" မင္းက တကယ္ေသခ်င္ေနတာဘဲ ! " အံႀကိတ္ကာ ေျပာလာသၫ့္ ေဒါသတႀကီးအသံနဲ႔အတူ ပံုရိပ္တစ္ခုက ေနာက္သို႔ ျပန္ကန္ထြက္သြားခဲ့၏ ။ Ruzel ၏ လႈပ္ရွားမႈစသည္နဲ႔ က်န္သၫ့္သူမ်ားလဲ စတင္ကာ တိုက္ခိုက္ေတာ့သည္ ။
Shun သည္ တိုးဝင္လာသၫ့္တိုက္ခိုက္မႈမ်ားအား ေရွာင္တိမ္းေနေသာ္လည္း အကုန္လံုးကို မေရွာင္တိမ္းႏိုင္သျဖင့္ တခ်ိဳ႕တိုက္ခိုက္မႈမ်ားက သူ႔ကို ဒဏ္ရာရသြားေစခဲ့သည္ ။ သူသည္ စြမ္းအင္ႏိုးထကာစလူသစ္မ်ားထဲမွ တစ္ေယာက္သာသာျဖစ္ကာ ေမွာ္စကားလံုးမ်ားကိုလည္း ေသခ်ာမေလ့လာရေသးေပ။ Loryard မိသားစုလို ပထမတန္းစားမိသားစုရဲ့ ကြၽမ္းက်င္သူမ်ားနဲ႔ ရင္ဆိုင္ရခ်ိန္တြင္ သူသည္လည္း တတ္ႏိုင္သၫ့္အရာမရိွေခ် ။ ထြက္ေျပးဖို႔က ျဖစ္ႏိုင္ေသာ္လည္း သူ႔တြင္ ထြက္သြားဖို႔ အေၾကာင္းျပခ်က္မရိွေခ် ။
သူလိုခ်င္သၫ့္ အခ်က္အလက္မ်ားကို အသာထား သူ႔အလွေလးရိွသၫ့္ ေနရာမဟုတ္ပါလား ။ ခက္ခက္ခဲခဲ ခိုးဝင္စရာမလိုေစရန္ အဖမ္းခံလိုက္သည္က အေကာင္းဆံုးပင္ ။
ေနာက္ဆံုးတြင္ သူက အခြင့္အေရးရၿပီဟု မွတ္ယူလိုက္ေသာ္လည္း လူအိုႀကီးတစ္ေယာက္က သူ႔အစီအစဉ္အား ဖ်က္လိုဖ်က္စီး လာလုပ္ေနသည္။ တိုက္ခိုက္မႈမ်ားအားလံုးရပ္တန႔္လိုက္ၾကၿပီး Ruzel က လူအိုႀကီးနဲ႔ တစ္ခုခုေဆြးေနြးေနသၫ့္ဟန္ ခပ္လွမ္းလွမ္းတြင္ရိွေနခဲ့၏ ။
" ေဟ့ေကာင္.. အခုထြက္ေျပးရေအာင္ " Andoshi က ၿငိမ္သက္ေနသၫ့္အေျခအေနအား တစ္ခ်က္ၾကၫ့္လိုက္ၿပီး လူတိုင္း သူတို႔အား အာရံုမရိွေတာ့သည္ကို ေတြ့သၫ့္အခ်ိန္တြင္ Shun အနားသို႔ ျဖည္းျဖည္းခ်င္းကပ္သြားကာ တီးတိုးေျပာလိုက္၏ ။
