ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.16

1.8K 340 21
By devil61002

ေတာအုပ္ထဲတြင္ Andoshi သည္ အသက္ပင္ ရဲရဲ မရႈရဲခဲ့ဘဲ ေက်ာက္တံုးၾကားထဲတြင္ ပုန္းခိုေနခဲ့သည္ ။ သူ႔ေဘးနားတြင္ ေသြးသံရဲရဲျဖင့္ လူတစ္ေယာက္ရိွေနခဲ့ၿပီး ႏွလံုးခုန္သံ သဲ့သဲ့သာ မၾကားရလ်ွင္ ဒီလူသည္ ေသဆံုးသြားၿပီဟု ထင္ရေလာက္ေအာင္ ၿငိမ္သက္စြာ လဲေလ်ာင္းေနခဲ့သည္ ။ထိုခပ္သဲ့သ‌ဲ့ ႏွလံုးခုန္သံကိုပင္ အနားကပ္နားေထာင္မွသာ ၾကားရႏိုင္သည္ ။

" ငါ့ဘဝရဲ့ ကံေကာင္းမႈေတြကို ဘယ္ေခြးေကာင္ကမ်ား သမသြားတာလဲ .. ဆိုးၿပီးရင္းဆိုး ဆိုးၿပီးရင္းဆိုးဘဲ " သူသည္ Shun အားေတြ့ရန္ ေနာက္ေယာင္ခံလိုက္ခဲ့သၫ့္ အဖြဲ႔အား မ်က္ေျချပတ္သြားၿပီး ျပန္ေတြ့ခ်ိန္တြင္ သူ႔ထံသို႔ တၫ့္တၫ့္ ပစ္ဝင္လာသၫ့္ ဒဏ္ရာမ်ားနဲ႔ ဒီလူအား ေတြ့ခဲ့တာျဖစ္သည္ ။ ပစ္ဝင္လာတာဆိုသည္ ထက္ ျပင္းထန္သၫ့္ေပါက္ကြဲမႈေၾကာင့္ လြင့္ထြက္လာသၫ့္ ပံုပင္ ။

အႏၲရယ္ရိွသၫ့္ အေျခအေနအား ေနသားမက်ေသးေသာ္လည္း ထူးဆန္းေတာ့သည္မဟုတ္ေတာ့ရာ ဤလူအား ဆြဲလ်က္သာ ေျပးခဲ့ရသည္ ။ ကံဆိုးသည္မွာ အားအင္မရိွသၫ့္ သူက ဒီလူတစ္ေယာက္လံုးအား မသယ္ႏိုင္ရာ စြတ္ေၾကာင္းႀကီး ခ်န္ရစ္ထားမိခဲ့သည္ ။ ရလဒ္အေနျဖင့္ လိုက္လာသူမ်ား၏ သတ္ျဖတ္မႈအားမွ လြတ္ေျမာက္ရန္ ကမ္းပါးတစ္ခုမွ ခုန္ခ်ခဲ့ရသည္ ။ ဒါေပါ့ သူက မသိတဲ့လူတစ္ေယာက္အတြက္ အသက္ေသခံမည္ေတာ့မဟုတ္ေပ ။ ကမ္းပါးေအာက္တြင္ ေရရိွေနၿပီး ေနာက္တစ္ခ်က္မွ ဤလူသည္ Shun ၏ ေနရာအား သိသၫ့္ လူမ်ားထဲမွ တစ္ေယာက္ဟု ယံုၾကည္မိေသာေၾကာင့္ပင္ ။

ခုန္ခ်ၿပီးၿပီးခ်င္း ကမ္းေပၚတက္ကာ ခ်က္ခ်င္းပုန္းေနခဲ့ျခင္းမဟုတ္လ်ွင္ လက္မေလ်ာ့ဘဲ လိုက္ရွာေနသူမ်ားထံမွ သူက လြတ္မည္ဟု မထင္ေပ ။ ထိုလူမ်ား၏ လႈပ္ရွားမႈမ်ားအရ ေသရင္ေတာင္ အေလာင္းကို ေတြ့ရမည္ဟူသၫ့္အလား ဆက္တိုက္ကို လိုက္လာတာပင္ ။Andoshi က ေမ့လဲေနသၫ့္ လူအား တစ္ခ်က္အသာကန္လိုက္ၿပီး " ဘယ္လို အျပစ္မ်ိဳးလုပ္လို႔ ခမ်ားကို အသဲအသန္လိုက္ရွာေနၾကတာလဲ .. ဟမ္.. သူမ်ားမယားမ်ား ျပန္ေပးဆြဲထားသလား မသိဘူး "

