แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...
By PannKhattWaiio
364K 57.8K 2.5K
fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More
แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰
แ‚แ† แ€กแ€†แ€€แ€บ
4.3K 931 26
By PannKhattWaiio
၂၆ အဆက်
“မင်းရဲ့ဒီသခွားသီးကို ချက်ထားတဲ့နည်းလမ်းက တကယ့်ကို ထူးခြားပြီးရိုးရှင်းလွန်းလှတယ်ဆိုပေမဲ့ နူးညံ့တဲ့အရသာမပျောက်အောင် ထိန်းနိုင်ပြီး သဘာဝအရသာပေးစွမ်းနိုင်နေတုန်းပဲ”
“သေချာတာပေါ့”
[လျိုယဲ့ပိုင်:သူပြောတာမှန်တယ်၊ ကြယ်၎ပွင့်ကိုလုပ်မနေပါနဲ့၊ ကြယ်၅ပွင့်ကို တိုက်ရိုက်ပေးလိုက်ရအောင် ။ ဒါပေမဲ့ သူ ဟင်းလျာတစ်ပွဲ ချက်ပြုတ်တိုင်း တိုက်ရိုက်ထုတ်လွှင့်မြှဖစ်လိမ့်မယ်]
[ဟော် :ကျေးဇူးပါပဲ]
(@ဟော်ယွန်ရီv: ကြယ်၎ပွင့်စားဖိုမှူးပြိုင်ပွဲဝင်က အကောင်းဆုံးစားစရာမျိုးကို စားခွင့်ရစေတဲ့အတွက်  မင်းတို့အားလုံး မဲပေးသင့်ပါတယ်၊လင့်...])
(@ဟော်ယွန်ချန်းv:ထောက်ခံတယ် //@ဟော်ယွန်ရီV:ကြယ်၎ပွင့်စားဖိုမှူ.....)
ကြယ်၎ပွင့်စားဖိုမှူ...)
"ဒါပေမဲ့ ဒီနေ့ကြယ်၎ပွင့်ပြိုင်ပွဲကိုကြည့်ရတာတော့..."
“ဂုဏ်ယူပါတယ်၊နောက်ဆုံးတော့ ကြယ်၎ပွင့်စားဖိုမှူးဖြစ်သွားခဲ့ပြီ ယွမ့်ထျန်း”
-------
၂၆ အဆကျ
နောက်ဆုံးဟင်းတစ်ပွဲကို မြည်းစမ်းပြီးသည့်နောက်တွင် ကုလဲ့ကျီက ချောင်းဟန့်သည်။ သူ၏စားဖိုမှူး အစည်းအရုံး၏ ဂုဏ်ပုဒ်ကိုသာထိန်းမနေခဲ့လျှင် သူချက်ချင်းယွမ့်ထန်းအနားသို့ ခုန်ဝင်သွားလောက်ချေပြီ။ သူက ယွမ့်ထျန်းကိုသာစိတ်ဝင်စားမှုအပြည့်ဖြင့်စိုက်ကြည့်ကာ လေးစားမှုအပြည့်ဖြင့်ပြောလာ၏။
“လေးရာသီစားပွဲက တကယ်ပဲ ရွေးချယ်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကို သင့်လျော်အောင်ချက်ပြုတ်နိုင်တယ်၊ အားလုံးကလည်း ဒီနာမည်နဲ့ လိုက်ဖက်ညီနေတာပဲ။ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် ၊မင်း စိတ်ကူးတကယ်ကောင်းပါတယ်”
“ဟုတ်တယ် ဟင်းလျာတွေအားလုံးက တကယ်ကို အံ့သြစေတယ်”
အနားတွင်ရှိသည့်ကောလောင်က ပြောသည်။
“မင်းရဲ့ဒီသခွားသီးကို ချက်ထားတဲ့နည်းလမ်းက တကယ့်ကို ထူးခြားပြီးရိုးရှင်းလွန်းလှတယ်ဆိုပေမဲ့ နူးညံ့့တဲ့အရသာမပျောက်အောင် ထိန်းနိုင်ပြီး သဘာဝအရသာပေးစွမ်းနိုင်နေတုန်းပဲ”