Shun က ေခါင္းတစ္ခ်က္ၿငိမ့္လိုက္ၿပီး အေလးအနက္ေျပာလိုက္သည္။ " ျမန္ျမန္ထြက္ေျပးသင့္တယ္ ... ငါ ထြက္ေျပးတဲ့ေနရာမွာသံုးတဲ့ ေမွာ္စာလံုးသိတယ္ .. "
" ဒါဆို ဘာကိုေစာင့္ေနေသးတာလဲ .. ျမန္ျမန္သြားမယ္ေလ " Andoshi သည္ ေပ်ာ္ရြင္သြားကာ Shun ၏ လက္ေမာင္းအား အားရပါးရပုတ္လိုက္သည္ ။ Shun က ထိုသည္ကို လစ္လ်ဳရႈလိုက္ကာ စိုးရိမ္သၫ့္အမႈအရာလုပ္လ်က္ " ေမွာ္စာလံုးက လူတစ္ေယာက္ခ်င္းဆီဘဲ ပို႔ႏိုင္တာ .. "
" မင္းအရင္သြားၿပီး ငါ့ကိုဆင့္ေခၚလိုက္ေလ " Andoshi က မတံု႔မဆိုင္းဘဲ ေျပာၾကားလိုက္သည္ ။ သူ႔အေတြးနဲ႔သူ အလြန္လက္ေတြ့က်သည္ဟု ခံစားရသည္ ။ Shun က ဒီ သူငယ္ခ်င္းေကာင္း ဇာတ္ရုပ္ကေန လံုးဝကြဲမထြက္သၫ့္ Andoshi ၏ ပုခံုးအား ႏွစ္ခ်က္အသာပုတ္လိုက္သည္ ။
" မင္းရဲ့ ဒီစိတ္ဓာတ္ကို ေကာင္းေကာင္းထိန္းသိမ္းထားႏိုင္ပါေစ .."
Andoshi သည္ Shun ၏ စကားကို နားလည္ဖို႔ ႀကိဳးစားေနရံုရိွေသး သူ႔ေျခေထာက္ေအာက္တြင္ အင္းကြက္သ႑ာန္ ေပၚလာကာ အလင္းတစ္ခ်က္လက္သြားၿပီး သူမတု႔န္ျပန္ႏိုင္ခင္ပင္ ေနရာမွေပ်ာက္ကြယ္သြားခဲ့သည္ ။ အင္းကြက္နဲ႔ အလင္းက လ်ပ္တျဖတ္ျဖစ္သြားေသာ္လည္း လူတိုင္း၏ အာရံုက သူ႔ထံသို႔ က်ေရာက္လာခဲ့၏ ။ Ruzel သည္လည္း လူအိုႀကီးနဲ႔အတူ သူ့ေရ႔ွသို႔ေရာက္လာသည္ ။
Ruzel ၏ အမႈအရာက သိသိသာသာပ်က္ယြင္းေနၿပီး မခံမရပ္ႏိုင္ျဖစ္ေနပံုရသည္ ။ လူအိုႀကီးက Shun အား ၾကၫ့္လာၿပီး " ေကာင္ေလး .. ငါတို႔ရဲ့ ရိုင္းျပတဲ့ အျပဳအမႈအတြက္ ေတာင္းပန္ပါတယ္ .. "
လူအိုႀကီးက ေတာင္းပန္စကားဆက္ေျပာခ်င္ေနဟန္ရေသာ္လည္း Shun က လက္ကာျပလိုက္ကာ " အျပင္မွာ တစ္ခုခုျဖစ္ေနလို႔လား .."
