ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

846K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.12

1.6K 299 5
By devil61002

Shun သည္ Ruzel ေၾကာင့္သာ ဤေနရာတြင္ ဆက္ရိွေနေသးတာျဖစ္ၿပီး တဖက္တြင္ Ruzel က သူ႔အကူအညီကို ယူမည္မဟုတ္သျဖင့္ သူက လက္ရိွတြင္ ထြက္သြားဖို႔ ေရြးခ်ယ္လိုက္သည္ ။ သူ႔တြင္ Ruzel အား တိတ္တဆိတ္ေခၚထုတ္သြားဖို႔ရန္ အင္အားရိွေသာ္လည္း ‌အမ်ားေရ႔ွတြင္ အကူအညီေပးႏိုင္ရန္ ဆႏၵသာရိွၿပီး အဆင့္အတန္းမရိွေသးေပ ။ သူ႔တြင္ လုပ္ရမၫ့္ကိစၥမ်ားေတာင္ပံုရာပံုရိွေနေသးရာ ထပ္မံအခ်ိန္မျဖဳန္းလိုေတာ့ေပ ။

သူ႔စြမ္းအင္၏ ဆိုးက်ိဳးနဲ႔ ပတ္သက္၍ ဘာမွမတတ္ႏိုင္ေသးေသာ္လည္း ဖိႏိွပ္ထားဖို႔ေတာ့ ျဖစ္ႏိုင္ေသးသည္ ။ Shun သည္ အေျခအေနအားလံုးအား ၿခံဳငံုသံုးသပ္ၿပီးေနာက္ Ruzel ၏ အခန္းထဲသို႔ သြားလိုက္သည္ ။ ျပန္မေရာက္ေသးပံုအရ Ruzel သည္ ထိုေနရာတြင္ ရိွေနေသးပံုပင္ ။

သူက အခ်ိန္ျဖဳန္းမေနေတာ့ဘဲ လက္ႏွစ္ဖက္အား ယွက္လ်က္ လက္သေကၤတအခ်ိဳ႕ ျပဳလုပ္လိုက္ၿပီး ႏူတ္ခမ္းမွလဲ ရွည္လ်ားသၫ့္ ဂါထာတခ်ိဳ႕ ရြတ္ဆိုလိုက္သည္ ။ သေကၤတမ်ားနဲ႔ တၿပိဳင္နက္တည္း အင္းကြက္တစ္ခုက မ်က္ႏွာခ်င္းဆိုင္တြင္ေပၚလာခဲ့ၿပီး သူ႔နားတြင္ ဝတ္ဆင္ထားသၫ့္ ျမင့္ျမတ္ေသာသေကၤတမွ ေသြးေရာင္အလင္းတခ်ိဳ႕ ထုတ္လႊတ္လိုက္ၿပီး အင္းကြက္ေပၚသို႔ က်ေရာက္သြားသည္ ။

အခန္းသည္ ရုတ္ခ်ည္းလင္းထိန္သြားၿပီး ျပတင္းေပါက္မွ မွန္မ်ားကိုပင္ ျဖတ္ကာ အျပင္သို႔ ထိုးထြက္သြားသည္ ။ Ruzel တိတ္တဆိတ္ထြက္သြားသည္ကို မသိသၫ့္ အေစာင့္မ်ားက သူတို႔က သခင္ေလး ေမွာ္စြမ္းအင္ေလ့က်င့္ေနသည္ဟုသာ မွတ္ယူလိုက္ၾကၿပီး တစ္ခ်က္သာၾကၫ့္လာကာ အၾကၫ့္လြဲသြားၾကသည္ ။ ထိုကဲ့သို႔အလင္းမ်ား ထြက္ေပၚလာျခင္းက ျဖစ္ေနက်ျဖစ္သျဖင့္ ထူးဆန္းသည္ဟု မခံစားၾကရေပ။

Shun က ပံုမွန္အတိုင္းျပန္ျဖစ္သြားၿပီျဖစ္သၫ့္ Ruzel ၏ အခန္းအား တစ္ခ်က္ေဝ႔ွၾကၫ့္လိုက္ၿပီး စာရြက္တစ္ရြက္အား စာအုပ္တစ္အုပ္၏ ၾကားထဲသို႔ ထၫ့္ထားလိုက္သည္ ။ သူ႔မ်က္ႏွာထက္တြင္ ဤစာရြက္အား မေတြ့သြားလ်ွင္ဆိုသၫ့္ ပူပန္မႈမ်ိဳးရိွမေနေခ် ။ သူက တစ္ခုခုျဖစ္လ်ွင္ ထြက္သြားဖို႔ လမ္းေၾကာင္းတစ္ခု ေပးထားခဲ့ေသာ္လည္း Ruzel သည္ ထိုလမ္းေၾကာင္းအား လိုအပ္ခ်င္မွ လိုအပ္လိမ့္မည္ ။ မေတာ္တဆတစ္ခုခုျဖစ္ၿပီး Loryard ၿမိဳ႔သည္ ယခင္ဂုဏ္အား ျပန္ရခဲ့ၿပီး ထြက္ေျပးဖို႔ မလိုလ်ွင္ ဒီအကူအညီအား Ruzel သိစရာမလိုေတာ့ေခ် ။