“ထည့်ပြောဖို့တောင်မလိုဘူး၊ ဒီဟင်းလျာလုပ်တဲ့နည်းလမ်းက အရမ်းလွယ်တယ် ။လူတိုင်းဒါကို ချက်ပြုတ်နိုင်တယ်၊ ဒါပေမဲ့သူတို့ဒီလိုချက်ပြုတ်ပေမယ့် အရသာက ယွမ့်ထန်းကိုတော့ ယှဉ်နိုင်မယ်မထင်ဘူး”
“သေချာတာပေါ့”
ကောလောင်ကလည်း လေးစားမှုအပြည့်ဖြင့်ဝင်ပြောသည်။
“အရင်တုန်းက ငါတို့တွေက ငါတို့ရဲ့လက်ရာကသာအကောင်းဆုံးလို့ယုံကြည်ခဲ့ကြတယ် ၊ပါဝင်ပစ္စည်းတွေအားလုံးကို ရှေ့နောက်ဘယ်ပြန်ညာပြန်စမ်းသပ်ခဲ့ကြတယ်။ ပုံသဏ္ဍာန်အမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးပုံဖော်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဘယ်လိုနည်းနှင့်မှ ဒီလိုရိုးရှင်းတဲ့ ချက်ပြုတ်နည်းက ဒီလိုအရသာကောင်းထွက်လာစေမယ်ဆိုတာကို မမျှော်လင့်ခဲ့မိကြဘူး ၊ငါတို့ တကယ်ကို ပျက်ကွက်ခဲ့တာပဲ”
“၂နာရီခွဲအတောတွင်းမှာ သူက ဟင်းလျာ၁၀မျိုးလုံးကို ချက်ပြုတ်နိုင်ခဲ့တယ်၊ အားလုံးက အနံ့ရော အရသာရော အရမ်းကောင်းတယ် ။သူက ပါဝင်ပစ္စည်းအမျိုးစား၂၀ကိုတောင် သုံးပြသွားခဲ့တာ၊ ပြောရမယ်ဆိုရင် သူ့ရဲ့လုပ်နိုင်စွမ်းကတော့ ပြိုင်ဘက်ကင်းပါပဲ။ ပါဝင်ယှဉ်ပြိုင်သူက အံ့သြဖို့အကောင်းဆုံးဟင်းချက်လက်ရာကိုပြသနိုင်ခဲ့တယ်လို့ ငါတော့ယုံကြည်တယ်”
ဥက္ကဠကုက ဆက်တိုက် ချီးကျူးနေသည်။ သူက ဆက်ပြော၏။
“သူ့ရဲ့ပါရမီကို မြုပ်နှံခံထားရဖို့ မထိုက်တန်ပူဘူးလို့ ငါလည်း ထင်တယ်၊ ကဲအားလုံးပဲ မဲတွေပေးလို့ရပါပြီ ။လူတိုင်းက တိုက်ရိုက်ကြည့်ရှူနေခဲ့ကြတာဆိုတော့ သူ့ရဲ့လက်ရာက ဘယ်လိုဖြစ်မလဲဆိုတာကို နားလည်ကြမယ်လို့ ထင်တယ်၊ ဒီတော့ ခံစားချက်အစစ်မှန်နဲ့ ရိုးသားစွာမဲပေးကြဖို့ မျှော်လင့်ပါတယ်”
ဥက္ကဠကု၏စကားဆုံးသွားသည့်နောက် ကြည့်ရှုသူတိုင်း၏အရှေ့တွင် ဘုံးကြီးတစ်ဘုံးပေါ်လာသည်။ ဘုံးတွင် ကဏ္ဍ၃ခုရွေးစရာရှိသည်။ သဘောတူသည်။ သဘောမတူပါ။ ပယ်ဖျက်မည်။ ၃ခုလုံးတွင် အချိန်အကန့်သတ်က မိနစ်၃၀ဖြစ်သည်။
[သစ်ပင်မဖက်ပဲမနေနိုင်ဘူး:ဒါလုပ်ဖို့လိုနေသေးလို့လား၊ တင်ဆက်သူ တင်ဆက်သူ ကျေးဇူးပြုပြီး ဆိုင်ဖွင့်ပါ ။တင်ဆက်သူသာဆိုင်ဖွင့်လို့ကတော့ ကျိန်းသေပေါက် လာဝယ်စားမယ်၊ ဟုတ်သားပဲ ငါ ဒီလိုမပြောရတာကြာနေပြီ မေ့နေတာ..]
