ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

847K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.14

1.7K 292 47
By devil61002

Ah!

သတိရရခ်င္း ေခါင္းေမာ့ရန္ျပင္လိုက္ျခင္းေၾကာင့္ လည္ဂုတ္ကို အရိုက္ခံထားရသၫ့္ Andoshi ခမ်ာ ဦးလြဲသြားေတာ့မလို ခံစားလိုက္ရသည္ ။

" ဘယ္လိုျဖစ္တာလဲ ! " အသံၾကားရံုနဲ႔ ေၾကာက္ရြံ့သြား‌ေစနိုင္သည့္ ေအးစက္စက္စကားသံက နားထဲဝင္လာကာ သတိရလာသၫ့္ Andoshi သည္ ခ်က္ခ်င္း ျပန္ေမ့လဲခ်င္သြားသည္ ။ ' ေကာင္းၿပီေလ ငါက ငေၾကာက္‌ေလးတစ္ေယာက္ပါ '

" Ruzel Sama ဆီက ေကာင္ေလးတစ္ေယာက္ကို ဖမ္းဖို႔ အမိန႔္ရခဲ့တာပါ " ‌ေအးစက္စက္အသံေနာက္မွ လိုက္လာသၫ့္ ေၾကာက္ေၾကာက္ရြံ႔ရြံ႔အသံေၾကာင့္ ေမ့ခ်င္ေယာင္ေဆာင္ေနသၫ့္ Andoshi က သူ႔မ်က္ခြံမ်ားကို အနည္းငယ္ဖြင့္လ်က္ ခိုးၾကၫ့္လိုက္သည္ ။ သို႔ေသာ္ အျမင္မ်ားက ေဝဝါးေနဆဲပင္ ။

ရွင္းရွင္းလင္းလင္းၾကားရသၫ့္စကားသံမ်ားအရ Shun သည္ အသက္ရွင္လ်က္ ေကာင္းေကာင္းမြန္မြန္ရိွေနသၫ့္ပံုပင္ ။ ' ငနာေလး .. ငါ့မွာေတာ့ သူ႔ေၾကာင့္ မႏွစ္ၿမိဳ႔တဲ့. အမႈအရာနဲ႔ မ်က္ႏွာလွလွေလးေတြကို သည္းခံေနလာရတာ .. ေတြ့မွ လိုက္ရိုက္ဦးမယ္ ..' ထိုလူမ်ားထံမွ Shun ၏ သတင္းၾကားရသျဖင့္ စိတ္ေအးသြားၿပီျဖစ္ရာ သူက ပံုမွန္အတိုင္း ေပါက္ကရေတြးႏိုင္ၿပီျဖစ္သည္ ။ မည္သို႔ပင္ျဖစ္ေစ သူ႔အေတြးထဲတြင္ သူသည္ Shun အား ႏိုင္ေလသည္ ။ သို႔ေၾကာင့္ နာနာေလး ရိုက္ႏွက္ေပးရမည္ ။

Andoshi သည္ သူ႔ဦးေနွာက္ေသးေသးေလးျဖင့္ ေနာက္ဆက္ရမၫ့္အရာအား ေတြးၿပီးခ်ိန္တြင္ ေမ့ခ်င္ေယာင္ေဆာင္ၿပီး ထိုလူမ်ားနဲ႔ လိုက္သြားကာ Shun နဲ႔ ေတြ့ရမည္ဟူ၍ အဆံုးသတ္သြားသည္ ။ သို႔ေသာ္ ဆိုးရြားလွသၫ့္ အမွန္တရားမွာ ထိုေနရာသို႔ သြားရန္အခ်ိန္မွာ အရမ္းၾကာျခင္းပင္ ။

' ဂလု! .. အသားကင္နံ႔ေလး ေမႊးလိုက္တာ .. လူယုတ္မာေတြ .. လူကို ဖမ္းလာၿပီး ေကြၽးေမြးမယ္မရိွဘူး ' Andoshi က အနံ႔၏ လားရာသို႔ ႏွာေခါင္းကို ပို႔လိုက္ၿပီး တံေတြးတစ္ခ်က္ မ်ိဳခ်လိုက္သည္ ။ အဆံုးတြင္ သူက မေနႏိုင္ေတာ့ဘဲ အခုမွ ႏိုးလာခ်င္ေယာင္ေဆာင္ရေတာ့သည္ ။ ႏိုးလာသၫ့္အခ်ိန္တြင္ သူ႔အား ဘယ္သူမွ ဂရုစိုက္မေနသည္ကို ေတြ့လိုက္ရေတာ့သည္ ။ လူတစ္ေယာက္က သူ႔ထံသို႔ စားစရာတခ်ိဳ႕ ေပးလာၿပီးေနာက္ " သခင္ေလးက .. စားၿပီးရင္ ထြက္သြားေတာ့တဲ့ "

???

