(U)
Baekhyun အိပ်မက်အတွက် ပထမဆုံးခြေလှမ်းက ကုမ္ပဏီတစ်ခုမှာ အလုပ်၀င်ဖို့ပင်။ အင်ဂျင်နီယာ ဘွဲ့ကို အမှတ်ကောင်းကောင်းဖြင့် ရထားတာကြောင့် ပထမဆုံးအနေနဲ့ နာမည်ကြီး Delight Companyမှာ စွန့်စားကြည့်မယ်လို့ စဉ်းစားဆုံးဖြတ်ထားသည်။
ရှပ်အဖြူကို ခေါက်ရာမရှိအောင် နောက်တစ်ခါမီးပူပြန်တိုက်ပြီး သေချာ၀တ်လိုက်သည်။ စတိုင်ပန်အနက်ကို တွဲ၀တ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။
အားလုံးပြင်ဆင်ပြီးတာနဲ့ Baekhyun
ကိုယ်ရေးအကျဉ်းဖိုင်လ်နှင့် ဖုန်းကိုယူကာ ကုတင်ဘေးကစားပွဲပေါ်မှာရှိနေတဲ့ နာရီကိုလှမ်းကြည့်လိုက်သည်။
၈နာရီ ခွဲ ။
အင်တာဗျူးက ၉နာရီစမည်။ အောက်ထပ်ဆင်းလာတော့ မေမေက စောင့်နေသည်။ Baekhyunကို အားပေးစကားအထပ်ထပ်အခါခါပြောပေးနေတဲ့ မေမေ့ကို တင်းကျပ်စွာဖက်ပြီး အင်တာဗျူးဖြေမယ့် Delight Companyသို့ ထွက်လာလိုက်သည်။
"အင်တာဗျူးဖြေရမယ့် အခန်းက ဘယ်နားမှာလဲ
ခင်ဗျ"
"ဟုတ်ကဲ့ ဓာတ်လှေကားကတစ်ဆင့် ဒုတိယထပ်ကို တက်သွားလိုက်ပါ တွေ့ပါလိမ့်မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
Receptionက ၀န်ထမ်းကောင်မလေးကို နှုတ်ဆက်ပြီး အင်တာဗျူးဖြေမယ့်အထပ်ဆီ တက်လာလိုက်သည်။
ဒုတိယထပ်ရောက်တော့
Baekhyunနည်းတူ အင်တာဗျူးဖြေဖို့ ရောက်လာကြတဲ့သူတွေ ထပ်ရှိသေးသည်။ လွတ်တဲ့တစ်နေရာမှာထိုင်ပြီး အလှည့်ရောက်လာဖို့ကိုသာ Baekhyun စောင့်နေလိုက်သည်။
"Mr. Byun , Mr. Park အင်တာဗျူးခန်းထဲ ၀င်လာလို့ရပါပြီ"
ဟုတ်ပါ့မလားဆိုတဲ့အတွေးနဲ့အတူ ဘေးကိုကြည့်လိုက်တော့ Baekhyunကိုပြုံးပြနေတဲ့ Chanyeolကို တွေ့ရသည်။
Chanyeolက ဘယ်လိုဖြစ်ပြီး ...?
"ဘာတွေကြောင်ကြည့်နေတာလဲ အင်တာဗျူးဖြေဖို့ ခေါ်နေပြီလေ"
"ဟမ် .. အင်း"
တုန်လှုပ်နေတဲ့စိတ်အစုံကိုထိန်းချုပ်ပြီး Baekhyun Chanyeolထက်အရင် အခန်းထဲ၀င်လာလိုက်သည်။ အင်တာဗျူးမေးမယ့် အကြီးအကဲအရှေ့မှာ ဖိုင်လ်ချပေးပြီး ချထားပေးတဲ့ ထိုင်ခုံမှာ၀င်ထိုင်လိုက်သည်။
အလုပ်ရှင်က ဘာမှမပြောသေးဘဲ
ဖိုင်လ်နှစ်ခုလုံးကို ကြည့်နေသည်။ အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် Baekhyun စိတ်လှုပ်ရှားမှုနှုန်းက တဖြည်းဖြည်း မြင့်တက်လာသည်။
"ဟင် ..."
