Short Poems

Від ShallyDolly13

270 78 87

Short Poems & Essays Більше

"ရုန်းမရတဲ့နှောင်ကြိုး"
Message
ဆုတောင်း
လွင့်
ကြောင်ကလေး အိုလီဗာ
ကျွန်မရဲ့ချစ်သော
Nightmare
တစ်ခါတုန်းကနွေ
ညီမျှခြင်း
ဝဋ်
တမ်းတခြင်း
Dear Me
ကျောင်းပုံပြင်
အတ္တရိပ်မြုံ
ကြိုး
To My Sunshine
Sunflower
Loving
Teenage Love
Dear Me
ရင်ထဲကဆောင်း
ပြတင်းပေါက်ကလေး
Dimples
မျှော်လင့်ချက်တွေ ကျိုးကြေခြင်း
မနက်ဖြန်များစွာ
Everything is Beautiful when....

Tim & Tom

2 3 2
Від ShallyDolly13

ကျွန်တော်နဲ့ တွမ်က ငယ်သူငယ်ချင်းတွေ
သူငယ်ချင်းသက်တမ်းကလည်း ၁၈နှစ်ကျော်ခဲ့ပြီ ။
ကျွန်တော်တို့နှစ်ယောက်ရဲ့
ပတ်သက်မှုကလည်း သာမာန်ထက်ပိုတယ် ။

တွမ်ရဲ့အသားညိုညို နှာတံစင်းစင်း
ပါးချိုင့်ခွက်ခွက်တွေကို
ကျွန်တော်ချစ်တယ်...
တွမ်က ခပ်တည်တည်နေပေမယ့်
ကျွန်တော်နဲ့ဆို ကလေးဆိုးကြီးနဲ့တူတယ် ။

တွမ်က ကျွန်တော့်ရဲ့ ဆံပင်ခပ်အုပ်အုပ်‌ကို
သူ့လက်နဲ့ထိုးဖွရတာကို
နှစ်သက်တယ်
ကျွန်တော်ခေါင်းလျှော်ထားပြီဆိုရင်လည်း
ကျွန်တော့် ဆံပင်ကို တရှိုက်မက်မက်
နမ်းရှိုက်တတ်တယ်...။

တွမ်က ကျွန်တော်နားမလည်တဲ့
စာတွေကို သေချာရှင်းပြသလို
ကျွန်တော့်နှလုံးသားထဲမှာ
ဖြစ်ပျက်နေတဲ့ အရာကိုလည်း
သူရှင်းပြသွားတယ်....။

ကျွန်တော် တွမ့်ကို ချစ်နေမိပြီဆိုတာ
သိတဲ့အချိန် ကျွန်တော် တုန်လှုပ်သွားခဲ့တယ်
ကျွန်တော် တွမ့်ကို ရှောင်နေမိတဲ့ ရက်တွေက
ကျွန်တော့်အတွက် ငရဲဘဲ
တွမ်ကျွန်‌တော့် ခံစားချက်ကို
သိသွားရင်ဆိုတဲ့ အတွေးက
ကျွန်တော့်ကို ညစဉ် နှိပ်စက်နေခဲ့တယ် ။

တွမ်ကကော...

တစ်လလောက်ကြာတဲ့အခါ
တွမ့်ဆီက စာတစ်စောင်ရတယ်

ကျွန်တော်လည်း စာကိုအမြန်ဖွင့်ဖတ်လိုက်တယ်
တွမ်က စာတစ်ကြောင်းတည်းရေးထားတယ်
"I can't stop falling in love with you,Tim"

ကျွန်တော် တွမ်စောင့်နေတဲ့ တိုက်အောက်ကို
အမြန်ပြေးဆင်းလိုက်တယ်
တွမ့်ကိုတွေ့တွေ့ချင်း
တွမ့်ရဲ့ ရင်ဘက်ထဲကိုခိုဝင်ပြီး
တွမ့်ကို တင်းတင်းကျပ်ကျပ်
ဖက်ထားလိုက်တယ်...။

တွမ်လည်း ကျွန်တော့်ကို
တင်းတင်းကျပ်ကျပ်ဖက်ထားပြီး
ကျွန်တော့်ဆံပင်တွေကို သူနမ်းရှိုက်နေခဲ့တယ် ။

ဆူးခတ်နွယ်

Продовжити читання

Вам також сподобається

13.1K 1.8K 133
This is not poetry . . . Rankings: #1 in Poet (27/11/2023) #3 in Distress (22/12/2023) #3 in sadpoems (25/12/2023) #2 in lovepoem (25/12/2023) #3 in...
Ace Від Antonia

Романтика

192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
16.3M 545K 35
Sinful Flash Sale: Unlock the entire story for 80% OFF or each part for just for 1 Coin Only! Valid only for this weekend, till June 23. Down-on-her...
16.6K 374 28
This is the translation of Umera's Peer-e-kamil to Roman urdu, hope you guys like it.... All credits to Umera Ahmed.....