ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

843K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.17

1.5K 312 80
By devil61002

တစ္ၿမိဳ႔လံုး ရႈပ္ယက္ခတ္ေနခ်ိန္တြင္ Shun သည္ Ruzel ၏ အခန္းထဲတြင္ ေပၚလာခဲ့သည္ ။

" ထြက္ေျပးဖို႔ စိတ္မပါတဲ့သူအတြက္ ေျပာင္းေရြ့အစီအရင္ထားခဲ့ရတာ အဆင္ေတာ့မေျပဘူး.. " Shun က သူ႔ထားခဲ့သၫ့္ စကၠူအပိုင္းအစေလးမွာ လြင့္ပစ္ခံထားရသည္ကို ေတြ့လိုက္ရသျဖင့္ သေဘာတက်ေရရြတ္လိုက္သည္ ။

" ဒါေပမဲ့.. ကိုယ့္ခ်စ္သူေလးက လူေကာင္းအျဖစ္ ေကာင္းေကာင္းေဆာင္ရြက္ေနတာ အရမ္းေကာင္းတာဘဲ "

သူက Ruzel ၏ ေသြးနံ႔အတိုင္း အာရံုခံလ်က္ အခန္းမွ ထြက္လာခဲ့သည္ ။

အႏိုင္ရသြားသၫ့္ စစ္တပ္သည္ စံအိမ္ေတာ္အထိ က်ဳးေက်ာ္လာၿပီျဖစ္ကာ အိပ္ရာထက္တြင္ အနားမယူႏိုင္သၫ့္ Ruzel သည္ ေနာက္ဆံုးအထိ ခံတိုက္ေနေသာ သူမ်ားထံသို႔ သြားေနခဲ့သည္ ။ ေျခတစ္လွမ္းလွမ္းဖို႔ပင္ မနည္း အားစိုက္ေနရ‌ေသာ အားနည္းလြန္းသၫ့္ သူ႔ကိုယ္သူ အားမလိုအားမရျဖစ္မႈေၾကာင့္ ေဒါသထြက္လာသည္ ။

သည္အခ်ိန္တြင္ Genl သည္ အလ်င္အျမန္ေျပးလာခဲ့သည္ကို ေတြ့လိုက္ရသည္ ။

" Ruzel Sama အေျခအေနမေကာင္းဘူး .. အခုခ်က္ခ်င္းထြက္ေျပးပါေတာ့ .."

Ruzelသည္ ‌နံရံကို ေထာက္ကာ မတ္တပ္ရပ္ေနရာမွ မ်က္လႊာခ်လိုက္သည္ ။ " ဒါက အကုန္လံုးကို ေသခ်ာမဦးေဆာင္ႏိုင္ခဲ့တဲ့ ကြၽန္ေတာ္အမွားပါ .. ၿပီးေတာ့ အစကတည္းက အဖမ္းခံခဲ့ရင္ အနည္းဆံုးေတာ့ လူေတြေသစရာမလိုေတာ့ဘူး "

Genl က Ruzel ၏ စကားအား လက္မခံသၫ့္ဟန္ ေခါင္းခါလိုက္သည္ ။ " မဟုတ္ဘူး .. သခင္ေလးသာ ..."

" ေတာ္ေတာ့ .. စစ္သည္ေတြ အကုန္လံုးကို လက္နက္ခ်ခိုင္းၿပီး သစၥာေဖာက္အျဖစ္ ကြၽန္ေတာ့္ကို သူတို႔ဆီ ေပးလိုက္ပါ .. " ထိုနည္းျဖင့္ သူတို႔ျဖစ္ေစခ်င္သၫ့္အတိုင္း သူ႔အား တရားခံအျဖစ္ ရယူၿပီး ေတာ္ဝင္မိသားစု၏ အျပစ္ကို ဖံုးကြယ္ႏိုင္လိမ့္မည္ ။ ဒါ့အျပင္ က်န္ရိွေနသၫ့္ Loryard မိသားစုမွ သူမ်ားလဲ အျပစ္ကင္းလြတ္ႏိုင္လိမ့္မည္ ။

ျငင္းပယ္ရန္ ျပင္ေနသၫ့္ Genl အား စူးစိုက္ၾကၫ့္ရင္း Ruzel က ေအးစက္စြာ ေျပာလိုက္သည္ ။ " ဒါက အမိန႔္ဘဲ "

