အပိုင္း ၂၇
မဲရလဒ္မ်ား ထြက္လာသည္။ ၾကယ္ေလးပြင့္ စစ္ေဆးပြဲကလည္း ျပီးဆံုးသြား၏။ ၾကည့္ရႈသူမ်ားက ဆက္ၾကည့္လိုေသာ္လည္း ေရြးခ်ယ္စရာ မရွိဘဲ တိုက္ရိုက္ ထုတ္လြင့္မႈအခန္းထဲမွ ထြက္လိုက္ရသည္။
ဥကၠဌကုက ဒိုင္မ်ားစားပြဲမွ ထလာကာ အျပံဳးျဖင့္ အနားသို႕ ေလွ်ာက္လာသည္။
“ ယြမ့္ထန္း ၾကယ္ေလးပြင့္ စာဖိုမွဴးျဖစ္သြားတဲ့အတြက္ ဂုဏ္ယူပါတယ္”
ယြမ့္ထန္းက သူ႕ကို ယဥ္ေက်းစြာ ေက်းဇူးတင္သည္အား လက္ခံျပီးေနာက္ ဆက္ေျပာသည္။
“ မင္းက ဒီေလာက ္ငယ္ငယ္ရြယ္ရြယ္မွာေတာင္ ဒီေလာက္အထိ လုပ္နိုင္စြမ္းရွိေနျပီ။မ င္းရဲ႕ အနာဂတ္ကေတာ့ ဒီထက္ပိုျပီး ထြက္ေတာက္ဦးမွာပဲ။ ငါရဲ႕ညီ ခ်ီေက်ာက္ကေတာ့…. သူ႕ကိုေတာ့ ငါတို႕ ေကာင္းေကာင္း အျပစ္ေပးမွာပါ။။ ငါက မင္းကို သူ႕ကိုယ္စား ဒီေနရာမွာပဲ ေတာင္းပန္လိုက္ပါရေစ”
ဥကၠဌကုက ဦးညြတ္ရန ္ျပင္ေနသည့္အခါ ယြမ့္ထန္း။ ကမန္းကတမ္း လက္ကို ဆြဲထူကာ တ ားလိုက္ရသည္။
“ မဟုတ္တာ ဥကၠဌရယ္.. ဒါက ဥကၠဌအျပစ္မွ မဟုတ္တာ”
“ခ်ီေက်ာက္ရဲ႕ အျပစ္က လက္မခံနုိင္စရာပဲ။ သူ အျပစ္ရွိတာလည္း ထင္ရွားလို႕ ငါတို႕က သူ႕ကို ဒုဥကၠဌ ရာထူးကေန ထုတ္ပယ္ဖို႕ ဆံုးျဖတ္လိုက္တယ္။ မင္း ဒီအျပစ္ေပးတဲ့ ပ ံုစံကို လ က္ခံပါရဲ႕လား”
သူက ေခါင္းညိတ္ေနသည့္ ယြမ့္ထန္းကို ၾကည့္ျပီးေနာက္ ဆက္ေျပာသည္။
“ ေနာက္ျပီး ရွိေသးတာက”
“ ဘာမ်ားလဲ”
“ မင္းကို ခ်ီေက်ာက္ရဲ႕ ေနရာ ဒုဥကၠဌရာထူးအတြက္ ဖိတ္ေခၚခ်င္ပါတယ္။ အစည္းအရံုးက မင္းကို အေကာင္းဆံုး အေထာက္အပံ့ေတြ ေပးမွာပါ။ အစည္းအရံုးက အခက္အခဲေတြနဲ႕ ရင္ဆိုင္ရေစတယ္ဆိုေပမဲ့ မင္းကို ငါတို႕ တကယ္ လိုအပ္ေနတာပါ။ မင္းသာ ဆက္ျပီး တိုက္ရိုက္ထုတ္လႊင့္ခ်င္ေသးတယ္ဆိုရင္လည္း ငါတို႕က အေကာင္ဆံုး ေထာက္ပံ့ျပီး ဘယ္သူမွ မေႏွာင့္ယွက္ေအာင္ အာမခံနဲ႕ ကာကြယ္ေပးနိုင္ပါတယ္”
ဥကၠဌကုက သူ႕ကို ေတာက္ပေသာ မ်က္၀န္းမ်ားျဖင့္ ၾကည့္သည္။ သူ ျငင္းလိုက္မည္ကို စိုးရိမ္ေနပံုရ၏။
သို႕တိုင္ေအာင္ ယြမ့္ထန္း ျငင္းလိုက္သည္။
“ စိတ္မေကာင္းေပမဲ့ ျငင္းပါရေစ။ ကၽြန္ေတာ္က လြတ္လြတ္လပ္လပ္နဲ႕ အေႏွာင္အတြယ္ ကင္းကင္း ေနခ်င္လို႕ပါ။ ဒါေပမဲ့ အနာဂတ္မွာ အစည္းအရုံးဘက္က လိုအပ္တာရွိရင္ ေသခ်ာေပါက္ ကၽြန္ေတာ ္ကူညီေပးမွာပါ”
