Hey! Mr.Rapper, I'm your Anti...

By HeatheryYM_9395

24.3K 3.8K 569

Everyone thinks that I'm his hardcore fan,Why??? More

01 [Intro]
02
03
04
05
06
07
08
09
10
Special Chapter : Travel blogspot.com
11
12
13
14

15

1.3K 142 37
By HeatheryYM_9395

[Unicode]

'hyung ရောက်နေပြီ တံခါးလာဖွင့်လှည့်ဦး'

သူ Jimin ဆီက စာပို့ထားတာကို မြင်မြင်ချင်းပဲ

ချက်ချင်းသွားဖွင့်ပေးပေမဲ့

လူကို မတွေ့တာကြောင့် ဖုန်းပြန်ခေါ်ရသည်။

ကြာနေလို့ စိတ်ဆိုးပြန်ပြီလား။

ရင်းနှီးမှ သိလာရတာက

အဲ့ ကလေးက လေ

တစ်ကယ့် ဒေါသအိုးလေး ။

စိတ်ကလည်းတစ်စက်မှ မရှည်။

သူ့စိတ်အလိုမကျဘူးဆို အသံပြဲနဲ့ အော်တတ်သေး။

အခုလည်း စိတ်မရှည်တော့လို့

မလာဘဲပြန်လှည့်သွားပြန်ပြီလားပဲ။

.

" ဒါက ရေခဲသေတ္တာထဲ ထည့်လိုက်မယ်နော်"

"အွန်းဒါတွေကို ငါသယ်ခဲ့မယ်။ "

"ဒါလေးတွေကျန်တာ ကျွန်တော်သယ်ခဲ့မယ်"

"သွားကြစို့ "

"ဟုတ်ကဲ့ hyung"

အိမ်ထဲဝင် အထုပ်တွေချရုံပဲချထားပြီး

အခန်းထဲဝင်သွားသော Jiminကို

Eun Seokသူ ပစ္စည်းတွေ နေရာချပေးရမလားမေးပေမဲ့
ရတယ် ကျွန်တော်ဘာသာလုပ်မယ်ပြောတဲ့ကောင်လေး။

အခုတော့ အဲ့ဒီ ကောင်လေး က

သူအဝတ်အစားလဲပြီးသည်နှင့် အချိန်ကိုက်

ရောက်လာသော Mr.Min စီမံတာကိုမှ

နာနာခံခံလေး လိုက်လုပ်နေသည်။

ဘေးလူဝင်ကူစရာမလိုအောင်

မိနစ်ပိုင်းလေးအတွင်းမှာပင်

စီစဥ်နေရာချ ပြီးစီးသွားတဲ့နှစ်ယောက်သား..

အနားမှာ ကူလုပ်ပေးဖို့ရပ်စောင့်နေခဲ့တဲ့

Lee Eun Seok ဟာလူပိုကြီးပါပဲ။

လုပ်စရာ မရှိဘူးဆိုပြန်တာပေါ့ ။

ဒါနဲ့ နှစ်ယောက်ကြားကလေထုက ထူးဆန်းလိုက်တာ

ဘာပါလိမ့် ဒီအတွဲညီနေမှုကြီးက .။

'ဒါဆို Eun Seok hyung ကောင်းကောင်းပြန်ပါ'

'...'

ဘာတွေတမျိုးဖြစ်နေလဲ

Mr.Min နဲ့ပဲဟာ စိတ်ချရပါတယ်။

....,

'အိမ်ပြန်လာနေပြီ'

'စောစောပြန်လာတာ'

'ကျွန်တော် ပြန်ရောက်ပြီ'

' Hyung တံခါးလာဖွင့်ပေးဦး '

'အိမ်မှာ မရှိဘူးလား'

'ဘယ်မှာလဲ'

'အပြင်သွားတာလား'

'စားကောင်းတာ ဝယ်ခဲ့နော်'

ကိုးကြိမ်မြောက် message noti သံကို

ကြားရပြီးနောက်မှာတော့

Yoongi သူငယ်ချင်းနဲ့ စကားပြောနေတာကို

ရပ်တန့်ပြီး ဖုန်းထုတ်ကြည့်ရသည်။

နောက်ဆုံးပို့ ထားသည့်စာက

'မုန့်အများကြီးဝယ်ပြီး မြန်မြန်ပြန်လာခဲ့'

