"နန်းတော်ကိုဘယ်လိုနေရာလို့ သတ်မှတ်ထားကြတာလဲ မယ်မင်းတို့က"
"အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲဆိုတာ.."
"မင်းစပြောထဲက ဒီတံခါးဝပေါက်မှာ ကိုယ်တော်ရောက်နှင့်နေပြီးသား ကြင်ယာတော်ဗြောင်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုထိပါးလိုက်သလဲဆိုတာကို ကိုယ်တော်မသိဘူးများထင်နေသလား မိဖူရားငယ်။ ဒါမှမဟုတ် နန်းကျမိဖုရားလို့ပဲပြောင်းခေါ်ရမလား"
ခုနကမျက်လုံးတွေနဲ့မတူတော့ပဲ မိဖုရားငယ်ရဲ့မျက်ဝန်းအစုံက တုန်လှုပ်စွာဖြင့်။ တစ်ပြိုင်နက်ထဲ ဆိုသလိုမင်းကြီးရှေ့မှာ တုန်လှုပ်စွာဖြင့်ဒူးထောက်ချပစ်လိုက်သည်။
"စိုးရွံ့မိပါတယ်မင်းကြီး ကျွန်တော်မျိုးမရဲ့အိမ်က ကျွန်တော်မျိုးမကိုသတိပါလိမ့်မယ် အပြစ်ဒဏ်ကိုလျော့ပေါ့ပေးတော်မူပါ"
"ဒါမှမဟုတ် ကိုယ်တော်ကိုယ်တိုင် အဲ့လျှာကိုဖြတ်ပေးစေချင်နေတာလား"
မိဖုရားငယ်အသံမထွက်လာတော့ မင်းကြီးကရယ်သည်။
"ကြင်ယာတော်ဗြောင်ဆိုတာ ငါကိုယ်တော်အတွက်ဘယ်လိုလူမျိုးလဲဆိုတာ မသိလို့ထိပါးတာလား
ကြင်ယာတော်ကိုထိတဲ့လူက ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ငါကိုယ်တော်သတ်ပြစ်ဖို့ဝန်မလေးဘူးဆိုတာ မြဲမြဲမှတ်ထား"
ဒူးထောက်နေတဲ့မိဖုရားငယ်ကမျက်နှာမမော့လာတော့။ ကျန်တဲ့မိဖုရားတွေပါ ခေါင်းတွေငုံကာငြိမ်သက်လျက်
"မိဖုရားငယ်တင်မကဘူး ဒီအခန်းထဲမှာရှိတဲ့ကျန်တဲ့မိဖုရားတွေပါ အပြစ်ရှိတယ် အထူးသဖြင့်မိဖုရားခေါင်ကြီး ။ မင်းကထိန်းပေးရမဲ့အပြင်မသိချင်ယောင်ဆောင်နေသေးတာ"
"ကျွန်တော်မျိုးမ သေသင့်ပါတယ်"
မင်းကြီးဟိန်းဟောက်လိုက်တော့မှ သူမကမျက်လွှာကိုချကာခပ်တိုးတိုးဆိုလာသည်။
"အားလုံးမှတ်ထားရမှာက မိဖုရားဆိုတာနန်းတော်မှာ
မရှိမဖြစ်ထားသင့်တာမလို့ထားရတာ။ စည်းစိမ်ခံပြီးအေးဆေးနေကြစမ်းပါ။ ကိုယ်တော်အတွက်က မင်းတို့ကိုစိတ်မဝင်စားသလို လက်နဲ့တောင်မထိချင်တာမလို့ ။ကြင်ယာတော်ဗြောင်ကို ထိရင်ဘယ်လိုအပြစ်မျိုးခံရမလဲဆိူတာကို ပြပေးရမှာပေါ့။ မကြာခင် ဂျိုဆွန်းရဲ့ဒုတီယဘူရင်ဖြစ်လာမဲ့ ဗြောင်ဘတ်ဟျွန်းကိုဘယ်သူစော်ကားရဲကြသေးသလဲ"
အခန်းအတွင်း အပ်ကျသံပါကြားရတဲ့အထိ တိတ်ဆိတ်သွားလေသည်။ မင်းကြီးရဲ့ဒေါသက ကျားရဲတစ်ကောင်လိုပဲ ။လည်ပင်းကြောတွေထောင်လာတဲ့အထိ စကားကိုပြောနေပေမဲ့ မျက်လုံးတွေကတော့ သွေးအေးတဲ့လူသတိသမားလိုပဲ။ ဘတ်ဟျွန်းနဲ့ပတ်သတ်လာရင် လီယောလ်ကစပ်စပ်ထိမခံတတ်တဲ့ လူတစ်ယောက်..
"အပြင်ကရဲမက်တွေလာကြစမ်း!
