မနက်ခင်း၏အအေးဓာတ်ကြောင့်မြတ်မင်းပိုင်တစ်ယောက်နိုးလာခဲ့သည်။မျက်လုံးပင်မဖွင့်ရသေးခန္ဓာကိုယ်ကိုယ်ကျစ်နေအောင်ဖက်ထားခြင်းခံရသောကြောင့်မြတ်မင်းပိုင်အလျင်အမြန်မျက်လုံးဖွင့်လိုက်သည်။ဘေးကိုကြည့်လိုက်တော့ဒေလီယာဆိုသောမိန်းမပင်။
"ကျစ်...."
စုတ်တစ်ချက်သက်ကာကုတင်ပေါ်ကကုန်းထပြီးမတ်တတ်ရပ်လိုက်သည်။မြတ်မင်းပိုင်နိုးသွားသည်ကိုသိသောဒေလီယာလည်းအိပ်နေရင်းထထိုင်ကာ....
"ကိုကိုနိုးပြီလား"
"မင်းတော်တော်အောက်တန်းကျတာပဲ....မင်းတော်တော်ဖြစ်နေလားဟမ်....ဖြေလေ"
"ကိုကိုကလည်းဒေလီကို့ကိုနားမှာအိပ်ချင်လို့ပါ"
"ငါကတော့မင်းနဲ့မအိပ်ချင်ဘူးးးးဘာလို့လဲသိလားးးရွံ့လို့...ငါမင်းကိုရွံ့လို့.....ထွီ"
"အင့်...ဟင့်...ကိုကိုကလည်းဒေလီကိုအဲ့လိုမပြောပါနဲ့ကိုချစ်တဲ့သူနားမှာအိပ်တာအပြစ်လား"
"ဘာချစ်တယ်ဟုတ်လားးးမင်းပါးစပ်ကချစ်တယ်လို့မပြောနဲ့မတန်ဘူးးးငါကတော့မင်းကိုလုံးဝမချစ်ဘူးးးသွားအခုထွက်သွား..."
"ဟက်..သွားမှာပါကိုကို...ဒါနဲ့တစ်ခုတော့မှတ်ထားပေးပါ..ကိုကိုကဒေလီ့အပိုင်ပဲ"
"တောက်စ်.."
ဒေလီယာတစ်ယောက်လည်းစိတ်တိုတိုဖြင့်အိပ်ခန်းထဲမှထွက်သွားတော့သည်။
*ကျစ်ဘယ်လိုမိန်းမမျိုးလဲကွာ...တစ်ခါမှမမြင်ဖူးဘူးးးးဟူးးး*
ဆိုပြီးလေပူတစ်ချက်မှုတ်ထုတ်ကာရေချိုးပြီးမနက်စာသွားစားလေ၏။
မြတ်မင်းပိုင်တစ်ယောက်လှေကားကနေအောက်သို့ဆင်းလာခဲ့သည်။စားပွဲဝိုင်းတွင်ဦးမြတ်မင်းနှင့်၊ဒေါ်သူဇာ ဒေလီယာတို့သုံးယောက်မနက်စာစားရင်စကားနှောင်ဖွဲ့နေကြသည်။
"သားနိုးပြီလားးဘာလို့ဒေလီကိုအော်လိုက်တာလဲကွယ်..အခန်းထဲကိုအမေလွှတ်လိုက်တာ"
မြတ်မင်းပိုင်လည်းဒေလီ့ကိုစူးရှသောအကြည့်တွေနှင့်ကြည့်ပြီးဦးမြတ်မင်းဘေးသို့ဝင်ထိုင်လိုက်သည်။
"အမေ့ကိုသားပြောစရာရှိလို့"
"ပြောလေ...ဘာများလဲ"
ဆိုကာကော်ဖီကိုတစ်ငုံသောက်ရင်းစကားဆိုလိုက်သည်။
"သားပြည်ပက်ိုအလုပ်ကိစ္စနဲ့သွားစရာရှိတယ်....တစ်လလောက်တော့ကြာမယ်"
ဒေလီယာလည်းအံ့သြကာသွေးပျက်သွားသည်။မြန်မြန်စေ့စပ်ရမည့်ကိစ္စကိုအချိန်ဆွဲနေသလားလို့တောင်ထင်မိသည်။
*ငါ့အဖေဆီကဒီသတင်းမကြားမိပါဘူးးးအဖေကMyat Companyနဲ့ပက်သက်တဲ့ကိစ္စတွေဆိုငါ့ကိုပြောနေကြပါ...အခုကိစ္စကိုတော့ငါမကြားမိဘူး..တစ်ခုခုပဲ....*
ဦးမြတ်မင်းလည်းမသိချင်ယောင်ဆောင်နေလိုက်သည်။ဒေါ်သူဇာတစ်ယောက်စိတ်ထဲဘဝင်မကျကာမျက်မှောင်ကျုံ့ပြီးမေးလိုက်သည်။
"မသွားလို့မရဘူးလားသားဒေလီနဲ့စေ့စပ်ရမှာလေ..အခုဆို၁နှစ်တောင်ကြာသွားပြီ..အမေလည်းသာတို့အဆင်ပြေပါစေဆိုပြီးလွှတ်ထားတာ.."
