ့ပါးစပ်ထဲကထုတ်ကာ ကျွန်တော့်ဆီကမ်းပေးလာတယ် ။
ကျွန်တော်က ခေါင်းခါလိုက်တော့

"ဘာလဲ ရွံလို့လား"

ခနဲ့တဲ့တဲ့ ပုံစံနဲ့ မေးလာတယ့်သူ့ကို ကျွန်တော်လဲ ရယ်ရင်း

"ဟုတ်တယ်"

ဟုဖြေမိတော့ ရုတ်တရက် ကျွန်တော့်နှုတ်ခမ်းဆီကျရောက်လာတဲ့ သူ့ရဲ့နှုတ်ခမ်းပါးတစုံ

ကျွန်တော် အံ့အားသင့်ပြီး ပြန်မတုံ့ပြန်နိုင်ခင်မှာတင် အပေါ်နှုတ်ခမ်းကို ဆွဲစုပ်ပြီး ပြန်ခွာသွားတဲ့ သူ့နှုတ်ခမ်းပါး ...။

"ဘယ်လိုလဲ ... ငါ့နှုတ်ခမ်းတွေကိုတော့ မရွံဘူးမလား ..... ချိုလား?"

စုပ်လုံးကို ပြန်စုပ်ကာ အင်္ကျီအိပ်ကပ်ထဲ လက်ထည့်ရင်း မေးနေပုံကိုက ...။

ကျွန်တော်လဲ ကိုယ့်နှုတ်ခမ်းကို ပြန်ကိုင်ရင်းသာ ဘာမှပြန်မပြောနိုင်ခဲ့ ....

ချိုတာပေါ့ ။ အချိုချည်းပဲမဟုတ်ဘူး ခင်ဗျားဆီက ရတဲ့ စတော်ဘယ်ရီအရသာလေးနဲ့ စောနက ကျွန်တော်သောက်ထားတဲ့ စီးကရက်ရဲ့အခါးဓာတ်တွေရောထွေးနေတဲ့ အရသာ  .... ကျွန်တော့်ကိုစွဲလမ်းစေတာက အဲ့အရသာနှစ်ခုလုံးကို လေးနက်သွားစေတဲ့ ခင်ဗျားရဲ့နှုတ်ခမ်းပါးတွေပါ Min Yoongi ရယ်...။

ခင်ဗျားကသိပ်ပြုစားလွန်းတယ်။

မြန်ဆန်နေတဲ့ရင်ခုန်သံကို ပုံမှန်ပြန်ဖြစ်အောင် Hoseok ထိန်းချုပ်ရင်း တည်ငြိမ်သောလေသံဖြင့်

"Yoongi ... ကျွန်တော်မေးစရာရှိတယ်"

>>>>>>>>>>>>>>>>>>>>>>>>>>TBC

Zawgyi

"အယ္ ... ကြၽန္ေတာ္အကုန္စားလိုက္မိၿပီ"

ဆိုၿပီး ျပဴးေၾကာင္ေၾကာင္ မ်က္လုံးေလးျဖင့္ ေမာ့ၾကည့္လာေလသည္။

ေခါင္းလွည့္လာတဲ့ေကာင္ေလးေၾကာင့္ ေရသုတ္ေနတဲ့ Yoongi လက္ေတြရပ္တန့္သြားရသည္။

ငုံ႕ၾကည့္ေနတဲ့ သူ႕မ်က္လုံးေတြနဲ႕ အၾကည့္ခ်င္းစုံသြားတဲ့ ေကာင္ေလးရဲ႕ ေမာ့ၾကည့္ေနတဲ့ မ်က္လုံးေတြဟာ ေပကလပ္ ေပကလပ္ျဖင့္ ဝိုင္းစက္လို႔ေနသည္။

တရႉးရႉးျဖင့္စပ္ေနတဲ့ ေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြဟာလည္း အနည္းငယ္ေထာ္ၿပီးရဲေနသေယာင္။ ထိုႏႈတ္ခမ္းသားမ်ားကို စိုက္ၾကည့္ရင္းေရငတ္လာရတဲ့ Yoongi ..... မထိန္းနိုင္တဲ့အဆုံး ငုံ႕ကာ နမ္းရွိုက္မိပါေတာ့သည္။

