Unicode ✅
^အယူခံ^
စိုက်ခင်းထဲကနေရာတွေအား အသေချာလိုက်ရှင်းပြနေတဲ့မြို့အုပ်မင်းခွန်းထယ်နောက် မျက်လုံးလေးကလယ်ကလယ်နဲ့ လိုက်ပါလာသူမှာ ဂျွန်ဧဒင်လေးပင်။ မြို့အုပ်မင်းခွန်းထယ်ကတော့ အလုပ်သဘောအရ ဘယ်ဟာဘယ်လိုလုပ်သင့်ကြောင်း အသေးစိတ်လိုက်ရှင်းပြနေပေမယ့် ဂျွန်ဧဒင်လေးကတော့ သူတခါမှမမြင်ဖူးတဲ့ စိုက်ခင်းတွေကိုသာ မျက်ဝန်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေလေရဲ့။
"ဟိတ် ကျုပ်ရှင်းပြနေတာတွေကို နားထောင်နေရဲ့လားဗျ"
"ဗျာ..နားထောင်နေပါတယ်"
"ဒါဆိုဒီအသီးကဘယ်ရာသီမှာစိုက်ရတာလဲ"
မြို့အုပ်မင်းခွန်းထယ်က ခပ်တည်တည်နဲ့လက်ပိုက်ကာမေးလေတော့ ဂျွန်ဧဒင်ခမျာ မျက်လုံးလေးကလယ်ကလယ်နဲ့ မြိုအုပ်မင်းခွန်းထယ်အားကြည့်လာသည်။ နောက်တော့ အပင်အားတလှည့်ပြန်ကြည့်ကာ နှုတ်ခမ်းပိစိလေးက ရှေ့သို့ခပ်လုံးလုံးလေးစူထွက်လာပြီး လက်ပိစိလေးတွေကလည်း တဖတ်နဲ့တဖတ်ပွတ်သတ်နေလေရဲ့။
မြိုအုပ်မင်းခွန်းထယ်တစ်ယောက် သူ့အရှေ့ကကောင်လေးအားကြည့်ရင်း အသည်းပင်ယားချင်လာသလို။ သို့သော်လည်း ရုပ်ကတော့ခပ်တည်တည်အနေအထားပင်။
"မင်းသေချာလိုက်မနားထောင်ဘူးပဲ။ ကျုပ်ကတော့အသေးစိတ်ရှင်းပြလိုက်ရတာ။"
အတက်နိုင်ဆုံးရုပ်အားခပ်တည်တည်ထားပြီး အနည်းငယ်ဆူဟောက်သလိုလေး အသံအားမာမာပြောလိုက်တော့ သူ့အားဆူပုတ်ပုတ်နဲ့မော့ကြည့်လာတဲ့ ဂျွန်ဧဒင်။
"ကျုပ်ကဒါတွေနဲ့ရင်းနှီးတဲ့သူမှမဟုတ်တာ။ အသေးစိတ်ဘယ်လိုလုပ်လိုက်မှတ်နိုင်မှာလဲ။ ဒီအသီးကိုဘယ်ရာသီမှာစိုက်ရလဲကျုပ်မသိဘူး။ ကျုပ်သိတာတခုကသူတို့ကချိုမယ့်ပုံပဲ။"
စကားဆုံးတော့အပင်နားကိုသွားလိုက်ပြီး အပင်ထက်က စတော်ဘယ်ရီသီးတလုံးအားကောက်ဖြုတ်ကာ ပါးစပ်ထဲကောက်ထည့်ပြီး တမြုံမြုံဝါးနေတဲ့ဂျွန်ဧဒင်ကြောင့် မြို့အုပ်မင်းခွန်းထယ်မှာ ကြောင်တောင်တောင်ကိုဖြစ်လို့။
"ဟာ..ဟေ့။ အဲ့လိုစည်းမရှိကမ်းမရှိမစားရဘူးလေ။"
"ကျုပ်စားချင်သေးတယ်။"
သူ့စကားကိုဂရုပင်မစိုက်။ ခပ်ပြတ်ပြတ်ပြန်ပြောပြီး စတော်ဘယ်ရီအသီးအား နောက်ထပ်ငါးလုံးလောက် ကောက်ဖြုတ်ကာ ပါးစပ်ထဲတစ်လုံးချင်းကောက်ထည့်ပြန်တဲ့ဂျွန်ဧဒင်ကြောင့် ဒီတခါတော့မြို့အုပ်မင်းခွန်းထယ်စိတ်မရှည်တော့။ ဂျွန်ဧဒင်အားလက်မောင်းကနေဆွဲကာ ဆူဖို့ပြင်လိုက်လေရဲ့။
"မင်း..."
သို့သော်လည်း ဆူဖို့ပြင်လိုက်ခါမှ သူ့အားမျက်လုံးပင်လှန်မကြည့်။ စတော်ဘယ်ရီသီးတွေအား လက်နှစ်ဖက်နှင့်ကိုင်ကာ ပါးစပ်ထဲတသွပ်သွပ်ထည့်ပြီး တမြုံမြုံဝါးရင်းစားနေတဲ့ ဂျွန်ဧဒင်လေးအားကြည့်ရင်း မြို့အုပ်မင်းခွန်းထယ်ကြောင်အန့်နေသည်။
ဘာလို့များဒီကောင်လေးအစားစားပုံက လူတွေနဲ့မတူပဲ ယုန်တစ်ကောင်လို ချစ်စရာကောင်းနေရတာလဲ။ ပါးစပ်ထဲစတော်ဘယ်ရီသီးတွေအား ဖွက်ထားလေသလားအောက်မေ့ရအောင် ပါးဖောင်းဖောင်းလေးနှစ်ဖက်အား ချစ်စရာကောင်းလောက်အောင် ဖောင်းကားနေလေရဲ့။
"မင်းကဘာလေးလဲ..."
ခပ်တိုးတိုးမေးသံနဲ့အတူ ဂျွန်ဧဒင်ပါးဖောင်းဖောင်းလေးအား လက်နှင့်တို့ထိလာတဲ့ မြို့အုပ်မင်းခွန်းထယ်။
"ဟား...တကယ်ပဲစတော်ဘယ်ရီသီးတွေကိုဖွက်ထားတာလား။"
လက်နှင့်ထိတွေ့လိုက်ချိန်မှာခံစားမိသည့် ခပ်မာမာအနေထားနဲ့အတူ ဖောင်းကားနေတဲ့ပါးနှစ်ဖက်ဟာ ပါးစပ်ထဲစတော်ဘယ်ရီသီးတွေဖွက်ထားမှန်း သိသာလေ၏။
"ဟားဟား မင်းကယုန်လား။"
"အို့..."
မျက်လုံးလေးပြူးပြူးနဲ့ "အို့"ဆိုတဲ့အသံပိစိနဲ့အတူ သူ့အားမော့ကြည့်လာတဲ့ကောင်လေးကြောင့် မြို့အုပ်မင်းခွန်းထယ်တစ်ယောက် အသည်းတယားနှင့် ဂျွန်ဧဒင်ပါးတွေအားဆွဲညှစ်တော့သည်။
"အင့်!"
"ဟားဟား။ ကဲတော်တော့။ မင်းစားနေပုံနဲ့ ကျုပ်စိုက်ခင်းထဲကအသီးတွေကုန်တော့မှာပဲ"
"အရသာရှိတယ်။ ဟီး။"
ယုန်သွားလေးတွေပေါ်အောင်ရယ်ပြပြီး စတော်ဘယ်ရီသီးတွေအားထပ်ဖြုတ်စားနေတဲ့ ဂျွန်ဧဒင်လေးအားကြည့်ရင်း မြို့အုပ်မင်းခွန်းထယ် တားမနေတော့။ စားပါစေဆိုပြီးတော့ လွှတ်ထားလေရဲ့။
"မင်းအခုစားတာတွေအကုန်လုံး မင်းလစာထဲကဖျက်ပြစ်မယ်။"
"ဟွန့်..."