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းတိုင်းကိုကြိုက်တယ်: အရသာရှိလိုက်တာ၊ ဒီလောက်အရသာရှိတဲ့ဟင်းကိုစားရတာ ငါ့ကိုပျော်လွန်းလို့ ငိုမိစေတယ်]
[ပျံလွှားငှက်လေး:တင်ဆက်သူရဲ့စကေးကတော့တကယ်ကို ကြယ်၄ပွင့်အဆင့်ကိုကျော်နေပြီ၊ သူကကြယ်၅ပွင့်ကို တိုက်ရိုက်တိုးပေးလိုက်လို့ရတယ်မဟုတ်ဘူးလား။ သူ လုပ်သမျှဟင်းလျာတိုင်းက လုံးဝကိုပြိုင်ဖက်ကင်းပဲ]
[လျိုယဲ့ပိုင်:သူပြောတာမှန်တယ်၊ ကြယ်၄ပွင့်ကိုလုပ်မနေပါနဲ့၊ ကြယ်၅ပွင့်ကို တိုက်ရိုက်ပေးလိုက်ရအောင် ။ ဒါပေမဲ့ သူ ဟင်းလျာတစ်ပွဲ ချက်ပြုတ်တိုင်း တိုက်ရိုက်ထုတ်လွှင့်မှဖြစ်လိမ့်မယ်]
[ပျံလွှားငှက်လေး:+၁ အပေါ်က ပြောတဲ့သူကိုထောက်ခံပါတယ်၊ ဒါက ဟင်းလျာအသစ်တွေကို သူ သုံးပြဦးမှာမဟုတ်လား၊ဒါပေမယ့် သူက ဟင်းလျာသစ် ထပ်ချက်ရင်တောင်မှ ၂နာရီတောင်မကြာသေးတဲ့အချိန်မှာ ချက်ချင်းချက်ပြုတ်နိုင်တယ် ။သူ ဘယ်လိုများချက်ပြုတ်သွားလဲမသိပေမယ့် သူ့ရဲ့စွမ်းရည်က လူတိုင်းကိုရန်စသလိုပဲ၊ ဒါက ဘယ်နည်းနဲ့မှ သာမန်မဖြစ်နိုင်ဘူး]
[စိတ်ကူးယဉ်ဆန်သောခရမ်းရောင်လေး: အရသာရှိတာဖယ်ထားလိုက်ရင် ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး..]