႐ုတ္တရက္နီးကပ္လာတဲ့မ်က္ႏွာေၾကာင့္ Hoseok အလ္ိုလိုမ်က္လုံးမွိတ္က်မိသြားသည္။ ထို႔ေနာက္ သိမ္းပိုက္ခံလိုက္ရတဲ့ သူ႕ႏႈတ္ခမ္းေတြ။

အေပၚတလွည့္ ေအာက္တလွည့္ကိုကြၽမ္းက်င္စြာစုပ္ယူရင္း မူးေမ့ေစနိုင္ေလာက္တဲ့ အနမ္းေတြကို Hoseok ျပန္မတုံ႕ျပန္ေသာ္ျငား မျငင္းဆန္မိ။
သူကိုယ္တိုင္ ထိုအနမ္းေပၚရင္ခုန္ေနမိသည္မွာအမွန္။

"ငါ ... ငါ "

နမ္းလို႔ဝမွ လႊတ္ေပးၿပီး စိတ္ဆိုးခံရမွာစိုးေနတယ့္ လူႀကီးက စကားေျပာသည္မွာ အ ထစ္ အ ထစ္ႏွင့္ ။
သူလုပ္ခ်င္တာလုပ္ၿပီးမွ ျဖစ္ေနတဲ့ လူဆိုးလူႀကီးရဲ႕ပုံစံကို ၾကည့္ကာ Hoseok ရယ္ခ်င္စိတ္ကို ထိန္းခ်ဳပ္လိုက္သည္။

"ခင္ဗ်ား ေဆးလိပ္ေသာက္ထားတာလား"

နမ္းတုန္းက ေဆးလိပ္နံ႕နဲ႕ သူ႕ႏႈတ္ခမ္းပါးက ခါးသက္သက္အရသာတစ္မ်ိဳးရတာေၾကာင့္ Hoseok ေမးမိျခင္း။

"အင္း ... ေစာနက ေခါက္ဆြဲျပဳတ္ရင္း ခံတြင္းခ်ဥ္လာလို႔ နဲနဲ ... "

သူေျပာတာကို ေခါင္းတၿငိမ့္ၿငိမ့္လုပ္ၿပီး ေရွ႕ျပန္လွည့္သြားတဲ့ ေကာင္ေလးအား Yoongi အရိပ္အျခည္ၾကည့္မိသည္။

*ဟူး ... စိတ္ေတာ့မဆိုးသြားပါဘူးထင္တယ္*

ထို႔ေနာက္ေကာင္ေလးက ထကာ ဝရံတာဘက္ထြက္သြားသည္။
ဒူးအထက္ ေဘာင္းဘီတိုကိုဝတ္ထားတဲ့ ေကာင္ေလးရဲ႕ ေျခတံသြယ္ေလးေတြက သူ႕ကို ဆြဲေဆာင္ေနသေယာင္ပင္ ။
မရိုးမယြစိတ္ကို ထိန္းခ်ဳပ္ကာ ပန္းကန္ေတြကို သိမ္းဆည္းၿပီး ေဆးေၾကာလိုက္တဲ့ Yoongi။

ထို႔ေနာက္ ေကာင္ေလးေဘးနားသြားကာ လက္ရန္းေပၚလက္တင္ရင္း ေကာင္ေလးေငးၾကည့္ေနတဲ့ ေကာင္းကင္ေပၚက ၾကယ္ေတြကို Yoongi လည္းေငးၾကည့္ေနမိသည္။

အတန္ၾကာမွ Yoongiဘက္ကပင္ စကားစသည္။
"မင္းအိမ္ကို လွမ္းမေျပာေတာ့ဘူးလား"

"​ဒီည ေက်ာင္းကစာၾကည့္တ္ိုက္မွာညဥ့္နက္မယ္လို႔ လွမ္းေျပာၿပီးၿပီ"

ေကာင္းကင္ကိုေမာ့ၾကည့္ရင္းပင္ျပန္ေျဖတဲ့ ေကာင္ေလးအား Yoongi ေဘးတိုက္ေငးၾကည့္ေနမိသည္။

တျဖဴးျဖဴးတိုက္ခတ္ေနတဲ့ေလေၾကာင့္ လြင့္က်ေနတဲ့ ဆံသားေလးေတြကို သိမ္းေပးမိေတာ့ သူ႕ပခုံးေပၚမွီက်လာတဲ့ ေကာင္ေလးရဲ႕ေခါင္း။