ဟွန့်ဆိုကာ အသီးတွေအားထပ်ဖြုတ်ဖို့ပြင်နေတဲ့ဂျွန်ဧဒင်အား လက်ကနေဆွဲကာ ခေါ်ထုတ်သွားတဲ့ မြို့အုပ်မင်းခွန်းထယ်။ ဂျွန်ဧဒင်ကတော့ အနောက်ကနေ စတော်ဘယ်ရီသီးတွေအားစားရင်း လိုက်သွားလေရဲ့။
"ဒေါ်လေးခင်။ မြို့ပေါ်ကိုတင်ဖို့ခွဲထုတ်ထားတဲ့ စတော်ဘယ်ရီသီးတွေရှိသေးလား။"
"ရှိသေးပါတယ်မြို့အုပ်မင်းခွန်းထယ်။"
"အင်း။ ပန်းကန်ထဲထည့်ခဲ့ပေး။"
"ဟုတ်ကဲ့။"
ဒေါ်လေးခင်က ပန်းကန်ထဲက စတော်ဘယ်ရီသီးတွေအားထည့်လာပြီး သူတို့အရှေ့ကိုချပေးလေရဲ့။
"ထိုင်ဒီမှာ။"
ခုံထက်ဝင်ထိုင်လေတော့ ပန်းကန်ထဲကစတော်ဘယ်ရီသီးတွေအားမြင်တော့ ဂျွန်ဧဒင်မျက်လုံးလေးတွေ အရောင်တောက်လာပြီး နှုတ်ခမ်းပင်သပ်နေလေရဲ့။
"စားလေ။ မင်းအတွက်ယူခိုင်းထားတာ။ ခြံထဲကအသီးတွေကရေမဆေးရသေးတော့ ကျန်းမာရေးအတွက်မကောင်းဘူး။ ဒါကသန့်စင်ပြီးသားအသီးတွေ။ မင်းစိတ်ချပြီးစားလို့ရတယ်။"
"ဟီး..ကျေးဇူးပါဗျ။ ကောင်းကောင်းစားပါ့မယ်။"
မြို့အုပ်မင်းခွန်းထယ်လည်း ဂျွန်ဧဒင်အားထားခဲ့ပြီး စိုက်ခင်းထဲထွက်သွားလေရဲ့။ ဒီနေ့ကတဖတ်မြို့ပေါ် အသီးခြင်းတွေတင်ပေးရမယ့်နေမို့ သူသွားစစ်ပေးဖို့လိုလေသည်။ ဒါကြောင့် အသီးခြင်းတွေတင်နေတဲ့ဘက်အားသွားပြီး စစ်ဆေးနေလေရဲ့။
"ဘယ်နှစ်ခြင်းရလဲ။"
"၅၀ပါမြို့အုပ်မင်းခွန်းထယ်။"
"ဒီလအသီးထွက်အားနည်းတာလား။ အရင်လက ၆၀လောက်ရတယ်မဟုတ်လား။"
"ဟုတ်ပါတယ်။ ဒီလကပိုးကျတာများတော့ တချို့အသီးတွေ အလေအလွင့်ဖြစ်ကုန်တယ်။ အသစ်သုံးလိုက်တဲ့ ဆေးကြောင့်လည်းထင်တယ်။ အသီးတွေပိုးပြန်ကျနေတယ်မြို့အုပ်မင်းခွန်းထယ်။"
ဆိုလိုတာက အသစ်ထုတ်ထားတဲ့ဆေးက အခြေအနေမကောင်းဘူးထင်ပါရဲ့။
"ကောင်းပြီ။ အဲ့ဆေးတွေမသုံးနဲ့တော့။ ကျုပ်တို့သုံးနေကြအဟောင်းပဲပြန်သုံး။ ဒါကိုမှပိုးကျသေးတယ်ဆိုရင် ကျုပ်ကိုသေချာလာပြောပါ ဦးလေးထွန်းမောင်။"
"စိတ်ချပါမြို့အုပ်မင်းခွန်းထယ်။"
"မြို့အုပ်မင်းခွန်းထယ်။ မြို့အုပ်မင်းခွန်းထယ်။"
"ဘာဖြစ်တာလဲ။"
အသည်းအသန်ပြေးလာတဲ့ ဒေါ်လေးခင်ကြောင့် အားလုံးလန့်ကုန်လေ၏။
"ပြဿနာတော့တက်ပြီ။"
ဒေါ်လေးခင်အပြောကြောင့် မြို့အုပ်မင်းခွန်းထယ်မှာ ဂျွန်ဧဒင်ရှိရာသို့ အမြန်နှုန်းနဲ့လျှောက်သွားလေ၏။ ဟိုရောက်တော့ ရန်ဖြစ်နေကြတဲ့ ဒေါ်လေးခင်သမီး ခင်ခင်ထားနဲ့ဂျွန်ဧဒင်။
စတော်ဘယ်ရီသီးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကောက်ပေါက်နေကြတဲ့ ဂျွန်ဧဒင်တို့ရဲ့ ရန်ပွဲကိုကြည့်ရင်း မြို့အုပ်မင်းခွန်းထယ်တစ်ယောက် စိတ်တိုနေလေပြီ။ သူ့စိုက်ခင်းထဲကိုလာပြီး သူ့အသီးတွေနဲ့ကောက်ပြစ်ကာ ရန်ဖြစ်နေတဲ့မြင်ကွင်းဟာ မြို့အုပ်မင်းခွန်းထယ်အားစိတ်တိုစေလေ၏။
"ရပ်လိုက်ကြစမ်း!!"
မြို့အုပ်မင်းခွန်းထယ်၏အော်သံကြောင့် နှစ်ယောက်လုံးငြိမ်ကျသွားကာ ခင်ခင်ထားကတော့ ဂျွန်ဧဒင်အား သတ်ဖြတ်တော့မလို့ မာမာထန်ထန်အကြည့်နဲ့ရန်စနေလေရဲ့။
"ဘာတွေဖြစ်နေကြတာလဲ! ဟမ်! ပြောကြစမ်း! ဘယ်သူ့ခွင့်ပြုချက်နဲ့ ကျုပ်စိုက်ခင်းထဲလာပြီး ရန်ဖြစ်ရဲတာလဲ။ ကျုပ်မေးနေတယ်လေ!!"
"ထားပြောပြမယ်။ ထားက...
"ဟင့်! မြို့အုပ်မင်းကြီး..."
မျက်ရည်လေးစမ်းစမ်းနဲ့ မြို့အုပ်မင်းခွန်းထယ်အားဖက်လာပြီး ငိုချလာတဲ့ဂျွန်ဧဒင်ကြောင့် အကုန်လုံးကဂျွန်ဧဒင်တို့ကို ဝိုင်းကြည့်လာကြသည်။ မြို့အုပ်မင်းခွန်းထယ်မှာလည်း ထွက်နေတဲ့ဒေါသတွေအား ဘယ်ဆီသို့ရောက်သွားသလဲမသိရအောင် တချက်ထဲငြိမ်ကျသွားပြီး ဂျွန်ဧဒင်ကိုသာငုံ့ကြည့်နေလေရဲ့။
"ထားပြောပြ..
"ရပ်လိုက်။ မင်းမပြောနဲ့။ ဂျွန်ဧဒင်...ကျုပ်ကိုပြော။ ဘာဖြစ်တာလဲ။"
ခင်ခင်ထားပြောမယ့်စကားအား အရေးမစိုက်သလို ရပ်တန့်ခိုင်းလိုက်ပြီး ဂျွန်ဒဧင်အားပြောဖို့ အခွင့်အရေးပေးလိုက်တဲ့ မြို့အုပ်မင်းခွန်းထယ်ဟာ ပကတိငြိမ်သက်နေလေရဲ့။ စောနကဒေါသထွက်နေတဲ့ မြို့အုပ်မင်းခွန်းထယ်မှဟုတ်ပါလေရဲ့သလားမသိချေ။
"ဟင့်...ဂျွန်ဘာသာစတော်ဘယ်ရီသီးစားနေတာကိုလေ။ ဟင့်..သူကဂျွန့်ကိုငတ်နေတာလားတဲ့။ ဟင့်ဟင့်..."
"ခင်ခင်ထား။ မင်းဒီလိုပဲပြောခဲ့သလား။"
မေးလာသည့်အသံဟာ ခက်ထန်နေသလို။ မျက်နှာဟာလည်း အေးစက်စက်နှင့်မို့ အကုန်လုံးမြို့အုပ်မင်းခွန်းထယ်အား ကြောက်နေကြလေပြီ။ ခင်ခင်ထားသည်လည်း ကြောက်ကြောက်လန့်လန့်နှင့် မျက်လုံးတွေမငြိမ်တော့။
"ထားကအဲ့သဘောပြောတာမဟုတ်ပါဘူး။ ထားက...ထားက...ဟိတ်ကောင်လေး။ နင်ငါ့ကိုဘယ်လိုပြောလဲဆိုတာပါပြောလိုက်လေ။"
"ဟင့်...ဂျွန့်ကိုအော်နေတယ်။ ဟင့်...မြို့အုပ်မင်းကြီး။"
"ထားကလေ..."