ဒီမှာရှိနေတဲ့မိဖုရားအားလုံးကို နန်းမချခင် နန်းဆောင်အတွင်း တစ်ပတ်အကျယ်ချုပ်ချထားပါ။ မသေရုံတမယ်အစာကျွေးပြီး တစ်ပတ်ပြည့်ရင် အားလုံးကိုနှင်ချစေ။ မိဖုရားကြီးတစ်ယောက်ထဲ နန်းချတဲ့အပြစ်ဒဏ်က ကင်းလွတ်ခွင့်ရှိမယ်"
———————
ဘတ်ဟျွန်းမကျေနပ်နိုင်ပါ..လုံးဝကိုမကျေနပ်ပါ
ပိုက်ဆံတအားချမ်းသာတဲ့အသိုင်းအဝိုင်းကမဟုတ်ပေမဲ့ သူကိုတင်တင်စီးစီးပြောတဲ့လူတွေကိုတော့ငယ်ငယ်ကသင်ထားတဲ့ သိုင်းကွက်တွေနဲ့ကစ်ခဲ့တဲ့လူ။ ဘတ်ဟျွန်းက သူ့အပေါ် လုံးကြီးတင်မပြောနဲ့ သေးသေးတင်တောင်မခံနိုင်။ အခု လီယောလ်ကဘတ်ဟျွန်းကို မိဖုရားတွေရှေ့အော်လိုက်သည်။ မိဖူရားတွေကလဲ သူ့ကိုပေါင်းပြီးအရှက်ခွဲလိုက်သေးသည်
"မနေဘူးပြန်မယ် ငယိုးမဂျိုဆွန်း"
အားရပါးရဖိနပ်ကိုချွတ်ပြီးခပ်ဝေးဝေးလှမ်းပစ်လိုက်ရာ ဖြစ်ချင်တော့ဖိနပ်ကခပ်လှမ်းလှမ်းက မင်းကြီးအဆောင်တော်ပေါ် တင်သွားသည်။
"ဟာ ချီးပဲ"
စိတ်ရှုပ်နေရသည့်အထဲ စိတ်ပါတိုလာတာကြောင့်ကျန်တဲ့ဖိနပ်တစ်ဖက်ကိုလဲ ခပ်ဝေးဝေးကိုကန်ပစ်လိုက်သည်။
"ကြင်ယာတော်လေး နန်းတွင်းမှာအဲ့လိုမပြုမူသင့်ပါဘူး"
"မနေဘူး ငါပြန်မှာ မင်းတို့လဲအနောက်ကဆက်လိုက်လာရင်လည်ပင်းကိုဖြတ်မယ်"
ပွစိစိပြောနေတဲ့ အထိန်းတော်ကိုစိတ်တိုတိုနဲ့ပင် ဘတ်ဟျွန်းအော်ပစ်လိုက်သည်။ အဓိကက ပြန်ဖို့ဆိုရင် သူဝင်လာခဲ့တဲ့စာအုပ်ကအဓိကပဲဖြစ်သည်။ မင်းကြီးကဖွက်ထားတာဆိုတော့ စာအုပ်ကရှာဖို့တော့မလွယ်..
အခုဘတ်ဟျွန်းရဲ့ ပထမmissionက စာအုပ်ရှာရန်ဖြစ်သည်။ အရင်ဆုံးအဆောင်ကိုပြန်ကာ ဘတ်ဟျွန်းက အရာအားလုံးကိုပြင်ဆင်လိုက်သည်။ ကတ်ကြေးနဲ့ ဝတ်ရုံတော်ကိုရော ဘောင်းဘီကိုရောပါခပ်တိူတိုညှပ်ပစ်လိုက်သည် ဒါမှသာပေါ့ပေါ့ပါးပါးနဲ့ ခိူးရလွယ်မည်သာ။ နဖူးစည်းကိုတော့မဖယ်မိ အရောင်ထပ်မလင်းလာပေမဲ့ အမှတ်အသားရှိနေတဲ့အတွက် နဖူးစည်းကိုတော့ပတ်ထားလိုက်သည်။ ဓားတိုတစ်ချောင်း ကတ်ကြေးတစ်လက် ကြိူးစရှည်တစ်ချို့နဲ့ မျက်စိရှေ့မြင်ရာ အသုံးတည့်မယ်ထင်တဲ့ တိုတိုထွာထွာပစ္စည်းတွေကိုအိတ်နဲ့ထည့်လိုက်ပြီး စလွယ်သိုင်းလိုက်သည်။
"ငတတ်ပြားလေးဘတ်ဟျွန်းနီ ခိုးဖို့အသင့်ဖြစ်ပြီ"