"သားတောင်းပန်ပါတယ်အမေ...အခုသွားရမှာကအရေးကြီးလို့ပါ...သားပြန်လာတာနဲ့ကြိုက်သလိုစီစဥ်ပါအမေ"
*ငါသွားမှာ၁လဆိုတော့အမေစိတ်ပြောင်းသွားရင်ပြောင်းသွားမှာစေ့စပ်ဖို့ကိစ္စကိုဖျက်အောင်လို့အမေ့ကိုသေချာနားချရမယ်...*
"ဟုတ်ပြီသား ဒါဆိုသားဟိုကပြန်လာတာနဲ့အမေတန်းစီစဥ်မှာနော်"
"ဟုတ်ကဲ့ပါအမေရဲ့"
မြတ်မင်းပိုင်လည်းထိုသို့ပြောပြီး၍စားပွဲဝိုင်းမှထသွားလေတော့သည်။ထိုနေရာတွင်ကျန်ခဲ့လေသောဒေလီယာတစ်ယောက်ရင်ထဲကမီးခဲကိုစွလိုက်သလိုတဟုန်းဟုန်းတောက်လောင်နေတော့၏။
မြတ်မင်းပိုင်တစ်ယောက်ခရီးထွက်ရန် သူ၏လက်ထောက်(အတွင်းရေမှူး)နန္ဒဆီသို့ဖုန်းဆက်လိုက်သည်။
"ဟယ်လို..နန္ဒလား စင်္ကာပူကိုသွားဖို့လေယာဥ်လက်မှတ်ဝယ်ထားလိုက်...ပတ်စ်ပို့စ်ရောပဲသေချာလုပ်ပါဘာအမှားအယွင်းမှမရှိစေနဲ့ကြားလား"
"ဟုတ်ကဲ့ပါBoss ဒါနဲ့Bossကစင်္ကာပူကိုဘာသွားလုပ်မှာလဲကျွန်တော်တောင်မသိရပါလား...အကြောင်းအရင်းလေးများပြောပြနိုင်မလား"
"နန္ဒ မင်းကBossလားငါကBossလား"
"BossကBossပါBoss"
"အေးလျှာမရှည်နဲ့ငါလုပ်ဆိုလုပ်"
"ကောင်းပါပြီBoss"
*ဒါလေးမေးတာများဘာတွေရေးကြီးခွင်ကျယ်လုပ်နေမှန်းကိုမသိဘူးးBossနဲ့ဆိုရင်အမြဲအပေါက်အလမ်းကိုမတည့်ဘူး...တော်ပြီBabyလေးဆီပဲဖုန်းဆက်တာကောင်းတယ်...*
"ဟယ်လို....Babyလေးအလုပ်ရှုပ်နေလား"
"ဆိုင်မှာလူတော့ပါးနေပါပြီကိုကိုရဲ့ဘာပြောစရာရှိလို့လဲဟင်"
Babyဆိုသောသူလေး၏နာမည်ကလရောင်ပင်ဖြစ်သည်။.နန္ဒနှင့်လရောင်နှင့်ကတွဲနေတာ၅လလောက်ရှိနေပြီ။အသက်ကတော့နန္ဒကပိုကြီးသည်။ နန္ဒက၂၇ဖြစ်ပြီးလရောင်ကတော့၂၄ပဲဲရှိသေးသည်။နန္ဒဟာ၁၆နှစ်တည်းကမြတ်မင်းပိုင်ကိုအနီးကပ်စောင့်ရှောက်တဲ့လူဖြစ်လာခဲ့သည်။ဒါကြောင့်မြတ်မင်းပိုင်နှင့်နန္ဒဟာပြောမနာဆိုမနာတွေလိုတောင်ဖြစ်နေကြပြီ။.မြတ်မင်းပိုင်အယုံကြည်ရဆုံးလူကလည်းနန္ဒပင်ဖြစ်သည်။လရောင်လေးကတော့ဘွဲ့ရပြီးသားဘာကိုမှစိတ်မဝင်စားဘူးတဲ့ဒါကြောင့်Coffee ဆိုင်လေးဖွင့်ကာတစ်နေ့တာကိုပုံမှန်လေးဖြတ်သန်းနေသည်။လရောင်တို့Coffeeဆိုင်လေးကMyat Companyရဲ့မျက်စောင်းထိုးလေးနားမှာရှိသည်။.