[ရာနိုမို၁၉၄၂:သိသိသာသာ ပြောရမှာကတော့ အရသာရှိတယ်ဆိုတာပဲ အားအားအားအား …]
ကြည့်ရှုသူတိုင်းက တင်ဆက်သူ၏လက်ရာကိုအလွန်အကျူး ချီူကျုးနေကြကာ အော်ဟစ်နေကြသည်။ မဲပေးနိုင်သည်နှင့်ဆက်တိုက်ပင် ယွမ့်ထန်းကိုချီးကျူး မဲအရေအတွက်က ဆက်တိုက်မြင့်တက်လာသည်မှာ သာမန်မျက်လုံးနှင့်ပင် မြင်နိုင်သည်။ ၅မိနစ်အတွင်းမှာပင် မဲအရေအတွက်သန်း၁၀၀ကျော် သွားသည်။ ဒါက မယုံနိုင်စရာကောင်းသည့်အပြင် ဆက်တိုက်တိုးတက်နေသေး၏။ သို့သော် သဘောမတူသည့်သူအနည်းငယ်ကလည်းရှိသည်။ သူတို့က ပယ်ဖျက်မည်။ ကန့်ကွက်သည်။ဟူသည့်မဲများကို ပေးကြသည့်တိုင်အောင် များပြားလှသည့်ပမာဏထဲမှ ထိုကြောင်ပေါက်၂ကောင်၃ကောင်ခန့်က ပလုံခနဲသာ မြုပ်သွားသည်။
[ဧပရယ်လရဲ့လိပ်ငယ်လေးက အမွှေးတောင်လေးကို ပွတ်သပ်နေတယ်:ဘာလို့ ဒီလိုကန့်ကွက်တဲ့မဲတွေက ရှိနေတာလဲ ဟမ် နင်တို့အရသာမရှိဘဲ လျှာပြတ်နေတယ်ဆိုရင်တောင်မှ တင်ဆက်သူကို ဒီလို ကန့်ကွက်စရာမလိုဘူးလေ]
[ခေါက်နေတယ်:ငါမှသဘောမကျတာ မဲပေးဖို့လိုလို့လား ၊ဟမ့် ဒီလိုတွေးတာ ဘယ်လောက်အံ့သြဖို့ကောင်းလိုက်သလဲ ။မင်းတို့ရဲ့တင်ဆက်သူလုပ်သမျှကို လူတိုင်းက ကြိုက်ပေးရမှာလား]
[ကျွယ့်ရှီ:ငါက အက်စ်အဆင့်စစ်သည်တော်ပဲ၊ ငါ့ရဲ့အာရုံခံစားနိုင်စွမ်းက သာမန်လူတွေထက် အပြတ်အသတ်သာတယ်ကွာ ။ဒါက တော်တော်ထူးခြားတာအမှန်ပဲ ၊ငါဘယ်တုန်းကမှ သဘာဝစားစရာတွေကို မစားခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီခန့်ညားချောမောတဲ့အမျိုးသားလေးလုပ်ထားတဲ့ဟင်းလျာတွေအားလုံးကတော့ ညှီလည်းမညှီဘူး အရသာကလည်းဆိုးရွားမနေဘဲ အရမ်းကိုကောင်းမွန်လွန်းနေခဲ့တယ်။ နောက်ဆုံးတော့ ဒါက စားစရာလို့ခေါ်တယ်ဆိုတာ နားလည်သွားပြီ ၊ငါ အရမ်းအရမ်းကိုကျေးဇူးတင်မိတယ်။ နောက်ဆုံးတော့ သဘာဝစားစရာဆိုတဲ့အရာကိုအပြည့်အဝ နားလည်သွားခဲ့ပြီ]