အထက္တန္းေက်ာင္းသားေလးဆိုေပမယ့္ ထိုေကာင္ေလးရဲ႕အရပ္က Yoongiနဲ႕မတိမ္းမယိမ္း ၊ ေနာက္ဆိုသူ႕ထက္ပင္ ရွည္သြားမလား မေျပာတတ္။

"Yoongi ... ဟိုး အေပၚကၾကယ္ေတြက သိပ္လွတယ္ထင္ရတယ္ေနာ္"

"အင္း"

"ဒါေပမယ့္ အျမင့္မွာေနရတာ သူတို႔ေတာ့မသိဘူး .. ကြၽန္ေတာ္ေတာ့ပင္ပန္းတယ္"

"....... "

"ဘာမဆို ေတာ္ေနေအာင္ ၊ တတ္ေနေအာင္ အခ်ိန္ျပည့္ေလ့က်င့္ယူေနရတာ တကယ္ပင္ပန္းတယ္။ ကြၽန္ေတာ္က စက္႐ုပ္မွမဟုတ္တာ"

ခပ္ေအးေအးေလးေျပာေနတဲ့ေကာင္ေလးရဲ႕အသံထဲမွာ ေရာယွက္ေနတဲ့ ပင္ပန္းမႈတခ်ိဳ႕။

သူ႕ပခုံးကိုမွီေနတဲ့ ေကာင္ေလးကို ပခုံးကေနဖက္ထားလိုက္ၿပီး

"အဲ့တာဆို အခုနားလိုက္ ... ငါက မင္းရဲ႕နားခိုရာႀကီးျဖစ္ေပးမယ္"

ဆိုေတာ့ ပခုံးေပၚေမးေလးတင္လ်က္ပင္ သူ႕ကိုၾကည့္လာတဲ့ ေကာင္ေလး။ ထို႔ေနာက္ ၿပဳံးသည္။ သူ႕ရဲ႕မူပိုင္ ေႏြးေထြးေတာက္ပတဲ့အၿပဳံးေလး ....

ထိုအၿပဳံးေလးအား Yoongi ျပန္တုံ႕ျပန္မိသည္က အၿပဳံးေနာက္မွာကပ္ၿငိေနတဲ့ ပါးခ်ိဳင့္ေသးေသးေလးကို ခပ္ဖြဖြ နမ္းလိုက္တဲ့အနမ္းတပြင့္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို အသားယူတာ မ်ားၿပီေနာ္"

"ယူလက္စနဲ႕ ဆက္ယူလိုက္မယ္ေလ "

မ်က္ေစာင္းတခ်က္ထိုးကာ ရင္ခြင္ထဲ ျပန္ဝင္လာတဲ့ေကာင္ေလးကို Yoongi အသဲယားလို႔ ဖက္ထားရင္းမွ သူ႕ရဲ႕ဆံပင္ေတြကို ထိုးဖြမိပါသည္။

"Yoongi ... ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဘာေတြလဲ"

"မင္း သတ္မွတ္သလိုေပါ့"

"ကြၽန္ေတာ့္အေပၚ ခံစားခ်က္ေတြရွိလား"

"ငါ့ဘဝမွာ ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ဖူးဘူး ... မင္းကလြဲၿပီးေတာ့ေပါ့"

"Yoongi ကြၽန္ေတာ့္ကိုခ်စ္လား"

မ်က္ဝန္းေတြကို အတိအက်စိဳက္ၾကည့္လာတဲ့ ေကာင္ေလးရဲ႕ မ်က္ဝန္းေတြကို ျပန္လည္စိုက္ၾကည့္ရင္း

"ငါ ႏူးႏူးညံ့ညံ့ေတြမေျပာတတ္ဘူး ... မဝန္ခံတတ္ဘူး ။ ဒါေပမယ့္ မင္းကို ခ်စ္တာထက္ပိုတယ္ဆိုတာေတာ့ ေသခ်ာတယ္"

"ဒါဆို လုံေလာက္ပါၿပီ"