မြတ်မင်းပိုင်နှင့်နန္ဒတို့ကလရောင်တို့Coffeeဆိုင်လေးမှာအမြဲထိုင်ဖြစ်ကြသည်။ဆိုင်သို့ရောက်သောအခါတွင်လည်းနန္ဒခင်ဗျာ ဖင်တကြွကြွနှင့်လရောင်ကိုငေးရတာအမော။လရောင်ကိုမြင်လိုက်တိုင်းနန္ဒရဲ့တစ်နေ့တာပင်ပန်းမှုတွေဟာလေလိုကွယ်ပျောက်သွား၏။လရောင်လေးကလည်းမြင်ပါများပိုချစ်ရတယ်ဆိုသလို
နေ့တိုင်းလာနေသောနန္ဒကိုအမြဲတမ်းတွေ့နေရသဖြင့်သံယောဇာဥ်တွယ်ပြီးသူငယ်ချင်းအဆင့်ထက်ကျော်ကာချစ်သူတွေဖြစ်လာခဲ့တော့သည်။
"ဆိုင်မှာတော့လူတွေပါးသွားပြီဘာပြောစရာရှိလို့လဲကိုကို"
"ပြောစရာရှိမှbabyကိုဖုန်းဆက်ရမှာလား"
"ဟီးးအဲ့လိုမဟုတ်ဘူး"
"လွမ်းတယ်ကွာ...babyရောမလွမ်းဘူးလား.."
"ဟောဗျာခုနလေးတင်ပဲကော်ဖီဝယ်ပြီးပြန်သွားတာလေ..နာရီဝက်တောင်မကြာသေးဘူး"
"ကိုကို့အတွက်နာရီဝက်ဆိုတာနှစ်တွေအများကြီးလိုပဲ..တစ်စက္ကန့်လောက်မတွေ့ရရင်ကိုမနေနိုင်ဘူး"
"ဟုတ်ပါပြီဗျာဒီကBabyကလည်းလွမ်းပါတယ်....ချစ်တယ်နော်"
"ဒီကပိုချစ်တာပေါ့ဗျာ...အရမ်းချစ်တာ...အသည်းထဲကကိုချစ်တာဗျာ....ချစ်တယ်ချစ်တယ်ချစ်တယ်"
ထိုအချိန်မြတ်မင်းပိုင်တစ်ယောက်ရုံးခန်းဘက်သို့ရောက်လာသည်။.အခန်းထဲတွင်ချစ်တယ်ဆိုတဲ့အသံများကကြားလို့မကောင်း။တစ်ခန်းလုံးချစ်တယ်ဆိုတာပဲပြည့်နေတော့သည်။မြတ်မင်းပိုင်လည်းတံခါးကိုဆွဲဖွင့်ပြီးအခန်းထဲမဝင်သေးဘဲroနေသောနန္ဒကိုကြည့်မရကာဝတ်ထားသောဖိနပ်တစ်ဖတ်ကိုချွတ်လိုက်ပြီးနန္ဒခေါင်းသို့ပစ်ပေါက်တော့သည်။
ဝှီးးးဘတ်...
"ဘယ်ကောင်ငါ့ကိုပေါက်...."
လှည့်ကြည့်လိုက်ကာsuit အနက်ရောင်ကိုဝတ်ဆင်ထားပြီးဆံပင်ကိုGelနဲ့သပ်တင်ထားသည်။အလွန်ပင်ကြည့်ကောင်းလွန်းလှ၏။.စုကျုံ့နေသောမျက်ခုံးတန်းအောက်ကစူးရှတဲ့မျက်လုံးတစ်စုံ၊လက်ပိုက်ပြီးတံခါးကိုမှီကာရပ်နေသည်။
"ဟီးဟီး...Bossရောက်လာတာမြန်တယ်နော်.."