ဒီနေ့နောက်ကျမှာမို့

ညနေစာအတူမစားတော့ဘူးပြောထားလို့

သူငယ်ချင်းနဲ့တွေ့ဖို့ အချိန်ရတယ်ဆိုပြီး

သူအပြင်မှာရောက်နေတာဖြစ်၏။

ဒီကောင်လေးတော့မဖြစ်တော့ဘူးပဲ
အဲ့လိုနောက်ကနေတကျီကျီလုပ်နေလို့ရမလား ။

'×××××× hyungအိမ်တံခါးနံပါတ် ပဲ မုန့်ဝယ်ထားတာရှိလားရှာပြီး အရင်စားထားနှင့် '

'Nae!စားထားလိုက်မှာ
ဒါပေမဲ့လည်း မြန်မြန်လာနော်
စောင့်နေသေးတယ်'
'hollyလေးနဲ့ အတူတူစောင့်နေမယ် '

ဖုန်းကိုစစ်နေတဲ့ Yoongiမျက်နှာပေါ်မှာ

စိတ်ရှုပ်လိုက်တာ ဒါပေမဲ့ လည်း စိတ်လည်းပျော်နေပြန်တယ်

ဆိုတဲ့အမူအရာကို မြင်လိုက်ရတဲ့ ဘေးကသူငယ်ချင်းဖြစ်သူကတော့

မနေနိုင်ဘဲ မေးခွန်းထုတ်မိသွားသည်။

" Yoongi မင်း ရည်းစား ရနေတာလား"

ရည်းစားရနေတာလား?

ငါက အဲ့လိုပုံပေါ်နေတယ်လား?

"မဟုတ်ပါဘူး"

လူတကာနဲ့ ရင်းနှီးမလွယ်တဲ့ သူ့ဘေးနားကို

ဒီ ကောင်လေးကတော့ဖြင့် သဘာဝကျကျလေးပဲ

ချဥ်းကပ်လာခဲ့ပေးလို့ ...

တမင်သက်သက်ဖန်တီးထားတာမဟုတ်တဲ့

စစ်မှန်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတွေက

သူ့ကိုလည်း စိတ်ပျော်စေလို့...

သာမန်အိမ်နီးချင်း ၊ သာမန် သူငယ်ချင်း ၊

သာမန် အသိညီလေးတစ်ယောက် ထက်တော့

ပိုတန်ဖိုးထားတာ မှန်ပေမဲ့ .... ။

"ဟုတ်လား ငါပဲအကြည့်မှားတာလား "

"ပြန်တော့မယ်"

"အစောကြီး? ဘာလို့လဲ နေပါဦး ...ငါအခုအိမ်မပြန်ချင်သေးဘူး"
"မဟုတ်သေးဘူးလေရုပ်ဆောင်ရွေးတာက ငါတစ်ယောက်ထဲ နဲ့ဖြစ်တဲ့ကိစ္စ မှမဟုတ်တာ ဘာလို့ငါ့ပဲလာအနှောင့်အယှက်ပေးနေကြလဲ ဒါရိုက်တာကြီးရော ပရိုဂျုဆာရောရှိသေးတာကို ...အေးလေ သူတို့ကိုလည်းလိုက်ကပ်နေကြမှာပါပဲ ..."

" ငါ့ကို သီချင်းပေးခိုင်းတဲ့ ဟာလား"

"အေး အဲ့တစ်ခုပဲ။"

"ရွေးခံရဖို့ အဲ့လိုတွေလည်းလုပ်ရတယ်ပေါ့ "

"ဒါပေါ့ ပြီးတော့ ဒီတစ်ခါက မျက်နှာသစ်သရုပ်ဆောင်တွေသုံးမယ်ဆိုလို့ ...အသစ်လေးတွေအတွက်အခွင့်ကောင်းလေ ...အဲ့တာကြောင့်ကြိုးစားနေကြတာပေါ့ အကုန်ပွက်လောကိုရိုက်နေတာပဲ"