Baekhyunပေါင်ပေါ်တင်ထားတဲ့ ညာဘက်လက်က ရုတ်တရက် နွေးထွေးသွားသည်။ အကြောင်းအရင်းကိုရှာဖွေကြည့်တော့ Chanyeolက Baekhyunလက်ကို ဆုပ်ကိုင်ထားပြီး ပြုံးပြနေသည်။
အကြည့်တွေက "ဘာမှမဖြစ်ဘူး စိတ်အေးအေးထား" ဆိုတဲ့သဘောကို ပြောပြနေသယောင်။ စိတ်လှုပ်ရှားမှုက ငြိမ်သက်လာပေမယ့် စိတ်ရှုပ်လာတာကြောင့် Baekhyun လက်ကိုရုန်းလိုက်မိသည်။
"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါလား"
"Byun Baekhyun လို့ခေါ်ပါတယ်"
"Park Chanyeolလို့ ခေါ်ပါတယ်"
"ဒါဆို နှစ်ယောက်လုံးက ကျောင်းတစ်ကျောင်းတည်းမှာ အရင်ကအတူတက်ခဲ့ဖူးတာပေါ့"
"ဟုတ်ပါတယ်"
"အတန်းကလည်း တစ်တန်းတည်းဖြစ်လောက်မယ်ထင်တယ် သူငယ်ချင်းတွေလား"
"ဟုတ်ပါတယ်"
"မဟုတ်ပါဘူး"
မေးခွန်းတစ်ခုကို မေးတာမှန်ပေမယ့် လူနှစ်ယောက်ဆီက အဖြေနှစ်ခုထွက်လာသည်။ Chanyeol အံ့ဩစွာဖြင့် Baekhyunကို လှည့်ကြည့်သည်။ Chanyeolဆီကို အေးစက်စက်အကြည့် တစ်ချက်သာရောက်လာပြီး ရှေ့ကိုပြန်လှည့်သွားသူ တစ်ချိန်က Chanyeol ရဲ့ ရည်းစားဟောင်း ။
Baekhyunက Chanyeolကို သူငယ်ချင်းတစ်ယောက်အဖြစ်တောင် သဘောမထားတော့တာလား ?
ထိုကနေအစပြုပြီး Chanyeol ဦးနှောက်ထဲ အတွေးပေါင်းစုံ၀င်လာတော့သည်။
"ဟုတ်ပါပြီ .. မင်းတို့နှစ်ယောက်လုံးက ဘွဲ့ရထားတာလည်းတူနေတော့ မေးကြည့်လိုက်တာပါ ... ဒါဆို ကိုယ်တို့နောက်မေးခွန်းတွေ ဆက်သွားလိုက်ကြမလား"
"ဟုတ်ကဲ့"
စိတ်ရှုပ်ထွေးနေတာကို ခဏမေ့ထားလိုက်ပြီး အင်တာဗျူးကိုသာ အဆင်ပြေပြေဖြင့် ဖြေဆိုလိုက်သည်။
"ကောင်းပါပြီ ... ညနောက်ဆုံးထားပြီး ဆက်သွယ်လိုက်ပါမယ် ကျေးဇူးတင်ပါတယ်"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
နှုတ်ဆက်လိုက်ပြီး ဖိုင်လ်ယူကာ Chanyeolကို
မစောင့်ဘဲ Baekhyunထွက်လာလိုက်သည်။
မျက်နှာချင်းမဆိုင်ချင်ပါ။ ဟင့်အင်း ! မျက်နှာချင်းမဆိုင်ရဲပါ။ သူငယ်ချင်းရဲ့ချစ်သူကောင်လေးကိုမှ Baekhyun ချစ်မိနေတာကို မီရာ သိသွားရင်၊ Chanyeol သိသွားရင် အခြေအနေက ပိုဆိုးသွားလိမ့်မည်။ မထင်မှတ်ထားတာတွေ ဖြစ်လာလိမ့်မည်။
Chanyeolကိုလည်း ပျော်ရွှင်စေချင်သည်။ မီရာကိုလည်း ပျော်ရွှင်စေချင်သည်။ ဒီတော့ ကာယကံရှင်ဖြစ်တဲ့ Baekhyunကိုယ်တိုင်ပဲ နာကျင်မှုအားလုံးကို ထွေးပွေ့ရင်း ရှေ့ဆက်မည်။
"Baekhyun ခဏ !"
