အားလုံး ရှင်းလို့လင်းလို့ပြီးလို့ နာရီကိုကြည့်လိုက်တော့ နေ့လယ်နှစ်နာရီခွဲ။ အချိန်လည်းမရှိတော့တာရယ်၊ ပင်လည်းပင်ပန်းနေကြတာရယ်ကြောင့် သီဟ့သူငယ်ချင်းတွေက ကျွန်တော်တို့အိမ်မှာ တစ်ညထပ်အိပ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့တော့ သူ့သူငယ်ချင်းတွေကားနဲ့ လိုက်ပါလာခဲ့တဲ့ သီဟ့မိဘတွေကလည်း တစ်ညထပ်အိပ်လိုက်ရတယ်။ သီဟ့မိဘတွေ မပြန်ဖြစ်ကြသေးတော့ ကျွန်တော့်မိဘတွေကလည်း သူတို့အတွက် လူကြီးအဖော်လေးဘာလေး ရအောင်လို့ဆိုပြီး မပြန်သေးဘဲ တစ်ညထပ်နေလိုက်ကြတယ်။ အဲ့တော့ ကျွန်တော်တို့အိမ်က စည်ကားနေတုန်းပဲဆိုပါတော့။
ညဘက်ရောက်တော့ သီဟနိုင်က သူ့သူငယ်ချင်းတွေနဲ့ အတူသွားအိပ်တယ်။ အစကတော့ နောက်ဆုံးအနေနဲ့ သူလည်း သူ့သူငယ်ချင်းတွေနဲ့ အတူအိပ်ချင်ရှာမှာပေါ့လေဆိုပြီး ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်ထင်သလို မဟုတ်တာကို ဧည့်သည်တွေအကုန်ပြန်သွားမှပဲ သိရတယ်။
ဧည့်သည်တွေအကုန်ပြန်သွားတာနဲ့ သီဟနိုင်က ကျွန်တော့်ကို စကားမပြောတော့ပါ။ ကျွန်တော် ဘယ်လိုပဲ လိုက်ပြီးစကားပြောပြော သီဟနိုင်က ကျွန်တော့်ကို နည်းနည်းမှ အဖက်မလုပ်။
"ကလေးလေး ကိုယ့်ကို စိတ်ကောက်နေတာလား"
ဘာမှပြန်မဖြေ....
"ကိုကို ဘာအမှားလုပ်မိလို့လဲကွာ"
"ကျွန်တော်အပြင်ခဏသွားမယ်။ ခင်ဗျား နောက်ကလိုက်မလာနဲ့"
"ဟာ။ ကလေးတစ်ယောက်တည်း စိတ်မချပါဘူး"
"ရတယ်။ ကျွန်တော့်မှာ ရည်းစားဟောင်းဘာညာမရှိလို့ ခင်ဗျားစိတ်ပူစရာမလိုပါဘူး"
"ဟမ်! ကလေးလေး စံပါယ့်ကိုဖိတ်လို့ စိတ်ကောက်နေတာလား။ စံပါယ်က ကိုယ့်သူငယ်ချင်းလေကွာ။ တခြားသူငယ်ချင်းတွေကြ ဖိတ်ပြီး သူ့တစ်ယောက်တည်း ကွက်ပြီးချန်ထားရင် ဘယ်လိုလုပ်ကောင်းမှာလဲ။ ပြီးတော့ သူ့မှာလည်း ရည်းစားနဲ့ ကိုယ့်မှာလည်း ကလေးနဲ့လေ"
သီဟနိုင်က ကျွန်တော်ပြောနေတာကို နည်းနည်းမှအဖက်မလုပ်ဘဲ အိပ်ခန်းထဲကို ဝင်သွားတာကြောင့် ကျွန်တော်က အနောက်ကနေလိုက်ပြီး စကားကို ဆက်ရတယ်။
"ပြီးတော့ သူနဲ့ကိုယ်က ရည်းစားဟောင်းဆိုတဲ့အကန့်ကလွဲရင် ဘာခံစားချက်မှလည်း ရှိကြတော့တာမဟုတ်ဘူး"
ကျွန်တော်ပြောနေတုန်းမှာပဲ သီဟနိုင်က အဝတ်အစားတွေ အကုန်ချွတ်ချလိုက်တာကြောင့် ကျွန်တော့်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။