ရုတ္တရက္ Andoshi က ရည္မွန္းခ်က္ေပ်ာက္ဆံုးသြားသၫ့္ အရသာကို ခံစားလိုက္ရသည္ ။ ထြက္သြား .. သူက ဘယ္ကို ထြက္သြားရမွာလဲ .. ထြက္သြားၿပီးရင္ သူက ဘာလုပ္ရမွာလဲ .. ။ ေမးခြန္းမ်ားစြာနဲ႔ Andoshi သည္ အဆံုးထိ အေျဖရွာမေတြခဲ့ေခ် ။ သို႔ေသာ္ျငား လက္နက္အျပၫ့္အစံုနဲ႔ ဒီလူေတြအနားတြင္ ေနရသည္မွာ မသက္မသာျဖစ္သျဖင့္ သူက အေနာက္မွ တိတ္တိတ္ေလးလိုက္သြားရန္ ဆံုးျဖတ္လိုက္သည္ ။ ၿပီးေနာက္ Shun အား ရွာေတြ့လ်ွင္ ေနာက္ဆက္လုပ္ရမည္အား ထိုအခ်ိန္မွ ဆက္ေတြးမည္ျဖစ္သည္ ။

Andoshi က ေတြးေတာၿပီးေနာက္ ေက်နပ္သြားသျဖင့္ စားဝင္ေသာက္ဝင္သြားသည္ ။ သူစားေသာက္ၿပီးေနာက္ သူပင္မထြက္သြားရေသး ခရီးထြက္ရန္ျပင္ေနသၫ့္ လူမ်ားေၾကာင့္ ထရမလို ထိုင္ရမလိုျဖစ္သြားသည္ ။ သူ႔အၾကၫ့္က လူမ်ားအၾကားတြင္ မ်က္စိဖမ္းစားႏိုင္ေသာ ပံုရိပ္ထံသို႔ ေရာက္သြားခဲ့သည္ ။ အနက္ေရာင္ၿခံဳထည္ျဖင့္ တစ္ကိုယ္လံုးကို ဖံုးအုပ္ထားၿပီး ေခါင္းေဆာင္းက မ်က္ႏွာတစ္ဝက္ကို ဖံုးကြယ္ထားရာ မ်က္ႏွာအား ျမင္ႏိုင္ရန္ မျဖစ္ႏိုင္ေခ် ။

‌ဒီ.. ဒီလူ .. ငါ့ကို ရိုက္တဲ့လူ !!

Andoshi က စိတ္ထဲတြင္ ေအာ္ဟစ္လိုက္ေသာ္လည္း အျပင္ဘက္တြင္ အားတင္းကာ ၿပံဳးျပလိုက္ၿပီး ထိုသူမ်ားနဲ႔ ဆန႔္က်င္ဘက္သို႔ ထြက္သြားရန္ျပင္လိုက္သည္ ။ ထိုသူမ်ားသည္ အလ်င္လိုေနသၫ့္ပံုပင္ Andoshi သည္ ပတ္ဝန္းက်င္က မ်ားျပားလွသၫ့္ ေလမ်ားကိုပင္ ရႈဖို႔ မအားရေလာက္ေအာင္ လိုက္ေနရသည္ ။ သို႔တိုင္ေအာင္ ထိုသူမ်ားအား သူက မ်က္ေျချပတ္သြားခဲ့ေသးသည္ ။

" အား!....အသံုးမက်တဲ့ ငါ !!! "

**
Loryard ၿမိဳ႔၏ သတင္းၾကားခ်ိန္တြင္ Shun သည္ မ်က္ေတာင္တစ္ခ်က္ခတ္လိုက္ၿပီး တစ္ခ်က္ေတြးလိုက္သည္ ။ ၿပီးေနာက္ သူက ပါးျပင္အား လက္ေထာက္လ်က္ သက္ျပင္းခ်လိုက္သည္ ။ " လြမ္းလိုက္တာ ! "