ေကာင္ေလးဘက္ကစတင္လာတဲ့ အနမ္း။
စတင္သူက သူဆိုေပမယ့္ ဦးေဆာင္ေခၚသြားသူက Yoongi သာ။

Yoongiရဲ႕ မက်ဥ္းမက်ယ္ကုတင္ထက္မွာ ေက်ာေပးထားတဲ့ Hoseokကို ဖက္အိပ္ေနတဲ့ Yoongi ။

Hoseokကေတာ့ အိပ္မေပ်ာ္နိုင္ေသးဘဲ ျပတင္းေပါက္မွတစ္ဆင့္ေကာင္းကင္ျပင္ကိုေမာ့ၾကည့္ေနသည္။

"ဟင္း ~ ~"

တစ္ဖက္ကိုလွည့္လိုက္ေတာ့ ေအးခ်မ္းစြာအိပ္ေပ်ာ္ေနတဲ့ လူႀကီးကို ေတြ႕ရသည္။

လူႀကီးရဲ႕မ်က္ႏွာကိုအနီးကပ္ျမင္ရေတာ့ ပူပန္ေနတဲ့သူ႕စိတ္ေတြ လြင့္စင္သြားရသည္။

မ်က္ႏွာေသးေသးထက္က ႏွာေခါင္းခြၽန္ခြၽန္ေလးကို တို႔ထိၾကည့္ရင္း Hoseok လူႀကီးရဲ႕ရင္ခြင္ထဲ တိုးဝင္ကာ အိပ္စက္လိုက္ေတာ့သည္။

* * *

"Hoseok ... ဘယ္လိုျဖစ္ရတာလဲ မင္းအမွတ္ေတြက်သြားတယ္"

အၿမဲ အဆင့္တစ္ရေနခဲ့တဲ့ ကြၽန္ေတာ္က အဆင့္ငါးအထိ က်သြားေတာ့ အတန္းပိုင္ဆရာရဲ႕ ရွယ္ဆူျခင္းကို ခံေနရသည္။

မယုံနိုင္သလို ဝိုင္းၾကည့္ေနၾကတဲ့တစ္တန္းလုံးရဲ႕မ်က္လုံးေတြ ၊ ခနဲ႕တဲ့တဲ့မ်က္ႏွာေပးေတြနဲ႕ Yoonjoon တို႔အုပ္စု။

အမွတ္စာရင္းစာ႐ြက္ကို ယူၿပီး ေနာက္ဆုံးတန္းက ေထာင့္ခုံေလးမွာ သြားျပန္ထိုင္လိုက္သည္။

ဒီေန႕တစ္ေန႕လုံး စာသင္ရတာစိတ္မပါခဲ့။
ျပန္ေရာက္ရင္ ဦးေလးက ဘာေတြေျပာဦးမယ္မသိ။ အိမ္ကိုလွမ္းေျပာရင္ေတာ့ သြားၿပီပဲ ... ခ်က္ခ်င္း ဆိုးလ္ကေက်ာင္းကို ျပန္ေျပာင္းရမယ့္အျဖစ္။

"ဟူး ~ ~ ~ ~ "

ထိုင္ခုံကိုေလ်ာထိုင္ကာ သက္မ တခ်က္ခ်တဳန္း ... Yoonjoon နဲ႕သူ႕သူငယ္ခ်င္းႏွစ္ေယာက္က အနားေရာက္လာကာ

"ဟက္ ... ငါတို႔ေက်ာင္းရဲ႕စာအေတာ္ဆုံးေက်ာင္းသားက ခုေတာ့ ငါ့ေနာက္ကို ေရာက္လို႔ေနပါလား"

ေဘာင္းဘီအိပ္ကပ္ထဲ လက္ထည့္ရင္း ငုံ႕ကာေျပာေနတဲ့ ေလွာင္ရီတဲ့မ်က္ႏွာေပးနဲ႕ သူက သိပ္စိတ္ပ်က္ဖို႔ေကာင္းလွသည္။

Hoseok လည္းစကားမေျပာခ်င္တာမို႔ လြယ္အိတ္ဆြဲၿပီး ထထြက္ရန္အျပင္ သူက ေရွ႕ကပိတ္ရပ္ၿပီး

"ဘယ္လ္ိုျဖစ္တာလည္းကြာ ... ၾကည့္ရတာအေပါင္းအသင္းမွားၿပီး ပ်က္စီးေနတာနဲ႕တူတယ္။ ေက်ာင္းမွာ မင္းေပါင္းတဲ့ေကာင္လည္း တစ္ေကာင္မွ မေတြ႕မိပါဘူး"

