ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

Oleh Melinoe_Megami

1.6M 291K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... Lebih Banyak

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

86

7.2K 1.4K 63
Oleh Melinoe_Megami

Unicode

“ဟော်လင်းယွင်.. အလောင်းတစ်ခုအတွက် အချိန်ကုန်ခံပြီး လက်စားချေနေမယ့်အစား အသက်ရှင်နေသေးတဲ့ ခင်ဗျားရဲ့ တရားမဝင်ကလေးကို သွားဂရုစိုက်ပါလား..?”

မျက်နှာထောက်ထားစရာ မလိုမှတော့ ရွှယ်ယို့ရှန်းလည်း ဘာမှဖုံးကွယ်မနေတော့ပဲ ပြောချလိုက်တယ်။

“မင်းဘာပြောတယ်..?”

ရင်းဆုယဲ့ကို ဖမ်းဆီးဖို့သာ အာရုံစိုက်နေတဲ့ ဟော်လင်းယွင်တစ်ယောက် ခြိမ်းခြောက်ဟန်အပြည့်နဲ့ ထုတ်ဖော်ပြောလာတဲ့ ရွှယ်ယို့ရှန်းကို လှည့်ကြည့်လိုက်မိတယ်။ တစ်ချိန်လုံး မော်ကြွားနေခဲ့တဲ့ သူ့ရဲ့မျက်နှာကလည်း ရက်စက်ယုတ်မာမှုများနဲ့ ပြည့်နှက်လာခဲ့တော့တယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကို ဒီကောင်လေး တကယ်သိနေသည်ဖြစ်စေ၊ လျှောက်ပြောနေတာဖြစ်စေ၊ အသက်ရှင်ခွင့်မပေးနိုင်တော့ဘူး..!

ဟော်လင်းယွင်ဆိုတဲ့သူက သူ့ရဲ့လျှို့ဝှက်ချက်ကို တစ်ပါးသူ ဆုပ်ကိုင်ထားမယ့်အဖြစ်မျိုး လုံးဝခွင့်မပြုနိုင်ဘူး..! အထူးသဖြင့် သူ့ရဲ့မိသားစုကို ပြန်လည်ပြင်ဆင်လို့မရလောက်အောင် ထိခိုက်သွားစေလောက်မယ့် လျှို့ဝှက်ချက်မျိုးဆိုရင်ပေါ့..!

“ကျွန်တော်က ခင်ဗျားရဲ့ တရားမဝင်ကလေးအကြောင်း ဆွေးနွေးကြည့်ချင်ရုံပါ..!”

ရွှယ်ယို့ရှန်းက မျက်လုံးကို အသာပင့်လိုက်ပြီး လူယုတ်မာပြုံး ပြုံးလိုက်တယ်။ ပြီးနောက် ဟော်လင်းယွင်ကို စိတ်ဆွတဲ့အနေနဲ့ ‘တရားမဝင်ကလေး’ ဆိုတဲ့စကားလုံးကို တမင်ဖိပြောလိုက်တယ်။

“အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့တော့..!”

ဟော်လင်းယွင်က သဘောထားကြီးသလို ပြန်ပြောနေခဲ့သော်လည်း သူ့ရဲ့ မျက်နှာအမူအရာကို တခြားလူတွေ မရိပ်မိအောင် မနည်းထိန်းချုပ်ထားရတယ်။ တကယ်တော့ တရားမဝင်ကလေးဆိုတာ မျိုးရိုးမြင့်လူတန်းစားတွေအတွက် သိပ်မထူးဆန်းပါဘူး။ သို့သော်ငြား ဒီကိစ္စကို မပေါက်ကြားစေချင်ဘူး။ အထူးသဖြင့် ရင်းမင်အရှေ့မှာဆိုတော့ လိပ်ပြာမလုံသလို ခံစားလာရတယ်။

“ကျွန်တော့်အပေါ် ယဉ်ကျေးဖူးလို့လား..?”

ရွှယ်ယို့ရှန်းရဲ့ မျက်နှာထက်မှာ အပြုံးဖျော့ဖျော့လေး ရှိနေပေမယ့်လည်း မျက်ဝန်းထဲမှာတော့ ရွံရှာစက်ဆုပ်မှုအပြည့်။

“ပြီးတော့ ကျွန်တော့်အပေါ် ယဉ်ကျေးပြနေစရာ မလိုပါဘူးနော်..!”

ဆက်ပြောချင်သေးရင် ‘သတိထား.. ခင်ဗျားမဟုတ်မမှန်တာတွေ လျှောက်ပြောနေမယ်ဆိုရင် တရားစွဲပစ်လိုက်မယ်..!’ ဆိုပြီး ပြောလို့ရသေးပေမယ့် မယဉ်ကျေးသလို ဖြစ်နေမှာစိုးတယ်လေ..!

“သေချင်နေတာပဲ..!”

သူစိမ်းတစ်ယောက်က သူ့ကို လူပုံအလယ်မှာ ဒီလိုမျိုး မျက်နှာဖြတ်ရိုက်လိမ့်မယ်လို့ ဟော်လင်းယွင်တစ်ယောက် လုံးဝမထင်ထားခဲ့ဘူး။ ထို့ကြောင့် ဆင်ခြင်နိုင်စွမ်းမရှိတော့ဘဲ ရွှယ်ယို့ရှန်းကို တိုက်ခိုက်တော့တယ်။ သူ့ရဲ့စိတ်ထဲမှာ သူ့ကိုရန်စရဲတဲ့ ဒီကောင်စုတ်လေးကို သင်ခန်းစာပေးရန်သာ အတွေးရှိတော့တယ်။

“ဟမ့်..!”

သဘာဝကျစွာပဲ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ထိခိုက်မခံပါဘူး။ သူ့ရင်ခွင်ထဲက ကလေးကို ဘေးဘက်ရွှေ့လိုက်ပြီး ဟော်လင်းယွင်ရဲ့ တိုက်ခိုက်မှုကို ဓားရှည်နဲ့ ကန့်လန့်ဖြတ်ခုခံလိုက်တယ်။ သူတို့နှစ်ဦးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ပြင်းထန်တဲ့ စွမ်းအားလှိုင်းတစ်ခု လေထုထဲကို ပျံ့နှံ့သွားတော့တယ်။

ကောင်လေးရဲ့ ‘ဟော်လင်းယွင်ကို တာဝန်ယူညှိနှိုင်းချင်တယ်’ ဆိုတဲ့စကားကို သတိရလိုက်တော့ ရင်းဆုယဲ့က သူ့ရဲ့စွမ်းအားကို လျော့ချလိုက်တယ်။ ဓားကို အသာဝှေ့ရမ်းလိုက်ပြီး ဟော်လင်းယွင်ကို လွင့်ထွက်သွားစေရန်သာ လုပ်ဆောင်လိုက်တယ်။

“ရင်းဆုယဲ့.. မင်း.. မင်းဘယ်လိုလုပ်စွမ်းအားကြီးလာတာလဲ..?!”