"ငါမင်းကိုဘာခိုင်းထားလဲ"
"ကျွန်တော်ဖုန်းလေးပြောမိရုံပါ"
"အေးလေဖုန်းပြောတာလည်းတော်ရုံဆိုရပြီလေဘာလို့ချစ်တယ်တွေပဲပြောနေတာလဲ"
မြတ်မင်းပိုင်လည်းပြောရင်းပြောရင်းနှင့်နန္ဒနားသို့ရောက်လာသည်။.နန္ဒဟာလည်းဖုန်းလေးပြောမိတဲ့ဟာကိုအပြစ်လားဆ်ိုတဲ့အကြည့်နဲ့ကြည့်ကာထွက်သွားမဲ့အခိုက်.....
"Bossရယ်မနာလိုရင်မနာလိုဘူးပြော...Bossမှာရည်းစားမှမရှိတာဒါတွေဘယ်သိမလဲ...ဟားဟားဟား..."
နန္ဒတစ်ယောက်တံခါးနားကနေအော်ပြီးထွက်ပြေးသွားတော့သည်။မြတ်မင်းပိုင်လည်းစိတ်တိုတိုဖြင့်ခြေထောက်မှာကျန်ရှိနေသောဖိနပ်တစ်ဖက်ကိုချွတ်ကာတံခါးပေါက်သို့လှမ်းပေါက်လိုက်၏။
နန္ဒ၏အရပ်ဟာ၅ပေ၁၁လောက်ရှိသည်။.ပုတဲ့ထဲမပါဘူးဆိုပေမဲ့မြတ်မင်းပိုင်နဲ့ယှဥ်ရင်တော့၃လက်မလောက်ကွာသည်။
နန္ဒဟာဂနာမငြိမ်ပြောင်စပ်စပ်နှင့်လူတကာကိုလည်းအမြဲကူညီပေးတတ်သည်။.ရင်အုပ်ကျယ်ကျယ်ရှိကာလက်မောင်းကကြွက်သားဟာလည်းကျစ်လစ်ပြီးအဆီပိုမရှိသောဗိုက်။sixpackတွေဟာလည်းသူ့နေရာနဲ့သူအစီအရီ။.နန္ဒရဲ့မျက်လုံးတို့ဟာလည်းကြည့်လိုက်ရင်ခက်ထန်တဲ့ပုံမပေါက်ဖော်ရွေသော်မျက်လုံးတစ်စုံ။သူ၏Babyလေးကိုလည်းအာခံတွင်းထဲငုံထားမတတ်ချစ်တာမှသည်းသည်းလှုပ်နေတာပဲ။
လရောင်လေး၏အရပ်က၅ပေ၁၀ ukeဆိုပြီးသူများတွေလိုသေးသေးညှပ်ညှပ်လေးတော့မဟုတ်ဘူးရယ်။နန္ဒနဲ့ယှဥ်ရင်ပုခုံးရဲ့အကွာအဝေးကလက်သုံးလုံးလောက်ပဲခြားသည်။
ဖြူအုနေသောအသားအရည်...ရယ်လိုက်ရင်လည်းသွားတက်ကလေးကထင်းကနဲလူတိုင်းကိုကြင်နာတတ်တဲ့စိတ်ကလေးကလည်းရှိပြီးမျက်လုံးလေးတွေကလည်းဝိုင်းဆက်နေသည်။.နှုတ်ခမ်းသားလေးဟာလည်းပန်းရောင်သန်းပြီးတစ်ခါမြင်တိုင်တခါနမ်းချင်သဖွယ်။.ဆံပင်အရောင်လေးဟာလည်းအသားနဲ့လိုက်အောင်ရွှေအိုရောင်ကိုမှနုနုလေးဆိုးထားသေးသည်။အချိန်တိုင်းပြုံးနေသောကောင်လေးဖြစ်သည်။ဒါကိုလည်းနန္ဒကမကြိုက်၊သူ့Babyအပြုံးကိုသူမှလွဲရင်ကျန်တဲ့သူကိုမပြပေ။အရမ်းချစ်ပြီးအရမ်းRoကြသောအတွဲဖြစ်သည်။
သည်လိုနှင့်ခရီးထွက်ဖို့နေ့ရောက်လာခဲ့ပြီးမြတ်မင်းပိုင်တစ်ယောက်ခရီးဆောင်အိတ်နှင့်အတူအောက်ထပ်သို့ဆင်းလာသည်။.ဧည့်ခန်းမှာတော့ဦးမြတ်မင်းနှင့်ဒေါ်သူဇာ ဒေလီယာတို့စောင့်နေကြသည်။ထိုအချိန်တွင်ခြံထဲသို့ကားတစ်စီးဝင်လာခဲ့သည်။ထိုကားမောင်းတဲ့သူကတစ်ခြားသူတော့မဟုတ်နန္ဒပင်။