သူက အနီးအနားရိွ ထင္ရွားသၫ့္ ဂူမ်ားထံသို႔ သြားဖို႔ မဝံ့ရဲသျဖင့္ ေက်ာက္တံုးႀကီး ႏွစ္ခု၏ ၾကားေနရာလပ္အေသးေလးထဲမွာသာ ေနရသည္ ။ ကံေကာင္းသည္က သူသည္ ဉာဏ္အေမ်ွာ္အျမင္ရိွစြာ ဒီလူအား ကယ္ခဲ့စဉ္က မ်က္ႏွာအား အဝတ္ျဖင့္ ကြယ္ထားခဲ့ျခင္းေၾကာင့္ သူ႔အတြက္ အႏၲရယ္ေတာ့ မရိွေလာက္ေပ ။

' ဟီးးဟီးး ငါေလး ဉာဏ္အရမ္းေကာင္း '

Andoshi က အခုထက္ထိ သတိမရေသးေသာ လူအား ၾကၫ့္ရင္း သက္ျပင္းခ်လိုက္ကာ ဒဏ္ရာမ်ားအား ရွာေဖြရန္ အဝတ္မ်ားကို ဆြဲခြၽတ္လိုက္သည္ ။ နက္ရိႈင္းသၫ့္ ဓားဒဏ္ရာမ်ားအျပင္ ေလာင္ကြၽမ္းဒဏ္ရာမ်ားက ေနရာအႏွံ႔ပင္ ။ မကုသဘဲ ထားလ်ွင္ အသက္ရွင္ႏိုင္မၫ့္လမ္းပင္ မေပၚေခ်။

သူက ဒီလူအား ေခ်ာင္ထဲသို႔ ထိုးထၫ့္လိုက္ၿပီး အသက္ရႈစရာခ်န္ထားကာ အေပၚမွႏြယ္မ်ား သစ္ရြက္မ်ားျဖင့္ ဖံုးအုပ္လိုက္သည္ ။ ၿပီးေနာက္ ေရစိုေနသၫ့္ အဝတ္မ်ားျဖင့္ ေတာထဲသို႔ ျပန္လာခဲ့ၿပီး အပင္တခ်ိဳ႕အား အလ်င္အျမန္ရွာေဖြၿပီးေနာက္ ၿမိဳ႔သို႔ သြားေတာ့သည္ ။ သူ႔တြင္ ရွားပါးေဆးပင္မ်ား ရွာေဖြဖို႔ အခ်ိန္မရိွရာ ေတြ့ရမ်ားသၫ့္ အပင္တခ်ိဳ႕သာ ထုပ္ပိုးခဲ့သည္ ။ အင္းေလ .. အခ်ိန္ရိွရင္ေတာင္ သူက ဘာေဆးပင္အေၾကာင္းမွ မသိတာ ။ ဒီအပင္မ်ားေတာင္မွ လူသံုးမ်ား၍ သိျခင္းသာ ။

ၿမိဳ႔ထဲသို႔ ေရာက္သည္နဲ႔ သူက ဝယ္သၫ့္ဆိုင္အား စံုစမ္းၿပီး ေရာင္းခ်လိုက္သည္ ။ တဝက္နိမ္ခံလိုက္သည္ကို မသိသၫ့္Andoshiက အနည္းငယ္ေသာ ေၾကးျပားေလးျဖင့္ ေဆးဝယ္ဖို႔ ေဆးဆိုင္သို႔ သြားမည္အျပဳ လက္မွ ဆြဲယမ္းခံလိုက္ရသျဖင့္ ေၾကာက္ရြံ႔မႈေၾကာင့္ တစ္ကိုယ္လံုး တုန္ယင္သြားသည္ ။ " အားး မသိပါဘူး .. မသိပါဘူး .. ၿခိမ္းေျခာက္ခံရတာပါ .. " သူ႔ႏူတ္မွ အဲ့လူက ကြၽန္ေတာ့္ကို ၿခိမ္းေျခာက္ထားတာပါ ဟု ထြက္ဖို႔ အနည္းငယ္သာ လိုေတာ့သၫ့္ အခ်ိန္တြင္ ေတြ့လိုက္ရသၫ့္ မ်က္ႏွာေၾကာင့္ ဘရိတ္ကို အလ်င္အျမန္အုပ္လိုက္ရသည္ ။