' အဲ့ေတာ့ ..ဇာတ္ေၾကာင္းထဲက Loryard မိသားစု အသက္ခ်မ္းသာရာရသြားတဲ့ အေၾကာင္းအရင္းက ဒါေပါ့ေလ ' Shun က ထိုအေၾကာင္းအား စဉ္းစားလိုက္ၿပီး ႏူတ္ခမ္းမဲ့သြားသည္ ။ တစ္ေယာက္သည္ အၿမဲသတိထားသင့္သည္ ။ သူသာ ဇာတ္ေၾကာင္းအား မ်က္လံုး စံုမိွတ္ယံုၾကည္မိၿပီး ျပင္ဆင္မႈတခ်ိဳ႕ မျပဳလုပ္ခဲ့ပါက ယခုအခ်ိန္တြင္ ျဖစ္ေပၚလာမၫ့္ ဆံုးရႈံးမႈက ဖာေထး၍ မရေခ် ။

ထိုအခ်ိန္တြင္ ပံုရိပ္ေလးခုက တၿပိဳင္နက္ Ruzel အေရ႔ွတြင္ ေပၚလာခဲ့သည္ ။ မ်ိဳးရိုးျမင့္သၫ့္ သခင္ေလးတိုင္းနီးပါး အေစာင့္အေရွာက္ မ်ား ရိွၾကသည္ ။ ထိုသူမ်ားသည္ Ruzel ၏ သီးသန႔္ အေစာင့္အေရွာက္မ်ားပင္ ။

" မျဖစ္ပါဘူး .. သခင္ေလး .. အခု Loryard မိသားစုမွာ ဆက္ခံသူဆိုလို႔ သခင္ေလးဘဲ ရိွပါေတာ့တယ္ .." Ruzel သည္ ဆံုးျဖတ္ၿပီးသားအမႈအရာျဖင့္ ေအးစက္စြာ ၾကၫ့္ေနသည္ ။ အဆင့္အတန္းကို အေလးထားသၫ့္ ဤကမ႓ာတြင္ သစၥာေဖာက္ျဖစ္ရျခင္းက ဆိုးရြားလြန္းသၫ့္ အရာျဖစ္ကာ သူ႔လို ေမာက္မာသၫ့္ သခင္ေလးအတြက္ မခံရပ္ႏိုင္စရာပင္။ သို႔ေသာ္ သူ႔တြင္ တတ္ႏိုင္သၫ့္အရာဟူ၍ ဤအရာသာလ်ွင္ရိွသည္ ။

" အားနည္းလြန္းတယ္လို႔ ခံစားရလား ? "

‌ေ‌လေအးတစ္ခ်က္ တိုက္ခတ္သြားခဲ့ၿပီး နားထဲတြင္ ေပၚလာသၫ့္ အသံေၾကာင့္ Ruzel ၏ မ်က္ဝန္းမ်ား ေတာင့္တင္းသြားသည္ ။ " ဘယ္သူလဲ ?? "

" ငါက မင္းကို အဆံုးမရိွတဲ့အင္အားေတြ ေပးႏိုင္တဲ့သူဘဲ ! ငါ့အေစခံ ျဖစ္လာၿပီး မင္းကို သစၥာေဖာက္တဲ့သူ‌ေတြကို ဖ်က္ဆီးပစ္လိုက္ .."

အေျခအေနအား ၾကၫ့္ေနသၫ့္ Shun က Ruzel အနားတြင္ ရစ္ဝဲေနသၫ့္ ေသြးျမဴအား ၾကၫ့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။ သူ႔လက္နွစ္‌ေခ်ာင္းအား အေရ႔ွသို႔ ဆန႔္တန္းလိုက္ကာ ေသြးျမဴထံသို႔ ၫႊန္လိုက္သည္ ။

Ruzel အား ေသြးေဆာင္ေနသၫ့္ ျမဴခိုးသ႑ာန္မေကာင္းဆိုးဝါးသည္ Shun ၏ တည္ရိွမႈကို ခံစားမိဟန္ျဖင့္ လႈပ္လႈပ္ရွားရွားျဖစ္လာသည္ ။ " ေသြးစြမ္းရည္ ! .. ဟားးဟားး ဘယ္ေလာက္ ကံေကာင္းလိုက္လဲ .. အရင္တစ္ခါက ဟိုအဘိုးႀကီးေနွာက္ယွက္လို႔ ဘာမွမလုပ္ႏိုင္လိုက္ေပမဲ့ အခု ေတာ့ မင္းကိုယ္တိုင္ ငါ့ေရ႔ွကို ေရာက္လာတာဘဲ .. ဟီးးဟီးး "