“ ၾကည့္ရတာ အျခားနည္းလမ္းမ ရွိဘူးပဲ”
သူ၏ ဆံုးျဖတ္ခ်က္ျပတ္သားပံုကို ၾကည့္ျပီး ဥကၠဌကုက ဆက္မေျပာေတာ့ေပ။ သူက အေၾကာ င္းအရာ ေျ ပာင္းသည္။
“ အရင္က မင္းက တိုက္ရိုက္ထုတ္လႊင့္ခဲ့ေပမဲ့ ငါတို႕ဆီ စာရင္းမသြင္းထားေတာ့ ငါတိုက မဆက္သြယ္ခဲ့ရဘူး။ အခု မင္းက လက္မွတ္လည္း ရျပီးျပီဆိုေတာ့ ဆုေၾကးေငြေတြကို ငါ မင္းရဲ႕ အေကာင့္ထဲ လႊဲလိုက္မယ္”
အစည္းအရံုးတြင္ ထိုသို႕ေသာ စည္းမ်ဥ္းရွိသည္။ တစ္စံုတစ္ေယာက္က ဟင္းခ်က္နည္းအသစ္ကို ရွာေတြ႕လွ်င္ ဆုေၾကးေငြ ပမာဏမ်ားစြာရရွိမည္ျဖစ္သည္။ ထို႕အျပင္ အကယ္ဒမီသိပၸံမွ ပါ၀င္ပစၥည္းအသစ္မ်ားကို သံုးထားလွ်င ္ေဘာနပ္ ထပ္ရမည္ျဖစ္သည္။ အေၾကာင္းမူကား သဘာ၀ဟင္းလ်ာမ်ား တိုးတက္လာရန္အလို႕ဌာ အင္ပါယာက တစ္ႏွစ္လွ်င္ ပမာဏေျမာက္မ်ားစြာ ေထာက္ပံ့ထားေပသည္။ ယြမ့္ထန္းသည္ သူ၏ ပထမဆံုး တိုက္ရိုက္ထုတ္လႊင့္မႈမွ စတင္ျပီး ခ်က္သမွ်က အသစ္အဆန္းမ်ားျဖစ္ေနေသာေၾကာင့္ ဆုေၾကးေငြက အလြန္မ်ားျပားမည္ဟု သတ္မွတ္နိုင္သည္။
မေမွ်ာ္လင့္ထားစြာပင္ ယြမ့္ထန္းက ျငင္းသည္။
“ ဒါကၽြန္ေတာ့္ကိုယ္ပိုင္ နည္းလမ္းေတြ မဟုတ္ပါဘူး။ ကၽြန္ေတာ္ လက္မခံပါရေစနဲ႕”
“ မင္း ဖန္တီးခဲ့တာ မဟုတ္ဘူးလား”
ဥကၠဌကုမွာ ထိုအေျဖကုိ မေမွ်ာ္လင့္ထားသျဖင့္ အံ့ၾသသြားသည္။
“ဒါဆို ဘယ္သူက ဖန္တီးခဲ့တာလဲ”
ထိုသို႕ေမးလိုက္သည့္တိုင္ ဥကၠဌကုက သံသယ၀င္ေနသည္။ ထိုမွ်ေတာ္ေသာ စာဖိုမွဴးတစ္ေယာက္ သို႕ အဖြဲ႕ရွိေနမည္ဆိုလွ်င္ ေကာလဟာလအေနႏွင့္ သူၾကားဖူးသင့္သည္။ ယြမ့္ထန္းကလည္း စဥ္းစားထားျပီးသားျဖစ္ရာ ခ်က္ျပဳတ္နည္းစာအုပ္ထဲမွ သင္ခဲ့ေၾကာင္းေ ျပာလိုက္သည္။
“ အဲဒိလိုဆိုရင္ေတာင္မွ ဒီပိုက္ဆံေတြက မင္းအပိုင္ပါပဲ။ ဘယ္သူက ဖန္တီးခဲ့တာျဖစ္ျဖစ္ အခုအခ်ိန္ထိ ဘယ္လိုလူကမွ မင္းလို မခ်က္ျပနိုင္ခဲ့ဘူး။ ဆိုေတာ့ ဒါေတြက မင္းနဲ႕ ထို္က္တန္ပါတယ္”
