Short Poems

By ShallyDolly13

274 78 87

Short Poems & Essays More

"ရုန်းမရတဲ့နှောင်ကြိုး"
Message
ဆုတောင်း
လွင့်
ကြောင်ကလေး အိုလီဗာ
ကျွန်မရဲ့ချစ်သော
Nightmare
တစ်ခါတုန်းကနွေ
ညီမျှခြင်း
ဝဋ်
တမ်းတခြင်း
Tim & Tom
Dear Me
ကျောင်းပုံပြင်
အတ္တရိပ်မြုံ
ကြိုး
Sunflower
Loving
Teenage Love
Dear Me
ရင်ထဲကဆောင်း
ပြတင်းပေါက်ကလေး
Dimples
မျှော်လင့်ချက်တွေ ကျိုးကြေခြင်း
မနက်ဖြန်များစွာ
Everything is Beautiful when....

To My Sunshine

4 2 2
By ShallyDolly13

သို့ Sunshine ရေ...
မင်းကို ကိုယ်တိတ်တိတ်လေး သဘောကျနေမိတာ ဒီနေ့နဲ့ဆို တစ်နှစ် တိတိပြည့်တင်းခဲ့ပြီ။
ဒီအကြောင်းတွေကိုတော့ မင်းသိမှာမဟုတ်ပါဘူး။

သူငယ်ချင်းတွေကပြောတယ်...
မဟူရာနားကပ် နဲ့တစ်ယောက်က သိပ်ချောတာဘဲတဲ့
အဲ့အချိန်တုန်းက မင်းကို ကိုယ်မသိသေးဘူး
သူငယ်ချင်းတွေ ‌မင်းအကြောင်းပြောပါများလာတော့ ကိုယ့်မှာ မင်းကိုမြင်ဖူးချင်ခဲ့တယ်။

မင်းကိုမြင်ခွင့်လည်း ရခဲ့ပါတယ် Sunshine...
မင်းတို့သူငယ်ချင်းတစ်စု ကိုယ်တွေဘေးကဖြတ်သွားချိန် နားကပ်ဝတ်ထားတဲ့ မင်းကို ကိုယ်လိုက်ရှာပြီး တိတ်တခိုးလေး ကြည့်ခွင့်ရခဲ့တယ်။

ကိုယ်ကလူတစ်ယောက်ကို မြင်မြင်ချင်း မမှတ်မိပေမယ့် မင်းကိုတော့ ကိုယ်မှတ်မိခဲ့ပါတယ်....။
အဲ့အချိန်တုန်းက မင်းကို ကိုယ်သိရုံဘဲသိခဲ့သလို၊မြတ်နိုးမှုတွေကလည်း ဟိုဘက်ကမ်းမှာ....။

စာမေးပွဲဖြေရင်တောင် မင်းနဲ့ တစ်ခန်းတည်း ဖြေရပေမယ့် အဲ့အချိန်တုန်းက မင်းကို ကိုယ်စိတ်မဝင်စားခဲ့ဘူး...Sunshine

ဒါပေမယ့် သံယောဇဉ်ဆိုတာကလည်း....

ကိုယ်မင်းကို ပိုပြီးသတိထားမိလာခဲ့တယ်။
မင်းက Kingတစ်ယောက်ဖြစ်သလို၊မိန်းကလေးတွေစကား‌ပြောရင်လည်း မင်းအကြောင်းက မပါမဖြစ်...

နောက်ပိုင်းမှာတော့ မင်းကို ကိုယ်မြတ်နိုးစွာချစ်နေမိပြီဆိုတာ သိလိုက်ရတော့တယ်....
မင်းရဲ့ Facebook account ကို ကိုယ်လိုက်ရှာပြီးငေးကြည့်ရုံသာတတ်နိုင်ခဲ့တာပါ
Add friend နှိပ်ဖို့ ကိုယ့်မှာသတ္တိမရှိခဲဘူး....
ငေးကြည့်ရုံမျှသာ.....

မင်းအကြောင်းကိုလည်း ကိုရေရေရာရာ မသိခဲ့ဘူး
မင်းက ကိုယ်နဲ့ Major မတူတာရယ်၊အတန်း‌ဖော်တွေအတွက် EC ကောင်းဆိုတာရယ်၊မင်းက ပအိုဝ့်တိုင်းရင်းသားဆိုတာရယ်၊ မင်းမှာ ညီလေးတစ်‌ယောက်ရှိတယ် ဆိုတာရယ်....
ဒါပါဘဲ ကိုယ်သိတဲ့ မင်းရဲ့အကြောင်းတွေ....

မင်းတို့ major နဲ့ ကိုယ်တို့ major  Volley Ball ပြိုင်ရတဲ့နေ့က ကိုယ့်နှုတ်က ကိုယ့်major နိုင်အောင်အားပေးနေရပေမယ့်....ကိုယ့်နှလုံးသားကတော့ မင်းကို အားပေးနေခဲ့တယ် Sunshine‌ ...

စာမေးပွဲဖြေရင်တောင်
ခုဆိုတစ်ခန်းတည်း အတူတူ ဖြေချင်ပေမယ့်
ကံကြမ္မာက ကိုယ့်ဘက်မရှိခဲ့ဘူး....
အရင်က မင်းကို ခနခနတွေ့နေရပေမယ့်
မင်းကို ကိုယ်စိတ်ဝင်စားလာတဲ့နောက်ပိုင်း တွေ့မြင်ခွင့်မရတော့....

အဲ့ကတည်းက ကိုယ်သေချာသိလိုက်ရပြီ...
ကိုယ်တို့နှစ်ယောက်က ဆုံစည်းဖို့ကံမပါလာခဲ့ဘူး ဆိုတာကို....

မင်းကတော့ဘယ်သိမလဲ....

ကိုယ့်နာမည်ကို မင်းသိမှာလည်းမဟုတ်သလို
မင်းကို မြတ်နိုးစွာချစ်နေတယ်ဆိုတာလည်း မင်းသိမှာမဟုတ်ပါဘူး....
ဘာလို့ဆို ကိုယ်က ဟန်ဆောင်ကောင်းတယ်လေ...

ကိုယ့်နှလုံးသားကနေ မြစ်ဖျားခံပြီး စီးဆင်းနေတဲ့ ချစ်ခြင်းမေတ္တာတွေကို မင်းရဲ့နှလုံးသားမှာဘဲ ရပ်တန့်ချင်တယ် Sunshine ရယ်....

You're my forever love and Sunshine....

ဆူးခတ်နွယ်

Continue Reading

You'll Also Like

29.1M 921K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
6.4K 597 19
រឿងរ៉ាវបែបមិនធម្មតាមួយ ពីក្មេងដែលគេត្រូវគេធ្វើបាបប្រែក្លាយជាអ្នកប្រុសដែលមានអំណាចកាចមិនធម្មតា វាជាការប្ដូរវិញ្ញាណមួយចូលខ្លួនមួយទៀត ហួយ៎ ក៏ប្រែតែគេត្រូ...
11.7M 302K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
4.1M 199K 101
✅ "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐢𝐚𝐧 𝐧𝐨𝐯𝐞𝐥 ↯ ⚔︎ ʙᴏᴏᴋ ᴏɴᴇ ᴀɴᴅ ᴛᴡᴏ ᴄᴏᴍʙɪɴᴇᴅ ⚔︎ ...