ေသြးျမဴသည္ Ruzel ထံမွတဆင့္ Shun ထံသို႔ ေရြ့လ်ားသြားသည္ ။ Ruzel သည္ ဝိညာဉ္မရိွေတာ့သၫ့္ သူတစ္ေယာက္အလား ၾကမ္းျပင္ေပၚသို႔ ပံုလ်က္ လဲက်သြားခဲ့သည္။

ရုတ္ခ်ည္းလဲက်သြားသၫ့္ Ruzel ေၾကာင့္ Genl သည္ ဆံုးျဖတ္ခ်က္တစ္ခုအား အရဲစြန႔္ကာ ခ်လိုက္ေတာ့သည္ ။ သူက အေစာင့္အေရွာက္စစ္သည္မ်ားကို ၾကၫ့္လိုက္ၿပီး " မင္းတို႔ သခင္ေလးကို လ်ိဳ႕ဝွက္ခန္းထဲ ပို႔ထားေခ် .. "

***
" မင္းက သူ႔ကို ထိခိုက္ေအာင္ လုပ္ရဲတယ္ !! " Shun ၏ အမႈအရာက ရုတ္ခ်ည္း ေအးစက္သြားသည္ ။ သူက ကိုယ္တိုင္သန္မာလာေအာင္ လြတ္ေပးထားေသာ္လည္း ထိုအရာက အကန႔္အသတ္မရိွဟု မဆိုလိုေနေပ ။ သူ႔ထံသို႔ တိုးဝင္လာေနသၫ့္ ေသြးျမဴအား ၾကၫ့္ရင္း လက္ႏွစ္ဖက္အား ဆန႔္ထုတ္လိုက္သည္ ။

" ေကာင္ေလး ! ႀကိဳးစားမေနနဲ႔ ငါ့ေလာက္ ေသြးစြမ္းရည္ကိုနားလည္တဲ့သူဆိုတာ ဒီေလာကႀကီးမွာ မရိွဘူး .. " ေသြးျမဴထဲမွ ထြက္လာသၫ့္ အသံသည္ ေမာက္မာမႈကို သယ္ေဆာင္ကာ Shun အား အထင္ေသးေနသၫ့္ ပံုပင္ ။ " မင္းကို တကယ့္ ေသြးစြမ္းအင္ကို ျပမယ္ .."

" ေသြးပညာ !! ဝိညာဉ္အၿငိဳး!! "

ေရရြတ္သံႏွင့္အတူ ေသြးျမဴထဲမွ မေရတြက္ႏိုင္သၫ့္ အနက္ေရာင္ အခိုးအေငြ့မ်ား ထိုးထြက္လာသည္ ။ ထိုအခိုးအေငြ့မ်ားမွ အၿငိဳးအေတးစြမ္းအင္မ်ား ျဖာထြက္ေနၿပီး မႏွစ္ၿမိဳ႔ဖြယ္ အေငြ့အသက္ကို ေပးစြမ္းေနသည္ ။ အသဲအသန္ေတြးေနစရာမလိုေခ် ။ ထိုအၿငိဳးအေတးမ်ားသည္ ဤေသြးမေကာင္းဆိုးရြား သတ္ထားသၫ့္ လူမ်ား၏ ဝိညာဉ္မ်ားမွ ျဖစ္လိမ့္မည္။ ေသြးျမဴမွ အနီေရာင္မ်က္လံုးႏွစ္လံုး ေပၚလာကာ Shun အား ေလွာင္ေျပာင္ေနသၫ့္ဟန္ ေပၚေနသည္။ ထိုမ်က္လံုးမ်ား၏ အၾကၫ့္က Ruzel ၏ ကိုယ္အား သယ္ေဆာင္သြားသၫ့္ ေနရာသို႔ ေရာက္သြားၿပီး

" အဲ့ေကာင္ေလးလဲ မၾကာခင္ ဒီထဲက တစ္ခုျဖစ္လာလိမ့္မယ္ .. ဘယ္လိုလဲ ဒီစြမ္းရည္က အံ့ဩစရာမေကာင္းဘူးလား .. အားထုတ္စရာမလိုတဲ့ သတ္ျဖတ္မႈ‌ေလးဘဲ "

" ၾကၫ့္ပါဦး.. ဒီေလာက္ ဒဏ္ရာရထားတာေတာင္ ဝိညာဉ္က ဒီေလာက္ခိုင္ခံ့ေနတယ္ ... စီးဆင္းေနတဲ့ စြမ္းအင္ေတြက အရမ္းလွလြန္းလို႔ ခ်က္ခ်င္း ေသေစခ်င္စိတ္ေပါက္တယ္"