မူလဖန္တီးသူက သူမဟုတ္သည့္တိုင္ ဥကၠဌကုကမူ ယြမ့္ထန္းႏွင့္ ထိုက္တန္သည္ဟု ထင္သည္။. ယြမ့္ထန္းကသာ ခ်က္မျပခဲ့လွ်င္ သူတို႕က အသုံး၀င္လာမည္မဟုတ္သည့္ နည္းလမ္းမ်ားကို ဆက္လက္ရွာေဖြေနရလိမ့္မည္။ ယြမ့္ထန္း၏ နည္းလမ္းမ်ားက သူတို႕အတြက္ အလြန္ အသုံး၀င္၏။ မူလပိုင္ရွင္ကမူ ယြမ့္ထန္း မေျပာခ်င္လွ်င္ သူ ဆက္ေမးမည္ မဟုတ္ေပ။
ယြမ့္ထန္း ျပဳံးလိုက္သ္ည။ သူက ဆက္ျငင္းေနမည္ဆိုလွ်င္ သူတို႕ၾကား ကို႕ယုိ႕ကားယားျဖစ္လာလိမ့္မည္။ သို႕ေသာ္ ထိုပိုက္ဆံမ်ားကို ကိုယ္က်ိဳးအတြက္လည္း သူ မသုံးခ်င္ေပ။
“ ေက်းဇူးတင္ပါတယ္ ဥကၠဌကု ကၽြန္ေတာ္ လက္ခံလိုက္ပါ့မယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ကိုယ္စား လွဴေပးလုိ႕ရမလား”
သိပၸံေခတ္ျဖစ္ေနသည့္တိုင္ လူခ်မ္းသႏွင့္ လူဆင္းရဲကြာျခားခ်က္က ရွိေနေသးရာ သဘာ၀ႏွင့္ လူလုပ္ ေဘးမ်ားက ရွိေသးသည္။ထို႕ေၾကာင့္ ထိုပိုက္ဆံမ်ားက လိုအပ္သူမ်ားအတြက္ အကူအညီဲဖစ္ရန္ သူ ေမွ်ာ္လင့္သည္။
“တာ၀န္ပိုေစတဲ့အတြက္ ကၽြန္ေတာ္ ေတာင္းပန္ပါတယ္”
သူက ဒုကၡမ်ားသည့္ ကိစၥမ်ားကို မၾကိဳက္ေပ။ သူ၏ ေနာက္ခံက ရုပ္၇ွင္အင္ပါယာေဟာင္းျဖစ္ေနခဲ့ျခင္းမရွိလွ်င္ ပထမဆံုး ၀င္ေငြရွာျခင္းကို တိုက္ရို္က္ထုတ္လႊင့္ျခင္းျဖင့္ မေျဖရွင္းျဖစ္ေလာက္ေခ်။
ဥကၠဌကုကလည္းယြမ့္ထန္းကို ဆက္လက္ ေစာင့္ေရွာက္ေပးမည္ျဖစ္သည္။ ခ်ီေက်ာက္၏ ကိစၥကို သူ ကိုင္တြယ္ရဦးမည္။ ယြမ့္ထန္းက စစ္ေဆးမႈေအာင္သြားေလရာ ခ်ီေက်ာက္က မနာလိုမုန္းထားျပီး ဒုကၡေပးနုိင္ေသးသည္။ထို႕ေၾကာင့္ ခ်ီေက်ာက္ကို လူလႊတ္ကာ ေစာင့္ၾကည့္ခိုင္းရဦးမည္။
သူက ၀န္ထမ္းတစ္ေယာက္ကို ေခၚကာ ယြမ့္ထန္းကို လိုက္ပို႕ခိုင္းရန္ ေတြးထားသည္။ သို႕ေသာ္ အခ်ိန္ကိုက္ပင္ ေဟာ္မိသားစုမွ ဒုတိယသားက တံခါးသို႕သြားရာ ေလွ်ာက္လမ္းတြင္ ေပၚလာသည္။သူက စစ္ယူနီၤေဖာင္းကို ၀တ္ထားေသးျပီး ျမင့္မားေသာ ေတာင္တစ္လံုးအလား မတ္မတ္ ရပ္ေနသည္။ သို႕ေသာ္ အနားရွိ ယြမ့္ထန္းေပၚ သူ၏ မ်က္၀န္းမ်ား က်ေရာက္လာခ်ိန္တြင္မူ ႏူးညံ့သြား၏။
“ ကိုယ္ မင္းကို လိုက္ပို႕မယ္”
ယြမ့္ထန္း တုန္႕ဆိုင္းသြားသည္။
“ ကၽြန္ေတာ္ အေႏွာင့္အယွက္ေပးလြန္းသလိုမ်ား ျဖစ္သြားမလား”
ဒီတစ္ေန႕လံုး ငယ္ရြယ္တဲ့ မာရွယ္ဆီက အကူအညီေတြပဲ ယူေနရတာ… သူ ေတာ္ေတာ္ေလး ရွက္ေနမိျပီ။ ဘာပဲျဖစ္ျဖစ္ ဒါက သူတို႕ပထမဆံုးေတြ႕ဖူးတဲ့ အခ်ိန္ေလ… သူတို႕ ရင္းႏွီးၾကတာလည္း မဟုတ္