" အထက္တန္းလႊာက အစ္ကိုႀကီး " ခရီးအတူသြားခဲ့သၫ့္ မ်က္ႏွာအား Andoshi က မွတ္မိလိုက္သည္ ။ အထူးသျဖင့္ ထိုသူေနာက္မွ မိန္းမလွေလး ႏွစ္ေယာက္ကိုပင္ ။

Regis က ကတုန္ကယင္ျဖစ္ေနသၫ့္ Andoshi အား မ်က္ေမွာင္ၾကဳတ္ကာ ၾကၫ့္လိုက္ၿပီး " ကိုယ့္နာမည္ Regis " ဟု ဆိုကာ သူ႔ရုပ္ရည္ကို ေျပာင္းလဲလိုက္သည္ ။ သူက ဆက္လက္ၿပီး ေမးလိုက္သည္။ " ဘာျဖစ္ခဲ့တာလဲ "

" အာ .. ေဆးပင္ေကာက္ရင္း ေရထဲျပဳတ္က်လာတာပါ " Andoshi က အေစာႀကီးကတည္းျပင္ထားသၫ့္ အလိမ္စကားအား ေျပာခ်လိုက္ေတာ့သည္ ။ သူက ဒဏ္ရာရေနသၫ့္ လူကို သတိရလိုက္သျဖင့္ အလ်င္စလိုေျပာလိုက္သည္ ။ " သခင္ေလး Regis ရဲ့ အကူအညီကို ေက်းဇူးတင္ဖို႔ အခ်ိန္မရလိုက္ဘူး .. ထပ္ၿပီး ေက်းဇူးတင္ပါတယ္ .. အခုေတာ့ အေရးႀကီး ကိစၥရိွလို႔ ခြင့္ျပဳပါဦး "

Regis က ေမးဖို႔ပင္ အခ်ိန္မရလိုက္ တစ္ဖက္လူက ေဆးဆိုင္သို႔ ဝင္သြားၿပီျဖစ္သည္ ။ သူက ျပန္ထြက္လာမၫ့္အခ်ိန္ကို ေစာင့္ေနရင္း အခ်ိန္ၾကာသည္ႏွင့္ မေစာင့္ႏိုင္ေတာ့ရာ ဆိုင္ထဲသို႔ ဝင္သြားလိုက္သည္ ။ သို႔ေသာ္  Andoshi ၏ အရိပ္အေယာင္ကို မေတြ့ေတာ့ေပ ။ ဆိုင္ရွင္အား ေမးျမန္းၾကၫ့္ရာ အေနာက္ေပါက္မွ ထြက္သြားေၾကာင္းသိလိုက္ရသည္ ။ Regis ၏ မ်က္ခံုးတို႔က တြန႔္ခ်ိဳးသြားသည္ ။ " ဘာကိစၥမို႔ ဒီေလာက္ သတိထားေနရတာလဲ " သူက Shin အား အမိန႔္ေပးလိုက္ၿပီး တစ္ၿမိဳ႔လံုးအား တိတ္တဆိတ္ရွာေဖြေစလိုက္သည္ ။

Andoshi သည္ လက္ထဲတြင္ အထုပ္မ်ိဳးစံုနဲ႔ ကမ္းပါးသို႔ ျပန္ေရာက္လာသည္ ။ အထုပ္မ်ားသည္ ေသခ်ာေပါက္ဝယ္လာျခင္း မဟုတ္ေပ ။ သူက ေနရာမ်ားမွတ္ထားၿပီး ေနာက္မွ ျပန္ေပးေတာ့မည္ဟု မွတ္ထားလိုက္ရသည္ ။ ' မျဖစ္မေနမို႔ပါ .. မျဖစ္မေနမို႔ .. ဟင့္ '