Shunရဲ့အၾကၫ့္က ေလထဲတြင္ လြင့္ေမ်ာေနသၫ့္ အလင္းလံုးေလးထံေရာက္သြားသည္ ။ သူ႔အမႈအရာကေအးစက္ေနရာမွထူးမျခားနားဟန္ေပါက္သြားသည္ ။ ရုတ္ခ်ည္း ေခါင္းေစာင္းလိုက္သျဖင့္ က်ိဳးက်သြားသည္ဟုပင္ ထင္ရသည္ ။ ၿပီးေနာက္ ေသြးျမဴအား မ်က္လံုးလန္ ၾကၫ့္လိုက္သည္ ။

" ေတာ္ၿပီ " ခံစားခ်က္မဲ့သၫ့္ အသံနဲ႔အတူ သူသည္ ေျခရာေဖ်ာက္ထားရာမွ ပံုသ႑ာန္ေပၚလာခဲ့သည္ ။ ‌ထိုေၾကာင့္ ေဖ်ာက္ထားသၫ့္ အရိွန္အဝါမ်ားမွာလဲ ပတ္ဝန္းက်င္ရိွ လူမ်ားကို လည္ပင္း ညစ္ထားသလို ခံစားရေစသည္ ။ တိုက္ခိုက္ေနသၫ့္ လူတိုင္းသည္ အခ်ိန္ရပ္တန႔္သြားသလို လႈပ္ရွားႏိုင္ျခင္း မရိွေတာ့ေပ ။

" သတ္ပစ္‌ေတာ့မယ္ .. မင္းေရာ အဲ့လူေတြေရာ သတ္ပစ္လိုက္‌ေ‌တာ့မယ္ "

စံအိမ္၏ ေလ်ွာက္လမ္းတစ္ေလ်ွာက္တြင္ ေျခသံဖြဖြသာ ၾကားေနရသည္ ။ ဆန႔္ထုတ္ထားသၫ့္ လက္ႏွစ္ဖက္ကို ေအးေဆးသက္သာစြာ ေဘာင္းဘီအိတ္ထဲ ထၫ့္လိုက္သၫ့္ လူက ခုနက စိတ္ပူေနသၫ့္သူ မဟုတ္သၫ့္ဟန္ ။ နားဆြဲမွ တဆင့္ ထုတ္လႊတ္သၫ့္ အလင္းတန္းသည္ ရုတ္တရက္ ေျပာင္းလဲသြားသၫ့္ ပိုင္ရွင္၏ ဆိုးရြားသၫ့္ စိတ္အေျခအေနအား မဖိႏိွပ္ႏိုင္ေတာ့ေခ် ။ အျဖဴေရာင္အလင္းတန္းသည္ ေသြးနီေရာင္အလင္းတန္းသို႔ ေျပာင္းလဲသြားေတာ့သည္ ။

" ဟား ဟား ရယ္ရတဲ့ ေကာင္ေလး " ေသြးျမဴ ၏ထံမွ ေလွာင္ရယ္သံ ထြက္လာသည္နဲ႔ တၿပိဳင္နက္ Ruzel ၏ ဝိညာဉ္ထံမွ ခပ္သဲ့သဲ့ ၿငီးျငဴသံထြက္လာသည္ ။

/ သခင္ .. အသက္အႏၲရယ္ၿခိမ္းေျခာက္မႈေၾကာင့္ ခ်ိတ္ပိတ္မႈ ေျပလုနီးပါးျဖစ္ေနၿပီ /

" အာ..ဒီေလာက္ ေဒါသမထြက္ရတာေတာင္ ေတာ္ေတာ္ၾကာၿပီဘဲ .." Shun က ညာဘက္လက္အား ထုတ္ကာ လက္ဆန႔္လိုက္သည္ ။ " ေစာက္ရမ္း စိတ္အေနွာက္အယွက္ေပးတဲ့ အတြက္ ေက်းဇူးဘဲ "

စကားဆံုးသည္နဲ႔ လက္သီးဆုပ္လိုက္ၿပီး တစ္စံုတစ္ခုအား ေရရြတ္လိုက္သည္။

" ေသြးမိစၧာပညာ .. အႂကြင္းမဲ့ ေသြးဂယက္ " ‌

ေသြးလိႈင္းမ်ားသည္ Shun အား ဦးတည္လ်က္ ဝဲဂယက္သဖြယ္ ျဖစ္တည္လာသည္ ။ မၿငိမ္မသက္အေျခအေနေၾကာင့္ ရပ္တန႔္ေနသၫ့္ သူအားလံုး အေဝးသို႔ လြင့္စင္သြားၾကၿပီး ေမွာ္ဆရာအနည္းငယ္ကသာ ထိန္းထားႏိုင္ရံုဆိုမ်ွ ထိန္းထားႏိုင္ၾကသည္ ။ နံရံမ်ား ပ်က္စီးသြားျခင္းေၾကာင့္ အတြင္းမွ အျဖစ္အပ်က္အား ရွင္းရွင္းလင္းလင္း ျမင္လိုက္ၾကရသည္။