Shun က မ်က္ဝန္းထဲတြင္ေပၚလာသၫ့္ ပံုရိပ္ေလးအား ႏူးညံ့စြာ ၿပံဳးျပလိုက္ၿပီး " မင္းက ဒီအျဖစ္အပ်က္ကေန သန္မာလာမွာဆိုတာ ကိုယ္သိတယ္ ... " သူသည္ ထိုသူအား ကာကြယ္ေပးခ်င္သည္မွန္ေသာ္လည္း ကိုယ္တိုင္သန္မာ‌ေစျခင္းထက္ ဘယ္အရာကမွ စိတ္မခ်ရေပ ။ သစ္ပင္ထိပ္ဖ်ားတြင္ရပ္လ်က္ သူ႔လက္ဖ်ားသို႔ ဦးတည္ေနသၫ့္ ေသြးအလင္းတန္းမ်ားၾကၫ့္ရင္း ႏူတ္ခမ္းမဲ့လိုက္သည္ ။

ဒီလိုဆိုရင္ေတာင္ ဒီေသြးနံ႔ေတြထက္ သူ႔ေသြးနံ႔ေလးကို ႀကိဳက္တယ္ .. ရခ်င္တယ္ .. တစ္ငံုေလာက္ေသာက္ခ်င္တာကြာ Ah!!.. ဒီတိုင္းဆို ငါ Demon Lord မျဖစ္ခင္ သြားေတြ့မိေတာ့မယ္

ေျမျပင္တြင္ အထပ္ထပ္ျဖစ္ေနသၫ့္ အေလာင္းမ်ားထံမွ ေသြးတစ္စက္မက်န္ေအာင္ စုပ္ယူၿပီးခ်ိန္တြင္ Shun က အေၾကာဆန္လ်က္ ထရပ္လိုက္သည္ ။ သူက တစ္ေယာက္ခ်င္း အမဲလိုက္ေနရေလာက္ေအာင္ အားယားမေနေခ် ။ ေပါမ်ားလွသၫ့္ စစ္ေျမျပင္ကိုသာ သြားလိုက္ရံုသာ ။ သူသြားခဲ့သၫ့္ စစ္ေျမျပင္ေတြက ဘယ္ႏွစ္‌ခုေတာင္လဲ မသိေတာ့ေခ် ။ ထိုအခ်က္ကပင္ ဤေလာက၌ စစ္ပြဲမည္မ်ွမ်ားျပားသည္ကို သိႏိုင္သည္။ တျခားကမ႓ာက ကူးေျပာင္းလာသူေတြက ႀကီးမားတဲ့ တိုးတက္မႈကို ယူလာရံုသာမက အႏၲရယ္မ်ားတဲ့ အရာေတြကို ယူလာခဲ့သည္မွာ မလြဲမေသြပင္ ။ ထိုလက္နက္ႀကီးမ်ားက တကယ့္ ကပ္ေဘးမ်ားပင္ ။

ကမ႓ာတိုင္းတြင္ သူ႔အတိုင္းအတာနဲ႔သူရိွသည္ ။ ထိုကဲ့သို႔ လက္နက္ေတြကို ကိုင္တြယ္ဖို႔အတြက္ ဒီကမ႓ာက လူသားေတြက မတတ္ႏိုင္ေသးေပ ။ တဖက္တြင္ သူက အဓိကစနစ္ကို ထိန္းခ်ဳပ္ေနသၫ့္လူသည္ အတိတ္ကို ျပန္သြားခ်င္ေနသၫ့္ လူတစ္ေယာက္လားဟု သံသယဝင္လာသည္ ။

ဒီေန့အထိ သူေတြ ့လာတဲ့ ျပန္လည္ေမြးဖြားလာသူေတြ ကူးေျပာင္းလာသူေတြ ဘယ္ႏွစ္ေယာက္ေတာင္လဲ ။ ထိုထိန္းခ်ဳပ္သူက ရူးေနတာထက္ စိတ္ဆႏၵတစ္ခုအတြက္ ရွင္သန္ေနတာနဲ႔ ပိုတူေနသည္ ။