သူ႔ရဲ့ တစ္ညတာေလ့လာမႈအရ ပထမတန္းစားမိသားစုမွ လူမ်ားအား စိတ္ဓာတ္က်ေစသၫ့္ ကိစၥမ်ားမွာ ေတာ္ဝင္မိသားစုတြင္း ပဋီပကၡမ်ား ၊ တိုင္းျပည္အခ်င္းခ်င္းစစ္မက္ျဖစ္ပြားျခင္း ၊ ဆက္ခံသူေသဆံုးျခင္း တို႔သာျဖစ္သည္ ။ Loryard မိသားစု၏ ဆက္ခံသူဟု ယူဆရသၫ့္ Ruzel က ဤေနရာတြင္ အေကာင္းတိုင္းရိွေနရာ က်န္သၫ့္အေၾကာင္းျပခ်က္မ်ားကို ေတြးရံုသာရိွသည္ ။ သို႔ေသာ္ ေတာ္ဝင္မိသားစုကိစၥက သူဝင္စြက္ဖက္ႏိုင္သၫ့္ အရာမဟုတ္ေသးရာ က်န္သၫ့္ ကိစၥကိုသာ ေမးျမန္းရေတာ့သည္ ။
လူအိုႀကီးက သူ႔ေမးခြန္းအား ျပန္ေျဖၾကားျခင္းမရိွဘဲ Shun အား " Loryard ၿမိဳ႔ကို လိုက္ခဲ့ပါ " ဟုသာ ျပန္ေျပာခဲ့သည္ ။
***
Andoshi သည္ သူ႔မူးေနွာက္ေနသၫ့္ ေခါင္းေၾကာင့္ အတန္ၾကာသည္အထိ မထႏိုင္ေသးေပ ။ ထိုအခ်ိန္တြင္သူက အသံတခ်ိဳ႕အား ေဝဝါးဝါးၾကားလိုက္ရသျဖင့္ မ်က္လံုးဖြင့္ၾကၫ့္လိုက္ရာ ဝိုင္းစက္သၫ့္ မ်က္ဝန္းလွလွေလးမ်ားျဖင့္ ဆံုသြားခဲ့သည္ ။ သူ႔အၾကၫ့္က ေအာက္သို႔ တစ္ခ်က္ငိုက္သြားခ်ိန္ မို႔ေမာက္သၫ့္ ေတာင္ပို႔ႏွစ္ခုႏွယ္အရာအား ေတြ့လိုက္ရသျဖင့္ သူ႔ခႏၶာကိုယ္တစ္ခုလံုး ေတာင့္တင္းသြားၿပီး မ်က္လံုးစံုမိွတ္ကာ ေအာ္လိုက္ေတာ့သည္။
အား!!!!
Shin က မ်က္လံုးတို႔အား အုပ္လ်က္ အသားကုန္ေအာ္ေနသၫ့္ ေကာင္ေလးအား ၾကၫ့္ရင္း ႏူတ္ခမ္းတစ္ခ်က္တြန႔္လိုက္ကာ သစ္တံုးတစ္ခုတြင္ ထိုင္ေနသၫ့္ Regis အား လည္ျပန္ၾကၫ့္လိုက္သည္ ။ မိုးျပာေရာင္ဆံပင္မ်ားရိွသၫ့္ Regis သည္ ယခုအခါတြင္ အနက္ေရာင္ဆံပင္မ်ား ေျပာင္းလဲထားခဲ့ၿပီး ေခ်ာေမာသၫ့္မ်က္ႏွာက အနည္းငယ္ေျပာင္းလဲေနကာ ရုပ္ရင့္ေနသၫ့္ ပံုေပၚေနသည္ ။ အလြန္ရင္းႏွီးသၫ့္ သူမဟုတ္လ်ွင္ Regis အား မွတ္မိဖို႔ ခက္ခဲလွ၏ ။ တစ္ခါသာ ျမင္ဖူးသၫ့္ Andoshi သည္ Regis အား လံုးဝမွတ္မိေနခဲ့ျခင္း မရိွေခ် ။
" ကြၽန္ေတာ့္ကို အစ္ကိုတို႔ ကယ္ေပးထားတာလား .. ေက်းဇူးပါ .. ေက်းဇူးပါ " Andoshi က Shin ၏ သူ႔အား ဝံပုေလြမ်ားလက္မွ ကယ္တင္ထားခဲ့သည္ဆိုသၫ့္အေၾကာင္းအား အျပၫ့္အဝရံုခဲ့ၿပီး ေက်းဇူးတင္စကားေျပာလိုက္ေသာ္လည္း အသိစိတ္တို႔က ပ်ံ့လြင့္ေနဆဲ ။ သူက Regis အား ၾကၫ့္လိုက္ကာ " ဟို.. ဟိုဟာ ကြၽန္ေတာ့္ကို ကယ္တုန္းက ေနာက္ထပ္တစ္ေယာက္မ်ား မရိွဘူးလား .. "
" မ်က္ဆံေတြက အနီနဲ႔ေလ ၿပီးေတာ့ လက္တစ္ဖက္မွာ ပတ္တီးအျပၫ့္စီးထားတဲ့လူ.."