သူသည္ အရာတိုင္းကို အျပၫ့္အဝယံုၾကည္ထားခ်င္မရိွေသာေၾကာင့္သာမဟုတ္လ်ွင္ ဒီအစီအရင္ေတာင္ ထားခဲ့လိမ့္မည္မဟုတ္ေပ ။ Shun သည္ ဇာတ္ေၾကာင္းတြင္ ပါဝင္သၫ့္ အေသးအမႊားဇာတ္ေကာင္ေလးသာျဖစ္ေသာ္လည္း Regis ၏ ဂုဏ္သတင္းမ်ားနဲ႔ ပတ္သက္လ်ွင္ေတာ့ သတင္းစံုေလသည္ ။

Loryard မိသားစု ႏိွမ့္ႏွင္းဖို႔ ရႈံးနိမ့္ခဲ့ေသာ ပုန္ကန္မႈသည္ Hayada မိသားစု၏ ရွင္းလင္းျခင္းခံခဲရၿပီး ထိုအတြင္းတြင္ Regis Hayada ၏ သတင္းအခ်က္အလက္ အခ်ိန္မီေပးပို႔ေပးမႈက အလြန္အဓိကက်ခဲ့ၿပီး Regis ၏ ဂုဏ္သတင္းအား Ruff K.Loryard ၏ ဂုဏ္သတင္းအား ေက်ာ္တက္သြားေစခဲ့သည္ ။ ပုန္ကန္မႈပေပ်ာက္သြားေသာေၾကာင့္ Loryard မိသားစုအား အတင္းအၾကပ္ဖိအားေပး၍မရေတာ့ေခ် ။ အထူးသျဖင့္ လက္ရိွ Ruzel သည္ ေစာစီးစြာ ေလ်ာ္ေၾကးမ်ား ေပးထားခဲ့ၿပီးေသာေၾကာင့္ပင္ ။

ဇာတ္ေၾကာင္းတြင္ Loryard မိသားစု တျဖည္းျဖည္းနိမ့္က်လာသည္သာ ပါဝင္ခဲ့ၿပီး ဖ်က္ဆီးခံရျခင‌္းေတာ့မရိွေသးေပ ။

အင္း .. ဒါက မႈလ Shun အေပၚယံသိတဲ့ သတင္းကိုအေျခခံၿပီး ရတဲ့ ဇာတ္ေၾကာင္းဆိုေပမဲ့‌ေပါ့ေလ ။

Shun ၏ လက္ေခ်ာင္းမ်ားက အၿမဲတမ္းအသံုးျပဳေနသျဖင့္ ဖုန္တက္ေနျခင္းမရိွသၫ့္ စာေရးစားပြဲအား ပြတ္ဆြဲသြားသည္ ။ သူ႔ႏူတ္ခမ္းေတာင့္စြန္းမ်ားက ေကြးၫႊတ္သြားၿပီး " အနာဂတ္မွာေတြ့ရမဲ့ အခ်ိန္အမ်ားႀကီးအတြက္ အခုေတာ့ ေျခတစ္လွမ္းဆုတ္ရမွာေပါ့ .. "

" ျပန္ေတြ ့တဲ့အခါ အျခားကမ႓ာကလူ‌ေတြကိုဆက္မုန္းမေနဖို႔ ေမ်ွာ္လင့္ရတာဘဲ .. အထူးသျဖင့္ ကိုယ့္ကိုေပါ့ "

**
Genl သည္ လက္ထဲက စကၠူအပိုင္းအစအား ဖိေခ်လိုက္ၿပီး တြန႔္ေနသၫ့္ ပါးေရမ်ားက အနည္းငယ္တုန္ယင္ေနသည္ ။ သူတို႔တြင္ Shun အား ထိန္းခ်ဳပ္ရန္ နည္းလမ္းရိွၿပီဆိုသၫ့္အခ်ိန္မွ လူကိုရွာမေတြ့ေတာ့ေခ် ။ စာရြက္တြင္ ေရးထားသၫ့္ အဓိပၸာယ္အရ Shun ခ်န္ထားခဲ့သၫ့္ ပံုပင္ ။ ထိုသူသည္ Ruze အသက္အႏၲရယ္က်ေရာက္ေနခ်ိန္ ကာကြယ္ေပးမည္ျဖစ္ၿပီး မည္သို့ကာကြယ္ေပးမည္ကိုမႈ မေရးသားထားေပ ။ ဒါ့အျပင္ ဒါသည္ အျပင္လူ၏ စကားသက္သက္သာျဖစ္ၿပီး တိက်သၫ့္ အေထာက္အထားမွာလည္း ရိွမေနေခ် ။ တနည္းဆိုေသာ္ ယံုၾကည္၍မရေခ် ။

" ဦးေလး Genl .. စိတ္ထဲမထားပါနဲ႔ေတာ့ .. ဒါက အစကတည္းက မျဖစ္ႏိုင္တဲ့အရာဘဲကို .. အျပင္လူတစ္ေယာက္ရဲ့ အကူအညီကို ေမ်ွာ္လင့္မိတာက ကြၽန္ေတာ္တို႔ အမွားဘဲ .." Ruzel က တည္ၿငိမ္သၫ့္အမႈအရာျဖင့္ Genl အား ေျပာလိုက္သည္ ။ သူသည္ အႏၲရယ္နဲ႔ နီးလာေလေလ တည္ၿငိမ္ေလေလျဖစ္ၿပီး စစ္ပြဲက သူ႔ရဲ့ တည္ၿငိမ္တဲ့ စိတ္အေျခအေနကို မသက္ေရာက္ႏိုင္သလိုပင္ ။ ထိုစိတ္က သူ႔အခန္းထဲတြင္ ေနသၫ့္အခ်ိန္တြင္ ပိုသက္ေရာက္သည္ ။ 

