ကြောင်ကလေး အိုလီဗာ

8 5 14
                                    

ကျွန်မဆီကို ရောက်ရောက်လာတတ်တဲ့ ကြောင်ဖြူလေးတစ်ကောင်ရှိတယ် ။သူ့လည်ပင်းမှာဆွဲထားတဲ့ နာမည်ပြားလေးမှာတော့ Oliverတဲ့ ။Oliverရဲ့ မျက်ဝန်းတွေက ပင်လယ်ပြင်လို ပြာလဲ့နေတယ် ။

Oliverက ကျွန်မရုံးဆင်းတဲ့အချိန်တိုင်း ကျွန်မ အိမ်ရှေ့မှာ ‌အမြဲစောင့်နေတတ်တယ် ။ကျွန်မ ‌သွားတဲ့နောက်လည်း တကောက်ကောက်လိုက်တတ်သေးတယ် ။သူ့ကို နွားနို့တိုက်ရင် ပျော်မြူးနေတတ်တဲ့ Oliverလေးက ချစ်ဖို့တော့ အတော်ကောင်းတယ် ။ကျွန်မ အလုပ်လုပ်နေတဲ့ အချိန်ဆိုရင် သူလေးက ဘေးနားမှာ ထိုင်စောင့်နေတတ်တယ် ။

ကျွန်မညအိပ်ရာဝင်တဲ့အခါ Oliverလေးက ကျွန်မဘေးနားတိုးဝင်ပြီး အိပ်သေးတာ ။မနက်မိုးလင်းတဲ့ အချိန်ဆို Oliverကမရှိတော့ဘူး ။သူဘယ်သွားမှန်းလည်း ကျွန်မ မသိခဲ့ ။

အခုတလော Oliverလေး ကျွန်မဆီမလာတာ တစ်ပတ်တိတိပင်ရှိခဲ့ပြီ ။ရုံးဆင်းတဲ့အချိန် မိုးရုတ်တရက်ရွာချလာတော့ ထီးမပါတဲ့ ကျွန်မအတွက် အခက်ဖြစ်ခဲ့ရတယ် ။ထီးအဝါလေးကိုင်ထားတဲ့ ကောင်လေးတစ်ယောက် ကျွန်မကို ပြုံးကြည့်ရင်း သူ့လက်ထဲက ထီးအပိုတစ်‌ချောင်းကို ကျွန်မကိုကမ်းပေးနေတယ် ။သူ့မျက်ဝန်းတွေက ပင်လယ်ပြင်လို ပြာလဲ့လို့နေတယ် ။

ကျွန်မ အားနာစွာနဲ့ဘဲ သူ့ဆီက ထီးကိုယူခဲ့ပြီး အိမ်ပြန်လာခဲ့လိုက်တယ် ။ကျွန်မအိမ်ရှေ့မှာ တံခါးဖွင့်နေတဲ့အချိန် ကျွန်မနားကပ်လာတဲ့ သူ့ကိုမော့ကြည့်မိတယ် ။သူဟာ ကျွန်မကို ထီးငှားပေးခဲ့တဲ့သူပါဘဲ ။
သူ့အပြုံးတွေက လန်းဆန်းနေသ‌ေယာင်။သူ့ဆံပင်တွေက မိုးရေကြောင့်စွတ်စိုနေပြီး သူ့မျက်ဝန်းမှာတွဲခိုနေတဲ့ မိုးရေစက်လေးတွေက ကဗျာဆန်နေခဲ့တယ်။

"ထီးပါတာကို ဘာလို့ မိုးတွေစိုနေတာလဲ"လို့ ကျွန်မမေးလိုက်တော့ သူကပြုံးနေတယ် ။
"စကားမပြောတတ်ဘူးလား"လို့ မေးလိုက်တော့ "ကျွန်တော့်ထီးကို လမ်းမှာတွေ့တဲ့ ကလေးတစ်ယောက်ကို  ပေးခဲ့လိုက်တာ"လို့ သူကပြန်ဖြေတယ် ။

မိုးလည်းတိတ်သွားတဲ့အတွက် သူ့ထီးကို ကျွန်မပြန်ပေးလိုက်ပြီး သူ့ကိုကျေးဇူးတင်ကြောင်းပြောလိုက်တယ် ။သူကတော့ မိုးရေတွေကြောင့် အေးနေတယ်ထင်ပါရဲ့ ။ကျွန်မလည်း သူ့ကိုအားနာတဲ့အတွက် ကော်ဖီပူပူသောက်ဖို့ သူ့ကိုဖိတ်ကြားမိလိုက်တယ် ။အိမ်ထဲရောက်တော့ သူ့ကို တဘက်ပေးပြီး သူ့ဆံပင်တွေကို သုတ်စေခဲ့တယ် ။ကျွန်မကော်ဖီဖျော်ဖို့ပြင်တော့ သူက "ကျွန်တော် ကော်ဖီနဲ့ဓာတ်မတည့်လို့ ကျွန်တော့်ကို နွားနို့ပေးလို့ရမလား"လို့သူကပြောတော့ ကျွန်မOliverလေးကို သတိရမိသွားတယ် ။

Short Poems Where stories live. Discover now