Yoonjoon က သူ႕ေနာက္က သူ႕သူငယ္ခ်င္းႏွစ္ေယာက္ကို လွမ္းၾကည့္ကာေမးသလိုေျပာေတာ့ ထိုႏွစ္ေယာက္က ပခုံးတြန့္ျပသည္။

Hoseok ကေတာ့ စိတ္ရႈပ္ေနတဲ့မ်က္ႏွာျဖင့္ သူ႕လြယ္အိတ္ကို တဖက္တည္းလြယ္ရင္း သုံးေယာက္လုံးကိုၾကည့္ေနမိသည္။

Yoonjoon က သူ႕ႏႈတ္ခမ္းသားကိုတြန့္ခ်ိဳးရင္း
"ဒါမွ မဟုတ္ ...."

ဟုဆိုကာ Hoseok ဘက္ျပန္ၾကည့္လာၿပီး သူ႕စကားကိုဆက္ေျပာသည္။

"ေက်ာင္းသြားေက်ာင္းျပန္ မင္းနဲ႕အတူတူတြဲေတြ႕ေနရတဲ့ အနက္ေရာင္ ဂ်င္းအကၤ်ီနဲ႕ လူႀကီးမ်ားလား? "

Hoseok မ်က္ခုံးတို႔ျမင့္တက္သြားရၿပီး Yoonjoon ကိုစူးစိုက္ၾကည့္မိသည္။
သူ႕အၾကည့္ေၾကာင့္ ေနာက္ကႏွစ္ေယာက္က ထိုင္ေနရာကေန ထလာကာ ကိုယ္မတ္သြားၿပီး Yoonjoonကသာ မတုန္မလႈပ္ ပုံစံျဖင့္ဆက္ေျပာသည္။

"အဲ့ဒီသူက ငါတို႔ၿမိဳ႕မွာလူမိုက္ပဲ ။ ပိုက္ဆံေပးရင္ ဘာမဆိုလုပ္ေပးတဲ့ လူစားမ်ိဳး။ ၿပီးေတာ့ ....."

Hoseok အနားကို တေျဖးေျဖးတိုးကပ္လာရင္း နားနားကပ္ကာ Yoonjoon ေျပာသြားသည္မွာ

"သူ႕အလုပ္တာဝန္အရ လူတစ္ေယာက္ကို ခ်ဥ္းကပ္တတ္ၿပီးေတာ့ သူ႕တာဝန္ကိုေက်ပြန္ေအာင္ ထမ္းေဆာင္တတ္တယ္"

ဟုေျပာၿပီးSmirkခ်ိတ္ဆြဲကာ ထြက္သြားသည္။

ထိုေနရာမွာ အေတာင့္လိုက္ရပ္က်န္ေနခဲ့သူက Hoseokသာ ..... Yoonjoon ေျပာသြားတဲ့

"သူ႕အလုပ္တာဝန္အရ လူတစ္ေယာက္ကို ခ်ဥ္းကပ္တတ္ၿပီးေတာ့"
ဆိုတာႀကီးကိုပဲ ထပ္တလဲလဲၾကားေယာင္ေနမိသည္။

"မဟုတ္ေလာက္ပါဘူး"
လို႔တိုးတိုးေရ႐ြတ္ရင္း ေက်ာင္းခန္းအျပင္ထြက္ခဲ့လိုက္သည္။

ဆရာ့ကို ခြင့္တိုင္ရင္း Hoseok ေက်ာင္းအျပင္ထြက္ခဲ့လိုက္သည္။

Yoonjoonေျပာတာေတြ မယုံၾကည္ေပမယ့္ သူေသခ်ာေအာင္လုပ္ခ်င္လို႔ Yoongi ကိုေခၚလိုက္သည္။

အဲ့ေန႕ညက အခ်င္းခ်င္းခံစားခ်က္ေတြဝန္ခံခဲ့ၿပီးေနာက္ သူ႕လူႀကီးကိုယ္တိုင္မွတ္ေပးခဲ့တယ့္ "ကိုကို" ဆိုတဲ့နာမ္စားေလးနဲ႕ ဖုန္းနံပါတ္ကို Hoseok ရိုက္ႏွိပ္လိုက္သည္။