ထားပါေလ .. အဲ့ဒါ ငါနဲ႔လည္း မဆိုင္ပါဘူး ။

/ Master!!! /

"" ေကာင္းပါၿပီ .. ဆိုင္တယ္ .. ငါနဲ႔ ဆိုင္တယ္.. အဲ့အရူးကို ရွင္းပစ္ရမွာ ငါသိတယ္..ငါသိတယ္ ဟုတ္ၿပီလား .. "" Shun က ႏူတ္ခမ္းတြန႔္လ်က္ ျပန္ေျဖလိုက္သည္ ။ ဒီဟာေလးက ငါ့ထက္ေတာင္ လူသားပီသၿပီး ကမ႓ာႀကီးကို ခ်စ္ျပေနေသးတယ္။ သူက နားၿငီးလြန္း၍ အလိုက္အထိုက္ သာဆက္ဆံေပးေနရသည္ ။ သစ္ပင္ထက္မွ ခုန္ဆင္းလိုက္ၿပီး ေမွာင္ရိပ္တစ္ေနရာသို႔ တိုးဝင္လိုက္ကာ ""ရွာေဖြမႈ အေျခအေနဘယ္လိုလဲ ""

/ ဟုတ္!

ဒီကမ႓ာက ခႏၶေဗဒေလ့လာသူ ဂ်က္ခ္ေလာ့ ရဲ့ စြမ္းအင္ျဖန႔္က်က္မႈ သီအိုရီကို အဓိကယူထားပါတယ္ ။ စိတ္စြမ္းအင္က ဝိညာဉ္ကို ခိုင္မာေစရံုသာမက စြမ္းအင္ပို႔လႊတ္လိုက္တဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ႀကံ့ခိုင္ေစတဲ့အျပင္ စြမ္းအင္တမ်ိဳးမ်ိဳး ထုတ္လႊတ္ႏိုင္ပါတယ္ ။ /

"" အို.. အဲ့အရူးလား .. ေအာင္ျမင္ႏိုင္ေခ် 0.01 % သာရိွတဲ့ အရာကို အတင္းသက္ေသျပဖို႔ႀကိဳးစားတဲ့ေကာင္ .. စိတ္စြမ္းအင္ျမင့္ေလ တခ်ိဳ႕အရာေတြစမ္းသပ္တဲ့ေနရာမွာ ေအာင္ျမင္မႈမ်ားေလဆိုေပမဲ့ .. အဲ့ေခြးေကာင္ရဲ့ စမ္းသပ္ခ်က္က စိတ္စြမ္းအင္ျမင့္ေလ အႏၲရယ္ႀကီးေလျဖစ္ေနလို႔ ထိန္းသိမ္းခံလိုက္ရတာကို.. "" သူ႔ပေရာ့ဂ်က္တြင္ ဒီလို သီအိုရီ ကို စိတ္တိုင္းက်ထၫ့္ေနသၫ့္ ရင္းႏွီးျမဳပ္ႏွံသူမ်ားအား ထိုအတြက္ေၾကာင့္ သေဘာမက်တာပင္ ။

မူလကမ႓ာတြင္ သာမန္လူတစ္ေယာက္၏ အသက္သည္ပင္ ပ်မ္းမ်ွ 300 ေက်ာ္ရိွသည္ ။ စိတ္စြမ္းအင္ျမင္ၿပီး ဝိညာဉ္ခိုင္မာသၫ့္ လူဆိုလ်ွင္ အလြန္အသက္ရွည္ၾကၿပီး Level ျမင့္လာေလေလ ႏွစ္တမ္းၾကာေလျဖစ္သည္ ။ ယခု သူရဲ့ ဆိုးက်ိဳးက ေသြးမ်ားမ်ားထြက္ေလ အသက္စြမ္းအင္ေလ်ာ့ေလျဖစ္သည္ ။ ဒါ့အျပင္ ေသြးစြမ္းအင္သည္ သူ၏စိတ္စြမ္းအင္မွ ေျပာင္းလဲထားျခင္းျဖစ္ကာ ဒီခႏၶာကိုယ္ရဲ့ အသက္စြမ္းအင္ ထိခိုက္ျခင္းက သူ႔စိတ္စြမ္းအင္နဲ႔ တိုက္ရိုက္ျဖစ္ေနတဲ့ သူ႔ဝိညာဉ္ကို အနည္းနဲ႔အမ်ားထိခိုက္ေစသည္ ။ မေျပာပေလာက္ေသာ္လည္း အခ်ိန္ၾကာလာလ်ွင္ ဘယ္အရာမွ ‌မေကာင္းေပ။

" အာ .. ဆိုးတာဘဲ မွတ္ဉာဏ္ျပန္ရၿပီးကတည္းက ငါ့အသက္ကို တန္ဖိုးထားဖို႔ ေမ့သြားတယ္ " Shun သည္ အခုမွ တစ္စံုတစ္ရာကို ရုတ္ခ်ည္း သတိရသြားသၫ့္အလား သူ႔နဖူးသူရိုက္လိုက္သည္ ။