"Bossပြီးပြီလားလေယာဥ်မမှီဘဲနေမယ်"
ကားပေါ်ကလှမ်းအော်ကာကားတံခါးဖွင့်ပြီးဆင်းလာသည်။ပြီးနောက်မြတ်မင်းပိုင်ဘေးကအိတ်ကိုယူကာကားနောက်ဖုံးထဲသို့ထည့်လိုက်သည်။
ဧည့်ခန်းထဲတွင်မြတ်မင်းပိုင်တစ်ယောက်အဖေ နှင့်အမေကိုနှုတ်ဆက်စကားပြောနေသည်။
"အမေကျန်းမာရေးဂရုစိုက်ပါနော်...အားဆေးပုံမှန်သောက်ရမယ်နော်...အဖေလည်းကျန်းမာရေးဂရုစိုက်ပါ"
"သားအလုပ်ကိစ္စတွေပြီးတာနဲ့မြန်မြန်ပြန်လာခဲ့နော်...ကျန်းမာရေးလည်းဂရုစိုက်သား"
ဒေါ်သူဇာတစ်ယောက်မျက်ရည်ဝဲကာငိုသံပါလေးဖြင့်ပြောလိုက်သည်။.ဦးမြတ်မင်းနှင့်မြတ်မင်းပိုင်ကတော့လက်ဆွဲနှုတ်ကာကျန်ရှိသောလက်တစ်ဖက်ဖြင့်ဖက်ပြီးပုခုံးကိုပုတ်ရင်းနှုတ်ဆက်နေသည်။ဒေလီယာကတော့လေယာဥ်ကွင်းထိလိုက်ပို့မှာဖြစ်သောကြောင့်ဘာမှတော့ဝင်မပြောပေ။
"ဒါဆိုသားသွားပြီနော်"
ကား၏အနောက်ခန်းသို့မြတ်မင်းပိုင်
ဝင်ထိုင်လိုက်သည်။ဒေလီယာလည်းမြတ်မင်းပိုင်နှင့်အတူအနောက်ခန်းသို့ဝင်ထိုင်လိုက်သည်။သည်လိုနှင့်ခြံထဲကကားလေးဟာလည်းတရွေ့ရွေ့နဲ့ထွက်သွားခဲ့လေတော့၏။
လေဆိပ်ရောက်သော်....
လေယာဥ်ထွက်မှာနာရီဝက်လောက်လိုသေးတဲ့အတွက်ကြောင့်မြတ်မင်းပိုင်တို့သုံးယောက်စကားပြောနေကြသည်။
"ကိုကိုဟိုရောက်ရင်ဒေလီကိုသတိရပေးနော်"
မြတ်မင်းပိုင်လည်းသူနဲ့ဝေးရာသွားရတော့မှာမို့ရန်ဖြစ်စကားမဆိုဘဲခေါင်းသာညိတ်လိုက်တော့သည်။
"ဒေလီကိုကို့ကိုအရမ်းချစ်တယ်နော်....ကျန်းမာရေးဂရုစိုက်ပါ"
*သေသွားရင်ရှင့်အမွေကိုကျွန်မမရတော့ဘူးလေ..ဟက်...*
စိတ်ထဲတွင်တော့ဒေလီယာတစ်ယောက်မေတ္တာပို့နေသည်။
လေယာဥ်ထဲဝင်ဖို့အသိပေးနေပြီဖြစ်တဲ့အတွက်ကြောင့်မြတ်မင်းပိုင်ဒေလီယာ့ကိုနှုတ်ဆက်ကာနန္ဒကိုတော့ငါသွားတော့မယ်ဆိုသောအကြည့်နှင့်ခေါင်းညိတ်ကာထွက်သွားတော့သည်။
လေယာဥ်ထဲမဝင်မှီမြတ်မင်းပိုင်သန့်စင်ခန်းဘက်သို့သွားလိုက်သည်။.ဒါကိုတော့ဒေလီယာမမြင်မိနန္ဒကဒေလီယာကိုစကားပြောကာအကြည့်လွှဲထားခြင်းပင်ဖြစ်သည်။နန္ဒဟာလည်းဒီကိစ္စအစအဆုံးကိုမြတ်မင်းပိုင်ပြောပြလို့သိပြီးနေပြီဖြစ်၏။