ဒါနဲ့လေ ကျွန်တော် စကားဖြတ်ပြောတာ မဟုတ်ပါဘူး။ အဝတ်အစားတွေအကုန်ချွတ်ချထားတဲ့ ကျွန်တော့်ကလေးလေးက တကယ်ကိုလှတာ။ လှလွန်းလို့ အားကုန်ကျုံးပစ်ချင်တဲ့စိတ်ကို ကျွန်တော့်မှာ မနည်းထိန်းထားရတယ်။
"ကလေးလေး ဘာလုပ်"
" ရေချိုးမလို့"
ကျွန်တော့်အမေးကို ချက်ချင်းပြန်ဖြေပြီး သီဟနိုင်က ရေချိုးခန်းထဲကို ဝင်သွားတယ်။
"ဟမ်... အတူတူချိုးမယ်လေ ကလေးလေးရဲ့"
ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ကိုယ်မှာ ကပ်နေတဲ့ အဝတ်တွေကို အမြန်ချွတ်ချလိုက်တယ်။ ပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်ဖို့ပြင်လိုက်တုန်းမှာပဲ အထဲကနေ ဂျောက်ကနဲမြည်သံနဲ့အတူ တံခါးဟာလည်း ဖွင့်မရတော့ပေ။
"........."
-----***-----
(15)မိနစ်လောက်ကြာတော့ ရေချိုးခန်းထဲကနေ သီဟနိုင်ပြန်ထွက်လာတယ်။ ချွတ်ထားတဲ့အဝတ်တွေ ပြန်ဝတ်မထားတဲ့အတွက် ကိုယ်တုံးလုံးဖြစ်နေတဲ့ ကျွန်တော့်ကို သီဟနိုင်က တစ်ချက်ကြည့်ပြီး သူ့ရဲ့အောက်ပိုင်းမှာ ပတ်ထားတဲ့ တဘက်ကို ဖြေချလိုက်တာကြောင့် ကျွန်တော့်မှာ တံတွေးကို မနည်းမျိုချလိုက်ရတယ်။
ဒီကောင်လေး လူကို ဘယ်လိုတောင် ပြုစားနေတာလဲ။
"ကိုယ်သုတ်ပေးမှာပေါ့... ပေး ပေး ကလေး"
သီဟနိုင်က ခုနက ဖြေချလိုက်တဲ့ တဘက်နဲ့ပဲ သူ့ခေါင်းကိုသုတ်နေတာကြောင့် ကျွန်တော်က အမြန်ပြေးပြီး ဆွဲယူလိုက်တယ်။
"ဟိုဘက်လှည့်ကလေးလေး... အနောက်ကို အရင်သုတ်ရအောင်"
"ခင်ဗျားကို စိတ်မကြည်နေတဲ့ ဒီလိုအချိန်မှာ ကျွန်တော် ခင်ဗျားကို ဖင်ပေးမယ်ထင်နေတာလား"
"ဟာ ကိုယ်က ရိုးရိုးသားသား..."
"ဒါလား ရိုးရိုးသားသားက"
အစွမ်းကုန်ထောင်မတ်နေတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပစ္စည်းကို လက်နဲ့တောက်လို့ သီဟနိုင်က ဖြတ်ပြောလိုက်တယ်။
"အဲ့ဒါကတော့ ကလေးက ဆွဲဆောင်မှုရှိတာကိုးလို့"
ရယ်ရယ်မောမောနဲ့ ကျွန်တော်က ပြန်ဖြေလိုက်တော့ သီဟနိုင်က မျက်နှာကိုမဲ့တယ်။ နောက်တော့ မဆီမဆိုင်နဲ့ပဲ
"အဲ့ဒါဆို မမစံပါယ်ကတော့ ထားပါတော့ ဟိုကောင်နေလင်းကိုရော ဘာလို့ဖိတ်တာလဲပြော"
"သူက အိမ်နီးချင်းလေကွာ။ သူ့တစ်အိမ်တည်း ကွက်ပြီး ချန်ထားလို့..."