: ကြၽန္ေတာ္အခုအျပင္မွာ တံတားဆီသြားေနတယ္ ။ လာခဲ့ေပး .. ေစာင့္ေနမယ္

ဆိုတဲ့ စာေလးေပးပို႔ၿပီး ႏွစ္ေယာက္အတူသြား ထိုင္ေနၾက တံတားရွိရာျမစ္ေလးဆီ သြားလိုက္သည္။

(Geumho river , Daegu)

ျမစ္ကမ္းစပ္နားမွာထိုင္ကာ ၾကည္လင္ေနတယ့္ ကန္ေရျပင္ကို ေငးၾကည့္ေနတဲ့ Hoseokက Yoongiေရာက္လာသည္ကိုပင္သတိမမူမိ။

"ေရာ့ "

စေတာ္ဘယ္ရီအရသာနဲ႕ စုပ္လုံးေလးကမ္းေပးလာတဲ့ လူႀကီးကို Hoseok ေမာ့ၾကည့္လိုက္ေတာ့

"စတိုးဆိုင္က အေႂကြမရွိလို႔ျပန္အမ္းလိုက္တဲ့ခ်ိဳခ်ဥ္"

Hoseokလည္း လွမ္းယူထားလိုက္သည္။

"ေျပာပါဦး ေက်ာင္းလစ္လာရတဲ့အေၾကာင္းေလး"

စီးကရက္ဘူးထဲမွ ေဆးလိပ္ကိုထုတ္ကာ ေလကြယ္ရင္းမီးညွိေနတဲ့ လူႀကီး ။
ေဆးလိပ္ကို တရွိုက္ဖြာရင္း သူ႕ကိုေမးသည္။

"Yoongi ကေကာ ဘယ္ကေနေရာက္လာတာလဲ ။ ထပ္ၿပီးရန္သြားျဖစ္ေနတာလား"

ခ်က္ခ်င္းအေျဖျပန္မေပးေသးဘဲ ေဆးလိပ္ကိုဖြာရွိုက္ကာ

"အလုပ္သြားရွာတာပါ ။ ငါရန္မျဖစ္ေတာ့ပါဘူး "

"အဲ့ေတာ့ အလုပ္ရခဲ့ၿပီလား"

လူႀကီးက ေခါင္းခါျပသည္။ သူ႕ရဲ႕ေဆးလိပ္ကိုပဲ ထပ္ဖြာရွိုက္ေနျပန္သည္။

Hoseok ဒီအတိုင္းေလးပဲ ေငးၾကည့္မိေနတုန္း

"အဟြတ္ .. အဟြတ္ ...... အဟြတ္ .. အဟြတ္"

"Yoongi ! "

ပါးစပ္ကို လက္ျဖင့္အုပ္ကာ အသည္းအသန္ေခ်ာင္းေတြဆိုးၿပီး လက္ထဲ၌ေသြးေတြပင္ ေပလာတဲ့ လူႀကီးေၾကာင့္ သူေသာက္ေနတဲ့ ေဆးလိပ္ကို အျမန္ဖယ္ခြာပစ္လိုက္တဲ့ Hoseok။

"က်စ္"
လူႀကီးက စုတ္တခ်က္သပ္ရင္း ေသြးေတြကိုသုတ္ပစ္ေနသည္။

"ခင္ဗ်ား ဒီအေျခအေနေရာက္ေနတာေတာင္ ေဆးလိပ္ဆက္ေသာက္ေနတုန္းပဲလား ဟမ္!"

"မင္းက ငါ့ရဲ႕ေဆးလိပ္ဖြာရွိုက္တဲ့ပုံစံကိုသေဘာက်တယ္မဟုတ္ဘူးလား"

"ကြၽန္ေတာ္က ခင္ဗ်ားက်န္းမာေရးထက္ အဲ့တာကို ပိုသေဘာက်မယ္ထင္ေနတာလား "

သူကသာ စိတ္ပူလို႔ေဒါသတႀကီးနဲ႕ေျပာေနမိေပမယ့္ ေရွ႕က ဂ်စ္ေပေပပုံစံနဲ႕ လူႀကီးက ရယ္ေနသည္။

"ခင္ဗ်ား ဘာရယ္တာလဲ"

"ငါ့က်န္းမာေရးဂ႐ုစိုက္တဲ့သူ ရွိေသးတာ​ေပ်ာ္လို႔ ... ၿပီးေတာ့ အဲ့ဒီသူကမင္းျဖစ္ေနလို႔"