မြတ်မင်းပိုင်ကတော့pilotဝတ်စုံဝတ်ကာရုပ်ဖျက်ပြီးအနောက်ပေါက်ကနေထွက်သွားလေတော့သည်။ထို့အတူလေယာဥ်ဟာလည်းထွက်ခွာသွားခဲ့ပြီ။
စင်္ကာပူကိုသွားခြင်ယောင်ဆောင်ပြီးရွာသို့သွားခြင်းပင်..။.သည်လိုမှမလုပ်ရင်လည်းအလိမ်ပေါ်ဦးမည်။ရုပ်ဖျက်ပြီးမြတ်မင်းပိုင်ထွက်လာခဲ့သည်။ထို့နောက်ကားပေါ်တက်ကာသူကိုယ်တိုင်မောင်းနှင်သွားတော့၏။ထိုကားဟာဝယ်ထားတာမှသုံးရက်ပဲရှိသေးသည်။ဒါကြောင့်ထိုကားကိုနန္ဒမှလွဲ၍ဘယ်သူမှမမြင်ဖူးပေ။တစ်ယောက်ထဲထွက်လာရသောအကြောင်းအရင်းကCompanyကိစ္စတွေကိုနန္ဒဦးစီးရဦးမည်...မဟုတ်လားးး။
ရှမ်းပြည်နယ်ကိုမောင်းရသည်မို့မြတ်မင်းပိုင်တစ်ယောက်မအိပ်ချင်အောင်ကော်ဖီဘူးတွေများကားထဲအပြည့်ထည့်လာခဲ့သည်။တစ်ယောက်ထဲကားမောင်းပြီးခရီးဝေးထွက်ရသည်မှာလည်းအန္တရာယ်များလွန်းသည်။
ရန်ကုန်မှရှမ်းပြည်သို့သွားပါကတစ်ညမောင်းနှင်ရသည်။တောင်တက်လမ်းများဖြစ်တာကြောင့်ညဘက်ဆိုဂရုတစိုက်နှင့်မောင်းနှင်လာခဲ့သည်။.အင်္ကျ်ီကိုတော့လမ်းတွင်တွေ့သောစားသောက်ဆိုင်တွင်ဝင်လဲခဲ့သည်။.ခရီးဆောင်အိတ်ကိုတော့နန္ဒကားပါကင်ထိုးနေချိန်မှာပဲထိုကားထဲသို့လာထားသွားသည်။
မနက်ရောင်နီသန်းချိန်တွင်
ကားတံခါးကိုဖွင့်ပြီးမောင်းလာသောကြောင့်လေအေးများကတိုးဝင်ကာအသည်းခိုက်အောင်ချမ်းရသည်။.ကားမောင်းရင်းမြင်ရသောတောင်တန်းများမှာလည်းပန်းချီသဖွယ်လှပနေ၏။ထို့အချိန်တွင်..ပင်းတယမြို့မှကြိုဆိုပါ၏ဆိုသောဆိုင်းဘုတ်လေးကိုလည်းဖြတ်ကျော်လာခဲ့သည်။GPSဖွင့်ထားတာကြောင့်ရွာကိုခက်ခက်ခဲခဲမရှာရ။
ထိုရွာသို့ကားဝင်၍မရသောကြောင့်သူ့ကိုလာကြိုတာကိုပဲမြတ်မင်းပိုင်စောင့်နေတော့သည်။ထိုအချိန်တွင်ဆိုင်ကယ်ဖြင့်အသားဖြူဖြူကောင်လေးတစ်ယောက်မြတ်မင်းပိုင်ကိုလှမ်းကြည့်နေသည်။
*ဟိုကောင်လေးကငါ့ကိုလာကြိုတာလားပုံစံလေးကကြောင်တောင်တော်နဲ့ချစ်ဖို့ကောင်းသား.....*
မြတ်မင်းပိုင်ဆီထိုဆိုင်ကယ်လေးဟာတရွေ့ရွေ့မောင်းနှင်လာသည်။
"ဟိတ်လူခင်ဗျားကရေချမ်းစင်ရွာကသူကြီးဦးသာမောင်ဆီသွားမဲ့သူလားဗျ"
ကားကိုတော့ဝပ်ရှော့ကိုလာယူခိုင်းကာ ထိန်းသိမ်းထားခိုင်းသည်။