" အဲ့လူက ဘယ္သူလဲ? Loryard မိသားစုမွာ ဒီေလာက္အစြမ္းထက္တဲ့သူ ရိွေနတာလား ? သူတို႔ ၿမိဳ႔အရွင္ ျပန္ေရာက္လာတာလား ? "

တဖက္တြင္ Genl က ပါးစပ္အေဟာင္းသားျဖစ္ေနခဲ့သည္။ ဤ ရုပ္ရည္အား သူက ရင္းရင္းႏွီးႏွီး သိေနခဲ့သည္ မဟုတ္ပါလား ။

___________
ၾကာသြားမယ္ဆိုတာ သိေပမဲ့ .. စိတ္မေကာင္းပါဘူး ..

ကိုယ္ေတြဘက္က အေျခအေနသိပ္မေကာင္းလို႔ ..
_____________
Unicode

တစ်မြို့လုံး ရှုပ်ယက်ခတ်နေချိန်တွင် Shun သည် Ruzel ၏ အခန်းထဲတွင် ပေါ်လာခဲ့သည် ။

" ထွက်ပြေးဖို့ စိတ်မပါတဲ့သူအတွက် ပြောင်းရွေ့အစီအရင်ထားခဲ့ရတာ အဆင်တော့မပြေဘူး.. " Shun က သူ့ထားခဲ့သည့် စက္ကူအပိုင်းအစလေးမှာ လွင့်ပစ်ခံထားရသည်ကို တွေ့လိုက်ရသဖြင့် သဘောတကျရေရွတ်လိုက်သည် ။

" ဒါပေမဲ့.. ကိုယ့်ချစ်သူလေးက လူကောင်းအဖြစ် ကောင်းကောင်းဆောင်ရွက်နေတာ အရမ်းကောင်းတာဘဲ "

သူက Ruzel ၏ သွေးနံ့အတိုင်း အာရုံခံလျက် အခန်းမှ ထွက်လာခဲ့သည် ။

အနိုင်ရသွားသည့် စစ်တပ်သည် စံအိမ်တော်အထိ ကျုးကျော်လာပြီဖြစ်ကာ အိပ်ရာထက်တွင် အနားမယူနိုင်သည့် Ruzel သည် နောက်ဆုံးအထိ ခံတိုက်နေသော သူများထံသို့ သွားနေခဲ့သည် ။ ခြေတစ်လှမ်းလှမ်းဖို့ပင် မနည်း အားစိုက်နေရ‌သော အားနည်းလွန်းသည့် သူ့ကိုယ်သူ အားမလိုအားမရဖြစ်မှုကြောင့် ဒေါသထွက်လာသည် ။

သည်အချိန်တွင် Genl သည် အလျင်အမြန်ပြေးလာခဲ့သည်ကို တွေ့လိုက်ရသည် ။

" Ruzel Sama အခြေအနေမကောင်းဘူး .. အခုချက်ချင်းထွက်ပြေးပါတော့ .."

Ruzelသည် ‌နံရံကို ထောက်ကာ မတ်တပ်ရပ်နေရာမှ မျက်လွှာချလိုက်သည် ။ " ဒါက အကုန်လုံးကို သေချာမဦးဆောင်နိုင်ခဲ့တဲ့ ကျွန်တော်အမှားပါ .. ပြီးတော့ အစကတည်းက အဖမ်းခံခဲ့ရင် အနည်းဆုံးတော့ လူတွေသေစရာမလိုတော့ဘူး "

Genl က Ruzel ၏ စကားအား လက်မခံသည့်ဟန် ခေါင်းခါလိုက်သည် ။ " မဟုတ်ဘူး .. သခင်လေးသာ ..."