ဟော်လင်းယွင်ရဲ့ စိတ်ထဲက ထိတ်လန့်တုန်လှုပ်သွားမှုကို စကားနဲ့တောင် ဖော်ပြ၍မရတော့ပါဘူး။

သူက ရင်းဆုယဲ့ရဲ့ တိုက်ခိုက်မှုကို တစ်ချက်လေးတောင် မခုခံနိုင်ခဲ့တာလား..? ရင်းဆုယဲ့က သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးသေးဘဲ အလျော့ပေးထားတာသာဆိုရင် သူ့ကို ချက်ချင်းမသတ်သေးဘဲ အတွင်းဒဏ်ရာရရုံ တမင်လုပ်လိုက်တာပေါ့။

ထိုအခါမှ ရင်းအိမ်တော်ကလူတွေရဲ့ အကြောက်တရားတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို ဟော်လင်းယွင်လည်း သတိပြုမိသွားတော့တယ်။

ရင်းဆုယဲ့ကို စိုက်ကြည့်နေကြတဲ့ ရှုပ်ထွေးထိတ်လန့်နေကြတဲ့ မျက်ဝန်းတွေ..!

ဟော်လင်းယွင်ရဲ့ရင်ထဲ တင်းကျပ်သွားရတယ်။

သူက ဘုမသိဘမသိနဲ့ ထောင်ချောက်ထဲကို ရောက်သွားခဲ့တာလား..?

အထူးသဖြင့် အေးစက်စက်မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ရင်းအိမ်တော်ရဲ့ဘိုးဘေးကို မြင်လိုက်ရတဲ့အချိန် သူ့ရဲ့ နှလုံးသားတစ်ခုလုံး မသက်မသာ ခံစားလိုက်ရတယ်။ ဒီနေ့ ရင်းအိမ်တော်ကိုသာ သူ,ရောက်မလာခဲ့ဘူးဆိုရင် တော်ဝင်ရွှေရောင်အဆင့် ၉ ပုဂ္ဂိုလ်တစ်ယောက် အခုလို လူမသိသူမသိ သေဆုံးသွားခဲ့တာကို သိလိုက်မှာမဟုတ်ဘူး။

လက်ရှိအခြေအနေအရ ဒီလိုမျိုးဖြစ်အောင်လုပ်နိုင်တာ ရင်းဆုယဲ့ပဲရှိတယ်..!

ထိုအတွေးကြောင့် ဟော်လင်းယွင်ရဲ့ နဖူးထက်မှာ ရုတ်တရက်ဆိုသလို ချွေးပြန်လာခဲ့တော့တယ်။ စက္ကန့်ပိုင်းအတွင်း ဖြစ်နိုင်ချေမရှိတဲ့ ထိုအတွေးကို သူ့စိတ်ထဲက ဖယ်ထုတ်လိုက်ပြန်တယ်။

ရင်းဆုယဲ့က အသက် ၂၂ နှစ်ပဲရှိသေးတာ၊ ရင်းအိမ်တော်ရဲ့ ဘိုးဘေးတစ်ယောက်ကို ဘယ်လိုလုပ်သတ်ဖြတ်နိုင်မှာလဲ..? ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံး ပြက်လုံးတစ်ခုပဲ..!

ဒါပေမဲ့ ဟော်လင်းယွင်ရဲ့စိတ်ထဲမှာ စိတ်သက်သာရာ မရနိုင်သေးဘူး။

ရင်းဆုယဲ့မဟုတ်ဘူးဆိုရင် ဒီလိုကြောက်မက်ဖွယ်ရာကိစ္စမျိုးကို ဘယ်သူလုပ်ခဲ့တာလဲ..? ဟော်မိသားစုကို အယုံသွင်းဖို့အတွက် ထောင်ချောက်ဆင်နေတာများလား..?

တစ်ခဏကြာတော့ ဟော်လင်းယွင်က ထိုအတွေးကို ငြင်းဆန်လိုက်ပြန်တယ်။ ဘယ်သူမှ တော်ဝင်ရွှေရောင်အဆင့် ၉ ပုဂ္ဂိုလ်တစ်ယောက်ကို စတေးခံပြီး ထောင်ချောက်ဆင်မှာ မဟုတ်ဘူး။ ဆုံးရှုံးမှုက မထိုက်တန်ဘူး..!

ဟော်လင်းယွင်ခမျာ အဖြေမထုတ်နိုင်ပဲ ဖြစ်နေတော့တယ်။

“အခုချိန်မှာ ရင်းဆုယဲ့ရဲ့ စွမ်းအားကို ဂရုစိုက်နေမယ့်အစား ခင်ဗျားရဲ့လုံခြုံရေးကို အရင်ဆုံးဂရုစိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ်..!”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ရင်ခွင်ထဲမှ တိုးထွက်လိုက်ပြီး မျက်နှာဖြူဖျော့နေတဲ့ ဟော်လင်းယွင်ကိုတစ်လှည့်၊ မြေပြင်ပေါ်မှာ နာကျင်စွာလဲလျောင်းနေတဲ့ ရင်းဝူရွှမ်ကိုတစ်လှည့် အဓိပ္ပါယ်ပါ ပါကြည့်ပြီး သတိပေးလိုက်တယ်။

“ကျုပ်မှာ ဟော်ရူယန်ဆိုတဲ့ သမီးတစ်ယောက်ပဲရှိတယ်.. တရားမဝင်ကလေးဆိုတာမျိုး လုံးဝမရှိဘူး..!”

ရွှယ်ယို့ရှန်းရဲ့ အပြုအမူကို မြင်လိုက်ပေမယ့်လည်း ဟော်လင်းယွင်က ထိုကိစ္စကို လုံးဝ,ဝန်မခံခဲ့ဘူး။

“ရင်းဝူရွှမ်က ချန်းရုန်ယန်နဲ့ရထားတဲ့ ခင်ဗျားရဲ့တရားမဝင်ကလေး မဟုတ်ဘူးလား..?”