Loryard ၿမိဳ႔ထဲရိွ ေလထုက ပိုျပင္းထန္လာခဲ့ၿပီး ၿမိဳ႔ထဲတြင္ စစ္သားမ်ား အဆက္အျပတ္ကင္းလွၫ့္ေနျကသည္ ။ Ruzel သည္ အခက္အခဲမ်ားေၾကာင့္ ပိုမို ရင့္က်င့္လာၿပီး သူ၏ ယခင္က အနည္းငယ္ကေလးဆန္သၫ့္ အမႈအရာမ်ားပင္ ေပ်ာက္ကြယ္လာသည္ ။ Ruzel ၏ ေျခလွမ္းမ်ားက စစ္တပ္မွ ျပန္လာရာ ေတာင့္ခ်ိဳးတစ္ခုတြင္ ရပ္တန႔္သြားၿပီး မထင္မရွား အခန္းငယ္တစ္ခု၏ တံခါးခ်ပ္ထံတြင္ ရပ္တန႔္သြားခဲ့သည္ ။

သူက အျခားကမ႓ာကလာၿပီး ႀကီးႀကီးက်ယ္က်ယ္လုပ္ျပေနတဲ့ လူေတြကို မႀကိဳက္ဘူး ..

ကိုယ္တိုင္က ဘဝင့္ျမင့္တဲ့ လူတစ္ေယာက္ဆိုတာ သတိထားမိေပမဲ့ Regis လိုမ်ိဳး ထီမထင္တဲ့ အၾကၫ့္နဲ႔လူေတြကို မႀကိဳက္ဘူး ..

Shun သည္ သူ ၿမိဳ႔အရွင္ဆီကေန အသိအမွတ္ျပဳမႈရဖို႔ ပစ္မွတ္တစ္ခုသာ .. ၿမိဳ႔အရွင္ေပ်ာက္သြားသၫ့္အခ်ိန္တြင္ Shun အား အသံုးမလိုေတာ့သည္ျဖစ္ရာ သူသည္ အေနွာက္အယွက္ျဖစ္သၫ့္အရာအား ဂရုမစိုက္ေတာ့သည္မွာ ပံုမွန္သာ ။

ဒါေပမဲ့ ..

လက္ရိွ သူ႔ရဲ့ တည္ၿငိမ္မႈေတြက အဲ့ဒီေန့က ' အဆင္ေျပသြားမွာပါ ' ဆိုတဲ့ စကားေၾကာင့္ဆိုတာ လစ္လ်ဳရႈထားခဲ့တာလား။

Ruzel က တံခါးေရ႔ွသို႔ ေရာက္ေနၿပီျဖစ္သၫ့္ ေျခေထာက္မ်ားအား အဓိပၸာယ္မဲ့စြာ ငံု႔ၾကၫ့္ရင္း ေခါင္းယမ္းလိုက္သည္ ။

'မဟုတ္ဘူး.. ဖမ္းဆီးဖို႔ ႀကိဳးစားဖူးတဲ့ သူ႔ကို စိတ္ရင္းအမွန္နဲ႔ႏွစ္သိမ့္ေပးခဲ့တယ္ဆိုတာ မယံုၾကၫ္ခဲ့တာ ။'

ကြၽီ!!

ပြင့္သြားသၫ့္ တံခါးကို မ်က္ဝန္းေသမ်ားျဖင့္ ၾကၫ့္ရင္း တည္ၿငိမ္သၫ့္ ေျခလွမ္းမ်ားျဖင့္ အခန္းတြင္းသို႔ ဝင္လိုက္သည္။ တစ္ခုခုကို လြမ္းဆြတ္ေနသၫ့္ မေရရာသၫ့္ ခံစားခ်က္ကို ေျဖေဖ်ာက္ဖို႔ မသိစိတ္က ဒီေနရာကို လိုအပ္ေနသလိုပင္ ။ ရယ္စရာေကာင္းလွေသာ္လည္း ရင္းႏွီးေနသၫ့္ စိတ္ေအးခ်မ္းမႈက သူ႔အား အဓိပၸာယ္မရိွေသာ္လည္း လက္ခံလိုက္ဟု ေျပာေန‌သၫ့္ႏွယ္ ။

ဒီခံစားခ်က္ ?

‌Ruzel က သူ႔ရင္ဘတ္အား ဖိကိုင္လိုက္သည္ ။ ဒီ လက္မလႊတ္ေပးခ်င္သၫ့္ ခံစားခ်က္ကို သူခံစားခဲ့ဖူးသည္ ။ Ruzel ၏ မ်က္ႏွာေလးက ရႈံ႔မဲ့လာကာ တစ္ခုခုကို အမွတ္ရဖို႔ အသဲအသန္ႀကိဳးစားေနသၫ့္ႏွယ္ မ်က္ေမွာင္တို႔က တြန႔္ခ်ိဳးလာခဲ့သည္ ။ ထိုအခ်ိန္တြင္ Ruzel ၏ အၾကၫ့္တို႔က စားပြဲေအာက္တြင္ စနစ္တက်ထုပ္ပိုးထားပံုရသၫ့္ အထုပ္ထံသို႔ ေရာက္သြားခဲ့သည္ ။