မည်သို့ပင်ဆိုစေ အက်စ်စစ်သည်တော်များဒီနေရာတွင် ထွက်ပေါ်လာမည့်အခွင့်ရေးက အလွန်နည်းပါးသည်။ မည်သို့ပင်ဆိုစေ ဘီလီယံသန်းကျော်နေသည့်လူဦးရေတွင် အက်စ်အဆင့်ရှိသူက တစ်သန်းပင်မပြည့်ပေ။ ထို့အပြင် ထိုသူများကလည်း သဘာဝဟင်းလျာများကို သဘောကျလေ့မရှိကြပေ။ သို့သော် သူတို့၏ အနံ့ခံနိုင်စွမ်းက အလွန်ကောင်းမွန်လှသည်ဖြစ်ကာ ထိုကဲ့သို့သောသူမျိုးက မှတ်ချက်ပေးလိုက်ကတည်းက သာမန်မဟုတ်နိုင်တော့ပေ။
ယခုယွမ့်ထန်း၏ချက်ပြုတ်နိုင်စွမ်းက ထိုအက်စ်အဆင့်စစ်သည်တော်များကို ကျေနပ်စေသည်။ သူတို့ကအစားကောင်း၏အရသာကိုကျေနပ်နှစ်သိမ့်သွားကြပြီဖြစ်၏။ အင်ပါယာ၏အတော်ဆုံးသောတိုက်ခိုက်ရေးသမားများက ယွမ့်ထန်းအပေါ်အမြင်ကောင်းရှိသွားခဲ့ချေပြီ။ အင်ပါယာကြီးကို ကာကွယ်နေသည့်သူများဖြစ်သည့်အလျောက် ပြည်သူလူထုများက အလွန်လေးစားကြသည်။
အက်စ်အက်စ်အဆင့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည့် ဟော်ယွန်ချန်းကကး သူတို့ထက် ပို၍အလွန်တင်းကျပ်သည့်တိုင် ယွမ့်ထန်း၏လက်ရာကို သဘောကျ၏။
[ဟော် :ကျေးဇူးပါပဲ]
တစ်ချိန်တည်းတွင်ပင် ကြယ်နက်ဝေါ့၏ဝေ့ပေါ်တွင် မြောက်များလှသောသူများ၏အာရုံကို ဆွဲဆောင်သွားသည့်သူအချို့ပေါ်လာခဲ့သည်။
(@ဟော်ယွန်ရီv: ကြယ်၄ပွင့်စားဖိုမှူးပြိုင်ပွဲ၀င်က အကောင်းဆုံးစားစရာမျိုးကို စားခွင့်ရစေတဲ့အတွက်  မင်းတို့အားလုံး မဲပေးသင့်ပါတယ်၊လင့်...])
[နတ်သမီးငယ်လေး:ဝိုး ဥက္ကဠတောင်မှ ဝင်ပါလာပြီပဲ ၊ဒီတစ်ကြိမ်ပြိုင်ပွဲကတော့ အံ့သြဖို့ကောင်းသွားပြီပဲ အားလုံးပဲ မဲပေးကြပါ]
[မိုးရေက အေးတယ်:မဲပေးကြပါ မဲပေးကြပါဟ]
(@ဟော်ယွန်ချန်းv:ထောက်ခံတယ် //@ဟော်ယွန်ရီV:ကြယ်၄ပွင့်စားဖိုမှူ.....)
[@လေနဲ့အသက်ရှူမယ်:ဘုရားရေ မာရှယ်ကိုယ်တိုင်ထွက်လာတာပဲ၊ မာရှယ်ကလည်း သဘာဝစားစရာတွေကို သဘောကျသွားပြီလား]
(@ရှားမီv:ထောက်ခံပါတယ်//@ ဟော်ယွန်ရီv..
ကြယ်၄ပွင့်စားဖိုမှူ...)
[@ရှောင်ချုံ:နတ်ဘုရားမကို အားပေးရအောင် တင်ဆက်သူကို အားလုံးပဲ မဲပေးကြပါ၊ ဒါကအရသာ အရမ်းရှိလွန်းတယ်]
(@ပိုင်ချီv:အံ့သြဖို့ကောင်းလိုက်တာ@ရှားမီv..ထောက်ခံပါတယ်//@ဟော်ယွန်ရီ..v..: ကြယ်လေးပွင့် စာဖိုမှူး..")