အသည်းအသန် ငြင်းဆန်နေတဲ့ ဟော်လင်းယွင်ကိုကြည့်ပြီး ရွှယ်ယို့ရှန်းက အမှန်တရားကို တည့်ပြောပြရန် ဆုံးဖြတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ‘စိတ်ထဲရှိသလိုပြောတတ်တဲ့ ကလေးတွေရဲ့သဘာဝ’ အတိုင်း ရွှယ်ယို့ရှန်းက အပြစ်ကင်းစင်ပြီး ဘာရည်ရွယ်ချက်မှမရှိတဲ့ ကလေးတစ်ယောက်လိုမျိုး ပြုမူလိုက်တယ်။

ချန်းရုန်ယန်ဟာ ရင်းဝူရွှမ်ရဲ့မိခင်၊ ရင်းမင်ရဲ့လက်ရှိဇနီးဖြစ်ပြီး ဟော်လင်းယွင်ရဲ့ ငယ်ပေါင်းကြီးဖော်တစ်ဖြစ်လဲ လျှို့ဝှက်ချစ်သူ ဖြစ်လေတယ်။ ဟော်လင်းယွင်က ရည်မှန်းချက်အလွန်ကြီးပြီး မြို့တော်တစ်ခုလုံးကို အုပ်စိုးထားနိုင်ရန် ကြံစည်နေခဲ့တယ်။ ဒါပေမဲ့ ဟော်မိသားစုကို ထိခိုက်မှာစိုးလို့ တခြားအိမ်တော်ကြီးတွေကို ပေါ်တင်တိုက်ခိုက်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ ထို့ကြောင့်  နှစ်ရှည်လများ စီမံချက်ဖြင့် လျှို့ဝှက်အကြံအစည်တစ်ခုကို ကြံစည်ထားခဲ့တယ်။

သို့နှင့် အဆင့်တူမျိုးရိုးမြင့်အိမ်တော်တစ်ခုဖြစ်တဲ့ ရင်းအိမ်တော်က ဟော်လင်းယွင်ရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တယ်။ ဟော်လင်းယွင်ရဲ့ ရည်မှန်းချက်အတွက် ချန်းရုန်ယန်ကလည်း သူမနဲ့ ဟော်လင်းယွင်ရဲ့ကလေးကို ရင်းမင်ရဲ့သားအဖြစ် ဖန်တီးနိုင်ဖို့ ရင်းမင်ကို စတင်ဆွဲဆောင်ခဲ့တယ်။

ရင်းဝူရွှမ်သာ ရင်းအိမ်တော်ကို ဆက်ခံနိုင်ခဲ့ရင် ဟော်မိသားစုက ရင်းအိမ်တော်ကို လုံးဝဥဿုံ ထိန်းချုပ်နိုင်သွားတဲ့ သဘောပါပဲ။

ထိုဇာတ်ကွက်က ‘ရာဇဝင်ထဲမှ အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုရဲ့ အရေးပါတဲ့ ဇာတ်ကွက်တစ်ခုဖြစ်သလို နောက်ပိုင်း ဇာတ်ကြောင်းအတွက် အရေးကြီးတဲ့ လှည့်ကွက်တစ်ခုဆိုရင်လည်း မမှားဘူး။

ထိုဇာတ်ကွက်ကို ဖန်တီးခဲ့စဉ်က ရုတ်တရက်ဆန်တဲ့ ဇာတ်ကွက်အလှည့်အပြောင်းကြောင့် စာဖတ်သူတွေ မကျေမနပ်ဖြစ်မှာစိုးလို့ ရွှယ်ယို့ရှန်းက သဲလွန်စတချို့ကို အရှေ့ပိုင်းတွေမှာ ထည့်သွင်းရေးသားရန် စီစဉ်ထားခဲ့တယ်။ သို့မှသာ အမှန်တရား ပေါ်ပေါက်လာတဲ့အချိန် စာဖတ်သူတွေရဲ့ စိတ်ထဲမှာ ရုတ်တရက်ဆန်သလိုမျိုး မခံစားရတော့မှာပေါ့။

ဥပမာအားဖြင့် ဟော်မိသားစုနဲ့ ရင်းမိသားစုကို ပိုမိုရင်းနှီးအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ စေ့စမ်းကြောင်းလမ်းခဲ့တာမျိုး။ အမှန်တကယ်တော့ ဟော်ရူယန်မှတဆင့် ရင်းဆုယဲ့ကိုချုပ်ကိုင်ပြီး ရင်းမိသားစုကို ထိန်းချုပ်နိုင်ရန် ကြံစည်နေခဲ့တာဖြစ်တယ်။

နောက်ထပ်ဥပမာကတော့ ရင်းဆုယဲ့က အမှိုက်ကောင်အဖြစ် ပြောင်းလဲသွားတဲ့အချိန် လက်ထပ်ရမယ့်လူကို ရင်းဆုယဲ့အစား ရင်းဝူရွှမ်အဖြစ် ပြောင်းလဲလို့ရခဲ့ပေမယ့်လည်း ဟော်မိသားစုက စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းရန်သာ ရွေးချယ်လိုက်တယ်။ အကြောင်းကား ဟော်မိသားစုဝင်တွေက ရင်းဝူရွှမ်အကြောင်းကို သိနေသောကြောင့် ဖြစ်တယ်။ အဲတာကြောင့် မောင်နှမအချင်းချင်း လက်ထပ်ခွင့်မပြုခဲ့တာပဲ။

တခြားသဲလွန်စတွေ အများကြီးရှိသေးပေမယ့် လက်ရှိအချိန်မှာတော့ အသုံးမဝင်တော့ပါဘူး။ ထိုကိစ္စတွေ မဖြစ်ပျက်သေးခင် ရွှယ်ယို့ရှန်းက မူလဇာတ်ကြောင်းကို ထပ်မံနှောင့်ယှက်မိလေပြီ။

ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ ဝတ္ထုဇာတ်ကြောင်းကို စာဖတ်သူအများကြီး ဝေဖန်ခဲ့ကြတဲ့အချိန်ကို ပြန်သတိရသွားတယ်။

သူတို့ပြောတာက မြို့တော်ကို ရှေးဟောင်းနန်းတော်ရဲ့ ပုံစံအတိုင်း ရေးဖွဲ့ထားခဲ့ပေမယ့် စွမ်းအင်အယူအဆတွေကို ဘာလို့ အနောက်နိုင်ငံတွေရဲ့ ဟန်ပန်မျိုး ရေးထားရတာလဲတဲ့။ တရုတ်ရိုးရာနဲ့ အနောက်တိုင်းဟန်ပန်ကို ပေါင်းရေးတာ မသင့်တော်ဘူးဆိုပြီး ဝေဖန်ခဲ့ကြသလို ပြောင်းလဲပြင်ဆင်ပေးရန်လည်း တောင်းဆိုလာကြတယ်။

ဒါပေမဲ့ ရွှယ်ယို့ရှန်းကတော့ မောက်မာအေးစက်စွာ ပြန်ဖြေခဲ့တယ်။

ဝတ္ထုရဲ့ အကြောင်းအရာက စိတ်ကူးယဉ်အပြိုင်ကမ္ဘာ အမျိုးအစားလေ၊ စိတ်ကူးယဉ်ဆိုတဲ့ စကားအတိုင်း ဘာမဆို ဖြစ်နိုင်တယ်။ အပြိုင်ကမ္ဘာဆိုတဲ့အတိုင်း ကမ္ဘာပေါ်ကအရာတွေနဲ့ ကွဲပြားနေမှာပဲ။ ထူးဆန်းတာတွေ့တိုင်း ပြဿနာရှာမနေနဲ့၊ အကုန်လုံး ဖြစ်နိုင်တာချည်းပဲ..!