သူသည္ ယခုခံစားေနရသၫ့္ ခံစားခ်က္မ်ားမွ အာရံုလြဲရန္ ထိုအထုပ္အား ျဖည္လိုက္ခ်ိန္တြင္ ထိတ္လန႔္စရာေကာင္းစြာ ေသြးစြန္းေနသၫ့္ ပတ္တီးမ်ားကိုသာ ေတြ့လိုက္ရသည္ ။ စြန္းေနသၫ့္ ေသြးပမာဏက မ်ားျပားလြန္းေသာေၾကာင့္ ပတ္တီးမ်ားသည္ အနီေရာင္လံုးလံုးေျပာင္းေနခဲ့ၿပီ ျဖစ္သည္ ။

သည္အခ်ိန္တြင္ Ruzel ၏ နားထဲတြင္ ထိုေန့က အႀကီးအကဲ၏ စကားမ်ားအား ျပန္စဉ္းစားမိသြားသည္ ။

" ေသြးစြမ္းရည္က အလြန္မေကာင္း‌ဆိုးရြားဆန္တဲ့ စြမ္းရည္တစ္ခုဘဲ .. အဲ့စြမ္းရည္ကိုပိုင္ဆိုင္သူေတြက စြမ္းရည္တင္မကဘူး စိတ္ဓာတ္ကလဲ အရမ္းေၾကာက္စရာေကာင္းတယ္ ... သူတို႔ကို ထိန္းခ်ဳပ္ဖို႔က တကယ္မလြယ္လွဘူး .."

ကိုယ္တိုင္က ထိုစြမ္းရည္ပိုင္ထားသၫ့္ပံုရိပ္သည္ စြမ္းအင္ပိုင္သူမ်ားအား " သူတို႔ " ဟု သံုးစြဲေနပံုေၾကာင့္ Ruzel က နားမလည္ႏိုင္ျဖစ္ခဲ့ရေသးသည္ ။

" တခ်ိန္က ေသြးမေကာင္းဆိုးဝါးဆိုတဲ့လူကို ထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ ငါက Nobel တစ္ေယာက္ျဖစ္လာခဲ့ၿပီး ဒီၿမိဳ႔ကို တည္ေထာင္ႏိုင္ခဲ့တာဘဲ .. အျခားသူေတြအျမင္မွာ ငါက အဲ့လူကို ထိန္းခ်ဳပ္ခဲ့တာေပါ့ .. တကယ္က အေပးအယူတစ္ခု လုပ္ခဲ့ရံုဘဲ .. အဲ့အတြက္ အလဲအလွယ္က ငါ့ရဲ့ အေသြးအသားနဲ႔ ဝိညာဉ္ျဖစ္ခဲ့တယ္ .. " တည္တည္ၿငိမ္ၿငိမ္ေျပာေနသၫ့္ ပံုရိပ္သည္ ထိုအေပးအယူအား တန္သည္ဟု မွတ္ယူခဲ့သၫ့္ ပံုပင္ ။ ထိုသူတြင္ ေနာင္တတစ္စံုတစ္ရာ မရိွသၫ့္ အမႈအရာ ရိွေနခဲ့သည္ ။

" ေသြးစြမ္းရည္က မေကာင္းဆိုးဝါးဆန္သလို ေဘးထြက္ဆိုးက်ိဳးကလဲ သာမန္လူမေတာင့္ခံႏိုင္ေလာက္ေအာင္ဘဲ .. ဝိညာဉ္စာခ်ဳပ္ကသာ သူတို႔ကို ဆိုးက်ိဳးကေန ထြက္ေျပးႏိုင္ေအာင္ ကူညီႏိုင္တယ္ .. ဝိညာဉ္စာခ်ဳပ္ ခ်ဳပ္ဆိုတာက သူတို႔ကိုယ္ သူတို႔ အျခားတစ္ေယာက္ရဲ့ အေစခံအျဖစ္ သြတ္သြင္းလိုက္တာဘဲ .. စာခ်ဳပ္ပိုင္ရွင္က သူတို႔ရဲ့ အသက္ကို ပိုင္တယ္ "

" ဒါေပမဲ့ .. ဉာဏ္မ်ားတဲ့သူတို႔က ဘယ္လိုလုပ္ အရႈံးမ်ားတဲ့ အေပးအယူကို လုပ္မွာလဲ .. ပိုင္ရွင္ရဲ့ အလိုဆႏၵနဲ႔ ေသြးစာခ်ဳပ္ဆိုတာ ျဖစ္ေပၚလာတယ္ ... သူတို႔က စာခ်ဳပ္ပိုင္ရွင္ရဲ့ ဆႏၵၿပီးေျမာက္ေအာင္ ကူညီေပးၿပီးရင္ အဲ့လူရဲ့ အေသြးနဲ႔ဝိညာဉ္ကို  ယူၿပီး ပိုအစြမ္းထက္လာၾကတယ္ .. "

" အခု ေသြးစြမ္းရည္ပိုင္ထားတဲ့ လူငယ္ေလးက ဒီအေၾကာင္းေတြ မသိေလာက္ေသးဘူး ... သူနဲ႔ ဝိညာဉ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳးစားသင့္တယ္ .. ငါ့ကို ဆင့္ေခၚႏိုင္တယ္ဆိုေတာ့ မင္းက ခ်ဳပ္ဆိုႏိုင္ေလာက္တယ္.. က်န္တဲ့ အခ်က္အလက္ေတြက ဒီစာလိပ္ထဲမွာဘဲ ရိွေနတယ္ .. "