"ပြောလို့ပြောတာ ...ကြွားတာမဟုတ်ဘူး ငါ့ဇာတ်လမ်းကဒီတစ်ခေါက်လည်း ခံစားချက်ကောင်းတယ် "

ကျန်တဲ့နေရာမှာ အသုံးမကျပေမဲ့

ဇာတ်လမ်းတွေတော့ ကောင်းကောင်းဖန်တီးတတ်တာကိုတော့

သူလည်း အသိအမှတ်ပြုရသည်။

ဇာတ်ကားရိုက်သမျှ မှာပေါက်သွားတာများသည်။

တစ်ခုလေးပဲ ။

သူ့ကို လာလာ မနှောင့်ယှက်ရင်ပိုကောင်းမည်။

‌ရေးပြီးရင် လာဖတ်ခိုင်းလို့

‌ဝေဖန်ပေးရပြန်။

ငါ့ဟာကလေ မင်းက ဇာတ်ဝင်တေး ရေးပေးတဲ့ကားမှ

ပေါက်တာကွ ဆိုတဲ့ သောက်ကျိုးနည်းလော့ဂျစ်ကြီးကတစ်မျိုး။

သူဖတ်ပြီးပြီ ။

ကောင်းတဲ့ဇာတ်လမ်းလေးပဲ

လိုချင်နေကြမှာပေါ့ ။

'Yoongi hyung ဘယ်တော့လာမှာ? ဗိုက်ဆာနေပြီ '

လင်းလာတဲ့ ဖုန်းကိုYoongi ပြန်ပိတ်ရင်း

ခေါင်းရမ်းလိုက်သည်။

ပြောရမယ်ဆို ကြိုးကြိုးစားစားလုပ်နေကြတာ

အကုန်တော့ မဟုတ်လောက်ဘူး...

ရိုက်လက်စ ဒရာမာကပြီးတော့မှာကို

ရှေ့ဆက်ပြီး ကြိုတွေးမယ်မရှိ

အိမ်ပဲကပ်ပြီး မုန့်လုပ်စားဖို့ပဲတွေးတတ်တဲ့

ငတုံးလေးတစ်ကောင်တော့ ကျန်နေသေးတယ်။

Yoongi လက်ထဲက ခွက်ကို ချ၊

ခုံမှာတင်ထားတဲ့အပေါ်ဝတ်ကိုပါ
ကောက်ကိုင်လိုက်ရင်း ပြောလိုက်သည်။

"သွားမယ် ညစာ ငါဝယ်ကျွေးမယ်"

" သွားမယ် သွားမယ် "

" နောက်တစ်ယောက်ထပ်ခေါ်လို့ ရတယ်မလား"

"မင်းအသိလား ရတာပေါ့"

"အွန်း မင်းကားနဲ့သွားမယ် ငါ ကားမယူလာခဲ့ဘူး "

.......

Jiminအိမ်မှာ ပျင်းပျင်းရိရိ ထိုင်စောင့်နေတုန်း

Yoongi hyung ဆီက ဖုန်းဝင်လာတော့

အစာကျွေးမယ့်သူ ‌‌ရောက်လာပြီထင်လိုက်တာ....

'မုန့်ဝယ်ခဲ့ မှာနေသေးတယ်

အခုလာခေါ်တာကိုသာ လိမ်လိမ်မာမာလေးလိုက်ခဲ့စမ်းပါ'

အဆက်အစပ်မရှိ အဆူခံလိုက်ရပြီး

ဘာမှမသိခင်ပဲYoongi hyung ရဲ့ manager hyung က

လာခေါ်လို့ လိုက်သွားရတယ်။

ဆိုင်ရောက်တော့လည်း

မှာထားပေးတာ စားပြီး

Hyung ပြောတဲ့အတိုင်း လိုက်ခေါင်းညိတ်လိုက်တာ။

ဘာမှန်းမသိ‌သေးခင်

နောက်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်လုပ်လို့ရသွားပြီ။

ငွေသွားရှင်းဆိုလို့

ထသွားပြီး ရှင်းပြီး ပြန်လာတော့

Yoongi Hyung ရဲ့ သူငယ်ချင်း hyung ရဲ့

အသိညီလေးလည်းဖြစ်သွားပြီးပြီ။

တစ်ညနေလေးအတွင်း ဖြစ်ပျက်သွားတာ

အရမ်းမြန်လို့ Jimin သေချာ မသိလိုက်ဘူးဆိုပေမဲ့

Yoongi hyung ကလုပ်ခိုင်းတာပဲ

အကုန်ကောင်းတာပဲဖြစ်မှာပါ။

###

Mini Theatre :