ပြေးနိုင်သမျှ မိုင်ကုန်ပြေးပေမယ့် Baekhyun လက်ကောက်၀တ်ကိုဖမ်းဆွဲလိုက်တဲ့ Chanyeolကြောင့် ခြေလှမ်းတွေအလိုလိုရပ်တန့်သွားသည်။ သက်ပြင်းချပြီး လှည့်ကြည့်ကာ ဆုပ်ကိုင်ခံထားရတဲ့ Baekhyunလက်ကောက်၀တ်ကို ထပ်မံရုန်းလိုက်တော့ Chanyeolက တောင်းပန်စကားဆိုရင်း လွှတ်ပေးသည်။
"ဆောရီး ဆောရီး ... တကယ်တော့မင်းနဲ့ပြောစရာရှိလို့ Baekhyun"
"ငါ့မှာတော့ ပြောစရာမရှိဘူး Chanyeol"
"ဘာလို့လဲ Baekhyun မင်းဒီ6နှစ်မှာ တော်တော်ပြောင်းလဲသွားတယ် ... အရင်က Baekhyun မဟုတ်တော့ဘူး ဘာဖြစ်နေတာလဲ ? တစ်ခုခုများဖြစ်ထားတာလား ?"
ဘာဖြစ်နေတာလဲ ဟုတ်လား ?
ငါ့ကို ဒီလိုဖြစ်အောင်လုပ်ထားတဲ့သူက မင်းပဲလေ Chanyeol ။
မင်းနဲ့တစ်စက္ကန့်လေးတောင် အကြည့်ချင်းဆုံမိရင်
အရူးတစ်ယောက်လိုဖြစ်သွားအောင်လုပ်တဲ့သူက မင်းပဲလေ Chanyeol ။
မင်းဆီက အဝေးဆုံးရှောင်ပြေးနေပေမယ့် ငါ့လက်ကိုအမြဲဖမ်းဆွဲထားတဲ့သူက မင်းပဲလေ Chanyeol ။
ဘာစကားမှမဆိုဘဲ Baekhyun Chanyeolကိုကြည့်နေလိုက်သည်။
"ခဏလေးပါပဲ .. 5မိနစ်ပဲ ကိုယ့်ကိုအချိန်ပေး"
လေးပင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး Baekhyunတို့ ကုမ္ပဏီနားက ကော််ဖီဆိုင်မှာ ၀င်ထိုင်လိုက်ကြသည်။
"ဘာသောက်မလဲ Baekhyun"
"ဟင့်အင်း မသောက်တော့ဘူး"
"အာ .. အစ်ကို ကျွန်တော့်ကို Iced coffee နှစ်ခွက်ပေးပါနော်"
"ဟုတ်ကဲ့"
"ဘာပြောစရာရှိတာလဲ Chanyeol မြန်မြန်ပြောပေးမလား ..."
"ဘာလို့အလျင်လိုနေတာလဲ တစ်ယောက်ယောက်နဲ့ ချိန်းထားသေးတာလား"
"..."
"ဟုတ်ပြီ ကိုယ်ပြောမယ် ... မင်း
တအားပြောင်းလဲသွားတယ် Baekhyun ကိုယ်တို့သူငယ်ချင်းလုပ်ကြမယ်လို့ပြောတုန်းက မင်းလည်းလက်ခံခဲ့တာပဲ မဟုတ်လား ? ဘာလို့သူစိမ်းဆန်နေတာလဲ ? Baekhyun မင်းကိုယ့်ကို သူငယ်ချင်းတစ်ယောက်အဖြစ်တောင် သဘောမထားတော့တာလား ?"
"သူငယ်ချင်း ? ငါမင်းနဲ့ သူငယ်ချင်းမလုပ်ချင်ဘူး Chanyeol"
"Baekhyun"
Baekhyunကို အံ့ဩတကြီးဖြင့်ငေးကြည့်နေတဲ့ Chanyeolကို ပြန်ကြည့်ရင်း
"အခုအခြေအနေမှာ ငါပျော်တယ် ဒီအတိုင်းပဲ ဆက်သွားချင်တယ်"
"ဘာကြောင့်လဲ ? မီရာနဲ့ တွဲနေလို့လား ? အဲ့ဒါကြောင့် အခုလိုကိုယ်နဲ့ စကားမပြောချင်တော့တဲ့အထိ သူငယ်ချင်းမလုပ်ချင်တော့တဲ့အထိ ဖြစ်သွားတာလား ?"
"..."
"မင်း ကိုယ့်ကိုစကားပြန်ပြောလာအောင် ဘယ်လိုလုပ်ပေးရမလဲ ? မီရာနဲ့လမ်းခွဲပေးရမလား ? ဒါဆို မင်းကိုယ့်ကို စကားပြန်ပြောမှာလား ?"
"တော်ပါတော့ !"