" ငါက စာလိပ္ကို ထိန္းသိမ္းဖို႔ ထားတဲ့ ဝိညာဉ္အပိုင္းအစေလးမို႔ .. ဒီေလာက္ဘဲ ကူညီႏိုင္တယ္ .. "

" Ruzel Sama !!! "

က်ယ္‌ေလာင္သၫ့္ ေအာ္သံေၾကာင့္ Ruzel က အေတြးစမ်ားအား ျဖတ္ေတာက္လိုက္ၿပီး ပတ္တီးမ်ားအား ဆုပ္ကိုင္လ်က္ပင္ အခန္းအျပင္သို႔ ေျပးထြက္သြားခဲ့သည္ ။

____________
Devil : နတ္ဆိုးနဲ႔ စာခ်ဳပ္ခ်ဳပ္ျခင္း

လိုအပ္သၫ့္အခ်က္အလက္မ်ား - နတ္ဘုရားအဆင့္ရုပ္ရည္ 😌❤️

Shun - " ကိုယ့္ဘာသာ သတ္ေသမလား .. ငါ‌သတ္ေပးရမလား " 🙂

DiDi : အလွေလးသတ္မွ ေသမယ္ 😗

* ဟိုင္း! ဘာၾကၫ့္ေနတာလဲ .. သဘာဝမလြန္ဘဲ တမလြန္သြားၿပီ * 😑
_________
Unicode
Shun သည် Ruzel ကြောင့်သာ ဤနေရာတွင် ဆက်ရှိနေသေးတာဖြစ်ပြီး တဖက်တွင် Ruzel က သူ့အကူအညီကို ယူမည်မဟုတ်သဖြင့် သူက လက်ရှိတွင် ထွက်သွားဖို့ ရွေးချယ်လိုက်သည် ။ သူ့တွင် Ruzel အား တိတ်တဆိတ်ခေါ်ထုတ်သွားဖို့ရန် အင်အားရှိသော်လည်း ‌အများရှေ့တွင် အကူအညီပေးနိုင်ရန် ဆန္ဒသာရှိပြီး အဆင့်အတန်းမရှိသေးပေ ။ သူ့တွင် လုပ်ရမည့်ကိစ္စများတောင်ပုံရာပုံရှိနေသေးရာ ထပ်မံအချိန်မဖြုန်းလိုတော့ပေ ။

သူ့စွမ်းအင်၏ ဆိုးကျိုးနဲ့ ပတ်သက်၍ ဘာမှမတတ်နိုင်သေးသော်လည်း ဖိနှိပ်ထားဖို့တော့ ဖြစ်နိုင်သေးသည် ။ Shun သည် အခြေအနေအားလုံးအား ခြုံငုံသုံးသပ်ပြီးနောက် Ruzel ၏ အခန်းထဲသို့ သွားလိုက်သည် ။ ပြန်မရောက်သေးပုံအရ Ruzel သည် ထိုနေရာတွင် ရှိနေသေးပုံပင် ။

သူက အချိန်ဖြုန်းမနေတော့ဘဲ လက်နှစ်ဖက်အား ယှက်လျက် လက်သငေ်္ကတအချို့ ပြုလုပ်လိုက်ပြီး နူတ်ခမ်းမှလဲ ရှည်လျားသည့် ဂါထာတချို့ ရွတ်ဆိုလိုက်သည် ။ သငေ်္ကတများနဲ့ တပြိုင်နက်တည်း အင်းကွက်တစ်ခုက မျက်နှာချင်းဆိုင်တွင်ပေါ်လာခဲ့ပြီး သူ့နားတွင် ဝတ်ဆင်ထားသည့် မြင့်မြတ်သောသငေ်္ကတမှ သွေးရောင်အလင်းတချို့ ထုတ်လွှတ်လိုက်ပြီး အင်းကွက်ပေါ်သို့ ကျရောက်သွားသည် ။

အခန်းသည် ရုတ်ချည်းလင်းထိန်သွားပြီး ပြတင်းပေါက်မှ မှန်များကိုပင် ဖြတ်ကာ အပြင်သို့ ထိုးထွက်သွားသည် ။ Ruzel တိတ်တဆိတ်ထွက်သွားသည်ကို မသိသည့် အစောင့်များက သူတို့က သခင်လေး မှော်စွမ်းအင်လေ့ကျင့်နေသည်ဟုသာ မှတ်ယူလိုက်ကြပြီး တစ်ချက်သာကြည့်လာကာ အကြည့်လွဲသွားကြသည် ။ ထိုကဲ့သို့အလင်းများ ထွက်ပေါ်လာခြင်းက ဖြစ်နေကျဖြစ်သဖြင့် ထူးဆန်းသည်ဟု မခံစားကြရပေ။

Shun က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သည့် Ruzel ၏ အခန်းအား တစ်ချက်ဝှေ့ကြည့်လိုက်ပြီး စာရွက်တစ်ရွက်အား စာအုပ်တစ်အုပ်၏ ကြားထဲသို့ ထည့်ထားလိုက်သည် ။ သူ့မျက်နှာထက်တွင် ဤစာရွက်အား မတွေ့သွားလျှင်ဆိုသည့် ပူပန်မှုမျိုးရှိမနေချေ ။ သူက တစ်ခုခုဖြစ်လျှင် ထွက်သွားဖို့ လမ်းကြောင်းတစ်ခု ပေးထားခဲ့သော်လည်း Ruzel သည် ထိုလမ်းကြောင်းအား လိုအပ်ချင်မှ လိုအပ်လိမ့်မည် ။ မတော်တဆတစ်ခုခုဖြစ်ပြီး Loryard မြို့သည် ယခင်ဂုဏ်အား ပြန်ရခဲ့ပြီး ထွက်ပြေးဖို့ မလိုလျှင် ဒီအကူအညီအား Ruzel သိစရာမလိုတော့ချေ ။

