ချန်လီကောရဲ့ နှလုံးသားက တုန်လှုပ်နေခဲ့သည်။
သူက ဆေးသေတ္တာကို တုန်ယင်နေတဲ့ လက်တွေနဲ့ကောက်ယူလိုက်ရင်း systemကို ပြောလိုက်သည်။
"ဆေးကိုဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ သူငါ့ကိုပြောလည်းမပြောခဲ့ဘူး"
system-"........."
"အဲဒါအရေးကြီးကိစ္စပဲကို ငါဘာလို့ စိတ်တွေပြန့်လွင့်နေရတာလဲ"
"သူဒါကို တမင်တကာလုပ်တာတော့ မဟုတ်ဘူးမလား"
system-"မင်းတကယ်ပဲ ဆေးကို ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ မသိဘူးလား???"
ချန်လီကောက ဆေးသေတ္တာထဲက ရီဟွိုင်ပေးသွားတဲ့ ဆေးကို သေချာကြည့်နေသည်။ဆေးရဲ့ပုံစံက ဆေးတောင့်ပုံစံမျိုးဖြစ်ပြီး ကြည့်ရတာ ခန္ဓာကိုယ်အောက်ပိုင်းကို သွင်းရသည့်ဆေးနှင့်တူနေသည်။ သူက အဲဒါကို နေ့တစ်ဝက်လောက် လေ့လာပြီးမှ နောက်ဆုံးတော့ သူ့စအိုဝသို့ထည့်ရမည်ဟု သိလိုက်သည်။
system- "မင်းအခုသိသွားပြီလား????"
"မသိပါဘူး ဒါပေမဲ့ အဲလောက်အကြီးကြီးက
မြိုချလို့လည်း မရတဲ့အတွက် အောက်ပိုင်းကို
ထည့်တာပိုကောင်းမယ်ထင်လို့....."
ထိုသို့ပြောလိုက်ပြီးနောက် အရင်ဆရာဝန်ကမ္ဘာတုန်းက ထိုကဲ့သို့ ဂန္ဓမာပေါက်ဝသို့ ထည့်ရမည့်ဆေးအား မှားသောက်မိသောသူ့လူနာကို သတိရသွားသည်။
ရီဟွိုင်က သူပေးခဲ့တဲ့ဆေးကို သူ့သခင်အသုံးပြုနေပုံကို မော်နီတာပေါ်က စောင့်ကြည့်နေခဲ့သည်။
သူက ချန်လီကောရဲ့အပြစ်ကင်းစင်မှုကို
တွေ့ရတွေ့ သူ့ရဲ့မျက်လုံးထဲမှာ အရောင်တွေနဲ့
လင်းလက်နေခဲ့သည်။ သူ့နှလုံးသားထဲက
မီးတောက်ငယ်ဟာ တဖြည်းဖြည်း သူ့စိတ်ကိုပါ
လောင်ကျွမ်းလာပြီး ပေါက်ကွဲလုမတတ် ခံစားနေရသည်။ သူက ချက်ချင်း အခန်းထဲကို ပြန်ဝင်ပြီး
သူ့သခင်ကို နောက်တစ်ကြိမ် သိမ်းပိုက်ချင်မိနေသည်။
ရှန်းယွီချန်က သူ့နှလုံးသားထဲမှာ နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ တစ်နေ့မှာ သူက သူ့ရဲ့
နတ်ဘုရားကို သော့ခတ်ပြီး သိမ်းထားချင်မိခဲ့သည်။ ဒီလိုမလျော်ကန်တဲ့ဖိအားတွေက သူ့ဝိဉာဉ်ကို ပိုပြီး မငြိမ်းချမ်းစေခဲ့ပေ။
[T/N ဘာရယ်မဟုတ် ဟွားချန်ကို သတိရလာတယ်]
သူက မော်နီတာပေါ်က ချန်လီကောကို ထိကြည့်လိုက်ရင်း စိတ်ခံစားချက် ပြင်းထန်စွာ ညည်းညူလိုက်သည်။
"သခင်"