" တော်တော့ .. စစ်သည်တွေ အကုန်လုံးကို လက်နက်ချခိုင်းပြီး သစ္စာဖောက်အဖြစ် ကျွန်တော့်ကို သူတို့ဆီ ပေးလိုက်ပါ .. " ထိုနည်းဖြင့် သူတို့ဖြစ်စေချင်သည့်အတိုင်း သူ့အား တရားခံအဖြစ် ရယူပြီး တော်ဝင်မိသားစု၏ အပြစ်ကို ဖုံးကွယ်နိုင်လိမ့်မည် ။ ဒါ့အပြင် ကျန်ရှိနေသည့် Loryard မိသားစုမှ သူများလဲ အပြစ်ကင်းလွတ်နိုင်လိမ့်မည် ။

ငြင်းပယ်ရန် ပြင်နေသည့် Genl အား စူးစိုက်ကြည့်ရင်း Ruzel က အေးစက်စွာ ပြောလိုက်သည် ။ " ဒါက အမိန့်ဘဲ "

' အဲ့တော့ ..ဇာတ်ကြောင်းထဲက Loryard မိသားစု အသက်ချမ်းသာရာရသွားတဲ့ အကြောင်းအရင်းက ဒါပေါ့လေ ' Shun က ထိုအကြောင်းအား စဉ်းစားလိုက်ပြီး နူတ်ခမ်းမဲ့သွားသည် ။ တစ်ယောက်သည် အမြဲသတိထားသင့်သည် ။ သူသာ ဇာတ်ကြောင်းအား မျက်လုံး စုံမှိတ်ယုံကြည်မိပြီး ပြင်ဆင်မှုတချို့ မပြုလုပ်ခဲ့ပါက ယခုအချိန်တွင် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုက ဖာထေး၍ မရချေ ။

ထိုအချိန်တွင် ပုံရိပ်လေးခုက တပြိုင်နက် Ruzel အရှေ့တွင် ပေါ်လာခဲ့သည် ။ မျိုးရိုးမြင့်သည့် သခင်လေးတိုင်းနီးပါး အစောင့်အရှောက် များ ရှိကြသည် ။ ထိုသူများသည် Ruzel ၏ သီးသန့် အစောင့်အရှောက်များပင် ။

" မဖြစ်ပါဘူး .. သခင်လေး .. အခု Loryard မိသားစုမှာ ဆက်ခံသူဆိုလို့ သခင်လေးဘဲ ရှိပါတော့တယ် .." Ruzel သည် ဆုံးဖြတ်ပြီးသားအမှုအရာဖြင့် အေးစက်စွာ ကြည့်နေသည် ။ အဆင့်အတန်းကို အလေးထားသည့် ဤကမ်ဘာတွင် သစ္စာဖောက်ဖြစ်ရခြင်းက ဆိုးရွားလွန်းသည့် အရာဖြစ်ကာ သူ့လို မောက်မာသည့် သခင်လေးအတွက် မခံရပ်နိုင်စရာပင်။ သို့သော် သူ့တွင် တတ်နိုင်သည့်အရာဟူ၍ ဤအရာသာလျှင်ရှိသည် ။

" အားနည်းလွန်းတယ်လို့ ခံစားရလား ? "

‌ေ‌လအေးတစ်ချက် တိုက်ခတ်သွားခဲ့ပြီး နားထဲတွင် ပေါ်လာသည့် အသံကြောင့် Ruzel ၏ မျက်ဝန်းများ တောင့်တင်းသွားသည် ။ " ဘယ်သူလဲ ?? "

" ငါက မင်းကို အဆုံးမရှိတဲ့အင်အားတွေ ပေးနိုင်တဲ့သူဘဲ ! ငါ့အစေခံ ဖြစ်လာပြီး မင်းကို သစ္စာဖောက်တဲ့သူ‌တွေကို ဖျက်ဆီးပစ်လိုက် .."

အခြေအနေအား ကြည့်နေသည့် Shun က Ruzel အနားတွင် ရစ်ဝဲနေသည့် သွေးမြူအား ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည် ။ သူ့လက်နှစ်‌ချောင်းအား အရှေ့သို့ ဆန့်တန်းလိုက်ကာ သွေးမြူထံသို့ ညွှန်လိုက်သည် ။

Ruzel အား သွေးဆောင်နေသည့် မြူခိုးသဏ္႑ာန်မကောင်းဆိုးဝါးသည် Shun ၏ တည်ရှိမှုကို ခံစားမိဟန်ဖြင့် လှုပ်လှုပ်ရှားရှားဖြစ်လာသည် ။ " သွေးစွမ်းရည် ! .. ဟားးဟားး ဘယ်လောက် ကံကောင်းလိုက်လဲ .. အရင်တစ်ခါက ဟိုအဘိုးကြီးနှောက်ယှက်လို့ ဘာမှမလုပ်နိုင်လိုက်ပေမဲ့ အခု တော့ မင်းကိုယ်တိုင် ငါ့ရှေ့ကို ရောက်လာတာဘဲ .. ဟီးးဟီးး "