သူသည္ အၿမဲလိုလို အႏိုင္က်င့္ခံရသျဖင့္ ေဆးဆရာမဟုတ္သၫ့္တိုင္ သာမန္ဒဏ္ရာမ်ားကို ကုသႏိုင္ေသးသည္ ။ ဒီဒဏ္ရာႀကီးမ်ားကို ေသြးတိတ္ေစရံုသာ ျပဳလုပ္ႏိုင္ၿပီး ေဆးလိမ္း၍ ရသၫ့္ ဒဏ္ရာမ်ားကို ကုသေပးခဲ့သည္ ။ အဆင့္အတန္းျမင့္ေသာ္လည္း စုတ္ၿပဲေနသၫ့္ အဝတ္မ်ားျဖင့္ သာမန္အဝတ္မ်ားအား လဲလွယ္ေပးလိုက္ၿပီး နီးစပ္ရာၿမိဳ႔တစ္ခုသို႔ ေခၚသြားဖို႔ ျပင္ဆင္ရသည္ ။ ဒီလူသည္ ေသခ်ာေပါက္ ကုသမႈ မခံယူလ်ွင္ ေသမည္ျဖစ္သည္ ။

သံသယအဝင္မခံရေအာင္ သူက အတတ္ႏိုင္ဆံုးႀကိဳးစားၿပီးၿပီျဖစ္သည္ ။ ဒဏ္ရာအတြက္ေတာ့ မေတာင့္ခံႏိုင္လို႔ ေသသြားလ်ွင္ေတာင္ သူနဲ႔ မသက္ဆိုင္ေပ ။ သူက ထိုကဲ့သို႔ မလုပ္ဘဲ ယခင္ပံုစံအတိုင္းဆိုလ်ွင္ ကြီခနဲ မိသြားဖို႔ အလြန္ျဖစ္ႏိုင္သည္ ။ ထူးဆန္းလွစြာ ဤလူသည္ သတိမရလာေသာ္လည္း တည္ၿငိမ္သၫ့္ ႏွလံုးခုန္သံက တိုးျခင္းေလ်ာ့ျခင္းမရိွေတာ့ေပ ။ ထိုအရာက စြမ္းအားႀကီးသူတစ္ေယာက္၏ အသက္မ်ွင္မ်ွင္ေလးရိွလ်ွင္ေတာင္ ထိန္းထားႏိုင္သၫ့္ စြမ္းရည္ျဖစ္သည္ ။ စြမ္းအင္မရိွသၫ့္ Andoshi သည္ ထိုအေၾကာင္းကို မသိဘဲ သူ႔ကိုယ္သူ အလြန္ေတာ္သည္ဟု ခ်ီးမြမ္းလ်က္ ေပ်ာ္ရြင္ေနေတာ့သည္ ။

"ငါက ေဆးဆရာလုပ္ဖို႔ ပါရမီပါလာတာမ်ားလား ..ဟီး ဟီး "

_____________
Vote လဲ နည္း comment လဲ နည္း

မႀကိဳက္ၾကဘူးလားခမ် .. 🥺
____________
Unicode

တောအုပ်ထဲတွင် Andoshi သည် အသက်ပင် ရဲရဲ မရှုရဲခဲ့ဘဲ ကျောက်တုံးကြားထဲတွင် ပုန်းခိုနေခဲ့သည် ။ သူ့ဘေးနားတွင် သွေးသံရဲရဲဖြင့် လူတစ်ယောက်ရှိနေခဲ့ပြီး နှလုံးခုန်သံ သဲ့သဲ့သာ မကြားရလျှင် ဒီလူသည် သေဆုံးသွားပြီဟု ထင်ရလောက်အောင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည် ။ထိုခပ်သဲ့သ‌ဲ့ နှလုံးခုန်သံကိုပင် အနားကပ်နားထောင်မှသာ ကြားရနိုင်သည် ။