“မင်းဘာကိုဆိုလိုချင်တာလဲ..? ကျုပ်နားမလည်ဘူး..”

ဒီကလေးက သူ့ကို မျက်လုံးထဲမထည့်ဘဲ သူ့ရဲ့လျှို့ဝှက်ချက်ကို လူအများရှေ့မှာ ဖော်ထုတ်ရဲမယ်လို့ ဟော်လင်းယွင်လည်း မထင်ထားခဲ့ဘူး။ ထိုအခြင်းအရာကြောင့် ဟောင်လင်းယွင်ခမျာ ထိတ်လန့်သွားရတယ်။

ရင်းအိမ်တော်ရှေ့ကို စရောက်ကတည်းက ရင်းဝူရွှမ် ဒဏ်ရာရထားတာကို မြင်တွေ့ခဲ့ပေမယ့် သူ,မမေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရင်းဝူရွှမ်အပေါ် အရမ်းစိတ်ပူပြလိုက်ရင် တခြားလူတွေ သံသယဝင်သွားပြီး ချန်းရုန်ယန်နဲ့ ရင်းဝူရွှမ်အကြောင်း ပေါ်ပေါက်သွားမှာ စိုးရိမ်လို့ပဲ။

“ကျွန်တော်ပြောချင်တာက ခင်ဗျားရဲ့တရားမဝင်ကလေးကို ဒီအတိုင်းပစ်ထားမယ်ဆိုရင် အမှိုက်ကောင် ဖြစ်သွားတော့မယ်လို့..!”

ရွှယ်ယို့ရှန်းက ရင်းဝူရွှမ်ကို သနားသလိုမျက်ဝန်းမျိုးနဲ့ လှည့်ကြည့်လိုက်ပြီး ဟော်လင်းယွင်ကို သတိပေးလိုက်တယ်။ ရင်းဆုယဲ့ရဲ့ စွမ်းအားအစစ်အမှန်ကို သိထားပြီးသားဆိုတော့ ရင်းဝူရွမ်က အမှိုက်ကောင်ဖြစ်သွားပြီးဆိုတာ သေချာသိနေပေမယ့် တခြားလူတွေ မသိသေးတာကြောင့် ထိုအခွင့်အရေးကို အသုံးချလိုက်ပြီး ဟော်လင်းယွင်ဝန်ခံစေရန် ဖိအားပေးလိုက်တာ ဖြစ်တယ်။

တကယ်လို့ ဟော်လင်းယွင်က ဝန်မခံသေးဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ သူ့မှာ တခြားနည်းလမ်းတွေ အများကြီး ရှိနေသေးတယ်လေ..!

“ဘယ်သူက ဟော်လင်းယွင်ရဲ့ တရားမဝင်ကလေးလဲ..?”

အစကတော့ သူ့လက်ထဲက အာလူးပူ (ရင်းဆုယဲ့) ကို လက်လွှဲပေးနိုင်လိုက်တာကြောင့် ရင်းဆုယဲ့နဲ့ ဟော်လင်းယွင်တို့ရဲ့ တိုက်ပွဲကို အေးအေးဆေးဆေး ရပ်ကြည့်နိုင်ပြီလို့ ရင်းမင်တစ်ယောက် ထင်နေခဲ့လေတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ဖက်လုံး ထိခိုက်သွားမယ့် အချိန်ကိုစောင့်ပြီး အကျိုးအမြတ်ယူရန် ကြံစည်နေခဲ့တယ်။

ဒါပေမဲ့ လူနှစ်ယောက်ရဲ့ စကားအသွားအလာကို နားထောင်ရင်း တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရတယ်။ ဆက်ပြီး နားထောင်နေရင်း ကြားလိုက်ရတဲ့ စကားတွေကြောင့် ရိုးတွင်းခြင်ဆီအထိ ထိတ်လန့်သွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ထမေးလိုက်တော့တယ်။

“ရင်းဝူရွှမ်လေ..!”

ရွှယ်ယို့ရှန်းရဲ့ နှုတ်ခမ်းထောင့်က မကောင်းဆိုးဝါးဆန်ဆန် ကော့တက်သွားပြီး အလွန်သေချာနေတဲ့ အသံမျိုးမျိုးနဲ့ ပြန်ဖြေလိုက်တယ်။ ဟော်လင်းယွင်ကို ပြဿနာရှာတဲ့နေရာမှာ ရင်းမင်ကိုလည်း မေ့ထားလို့မဖြစ်ဘူး..!

…………………………………….

Zawgyi

“ေဟာ္လင္းယြင္.. အေလာင္းတစ္ခုအတြက္ အခ်ိန္ကုန္ခံၿပီး လက္စားေခ်ေနမယ့္အစား အသက္ရွင္ေနေသးတဲ့ ခင္ဗ်ားရဲ႕ တရားမဝင္ကေလးကို သြားဂ႐ုစိုက္ပါလား..?”

မ်က္ႏွာေထာက္ထားစရာ မလိုမွေတာ့ ႐ႊယ္ယို႔ရွန္းလည္း ဘာမွဖုံးကြယ္မေနေတာ့ပဲ ေျပာခ်လိုက္တယ္။

“မင္းဘာေျပာတယ္..?”

ရင္းဆုယဲ့ကို ဖမ္းဆီးဖို႔သာ အာ႐ုံစိုက္ေနတဲ့ ေဟာ္လင္းယြင္တစ္ေယာက္ ၿခိမ္းေျခာက္ဟန္အျပည့္နဲ႔ ထုတ္ေဖာ္ေျပာလာတဲ့ ႐ႊယ္ယို႔ရွန္းကို လွည့္ၾကည့္လိုက္မိတယ္။ တစ္ခ်ိန္လုံး ေမာ္ႂကြားေနခဲ့တဲ့ သူ႔ရဲ႕မ်က္ႏွာကလည္း ရက္စက္ယုတ္မာမႈမ်ားနဲ႔ ျပည့္ႏွက္လာခဲ့ေတာ့တယ္။ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ဒီေကာင္ေလး တကယ္သိေနသည္ျဖစ္ေစ၊ ေလွ်ာက္ေျပာေနတာျဖစ္ေစ၊ အသက္ရွင္ခြင့္မေပးႏိုင္ေတာ့ဘူး..!