" ေဟ့ .. ငါတို႔က နင့္ကိုကယ္လိုက္တာကိုက လြန္လွၿပီ .. အခု အျပစ္တင္ခ်င္လို႔လား " Shin က သူမရဲ့ လက္မ်ားကို ခါးေသးေသးေပၚတြင္ ေထာက္ထားလိုက္ၿပီး ေငါက္လိုက္သည္ ။ သူမရဲ့ မ်က္ႏွာေလးက အေအးဒဏ္ေၾကာင့္နီရဲေနကာ အျဖဴေရာင္ႏွင္းေတြၾကားထဲက ႏွင္းဆီးတစ္ပြင့္ႏွယ္ လွပခ်စ္စရာေကာင္းေနသည္ ။ သို႔ေသာ္ သူမသည္ စြမ္းအင္ရိွသူျဖစ္ကာ အနည္းငယ္သာ ထုတ္လြတ္လိုက္ေသာ္လည္း သာမန္လူျဖစ္သၫ့္ Andoshi မွာ အေၾကာက္တရားတို႔ ႀကီးစိုးလာရသည္ ။
" မ.. မဟုတ္ပါဘူး .. တကယ္ေက်းဇူးတင္ပါတယ္ .. ကြၽန္ေတာ့္ သူငယ္ခ်င္းကို စိတ္ပူလို႔ပါ .. အျပစ္ျပဳမိသြားရင္ ေတာင္းပန္ပါတယ္ .. ေတာင္းပန္ပါတယ္ " ေခါင္းငံု ့ရလြန္း၍ ပုခံုးထဲပင္ နစ္ဝင္ေတာ့မတက္ျဖစ္ေနသၫ့္ Andoshi ထံမွ Regis ကအၾကၫ့္လြဲလိုက္ၿပီး Shin အား တစ္ခ်က္ၾကၫ့္လိုက္သည္ ။ " ေတာ္ေလာက္ၿပီ .. ေသခ်ာအနားယူ ၿပီးရင္ ခရီးဆက္ရမယ္ .."
" ဒီက .. အစ္ကိုတို႔ရဲ့ ေက်းဇူးကို မေမ့ပါဘူး .. အခြင့္ႀကံဳရင္ ျပန္ဆပ္ပါ့မယ္ .. ကြၽန္ေတာ့္သူငယ္ခ်င္းကို ရွာဖို႔လိုလို႔ ခြင့္ျပဳပါဦး .." Andoshi သည္ ေျခလွမ္းအနည္းငယ္သာ လွမ္းရေသးခ်ိန္တြင္ Regis က ေမာ့မၾကၫ့္ဘဲ ေျပာလိုက္သည္ ။
" မင္း သတိေမ့ေနတာ သံုးရက္ရိွၿပီ မင္းကို ကယ္ခဲ့တဲ့ေနရာက အခု စစ္ေျမျပင္ျဖစ္ေနေလာက္ၿပီ .. မင္းရဲ့ လက္ရိွအင္အားနဲ႔ အဲ့ေနရာကိုေတာင္ မေရာက္ႏိုင္မွာ စိုးရိမ္ရတယ္ .."