သူ႔ခ်စ္သူအား ပံုရိပ္ေယာင္မွ အစစ္အမွန္အျဖစ္ေျပာင္းလဲဖို႔ စမ္းသပ္ရဦးမၫ့္အခ်ိန္ရယ္ ေျပာင္းလဲၿပီးလ်ွင္ အတူေနဖို႔ အခ်ိန္ရယ္ကို တြက္ၾကၫ့္လ်ွင္ေတာင္ သူ႔တြင္ အခ်ိန္မေလာက္ရာ ဒီမျဖစ္စေလာက္ သီအိုရီေၾကာင့္ သူ႔သက္တမ္းေတြ ဆံုးရႈံးသြားမည္ကို လက္မခံႏိုင္ေပ ။

_________________
" ေသြးမေသာက္ရခ်င္ေန .. လည္တိုင္ေလးကို တစ္ကိုက္ေလာက္ ကိုက္ခ်င္... ခ်င္.. "

Shun - ဟမ္!!!

* ေခါင္းသြင္သြင္ခါယမ္း * ⊙﹏⊙

" ဘာမွမဟုတ္ပါဘူး .. ဘာမွ ဟုတ္ဝူး " (─.─||)

_______
Unicode

Ah!

သတိရရချင်း ခေါင်းမော့ရန်ပြင်လိုက်ခြင်းကြောင့် လည်ဂုတ်ကို အရိုက်ခံထားရသည့် Andoshi ခမျာ ဦးလွဲသွားတော့မလို ခံစားလိုက်ရသည် ။

" ဘယ်လိုဖြစ်တာလဲ ! " အသံကြားရုံနဲ့ ကြောက်ရွံ့သွား‌စေနိုင်သည့် အေးစက်စက်စကားသံက နားထဲဝင်လာကာ သတိရလာသည့် Andoshi သည် ချက်ချင်း ပြန်မေ့လဲချင်သွားသည် ။ ' ကောင်းပြီလေ ငါက ငကြောက်‌လေးတစ်ယောက်ပါ '

" Ruzel Sama ဆီက ကောင်လေးတစ်ယောက်ကို ဖမ်းဖို့ အမိန့်ရခဲ့တာပါ " ‌အေးစက်စက်အသံနောက်မှ လိုက်လာသည့် ကြောက်ကြောက်ရွံ့ရွံ့အသံကြောင့် မေ့ချင်ယောင်ဆောင်နေသည့် Andoshi က သူ့မျက်ခွံများကို အနည်းငယ်ဖွင့်လျက် ခိုးကြည့်လိုက်သည် ။ သို့သော် အမြင်များက ဝေဝါးနေဆဲပင် ။

ရှင်းရှင်းလင်းလင်းကြားရသည့်စကားသံများအရ Shun သည် အသက်ရှင်လျက် ကောင်းကောင်းမွန်မွန်ရှိနေသည့်ပုံပင် ။ ' ငနာလေး .. ငါ့မှာတော့ သူ့ကြောင့် မနှစ်မြို့တဲ့. အမှုအရာနဲ့ မျက်နှာလှလှလေးတွေကို သည်းခံနေလာရတာ .. တွေ့မှ လိုက်ရိုက်ဦးမယ် ..' ထိုလူများထံမှ Shun ၏ သတင်းကြားရသဖြင့် စိတ်အေးသွားပြီဖြစ်ရာ သူက ပုံမှန်အတိုင်း ပေါက်ကရတွေးနိုင်ပြီဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ သူ့အတွေးထဲတွင် သူသည် Shun အား နိုင်လေသည် ။ သို့ကြောင့် နာနာလေး ရိုက်နှက်ပေးရမည် ။

Andoshi သည် သူ့ဦးနှောက်သေးသေးလေးဖြင့် နောက်ဆက်ရမည့်အရာအား တွေးပြီးချိန်တွင် မေ့ချင်ယောင်ဆောင်ပြီး ထိုလူများနဲ့ လိုက်သွားကာ Shun နဲ့ တွေ့ရမည်ဟူ၍ အဆုံးသတ်သွားသည် ။ သို့သော် ဆိုးရွားလှသည့် အမှန်တရားမှာ ထိုနေရာသို့ သွားရန်အချိန်မှာ အရမ်းကြာခြင်းပင် ။