ေဟာ္ယြင္ခ်န္းက ေခါင္းခါသည္။
“ မျဖစ္ပါဘူး”
ထို႕ေနာက္ သူက ေရွ႕ႏွစ္လံုးတိုးကာ ဥကၠဌကုကို ေျပာသည္။
“ ဒါဆို ကၽြန္ေတာ္ သြားေတာ့မယ္”
ထို႕ေနာက္ သူက ထြက္သြားသည္။ ယြမ့္ထန္းက ေနာက္မွ လိုက္သြား၏။သို႕ေသာ္ ရွက္၇ြံ႕မႈႏွင့္ ယြမ့္ထန္း၏ နားရြက္မ်ားက ကုတ္က်ေနသည္။
ဥကၠဌကုက နဂိုေနရာတြင္သာရွိေနေသးသည္။ သူက ထြက္သြားသူႏွစ္ေယာက္၏ ေက်ာျပင္ကို ၾကည့္သည္။ သူ၏ မီးခိုးရင့္ေရာင္ မ်က္၀န္းမ်ားက မင္သက္ေနပံုရသည္။ထို႕ေနာက္ ကူကယ္ရာမဲ့စြာ ေခါင္းခါ၏။
“ လူငယ္ေတြကေတာ့…”
ဘာသာျပန္သူမွာ ေျ ပာစရာရွိပါတယ္
မျပီးေသးပါဘူး အိပ္ကုန္ၾကမွာစိုးလို႕ ဒါအရင္ တင္လိုက္တာ…. ၁ေလာက္က်ရင္ က်န္တဲ့စာနဲ႕ ပံုေလးေတြ တင္ေပးမယ္ေနာ္…
မအိပ္ၾကပါနဲ႕ဦး ဒီမွာေတာင္ အစာခံေရးေနတာ
အပိုင်း ၂၇
မဲရလဒ်များ ထွက်လာသည်။ ကြယ်လေးပွင့် စစ်ဆေးပွဲကလည်း ပြီးဆုံးသွား၏။ ကြည့်ရှုသူများက ဆက်ကြည့်လိုသော်လည်း ရွေးချယ်စရာ မရှိဘဲ တိုက်ရိုက် ထုတ်လွင့်မှုအခန်းထဲမှ ထွက်လိုက်ရသည်။
ဥက္ကဌကုက ဒိုင်များစားပွဲမှ ထလာကာ အပြုံးဖြင့် အနားသို့ လျှောက်လာသည်။
“ ယွမ့်ထန်း ကြယ်လေးပွင့် စာဖိုမှူးဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
ယွမ့်ထန်းက သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်သည်အား လက်ခံပြီးနောက် ဆက်ပြောသည်။
“ မင်းက ဒီလောက ်ငယ်ငယ်ရွယ်ရွယ်မှာတောင် ဒီလောက်အထိ လုပ်နိုင်စွမ်းရှိနေပြီ။မ င်းရဲ့ အနာဂတ်ကတော့ ဒီထက်ပိုပြီး ထွက်တောက်ဦးမှာပဲ။ ငါရဲ့ညီ ချီကျောက်ကတော့…. သူ့ကိုတော့ ငါတို့ ကောင်းကောင်း အပြစ်ပေးမှာပါ။။ ငါက မင်းကို သူ့ကိုယ်စား ဒီနေရာမှာပဲ တောင်းပန်လိုက်ပါရစေ”
ဥက္ကဌကုက ဦးညွတ်ရန ်ပြင်နေသည့်အခါ ယွမ့်ထန်း။ ကမန်းကတမ်း လက်ကို ဆွဲထူကာ တ ားလိုက်ရသည်။
“ မဟုတ်တာ ဥက္ကဌရယ်.. ဒါက ဥက္ကဌအပြစ်မှ မဟုတ်တာ”
“ချီကျောက်ရဲ့ အပြစ်က လက်မခံနိုင်စရာပဲ။ သူ အပြစ်ရှိတာလည်း ထင်ရှားလို့ ငါတို့က သူ့ကို ဒုဥက္ကဌ ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်း ဒီအပြစ်ပေးတဲ့ ပ ုံစံကို လ က်ခံပါရဲ့လား”