ေဟာ္လင္းယြင္ဆိုတဲ့သူက သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို တစ္ပါးသူ ဆုပ္ကိုင္ထားမယ့္အျဖစ္မ်ိဳး လုံးဝခြင့္မျပဳႏိုင္ဘူး..! အထူးသျဖင့္ သူ႔ရဲ႕မိသားစုကို ျပန္လည္ျပင္ဆင္လို႔မရေလာက္ေအာင္ ထိခိုက္သြားေစေလာက္မယ့္ လွ်ိဳ႕ဝွက္ခ်က္မ်ိဳးဆိုရင္ေပါ့..!

“ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ တရားမဝင္ကေလးအေၾကာင္း ေဆြးေႏြးၾကည့္ခ်င္႐ုံပါ..!”

႐ႊယ္ယို႔ရွန္းက မ်က္လုံးကို အသာပင့္လိုက္ၿပီး လူယုတ္မာၿပဳံး ၿပဳံးလိုက္တယ္။ ၿပီးေနာက္ ေဟာ္လင္းယြင္ကို စိတ္ဆြတဲ့အေနနဲ႔ ‘တရားမဝင္ကေလး’ ဆိုတဲ့စကားလုံးကို တမင္ဖိေျပာလိုက္တယ္။

“အဓိပၸါယ္မရွိတာေတြ ဆက္ေျပာေနမယ္ဆိုရင္ က်ဳပ္ကို မယဥ္ေက်းဘူးလို႔ အျပစ္မတင္နဲ႔ေတာ့..!”

ေဟာ္လင္းယြင္က သေဘာထားႀကီးသလို ျပန္ေျပာေနခဲ့ေသာ္လည္း သူ႔ရဲ႕ မ်က္ႏွာအမူအရာကို တျခားလူေတြ မရိပ္မိေအာင္ မနည္းထိန္းခ်ဳပ္ထားရတယ္။ တကယ္ေတာ့ တရားမဝင္ကေလးဆိုတာ မ်ိဳး႐ိုးျမင့္လူတန္းစားေတြအတြက္ သိပ္မထူးဆန္းပါဘူး။ သို႔ေသာ္ျငား ဒီကိစၥကို မေပါက္ၾကားေစခ်င္ဘူး။ အထူးသျဖင့္ ရင္းမင္အေရွ႕မွာဆိုေတာ့ လိပ္ျပာမလုံသလို ခံစားလာရတယ္။

“ကြၽန္ေတာ့္အေပၚ ယဥ္ေက်းဖူးလို႔လား..?”

႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ႏွာထက္မွာ အၿပဳံးေဖ်ာ့ေဖ်ာ့ေလး ရွိေနေပမယ့္လည္း မ်က္ဝန္းထဲမွာေတာ့ ႐ြံရွာစက္ဆုပ္မႈအျပည့္။

“ၿပီးေတာ့ ကြၽန္ေတာ့္အေပၚ ယဥ္ေက်းျပေနစရာ မလိုပါဘူးေနာ္..!”

ဆက္ေျပာခ်င္ေသးရင္ ‘သတိထား.. ခင္ဗ်ားမဟုတ္မမွန္တာေတြ ေလွ်ာက္ေျပာေနမယ္ဆိုရင္ တရားစြဲပစ္လိုက္မယ္..!’ ဆိုၿပီး ေျပာလို႔ရေသးေပမယ့္ မယဥ္ေက်းသလို ျဖစ္ေနမွာစိုးတယ္ေလ..!

“ေသခ်င္ေနတာပဲ..!”

သူစိမ္းတစ္ေယာက္က သူ႔ကို လူပုံအလယ္မွာ ဒီလိုမ်ိဳး မ်က္ႏွာျဖတ္႐ိုက္လိမ့္မယ္လို႔ ေဟာ္လင္းယြင္တစ္ေယာက္ လုံးဝမထင္ထားခဲ့ဘူး။ ထို႔ေၾကာင့္ ဆင္ျခင္ႏိုင္စြမ္းမရွိေတာ့ဘဲ ႐ႊယ္ယို႔ရွန္းကို တိုက္ခိုက္ေတာ့တယ္။ သူ႔ရဲ႕စိတ္ထဲမွာ သူ႔ကိုရန္စရဲတဲ့ ဒီေကာင္စုတ္ေလးကို သင္ခန္းစာေပးရန္သာ အေတြးရွိေတာ့တယ္။

“ဟမ့္..!”

သဘာဝက်စြာပဲ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို ထိခိုက္မခံပါဘူး။ သူ႔ရင္ခြင္ထဲက ကေလးကို ေဘးဘက္ေ႐ႊ႕လိုက္ၿပီး ေဟာ္လင္းယြင္ရဲ႕ တိုက္ခိုက္မႈကို ဓားရွည္နဲ႔ ကန႔္လန႔္ျဖတ္ခုခံလိုက္တယ္။ သူတို႔ႏွစ္ဦးရဲ႕ ထိပ္တိုက္ရင္ဆိုင္မႈေၾကာင့္ ျပင္းထန္တဲ့ စြမ္းအားလႈိင္းတစ္ခု ေလထုထဲကို ပ်ံ႕ႏွံ႔သြားေတာ့တယ္။

ေကာင္ေလးရဲ႕ ‘ေဟာ္လင္းယြင္ကို တာဝန္ယူညႇိႏႈိင္းခ်င္တယ္’ ဆိုတဲ့စကားကို သတိရလိုက္ေတာ့ ရင္းဆုယဲ့က သူ႔ရဲ႕စြမ္းအားကို ေလ်ာ့ခ်လိုက္တယ္။ ဓားကို အသာေဝွ႔ရမ္းလိုက္ၿပီး ေဟာ္လင္းယြင္ကို လြင့္ထြက္သြားေစရန္သာ လုပ္ေဆာင္လိုက္တယ္။

“ရင္းဆုယဲ့.. မင္း.. မင္းဘယ္လိုလုပ္စြမ္းအားႀကီးလာတာလဲ..?!”

ေဟာ္လင္းယြင္ရဲ႕ စိတ္ထဲက ထိတ္လန႔္တုန္လႈပ္သြားမႈကို စကားနဲ႔ေတာင္ ေဖာ္ျပ၍မရေတာ့ပါဘူး။

သူက ရင္းဆုယဲ့ရဲ႕ တိုက္ခိုက္မႈကို တစ္ခ်က္ေလးေတာင္ မခုခံႏိုင္ခဲ့တာလား..? ရင္းဆုယဲ့က သူ႔ရဲ႕ စြမ္းအားအစစ္အမွန္ကို ထုတ္မသုံးေသးဘဲ အေလ်ာ့ေပးထားတာသာဆိုရင္ သူ႔ကို ခ်က္ခ်င္းမသတ္ေသးဘဲ အတြင္းဒဏ္ရာရ႐ုံ တမင္လုပ္လိုက္တာေပါ့။

ထိုအခါမွ ရင္းအိမ္ေတာ္ကလူေတြရဲ႕ အေၾကာက္တရားေတြ ျပည့္ႏွက္ေနတဲ့ မ်က္လုံးေတြကို ေဟာ္လင္းယြင္လည္း သတိျပဳမိသြားေတာ့တယ္။

ရင္းဆုယဲ့ကို စိုက္ၾကည့္ေနၾကတဲ့ ရႈပ္ေထြးထိတ္လန႔္ေနၾကတဲ့ မ်က္ဝန္းေတြ..!

