ဖွတ်...ဖွတ်..ဖွတ်...ကျွီ...!
သူတို့နှစ်ယောက်အိမ်သို့ရောက်သောအခါသူကြီးတစ်ယောက်
အိမ်ရှေ့မှာရပ်စောင့်နေသည်။"ဟောမောင်ရင်တို့ရောက်လာပြီလား..လာလာအိမ်ထဲအရင်ဝင်ကြကွယ်"
"ဟုတ်ကဲ့သူကြီး"
မြတ်မင်းပိုင်ကတော့အိမ်အောက်ရှိသစ်သားခုံအရှည်တွင်ဝင်ထိုင်ပြီးသာဗျောကတော့ဆိုင်ကယ်သော့ဖြုတ်ကာသူကြီးသို့စကားလှမ်းပြောလိုက်သည်။
"သူကြီးကျုပ်ရေချိုးလိုက်ဦးမယ်ဗျာ..."
"ဟိတ်..အခုမှနေပူထဲကပြန်လာတာရေချိုးတော့မလို့လားဗျ...နေမကောင်းဖြစ်ရင်ကျွန်တော်ရင်ကျိုးရပါမယ်ဗျာ...."
မြတ်မင်းပိုင်၏စကားကြောင့်
သူကြီးခင်ဗျာမျက်လုံးကိုပင့်ကြည့်ပြီးဆေးပေါ့လိပ်ကြီးကိုသာပါးစပ်ထဲညှပ်လျှက်မြတ်မင်းပိုင်ကိုကြည့်လိုက်သာဗျောကိုကြည့်လိုက်ဖြစ်နေတော့သည်။"ဒီမှာခင်ဗျားဘာသာရင်ကျိုးရုံမကလို့ဟိုဟာပဲကျိုးကျိုး...ဂရုမစိုက်ဘူး"
သူကြီးဘယ်ဟာလဲဆိုပြီးမျက်လုံးအပြူးသားပုံစံလုပ်ပြကာ...မြတ်မင်းပိုင်ကလည်းမျက်ခုံးတွန့်ပြတော့သည်။
"ဟာဗျာ...ကျုပ်ကခြေထောက်ကိုပြောတာပါဗျရင်ကျိုးရုံမကလို့ခြေထောက်ကျိုးကျိုးဂရုမစိုက်ဘူးလို့...."
ထိုသို့ပြောပြီးလှေကားထစ်ပေါ်ခုန်ဆွခုန်ဆွတက်သွားခဲ့သည်။အောက်မှာကျန်ရှိခဲ့သောမြတ်မင်းပိုင်သည်လည်းသာဗျောတစ်ယောက်ကိုကြည့်ကာဘယ်လောက်တောင်ချစ်စရာကောင်းပါဘိဆိုပြီးတွေးနေတော့သည်။တွေးနေတုန်းမကြာသူကြီးဘက်ကစကားဆိုလာသည်။
"မောင်ရင့်နာမည်ကမောင်မြတ်မင်းပိုင်နော်"
"ဟုတ်ပါတယ်ဗျ"
"အေးကွယ်မင်းအဖေပြောလို့ဦးလေးအကုန်သိပြီးပါပြီ.မင်းအဖေနဲ့ဦးလေးနဲ့ကသူငယ်ချင်းတွေဆိုတော့ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားပေါ့ကွယ်"
"ဟုတ်ကဲ့ဗျ"
သူကြီးနှင့်မြတ်မင်းပိုင်စကားပြောပြီးခဏအကြာသာဗျောသို့လှမ်းခေါ်တော့သည်။
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...