' ဂလု! .. အသားကင်နံ့လေး မွှေးလိုက်တာ .. လူယုတ်မာတွေ .. လူကို ဖမ်းလာပြီး ကျွေးမွေးမယ်မရှိဘူး ' Andoshi က အနံ့၏ လားရာသို့ နှာခေါင်းကို ပို့လိုက်ပြီး တံတွေးတစ်ချက် မျိုချလိုက်သည် ။ အဆုံးတွင် သူက မနေနိုင်တော့ဘဲ အခုမှ နိုးလာချင်ယောင်ဆောင်ရတော့သည် ။ နိုးလာသည့်အချိန်တွင် သူ့အား ဘယ်သူမှ ဂရုစိုက်မနေသည်ကို တွေ့လိုက်ရတော့သည် ။ လူတစ်ယောက်က သူ့ထံသို့ စားစရာတချို့ ပေးလာပြီးနောက် " သခင်လေးက .. စားပြီးရင် ထွက်သွားတော့တဲ့ "

???

ရုတ်တရက် Andoshi က ရည်မှန်းချက်ပျောက်ဆုံးသွားသည့် အရသာကို ခံစားလိုက်ရသည် ။ ထွက်သွား .. သူက ဘယ်ကို ထွက်သွားရမှာလဲ .. ထွက်သွားပြီးရင် သူက ဘာလုပ်ရမှာလဲ .. ။ မေးခွန်းများစွာနဲ့ Andoshi သည် အဆုံးထိ အဖြေရှာမတွေခဲ့ချေ ။ သို့သော်ငြား လက်နက်အပြည့်အစုံနဲ့ ဒီလူတွေအနားတွင် နေရသည်မှာ မသက်မသာဖြစ်သဖြင့် သူက အနောက်မှ တိတ်တိတ်လေးလိုက်သွားရန် ဆုံးဖြတ်လိုက်သည် ။ ပြီးနောက် Shun အား ရှာတွေ့လျှင် နောက်ဆက်လုပ်ရမည်အား ထိုအချိန်မှ ဆက်တွေးမည်ဖြစ်သည် ။

Andoshi က တွေးတောပြီးနောက် ကျေနပ်သွားသဖြင့် စားဝင်သောက်ဝင်သွားသည် ။ သူစားသောက်ပြီးနောက် သူပင်မထွက်သွားရသေး ခရီးထွက်ရန်ပြင်နေသည့် လူများကြောင့် ထရမလို ထိုင်ရမလိုဖြစ်သွားသည် ။ သူ့အကြည့်က လူများအကြားတွင် မျက်စိဖမ်းစားနိုင်သော ပုံရိပ်ထံသို့ ရောက်သွားခဲ့သည် ။ အနက်ရောင်ခြုံထည်ဖြင့် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပြီး ခေါင်းဆောင်းက မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားရာ မျက်နှာအား မြင်နိုင်ရန် မဖြစ်နိုင်ချေ ။

‌ဒီ.. ဒီလူ .. ငါ့ကို ရိုက်တဲ့လူ !!

Andoshi က စိတ်ထဲတွင် အော်ဟစ်လိုက်သော်လည်း အပြင်ဘက်တွင် အားတင်းကာ ပြုံးပြလိုက်ပြီး ထိုသူများနဲ့ ဆန့်ကျင်ဘက်သို့ ထွက်သွားရန်ပြင်လိုက်သည် ။ ထိုသူများသည် အလျင်လိုနေသည့်ပုံပင် Andoshi သည် ပတ်ဝန်းကျင်က များပြားလှသည့် လေများကိုပင် ရှုဖို့ မအားရလောက်အောင် လိုက်နေရသည် ။ သို့တိုင်အောင် ထိုသူများအား သူက မျက်ခြေပြတ်သွားခဲ့သေးသည် ။

" အား!....အသုံးမကျတဲ့ ငါ !!! "

**
Loryard မြို့၏ သတင်းကြားချိန်တွင် Shun သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး တစ်ချက်တွေးလိုက်သည် ။ ပြီးနောက် သူက ပါးပြင်အား လက်ထောက်လျက် သက်ပြင်းချလိုက်သည် ။ " လွမ်းလိုက်တာ ! "