ေဟာ္လင္းယြင္ရဲ႕ရင္ထဲ တင္းက်ပ္သြားရတယ္။

သူက ဘုမသိဘမသိနဲ႔ ေထာင္ေခ်ာက္ထဲကို ေရာက္သြားခဲ့တာလား..?

အထူးသျဖင့္ ေအးစက္စက္ေျမျပင္ေပၚမွာ လဲေလ်ာင္းေနတဲ့ ရင္းအိမ္ေတာ္ရဲ႕ဘိုးေဘးကို ျမင္လိုက္ရတဲ့အခ်ိန္ သူ႔ရဲ႕ ႏွလုံးသားတစ္ခုလုံး မသက္မသာ ခံစားလိုက္ရတယ္။ ဒီေန႔ ရင္းအိမ္ေတာ္ကိုသာ သူ,ေရာက္မလာခဲ့ဘူးဆိုရင္ ေတာ္ဝင္ေ႐ႊေရာင္အဆင့္ ၉ ပုဂၢိဳလ္တစ္ေယာက္ အခုလို လူမသိသူမသိ ေသဆုံးသြားခဲ့တာကို သိလိုက္မွာမဟုတ္ဘူး။

လက္ရွိအေျခအေနအရ ဒီလိုမ်ိဳးျဖစ္ေအာင္လုပ္ႏိုင္တာ ရင္းဆုယဲ့ပဲရွိတယ္..!

ထိုအေတြးေၾကာင့္ ေဟာ္လင္းယြင္ရဲ႕ နဖူးထက္မွာ ႐ုတ္တရက္ဆိုသလို ေခြၽးျပန္လာခဲ့ေတာ့တယ္။ စကၠန႔္ပိုင္းအတြင္း ျဖစ္ႏိုင္ေခ်မရွိတဲ့ ထိုအေတြးကို သူ႔စိတ္ထဲက ဖယ္ထုတ္လိုက္ျပန္တယ္။

ရင္းဆုယဲ့က အသက္ ၂၂ ႏွစ္ပဲရွိေသးတာ၊ ရင္းအိမ္ေတာ္ရဲ႕ ဘိုးေဘးတစ္ေယာက္ကို ဘယ္လိုလုပ္သတ္ျဖတ္ႏိုင္မွာလဲ..? ကမာၻေပၚမွာ ရယ္စရာအေကာင္းဆုံး ျပက္လုံးတစ္ခုပဲ..!

ဒါေပမဲ့ ေဟာ္လင္းယြင္ရဲ႕စိတ္ထဲမွာ စိတ္သက္သာရာ မရႏိုင္ေသးဘူး။

ရင္းဆုယဲ့မဟုတ္ဘူးဆိုရင္ ဒီလိုေၾကာက္မက္ဖြယ္ရာကိစၥမ်ိဳးကို ဘယ္သူလုပ္ခဲ့တာလဲ..? ေဟာ္မိသားစုကို အယုံသြင္းဖို႔အတြက္ ေထာင္ေခ်ာက္ဆင္ေနတာမ်ားလား..?

တစ္ခဏၾကာေတာ့ ေဟာ္လင္းယြင္က ထိုအေတြးကို ျငင္းဆန္လိုက္ျပန္တယ္။ ဘယ္သူမွ ေတာ္ဝင္ေ႐ႊေရာင္အဆင့္ ၉ ပုဂၢိဳလ္တစ္ေယာက္ကို စေတးခံၿပီး ေထာင္ေခ်ာက္ဆင္မွာ မဟုတ္ဘူး။ ဆုံးရႈံးမႈက မထိုက္တန္ဘူး..!

ေဟာ္လင္းယြင္ခမ်ာ အေျဖမထုတ္ႏိုင္ပဲ ျဖစ္ေနေတာ့တယ္။

“အခုခ်ိန္မွာ ရင္းဆုယဲ့ရဲ႕ စြမ္းအားကို ဂ႐ုစိုက္ေနမယ့္အစား ခင္ဗ်ားရဲ႕လုံၿခဳံေရးကို အရင္ဆုံးဂ႐ုစိုက္သင့္တယ္လို႔ ကြၽန္ေတာ္ထင္တယ္..!”

႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ရဲ႕ရင္ခြင္ထဲမွ တိုးထြက္လိုက္ၿပီး မ်က္ႏွာျဖဴေဖ်ာ့ေနတဲ့ ေဟာ္လင္းယြင္ကိုတစ္လွည့္၊ ေျမျပင္ေပၚမွာ နာက်င္စြာလဲေလ်ာင္းေနတဲ့ ရင္းဝူ႐ႊမ္ကိုတစ္လွည့္ အဓိပၸါယ္ပါ ပါၾကည့္ၿပီး သတိေပးလိုက္တယ္။

“က်ဳပ္မွာ ေဟာ္႐ူယန္ဆိုတဲ့ သမီးတစ္ေယာက္ပဲရွိတယ္.. တရားမဝင္ကေလးဆိုတာမ်ိဳး လုံးဝမရွိဘူး..!”

႐ႊယ္ယို႔ရွန္းရဲ႕ အျပဳအမူကို ျမင္လိုက္ေပမယ့္လည္း ေဟာ္လင္းယြင္က ထိုကိစၥကို လုံးဝ,ဝန္မခံခဲ့ဘူး။

“ရင္းဝူ႐ႊမ္က ခ်န္း႐ုန္ယန္နဲ႔ရထားတဲ့ ခင္ဗ်ားရဲ႕တရားမဝင္ကေလး မဟုတ္ဘူးလား..?”