သူက ခေါင်းညိတ်နေသည့် ယွမ့်ထန်းကို ကြည့်ပြီးနောက် ဆက်ပြောသည်။
“ နောက်ပြီး ရှိသေးတာက”
“ ဘာများလဲ”
“ မင်းကို ချီကျောက်ရဲ့ နေရာ ဒုဥက္ကဌရာထူးအတွက် ဖိတ်ခေါ်ချင်ပါတယ်။ အစည်းအရုံးက မင်းကို အကောင်းဆုံး အထောက်အပံ့တွေ ပေးမှာပါ။ အစည်းအရုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေတယ်ဆိုပေမဲ့ မင်းကို ငါတို့ တကယ် လိုအပ်နေတာပါ။ မင်းသာ ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်ချင်သေးတယ်ဆိုရင်လည်း ငါတို့က အကောင်ဆုံး ထောက်ပံ့ပြီး ဘယ်သူမှ မနှောင့်ယှက်အောင် အာမခံနဲ့ ကာကွယ်ပေးနိုင်ပါတယ်”
ဥက္ကဌကုက သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်သည်။ သူ ငြင်းလိုက်မည်ကို စိုးရိမ်နေပုံရ၏။
သို့တိုင်အောင် ယွမ့်ထန်း ငြင်းလိုက်သည်။
“ စိတ်မကောင်းပေမဲ့ ငြင်းပါရစေ။ ကျွန်တော်က လွတ်လွတ်လပ်လပ်နဲ့ အနှောင်အတွယ် ကင်းကင်း နေချင်လို့ပါ။ ဒါပေမဲ့ အနာဂတ်မှာ အစည်းအရုံးဘက်က လိုအပ်တာရှိရင် သေချာပေါက် ကျွန်တော ်ကူညီပေးမှာပါ”
“ ကြည့်ရတာ အခြားနည်းလမ်းမ ရှိဘူးပဲ”
သူ၏ ဆုံးဖြတ်ချက်ပြတ်သားပုံကို ကြည့်ပြီး ဥက္ကဌကုက ဆက်မပြောတော့ပေ။ သူက အကြော င်းအရာ ေြ ပာင်းသည်။
“ အရင်က မင်းက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပေမဲ့ ငါတို့ဆီ စာရင်းမသွင်းထားတော့ ငါတိုက မဆက်သွယ်ခဲ့ရဘူး။ အခု မင်းက လက်မှတ်လည်း ရပြီးပြီဆိုတော့ ဆုကြေးငွေတွေကို ငါ မင်းရဲ့ အကောင့်ထဲ လွှဲလိုက်မယ်”
အစည်းအရုံးတွင် ထိုသို့သော စည်းမျဉ်းရှိသည်။ တစ်စုံတစ်ယောက်က ဟင်းချက်နည်းအသစ်ကို ရှာတွေ့လျှင် ဆုကြေးငွေ ပမာဏများစွာရရှိမည်ဖြစ်သည်။ ထို့အပြင် အကယ်ဒမီသိပ္ပံမှ ပါဝင်ပစ္စည်းအသစ်များကို သုံးထားလျှင ်ဘောနပ် ထပ်ရမည်ဖြစ်သည်။ အကြောင်းမူကား သဘာဝဟင်းလျာများ တိုးတက်လာရန်အလို့ဌာ အင်ပါယာက တစ်နှစ်လျှင် ပမာဏမြောက်များစွာ ထောက်ပံ့ထားပေသည်။ ယွမ့်ထန်းသည် သူ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုမှ စတင်ပြီး ချက်သမျှက အသစ်အဆန်းများဖြစ်နေသောကြောင့် ဆုကြေးငွေက အလွန်များပြားမည်ဟု သတ်မှတ်နိုင်သည်။