သူသည် အရာတိုင်းကို အပြည့်အဝယုံကြည်ထားချင်မရှိသောကြောင့်သာမဟုတ်လျှင် ဒီအစီအရင်တောင် ထားခဲ့လိမ့်မည်မဟုတ်ပေ ။ Shun သည် ဇာတ်ကြောင်းတွင် ပါဝင်သည့် အသေးအမွှားဇာတ်ကောင်လေးသာဖြစ်သော်လည်း Regis ၏ ဂုဏ်သတင်းများနဲ့ ပတ်သက်လျှင်တော့ သတင်းစုံလေသည် ။

Loryard မိသားစု နှိမ့်နှင်းဖို့ ရှုံးနိမ့်ခဲ့သော ပုန်ကန်မှုသည် Hayada မိသားစု၏ ရှင်းလင်းခြင်းခံခဲရပြီး ထိုအတွင်းတွင် Regis Hayada ၏ သတင်းအချက်အလက် အချိန်မီပေးပို့ပေးမှုက အလွန်အဓိကကျခဲ့ပြီး Regis ၏ ဂုဏ်သတင်းအား Ruff K.Loryard ၏ ဂုဏ်သတင်းအား ကျော်တက်သွားစေခဲ့သည် ။ ပုန်ကန်မှုပပျောက်သွားသောကြောင့် Loryard မိသားစုအား အတင်းအကြပ်ဖိအားပေး၍မရတော့ချေ ။ အထူးသဖြင့် လက်ရှိ Ruzel သည် စောစီးစွာ လျော်ကြေးများ ပေးထားခဲ့ပြီးသောကြောင့်ပင် ။

ဇာတ်ကြောင်းတွင် Loryard မိသားစု တဖြည်းဖြည်းနိမ့်ကျလာသည်သာ ပါဝင်ခဲ့ပြီး ဖျက်ဆီးခံရခြင‌်းတော့မရှိသေးပေ ။

အင်း .. ဒါက မှုလ Shun အပေါ်ယံသိတဲ့ သတင်းကိုအခြေခံပြီး ရတဲ့ ဇာတ်ကြောင်းဆိုပေမဲ့‌ပေါ့လေ ။

Shun ၏ လက်ချောင်းများက အမြဲတမ်းအသုံးပြုနေသဖြင့် ဖုန်တက်နေခြင်းမရှိသည့် စာရေးစားပွဲအား ပွတ်ဆွဲသွားသည် ။ သူ့နူတ်ခမ်းတောင့်စွန်းများက ကွေးညွှတ်သွားပြီး " အနာဂတ်မှာတွေ့ရမဲ့ အချိန်အများကြီးအတွက် အခုတော့ ခြေတစ်လှမ်းဆုတ်ရမှာပေါ့ .. "

" ပြန်တွေ ့တဲ့အခါ အခြားကမ်ဘာကလူ‌တွေကိုဆက်မုန်းမနေဖို့ မျှော်လင့်ရတာဘဲ .. အထူးသဖြင့် ကိုယ့်ကိုပေါ့ "

**
Genl သည် လက်ထဲက စက္ကူအပိုင်းအစအား ဖိချေလိုက်ပြီး တွန့်နေသည့် ပါးရေများက အနည်းငယ်တုန်ယင်နေသည် ။ သူတို့တွင် Shun အား ထိန်းချုပ်ရန် နည်းလမ်းရှိပြီဆိုသည့်အချိန်မှ လူကိုရှာမတွေ့တော့ချေ ။ စာရွက်တွင် ရေးထားသည့် အဓိပ္ပာယ်အရ Shun ချန်ထားခဲ့သည့် ပုံပင် ။ ထိုသူသည် Ruze အသက်အန္တရယ်ကျရောက်နေချိန် ကာကွယ်ပေးမည်ဖြစ်ပြီး မည်သို့ကာကွယ်ပေးမည်ကိုမှု မရေးသားထားပေ ။ ဒါ့အပြင် ဒါသည် အပြင်လူ၏ စကားသက်သက်သာဖြစ်ပြီး တိကျသည့် အထောက်အထားမှာလည်း ရှိမနေချေ ။ တနည်းဆိုသော် ယုံကြည်၍မရချေ ။

" ဦးလေး Genl .. စိတ်ထဲမထားပါနဲ့တော့ .. ဒါက အစကတည်းက မဖြစ်နိုင်တဲ့အရာဘဲကို .. အပြင်လူတစ်ယောက်ရဲ့ အကူအညီကို မျှော်လင့်မိတာက ကျွန်တော်တို့ အမှားဘဲ .." Ruzel က တည်ငြိမ်သည့်အမှုအရာဖြင့် Genl အား ပြောလိုက်သည် ။ သူသည် အန္တရယ်နဲ့ နီးလာလေလေ တည်ငြိမ်လေလေဖြစ်ပြီး စစ်ပွဲက သူ့ရဲ့ တည်ငြိမ်တဲ့ စိတ်အခြေအနေကို မသက်ရောက်နိုင်သလိုပင် ။ ထိုစိတ်က သူ့အခန်းထဲတွင် နေသည့်အချိန်တွင် ပိုသက်ရောက်သည် ။ 