မ်က္ဝန္းနက္နက္ေတြနဲ႕ ရင္ဆိုင္ေတြ႕ရတဲ့အခါ ၊ သူ႕ရဲ႕အသံေအးေအးေလးေတြနဲ႕ ႏူးညံ့စြာ​ေျပာလာတဲ့အခါေတြမွာလည္း Hoseok ရင္ေတြအတိုင္းအဆမရွိခုန္ရပါသည္။

"ခင္ဗ်ား ဒီေဆးလိပ္ကိုဆက္မေသာက္နဲ႕ေတာ့"

"ေဟး .. ေဟး ေနဦး"

ဟန့္တားသံေၾကာင့္ ေဆးလိပ္က္ို လႊတ္ပစ္ေတာ့မယ့္ Hoseok လက္ရပ္တန့္သြားရသည္။
ခပ္စူးစူးအၾကည့္တခ်က္ပို႔လိုက္ၿပီး

"ဘာလဲ"

"အဲ့ေဆးလိပ္က အရမ္းေစ်းႀကီးတာ .. လႊင့္ပစ္ရမွာႏွေျမာစရာႀကီး .. ဒီတစ္လိပ္ေလးပဲေပးေသာက္လို႔မရဘူးလား"

"မရဘူး! "
"ခင္ဗ်ားႏွေျမာရင္ ကြၽန္ေတာ္ေသာက္ေပးမယ္ ... ေရာ့ ခင္ဗ်ားကဒါစား"

ဆိုၿပီး သူေပးထားတဲ့ခ်ိဳခ်ဥ္ကိုေဖာက္ကာ သူပါးစပ္ထဲထည့္ေပးတဲ့ေကာင္ေလး။
သူက်ေတာ့ ေဆးလိပ္ကို ေတ့လိုက္သည္ေလ။

မေသာက္တတ္သူဆိုတာ သိသာစြာ တခ်က္ဖြာၿပီး ေခ်ာင္းတဟြတ္ဟြတ္ဆိုးသြားရသည္။

ေဆးလိပ္ေသာက္ေနတဲ့ ေကာင္ေလးကို မတားဘဲ စုပ္လုံးေလးစုပ္ကာ ခပ္ဖြဖြရယ္ေနေသးတဲ့ Yoongi။
တစ္ခ်က္ႏွစ္ခ်က္ ေသာက္ၿပီးေတာ့ ေဆးလိပ္က္ို အထာက်သြားတဲ့ ေကာင္ေလးက သူ႕ဘက္လွည့္ၿပီး ဖြာရွိုက္ျပေနေသးသည္။

"ဟက္ .. အိမ္ကမသိေအာင္ ေဆးလိပ္ေတြေသာက္ေနတာ ၊ မင္းကတကယ္ လူဆိုးေလးပဲ "

"ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္ဆိုးေနရတာေလ"

အစီခံပဲက်န္ေတာ့တဲ့ ေဆးလိပ္ကို မီးၿငိမ္းသတ္လိုက္တဲ့ Hoseok ။

"ခင္ဗ်ားဟာႀကီးကလည္း ေစ်းသာႀကီးတာ ေကာင္းလည္းမေကာင္းဘူး "

လို႔ Hoseokက ရႈံ႕မဲ့ကာ ေျပာေတာ့ Yoongiက ရယ္ကာ ေခါင္းေလးကိုပုတ္ရင္း

"ကေလးေတြ ဘယ္ေသာက္နိုင္ပါ့မလဲ"

Hoseokက ထပ္ႏွာေခါင္းရႈံ႕ျပန္ေတာ့ Yoongi ကအသံထြက္ရယ္သည္။

အေရွ႕ကျမစ္က်ယ္ႀကီးကို ၾကည့္ရင္းမွ Hoseok ေဘးကိုျပန္လွည့္ၾကည့္မိသည္။ သူေဖာက္ထည့္ေပးထားတဲ့ စုပ္လုံးကို ကေလးလည္းမဟုတ္ တႁပြတ္ႁပြတ္စုပ္ေနတဲ့လူႀကီးေၾကာင့္ရယ္မိရသည္။