ဖုန်းဖွင့်ဖို့လုပ်နေတဲ့ Chanyeolကို Baekhyun အော်လိုက်မိသည်။
"တော်ပါတော့ ! ကျေးဇူးပြုပြီး ငါနဲ့လာမပတ်သက်ပါနဲ့ ကျေးဇူးပြုပြီး မင်းတစ်ယောက်ပြီးတစ်ယောက် တွဲနေတဲ့ ငါ့သူငယ်ချင်းတွေအပေါ် အားနာစိတ်လေးတော့ ထားပေးပါလား ? သူတို့လည်း နှလုံးသားနဲ့လူတွေပါ ကျေးဇူးပြုပြီး အရုပ်တစ်ရုပ်လို မဆက်ဆံပါနဲ့ကွာ"
"Baekhyun ကိုယ် .."
"ပြောစရာမရှိတော့ဘူးမလား ? ငါသွားတော့မယ်"
တစ်ချက်လေးတောင်လှည့်မကြည့်ဘဲ ထွက်သွားတဲ့ Baekhyunကို Chanyeol မျက်စိတစ်ဆုံး လိုက်ကြည့်မိသည်။ Chanyeol နဲ့အတူရှိနေတုန်းက အေးစက်စက်အကြည့်တွေသာ တုံ့ပြန်လာတဲ့ Baekhyunက တခြားတစ်ယောက်နဲ့ဆိုရင် ပြုံးပျော်နေသည်။
ဒီတင်းကျပ်တဲ့ ခံစားချက်ကဘာကြောင့်ပါလိမ့် ?
တီ တီ !
ဖုန်းဖွင့်ကြည့်လိုက်တော့ "အင်တာဗျူး ဖြေရတာအဆင်ပြေလား" "တွေ့ကြမလား" စသဖြင့် မီရာ messageပို့ထားသည်။ စိတ်မပါတော့တာကြောင့် စာတစ်ချို့ရိုက်နှိပ်ပြီး ဖုန်းတစ်ခါတည်းပိတ်လိုက်သည်။
ဘာမှလုပ်ချင်စိတ်မရှိတော့တာကြောင့် နောက်ဆုံး Chanyeol ရဲ့ဦးတည်ရာက အိမ် ပင်ဖြစ်သည်။
——
pH ring ~
"ဟုတ်ကဲ့ Park Chanyeolလားရှင့်"
"ဟုတ်ပါတယ်"
"Delight Companyကနေ ဆက်သွယ်လိုက်တာပါရှင့် ဂုဏ်ယူပါတယ် .. မနက်ဖြန် မနက်၉နာရီအတိ ကုမ္ပဏီကို လာခဲ့ပေးပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
"ခဏ !"
"ဟုတ်ကဲ့"
"အားနာပေမယ့်လေ ကျွန်တော်နဲ့အတူ အင်တာဗျူးဖြေတဲ့ Byun Baekhyunရော အလုပ်၀င်ခွင့်ရလား ခင်ဗျ"
"အာ ဟုတ်ကဲ့ Byun Baekhyunဆီကိုလည်း ဆက်သွယ်ပြီးပါပြီ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ဖုန်းချပြီးတာနဲ့ Chanyeol ကုတင်ပေါ်လှဲချလိုက်သည်။ ဖုန်းကိုရင်ဘတ်ပေါ်တင်ထားပြီး ပြုံးလိုက်သည်။ အနည်းဆုံးတော့ မနက်ဖြန်တွေတိုင်း Baekhyunကို Chanyeol တွေ့ခွင့်ရမည်။
အကြောင်းပြချက် ? အကြောင်းပြချက်တွေက Chanyeolအတွက် မလိုအပ်ပါ။
Tbc
(Z)