အရင်ဆုံးစာအုပ်မခိုးခင် ခိုးရမှာကဘတ်ဟျွန်းဖိနပ်ပင်။ မင်းကြီးနန်းဆောင်ပေါ်တင်နေတဲ့သူ့ဖိနပ်က အခြားဖိနပ်နဲ့မတူ ။ဘတ်ဟျွန်းဖိနပ်က နန်းတော်ထဲမှာဘယ်သူမှမစီးနိုင်တဲ့ စျေးကြီးတဲ့အပြာရောင်နဲ့အနက်ရောထားတဲ့ဖိိနပ်လေး။ မင်းကြီးကိုယ်တိုင်ရွေးဝယ်ပေးထားတာဆိုတော့ သူ့ဖိနပ်ကိုမြင်တာနဲ့အတပ်သိမည်သာ။ ဖိနပ်မပါပဲလျှောက်သွားရင်လဲ ခဲစူးတာနဲ့အလုပ်တွင်မှာမဟုတ်။ အခန်းပြင်ကဖိနပ် အပိုကိုသွားယူရင်လဲ စကားအရှည်အရှည်ပြောနေရမှာစိုးတာကြောင့် မယူမိတော့ပေ။ လောလောဆယ်ဖိနပ်ခိုးဖို့သာ ဘတ်ဟျွန်းအာရုံထားလိုက်တော့သည်။
______
"အထိန်းတော်ကြီး"
"အမိန့်ရှိပါမင်းကြီး"
"ဒီနေ့ကြင်ယာတော်အဆောင်ကိုမကြွနိုင်လို့ ကြင်ယာတော်ကိုမင်းကြီးအဆောင်မှာ ထမင်းအတူလာစားဖို့ အကြောင်းကြားလိုက်ပါ"
အထိန်းတော်ကြီးထွက်သွားမှ ချန်းယောလ်က နဂါးဝတ်ရုံနီနီကိုချွတ်ပစ်ကာ ညအိပ်ဝတ်စုံကိုလဲလှယ်လိုက်၏။ အလုပ်တွေများတာရော ပြသနာတွေဖြေရှင်းရတာရောကြောင့် လီယောလ်ကသူ့အားဆေးလေးကိုတွေ့ချင်နေပြီဖြစ်သည်။ ဘတ်ဟျွန်းငိုသွားမှန်းသိပေမဲ့ သူလိုက်မချော့နိုင်။ ခန္ဓာကိုယ်ကဒီရက်ပိုင်းအတွင်းထင်သလောက်မကောင်းတော့။ ဒီအဆောင်ကိုရောက်လာမှပဲ အတိုးနဲ့ချော့တော့မယ်ဟုချန်းယောလ်တွေးထားလိုက်သည်။
"ကြင်ယာတော်လေးနဲ့မျက်နှာချင်းဆိုင်မတွေ့ခဲ့ရပါဘူး ။ ကြင်ယာတော်ကသူ့အထိန်းတော်တွေကိုမှာသွားပါတယ်။ မင်းကြီးအခေါ်တော်ရှိရင် မလာနိုငိဘူးဆိုတဲ့အကြောင်းပါ"
ထင်တဲ့အတိုင်း ကောက်ချိတ်တို့ကတော့ ကွေးနေအောင်ကောက်ပြန်ပြီထင်သည်။ ဒီလူကအမြဲတမ်းအလျော့ပေးနေကြဆိုတော့ ဘတ်ဟျွန်းကအနိုင်ယူဖို့ချည်းပဲတွေးနေတတ်တာ။ ဒီတစ်ခေါက်လဲ ချန်းယောလ်က မိဖုရားတွေရှေ့အော်မိသွားတော့ သူရှက်ပြီးဒေါသထွက်သွားမှာကျိန်းသေ။
"မီးအိမ်ယူခဲ့ ကြင်ယာတော့်အဆောင်ကိုသွားမယ်"
တစ်နေ့လုံးပင်ပန်းထားသမျှ ဒီမျက်နှာလေးမြင်မှပဲပျောက်မှာဆိုတော့ ချန်းယောလ်ကမမောနိုင်မပန်းနိုင် ကြင်ယာတော်လေးအဆောင်ကိုကြွရပြန်သည်။ချန်းယောလ်အဆောင်နဲ့ ကြင်ယာတော်အဆောင်နဲ့ သိပ်မဝေးတော့ အကြာကြီးလျှောက်စရာတော့မလို။
"ကျွန်တော်မျိုး လျှောက်တင်လိုက်ပါမယ်"
"နေနေ ကိုယ်တော့်ကိုကောက်နေတာ ကိုယ်တော်ပြောမယ်"
"ဗြောင် ကိုယ်တော်လာတယ် စိတ်ဆိုးနေမှန်းသိပေမဲ့ မျက်နှာလေးတော့တွေ့ခွင့်ပေးပါဦးလားကွာ
ကိုယ်တော်ချော့မှာမလို့ တံခါးလေးလာဖွင့်ပေးနော်
မင်းမျက်နှာမတွေ့ရရင် ကိုယ်တော်အိပ်ပျော်မှာမဟုတ်တော့ဘူး"
မင်းကြီးရဲ့စကားအဆုံးမှာ အထိန်းတော်တွေကပြုံးစိစိနဲ့ ခပ်ဝေးဝေးသို့ရှောင်ပေးကြသည်။ မင်းကြီးရဲ့အလွမ်းအဆွေးဇာတ်ကို သူတို့က ပါးစပ်ကြီးဖြဲကာ ဟားတိုက်ရယ်ချင်နေကြသည်မဟုတ်ပါလား..
