မနက်ဖြန်များစွာ

7 1 0
                                    

အိုက်စပ်စပ် သန်းခေါင်ယံည
လျှပ်စစ်မီးရောင်တွေ ကင်းမဲ့နေချိန်
ကြယ်တာရာရဲ့ အလင်းဖျော့ဖျော့ကို အားပြုပြီး
မဟူရာ ကောင်းကင်ကို မမှိတ်မသုန် ငေးကြည့်နေမိတယ်....။

အဝေးကပျံ့လွင့်လာတဲ့ ပုရစ်သံသဲ့သဲ့
ပူလောင်အိုက်စပ်တဲ့ လေပူတွေ
ပြီးတော့ အဆုံးမသတ်နိုင်တဲ့
မနက်ဖြန်တွေ....။

အတိတ်တွေကို ဖန်တီးဖို့
မနက်ဖြန်ဆိုတာ ရှိနေခဲ့ပေမယ့်
ငါ့ရဲ့မနက်ဖြန်တိုင်းက
ဘယ်နေရာမှာ ကျပျောက်ခဲ့မှန်း
မမှတ်မိတော့...။

မနက်ဖြန်တိုင်းကို
အဆုံးသတ်ဖို့အတွက်
ကုန်လွန်ခဲ့တဲ့ အတိတ်တွေကို
သတ်ပစ်လိုက်တာနဲ့ တပြိုင်နက်
ငါဟာ အသူရာချောက်နက်ထဲ
ပြုတ်ကျသွားခဲ့တယ်...။

၂၈/၉/၂၀၂၂

Short Poems Where stories live. Discover now