အသက်ရှုသံယဲ့ယဲ့က
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ
ကျယ်လောင်ကာနေတယ်။နာရီရဲ့စက္ကန့်နဲ့အမျှ ရွေ့လျားသံတွေက
မြူ့ကိုခြောက်လှန့်နေတယ်။
အတိတ်ရဲ့အရိပ်မဲတို့က
မြူ့နောက်ကနေထပ်ကြပ်မကွာ
လိုက်နေကြတယ်
ထိုအရိပ်တွေထဲမှာ
မောင့်ရဲ့အပြုံးတွေက
ကြောက်စရာကောင်းအောင်
လှပနေတယ်။မောင်ပြောခဲ့တဲ့ ယုံတမ်းစကားတွေက
မြူ့ဘဝဖြစ်ခဲ့တယ်
မောင်ထားခဲ့တော့ မြူ့ဘဝ
ပျက်ရတာပါပဲ။
ညစဉ်ညတိုင်း မောင့်ကိုသတိရတိုင်း
မောင်သောက်နေကျ ဘရန်ဒီပုလင်းက
မြူ့အိပ်ရာပေါ် နေရာဝင်ယူနေတယ်။မောင့်ကိုသေလောက်အောင် လွမ်းတဲ့အလွမ်းတွေကို
ဘရန်ဒီတစ်ခွက်သောက်ပြီး မေ့ပျောက်နိုင်ပေမယ့်
အိပ်မက်ထဲမှာတော့ မောင်မြူ့ကိုထားခဲ့တဲ့
နေ့ကို ထပ်ကာထပ်ကာရောက်နေရတယ် ။
အိပ်ဆေးတွေကလည်း မြူ့ဒဏ်ရာကိုမကုစားနိုင်
မြူ့စိတ်တွေကတော့
အကြိမ်ကြိမ်သေဆုံးနေပြီးသား။အခန်းပြတင်းမှာချိတ်ထားတဲ့
Dreamcatcherလည်း မြူ့ဆီညတိုင်းအလည်လာတဲ့
အိပ်မက်ဆိုးတွေကို မတားဆီးနိုင်တော့ဘူး
မြူလည်း မြူ့nightmareတွေကို မတားဆီးနိုင်
မောင်ကတော့ မြူ့အိပ်မက်ထဲမှာ
သေလောက်အောင်ချစ်ဖို့ကောင်းနေတယ်
မောင်က မြူ့အတွက်တော့
ပြန်မမက်ချင်တော့တဲ့ အိပ်မက်ဆိုး။#SueKhattNwe