"ခင်ခင်ထား။ ဂျွန်ဧဒင်ကိုပြန်တောင်းပန်လိုက်။"
"ထားအမှားမှမဟုတ်တာ။ ထားကဘာလို့တောင်းပန်ရမှာလဲ။"
"ဒါဆိုအလုပ်ထွက်လိုက်တော့။"
"ထား...ထား...ကောင်းပါပြီ။ ထားတောင်းပန်ပါတယ်။"
ခင်ခင်ထားဘက်ကတောင်းပန်လိုက်တော့မှ မြို့အုပ်မင်းခွန်းထယ်တစ်ယောက် ဂျွန်ဧဒင်အားခေါ်ကာထွက်သွားလေရဲ့။ နောက်တော့ စိုက်ခင်းအပြင်ကခုံထက်ရောက်တော့မှ နှစ်ယောက်သားဝင်ထိုင်ရင်း ဂျွန်ဧဒင်ကတော့တရှုံ့ရှုံ့နှင့်ရှိုက်ရင်း ကုပ်ကုပ်လေးထိုင်နေလေရဲ့။
"ကျုပ်ကိုသေချာပြော။ မင်းခင်ခင်ထားကိုဘာပြောလိုက်တာလဲ။"
"ကျုပ်..ကျုပ်ပြောလိုက်တာက..ကျုပ်ကဒီကအလုပ်သမားမဟုတ်ဘူးလို့ပြောလိုက်တာ။ သူကျုပ်ကို အလုပ်သမားတစ်ယောက်လို လာပြီးအော်ဟောက်နေလို့။ ကျုပ်စိတ်တိုပြီးသူ့ကိုစတော်ဘယ်ရီသီးတွေနဲ့ကောက်ပေါက်လိုက်တာ။"
"ဆိုတော့...မင်းကစပြီးကောက်ပေါက်တာပေါ့။ ဟုတ်လားဂျွန်ဧဒင်။"
"ကျုပ်ကိုစိတ်ဆိုးသွားပြီလားဟင်..."
မျက်နှာငယ်လေးနဲ့မော့ကြည့်ပြီးမေးလာတော့ မြို့အုပ်မင်းခွန်းထယ်တစ်ယောက် တဖတ်သို့အကြည့်လွှဲလိုက်လေရဲ့။ ဂျွန်ဧဒင်မရှင်းပြလည်း ပြဿနာရဲ့အစက ခင်ခင်ထားလုပ်တာမှန်းသူသိသည်။ ဘာကြောင့်လည်းဆိုတော့ ခင်ခင်ထားဟာမောက်မာသလို စိုက်ခင်းထဲကလူမှန်သမျှ အပေါ်စီးကဆက်ဆံတက်သည်။
သူနဲ့ခင်ခင်ထားတို့က ဆွေးမျိုးမကင်းတာမို့ ခင်ခင်ထားအား စိုက်ခင်းထဲနေရာကောင်းတခုပေးခဲ့သည်မှာ သူ့အမှားလုပ်မိလိုက်သလိုပင်။ ခင်ခင်ထားကရထားတဲ့ရာထူးကြောင့် စိုက်ခင်းထဲအထူးခံလူတစ်ယောက်လို အပေါ်စီးကနေတာ ဆက်ဆံတက်ပြီး လူတိုင်းနဲ့လည်းမတည့်ပေ။
"ဟင့်..."
"ဟိတ်။ မငိုနဲ့တော့။ ကျုပ်စိတ်မဆိုးဘူး။ ရပြီလား။"
"ဟင့်။ တကယ်လား။"
"ဟုတ်တယ်ဗျာ။ တိတ်တော့။ ခင်ဗျားလေးကငိုနေတော့ မသိရင်ကျုပ်ကပဲ ကျုပ်စိုက်ခင်းထဲခေါ်ပြီးအနိုင်ကျင့်နေသလိုပဲ။"
"ခင်ခင်ထားကကျုပ်ကိုအနိုင်ကျင့်လာရင်ရော။"
မျက်နှာငယ်နဲ့မေးလာပုံမှာ ကလေးတွေအဖို့ သူတို့အားကိုးရာကို အားကိုးတကြီး မေးနေသည့်ပုံစံမျိုး။
"မြို့အုပ်မင်းခွန်းထယ်။ ကျုပ်မေးတာဖြေဦးလေ။"
"မင်းမှန်တယ်ထင်ရင်တော့ပြန်လုပ်ပေါ့။ မင်းဘက်ကအပြည့်အဝမမှန်ကန်ဘူးဆိုရင်တော့ တဖတ်သာနစ်နာအောင်မလုပ်ရဘူး။ နောက်တခုသူကမိန်းကလေးဆိုတာလည်းမမေ့လိုက်နဲ့။"
"ကျုပ်သိပါတယ်...."
အလိုမကျသလို နှုတ်ခမ်းပိစိလေးက လုံးလုံးလေးဆူထွက်လာပြီး ခပ်တိုးတိုးပြန်ဖြေသံမှာ ချစ်စရာအတိ။ သူခပ်တိုးတိုးရယ်ရင်း ထိုင်ရာကနေထလိုက်တော့ သူ့အားကြောင်တောင်တောင်လေး မော့ကြည့်လာပြန်လေရဲ့။
"ထလေ။ အလုပ်လုပ်ရမယ်။"
"ကျုပ်စတော်ဘယ်ရီစိုက်ခင်းမှာလုပ်ချင်တယ်။"
"ယုန်လုံး။ ယုန်အကြံနဲ့ပြောနေတာပဲ။ ဟားဟား။"
ရယ်ရင်းထွက်သွားတဲ့ မြို့အုပ်မင်းရဲ့ကျောပြင်ကိုကြည့်ရင်း သူဖြင့်နားမလည်နိုင်။ ဒီမောင်ကြီးဘာတွေပြောသွားတာလဲ။ ယုန်တဲ့။ ဘယ်မှာလဲယုန်။ ဘယ်ကယုန်ကိုပြောသွားတာလဲ။ ဒါမှမဟုတ် ဒီမောင်ကြီးစိုက်ခင်းထဲမှာ ယုန်လေးတွေရှိတာလား။
"ဗျို့ မြို့အုပ်မင်းခွန်းထယ်။ စောင့်ပါဦး။ စိုက်ခင်းထဲယုန်ရှိတာလား။ ကျုပ်ကိုပြပါလား။ ကျုပ်မြင်ဖူးချင်လို့။"
.............................................
"ဒါမင်းလုပ်ရမယ့်နေရာပဲ။"
// Photo Crd //
"နှင်းဆီပန်းတွေ။"
"ဟုတ်တယ်။ ဒီပန်းတွေကိုမင်းပြုစုပျိုးထောင်ပေးရမယ်။ မင်းကလူသစ်ဆိုတော့ မင်းနဲ့အကိုက်ဆုံးအလုပ်ကဒါပဲရှိတယ်။ ပြီးတော့ ဒီဘက်ကိုခင်ခင်ထားမလာဘူး။ သူနဲ့မသက်ဆိုင်လို့။"
မြို့အုပ်မင်းခွန်းထယ်စကားကြောင့် ဂျွန်ဧဒင်လေး သဘောတကျပြုံးတော့သည်။ မြို့အုပ်မင်းခွန်းထယ်က သူ့ဘက်တွေးပေးပြီး သေချာစီစဥ်ပေးတာမို့ သူပျော်ရွှင်ရပါရဲ့။ အခုမှပဲကိုယ်လုပ်ရမယ့်အလုပ်ကိုသိရပြီမို့ စိတ်ချလက်ချနှင့် ရင်အေးနိုင်ခဲ့လေပြီ။
"ကျုပ်ပန်းတပွင့်လောက်လိုချင်တယ်။"
"အင်း။ ခူးလေ။"
"ကျေးဇူးပါဗျ။"
ပြုံးရွှင်ပြီးပန်းတွေအား သေချာလိုက်ကြည့်တဲ့ ဂျွန်ဧဒင်လေး။ နောက်တော့ပန်းတွေကြားထဲက ခပ်ဖူးဖူးလေးဖြစ်နေတဲ့ ပန်းတပွင့်အားလှမ်းယူကာ ခူးဖို့ပြင်နေလေရဲ့။
"အာ့!"