Baekhyun အိပ္မက္အတြက္ ပထမဆုံးေျခလွမ္းက ကုမၸဏီတစ္ခုမွာ အလုပ္၀င္ဖို႔ပင္။ အင္ဂ်င္နီယာ ဘြဲ႕ကို အမွတ္ေကာင္းေကာင္းျဖင့္ ရထားတာေၾကာင့္ ပထမဆုံးအေနနဲ႔ နာမည္ႀကီး Delight Companyမွာ စြန႔္စားၾကည့္မယ္လို႔ စဥ္းစားဆုံးျဖတ္ထားသည္။
ရွပ္အျဖဴကို ေခါက္ရာမရွိေအာင္ ေနာက္တစ္ခါမီးပူျပန္တိုက္ၿပီး ေသခ်ာ၀တ္လိုက္သည္။ စတိုင္ပန္အနက္ကို တြဲ၀တ္ကာ ဆံပင္ကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပဳျပင္လိုက္သည္။
အားလုံးျပင္ဆင္ၿပီးတာနဲ႔ Baekhyun
ကိုယ္ေရးအက်ဥ္းဖိုင္လ္ႏွင့္ ဖုန္းကိုယူကာ ကုတင္ေဘးကစားပြဲေပၚမွာရွိေနတဲ့ နာရီကိုလွမ္းၾကည့္လိုက္သည္။
၈နာရီ ခြဲ ။
အင္တာဗ်ဴးက ၉နာရီစမည္။ ေအာက္ထပ္ဆင္းလာေတာ့ ေမေမက ေစာင့္ေနသည္။ Baekhyunကို အားေပးစကားအထပ္ထပ္အခါခါေျပာေပးေနတဲ့ ေမေမ့ကို တင္းက်ပ္စြာဖက္ၿပီး အင္တာဗ်ဴးေျဖမယ့္ Delight Companyသို႔ ထြက္လာလိုက္သည္။
"အင္တာဗ်ဴးေျဖရမယ့္ အခန္းက ဘယ္နားမွာလဲ
ခင္ဗ်"
"ဟုတ္ကဲ့ ဓာတ္ေလွကားကတစ္ဆင့္ ဒုတိယထပ္ကို တက္သြားလိုက္ပါ ေတြ႕ပါလိမ့္မယ္"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"
Receptionက ၀န္ထမ္းေကာင္မေလးကို ႏႈတ္ဆက္ၿပီး အင္တာဗ်ဴးေျဖမယ့္အထပ္ဆီ တက္လာလိုက္သည္။
ဒုတိယထပ္ေရာက္ေတာ့
Baekhyunနည္းတူ အင္တာဗ်ဴးေျဖဖို႔ ေရာက္လာၾကတဲ့သူေတြ ထပ္ရွိေသးသည္။ လြတ္တဲ့တစ္ေနရာမွာထိုင္ၿပီး အလွည့္ေရာက္လာဖို႔ကိုသာ Baekhyun ေစာင့္ေနလိုက္သည္။
"Mr. Byun , Mr. Park အင္တာဗ်ဴးခန္းထဲ ၀င္လာလို႔ရပါၿပီ"
ဟုတ္ပါ့မလားဆိုတဲ့အေတြးနဲ႔အတူ ေဘးကိုၾကည့္လိုက္ေတာ့ Baekhyunကိုၿပဳံးျပေနတဲ့ Chanyeolကို ေတြ႕ရသည္။
Chanyeolက ဘယ္လိုျဖစ္ၿပီး ...?
"ဘာေတြေၾကာင္ၾကည့္ေနတာလဲ အင္တာဗ်ဴးေျဖဖို႔ ေခၚေနၿပီေလ"
"ဟမ္ .. အင္း"
တုန္လႈပ္ေနတဲ့စိတ္အစုံကိုထိန္းခ်ဳပ္ၿပီး Baekhyun Chanyeolထက္အရင္ အခန္းထဲ၀င္လာလိုက္သည္။ အင္တာဗ်ဴးေမးမယ့္ အႀကီးအကဲအေရွ႕မွာ ဖိုင္လ္ခ်ေပးၿပီး ခ်ထားေပးတဲ့ ထိုင္ခုံမွာ၀င္ထိုင္လိုက္သည္။
အလုပ္ရွင္က ဘာမွမေျပာေသးဘဲ
ဖိုင္လ္ႏွစ္ခုလုံးကို ၾကည့္ေနသည္။ အခန္းတစ္ခန္းလုံး တိတ္ဆိတ္ၿငိမ္သက္ေနတာေၾကာင့္ Baekhyun စိတ္လႈပ္ရွားမႈႏႈန္းက တျဖည္းျဖည္း ျမင့္တက္လာသည္။
"ဟင္ ..."