Shun က မျက်ဝန်းထဲတွင်ပေါ်လာသည့် ပုံရိပ်လေးအား နူးညံ့စွာ ပြုံးပြလိုက်ပြီး " မင်းက ဒီအဖြစ်အပျက်ကနေ သန်မာလာမှာဆိုတာ ကိုယ်သိတယ် ... " သူသည် ထိုသူအား ကာကွယ်ပေးချင်သည်မှန်သော်လည်း ကိုယ်တိုင်သန်မာ‌စေခြင်းထက် ဘယ်အရာကမှ စိတ်မချရပေ ။ သစ်ပင်ထိပ်ဖျားတွင်ရပ်လျက် သူ့လက်ဖျားသို့ ဦးတည်နေသည့် သွေးအလင်းတန်းများကြည့်ရင်း နူတ်ခမ်းမဲ့လိုက်သည် ။

ဒီလိုဆိုရင်တောင် ဒီသွေးနံ့တွေထက် သူ့သွေးနံ့လေးကို ကြိုက်တယ် .. ရချင်တယ် .. တစ်ငုံလောက်သောက်ချင်တာကွာ Ah!!.. ဒီတိုင်းဆို ငါ Demon Lord မဖြစ်ခင် သွားတွေ့မိတော့မယ်

မြေပြင်တွင် အထပ်ထပ်ဖြစ်နေသည့် အလောင်းများထံမှ သွေးတစ်စက်မကျန်အောင် စုပ်ယူပြီးချိန်တွင် Shun က အကြောဆန်လျက် ထရပ်လိုက်သည် ။ သူက တစ်ယောက်ချင်း အမဲလိုက်နေရလောက်အောင် အားယားမနေချေ ။ ပေါများလှသည့် စစ်မြေပြင်ကိုသာ သွားလိုက်ရုံသာ ။ သူသွားခဲ့သည့် စစ်မြေပြင်တွေက ဘယ်နှစ်‌ခုတောင်လဲ မသိတော့ချေ ။ ထိုအချက်ကပင် ဤလောက၌ စစ်ပွဲမည်မျှများပြားသည်ကို သိနိုင်သည်။ တခြားကမ်ဘာက ကူးပြောင်းလာသူတွေက ကြီးမားတဲ့ တိုးတက်မှုကို ယူလာရုံသာမက အန္တရယ်များတဲ့ အရာတွေကို ယူလာခဲ့သည်မှာ မလွဲမသွေပင် ။ ထိုလက်နက်ကြီးများက တကယ့် ကပ်ဘေးများပင် ။

ကမ်ဘာတိုင်းတွင် သူ့အတိုင်းအတာနဲ့သူရှိသည် ။ ထိုကဲ့သို့ လက်နက်တွေကို ကိုင်တွယ်ဖို့အတွက် ဒီကမ်ဘာက လူသားတွေက မတတ်နိုင်သေးပေ ။ တဖက်တွင် သူက အဓိကစနစ်ကို ထိန်းချုပ်နေသည့်လူသည် အတိတ်ကို ပြန်သွားချင်နေသည့် လူတစ်ယောက်လားဟု သံသယဝင်လာသည် ။

ဒီနေ့အထိ သူတွေ ့လာတဲ့ ပြန်လည်မွေးဖွားလာသူတွေ ကူးပြောင်းလာသူတွေ ဘယ်နှစ်ယောက်တောင်လဲ ။ ထိုထိန်းချုပ်သူက ရူးနေတာထက် စိတ်ဆန္ဒတစ်ခုအတွက် ရှင်သန်နေတာနဲ့ ပိုတူနေသည် ။

ထားပါလေ .. အဲ့ဒါ ငါနဲ့လည်း မဆိုင်ပါဘူး ။

/ Master!!! /

"" ကောင်းပါပြီ .. ဆိုင်တယ် .. ငါနဲ့ ဆိုင်တယ်.. အဲ့အရူးကို ရှင်းပစ်ရမှာ ငါသိတယ်..ငါသိတယ် ဟုတ်ပြီလား .. "" Shun က နူတ်ခမ်းတွန့်လျက် ပြန်ဖြေလိုက်သည် ။ ဒီဟာလေးက ငါ့ထက်တောင် လူသားပီသပြီး ကမ်ဘာကြီးကို ချစ်ပြနေသေးတယ်။ သူက နားငြီးလွန်း၍ အလိုက်အထိုက် သာဆက်ဆံပေးနေရသည် ။ သစ်ပင်ထက်မှ ခုန်ဆင်းလိုက်ပြီး မှောင်ရိပ်တစ်နေရာသို့ တိုးဝင်လိုက်ကာ ""ရှာဖွေမှု အခြေအနေဘယ်လိုလဲ ""

/ ဟုတ်!