မခူးတက်တော့ ဂျွန်ဧဒင်လေးလက်၌ နှင်းဆီဆူးဆူးလေပြီ။
"ဟာဗျာ။ ကျုပ်ကိုပြစမ်း။"
ဂျွန်ဧဒင်လက်အားဆွဲယူပြီးကြည့်လေတော့ သွေးတချို့ထွက်နေလေရဲ့။ ဂျွန်ဧဒင်ကတော့နာလို့ထင်။ မျက်နှာလေးရှုံ့မဲ့ကာ ငိုမဲ့မဲ့ရုပ်လေးလုပ်နေလေ၏။ ထိုအချိန်မှာပဲ သွေးထွက်နေတဲ့ဂျွန်ဧဒင်လက်လေးအား ပါးစပ်ထဲကောက်ထည့်လိုက်တဲ့ မြို့အုပ်မင်းခွန်းထယ်။
အခုမြို့အုပ်မင်းခွန်းထယ်က သူ့လက်ကသွေးတွေကိုစုပ်ပေးနေတာလား။ သူတကိုယ်လုံး သွေးတွေပြောင်းပြန်စီးဆင်းနေသလို ဘာကိုမှမဆိုနိုင်တော့သလို။ ရုန်းလည်းမရုန်းထွက်နိုင်ခဲ့။ သူ့လက်ထက်ကသွေးတွေအားစုပ်ပေးပြီး အလုပ်ရှုပ်နေတဲ့မြို့အုပ်မင်းခွန်းထယ်ကိုသာ ငေးကြည့်နေမိတော့သည်။
"တော်သေးတာပေါ့။ အပေါ်ယံလေးပဲစိုက်ဝင်သွားလို့။ နောက်တခါသတိထား။ နှင်းဆီဆူးကအဆိပ်တက်ရင်နာမယ်။ ကျုပ်ပြောတာကြားလား။"
"ကြားတယ်။ ကျေးဇူးတင်ပါတယ်။"
လက်ကလေးအားပြန်ယူသွားပြီး ထွက်သွားတဲ့ဂျွန်ဧဒင်။ သူမြင်တာမမှားဘူးဆိုရင် အဲ့ကောင်လေးပါးတွေနီနေခဲ့တာ။ ရာသီဥတုလည်း အဲ့လောက်မပူပါနဲ့ ဘာကြောင့်များ ဒီကောင်လေးပါးတွေနီနေရသလဲ။
........................................................
ဒီနေ့ကအလုပ်စဆင်းရမယ့်ရက်မို့ ဂျွန်ဧဒင်လေးတစ်ယောက် မြို့အုပ်မင်းခွန်းထယ်ရဲ့အိမ်သို့ ကူးလာလေသည်။ မြို့အုပ်မင်းခွန်းထယ်ဆီရောက်တော့လည်း အဆင်သင့်မဖြစ်သေးတဲ့ မြို့အုပ်မင်းခွန်းထယ်ကြောင့် သူခုံထက်အသာလေးစောင့်နေလိုက်သည်။
သူကဒီမြို့ခံမဟုတ်တာမို့ စိုက်ခင်းဘက်သွားမယ့်လမ်းလည်းသူမသိသလို။ သူ့အားလိုက်ပို့ပေးမယ့်သူလည်းမရှိ။ ဒေါ်လေးတို့ကလည်း သူတို့အလုပ်တွေနှင့်မအားတာမို့ မြို့အုပ်မင်းခွန်းထယ်ကပဲ သူ့အားအပို့အကြိုကူညီပေးလေရဲ့။
"ဟိတ်။ စောင့်နေတာကြာသွားပြီလား။"
"နည်းနည်းပိစိလောက်ပဲ။ ဒါနဲ့ကျုပ်အနားလာဦး။"
ဂျွန်ဧဒင်အခေါ်ကြောင့် မြို့အုပ်မင်းခွန်းထယ်တစ်ယောက် မျက်မှောင်ကြုတ်ကာ ဂျွန်ဧဒင်ရှေ့သို့ရပ်လိုက်လေသည်။ ဂျွန်ဧဒင်ကလည်းထိုင်ရာကနေထကာ မြို့အုပ်မင်းခွန်းထယ်ရဲ့ အကျ••ရင်ဘတ်ကြယ်သီးအားတပ်ပေးလေ၏။
"တမင်ဖြုတ်ထားတာလား။ မေ့သွားတာလား။"
ဆရာကြီးဆိုဒ်နဲ့မေးနေပုံမှာ ဖြတ်ရိုက်ချင်စရာလေး။
"ကျုပ်ကဒါမျိုးတပ်ထားရင်မနေတက်ဘူး။"
"မနေတက်လည်းနေ။ ခင်ခင်ထားက မြို့အုပ်မင်းခွန်းထယ်ရဲ့ဟော့ဒီနေရာကြီးကို လိုက်ကြည့်နေတာဗျ။"
သူ့ရဲ့ရင်ဘတ်အား လက်ညှိုးသေးသေးလေးနဲ့ထိုးပြပြီး ပြောလာတဲ့စကားကြောင့် သူ့ရယ်မိပါရဲ့။ ခင်ခင်ထားမှမဟုတ်။ အပျိုကြီးမသူဇာတို့ကအစ တရွားလုံးထက်မိန်းမပျိိုတိုင်းက သူ့ကိုဆိုရင်လိုက်ကြည့်နေကြပဲမဟုတ်လား။ ဒါကလည်းအထူးအဆန်းမှမဟုတ်ပဲ။
"ကြည့်တော့ရောဘာဖြစ်လဲ။"
"အဲ့လိုအကြည့်ခံရတာကြိုက်တာလား။"
တွေးစစနဲ့မေးနေပုံမှာ အဲ့ဒီဦးနှောက်ပိစိလေးက ဘာတွေးများလျှောက်တွေးနေသလဲမသိ။
"ကျုပ်ကမြို့အုပ်မင်းလေ။ လူတွေကကျုပ်ဆို အမြဲလိုက်ကြည့်ပြီးဝေဖန်နေတာ။ ကျုပ်ဒါတွေကိုနေသားကျနေပြီ။ သွားကြမယ်။ ဒီနေ့မင်းကိုသေချာပြပေးမယ်။"
"ဟုတ်ကဲ့။ ကျုပ်တိုးတက်လာရင် ကျုပ်ကိုစတော်ဘယ်ရီစိုက်ခင်းထဲအလုပ်ပေးနော်။"
"ယုန်လုံး။ ယုန်အကြံနဲ့။ ဟားဟား။"
"အဲ့ဒီယုန်ကစိုက်ခင်းထဲရှိတာလား။ ကျုပ်ကိုပြပါဆိုနေမှ။"
အပိုင်းလေးသို့။
-🍓🐇-
ယုန်လုံးကဘယ်သူပါလိမ့်။ ယုန်လုံးလေးတို့များ စတော်ဘယ်ရီသီးတွေစားရဖို့ စတော်ဘယ်ရီစိုက်ခင်းမှာ အလုပ်တောင်းနေတာ။ ယုန်အကြံလေးနဲ့။ ဟားဟား။ 🤣🖤
ဆိုတော့။ မကြာခင်ပြန်တွေ့ပါမယ်ဗျို့။ ဒီအပိုင်းလေးအသည်းယားစရာမကောင်းဘူးလား? 🖤
_______________________________
Zawgyi ✅
^အယူခံ^