" ငါ့ဘဝရဲ့ ကံကောင်းမှုတွေကို ဘယ်ခွေးကောင်ကများ သမသွားတာလဲ .. ဆိုးပြီးရင်းဆိုး ဆိုးပြီးရင်းဆိုးဘဲ " သူသည် Shun အားတွေ့ရန် နောက်ယောင်ခံလိုက်ခဲ့သည့် အဖွဲ့အား မျက်ခြေပြတ်သွားပြီး ပြန်တွေ့ချိန်တွင် သူ့ထံသို့ တည့်တည့် ပစ်ဝင်လာသည့် ဒဏ်ရာများနဲ့ ဒီလူအား တွေ့ခဲ့တာဖြစ်သည် ။ ပစ်ဝင်လာတာဆိုသည် ထက် ပြင်းထန်သည့်ပေါက်ကွဲမှုကြောင့် လွင့်ထွက်လာသည့် ပုံပင် ။

အန္တရယ်ရှိသည့် အခြေအနေအား နေသားမကျသေးသော်လည်း ထူးဆန်းတော့သည်မဟုတ်တော့ရာ ဤလူအား ဆွဲလျက်သာ ပြေးခဲ့ရသည် ။ ကံဆိုးသည်မှာ အားအင်မရှိသည့် သူက ဒီလူတစ်ယောက်လုံးအား မသယ်နိုင်ရာ စွတ်ကြောင်းကြီး ချန်ရစ်ထားမိခဲ့သည် ။ ရလဒ်အနေဖြင့် လိုက်လာသူများ၏ သတ်ဖြတ်မှုအားမှ လွတ်မြောက်ရန် ကမ်းပါးတစ်ခုမှ ခုန်ချခဲ့ရသည် ။ ဒါပေါ့ သူက မသိတဲ့လူတစ်ယောက်အတွက် အသက်သေခံမည်တော့မဟုတ်ပေ ။ ကမ်းပါးအောက်တွင် ရေရှိနေပြီး နောက်တစ်ချက်မှ ဤလူသည် Shun ၏ နေရာအား သိသည့် လူများထဲမှ တစ်ယောက်ဟု ယုံကြည်မိသောကြောင့်ပင် ။

ခုန်ချပြီးပြီးချင်း ကမ်းပေါ်တက်ကာ ချက်ချင်းပုန်းနေခဲ့ခြင်းမဟုတ်လျှင် လက်မလျော့ဘဲ လိုက်ရှာနေသူများထံမှ သူက လွတ်မည်ဟု မထင်ပေ ။ ထိုလူများ၏ လှုပ်ရှားမှုများအရ သေရင်တောင် အလောင်းကို တွေ့ရမည်ဟူသည့်အလား ဆက်တိုက်ကို လိုက်လာတာပင် ။Andoshi က မေ့လဲနေသည့် လူအား တစ်ချက်အသာကန်လိုက်ပြီး " ဘယ်လို အပြစ်မျိုးလုပ်လို့ ခများကို အသဲအသန်လိုက်ရှာနေကြတာလဲ .. ဟမ်.. သူများမယားများ ပြန်ပေးဆွဲထားသလား မသိဘူး "

သူက အနီးအနားရှိ ထင်ရှားသည့် ဂူများထံသို့ သွားဖို့ မဝံ့ရဲသဖြင့် ကျောက်တုံးကြီး နှစ်ခု၏ ကြားနေရာလပ်အသေးလေးထဲမှာသာ နေရသည် ။ ကံကောင်းသည်က သူသည် ဉာဏ်အမျှော်အမြင်ရှိစွာ ဒီလူအား ကယ်ခဲ့စဉ်က မျက်နှာအား အဝတ်ဖြင့် ကွယ်ထားခဲ့ခြင်းကြောင့် သူ့အတွက် အန္တရယ်တော့ မရှိလောက်ပေ ။

' ဟီးးဟီးး ငါလေး ဉာဏ်အရမ်းကောင်း '

Andoshi က အခုထက်ထိ သတိမရသေးသော လူအား ကြည့်ရင်း သက်ပြင်းချလိုက်ကာ ဒဏ်ရာများအား ရှာဖွေရန် အဝတ်များကို ဆွဲချွတ်လိုက်သည် ။ နက်ရှိုင်းသည့် ဓားဒဏ်ရာများအပြင် လောင်ကျွမ်းဒဏ်ရာများက နေရာအနှံ့ပင် ။ မကုသဘဲ ထားလျှင် အသက်ရှင်နိုင်မည့်လမ်းပင် မပေါ်ချေ။