[@ယွဲ့ကျီစ်ရှင်းက နှင်းတွေကို မှတ်မိသေးတယ်: ဝိုး ဘယ်လောက်တောင်ရှားပါးတဲ့ အခြေအနေလဲ အားလုံးပဲ မဲပေးကြပါ]
အင်ပါယာ၏မာရှယ်၊ အကယ်ဒမီသိပံ္ပ၏ဥက္ကဠနှင့် ဒုဥက္ကဠ ၊အင်ပါယာ၏အလှလေး၊ အင်ပါယာ၏အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီးတွေအားလုံးက မမျှော်လင့်ထားစွာဘဲ ထွက်လာကြကာ လူတစ်ယောက်ထဲကိုပင် ထောက်ခံနေကြသည်။ အထူးခြားဆုံးက အချင်းချင်းကိုဆက်စပ်သွားကာ မန်းရှင်းနေကြခြင်းဖြစ်၏။
ဆိုတော့ သူတို့ရဲ့နောက်လိုက်တွေက အငြိမ်ဘယ်နေကြပါတော့မလဲ…
သူတို့၏ပရိတ်သတ်များက အင်ပါယာ၏တစ်ဝက်ကိုပင် ကျော်လွန်နေပြီဖြစ်ကာ အားလုံးသောအာဏာရှိပုဂ္ဂိုလ်တွေ၏အင်အားကိုပေါင်းလိုက်သည့်အချိန်တွင် မင်သက်ဖွယ်ကောင်းလောက်အောင်ာ မဲအရေအတွက်က ထိုးတက်လာ၏။
အဆုံးတွင်လူဦးရေဘီလီယံသန်းရာကျော်နီးပါး မဲပေးခဲ့ကြသည်။ ကြည့်ရှုသူများ၏ ၉၅%က မဲပေးခဲ့ကြခြင်းဖြစ်၏။ ယခင်ကယှဉ်ပြိုင်ခဲ့သူများပင် ထိုမျှမြောက်မြားသည့်ပမာဏကို မတွေ့ခဲ့ရဖူးကာ အားလုံးမင်သက်အံ့သြနေကြသည်။ ဒါက မှတ်တမ်းများကိုပင် ချိုးဖျက်သွားသည်ဟုဆိုရမည်ဖြစ်သည်။
ကြည့်ရှူသူများက ရူးသွပ်သွားကြသည်။ ဒိုင်တွေကလည်း ဒီမှတ်ချက်များကို သတိပေးကာဖတ်နေခဲ့ပြီး ကြည့်ရှူသူအချင်းချင်းပင် ကျော်ကြားသွားကာ အချင်းချင်းပင်တိုင်ပင်ဆွေးနွေးကြ၏။ ဒိုင်များကလည်း မျက်မှောင်ကျူံ့ကာ အချင်းချင်းဆွေးနွေးနေကြသည်။
ကြယ်၅ပွင့်စားဖိုမှူးအဆင့်ရောက်ဖို့အတွက် ပါဝင်ပစ္စည်း၂၅မျိုးကို ချက်ပြုတ်ရပြီးအနည်းဆုံး ဟင်းပွဲ၁၀မျိုးချက်ပြဖို့လိုအပ်သည်။
"ဒါပေမဲ့ ဒီနေ့ကြယ်၄ပွင့်ပြိုင်ပွဲကိုကြည့်ရတာတော့..."
ကောလောင်၏မျက်နှာက စိတ်ရှုပ်ထွေးသွားသည်။
“သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကကြယ်၅ပွင့်ကိုတောင် တကယ်တော့ ကျော်လွန်နေခဲ့ပြီ”
ပြောရမည်ဆိုလျှင် ယွမ့်ထျန်းက ပါဝင်ပစ္စည်း၃၂မျိုးကို အသုံးပြုသွားပြီး ဟင်းပဲ၂၁မျိုးကိုလုပ်ဆောင်ခဲ့သည်ဟုဆိုရပေမည်။ ဒါက အချိုပွဲင်္များကိုပါ ထည့်တွက်ထားခြင်းလည်းဖြစ်၏။ထို့အပြင် စွပ်ပြုတ်တွင်ထည့်သုံးထားသော သူထပ်မံရွေးချယ်ထပ်ထည့်ထားသည့် ပစ္စည်းတွေကလည်း ရှိနေသေးသည်။ အားလုံးပေါင်း ၂၁ပွဲဟုဆိုနိုင်စွမ်းရှိသည်။ အားလုံးကလည်း ဟင်းလျာအသစ်များသာ ဖြစ်ကြ၏။ ထိုစွမ်းရည်က ကြယ်၄ပွင့်စားဖိုမှုးကိုမဆိုထားဘိကြယ်၅ပွင့်အဆင့်ကတောင် ယှဉ်နိုင်စွမ်းမရှိပေ။ နောက်ဆုံးတွင် ဥက္ကဠကုက ပြောလိုက်ရသည်။