Baekhyunေပါင္ေပၚတင္ထားတဲ့ ညာဘက္လက္က ႐ုတ္တရက္ ေႏြးေထြးသြားသည္။ အေၾကာင္းအရင္းကိုရွာေဖြၾကည့္ေတာ့ Chanyeolက Baekhyunလက္ကို ဆုပ္ကိုင္ထားၿပီး ၿပဳံးျပေနသည္။
အၾကည့္ေတြက "ဘာမွမျဖစ္ဘူး စိတ္ေအးေအးထား" ဆိုတဲ့သေဘာကို ေျပာျပေနသေယာင္။ စိတ္လႈပ္ရွားမႈက ၿငိမ္သက္လာေပမယ့္ စိတ္ရႈပ္လာတာေၾကာင့္ Baekhyun လက္ကို႐ုန္းလိုက္မိသည္။
"ကိုယ့္ကိုယ္ကိုယ္ မိတ္ဆက္ေပးပါလား"
"Byun Baekhyun လို႔ေခၚပါတယ္"
"Park Chanyeolလို႔ ေခၚပါတယ္"
"ဒါဆို ႏွစ္ေယာက္လုံးက ေက်ာင္းတစ္ေက်ာင္းတည္းမွာ အရင္ကအတူတက္ခဲ့ဖူးတာေပါ့"
"ဟုတ္ပါတယ္"
"အတန္းကလည္း တစ္တန္းတည္းျဖစ္ေလာက္မယ္ထင္တယ္ သူငယ္ခ်င္းေတြလား"
"ဟုတ္ပါတယ္"
"မဟုတ္ပါဘူး"
ေမးခြန္းတစ္ခုကို ေမးတာမွန္ေပမယ့္ လူႏွစ္ေယာက္ဆီက အေျဖႏွစ္ခုထြက္လာသည္။ Chanyeol အံ့ဩစြာျဖင့္ Baekhyunကို လွည့္ၾကည့္သည္။ Chanyeolဆီကို ေအးစက္စက္အၾကည့္ တစ္ခ်က္သာေရာက္လာၿပီး ေရွ႕ကိုျပန္လွည့္သြားသူ တစ္ခ်ိန္က Chanyeol ရဲ႕ ရည္းစားေဟာင္း ။
Baekhyunက Chanyeolကို သူငယ္ခ်င္းတစ္ေယာက္အျဖစ္ေတာင္ သေဘာမထားေတာ့တာလား ?
ထိုကေနအစျပဳၿပီး Chanyeol ဦးေႏွာက္ထဲ အေတြးေပါင္းစုံ၀င္လာေတာ့သည္။
"ဟုတ္ပါၿပီ .. မင္းတို႔ႏွစ္ေယာက္လုံးက ဘြဲ႕ရထားတာလည္းတူေနေတာ့ ေမးၾကည့္လိုက္တာပါ ... ဒါဆို ကိုယ္တို႔ေနာက္ေမးခြန္းေတြ ဆက္သြားလိုက္ၾကမလား"
"ဟုတ္ကဲ့"
စိတ္ရႈပ္ေထြးေနတာကို ခဏေမ့ထားလိုက္ၿပီး အင္တာဗ်ဴးကိုသာ အဆင္ေျပေျပျဖင့္ ေျဖဆိုလိုက္သည္။
"ေကာင္းပါၿပီ ... ညေနာက္ဆုံးထားၿပီး ဆက္သြယ္လိုက္ပါမယ္ ေက်းဇူးတင္ပါတယ္"
"ဟုတ္ကဲ့"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"
ႏႈတ္ဆက္လိုက္ၿပီး ဖိုင္လ္ယူကာ Chanyeolကို
မေစာင့္ဘဲ Baekhyunထြက္လာလိုက္သည္။
မ်က္ႏွာခ်င္းမဆိုင္ခ်င္ပါ။ ဟင့္အင္း ! မ်က္ႏွာခ်င္းမဆိုင္ရဲပါ။ သူငယ္ခ်င္းရဲ႕ခ်စ္သူေကာင္ေလးကိုမွ Baekhyun ခ်စ္မိေနတာကို မီရာ သိသြားရင္၊ Chanyeol သိသြားရင္ အေျခအေနက ပိုဆိုးသြားလိမ့္မည္။ မထင္မွတ္ထားတာေတြ ျဖစ္လာလိမ့္မည္။
Chanyeolကိုလည္း ေပ်ာ္႐ႊင္ေစခ်င္သည္။ မီရာကိုလည္း ေပ်ာ္႐ႊင္ေစခ်င္သည္။ ဒီေတာ့ ကာယကံရွင္ျဖစ္တဲ့ Baekhyunကိုယ္တိုင္ပဲ နာက်င္မႈအားလုံးကို ေထြးေပြ႕ရင္း ေရွ႕ဆက္မည္။
"Baekhyun ခဏ !"