(1)

Manager: Mr.Min နဲ့ပဲ စိတ်ချရပါတယ်

Artist: ဘာမှန်းမသိပေမဲ့ Yoongi hyung လုပ်ခိုင်းတာပဲ ကောင်းတာပဲနေမှာပေါ့

လိုက်ဖက်တဲ့ နှစ်ယောက်သား
ယွန်းဂီရှီး က ရောင်းစားရင် ငွေပါကူရေပေးမယ့်နှစ်ယောက် 😂😂

(2)

သစ်သီးခြင်း ၊ပန်းခြင်းနှင့်လာသူများ _ သားကိုရွေး... ဟင့်အင်း သားကို‌ရွေး...

စာရေးဆြာကြီး _ ခဏ ခဏ လာနှောင့်မယှက်ကြပါနဲ့လား ရှုပ်လိုက်တာ

တစ်ယောက်သော လက်ဗလာနဲ့ အဆိုကျော်ကြီး _ ငါ့ညီလေးက။ရွေးလိုက်တော့။

အလုပ်ကြိုးစားတဲ့ကလေးလေး

စာရေးဆြာကြီး - ကောင်းပြီ ညီလေး မင်းကိုရွေးလိုက်ပြီ




[Zawgyi]

'hyung ေရာက္ေနၿပီ တံခါးလာဖြင့္လွည့္ဦး'

သူ Jimin ဆီက စာပို႔ထားတာကို ျမင္ျမင္ခ်င္းပဲ

ခ်က္ခ်င္းသြားဖြင့္ေပးေပမဲ့

လူကို မေတြ႕တာေၾကာင့္ ဖုန္းျပန္ေခၚရသည္။

ၾကာေနလို႔ စိတ္ဆိုးျပန္ၿပီလား။

ရင္းႏွီးမွ သိလာရတာက

အဲ့ ကေလးက ေလ

တစ္ကယ့္ ေဒါသအိုးေလး ။

စိတ္ကလည္းတစ္စက္မွ မရွည္။

သူ႕စိတ္အလိုမက်ဘဴးဆို အသံၿပဲနဲ႕ ေအာ္တတ္ေသး။

အခုလည္း စိတ္မရွည္ေတာ့လို႔

မလာဘဲျပန္လွည့္သြားျပန္ၿပီလားပဲ။

.

" ဒါက ေရခဲေသတၱာထဲ ထည့္လိုက္မယ္ေနာ္"

"အြန္းဒါေတြကို ငါသယ္ခဲ့မယ္။ "

"ဒါေလးေတြက်န္တာ ကြၽန္ေတာ္သယ္ခဲ့မယ္"

"သြားၾကစို႔ "

"ဟုတ္ကဲ့ hyung"

အိမ္ထဲဝင္ အထုပ္ေတြခ်႐ုံပဲခ်ထားၿပီး

အခန္းထဲဝင္သြားေသာ Jiminကို

Eun Seokသူ ပစၥည္းေတြ ေနရာခ်ေပးရမလားေမးေပမဲ့
ရတယ္ ကြၽန္ေတာ္ဘာသာလုပ္မယ္ေျပာတဲ့ေကာင္ေလး။

အခုေတာ့ အဲ့ဒီ ေကာင္ေလး က

သူအဝတ္အစားလဲၿပီးသည္ႏွင့္ အခ်ိန္ကိုက္

ေရာက္လာေသာ Mr.Min စီမံတာကိုမွ

နာနာခံခံေလး လိုက္လုပ္ေနသည္။

ေဘးလူဝင္ကူစရာမလိုေအာင္

မိနစ္ပိုင္းေလးအတြင္းမွာပင္

စီစဥ္ေနရာခ် ၿပီးစီးသြားတဲ့ႏွစ္ေယာက္သား..