“သူ့ကို သူ ယှဉ်ပြိုင်တဲ့ဘွဲ့လက်မှတ်ပဲပေးရအောင် ၊ကြယ်၅ပွင့်အတွက်ကတော့ ဒါက အကြီးအကဲတစ်ဝက်ကျော်ကျော်လောက်ရဲ့ သဘောတူညီချက်လိုတာဆိုတော့ အခုချက်ချင်းတော့ ဆုံးဖြတ်လို့မရနိုင်သေးဘူး”
အကြီးအကဲကောင်စီမှ အယောက်၂၀တွင် ၈ယောက်ကသာ ဒီနေရာတွင်ရှိနေခဲ့သဖြင့် ချက်ချင်း ဆုံးဖြတ်၍မရပေ။ မည်သို့ပင်ဆိုစေ ဒါက သူက ဥက္ကဠဖြစ်နေသည့်တိုင်အောင် မလေးစားရာ ကျနေသေးသည်။ ယွမ့်ထန်း၏လုပ်ဆောင်နိုင်စွမ်းက ကျော်လွန်နေမှန်းသိသည့်တိုင်အောင် အခြားသူများကို ဆွေးနွေးသင့်သေး၏။ ထိုသူများသဘောတူမှသာလျှင် ယွမ့်ထန်းကိုကြယ်၅ပွင့် စားဖိုမှူးအဖြစ် အဆင့်မြင့်တင်ပေးမည်ဟု ဆုံးဖြတ်လိုက်ကြ၏။
သူတို့က အချင်းချင်းကြည့်လိုက်ကြသည်။ ဖန်သားပြင်တွင်နောက်ဆုံးရလဒ်က ထွက်ပေါ်လာခဲ့ချေပြီ။ ဥက္ကဠကုက မတ်တပ်ထရပ်ကာ အလွန်အမင်းလေးစားစွာဖြင့် လူငယ်လေးကိုကြည့်ကာ ပြောလိုက်၏။
“ဂုဏ်ယူပါတယ်၊နောက်ဆုံးတော့ ကြယ်၄ပွင့်စားဖိုမှူးဖြစ်သွားခဲ့ပြီ ယွမ့်ထျန်း”
-------
ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ်
ဟယ်လို နေကောင်းကြရဲ့လား ရှင့်
Continue Reading
You'll Also Like
147K 21.3K 114
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธแ‹ แ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€•แ€ผแ€”แ€บแ€†แ€ญแ€ฏแ€แ€ผแ€„แ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹ แ€›แ€ฏแ€แ€บแ€แ€›แ€€แ€บแ€€แ€ผแ€ฎแ€ธ ABO แ€œแ€ฑแ€ฌแ€€แ€€แ€ญแ€ฏ แ€€แ€ฐแ€ธแ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฌแ€แ€ฒแ€ท แ€•แ€›แ€ญแ€ฏแ€€แ€…แ€ฌแ€ธแ€žแ€™แ€ฌแ€ธแ€œแ€ฑแ€ธ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€–แ€šแ€บแ€›แ€ญแ€ฏแ€™แ€ฏแ€”แ€บ...
1M 53.4K 46
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
395K 26.7K 83
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
852K 9.1K 100
แ€‘แ€ญแ€ฏแ€”แ€ฑแ€ทแ€Š แ€€ แ€™แ€พแ€ฌแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ท แ€กแ€™แ€พแ€ฌแ€ธแ€แ€…แ€บแ€แ€ฏแ€€ แ€€แ€ปแ€ฝแ€”แ€บแ€™แ€˜แ€ แ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€”แ€ฒแ€ท แ€•แ€แ€บแ€žแ€€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บแ€œแ€ญแ€ฏแ€ท แ€™แ€‘แ€„แ€บแ€แ€ฒแ€ทแ€™แ€ญแ€˜แ€ฐแ€ธ....... แ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€•แ€แ€บแ€žแ€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ทแ€žแ€ฐแ€€ แ€˜แ€ฌแ€œแ€ญแ€ฏแ€ท แ€žแ€ฐแ€–แ€ผแ€…แ€บแ€”...