ေျပးႏိုင္သမွ် မိုင္ကုန္ေျပးေပမယ့္ Baekhyun လက္ေကာက္၀တ္ကိုဖမ္းဆြဲလိုက္တဲ့ Chanyeolေၾကာင့္ ေျခလွမ္းေတြအလိုလိုရပ္တန႔္သြားသည္။ သက္ျပင္းခ်ၿပီး လွည့္ၾကည့္ကာ ဆုပ္ကိုင္ခံထားရတဲ့ Baekhyunလက္ေကာက္၀တ္ကို ထပ္မံ႐ုန္းလိုက္ေတာ့ Chanyeolက ေတာင္းပန္စကားဆိုရင္း လႊတ္ေပးသည္။
"ေဆာရီး ေဆာရီး ... တကယ္ေတာ့မင္းနဲ႔ေျပာစရာရွိလို႔ Baekhyun"
"ငါ့မွာေတာ့ ေျပာစရာမရွိဘူး Chanyeol"
"ဘာလို႔လဲ Baekhyun မင္းဒီ6ႏွစ္မွာ ေတာ္ေတာ္ေျပာင္းလဲသြားတယ္ ... အရင္က Baekhyun မဟုတ္ေတာ့ဘူး ဘာျဖစ္ေနတာလဲ ? တစ္ခုခုမ်ားျဖစ္ထားတာလား ?"
ဘာျဖစ္ေနတာလဲ ဟုတ္လား ?
ငါ့ကို ဒီလိုျဖစ္ေအာင္လုပ္ထားတဲ့သူက မင္းပဲေလ Chanyeol ။
မင္းနဲ႔တစ္စကၠန႔္ေလးေတာင္ အၾကည့္ခ်င္းဆုံမိရင္
အ႐ူးတစ္ေယာက္လိုျဖစ္သြားေအာင္လုပ္တဲ့သူက မင္းပဲေလ Chanyeol ။
မင္းဆီက အေဝးဆုံးေရွာင္ေျပးေနေပမယ့္ ငါ့လက္ကိုအၿမဲဖမ္းဆြဲထားတဲ့သူက မင္းပဲေလ Chanyeol ။
ဘာစကားမွမဆိုဘဲ Baekhyun Chanyeolကိုၾကည့္ေနလိုက္သည္။
"ခဏေလးပါပဲ .. 5မိနစ္ပဲ ကိုယ့္ကိုအခ်ိန္ေပး"
ေလးပင္စြာျဖင့္ ေခါင္းၿငိမ့္ျပလိုက္ၿပီး Baekhyunတို႔ ကုမၸဏီနားက ေကာ္္ဖီဆိုင္မွာ ၀င္ထိုင္လိုက္ၾကသည္။
"ဘာေသာက္မလဲ Baekhyun"
"ဟင့္အင္း မေသာက္ေတာ့ဘူး"
"အာ .. အစ္ကို ကြၽန္ေတာ့္ကို Iced coffee ႏွစ္ခြက္ေပးပါေနာ္"
"ဟုတ္ကဲ့"
"ဘာေျပာစရာရွိတာလဲ Chanyeol ျမန္ျမန္ေျပာေပးမလား ..."
"ဘာလို႔အလ်င္လိုေနတာလဲ တစ္ေယာက္ေယာက္နဲ႔ ခ်ိန္းထားေသးတာလား"
"..."
"ဟုတ္ၿပီ ကိုယ္ေျပာမယ္ ... မင္း
တအားေျပာင္းလဲသြားတယ္ Baekhyun ကိုယ္တို႔သူငယ္ခ်င္းလုပ္ၾကမယ္လို႔ေျပာတုန္းက မင္းလည္းလက္ခံခဲ့တာပဲ မဟုတ္လား ? ဘာလို႔သူစိမ္းဆန္ေနတာလဲ ? Baekhyun မင္းကိုယ့္ကို သူငယ္ခ်င္းတစ္ေယာက္အျဖစ္ေတာင္ သေဘာမထားေတာ့တာလား ?"
"သူငယ္ခ်င္း ? ငါမင္းနဲ႔ သူငယ္ခ်င္းမလုပ္ခ်င္ဘူး Chanyeol"
"Baekhyun"
Baekhyunကို အံ့ဩတႀကီးျဖင့္ေငးၾကည့္ေနတဲ့ Chanyeolကို ျပန္ၾကည့္ရင္း
"အခုအေျခအေနမွာ ငါေပ်ာ္တယ္ ဒီအတိုင္းပဲ ဆက္သြားခ်င္တယ္"
"ဘာေၾကာင့္လဲ ? မီရာနဲ႔ တြဲေနလို႔လား ? အဲ့ဒါေၾကာင့္ အခုလိုကိုယ္နဲ႔ စကားမေျပာခ်င္ေတာ့တဲ့အထိ သူငယ္ခ်င္းမလုပ္ခ်င္ေတာ့တဲ့အထိ ျဖစ္သြားတာလား ?"