Loryard မြို့ထဲရှိ လေထုက ပိုပြင်းထန်လာခဲ့ပြီး မြို့ထဲတွင် စစ်သားများ အဆက်အပြတ်ကင်းလှည့်နေကြသည် ။ Ruzel သည် အခက်အခဲများကြောင့် ပိုမို ရင့်ကျင့်လာပြီး သူ၏ ယခင်က အနည်းငယ်ကလေးဆန်သည့် အမှုအရာများပင် ပျောက်ကွယ်လာသည် ။ Ruzel ၏ ခြေလှမ်းများက စစ်တပ်မှ ပြန်လာရာ တောင့်ချိုးတစ်ခုတွင် ရပ်တန့်သွားပြီး မထင်မရှား အခန်းငယ်တစ်ခု၏ တံခါးချပ်ထံတွင် ရပ်တန့်သွားခဲ့သည် ။

သူက အခြားကမ်ဘာကလာပြီး ကြီးကြီးကျယ်ကျယ်လုပ်ပြနေတဲ့ လူတွေကို မကြိုက်ဘူး ..

ကိုယ်တိုင်က ဘဝင့်မြင့်တဲ့ လူတစ်ယောက်ဆိုတာ သတိထားမိပေမဲ့ Regis လိုမျိုး ထီမထင်တဲ့ အကြည့်နဲ့လူတွေကို မကြိုက်ဘူး ..

Shun သည် သူ မြို့အရှင်ဆီကနေ အသိအမှတ်ပြုမှုရဖို့ ပစ်မှတ်တစ်ခုသာ .. မြို့အရှင်ပျောက်သွားသည့်အချိန်တွင် Shun အား အသုံးမလိုတော့သည်ဖြစ်ရာ သူသည် အနှောက်အယှက်ဖြစ်သည့်အရာအား ဂရုမစိုက်တော့သည်မှာ ပုံမှန်သာ ။

ဒါပေမဲ့ ..

လက်ရှိ သူ့ရဲ့ တည်ငြိမ်မှုတွေက အဲ့ဒီနေ့က ' အဆင်ပြေသွားမှာပါ ' ဆိုတဲ့ စကားကြောင့်ဆိုတာ လစ်လျုရှုထားခဲ့တာလား။

Ruzel က တံခါးရှေ့သို့ ရောက်နေပြီဖြစ်သည့် ခြေထောက်များအား အဓိပ္ပာယ်မဲ့စွာ ငုံ့ကြည့်ရင်း ခေါင်းယမ်းလိုက်သည် ။

'မဟုတ်ဘူး.. ဖမ်းဆီးဖို့ ကြိုးစားဖူးတဲ့ သူ့ကို စိတ်ရင်းအမှန်နဲ့နှစ်သိမ့်ပေးခဲ့တယ်ဆိုတာ မယုံကြည်ခဲ့တာ ။'

ကျွီ!!

ပွင့်သွားသည့် တံခါးကို မျက်ဝန်းသေများဖြင့် ကြည့်ရင်း တည်ငြိမ်သည့် ခြေလှမ်းများဖြင့် အခန်းတွင်းသို့ ဝင်လိုက်သည်။ တစ်ခုခုကို လွမ်းဆွတ်နေသည့် မရေရာသည့် ခံစားချက်ကို ဖြေဖျောက်ဖို့ မသိစိတ်က ဒီနေရာကို လိုအပ်နေသလိုပင် ။ ရယ်စရာကောင်းလှသော်လည်း ရင်းနှီးနေသည့် စိတ်အေးချမ်းမှုက သူ့အား အဓိပ္ပာယ်မရှိသော်လည်း လက်ခံလိုက်ဟု ပြောနေ‌သည့်နှယ် ။

ဒီခံစားချက် ?

‌Ruzel က သူ့ရင်ဘတ်အား ဖိကိုင်လိုက်သည် ။ ဒီ လက်မလွှတ်ပေးချင်သည့် ခံစားချက်ကို သူခံစားခဲ့ဖူးသည် ။ Ruzel ၏ မျက်နှာလေးက ရှုံ့မဲ့လာကာ တစ်ခုခုကို အမှတ်ရဖို့ အသဲအသန်ကြိုးစားနေသည့်နှယ် မျက်မှောင်တို့က တွန့်ချိုးလာခဲ့သည် ။ ထိုအချိန်တွင် Ruzel ၏ အကြည့်တို့က စားပွဲအောက်တွင် စနစ်တကျထုပ်ပိုးထားပုံရသည့် အထုပ်ထံသို့ ရောက်သွားခဲ့သည် ။

သူသည် ယခုခံစားနေရသည့် ခံစားချက်များမှ အာရုံလွဲရန် ထိုအထုပ်အား ဖြည်လိုက်ချိန်တွင် ထိတ်လန့်စရာကောင်းစွာ သွေးစွန်းနေသည့် ပတ်တီးများကိုသာ တွေ့လိုက်ရသည် ။ စွန်းနေသည့် သွေးပမာဏက များပြားလွန်းသောကြောင့် ပတ်တီးများသည် အနီရောင်လုံးလုံးပြောင်းနေခဲ့ပြီ ဖြစ်သည် ။

သည်အချိန်တွင် Ruzel ၏ နားထဲတွင် ထိုနေ့က အကြီးအကဲ၏ စကားများအား ပြန်စဉ်းစားမိသွားသည် ။

" သွေးစွမ်းရည်က အလွန်မကောင်း‌ဆိုးရွားဆန်တဲ့ စွမ်းရည်တစ်ခုဘဲ .. အဲ့စွမ်းရည်ကိုပိုင်ဆိုင်သူတွေက စွမ်းရည်တင်မကဘူး စိတ်ဓာတ်ကလဲ အရမ်းကြောက်စရာကောင်းတယ် ... သူတို့ကို ထိန်းချုပ်ဖို့က တကယ်မလွယ်လှဘူး .."