သွေးမြူသည် Ruzel ထံမှတဆင့် Shun ထံသို့ ရွေ့လျားသွားသည် ။ Ruzel သည် ဝိညာဉ်မရှိတော့သည့် သူတစ်ယောက်အလား ကြမ်းပြင်ပေါ်သို့ ပုံလျက် လဲကျသွားခဲ့သည်။

ရုတ်ချည်းလဲကျသွားသည့် Ruzel ကြောင့် Genl သည် ဆုံးဖြတ်ချက်တစ်ခုအား အရဲစွန့်ကာ ချလိုက်တော့သည် ။ သူက အစောင့်အရှောက်စစ်သည်များကို ကြည့်လိုက်ပြီး " မင်းတို့ သခင်လေးကို လျို့ဝှက်ခန်းထဲ ပို့ထားချေ .. "

***
" မင်းက သူ့ကို ထိခိုက်အောင် လုပ်ရဲတယ် !! " Shun ၏ အမှုအရာက ရုတ်ချည်း အေးစက်သွားသည် ။ သူက ကိုယ်တိုင်သန်မာလာအောင် လွတ်ပေးထားသော်လည်း ထိုအရာက အကန့်အသတ်မရှိဟု မဆိုလိုနေပေ ။ သူ့ထံသို့ တိုးဝင်လာနေသည့် သွေးမြူအား ကြည့်ရင်း လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်သည် ။

" ကောင်လေး ! ကြိုးစားမနေနဲ့ ငါ့လောက် သွေးစွမ်းရည်ကိုနားလည်တဲ့သူဆိုတာ ဒီလောကကြီးမှာ မရှိဘူး .. " သွေးမြူထဲမှ ထွက်လာသည့် အသံသည် မောက်မာမှုကို သယ်ဆောင်ကာ Shun အား အထင်သေးနေသည့် ပုံပင် ။ " မင်းကို တကယ့် သွေးစွမ်းအင်ကို ပြမယ် .."

" သွေးပညာ !! ဝိညာဉ်အငြိုး!! "

ရေရွတ်သံနှင့်အတူ သွေးမြူထဲမှ မရေတွက်နိုင်သည့် အနက်ရောင် အခိုးအငွေ့များ ထိုးထွက်လာသည် ။ ထိုအခိုးအငွေ့များမှ အငြိုးအတေးစွမ်းအင်များ ဖြာထွက်နေပြီး မနှစ်မြို့ဖွယ် အငွေ့အသက်ကို ပေးစွမ်းနေသည် ။ အသဲအသန်တွေးနေစရာမလိုချေ ။ ထိုအငြိုးအတေးများသည် ဤသွေးမကောင်းဆိုးရွား သတ်ထားသည့် လူများ၏ ဝိညာဉ်များမှ ဖြစ်လိမ့်မည်။ သွေးမြူမှ အနီရောင်မျက်လုံးနှစ်လုံး ပေါ်လာကာ Shun အား လှောင်ပြောင်နေသည့်ဟန် ပေါ်နေသည်။ ထိုမျက်လုံးများ၏ အကြည့်က Ruzel ၏ ကိုယ်အား သယ်ဆောင်သွားသည့် နေရာသို့ ရောက်သွားပြီး

" အဲ့ကောင်လေးလဲ မကြာခင် ဒီထဲက တစ်ခုဖြစ်လာလိမ့်မယ် .. ဘယ်လိုလဲ ဒီစွမ်းရည်က အံ့ဩစရာမကောင်းဘူးလား .. အားထုတ်စရာမလိုတဲ့ သတ်ဖြတ်မှု‌လေးဘဲ "

" ကြည့်ပါဦး.. ဒီလောက် ဒဏ်ရာရထားတာတောင် ဝိညာဉ်က ဒီလောက်ခိုင်ခံ့နေတယ် ... စီးဆင်းနေတဲ့ စွမ်းအင်တွေက အရမ်းလှလွန်းလို့ ချက်ချင်း သေစေချင်စိတ်ပေါက်တယ်"

Shunရဲ့အကြည့်က လေထဲတွင် လွင့်မျောနေသည့် အလင်းလုံးလေးထံရောက်သွားသည် ။ သူ့အမှုအရာကအေးစက်နေရာမှထူးမခြားနားဟန်ပေါက်သွားသည် ။ ရုတ်ချည်း ခေါင်းစောင်းလိုက်သဖြင့် ကျိုးကျသွားသည်ဟုပင် ထင်ရသည် ။ ပြီးနောက် သွေးမြူအား မျက်လုံးလန် ကြည့်လိုက်သည် ။