မမျှော်လင့်ထားစွာပင် ယွမ့်ထန်းက ငြင်းသည်။
“ ဒါကျွန်တော့်ကိုယ်ပိုင် နည်းလမ်းတွေ မဟုတ်ပါဘူး။ ကျွန်တော် လက်မခံပါရစေနဲ့”
“ မင်း ဖန်တီးခဲ့တာ မဟုတ်ဘူးလား”
ဥက္ကဌကုမှာ ထိုအဖြေကို မမျှော်လင့်ထားသဖြင့် အံ့သြသွားသည်။
“ဒါဆို ဘယ်သူက ဖန်တီးခဲ့တာလဲ”
ထိုသို့မေးလိုက်သည့်တိုင် ဥက္ကဌကုက သံသယဝင်နေသည်။ ထိုမျှတော်သော စာဖိုမှူးတစ်ယောက် သို့ အဖွဲ့ရှိနေမည်ဆိုလျှင် ကောလဟာလအနေနှင့် သူကြားဖူးသင့်သည်။ ယွမ့်ထန်းကလည်း စဉ်းစားထားပြီးသားဖြစ်ရာ ချက်ပြုတ်နည်းစာအုပ်ထဲမှ သင်ခဲ့ကြောင်းေ ပြာလိုက်သည်။
“ အဲဒိလိုဆိုရင်တောင်မှ ဒီပိုက်ဆံတွေက မင်းအပိုင်ပါပဲ။ ဘယ်သူက ဖန်တီးခဲ့တာဖြစ်ဖြစ် အခုအချိန်ထိ ဘယ်လိုလူကမှ မင်းလို မချက်ပြနိုင်ခဲ့ဘူး။ ဆိုတော့ ဒါတွေက မင်းနဲ့ ထိုက်တန်ပါတယ်”
မူလဖန်တီးသူက သူမဟုတ်သည့်တိုင် ဥက္ကဌကုကမူ ယွမ့်ထန်းနှင့် ထိုက်တန်သည်ဟု ထင်သည်။. ယွမ့်ထန်းကသာ ချက်မပြခဲ့လျှင် သူတို့က အသုံးဝင်လာမည်မဟုတ်သည့် နည်းလမ်းများကို ဆက်လက်ရှာဖွေနေရလိမ့်မည်။ ယွမ့်ထန်း၏ နည်းလမ်းများက သူတို့အတွက် အလွန် အသုံးဝင်၏။ မူလပိုင်ရှင်ကမူ ယွမ့်ထန်း မပြောချင်လျှင် သူ ဆက်မေးမည် မဟုတ်ပေ။
ယွမ့်ထန်း ပြုံးလိုက်သ်ည။ သူက ဆက်ငြင်းနေမည်ဆိုလျှင် သူတို့ကြား ကို့ယို့ကားယားဖြစ်လာလိမ့်မည်။ သို့သော် ထိုပိုက်ဆံများကို ကိုယ်ကျိုးအတွက်လည်း သူ မသုံးချင်ပေ။
“ ကျေးဇူးတင်ပါတယ် ဥက္ကဌကု ကျွန်တော် လက်ခံလိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်စား လှူပေးလို့ရမလား”
သိပ္ပံခေတ်ဖြစ်နေသည့်တိုင် လူချမ်းသနှင့် လူဆင်းရဲကွာခြားချက်က ရှိနေသေးရာ သဘာဝနှင့် လူလုပ် ဘေးများက ရှိသေးသည်။ထို့ကြောင့် ထိုပိုက်ဆံများက လိုအပ်သူများအတွက် အကူအညီဲဖစ်ရန် သူ မျှော်လင့်သည်။
“တာဝန်ပိုစေတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်”