စိုက္ခင္းထဲကေနရာေတြအား အေသခ်ာလိုက္ရွင္းျပေနတဲ့ၿမိဳ႕အုပ္မင္းခြန္းထယ္ေနာက္ မ်က္လုံးေလးကလယ္ကလယ္နဲ႕ လိုက္ပါလာသူမွာ ဂြၽန္ဧဒင္ေလးပင္။ ၿမိဳ႕အုပ္မင္းခြန္းထယ္ကေတာ့ အလုပ္သေဘာအရ ဘယ္ဟာဘယ္လိုလုပ္သင့္ေၾကာင္း အေသးစိတ္လိုက္ရွင္းျပေနေပမယ့္ ဂြၽန္ဧဒင္ေလးကေတာ့ သူတခါမွမျမင္ဖူးတဲ့ စိုက္ခင္းေတြကိုသာ မ်က္ဝန္းဝိုင္းေလးေတြနဲ႕ လိုက္ၾကည့္ေနေလရဲ႕။
"ဟိတ္ က်ဳပ္ရွင္းျပေနတာေတြကို နားေထာင္ေနရဲ႕လားဗ်"
"ဗ်ာ..နားေထာင္ေနပါတယ္"
"ဒါဆိုဒီအသီးကဘယ္ရာသီမွာစိုက္ရတာလဲ"
ၿမိဳ႕အုပ္မင္းခြန္းထယ္က ခပ္တည္တည္နဲ႕လက္ပိုက္ကာေမးေလေတာ့ ဂြၽန္ဧဒင္ခမ်ာ မ်က္လုံးေလးကလယ္ကလယ္နဲ႕ ၿမိဳအုပ္မင္းခြန္းထယ္အားၾကည့္လာသည္။ ေနာက္ေတာ့ အပင္အားတလွည့္ျပန္ၾကည့္ကာ ႏႈတ္ခမ္းပိစိေလးက ေရွ႕သို႔ခပ္လုံးလုံးေလးစူထြက္လာၿပီး လက္ပိစိေလးေတြကလည္း တဖတ္နဲ႕တဖတ္ပြတ္သတ္ေနေလရဲ႕။
ၿမိဳအုပ္မင္းခြန္းထယ္တစ္ေယာက္ သူ႕အေရွ႕ကေကာင္ေလးအားၾကည့္ရင္း အသည္းပင္ယားခ်င္လာသလို။ သို႔ေသာ္လည္း ႐ုပ္ကေတာ့ခပ္တည္တည္အေနအထားပင္။
"မင္းေသခ်ာလိုက္မနားေထာင္ဘူးပဲ။ က်ဳပ္ကေတာ့အေသးစိတ္ရွင္းျပလိုက္ရတာ။"
အတက္နိုင္ဆုံး႐ုပ္အားခပ္တည္တည္ထားၿပီး အနည္းငယ္ဆူေဟာက္သလိုေလး အသံအားမာမာေျပာလိုက္ေတာ့ သူ႕အားဆူပုတ္ပုတ္နဲ႕ေမာ့ၾကည့္လာတဲ့ ဂြၽန္ဧဒင္။
"က်ဳပ္ကဒါေတြနဲ႕ရင္းႏွီးတဲ့သူမွမဟုတ္တာ။ အေသးစိတ္ဘယ္လိုလုပ္လိုက္မွတ္နိုင္မွာလဲ။ ဒီအသီးကိုဘယ္ရာသီမွာစိုက္ရလဲက်ဳပ္မသိဘူး။ က်ဳပ္သိတာတခုကသူတို႔ကခ်ိဳမယ့္ပုံပဲ။"
စကားဆုံးေတာ့အပင္နားကိုသြားလိုက္ၿပီး အပင္ထက္က စေတာ္ဘယ္ရီသီးတလုံးအားေကာက္ျဖဳတ္ကာ ပါးစပ္ထဲေကာက္ထည့္ၿပီး တၿမဳံၿမဳံဝါးေနတဲ့ဂြၽန္ဧဒင္ေၾကာင့္ ၿမိဳ႕အုပ္မင္းခြန္းထယ္မွာ ေၾကာင္ေတာင္ေတာင္ကိုျဖစ္လို႔။
"ဟာ..ေဟ့။ အဲ့လိုစည္းမရွိကမ္းမရွိမစားရဘူးေလ။"
"က်ဳပ္စားခ်င္ေသးတယ္။"
သူ႕စကားကိုဂ႐ုပင္မစိုက္။ ခပ္ျပတ္ျပတ္ျပန္ေျပာၿပီး စေတာ္ဘယ္ရီအသီးအား ေနာက္ထပ္ငါးလုံးေလာက္ ေကာက္ျဖဳတ္ကာ ပါးစပ္ထဲတစ္လုံးခ်င္းေကာက္ထည့္ျပန္တဲ့ဂြၽန္ဧဒင္ေၾကာင့္ ဒီတခါေတာ့ၿမိဳ႕အုပ္မင္းခြန္းထယ္စိတ္မရွည္ေတာ့။ ဂြၽန္ဧဒင္အားလက္ေမာင္းကေနဆြဲကာ ဆူဖို႔ျပင္လိုက္ေလရဲ႕။
"မင္း..."
သို႔ေသာ္လည္း ဆူဖို႔ျပင္လိုက္ခါမွ သူ႕အားမ်က္လုံးပင္လွန္မၾကည့္။ စေတာ္ဘယ္ရီသီးေတြအား လက္ႏွစ္ဖက္ႏွင့္ကိုင္ကာ ပါးစပ္ထဲတသြပ္သြပ္ထည့္ၿပီး တၿမဳံၿမဳံဝါးရင္းစားေနတဲ့ ဂြၽန္ဧဒင္ေလးအားၾကည့္ရင္း ၿမိဳ႕အုပ္မင္းခြန္းထယ္ေၾကာင္အန့္ေနသည္။
ဘာလို႔မ်ားဒီေကာင္ေလးအစားစားပုံက လူေတြနဲ႕မတူပဲ ယုန္တစ္ေကာင္လို ခ်စ္စရာေကာင္းေနရတာလဲ။ ပါးစပ္ထဲစေတာ္ဘယ္ရီသီးေတြအား ဖြက္ထားေလသလားေအာက္ေမ့ရေအာင္ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္အား ခ်စ္စရာေကာင္းေလာက္ေအာင္ ေဖာင္းကားေနေလရဲ႕။
"မင္းကဘာေလးလဲ..."
ခပ္တိုးတိုးေမးသံနဲ႕အတူ ဂြၽန္ဧဒင္ပါးေဖာင္းေဖာင္းေလးအား လက္ႏွင့္တို႔ထိလာတဲ့ ၿမိဳ႕အုပ္မင္းခြန္းထယ္။
"ဟား...တကယ္ပဲစေတာ္ဘယ္ရီသီးေတြကိုဖြက္ထားတာလား။"
လက္ႏွင့္ထိေတြ႕လိုက္ခ်ိန္မွာခံစားမိသည့္ ခပ္မာမာအေနထားနဲ႕အတူ ေဖာင္းကားေနတဲ့ပါးႏွစ္ဖက္ဟာ ပါးစပ္ထဲစေတာ္ဘယ္ရီသီးေတြဖြက္ထားမွန္း သိသာေလ၏။
"ဟားဟား မင္းကယုန္လား။"
"အို႔..."
မ်က္လုံးေလးျပဴးျပဴးနဲ႕ "အို႔"ဆိုတဲ့အသံပိစိနဲ႕အတူ သူ႕အားေမာ့ၾကည့္လာတဲ့ေကာင္ေလးေၾကာင့္ ၿမိဳ႕အုပ္မင္းခြန္းထယ္တစ္ေယာက္ အသည္းတယားႏွင့္ ဂြၽန္ဧဒင္ပါးေတြအားဆြဲညွစ္ေတာ့သည္။
"အင့္!"
"ဟားဟား။ ကဲေတာ္ေတာ့။ မင္းစားေနပုံနဲ႕ က်ဳပ္စိုက္ခင္းထဲကအသီးေတြကုန္ေတာ့မွာပဲ"
"အရသာရွိတယ္။ ဟီး။"
ယုန္သြားေလးေတြေပၚေအာင္ရယ္ျပၿပီး စေတာ္ဘယ္ရီသီးေတြအားထပ္ျဖဳတ္စားေနတဲ့ ဂြၽန္ဧဒင္ေလးအားၾကည့္ရင္း ၿမိဳ႕အုပ္မင္းခြန္းထယ္ တားမေနေတာ့။ စားပါေစဆိုၿပီးေတာ့ လႊတ္ထားေလရဲ႕။
"မင္းအခုစားတာေတြအကုန္လုံး မင္းလစာထဲကဖ်က္ျပစ္မယ္။"
"ဟြန့္..."