"..."
"မင္း ကိုယ့္ကိုစကားျပန္ေျပာလာေအာင္ ဘယ္လိုလုပ္ေပးရမလဲ ? မီရာနဲ႔လမ္းခြဲေပးရမလား ? ဒါဆို မင္းကိုယ့္ကို စကားျပန္ေျပာမွာလား ?"
"ေတာ္ပါေတာ့ !"
ဖုန္းဖြင့္ဖို႔လုပ္ေနတဲ့ Chanyeolကို Baekhyun ေအာ္လိုက္မိသည္။
"ေတာ္ပါေတာ့ ! ေက်းဇူးျပဳၿပီး ငါနဲ႔လာမပတ္သက္ပါနဲ႔ ေက်းဇူးျပဳၿပီး မင္းတစ္ေယာက္ၿပီးတစ္ေယာက္ တြဲေနတဲ့ ငါ့သူငယ္ခ်င္းေတြအေပၚ အားနာစိတ္ေလးေတာ့ ထားေပးပါလား ? သူတို႔လည္း ႏွလုံးသားနဲ႔လူေတြပါ ေက်းဇူးျပဳၿပီး အ႐ုပ္တစ္႐ုပ္လို မဆက္ဆံပါနဲ႔ကြာ"
"Baekhyun ကိုယ္ .."
"ေျပာစရာမရွိေတာ့ဘူးမလား ? ငါသြားေတာ့မယ္"
တစ္ခ်က္ေလးေတာင္လွည့္မၾကည့္ဘဲ ထြက္သြားတဲ့ Baekhyunကို Chanyeol မ်က္စိတစ္ဆုံး လိုက္ၾကည့္မိသည္။ Chanyeol နဲ႔အတူရွိေနတုန္းက ေအးစက္စက္အၾကည့္ေတြသာ တုံ႔ျပန္လာတဲ့ Baekhyunက တျခားတစ္ေယာက္နဲ႔ဆိုရင္ ၿပဳံးေပ်ာ္ေနသည္။
ဒီတင္းက်ပ္တဲ့ ခံစားခ်က္ကဘာေၾကာင့္ပါလိမ့္ ?
တီ တီ !
ဖုန္းဖြင့္ၾကည့္လိုက္ေတာ့ "အင္တာဗ်ဴး ေျဖရတာအဆင္ေျပလား" "ေတြ႕ၾကမလား" စသျဖင့္ မီရာ messageပို႔ထားသည္။ စိတ္မပါေတာ့တာေၾကာင့္ စာတစ္ခ်ိဳ႕႐ိုက္ႏွိပ္ၿပီး ဖုန္းတစ္ခါတည္းပိတ္လိုက္သည္။
ဘာမွလုပ္ခ်င္စိတ္မရွိေတာ့တာေၾကာင့္ ေနာက္ဆုံး Chanyeol ရဲ႕ဦးတည္ရာက အိမ္ ပင္ျဖစ္သည္။
——
pH ring ~
"ဟုတ္ကဲ့ Park Chanyeolလားရွင့္"
"ဟုတ္ပါတယ္"
"Delight Companyကေန ဆက္သြယ္လိုက္တာပါရွင့္ ဂုဏ္ယူပါတယ္ .. မနက္ျဖန္ မနက္၉နာရီအတိ ကုမၸဏီကို လာခဲ့ေပးပါ"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"
"ခဏ !"
"ဟုတ္ကဲ့"
"အားနာေပမယ့္ေလ ကြၽန္ေတာ္နဲ႔အတူ အင္တာဗ်ဴးေျဖတဲ့ Byun Baekhyunေရာ အလုပ္၀င္ခြင့္ရလား ခင္ဗ်"
"အာ ဟုတ္ကဲ့ Byun Baekhyunဆီကိုလည္း ဆက္သြယ္ၿပီးပါၿပီ"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"
ဖုန္းခ်ၿပီးတာနဲ႔ Chanyeol ကုတင္ေပၚလွဲခ်လိုက္သည္။ ဖုန္းကိုရင္ဘတ္ေပၚတင္ထားၿပီး ၿပဳံးလိုက္သည္။ အနည္းဆုံးေတာ့ မနက္ျဖန္ေတြတိုင္း Baekhyunကို Chanyeol ေတြ႕ခြင့္ရမည္။
အေၾကာင္းျပခ်က္ ? အေၾကာင္းျပခ်က္ေတြက Chanyeolအတြက္ မလိုအပ္ပါ။
Tbc