Andoshi က ရင္ထိတ္သြားကာ လက္ေခ်ာင္းမ်ားကို တင္းတင္းဆုပ္မိလိုက္သည္ ။
' အဆင္ေျပေနမွာပါ .. အဆင္ေျပေနမွာပါ .. ငါ့လို အသံုးမက်တဲ့သူေတာင္ လြတ္လာေသးတာ .. Shun ဆိုရင္ ျခစ္ရာေတာင္ ရိွမွာမဟုတ္ဘူး .. အဆင္ေျပမွာပါ '
ထိုအခိုက္အတန႔္တြင္ Andoshi သည္ ခြန႔္အားမရိွပါက အသံုးမဝင္သၫ့္ စကားမ်ားျဖင့္သာ ကိုယ့္စိတ္ကို သက္သာေအာင္ လုပ္ႏိုင္ေၾကာင္း သိလိုက္ရသည္ ။
_________
Moti ေလး ေပးၾကပါဦး .. 😊
အခုမွ ျပန္ေရးတာကို ပ်င္းေနျပန္ၿပီ 🙂
#ပ်င္းေပမဲ့ သာသာေသာက္ေခ်ာႀကီးပါ😗
( 24 နာရီလံုး လိုင္းရတဲ့ ခမ်ားေလးတို႔ကို မနာလိုျဖစ္တယ္ 🥺 )
____________
Unicode
" မင်းက တကယ်သေချင်နေတာဘဲ ! " အံကြိတ်ကာ ပြောလာသည့် ဒေါသတကြီးအသံနဲ့အတူ ပုံရိပ်တစ်ခုက နောက်သို့ ပြန်ကန်ထွက်သွားခဲ့၏ ။ Ruzel ၏ လှုပ်ရှားမှုစသည်နဲ့ ကျန်သည့်သူများလဲ စတင်ကာ တိုက်ခိုက်တော့သည် ။
Shun သည် တိုးဝင်လာသည့်တိုက်ခိုက်မှုများအား ရှောင်တိမ်းနေသော်လည်း အကုန်လုံးကို မရှောင်တိမ်းနိုင်သဖြင့် တချို့တိုက်ခိုက်မှုများက သူ့ကို ဒဏ်ရာရသွားစေခဲ့သည် ။ သူသည် စွမ်းအင်နိုးထကာစလူသစ်များထဲမှ တစ်ယောက်သာသာဖြစ်ကာ မှော်စကားလုံးများကိုလည်း သေချာမလေ့လာရသေးပေ။ Loryard မိသားစုလို ပထမတန်းစားမိသားစုရဲ့ ကျွမ်းကျင်သူများနဲ့ ရင်ဆိုင်ရချိန်တွင် သူသည်လည်း တတ်နိုင်သည့်အရာမရှိချေ ။ ထွက်ပြေးဖို့က ဖြစ်နိုင်သော်လည်း သူ့တွင် ထွက်သွားဖို့ အကြောင်းပြချက်မရှိချေ ။
သူလိုချင်သည့် အချက်အလက်များကို အသာထား သူ့အလှလေးရှိသည့် နေရာမဟုတ်ပါလား ။ ခက်ခက်ခဲခဲ ခိုးဝင်စရာမလိုစေရန် အဖမ်းခံလိုက်သည်က အကောင်းဆုံးပင် ။
နောက်ဆုံးတွင် သူက အခွင့်အရေးရပြီဟု မှတ်ယူလိုက်သော်လည်း လူအိုကြီးတစ်ယောက်က သူ့အစီအစဉ်အား ဖျက်လိုဖျက်စီး လာလုပ်နေသည်။ တိုက်ခိုက်မှုများအားလုံးရပ်တန့်လိုက်ကြပြီး Ruzel က လူအိုကြီးနဲ့ တစ်ခုခုဆွေးနွေးနေသည့်ဟန် ခပ်လှမ်းလှမ်းတွင်ရှိနေခဲ့၏ ။