ဟြန့္ဆိုကာ အသီးေတြအားထပ္ျဖဳတ္ဖို႔ျပင္ေနတဲ့ဂြၽန္ဧဒင္အား လက္ကေနဆြဲကာ ေခၚထုတ္သြားတဲ့ ၿမိဳ႕အုပ္မင္းခြန္းထယ္။ ဂြၽန္ဧဒင္ကေတာ့ အေနာက္ကေန စေတာ္ဘယ္ရီသီးေတြအားစားရင္း လိုက္သြားေလရဲ႕။
"ေဒၚေလးခင္။ ၿမိဳ႕ေပၚကိုတင္ဖို႔ခြဲထုတ္ထားတဲ့ စေတာ္ဘယ္ရီသီးေတြရွိေသးလား။"
"ရွိေသးပါတယ္ၿမိဳ႕အုပ္မင္းခြန္းထယ္။"
"အင္း။ ပန္းကန္ထဲထည့္ခဲ့ေပး။"
"ဟုတ္ကဲ့။"
ေဒၚေလးခင္က ပန္းကန္ထဲက စေတာ္ဘယ္ရီသီးေတြအားထည့္လာၿပီး သူတို႔အေရွ႕ကိုခ်ေပးေလရဲ႕။
"ထိုင္ဒီမွာ။"
ခုံထက္ဝင္ထိုင္ေလေတာ့ ပန္းကန္ထဲကစေတာ္ဘယ္ရီသီးေတြအားျမင္ေတာ့ ဂြၽန္ဧဒင္မ်က္လုံးေလးေတြ အေရာင္ေတာက္လာၿပီး ႏႈတ္ခမ္းပင္သပ္ေနေလရဲ႕။
"စားေလ။ မင္းအတြက္ယူခိုင္းထားတာ။ ၿခံထဲကအသီးေတြကေရမေဆးရေသးေတာ့ က်န္းမာေရးအတြက္မေကာင္းဘူး။ ဒါကသန့္စင္ၿပီးသားအသီးေတြ။ မင္းစိတ္ခ်ၿပီးစားလို႔ရတယ္။"
"ဟီး..ေက်းဇူးပါဗ်။ ေကာင္းေကာင္းစားပါ့မယ္။"
ၿမိဳ႕အုပ္မင္းခြန္းထယ္လည္း ဂြၽန္ဧဒင္အားထားခဲ့ၿပီး စိုက္ခင္းထဲထြက္သြားေလရဲ႕။ ဒီေန႕ကတဖတ္ၿမိဳ႕ေပၚ အသီးျခင္းေတြတင္ေပးရမယ့္ေနမို႔ သူသြားစစ္ေပးဖို႔လိုေလသည္။ ဒါေၾကာင့္ အသီးျခင္းေတြတင္ေနတဲ့ဘက္အားသြားၿပီး စစ္ေဆးေနေလရဲ႕။
"ဘယ္ႏွစ္ျခင္းရလဲ။"
"၅၀ပါၿမိဳ႕အုပ္မင္းခြန္းထယ္။"
"ဒီလအသီးထြက္အားနည္းတာလား။ အရင္လက ၆၀ေလာက္ရတယ္မဟုတ္လား။"
"ဟုတ္ပါတယ္။ ဒီလကပိုးက်တာမ်ားေတာ့ တခ်ိဳ႕အသီးေတြ အေလအလြင့္ျဖစ္ကုန္တယ္။ အသစ္သုံးလိုက္တဲ့ ေဆးေၾကာင့္လည္းထင္တယ္။ အသီးေတြပိုးျပန္က်ေနတယ္ၿမိဳ႕အုပ္မင္းခြန္းထယ္။"
ဆိုလိုတာက အသစ္ထုတ္ထားတဲ့ေဆးက အေျခအေနမေကာင္းဘူးထင္ပါရဲ႕။
"ေကာင္းၿပီ။ အဲ့ေဆးေတြမသုံးနဲ႕ေတာ့။ က်ဳပ္တို႔သုံးေနၾကအေဟာင္းပဲျပန္သုံး။ ဒါကိုမွပိုးက်ေသးတယ္ဆိုရင္ က်ဳပ္ကိုေသခ်ာလာေျပာပါ ဦးေလးထြန္းေမာင္။"
"စိတ္ခ်ပါၿမိဳ႕အုပ္မင္းခြန္းထယ္။"
"ၿမိဳ႕အုပ္မင္းခြန္းထယ္။ ၿမိဳ႕အုပ္မင္းခြန္းထယ္။"
"ဘာျဖစ္တာလဲ။"
အသည္းအသန္ေျပးလာတဲ့ ေဒၚေလးခင္ေၾကာင့္ အားလုံးလန့္ကုန္ေလ၏။
"ျပႆနာေတာ့တက္ၿပီ။"
ေဒၚေလးခင္အေျပာေၾကာင့္ ၿမိဳ႕အုပ္မင္းခြန္းထယ္မွာ ဂြၽန္ဧဒင္ရွိရာသို႔ အျမန္ႏႈန္းနဲ႕ေလွ်ာက္သြားေလ၏။ ဟိုေရာက္ေတာ့ ရန္ျဖစ္ေနၾကတဲ့ ေဒၚေလးခင္သမီး ခင္ခင္ထားနဲ႕ဂြၽန္ဧဒင္။
စေတာ္ဘယ္ရီသီးေတြနဲ႕ တစ္ေယာက္ကိုတစ္ေယာက္ ေကာက္ေပါက္ေနၾကတဲ့ ဂြၽန္ဧဒင္တို႔ရဲ႕ ရန္ပြဲကိုၾကည့္ရင္း ၿမိဳ႕အုပ္မင္းခြန္းထယ္တစ္ေယာက္ စိတ္တိုေနေလၿပီ။ သူ႕စိုက္ခင္းထဲကိုလာၿပီး သူ႕အသီးေတြနဲ႕ေကာက္ျပစ္ကာ ရန္ျဖစ္ေနတဲ့ျမင္ကြင္းဟာ ၿမိဳ႕အုပ္မင္းခြန္းထယ္အားစိတ္တိုေစေလ၏။
"ရပ္လိုက္ၾကစမ္း!!"
ၿမိဳ႕အုပ္မင္းခြန္းထယ္၏ေအာ္သံေၾကာင့္ ႏွစ္ေယာက္လုံးၿငိမ္က်သြားကာ ခင္ခင္ထားကေတာ့ ဂြၽန္ဧဒင္အား သတ္ျဖတ္ေတာ့မလို႔ မာမာထန္ထန္အၾကည့္နဲ႕ရန္စေနေလရဲ႕။
"ဘာေတြျဖစ္ေနၾကတာလဲ! ဟမ္! ေျပာၾကစမ္း! ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႕ က်ဳပ္စိုက္ခင္းထဲလာၿပီး ရန္ျဖစ္ရဲတာလဲ။ က်ဳပ္ေမးေနတယ္ေလ!!"
"ထားေျပာျပမယ္။ ထားက...
"ဟင့္! ၿမိဳ႕အုပ္မင္းႀကီး..."
မ်က္ရည္ေလးစမ္းစမ္းနဲ႕ ၿမိဳ႕အုပ္မင္းခြန္းထယ္အားဖက္လာၿပီး ငိုခ်လာတဲ့ဂြၽန္ဧဒင္ေၾကာင့္ အကုန္လုံးကဂြၽန္ဧဒင္တို႔ကို ဝိုင္းၾကည့္လာၾကသည္။ ၿမိဳ႕အုပ္မင္းခြန္းထယ္မွာလည္း ထြက္ေနတဲ့ေဒါသေတြအား ဘယ္ဆီသို႔ေရာက္သြားသလဲမသိရေအာင္ တခ်က္ထဲၿငိမ္က်သြားၿပီး ဂြၽန္ဧဒင္ကိုသာငုံ႕ၾကည့္ေနေလရဲ႕။
"ထားေျပာျပ..
"ရပ္လိုက္။ မင္းမေျပာနဲ႕။ ဂြၽန္ဧဒင္...က်ဳပ္ကိုေျပာ။ ဘာျဖစ္တာလဲ။"
ခင္ခင္ထားေျပာမယ့္စကားအား အေရးမစိုက္သလို ရပ္တန့္ခိုင္းလိုက္ၿပီး ဂြၽန္ဒဧင္အားေျပာဖို႔ အခြင့္အေရးေပးလိုက္တဲ့ ၿမိဳ႕အုပ္မင္းခြန္းထယ္ဟာ ပကတိၿငိမ္သက္ေနေလရဲ႕။ ေစာနကေဒါသထြက္ေနတဲ့ ၿမိဳ႕အုပ္မင္းခြန္းထယ္မွဟုတ္ပါေလရဲ႕သလားမသိေခ်။
"ဟင့္...ဂြၽန္ဘာသာစေတာ္ဘယ္ရီသီးစားေနတာကိုေလ။ ဟင့္..သူကဂြၽန့္ကိုငတ္ေနတာလားတဲ့။ ဟင့္ဟင့္..."
"ခင္ခင္ထား။ မင္းဒီလိုပဲေျပာခဲ့သလား။"
ေမးလာသည့္အသံဟာ ခက္ထန္ေနသလို။ မ်က္ႏွာဟာလည္း ေအးစက္စက္ႏွင့္မို႔ အကုန္လုံးၿမိဳ႕အုပ္မင္းခြန္းထယ္အား ေၾကာက္ေနၾကေလၿပီ။ ခင္ခင္ထားသည္လည္း ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ မ်က္လုံးေတြမၿငိမ္ေတာ့။
"ထားကအဲ့သေဘာေျပာတာမဟုတ္ပါဘူး။ ထားက...ထားက...ဟိတ္ေကာင္ေလး။ နင္ငါ့ကိုဘယ္လိုေျပာလဲဆိုတာပါေျပာလိုက္ေလ။"
"ဟင့္...ဂြၽန့္ကိုေအာ္ေနတယ္။ ဟင့္...ၿမိဳ႕အုပ္မင္းႀကီး။"
"ထားကေလ..."