စေတာ္ဘယ္ရီအရသာ စုပ္လုံးေလးကို စားသုံးေနတဲ့ သူ႕ႏႈတ္ခမ္းပါးကို ကြၽန္ေတာ္(Hoseok) ေငးၾကည့္ေနမိတာသူသတိထားမိသြားေတာ့

"ဘာလဲ စားခ်င္လို႔လား ..... ေရာ့"

ခ်က္ခ်င္း သူ႕ပါးစပ္ထဲကထုတ္ကာ ကြၽန္ေတာ့္ဆီကမ္းေပးလာတယ္ ။
ကြၽန္ေတာ္က ေခါင္းခါလိုက္ေတာ့

"ဘာလဲ ႐ြံလို႔လား"

ခနဲ႕တဲ့တဲ့ ပုံစံနဲ႕ ေမးလာတယ့္သူ႕ကို ကြၽန္ေတာ္လဲ ရယ္ရင္း

"ဟုတ္တယ္"

ဟုေျဖမိေတာ့ ႐ုတ္တရက္ ကြၽန္ေတာ့္ႏႈတ္ခမ္းဆီက်ေရာက္လာတဲ့ သူ႕ရဲ႕ႏႈတ္ခမ္းပါးတစုံ

ကြၽန္ေတာ္ အံ့အားသင့္ၿပီး ျပန္မတုံ႕ျပန္နိုင္ခင္မွာတင္ အေပၚႏႈတ္ခမ္းကို ဆြဲစုပ္ၿပီး ျပန္ခြာသြားတဲ့ သူ႕ႏႈတ္ခမ္းပါး ...။

"ဘယ္လိုလဲ ... ငါ့ႏႈတ္ခမ္းေတြကိုေတာ့ မ႐ြံဘူးမလား ..... ခ်ိဳလား?"

စုပ္လုံးကို ျပန္စုပ္ကာ အကၤ်ီအိပ္ကပ္ထဲ လက္ထည့္ရင္း ေမးေနပုံကိုက ...။

ကြၽန္ေတာ္လဲ ကိုယ့္ႏႈတ္ခမ္းကို ျပန္ကိုင္ရင္းသာ ဘာမွျပန္မေျပာနိုင္ခဲ့ ....

ခ်ိဳတာေပါ့ ။ အခ်ိဳခ်ည္းပဲမဟုတ္ဘူး ခင္ဗ်ားဆီက ရတဲ့ စေတာ္ဘယ္ရီအရသာေလးနဲ႕ ေစာနက ကြၽန္ေတာ္ေသာက္ထားတဲ့ စီးကရက္ရဲ႕အခါးဓာတ္ေတြေရာေထြးေနတဲ့ အရသာ  .... ကြၽန္ေတာ့္ကိုစြဲလမ္းေစတာက အဲ့အရသာႏွစ္ခုလုံးကို ေလးနက္သြားေစတဲ့ ခင္ဗ်ားရဲ႕ႏႈတ္ခမ္းပါးေတြပါ Min Yoongi ရယ္...။

ခင္ဗ်ားကသိပ္ျပဳစားလြန္းတယ္။

ျမန္ဆန္ေနတဲ့ရင္ခုန္သံကို ပုံမွန္ျပန္ျဖစ္ေအာင္ Hoseok ထိန္းခ်ဳပ္ရင္း တည္ၿငိမ္ေသာေလသံျဖင့္

"Yoongi ... ကြၽန္ေတာ္ေမးစရာရွိတယ္"

>>>>>>>>>>>>>>>>>>>>>>>>>>TBC

Continue Reading

You'll Also Like

72.1K 7.4K 11
•ᴄᴏᴍᴘʟᴇᴛᴇᴅ•ᴜɴɪ×ᴢᴀᴡ• •ᴠᴍɪɴ-ᴛᴀᴇᴊɪ -ᴊᴀɴᴜᴀʀʏ 2 ᴛᴏ ᴊᴀɴᴜᴀʀʏ 17 -2021
70.9K 7.9K 28
မင်းကိုထိန်းကြောင်းပေးဖို့ကိုယ်ဖြစ်လာခဲ့ပေမဲ့ကိုယ့်အချစ်တွေကိုတော့ဘယ်သူမှမထိန်းကြောင်းပေးနိုင်ဘူးမင်းတောင်မှပဲ... မင္းကိုထိန္းေၾကာင္းေပးဖို႔ကိုယ္ျဖစ္...
652K 23.8K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...