သူက ဒီလူအား ချောင်ထဲသို့ ထိုးထည့်လိုက်ပြီး အသက်ရှုစရာချန်ထားကာ အပေါ်မှနွယ်များ သစ်ရွက်များဖြင့် ဖုံးအုပ်လိုက်သည် ။ ပြီးနောက် ရေစိုနေသည့် အဝတ်များဖြင့် တောထဲသို့ ပြန်လာခဲ့ပြီး အပင်တချို့အား အလျင်အမြန်ရှာဖွေပြီးနောက် မြို့သို့ သွားတော့သည် ။ သူ့တွင် ရှားပါးဆေးပင်များ ရှာဖွေဖို့ အချိန်မရှိရာ တွေ့ရများသည့် အပင်တချို့သာ ထုပ်ပိုးခဲ့သည် ။ အင်းလေ .. အချိန်ရှိရင်တောင် သူက ဘာဆေးပင်အကြောင်းမှ မသိတာ ။ ဒီအပင်များတောင်မှ လူသုံးများ၍ သိခြင်းသာ ။

မြို့ထဲသို့ ရောက်သည်နဲ့ သူက ဝယ်သည့်ဆိုင်အား စုံစမ်းပြီး ရောင်းချလိုက်သည် ။ တဝက်နိမ်ခံလိုက်သည်ကို မသိသည့်Andoshiက အနည်းငယ်သော ကြေးပြားလေးဖြင့် ဆေးဝယ်ဖို့ ဆေးဆိုင်သို့ သွားမည်အပြု လက်မှ ဆွဲယမ်းခံလိုက်ရသဖြင့် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားသည် ။ " အားး မသိပါဘူး .. မသိပါဘူး .. ခြိမ်းခြောက်ခံရတာပါ .. " သူ့နူတ်မှ အဲ့လူက ကျွန်တော့်ကို ခြိမ်းခြောက်ထားတာပါ ဟု ထွက်ဖို့ အနည်းငယ်သာ လိုတော့သည့် အချိန်တွင် တွေ့လိုက်ရသည့် မျက်နှာကြောင့် ဘရိတ်ကို အလျင်အမြန်အုပ်လိုက်ရသည် ။

" အထက်တန်းလွှာက အစ်ကိုကြီး " ခရီးအတူသွားခဲ့သည့် မျက်နှာအား Andoshi က မှတ်မိလိုက်သည် ။ အထူးသဖြင့် ထိုသူနောက်မှ မိန်းမလှလေး နှစ်ယောက်ကိုပင် ။

Regis က ကတုန်ကယင်ဖြစ်နေသည့် Andoshi အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး " ကိုယ့်နာမည် Regis " ဟု ဆိုကာ သူ့ရုပ်ရည်ကို ပြောင်းလဲလိုက်သည် ။ သူက ဆက်လက်ပြီး မေးလိုက်သည်။ " ဘာဖြစ်ခဲ့တာလဲ "

" အာ .. ဆေးပင်ကောက်ရင်း ရေထဲပြုတ်ကျလာတာပါ " Andoshi က အစောကြီးကတည်းပြင်ထားသည့် အလိမ်စကားအား ပြောချလိုက်တော့သည် ။ သူက ဒဏ်ရာရနေသည့် လူကို သတိရလိုက်သဖြင့် အလျင်စလိုပြောလိုက်သည် ။ " သခင်လေး Regis ရဲ့ အကူအညီကို ကျေးဇူးတင်ဖို့ အချိန်မရလိုက်ဘူး .. ထပ်ပြီး ကျေးဇူးတင်ပါတယ် .. အခုတော့ အရေးကြီး ကိစ္စရှိလို့ ခွင့်ပြုပါဦး "