"အပိုတွေ အပိုတွေ၊ ခင်ဗျားကိုက သူတို့ကို တွေ့ချင်နေတာမလား။ ဖယ်။ ကျွန်တော် အကျီဝတ်တော့မယ်"
သီဟနိုင်က ကျွန်တော့်ကို တွန်းတွန်းတိုက်တိုက်နဲ့ အဝတ်ဗီရိုထဲကနေ အဝတ်အစားတွေ ထုတ်လို့ ဝတ်ဆင်လေတယ်။
"ဟာကွာ။ ကိုယ့်မှာ ကလေးတစ်ယောက်လုံးရှိနေတာကို ဘာကိစ္စ ကိုယ်က သူတို့နဲ့တွေ့ချင်ရမှာလဲ"
" မယုံဘူး။ အကိုသူရစိုး... ခင်ဗျား မှန်မှန်ပြော ကိုနေလင်းနဲ့နီးအောင်လို့ ဒီနေရာကို သေချာဝယ်လိုက်တာမလား၊ ခင်ဗျား ကျွန်တော်မရှိတဲ့အချိန်မှာ သူနဲ့ဖောက်ပြန်..."
"သီဟနိုင်!!!"
စိတ်တိုလာတာနဲ့ ကျွန်တော် အသံကိုမြှင့်ပြီး ပိတ်အော်ပစ်လိုက်တယ်။ ကျွန်တော့်အော်သံကြောင့် သီဟ့ကိုယ်လေး ဆတ်ကနဲတုန်သွားပေမယ့်"ဘာတုန်း"ဆိုပြီး ကျွန်တော့်ထက် မလျော့တဲ့လေသံနဲ့ ခပ်မာမာပြန်ထူးလေတယ်။
"မင်း ငါ့အချစ်ကို မစော်ကားနဲ့သီဟနိုင်။ ငါ မင်းကို ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်မြတ်နိုးတယ်ဆိုတာကို မင်းအသိဆုံး။ စံပါယ်နဲ့ငါက တွဲခဲ့ဖူးတယ်၊ ဟုတ်တယ်။ ဒါပေမဲ့ အခုချိန်မှာ သူ့အပေါ်ကို ဘာစိတ်မှရှိမနေတော့ဘူး။ ပြီးတော့ နေလင်း။ သူနဲ့အိပ်ဖူးတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒါက မတော်တဆပဲ။ သူနဲ့အဲ့လိုဖြစ်ပြီး သူက ငါနဲ့တွဲဖို့ အကြိမ်ကြိမ်းကြိုးစားပေမယ့် ငါမတွဲခဲ့ဘူး။ အဲ့ဒါကြောင့် သူ့အိမ် ဘယ်နားမှာလဲဆိုတာကို ငါ တကယ်မသိခဲ့ဘူး။ ဟိုတစ်ခါ မင်းနဲ့အတူ တွေ့ရတဲ့နေ့ကျမှပဲ ငါလည်းသိခဲ့တာ။ အဲ့တုန်းက ငါ မင်းကို မမေးခဲ့ဘူးလား၊ အဆင်ပြေရဲ့လား၊ ခြံကိုပြန်ရောင်းမလားဆိုပြီးတော့လေ။ မင်းပဲ ကျွန်တော်က အတိတ်ကိုပြန်ပြောပြီး ခံစားနေမယ့်သူမဟုတ်ဘူးဆို၊ ပြန်မရောင်းနဲ့ဆို၊ မင်းပဲပြောခဲ့တာလေ။ မင်းပဲ အဲ့လိုပြောခဲ့တာမဟုတ်ဘူးလား သီဟနိုင်။
ပြီးတော့ မင်း ငါ့အချစ်ကို မစော်ကားနဲ့ သီဟနိုင်။ မင်း မကျေနပ်ရင် ငါ့ကို ကြိုက်သလိုလုပ်၊ ငါ မင်းကို ပြန်လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့အချစ်ကို မယုံတာတို့ဘာတို့တော့ လာမလုပ်နဲ့။ အဲ့လိုအပြောခံရတာက အသားနားတာထက် ပိုခံရခက်တယ်"
ပြောပြီး ကျွန်တော် ရေချိုးခန်းထဲကို အမြန်ဝင်လာလိုက်တယ်။ အပြင်မှာ သီဟနိုင်တစ်ယောက် ဘယ်လိုပုံနဲ့ ကျန်နေခဲ့မလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး။
19.1.2022