"ခင္ခင္ထား။ ဂြၽန္ဧဒင္ကိုျပန္ေတာင္းပန္လိုက္။"
"ထားအမွားမွမဟုတ္တာ။ ထားကဘာလို႔ေတာင္းပန္ရမွာလဲ။"
"ဒါဆိုအလုပ္ထြက္လိုက္ေတာ့။"
"ထား...ထား...ေကာင္းပါၿပီ။ ထားေတာင္းပန္ပါတယ္။"
ခင္ခင္ထားဘက္ကေတာင္းပန္လိုက္ေတာ့မွ ၿမိဳ႕အုပ္မင္းခြန္းထယ္တစ္ေယာက္ ဂြၽန္ဧဒင္အားေခၚကာထြက္သြားေလရဲ႕။ ေနာက္ေတာ့ စိုက္ခင္းအျပင္ကခုံထက္ေရာက္ေတာ့မွ ႏွစ္ေယာက္သားဝင္ထိုင္ရင္း ဂြၽန္ဧဒင္ကေတာ့တရႈံ႕ရႈံ႕ႏွင့္ရွိုက္ရင္း ကုပ္ကုပ္ေလးထိုင္ေနေလရဲ႕။
"က်ဳပ္ကိုေသခ်ာေျပာ။ မင္းခင္ခင္ထားကိုဘာေျပာလိုက္တာလဲ။"
"က်ဳပ္..က်ဳပ္ေျပာလိုက္တာက..က်ဳပ္ကဒီကအလုပ္သမားမဟုတ္ဘူးလို႔ေျပာလိုက္တာ။ သူက်ဳပ္ကို အလုပ္သမားတစ္ေယာက္လို လာၿပီးေအာ္ေဟာက္ေနလို႔။ က်ဳပ္စိတ္တိုၿပီးသူ႕ကိုစေတာ္ဘယ္ရီသီးေတြနဲ႕ေကာက္ေပါက္လိုက္တာ။"
"ဆိုေတာ့...မင္းကစၿပီးေကာက္ေပါက္တာေပါ့။ ဟုတ္လားဂြၽန္ဧဒင္။"
"က်ဳပ္ကိုစိတ္ဆိုးသြားၿပီလားဟင္..."
မ်က္ႏွာငယ္ေလးနဲ႕ေမာ့ၾကည့္ၿပီးေမးလာေတာ့ ၿမိဳ႕အုပ္မင္းခြန္းထယ္တစ္ေယာက္ တဖတ္သို႔အၾကည့္လႊဲလိုက္ေလရဲ႕။ ဂြၽန္ဧဒင္မရွင္းျပလည္း ျပႆနာရဲ႕အစက ခင္ခင္ထားလုပ္တာမွန္းသူသိသည္။ ဘာေၾကာင့္လည္းဆိုေတာ့ ခင္ခင္ထားဟာေမာက္မာသလို စိုက္ခင္းထဲကလူမွန္သမွ် အေပၚစီးကဆက္ဆံတက္သည္။
သူနဲ႕ခင္ခင္ထားတို႔က ေဆြးမ်ိဳးမကင္းတာမို႔ ခင္ခင္ထားအား စိုက္ခင္းထဲေနရာေကာင္းတခုေပးခဲ့သည္မွာ သူ႕အမွားလုပ္မိလိုက္သလိုပင္။ ခင္ခင္ထားကရထားတဲ့ရာထူးေၾကာင့္ စိုက္ခင္းထဲအထူးခံလူတစ္ေယာက္လို အေပၚစီးကေနတာ ဆက္ဆံတက္ၿပီး လူတိုင္းနဲ႕လည္းမတည့္ေပ။
"ဟင့္..."
"ဟိတ္။ မငိုနဲ႕ေတာ့။ က်ဳပ္စိတ္မဆိုးဘူး။ ရၿပီလား။"
"ဟင့္။ တကယ္လား။"
"ဟုတ္တယ္ဗ်ာ။ တိတ္ေတာ့။ ခင္ဗ်ားေလးကငိုေနေတာ့ မသိရင္က်ဳပ္ကပဲ က်ဳပ္စိုက္ခင္းထဲေခၚၿပီးအနိုင္က်င့္ေနသလိုပဲ။"
"ခင္ခင္ထားကက်ဳပ္ကိုအနိုင္က်င့္လာရင္ေရာ။"
မ်က္ႏွာငယ္နဲ႕ေမးလာပုံမွာ ကေလးေတြအဖို႔ သူတို႔အားကိုးရာကို အားကိုးတႀကီး ေမးေနသည့္ပုံစံမ်ိဳး။
"ၿမိဳ႕အုပ္မင္းခြန္းထယ္။ က်ဳပ္ေမးတာေျဖဦးေလ။"
"မင္းမွန္တယ္ထင္ရင္ေတာ့ျပန္လုပ္ေပါ့။ မင္းဘက္ကအျပည့္အဝမမွန္ကန္ဘူးဆိုရင္ေတာ့ တဖတ္သာနစ္နာေအာင္မလုပ္ရဘူး။ ေနာက္တခုသူကမိန္းကေလးဆိုတာလည္းမေမ့လိုက္နဲ႕။"
"က်ဳပ္သိပါတယ္...."
အလိုမက်သလို ႏႈတ္ခမ္းပိစိေလးက လုံးလုံးေလးဆူထြက္လာၿပီး ခပ္တိုးတိုးျပန္ေျဖသံမွာ ခ်စ္စရာအတိ။ သူခပ္တိုးတိုးရယ္ရင္း ထိုင္ရာကေနထလိုက္ေတာ့ သူ႕အားေၾကာင္ေတာင္ေတာင္ေလး ေမာ့ၾကည့္လာျပန္ေလရဲ႕။
"ထေလ။ အလုပ္လုပ္ရမယ္။"
"က်ဳပ္စေတာ္ဘယ္ရီစိုက္ခင္းမွာလုပ္ခ်င္တယ္။"
"ယုန္လုံး။ ယုန္အႀကံနဲ႕ေျပာေနတာပဲ။ ဟားဟား။"
ရယ္ရင္းထြက္သြားတဲ့ ၿမိဳ႕အုပ္မင္းရဲ႕ေက်ာျပင္ကိုၾကည့္ရင္း သူျဖင့္နားမလည္နိုင္။ ဒီေမာင္ႀကီးဘာေတြေျပာသြားတာလဲ။ ယုန္တဲ့။ ဘယ္မွာလဲယုန္။ ဘယ္ကယုန္ကိုေျပာသြားတာလဲ။ ဒါမွမဟုတ္ ဒီေမာင္ႀကီးစိုက္ခင္းထဲမွာ ယုန္ေလးေတြရွိတာလား။
"ဗ်ိဳ႕ ၿမိဳ႕အုပ္မင္းခြန္းထယ္။ ေစာင့္ပါဦး။ စိုက္ခင္းထဲယုန္ရွိတာလား။ က်ဳပ္ကိုျပပါလား။ က်ဳပ္ျမင္ဖူးခ်င္လို႔။"
.............................................
"ဒါမင္းလုပ္ရမယ့္ေနရာပဲ။"
// Photo Crd //
"ႏွင္းဆီပန္းေတြ။"
"ဟုတ္တယ္။ ဒီပန္းေတြကိုမင္းျပဳစုပ်ိဳးေထာင္ေပးရမယ္။ မင္းကလူသစ္ဆိုေတာ့ မင္းနဲ႕အကိုက္ဆုံးအလုပ္ကဒါပဲရွိတယ္။ ၿပီးေတာ့ ဒီဘက္ကိုခင္ခင္ထားမလာဘူး။ သူနဲ႕မသက္ဆိုင္လို႔။"
ၿမိဳ႕အုပ္မင္းခြန္းထယ္စကားေၾကာင့္ ဂြၽန္ဧဒင္ေလး သေဘာတက်ၿပဳံးေတာ့သည္။ ၿမိဳ႕အုပ္မင္းခြန္းထယ္က သူ႕ဘက္ေတြးေပးၿပီး ေသခ်ာစီစဥ္ေပးတာမို႔ သူေပ်ာ္႐ႊင္ရပါရဲ႕။ အခုမွပဲကိုယ္လုပ္ရမယ့္အလုပ္ကိုသိရၿပီမို႔ စိတ္ခ်လက္ခ်ႏွင့္ ရင္ေအးနိုင္ခဲ့ေလၿပီ။
"က်ဳပ္ပန္းတပြင့္ေလာက္လိုခ်င္တယ္။"
"အင္း။ ခူးေလ။"
"ေက်းဇူးပါဗ်။"
ၿပဳံး႐ႊင္ၿပီးပန္းေတြအား ေသခ်ာလိုက္ၾကည့္တဲ့ ဂြၽန္ဧဒင္ေလး။ ေနာက္ေတာ့ပန္းေတြၾကားထဲက ခပ္ဖူးဖူးေလးျဖစ္ေနတဲ့ ပန္းတပြင့္အားလွမ္းယူကာ ခူးဖို႔ျပင္ေနေလရဲ႕။
"အာ့!"