အသည္းအသန္ ျငင္းဆန္ေနတဲ့ ေဟာ္လင္းယြင္ကိုၾကည့္ၿပီး ႐ႊယ္ယို႔ရွန္းက အမွန္တရားကို တည့္ေျပာျပရန္ ဆုံးျဖတ္လိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ ‘စိတ္ထဲရွိသလိုေျပာတတ္တဲ့ ကေလးေတြရဲ႕သဘာဝ’ အတိုင္း ႐ႊယ္ယို႔ရွန္းက အျပစ္ကင္းစင္ၿပီး ဘာရည္႐ြယ္ခ်က္မွမရွိတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး ျပဳမူလိုက္တယ္။

ခ်န္း႐ုန္ယန္ဟာ ရင္းဝူ႐ႊမ္ရဲ႕မိခင္၊ ရင္းမင္ရဲ႕လက္ရွိဇနီးျဖစ္ၿပီး ေဟာ္လင္းယြင္ရဲ႕ ငယ္ေပါင္းႀကီးေဖာ္တစ္ျဖစ္လဲ လွ်ိဳ႕ဝွက္ခ်စ္သူ ျဖစ္ေလတယ္။ ေဟာ္လင္းယြင္က ရည္မွန္းခ်က္အလြန္ႀကီးၿပီး ၿမိဳ႕ေတာ္တစ္ခုလုံးကို အုပ္စိုးထားႏိုင္ရန္ ႀကံစည္ေနခဲ့တယ္။ ဒါေပမဲ့ ေဟာ္မိသားစုကို ထိခိုက္မွာစိုးလို႔ တျခားအိမ္ေတာ္ႀကီးေတြကို ေပၚတင္တိုက္ခိုက္ဖို႔ အစီအစဥ္မရွိခဲ့ဘူး။ ထို႔ေၾကာင့္  ႏွစ္ရွည္လမ်ား စီမံခ်က္ျဖင့္ လွ်ိဳ႕ဝွက္အႀကံအစည္တစ္ခုကို ႀကံစည္ထားခဲ့တယ္။

သို႔ႏွင့္ အဆင့္တူမ်ိဳး႐ိုးျမင့္အိမ္ေတာ္တစ္ခုျဖစ္တဲ့ ရင္းအိမ္ေတာ္က ေဟာ္လင္းယြင္ရဲ႕ ပစ္မွတ္တစ္ခု ျဖစ္လာခဲ့တယ္။ ေဟာ္လင္းယြင္ရဲ႕ ရည္မွန္းခ်က္အတြက္ ခ်န္း႐ုန္ယန္ကလည္း သူမနဲ႔ ေဟာ္လင္းယြင္ရဲ႕ကေလးကို ရင္းမင္ရဲ႕သားအျဖစ္ ဖန္တီးႏိုင္ဖို႔ ရင္းမင္ကို စတင္ဆြဲေဆာင္ခဲ့တယ္။

ရင္းဝူ႐ႊမ္သာ ရင္းအိမ္ေတာ္ကို ဆက္ခံႏိုင္ခဲ့ရင္ ေဟာ္မိသားစုက ရင္းအိမ္ေတာ္ကို လုံးဝဥႆုံ ထိန္းခ်ဳပ္ႏိုင္သြားတဲ့ သေဘာပါပဲ။

ထိုဇာတ္ကြက္က ‘ရာဇဝင္ထဲမွ အင္အားအႀကီးဆုံးအရွင္သခင္’ ဝတၳဳရဲ႕ အေရးပါတဲ့ ဇာတ္ကြက္တစ္ခုျဖစ္သလို ေနာက္ပိုင္း ဇာတ္ေၾကာင္းအတြက္ အေရးႀကီးတဲ့ လွည့္ကြက္တစ္ခုဆိုရင္လည္း မမွားဘူး။

ထိုဇာတ္ကြက္ကို ဖန္တီးခဲ့စဥ္က ႐ုတ္တရက္ဆန္တဲ့ ဇာတ္ကြက္အလွည့္အေျပာင္းေၾကာင့္ စာဖတ္သူေတြ မေက်မနပ္ျဖစ္မွာစိုးလို႔ ႐ႊယ္ယို႔ရွန္းက သဲလြန္စတခ်ိဳ႕ကို အေရွ႕ပိုင္းေတြမွာ ထည့္သြင္းေရးသားရန္ စီစဥ္ထားခဲ့တယ္။ သို႔မွသာ အမွန္တရား ေပၚေပါက္လာတဲ့အခ်ိန္ စာဖတ္သူေတြရဲ႕ စိတ္ထဲမွာ ႐ုတ္တရက္ဆန္သလိုမ်ိဳး မခံစားရေတာ့မွာေပါ့။

ဥပမာအားျဖင့္ ေဟာ္မိသားစုနဲ႔ ရင္းမိသားစုကို ပိုမိုရင္းႏွီးေအာင္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေစ့စမ္းေၾကာင္းလမ္းခဲ့တာမ်ိဳး။ အမွန္တကယ္ေတာ့ ေဟာ္႐ူယန္မွတဆင့္ ရင္းဆုယဲ့ကိုခ်ဳပ္ကိုင္ၿပီး ရင္းမိသားစုကို ထိန္းခ်ဳပ္ႏိုင္ရန္ ႀကံစည္ေနခဲ့တာျဖစ္တယ္။

ေနာက္ထပ္ဥပမာကေတာ့ ရင္းဆုယဲ့က အမႈိက္ေကာင္အျဖစ္ ေျပာင္းလဲသြားတဲ့အခ်ိန္ လက္ထပ္ရမယ့္လူကို ရင္းဆုယဲ့အစား ရင္းဝူ႐ႊမ္အျဖစ္ ေျပာင္းလဲလို႔ရခဲ့ေပမယ့္လည္း ေဟာ္မိသားစုက ေစ့စပ္ေၾကာင္းလမ္းျခင္းကို ဖ်က္သိမ္းရန္သာ ေ႐ြးခ်ယ္လိုက္တယ္။ အေၾကာင္းကား ေဟာ္မိသားစုဝင္ေတြက ရင္းဝူ႐ႊမ္အေၾကာင္းကို သိေနေသာေၾကာင့္ ျဖစ္တယ္။ အဲတာေၾကာင့္ ေမာင္ႏွမအခ်င္းခ်င္း လက္ထပ္ခြင့္မျပဳခဲ့တာပဲ။

တျခားသဲလြန္စေတြ အမ်ားႀကီးရွိေသးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အသုံးမဝင္ေတာ့ပါဘူး။ ထိုကိစၥေတြ မျဖစ္ပ်က္ေသးခင္ ႐ႊယ္ယို႔ရွန္းက မူလဇာတ္ေၾကာင္းကို ထပ္မံေႏွာင့္ယွက္မိေလၿပီ။

႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕ ဝတၳဳဇာတ္ေၾကာင္းကို စာဖတ္သူအမ်ားႀကီး ေဝဖန္ခဲ့ၾကတဲ့အခ်ိန္ကို ျပန္သတိရသြားတယ္။