" ဟေ့ကောင်.. အခုထွက်ပြေးရအောင် " Andoshi က ငြိမ်သက်နေသည့်အခြေအနေအား တစ်ချက်ကြည့်လိုက်ပြီး လူတိုင်း သူတို့အား အာရုံမရှိတော့သည်ကို တွေ့သည့်အချိန်တွင် Shun အနားသို့ ဖြည်းဖြည်းချင်းကပ်သွားကာ တီးတိုးပြောလိုက်၏ ။
Shun က ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။ " မြန်မြန်ထွက်ပြေးသင့်တယ် ... ငါ ထွက်ပြေးတဲ့နေရာမှာသုံးတဲ့ မှော်စာလုံးသိတယ် .. "
" ဒါဆို ဘာကိုစောင့်နေသေးတာလဲ .. မြန်မြန်သွားမယ်လေ " Andoshi သည် ပျော်ရွင်သွားကာ Shun ၏ လက်မောင်းအား အားရပါးရပုတ်လိုက်သည် ။ Shun က ထိုသည်ကို လစ်လျုရှုလိုက်ကာ စိုးရိမ်သည့်အမှုအရာလုပ်လျက် " မှော်စာလုံးက လူတစ်ယောက်ချင်းဆီဘဲ ပို့နိုင်တာ .. "
" မင်းအရင်သွားပြီး ငါ့ကိုဆင့်ခေါ်လိုက်လေ " Andoshi က မတုံ့မဆိုင်းဘဲ ပြောကြားလိုက်သည် ။ သူ့အတွေးနဲ့သူ အလွန်လက်တွေ့ကျသည်ဟု ခံစားရသည် ။ Shun က ဒီ သူငယ်ချင်းကောင်း ဇာတ်ရုပ်ကနေ လုံးဝကွဲမထွက်သည့် Andoshi ၏ ပုခုံးအား နှစ်ချက်အသာပုတ်လိုက်သည် ။
" မင်းရဲ့ ဒီစိတ်ဓာတ်ကို ေကာင်းေကာင်းထိန်းသိမ်းထားႏိုင်ပါေစ .."
Andoshi သည် Shun ၏ စကားကို နားလည်ဖို့ ကြိုးစားနေရုံရှိသေး သူ့ခြေထောက်အောက်တွင် အင်းကွက်သဏ္႑ာန် ပေါ်လာကာ အလင်းတစ်ချက်လက်သွားပြီး သူမတု့န်ပြန်နိုင်ခင်ပင် နေရာမှပျောက်ကွယ်သွားခဲ့သည် ။ အင်းကွက်နဲ့ အလင်းက လျပ်တဖြတ်ဖြစ်သွားသော်လည်း လူတိုင်း၏ အာရုံက သူ့ထံသို့ ကျရောက်လာခဲ့၏ ။ Ruzel သည်လည်း လူအိုကြီးနဲ့အတူ သူ့ရှေ့သို့ရောက်လာသည် ။
Ruzel ၏ အမှုအရာက သိသိသာသာပျက်ယွင်းနေပြီး မခံမရပ်နိုင်ဖြစ်နေပုံရသည် ။ လူအိုကြီးက Shun အား ကြည့်လာပြီး " ကောင်လေး .. ငါတို့ရဲ့ ရိုင်းပြတဲ့ အပြုအမှုအတွက် တောင်းပန်ပါတယ် .. "
လူအိုကြီးက တောင်းပန်စကားဆက်ပြောချင်နေဟန်ရသော်လည်း Shun က လက်ကာပြလိုက်ကာ " အပြင်မှာ တစ်ခုခုဖြစ်နေလို့လား .."