ဒီကမ်ဘာက ခန္ဓဗေဒလေ့လာသူ ဂျက်ခ်လော့ ရဲ့ စွမ်းအင်ဖြန့်ကျက်မှု သီအိုရီကို အဓိကယူထားပါတယ် ။ စိတ်စွမ်းအင်က ဝိညာဉ်ကို ခိုင်မာစေရုံသာမက စွမ်းအင်ပို့လွှတ်လိုက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကြံ့ခိုင်စေတဲ့အပြင် စွမ်းအင်တမျိုးမျိုး ထုတ်လွှတ်နိုင်ပါတယ် ။ /

"" အို.. အဲ့အရူးလား .. အောင်မြင်နိုင်ချေ 0.01 % သာရှိတဲ့ အရာကို အတင်းသက်သေပြဖို့ကြိုးစားတဲ့ကောင် .. စိတ်စွမ်းအင်မြင့်လေ တချို့အရာတွေစမ်းသပ်တဲ့နေရာမှာ အောင်မြင်မှုများလေဆိုပေမဲ့ .. အဲ့ခွေးကောင်ရဲ့ စမ်းသပ်ချက်က စိတ်စွမ်းအင်မြင့်လေ အန္တရယ်ကြီးလေဖြစ်နေလို့ ထိန်းသိမ်းခံလိုက်ရတာကို.. "" သူ့ပရော့ဂျက်တွင် ဒီလို သီအိုရီ ကို စိတ်တိုင်းကျထည့်နေသည့် ရင်းနှီးမြုပ်နှံသူများအား ထိုအတွက်ကြောင့် သဘောမကျတာပင် ။

မူလကမ်ဘာတွင် သာမန်လူတစ်ယောက်၏ အသက်သည်ပင် ပျမ်းမျှ 300 ကျော်ရှိသည် ။ စိတ်စွမ်းအင်မြင်ပြီး ဝိညာဉ်ခိုင်မာသည့် လူဆိုလျှင် အလွန်အသက်ရှည်ကြပြီး Level မြင့်လာလေလေ နှစ်တမ်းကြာလေဖြစ်သည် ။ ယခု သူရဲ့ ဆိုးကျိုးက သွေးများများထွက်လေ အသက်စွမ်းအင်လျော့လေဖြစ်သည် ။ ဒါ့အပြင် သွေးစွမ်းအင်သည် သူ၏စိတ်စွမ်းအင်မှ ပြောင်းလဲထားခြင်းဖြစ်ကာ ဒီခန္ဓာကိုယ်ရဲ့ အသက်စွမ်းအင် ထိခိုက်ခြင်းက သူ့စိတ်စွမ်းအင်နဲ့ တိုက်ရိုက်ဖြစ်နေတဲ့ သူ့ဝိညာဉ်ကို အနည်းနဲ့အများထိခိုက်စေသည် ။ မပြောပလောက်သော်လည်း အချိန်ကြာလာလျှင် ဘယ်အရာမှ ‌မကောင်းပေ။

" အာ .. ဆိုးတာဘဲ မှတ်ဉာဏ်ပြန်ရပြီးကတည်းက ငါ့အသက်ကို တန်ဖိုးထားဖို့ မေ့သွားတယ် " Shun သည် အခုမှ တစ်စုံတစ်ရာကို ရုတ်ချည်း သတိရသွားသည့်အလား သူ့နဖူးသူရိုက်လိုက်သည် ။

သူ့ချစ်သူအား ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ်ပြောင်းလဲဖို့ စမ်းသပ်ရဦးမည့်အချိန်ရယ် ပြောင်းလဲပြီးလျှင် အတူနေဖို့ အချိန်ရယ်ကို တွက်ကြည့်လျှင်တောင် သူ့တွင် အချိန်မလောက်ရာ ဒီမဖြစ်စလောက် သီအိုရီကြောင့် သူ့သက်တမ်းတွေ ဆုံးရှုံးသွားမည်ကို လက်မခံနိုင်ပေ ။

_________________
" သွေးမသောက်ရချင်နေ .. လည်တိုင်လေးကို တစ်ကိုက်လောက် ကိုက်ချင်... ချင်.. "

Shun - ဟမ်!!!

* ခေါင်းသွင်သွင်ခါယမ်း * ⊙﹏⊙

" ဘာမှမဟုတ်ပါဘူး .. ဘာမှ ဟုတ်ဝူး " (─.─||)

_______

Continue Reading

You'll Also Like

3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
180K 30.8K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
6.6M 434K 94
Hanary Victor + Loon Tar Nay San
435K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..