Regis က မေးဖို့ပင် အချိန်မရလိုက် တစ်ဖက်လူက ဆေးဆိုင်သို့ ဝင်သွားပြီဖြစ်သည် ။ သူက ပြန်ထွက်လာမည့်အချိန်ကို စောင့်နေရင်း အချိန်ကြာသည်နှင့် မစောင့်နိုင်တော့ရာ ဆိုင်ထဲသို့ ဝင်သွားလိုက်သည် ။ သို့သော်  Andoshi ၏ အရိပ်အယောင်ကို မတွေ့တော့ပေ ။ ဆိုင်ရှင်အား မေးမြန်းကြည့်ရာ အနောက်ပေါက်မှ ထွက်သွားကြောင်းသိလိုက်ရသည် ။ Regis ၏ မျက်ခုံးတို့က တွန့်ချိုးသွားသည် ။ " ဘာကိစ္စမို့ ဒီလောက် သတိထားနေရတာလဲ " သူက Shin အား အမိန့်ပေးလိုက်ပြီး တစ်မြို့လုံးအား တိတ်တဆိတ်ရှာဖွေစေလိုက်သည် ။

Andoshi သည် လက်ထဲတွင် အထုပ်မျိုးစုံနဲ့ ကမ်းပါးသို့ ပြန်ရောက်လာသည် ။ အထုပ်များသည် သေချာပေါက်ဝယ်လာခြင်း မဟုတ်ပေ ။ သူက နေရာများမှတ်ထားပြီး နောက်မှ ပြန်ပေးတော့မည်ဟု မှတ်ထားလိုက်ရသည် ။ ' မဖြစ်မနေမို့ပါ .. မဖြစ်မနေမို့ .. ဟင့် '

သူသည် အမြဲလိုလို အနိုင်ကျင့်ခံရသဖြင့် ဆေးဆရာမဟုတ်သည့်တိုင် သာမန်ဒဏ်ရာများကို ကုသနိုင်သေးသည် ။ ဒီဒဏ်ရာကြီးများကို သွေးတိတ်စေရုံသာ ပြုလုပ်နိုင်ပြီး ဆေးလိမ်း၍ ရသည့် ဒဏ်ရာများကို ကုသပေးခဲ့သည် ။ အဆင့်အတန်းမြင့်သော်လည်း စုတ်ပြဲနေသည့် အဝတ်များဖြင့် သာမန်အဝတ်များအား လဲလှယ်ပေးလိုက်ပြီး နီးစပ်ရာမြို့တစ်ခုသို့ ခေါ်သွားဖို့ ပြင်ဆင်ရသည် ။ ဒီလူသည် သေချာပေါက် ကုသမှု မခံယူလျှင် သေမည်ဖြစ်သည် ။

သံသယအဝင်မခံရအောင် သူက အတတ်နိုင်ဆုံးကြိုးစားပြီးပြီဖြစ်သည် ။ ဒဏ်ရာအတွက်တော့ မတောင့်ခံနိုင်လို့ သေသွားလျှင်တောင် သူနဲ့ မသက်ဆိုင်ပေ ။ သူက ထိုကဲ့သို့ မလုပ်ဘဲ ယခင်ပုံစံအတိုင်းဆိုလျှင် ကွီခနဲ မိသွားဖို့ အလွန်ဖြစ်နိုင်သည် ။ ထူးဆန်းလှစွာ ဤလူသည် သတိမရလာသော်လည်း တည်ငြိမ်သည့် နှလုံးခုန်သံက တိုးခြင်းလျော့ခြင်းမရှိတော့ပေ ။ ထိုအရာက စွမ်းအားကြီးသူတစ်ယောက်၏ အသက်မျှင်မျှင်လေးရှိလျှင်တောင် ထိန်းထားနိုင်သည့် စွမ်းရည်ဖြစ်သည် ။ စွမ်းအင်မရှိသည့် Andoshi သည် ထိုအကြောင်းကို မသိဘဲ သူ့ကိုယ်သူ အလွန်တော်သည်ဟု ချီးမွမ်းလျက် ပျော်ရွင်နေတော့သည် ။

"ငါက ဆေးဆရာလုပ်ဖို့ ပါရမီပါလာတာများလား ..ဟီး ဟီး "

_____________
Vote လဲ နည်း comment လဲ နည်း

မကြိုက်ကြဘူးလားခမျ .. 🥺
____________

Continue Reading

You'll Also Like

607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.4M 59.6K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
257K 6.8K 70
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...