သူ့ရဲ့ တစ်ညတာလေ့လာမှုအရ ပထမတန်းစားမိသားစုမှ လူများအား စိတ်ဓာတ်ကျစေသည့် ကိစ္စများမှာ တော်ဝင်မိသားစုတွင်း ပဋီပက္ခများ ၊ တိုင်းပြည်အချင်းချင်းစစ်မက်ဖြစ်ပွားခြင်း ၊ ဆက်ခံသူသေဆုံးခြင်း တို့သာဖြစ်သည် ။ Loryard မိသားစု၏ ဆက်ခံသူဟု ယူဆရသည့် Ruzel က ဤနေရာတွင် အကောင်းတိုင်းရှိနေရာ ကျန်သည့်အကြောင်းပြချက်များကို တွေးရုံသာရှိသည် ။ သို့သော် တော်ဝင်မိသားစုကိစ္စက သူဝင်စွက်ဖက်နိုင်သည့် အရာမဟုတ်သေးရာ ကျန်သည့် ကိစ္စကိုသာ မေးမြန်းရတော့သည် ။
လူအိုကြီးက သူ့မေးခွန်းအား ပြန်ဖြေကြားခြင်းမရှိဘဲ Shun အား " Loryard မြို့ကို လိုက်ခဲ့ပါ " ဟုသာ ပြန်ပြောခဲ့သည် ။
***
Andoshi သည် သူ့မူးနှောက်နေသည့် ခေါင်းကြောင့် အတန်ကြာသည်အထိ မထနိုင်သေးပေ ။ ထိုအချိန်တွင်သူက အသံတချို့အား ဝေဝါးဝါးကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဝိုင်းစက်သည့် မျက်ဝန်းလှလှလေးများဖြင့် ဆုံသွားခဲ့သည် ။ သူ့အကြည့်က အောက်သို့ တစ်ချက်ငိုက်သွားချိန် မို့မောက်သည့် တောင်ပို့နှစ်ခုနှယ်အရာအား တွေ့လိုက်ရသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး မျက်လုံးစုံမှိတ်ကာ အော်လိုက်တော့သည်။
အား!!!!
Shin က မျက်လုံးတို့အား အုပ်လျက် အသားကုန်အော်နေသည့် ကောင်လေးအား ကြည့်ရင်း နူတ်ခမ်းတစ်ချက်တွန့်လိုက်ကာ သစ်တုံးတစ်ခုတွင် ထိုင်နေသည့် Regis အား လည်ပြန်ကြည့်လိုက်သည် ။ မိုးပြာရောင်ဆံပင်များရှိသည့် Regis သည် ယခုအခါတွင် အနက်ရောင်ဆံပင်များ ပြောင်းလဲထားခဲ့ပြီး ချောမောသည့်မျက်နှာက အနည်းငယ်ပြောင်းလဲနေကာ ရုပ်ရင့်နေသည့် ပုံပေါ်နေသည် ။ အလွန်ရင်းနှီးသည့် သူမဟုတ်လျှင် Regis အား မှတ်မိဖို့ ခက်ခဲလှ၏ ။ တစ်ခါသာ မြင်ဖူးသည့် Andoshi သည် Regis အား လုံးဝမှတ်မိနေခဲ့ခြင်း မရှိချေ ။
" ကျွန်တော့်ကို အစ်ကိုတို့ ကယ်ပေးထားတာလား .. ကျေးဇူးပါ .. ကျေးဇူးပါ " Andoshi က Shin ၏ သူ့အား ဝံပုလွေများလက်မှ ကယ်တင်ထားခဲ့သည်ဆိုသည့်အကြောင်းအား အပြည့်အဝရုံခဲ့ပြီး ကျေးဇူးတင်စကားပြောလိုက်သော်လည်း အသိစိတ်တို့က ပျံ့လွင့်နေဆဲ ။ သူက Regis အား ကြည့်လိုက်ကာ " ဟို.. ဟိုဟာ ကျွန်တော့်ကို ကယ်တုန်းက နောက်ထပ်တစ်ယောက်များ မရှိဘူးလား .. "
" မျက်ဆံတွေက အနီနဲ့လေ ပြီးတော့ လက်တစ်ဖက်မှာ ပတ်တီးအပြည့်စီးထားတဲ့လူ.."