မိနစ်အတော်ကြာတဲ့အထိ ဘာသံမှမကြားတာကြောင့်ချန်းယောလ် ဝင်သွားဖို့သာဆုံးဖြတ်ချက် ချလိုက်ရသည်။
"ဗြောင် ကိုယ်ဝင်လာပြီနော်"
အိပ်နေပုံရတဲ့ ဘတ်ဟျွန်းက ချန်းယောလ်ကိုကျောပေးရပ်သား။ ပခုံးလေးကနေကိုင်ပြီးဆွဲလှည့်မယ်လုပ်တော့ သူကိုင်မိတာ အိစိစိနဲ့ဖက်လုံးကြီး
"ဗြောင် ဗြောင်.. အထိန်းတော်တွေလာကြစမ်း ကြင်ယာတော်ဗြောင်ဘယ်ရောက်သွားတုန်း"
"ကြင်ယာတော်လေး အခန်းထဲကအခုထိအပြင်မထွက်လာတာ ညနေထဲကပါ"
"ဆင်ခြေတွေမလိုချင်ဘူး ကြင်ယာတော်ဗြောင်ကိုရှာကြစမ်း"
အော်ဟစ်ဆူညံသွားတဲ့အခန်းတွင်းမှာ အထိန်းတော်တွေအပါအဝင် ကိုယ်ရံတော်တပ်ဖွဲ့တွေရော အထူးဖွဲ့စည်းထားတဲ့ ရဲမက်တွေပါမနေရ။ မီးတုတ်တွေကိုင်ပြီး နန်းတော်တစ်ခုလုံးဆူညံသွားရသည်။
"ကိုယ်တော့်ကိုစိတ်ပင်ပန်းပြီး သေစေချင်နေတာလားဗြောင်ရယ်"
တင်းကြပ်လာတဲ့စိတ်နဲ့အတူ ခေါင်းကပါထိုးကိုက်လာတာကြောင့် ချန်းယောလ်ထိုက်ချပစ်လိုက်ရသည်။
"ကံကြမ္မာကတစ်ပတ်လည်တတ်တယ်ဆိုရင်တောင် ကိုယ်တော်ကတစ်ပတ်ပြန်လည်လာတဲ့ ကံကြမ္မာကိုဖျက်ဆီးပစ်မှာ။ ဘယ်ဘဝမှာပဲဖြစ်ဖြစ် ဗြောင်ဘတ်ဟျွန်းက လီယောလ်ဆိုတဲ့ချန်းယောလ်ရဲ့အပိုင်"
ရဲမတ်တွေဟောဟဲစိုက်လို့ နန်းတော်ကို၁၅ပတ်လောက် ပတ်ပြီးနေသော်လဲ အခုထိဘယ်သူမှ ကြင်ယာတော်ကိုရှာမတွေ့ကြသေး။ ကြင်ယာတော်ကိုများ ရှာလို့သာမတွေ့ခဲ့ရင် မင်းကြီးက နန်းတော်တစ်ခုလုံးကလူတွေအကုန် ဓားနဲ့ခုတ်မဲ့ပုံ
"အဲ့လောက်ကြာနေပြီရှာမတွေ့ကြသေးဘူးလား ဟမ်"
စားပွဲခုံကိုဒုန်းကနဲ ထုပြီးစာအုပ်တွေကိုပါ လွှင့်ပစ်တော့ ချန်းယောလ်ဘေးကကိုယ်ရံတော်တပ်မှူးပါ ချွေးတွေပြန်လာရပြီဖြစ်သည်။
ထိုစဉ် အစိမ်းရောငိဝတ်စုံနဲ့ကုန်းကုန်းက အခန်းထဲခလုတ်တိုက်မတိုကိ ပြေးဝင်လာလေသည်။
"ဟောဟဲ..ဟောဟဲ မင်း...မင်းကြီး ကြင်ယာတော်လေးကိုရှာတွေ့ပါပြီ"
"ဘယ်မှာလဲမြန်မြန်ပြောစမ်း"
"မင်းကြီးအိပ်ဆောင်မှာပါ ဒါပေမဲ့ကြင်ယာတော်လေးက ခေါင်းမိုးပေါ်က ကျွံကျလာတာပါ"