မခူးတက္ေတာ့ ဂြၽန္ဧဒင္ေလးလက္၌ ႏွင္းဆီဆူးဆူးေလၿပီ။
"ဟာဗ်ာ။ က်ဳပ္ကိုျပစမ္း။"
ဂြၽန္ဧဒင္လက္အားဆြဲယူၿပီးၾကည့္ေလေတာ့ ေသြးတခ်ိဳ႕ထြက္ေနေလရဲ႕။ ဂြၽန္ဧဒင္ကေတာ့နာလို႔ထင္။ မ်က္ႏွာေလးရႈံ႕မဲ့ကာ ငိုမဲ့မဲ့႐ုပ္ေလးလုပ္ေနေလ၏။ ထိုအခ်ိန္မွာပဲ ေသြးထြက္ေနတဲ့ဂြၽန္ဧဒင္လက္ေလးအား ပါးစပ္ထဲေကာက္ထည့္လိုက္တဲ့ ၿမိဳ႕အုပ္မင္းခြန္းထယ္။
အခုၿမိဳ႕အုပ္မင္းခြန္းထယ္က သူ႕လက္ကေသြးေတြကိုစုပ္ေပးေနတာလား။ သူတကိုယ္လုံး ေသြးေတြေျပာင္းျပန္စီးဆင္းေနသလို ဘာကိုမွမဆိုနိုင္ေတာ့သလို။ ႐ုန္းလည္းမ႐ုန္းထြက္နိုင္ခဲ့။ သူ႕လက္ထက္ကေသြးေတြအားစုပ္ေပးၿပီး အလုပ္ရႈပ္ေနတဲ့ၿမိဳ႕အုပ္မင္းခြန္းထယ္ကိုသာ ေငးၾကည့္ေနမိေတာ့သည္။
"ေတာ္ေသးတာေပါ့။ အေပၚယံေလးပဲစိုက္ဝင္သြားလို႔။ ေနာက္တခါသတိထား။ ႏွင္းဆီဆူးကအဆိပ္တက္ရင္နာမယ္။ က်ဳပ္ေျပာတာၾကားလား။"
"ၾကားတယ္။ ေက်းဇူးတင္ပါတယ္။"
လက္ကေလးအားျပန္ယူသြားၿပီး ထြက္သြားတဲ့ဂြၽန္ဧဒင္။ သူျမင္တာမမွားဘူးဆိုရင္ အဲ့ေကာင္ေလးပါးေတြနီေနခဲ့တာ။ ရာသီဥတုလည္း အဲ့ေလာက္မပူပါနဲ႕ ဘာေၾကာင့္မ်ား ဒီေကာင္ေလးပါးေတြနီေနရသလဲ။
........................................................
ဒီေန႕ကအလုပ္စဆင္းရမယ့္ရက္မို႔ ဂြၽန္ဧဒင္ေလးတစ္ေယာက္ ၿမိဳ႕အုပ္မင္းခြန္းထယ္ရဲ႕အိမ္သို႔ ကူးလာေလသည္။ ၿမိဳ႕အုပ္မင္းခြန္းထယ္ဆီေရာက္ေတာ့လည္း အဆင္သင့္မျဖစ္ေသးတဲ့ ၿမိဳ႕အုပ္မင္းခြန္းထယ္ေၾကာင့္ သူခုံထက္အသာေလးေစာင့္ေနလိုက္သည္။
သူကဒီၿမိဳ႕ခံမဟုတ္တာမို႔ စိုက္ခင္းဘက္သြားမယ့္လမ္းလည္းသူမသိသလို။ သူ႕အားလိုက္ပို႔ေပးမယ့္သူလည္းမရွိ။ ေဒၚေလးတို႔ကလည္း သူတို႔အလုပ္ေတြႏွင့္မအားတာမို႔ ၿမိဳ႕အုပ္မင္းခြန္းထယ္ကပဲ သူ႕အားအပို႔အႀကိဳကူညီေပးေလရဲ႕။
"ဟိတ္။ ေစာင့္ေနတာၾကာသြားၿပီလား။"
"နည္းနည္းပိစိေလာက္ပဲ။ ဒါနဲ႕က်ဳပ္အနားလာဦး။"
ဂြၽန္ဧဒင္အေခၚေၾကာင့္ ၿမိဳ႕အုပ္မင္းခြန္းထယ္တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ကာ ဂြၽန္ဧဒင္ေရွ႕သို႔ရပ္လိုက္ေလသည္။ ဂြၽန္ဧဒင္ကလည္းထိုင္ရာကေနထကာ ၿမိဳ႕အုပ္မင္းခြန္းထယ္ရဲ႕ အက်ရင္ဘတ္ၾကယ္သီးအားတပ္ေပးေလ၏။
"တမင္ျဖဳတ္ထားတာလား။ ေမ့သြားတာလား။"
ဆရာႀကီးဆိုဒ္နဲ႕ေမးေနပုံမွာ ျဖတ္ရိုက္ခ်င္စရာေလး။
"က်ဳပ္ကဒါမ်ိဳးတပ္ထားရင္မေနတက္ဘူး။"
"မေနတက္လည္းေန။ ခင္ခင္ထားက ၿမိဳ႕အုပ္မင္းခြန္းထယ္ရဲ႕ေဟာ့ဒီေနရာႀကီးကို လိုက္ၾကည့္ေနတာဗ်။"
သူ႕ရဲ႕ရင္ဘတ္အား လက္ညွိုးေသးေသးေလးနဲ႕ထိုးျပၿပီး ေျပာလာတဲ့စကားေၾကာင့္ သူ႕ရယ္မိပါရဲ႕။ ခင္ခင္ထားမွမဟုတ္။ အပ်ိဳႀကီးမသူဇာတို႔ကအစ တ႐ြားလုံးထက္မိန္းမပ်ိိုတိုင္းက သူ႕ကိုဆိုရင္လိုက္ၾကည့္ေနၾကပဲမဟုတ္လား။ ဒါကလည္းအထူးအဆန္းမွမဟုတ္ပဲ။
"ၾကည့္ေတာ့ေရာဘာျဖစ္လဲ။"
"အဲ့လိုအၾကည့္ခံရတာႀကိဳက္တာလား။"
ေတြးစစနဲ႕ေမးေနပုံမွာ အဲ့ဒီဦးႏွောက္ပိစိေလးက ဘာေတြးမ်ားေလွ်ာက္ေတြးေနသလဲမသိ။
"က်ဳပ္ကၿမိဳ႕အုပ္မင္းေလ။ လူေတြကက်ဳပ္ဆို အၿမဲလိုက္ၾကည့္ၿပီးေဝဖန္ေနတာ။ က်ဳပ္ဒါေတြကိုေနသားက်ေနၿပီ။ သြားၾကမယ္။ ဒီေန႕မင္းကိုေသခ်ာျပေပးမယ္။"
"ဟုတ္ကဲ့။ က်ဳပ္တိုးတက္လာရင္ က်ဳပ္ကိုစေတာ္ဘယ္ရီစိုက္ခင္းထဲအလုပ္ေပးေနာ္။"
"ယုန္လုံး။ ယုန္အႀကံနဲ႕။ ဟားဟား။"
"အဲ့ဒီယုန္ကစိုက္ခင္းထဲရွိတာလား။ က်ဳပ္ကိုျပပါဆိုေနမွ။"
အပိုင္းေလးသို႔။
-🍓🐇-
ယုန္လုံးကဘယ္သူပါလိမ့္။ ယုန္လုံးေလးတို႔မ်ား စေတာ္ဘယ္ရီသီးေတြစားရဖို႔ စေတာ္ဘယ္ရီစိုက္ခင္းမွာ အလုပ္ေတာင္းေနတာ။ ယုန္အႀကံေလးနဲ႕။ ဟားဟား။ 🤣🖤
ဆိုေတာ့။ မၾကာခင္ျပန္ေတြ႕ပါမယ္ဗ်ိဳ႕။ ဒီအပိုင္းေလးအသည္းယားစရာမေကာင္းဘူးလား? 🖤