အနားမွာ ကူလုပ္ေပးဖို႔ရပ္ေစာင့္ေနခဲ့တဲ့

Lee Eun Seok ဟာလူပိုႀကီးပါပဲ။

လုပ္စရာ မရွိဘူးဆိုျပန္တာေပါ့ ။

ဒါနဲ႕ ႏွစ္ေယာက္ၾကားကေလထုက ထူးဆန္းလိုက္တာ

ဘာပါလိမ့္ ဒီအတြဲညီေနမႈႀကီးက .။

'ဒါဆို Eun Seok hyung ေကာင္းေကာင္းျပန္ပါ'

'...'

ဘာေတြတမ်ိဳးျဖစ္ေနလဲ

Mr.Min နဲ႕ပဲဟာ စိတ္ခ်ရပါတယ္။

....,

'အိမ္ျပန္လာေနၿပီ'

'ေစာေစာျပန္လာတာ'

'ကြၽန္ေတာ္ ျပန္ေရာက္ၿပီ'

' Hyung တံခါးလာဖြင့္ေပးဦး '

'အိမ္မွာ မရွိဘူးလား'

'ဘယ္မွာလဲ'

'အျပင္သြားတာလား'

'စားေကာင္းတာ ဝယ္ခဲ့ေနာ္'

ကိုးႀကိမ္ေျမာက္ message noti သံကို

ၾကားရၿပီးေနာက္မွာေတာ့

Yoongi သူငယ္ခ်င္းနဲ႕ စကားေျပာေနတာကို

ရပ္တန႔္ၿပီး ဖုန္းထုတ္ၾကည့္ရသည္။

ေနာက္ဆုံးပို႔ ထားသည့္စာက

'မုန႔္အမ်ားႀကီးဝယ္ၿပီး ျမန္ျမန္ျပန္လာခဲ့'

ဒီေန႕ေနာက္က်မွာမို႔

ညေနစာအတူမစားေတာ့ဘူးေျပာထားလို႔

သူငယ္ခ်င္းနဲ႕ေတြ႕ဖို႔ အခ်ိန္ရတယ္ဆိုၿပီး

သူအျပင္မွာေရာက္ေနတာျဖစ္၏။

ဒီေကာင္ေလးေတာ့မျဖစ္ေတာ့ဘူးပဲ
အဲ့လိုေနာက္ကေနတက်ီက်ီလုပ္ေနလို႔ရမလား ။

'×××××× hyungအိမ္တံခါးနံပါတ္ ပဲ မုန့္ဝယ္ထားတာရွိလားရွာၿပီး အရင္စားထားႏွင့္ '


'Nae!စားထားလိုက္မွာ
ဒါေပမဲ့လည္း ျမန္ျမန္လာေနာ္
ေစာင့္ေနေသးတယ္'
'hollyေလးနဲ႕ အတူတူေစာင့္ေနမယ္ '

ဖုန္းကိုစစ္ေနတဲ့ Yoongiမ်က္ႏွာေပၚမွာ

စိတ္ရႈပ္လိုက္တာ ဒါေပမဲ့ လည္း စိတ္လည္းေပ်ာ္ေနျပန္တယ္

ဆိုတဲ့အမူအရာကို ျမင္လိုက္ရတဲ့ ေဘးကသူငယ္ခ်င္းျဖစ္သူကေတာ့

မေနနိုင္ဘဲ ေမးခြန္းထုတ္မိသြားသည္။

" Yoongi မင္း ရည္းစား ရေနတာလား"

ရည္းစားရေနတာလား?

ငါက အဲ့လိုပုံေပၚေနတယ္လား?

"မဟုတ္ပါဘူး"

လူတကာနဲ႕ ရင္းႏွီးမလြယ္တဲ့ သူ႕ေဘးနားကို

ဒီ ေကာင္ေလးကေတာ့ျဖင့္ သဘာဝက်က်ေလးပဲ

ခ်ဥ္းကပ္လာခဲ့ေပးလို႔ ...

တမင္သက္သက္ဖန္တီးထားတာမဟုတ္တဲ့

စစ္မွန္ၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့ အၿပဳံးေတြက

သူ႕ကိုလည္း စိတ္ေပ်ာ္ေစလို႔...