သူက ဒုက္ခများသည့် ကိစ္စများကို မကြိုက်ပေ။ သူ၏ နောက်ခံက ရုပ်၇ှင်အင်ပါယာဟောင်းဖြစ်နေခဲ့ခြင်းမရှိလျှင် ပထမဆုံး ဝင်ငွေရှာခြင်းကို တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် မဖြေရှင်းဖြစ်လောက်ချေ။
ဥက္ကဌကုကလည်းယွမ့်ထန်းကို ဆက်လက် စောင့်ရှောက်ပေးမည်ဖြစ်သည်။ ချီကျောက်၏ ကိစ္စကို သူ ကိုင်တွယ်ရဦးမည်။ ယွမ့်ထန်းက စစ်ဆေးမှုအောင်သွားလေရာ ချီကျောက်က မနာလိုမုန်းထားပြီး ဒုက္ခပေးနိုင်သေးသည်။ထို့ကြောင့် ချီကျောက်ကို လူလွှတ်ကာ စောင့်ကြည့်ခိုင်းရဦးမည်။
သူက ဝန်ထမ်းတစ်ယောက်ကို ခေါ်ကာ ယွမ့်ထန်းကို လိုက်ပို့ခိုင်းရန် တွေးထားသည်။ သို့သော် အချိန်ကိုက်ပင် ဟော်မိသားစုမှ ဒုတိယသားက တံခါးသို့သွားရာ လျှောက်လမ်းတွင် ပေါ်လာသည်။သူက စစ်ယူနီၤဖောင်းကို ဝတ်ထားသေးပြီး မြင့်မားသော တောင်တစ်လုံးအလား မတ်မတ် ရပ်နေသည်။ သို့သော် အနားရှိ ယွမ့်ထန်းပေါ် သူ၏ မျက်ဝန်းများ ကျရောက်လာချိန်တွင်မူ နူးညံ့သွား၏။
“ ကိုယ် မင်းကို လိုက်ပို့မယ်”
ယွမ့်ထန်း တုန့်ဆိုင်းသွားသည်။
“ ကျွန်တော် အနှောင့်အယှက်ပေးလွန်းသလိုများ ဖြစ်သွားမလား”
ဒီတစ်နေ့လုံး ငယ်ရွယ်တဲ့ မာရှယ်ဆီက အကူအညီတွေပဲ ယူနေရတာ… သူ တော်တော်လေး ရှက်နေမိပြီ။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့ပထမဆုံးတွေ့ဖူးတဲ့ အချိန်လေ… သူတို့ ရင်းနှီးကြတာလည်း မဟုတ်
ဟော်ယွင်ချန်းက ခေါင်းခါသည်။
“ မဖြစ်ပါဘူး”
ထို့နောက် သူက ရှေ့နှစ်လုံးတိုးကာ ဥက္ကဌကုကို ပြောသည်။
“ ဒါဆို ကျွန်တော် သွားတော့မယ်”
ထို့နောက် သူက ထွက်သွားသည်။ ယွမ့်ထန်းက နောက်မှ လိုက်သွား၏။သို့သော် ရှက်ရွံ့မှုနှင့် ယွမ့်ထန်း၏ နားရွက်များက ကုတ်ကျနေသည်။
ဥက္ကဌကုက နဂိုနေရာတွင်သာရှိနေသေးသည်။ သူက ထွက်သွားသူနှစ်ယောက်၏ ကျောပြင်ကို ကြည့်သည်။ သူ၏ မီးခိုးရင့်ရောင် မျက်ဝန်းများက မင်သက်နေပုံရသည်။ထို့နောက် ကူကယ်ရာမဲ့စွာ ခေါင်းခါ၏။
“ လူငယ်တွေကတော့…”
ဘာသာပြန်သူမှာ ေြ ပာစရာရှိပါတယ်
မပြီးသေးပါဘူး အိပ်ကုန်ကြမှာစိုးလို့ ဒါအရင် တင်လိုက်တာ…. ၁လောက်ကျရင် ကျန်တဲ့စာနဲ့ ပုံလေးတွေ တင်ပေးမယ်နော်…
မအိပ်ကြပါနဲ့ဦး ဒီမှာတောင် အစာခံရေးနေတာ