ကိုယ်တိုင်က ထိုစွမ်းရည်ပိုင်ထားသည့်ပုံရိပ်သည် စွမ်းအင်ပိုင်သူများအား " သူတို့ " ဟု သုံးစွဲနေပုံကြောင့် Ruzel က နားမလည်နိုင်ဖြစ်ခဲ့ရသေးသည် ။

" တချိန်က သွေးမကောင်းဆိုးဝါးဆိုတဲ့လူကို ထိန်းချုပ်နိုင်ခဲ့လို့ ငါက Nobel တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီမြို့ကို တည်ထောင်နိုင်ခဲ့တာဘဲ .. အခြားသူတွေအမြင်မှာ ငါက အဲ့လူကို ထိန်းချုပ်ခဲ့တာပေါ့ .. တကယ်က အပေးအယူတစ်ခု လုပ်ခဲ့ရုံဘဲ .. အဲ့အတွက် အလဲအလှယ်က ငါ့ရဲ့ အသွေးအသားနဲ့ ဝိညာဉ်ဖြစ်ခဲ့တယ် .. " တည်တည်ငြိမ်ငြိမ်ပြောနေသည့် ပုံရိပ်သည် ထိုအပေးအယူအား တန်သည်ဟု မှတ်ယူခဲ့သည့် ပုံပင် ။ ထိုသူတွင် နောင်တတစ်စုံတစ်ရာ မရှိသည့် အမှုအရာ ရှိနေခဲ့သည် ။

" သွေးစွမ်းရည်က မကောင်းဆိုးဝါးဆန်သလို ဘေးထွက်ဆိုးကျိုးကလဲ သာမန်လူမတောင့်ခံနိုင်လောက်အောင်ဘဲ .. ဝိညာဉ်စာချုပ်ကသာ သူတို့ကို ဆိုးကျိုးကနေ ထွက်ပြေးနိုင်အောင် ကူညီနိုင်တယ် .. ဝိညာဉ်စာချုပ် ချုပ်ဆိုတာက သူတို့ကိုယ် သူတို့ အခြားတစ်ယောက်ရဲ့ အစေခံအဖြစ် သွတ်သွင်းလိုက်တာဘဲ .. စာချုပ်ပိုင်ရှင်က သူတို့ရဲ့ အသက်ကို ပိုင်တယ် "

" ဒါပေမဲ့ .. ဉာဏ်များတဲ့သူတို့က ဘယ်လိုလုပ် အရှုံးများတဲ့ အပေးအယူကို လုပ်မှာလဲ .. ပိုင်ရှင်ရဲ့ အလိုဆန္ဒနဲ့ သွေးစာချုပ်ဆိုတာ ဖြစ်ပေါ်လာတယ် ... သူတို့က စာချုပ်ပိုင်ရှင်ရဲ့ ဆန္ဒပြီးမြောက်အောင် ကူညီပေးပြီးရင် အဲ့လူရဲ့ အသွေးနဲ့ဝိညာဉ်ကို  ယူပြီး ပိုအစွမ်းထက်လာကြတယ် .. "

" အခု သွေးစွမ်းရည်ပိုင်ထားတဲ့ လူငယ်လေးက ဒီအကြောင်းတွေ မသိလောက်သေးဘူး ... သူနဲ့ ဝိညာဉ်စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားသင့်တယ် .. ငါ့ကို ဆင့်ခေါ်နိုင်တယ်ဆိုတော့ မင်းက ချုပ်ဆိုနိုင်လောက်တယ်.. ကျန်တဲ့ အချက်အလက်တွေက ဒီစာလိပ်ထဲမှာဘဲ ရှိနေတယ် .. "

" ငါက စာလိပ်ကို ထိန်းသိမ်းဖို့ ထားတဲ့ ဝိညာဉ်အပိုင်းအစလေးမို့ .. ဒီလောက်ဘဲ ကူညီနိုင်တယ် .. "

" Ruzel Sama !!! "

ကျယ်‌လောင်သည့် အော်သံကြောင့် Ruzel က အတွေးစများအား ဖြတ်တောက်လိုက်ပြီး ပတ်တီးများအား ဆုပ်ကိုင်လျက်ပင် အခန်းအပြင်သို့ ပြေးထွက်သွားခဲ့သည် ။

____________
Devil : နတ်ဆိုးနဲ့ စာချုပ်ချုပ်ခြင်း

လိုအပ်သည့်အချက်အလက်များ - နတ်ဘုရားအဆင့်ရုပ်ရည် 😌❤️

Shun - " ကိုယ့်ဘာသာ သတ်သေမလား .. ငါ‌သတ်ပေးရမလား " 🙂

DiDi : အလှလေးသတ်မှ သေမယ် 😗

* ဟိုင်း! ဘာကြည့်နေတာလဲ .. သဘာဝမလွန်ဘဲ တမလွန်သွားပြီ * 😑
_________

Continue Reading

You'll Also Like

329K 34.2K 106
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
432K 26.4K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
130K 19.2K 109
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
178K 4.4K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်