သာမန္အိမ္နီးခ်င္း ၊ သာမန္ သူငယ္ခ်င္း ၊

သာမန္ အသိညီေလးတစ္ေယာက္ ထက္ေတာ့

ပိုတန္ဖိုးထားတာ မွန္ေပမဲ့ .... ။

"ဟုတ္လား ငါပဲအၾကည့္မွားတာလား "

"ျပန္ေတာ့မယ္"

"အေစာႀကီး? ဘာလို႔လဲ ေနပါဦး ...ငါအခုအိမ္မျပန္ခ်င္ေသးဘူး"
"မဟုတ္ေသးဘူးေလ႐ုပ္ေဆာင္ေ႐ြးတာက ငါတစ္ေယာက္ထဲ နဲ႕ျဖစ္တဲ့ကိစၥ မွမဟုတ္တာ ဘာလို႔ငါ့ပဲလာအေႏွာင့္အယွက္ေပးေနၾကလဲ ဒါရိုက္တာႀကီးေရာ ပရိုဂ်ဳဆာေရာရွိေသးတာကို ...ေအးေလ သူတို႔ကိုလည္းလိုက္ကပ္ေနၾကမွာပါပဲ ..."

" ငါ့ကို သီခ်င္းေပးခိုင္းတဲ့ ဟာလား"

"ေအး အဲ့တစ္ခုပဲ။"

"ေ႐ြးခံရဖို႔ အဲ့လိုေတြလည္းလုပ္ရတယ္ေပါ့ "

"ဒါေပါ့ ၿပီးေတာ့ ဒီတစ္ခါက မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေတြသုံးမယ္ဆိုလို႔ ...အသစ္ေလးေတြအတြက္အခြင့္ေကာင္းေလ ...အဲ့တာေၾကာင့္ႀကိဳးစားေနၾကတာေပါ့ အကုန္ပြက္ေလာကိုရိုက္ေနတာပဲ"

"ေျပာလို႔ေျပာတာ ...ႂကြားတာမဟုတ္ဘူး ငါ့ဇာတ္လမ္းကဒီတစ္ေခါက္လည္း ခံစားခ်က္ေကာင္းတယ္ "

က်န္တဲ့ေနရာမွာ အသုံးမက်ေပမဲ့

ဇာတ္လမ္းေတြေတာ့ ေကာင္းေကာင္းဖန္တီးတတ္တာကိုေတာ့

သူလည္း အသိအမွတ္ျပဳရသည္။

ဇာတ္ကားရိုက္သမွ် မွာေပါက္သြားတာမ်ားသည္။

တစ္ခုေလးပဲ ။

သူ႕ကို လာလာ မေႏွာင့္ယွက္ရင္ပိုေကာင္းမည္။

‌ေရးၿပီးရင္ လာဖတ္ခိုင္းလို႔

‌ေဝဖန္ေပးရျပန္။

ငါ့ဟာကေလ မင္းက ဇာတ္ဝင္ေတး ေရးေပးတဲ့ကားမွ

ေပါက္တာကြ ဆိုတဲ့ ေသာက္က်ိဳးနည္းေလာ့ဂ်စ္ႀကီးကတစ္မ်ိဳး။

သူဖတ္ၿပီးၿပီ ။

ေကာင္းတဲ့ဇာတ္လမ္းေလးပဲ

လိုခ်င္ေနၾကမွာေပါ့ ။

'Yoongi hyung ဘယ္ေတာ့လာမွာ? ဗိုက္ဆာေနၿပီ '

လင္းလာတဲ့ ဖုန္းကိုYoongi ျပန္ပိတ္ရင္း

ေခါင္းရမ္းလိုက္သည္။

ေျပာရမယ္ဆို ႀကိဳးႀကိဳးစားစားလုပ္ေနၾကတာ

အကုန္ေတာ့ မဟုတ္ေလာက္ဘူး...