" တော်ပြီ " ခံစားချက်မဲ့သည့် အသံနဲ့အတူ သူသည် ခြေရာဖျောက်ထားရာမှ ပုံသဏ္႑ာန်ပေါ်လာခဲ့သည် ။ ‌ထိုကြောင့် ဖျောက်ထားသည့် အရှိန်အဝါများမှာလဲ ပတ်ဝန်းကျင်ရှိ လူများကို လည်ပင်း ညစ်ထားသလို ခံစားရစေသည် ။ တိုက်ခိုက်နေသည့် လူတိုင်းသည် အချိန်ရပ်တန့်သွားသလို လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ ။

" သတ်ပစ်‌တော့မယ် .. မင်းရော အဲ့လူတွေရော သတ်ပစ်လိုက်‌ေ‌တာ့မယ် "

စံအိမ်၏ လျှောက်လမ်းတစ်လျှောက်တွင် ခြေသံဖွဖွသာ ကြားနေရသည် ။ ဆန့်ထုတ်ထားသည့် လက်နှစ်ဖက်ကို အေးဆေးသက်သာစွာ ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည့် လူက ခုနက စိတ်ပူနေသည့်သူ မဟုတ်သည့်ဟန် ။ နားဆွဲမှ တဆင့် ထုတ်လွှတ်သည့် အလင်းတန်းသည် ရုတ်တရက် ပြောင်းလဲသွားသည့် ပိုင်ရှင်၏ ဆိုးရွားသည့် စိတ်အခြေအနေအား မဖိနှိပ်နိုင်တော့ချေ ။ အဖြူရောင်အလင်းတန်းသည် သွေးနီရောင်အလင်းတန်းသို့ ပြောင်းလဲသွားတော့သည် ။

" ဟား ဟား ရယ်ရတဲ့ ကောင်လေး " သွေးမြူ ၏ထံမှ လှောင်ရယ်သံ ထွက်လာသည်နဲ့ တပြိုင်နက် Ruzel ၏ ဝိညာဉ်ထံမှ ခပ်သဲ့သဲ့ ငြီးငြူသံထွက်လာသည် ။

/ သခင် .. အသက်အန္တရယ်ခြိမ်းခြောက်မှုကြောင့် ချိတ်ပိတ်မှု ပြေလုနီးပါးဖြစ်နေပြီ /

" အာ..ဒီလောက် ဒေါသမထွက်ရတာတောင် တော်တော်ကြာပြီဘဲ .." Shun က ညာဘက်လက်အား ထုတ်ကာ လက်ဆန့်လိုက်သည် ။ " စောက်ရမ်း စိတ်အနှောက်အယှက်ပေးတဲ့ အတွက် ကျေးဇူးဘဲ "

စကားဆုံးသည်နဲ့ လက်သီးဆုပ်လိုက်ပြီး တစ်စုံတစ်ခုအား ရေရွတ်လိုက်သည်။

" သွေးမိစၧာပညာ .. အကြွင်းမဲ့ သွေးဂယက် " ‌

သွေးလှိုင်းများသည် Shun အား ဦးတည်လျက် ဝဲဂယက်သဖွယ် ဖြစ်တည်လာသည် ။ မငြိမ်မသက်အခြေအနေကြောင့် ရပ်တန့်နေသည့် သူအားလုံး အဝေးသို့ လွင့်စင်သွားကြပြီး မှော်ဆရာအနည်းငယ်ကသာ ထိန်းထားနိုင်ရုံဆိုမျှ ထိန်းထားနိုင်ကြသည် ။ နံရံများ ပျက်စီးသွားခြင်းကြောင့် အတွင်းမှ အဖြစ်အပျက်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

" အဲ့လူက ဘယ်သူလဲ? Loryard မိသားစုမှာ ဒီလောက်အစွမ်းထက်တဲ့သူ ရှိနေတာလား ? သူတို့ မြို့အရှင် ပြန်ရောက်လာတာလား ? "

တဖက်တွင် Genl က ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။ ဤ ရုပ်ရည်အား သူက ရင်းရင်းနှီးနှီး သိနေခဲ့သည် မဟုတ်ပါလား ။

___________
ကြာသွားမယ်ဆိုတာ သိပေမဲ့ .. စိတ်မကောင်းပါဘူး ..

ကိုယ်တွေဘက်က အခြေအနေသိပ်မကောင်းလို့ ..
_____________

Continue Reading

You'll Also Like

277K 22.4K 28
Mini Story Uni Life Style Sweet Romance
1.3M 172K 149
BL
403K 21K 45
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
783K 50.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...