သူတို႔ေျပာတာက ၿမိဳ႕ေတာ္ကို ေရွးေဟာင္းနန္းေတာ္ရဲ႕ ပုံစံအတိုင္း ေရးဖြဲ႕ထားခဲ့ေပမယ့္ စြမ္းအင္အယူအဆေတြကို ဘာလို႔ အေနာက္ႏိုင္ငံေတြရဲ႕ ဟန္ပန္မ်ိဳး ေရးထားရတာလဲတဲ့။ တ႐ုတ္႐ိုးရာနဲ႔ အေနာက္တိုင္းဟန္ပန္ကို ေပါင္းေရးတာ မသင့္ေတာ္ဘူးဆိုၿပီး ေဝဖန္ခဲ့ၾကသလို ေျပာင္းလဲျပင္ဆင္ေပးရန္လည္း ေတာင္းဆိုလာၾကတယ္။

ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းကေတာ့ ေမာက္မာေအးစက္စြာ ျပန္ေျဖခဲ့တယ္။

ဝတၳဳရဲ႕ အေၾကာင္းအရာက စိတ္ကူးယဥ္အၿပိဳင္ကမာၻ အမ်ိဳးအစားေလ၊ စိတ္ကူးယဥ္ဆိုတဲ့ စကားအတိုင္း ဘာမဆို ျဖစ္ႏိုင္တယ္။ အၿပိဳင္ကမာၻဆိုတဲ့အတိုင္း ကမာၻေပၚကအရာေတြနဲ႔ ကြဲျပားေနမွာပဲ။ ထူးဆန္းတာေတြ႕တိုင္း ျပႆနာရွာမေနနဲ႔၊ အကုန္လုံး ျဖစ္ႏိုင္တာခ်ည္းပဲ..!

“မင္းဘာကိုဆိုလိုခ်င္တာလဲ..? က်ဳပ္နားမလည္ဘူး..”

ဒီကေလးက သူ႔ကို မ်က္လုံးထဲမထည့္ဘဲ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို လူအမ်ားေရွ႕မွာ ေဖာ္ထုတ္ရဲမယ္လို႔ ေဟာ္လင္းယြင္လည္း မထင္ထားခဲ့ဘူး။ ထိုအျခင္းအရာေၾကာင့္ ေဟာင္လင္းယြင္ခမ်ာ ထိတ္လန႔္သြားရတယ္။

ရင္းအိမ္ေတာ္ေရွ႕ကို စေရာက္ကတည္းက ရင္းဝူ႐ႊမ္ ဒဏ္ရာရထားတာကို ျမင္ေတြ႕ခဲ့ေပမယ့္ သူ,မေမးခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ရင္းဝူ႐ႊမ္အေပၚ အရမ္းစိတ္ပူျပလိုက္ရင္ တျခားလူေတြ သံသယဝင္သြားၿပီး ခ်န္း႐ုန္ယန္နဲ႔ ရင္းဝူ႐ႊမ္အေၾကာင္း ေပၚေပါက္သြားမွာ စိုးရိမ္လို႔ပဲ။

“ကြၽန္ေတာ္ေျပာခ်င္တာက ခင္ဗ်ားရဲ႕တရားမဝင္ကေလးကို ဒီအတိုင္းပစ္ထားမယ္ဆိုရင္ အမႈိက္ေကာင္ ျဖစ္သြားေတာ့မယ္လို႔..!”

႐ႊယ္ယို႔ရွန္းက ရင္းဝူ႐ႊမ္ကို သနားသလိုမ်က္ဝန္းမ်ိဳးနဲ႔ လွည့္ၾကည့္လိုက္ၿပီး ေဟာ္လင္းယြင္ကို သတိေပးလိုက္တယ္။ ရင္းဆုယဲ့ရဲ႕ စြမ္းအားအစစ္အမွန္ကို သိထားၿပီးသားဆိုေတာ့ ရင္းဝူ႐ြမ္က အမႈိက္ေကာင္ျဖစ္သြားၿပီးဆိုတာ ေသခ်ာသိေနေပမယ့္ တျခားလူေတြ မသိေသးတာေၾကာင့္ ထိုအခြင့္အေရးကို အသုံးခ်လိုက္ၿပီး ေဟာ္လင္းယြင္ဝန္ခံေစရန္ ဖိအားေပးလိုက္တာ ျဖစ္တယ္။

တကယ္လို႔ ေဟာ္လင္းယြင္က ဝန္မခံေသးဘူးဆိုရင္လည္း ကိစၥမရွိဘူး။ သူ႔မွာ တျခားနည္းလမ္းေတြ အမ်ားႀကီး ရွိေနေသးတယ္ေလ..!

“ဘယ္သူက ေဟာ္လင္းယြင္ရဲ႕ တရားမဝင္ကေလးလဲ..?”

အစကေတာ့ သူ႔လက္ထဲက အာလူးပူ (ရင္းဆုယဲ့) ကို လက္လႊဲေပးႏိုင္လိုက္တာေၾကာင့္ ရင္းဆုယဲ့နဲ႔ ေဟာ္လင္းယြင္တို႔ရဲ႕ တိုက္ပြဲကို ေအးေအးေဆးေဆး ရပ္ၾကည့္ႏိုင္ၿပီလို႔ ရင္းမင္တစ္ေယာက္ ထင္ေနခဲ့ေလတယ္။ တစ္ခ်ိန္တည္းမွာပဲ ႏွစ္ဖက္လုံး ထိခိုက္သြားမယ့္ အခ်ိန္ကိုေစာင့္ၿပီး အက်ိဳးအျမတ္ယူရန္ ႀကံစည္ေနခဲ့တယ္။

ဒါေပမဲ့ လူႏွစ္ေယာက္ရဲ႕ စကားအသြားအလာကို နားေထာင္ရင္း တစ္ခုခုမွားယြင္းေနသလို ခံစားလိုက္ရတယ္။ ဆက္ၿပီး နားေထာင္ေနရင္း ၾကားလိုက္ရတဲ့ စကားေတြေၾကာင့္ ႐ိုးတြင္းျခင္ဆီအထိ ထိတ္လန႔္သြားၿပီး သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ထေမးလိုက္ေတာ့တယ္။

“ရင္းဝူ႐ႊမ္ေလ..!”

႐ႊယ္ယို႔ရွန္းရဲ႕ ႏႈတ္ခမ္းေထာင့္က မေကာင္းဆိုးဝါးဆန္ဆန္ ေကာ့တက္သြားၿပီး အလြန္ေသခ်ာေနတဲ့ အသံမ်ိဳးမ်ိဳးနဲ႔ ျပန္ေျဖလိုက္တယ္။ ေဟာ္လင္းယြင္ကို ျပႆနာရွာတဲ့ေနရာမွာ ရင္းမင္ကိုလည္း ေမ့ထားလို႔မျဖစ္ဘူး..!

Lanjutkan Membaca

Kamu Akan Menyukai Ini

676K 39.5K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
227K 25K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1M 154K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...