ရိုက္လက္စ ဒရာမာကၿပီးေတာ့မွာကို

ေရွ႕ဆက္ၿပီး ႀကိဳေတြးမယ္မရွိ

အိမ္ပဲကပ္ၿပီး မုန႔္လုပ္စားဖို႔ပဲေတြးတတ္တဲ့

ငတုံးေလးတစ္ေကာင္ေတာ့ က်န္ေနေသးတယ္။

Yoongi လက္ထဲက ခြက္ကို ခ်၊

ခုံမွာတင္ထားတဲ့အေပၚဝတ္ကိုပါ
ေကာက္ကိုင္လိုက္ရင္း ေျပာလိုက္သည္။

"သြားမယ္ ညစာ ငါဝယ္ေကြၽးမယ္"

" သြားမယ္ သြားမယ္ "

" ေနာက္တစ္ေယာက္ထပ္ေခၚလို႔ ရတယ္မလား"

"မင္းအသိလား ရတာေပါ့"

"အြန္း မင္းကားနဲ႕သြားမယ္ ငါ ကားမယူလာခဲ့ဘူး "

.......

Jiminအိမ္မွာ ပ်င္းပ်င္းရိရိ ထိုင္ေစာင့္ေနတုန္း

Yoongi hyung ဆီက ဖုန္းဝင္လာေတာ့

အစာေကြၽးမယ့္သူ ‌‌ေရာက္လာၿပီထင္လိုက္တာ....

'မုန႔္ဝယ္ခဲ့ မွာေနေသးတယ္

အခုလာေခၚတာကိုသာ လိမ္လိမ္မာမာေလးလိုက္ခဲ့စမ္းပါ'

အဆက္အစပ္မရွိ အဆူခံလိုက္ရၿပီး

ဘာမွမသိခင္ပဲYoongi hyung ရဲ႕ manager hyung က

လာေခၚလို႔ လိုက္သြားရတယ္။

ဆိုင္ေရာက္ေတာ့လည္း

မွာထားေပးတာ စားၿပီး

Hyung ေျပာတဲ့အတိုင္း လိုက္ေခါင္းညိတ္လိုက္တာ။

ဘာမွန္းမသိ‌ေသးခင္

ေနာက္ဇာတ္ကားမွာ အဓိကသ႐ုပ္ေဆာင္လုပ္လို႔ရသြားၿပီ။

ေငြသြားရွင္းဆိုလို႔

ထသြားၿပီး ရွင္းၿပီး ျပန္လာေတာ့

Yoongi Hyung ရဲ႕ သူငယ္ခ်င္း hyung ရဲ႕

အသိညီေလးလည္းျဖစ္သြားၿပီးၿပီ။

တစ္ညေနေလးအတြင္း ျဖစ္ပ်က္သြားတာ

အရမ္းျမန္လို႔ Jimin ေသခ်ာ မသိလိုက္ဘူးဆိုေပမဲ့

Yoongi hyung ကလုပ္ခိုင္းတာပဲ

အကုန္ေကာင္းတာပဲျဖစ္မွာပါ။

###

Mini Theatre :

(1)

Manager: Mr.Min နဲ႕ပဲ စိတ္ခ်ရပါတယ္

Artist: ဘာမွန္းမသိေပမဲ့ Yoongi hyung လုပ္ခိုင္းတာပဲ ေကာင္းတာပဲေနမွာေပါ့

လိုက္ဖက္တဲ့ ႏွစ္ေယာက္သား
ယြန္းဂီရွီး က ေရာင္းစားရင္ ေငြပါကူေရေပးမယ့္ႏွစ္ေယာက္ 😂😂

(2)

သစ္သီးျခင္း ၊ပန္းျခင္းႏွင့္လာသူမ်ား _ သားကိုေ႐ြး... ဟင့္အင္း သားကို‌ေ႐ြး...

စာေရးၾဆာႀကီး _ ခဏ ခဏ လာေႏွာင့္မယွက္ၾကပါနဲ႕လား ရႈပ္လိုက္တာ

တစ္ေယာက္ေသာ လက္ဗလာနဲ႕ အဆိုေက်ာ္ႀကီး _ ငါ့ညီေလးက။ေ႐ြးလိုက္ေတာ့။

အလုပ္ႀကိဳးစားတဲ့ကေလးေလး

စာေရးၾဆာႀကီး - ေကာင္းၿပီ ညီေလး မင္းကိုေ႐ြးလိုက္ၿပီ

Continue Reading

You'll Also Like

77.7K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
594K 9.2K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
599K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
105K 9.3K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...