" ဟေ့ .. ငါတို့က နင့်ကိုကယ်လိုက်တာကိုက လွန်လှပြီ .. အခု အပြစ်တင်ချင်လို့လား " Shin က သူမရဲ့ လက်များကို ခါးသေးသေးပေါ်တွင် ထောက်ထားလိုက်ပြီး ငေါက်လိုက်သည် ။ သူမရဲ့ မျက်နှာလေးက အအေးဒဏ်ကြောင့်နီရဲနေကာ အဖြူရောင်နှင်းတွေကြားထဲက နှင်းဆီးတစ်ပွင့်နှယ် လှပချစ်စရာကောင်းနေသည် ။ သို့သော် သူမသည် စွမ်းအင်ရှိသူဖြစ်ကာ အနည်းငယ်သာ ထုတ်လွတ်လိုက်သော်လည်း သာမန်လူဖြစ်သည့် Andoshi မှာ အကြောက်တရားတို့ ကြီးစိုးလာရသည် ။
" မ.. မဟုတ်ပါဘူး .. တကယ်ကျေးဇူးတင်ပါတယ် .. ကျွန်တော့် သူငယ်ချင်းကို စိတ်ပူလို့ပါ .. အပြစ်ပြုမိသွားရင် တောင်းပန်ပါတယ် .. တောင်းပန်ပါတယ် " ခေါင်းငုံ ့ရလွန်း၍ ပုခုံးထဲပင် နစ်ဝင်တော့မတက်ဖြစ်နေသည့် Andoshi ထံမှ Regis ကအကြည့်လွဲလိုက်ပြီး Shin အား တစ်ချက်ကြည့်လိုက်သည် ။ " တော်လောက်ပြီ .. သေချာအနားယူ ပြီးရင် ခရီးဆက်ရမယ် .."
" ဒီက .. အစ်ကိုတို့ရဲ့ ကျေးဇူးကို မမေ့ပါဘူး .. အခွင့်ကြုံရင် ပြန်ဆပ်ပါ့မယ် .. ကျွန်တော့်သူငယ်ချင်းကို ရှာဖို့လိုလို့ ခွင့်ပြုပါဦး .." Andoshi သည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် Regis က မော့မကြည့်ဘဲ ပြောလိုက်သည် ။
" မင်း သတိမေ့နေတာ သုံးရက်ရှိပြီ မင်းကို ကယ်ခဲ့တဲ့နေရာက အခု စစ်မြေပြင်ဖြစ်နေလောက်ပြီ .. မင်းရဲ့ လက်ရှိအင်အားနဲ့ အဲ့နေရာကိုတောင် မရောက်နိုင်မှာ စိုးရိမ်ရတယ် .."
Andoshi က ရင်ထိတ်သွားကာ လက်ချောင်းများကို တင်းတင်းဆုပ်မိလိုက်သည် ။
' အဆင်ပြေနေမှာပါ .. အဆင်ပြေနေမှာပါ .. ငါ့လို အသုံးမကျတဲ့သူတောင် လွတ်လာသေးတာ .. Shun ဆိုရင် ခြစ်ရာတောင် ရှိမှာမဟုတ်ဘူး .. အဆင်ပြေမှာပါ '
ထိုအခိုက်အတန့်တွင် Andoshi သည် ခွန့်အားမရှိပါက အသုံးမဝင်သည့် စကားများဖြင့်သာ ကိုယ့်စိတ်ကို သက်သာအောင် လုပ်နိုင်ကြောင်း သိလိုက်ရသည် ။
_________
Moti လေး ပေးကြပါဦး .. 😊
အခုမှ ပြန်ရေးတာကို ပျင်းနေပြန်ပြီ 🙂
#ပျင်းပေမဲ့ သာသာသောက်ချောကြီးပါ😗
( 24 နာရီလုံး လိုင်းရတဲ့ ခများလေးတို့ကို မနာလိုဖြစ်တယ် 🥺 )
____________