ချန်လီကောက ဆေးကို သူ့အထဲသို့ ထည့်ပြီးတာနဲ့ ငါးဆားနူတစ်ကောင်လို အိပ်ရာထဲ ပြန်လှဲနေလိုက်သည်။
[T/N ရှေ့အပိုင်းမှာ ငါးဆားနယ်လို့ ရေးမိတယ်ထင်တယ် တကယ်က ငါးဆားနူပါ ဟီးဟီး]
systemက မကြာသေးခင်က သူ့ရဲ့ကြက်တစ်ကောင်လို တိတ်ဆိတ်မှုကို ပြန်ရုတ်သိမ်းခဲ့ပေမဲ့အခုတော့ ချန်လီကော ကာမဂုဏ်ခံစားမှုကိုပြုကျင့်နေသ၍ သူထပ်ပြီး ကြက်တစ်ကောင်လို တိတ်ဆိတ်နေရဦးမည်ပင်။ ဒီကမ္ဘာရဲ့ အရင်နှစ်တွေတုန်းက သူ့ကိုသူ ပေါ့ပါးဖြတ်လတ်နေသည့်
လူငယ်လေးတစ်ယောက်လို ထင်မှတ်ခဲ့ပေမဲ့ အခုတော့ ဖြတ်သန်းလာတဲ့ နှစ်တွေက ချန်လီကောရဲ့
ထိန်းမနိုင်သိမ်းမရမှုတွေကြောင့် အကျိုးမရှိတော့ပါဘူးလေ........
systemရဲ့နှလုံးသားဟာ ပျော်ရွှင်မှုဆိုတာ မရှိတော့ဘဲ သေဆုံးသွားခဲ့ရပြီ။
ရီဟွိုင်က ချန်လီကော သူ့ကို စိတ်ဆိုးနေမှန်းသိလို့ သူ့ကို လွှတ်ထားပေးခဲ့သည်။
အစားအသောက်တွေ အားလုံးကို အခန်းထဲသို့
အစေခံတွေကပဲ ပို့ပေးရသည်။ ချန်လီကောက သူ့ကိုအပြစ်လည်းမတင်သလို တစ်ခုမှလည်း
မစားခဲ့ဘူး။
ချန်လီကောက ရီဟွိုင်ဆိုတဲ့ခွေးဆိုးလေး သူ့ကိုရက်အနည်းငယ်လောက် လာမတွေ့ရဲလောက်ဘူးထင်ပေမဲ့ အဲဒီနေ့ညနေ့မှာ ရီဟွိုင်က အရေထူစွာ
သူ့ဆီရောက်လာခဲ့သည်။
ချန်လီကော အိပ်နေတာကို အခွင့်ကောင်းယူလျက် ရီဟွိုင်က ကုတင်ပေါ်သို့ တက်လာခဲ့သည်။ ချန်လီကော နိုးလာတော့ သူ့ကို ကုတင်ပေါ်က ကန်ချချင်ခဲ့သည်။ သို့သော် ရီဟွိုင်က သူ့ကို သူ့ရင်ခွင်ထဲမှာ ထည့်ထားပြီး သူ့ရဲ့လည်ပင်းမှာ သူ့(ရီဟွိုင်)ခေါင်း ကို မြှုပ်နှံလျက် တိုးတိုးလေး ရေရွတ်လာသည်။
"သခင်က သိပ်ကိုအေးတာပဲ"
တကယ်တော့ ချန်လီကောက ကုတင်ပေါ်မှာ အကြာကြီးအိပ်စက်နေခဲ့တာဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်နေခဲ့တာဖြစ်သည်။
ရီဟွိုင်က လူငယ်လေးတစ်ယောက်ပေမယ့်
ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံက ကြီးမားလွန်းသည်။ ချန်လီကော ဝန်မခံချင်ပေမဲ့
ဒီလိုမျိုး ရီဟွိုင်က သူ့ရဲ့နောက်ကနေ သိုင်းဖက်ထားတာကို သူတကယ်သဘောကျသည်။
"သခင် စိတ်ချလက်ချ အိပ်ပါ၊ ကျွန်တော် ဒီနေ့သခင့်ကို မထိပါဘူး"
ချန်လီကောက သွားကိုကြိတ်လျက် ပြောလာသည်။
"လူယုတ်မာကောင်"
"သခင်........."
ရီဟွိုင်က သူ့အသံကို နှိမ့်လျက် နူးညံ့စွာပြောလာသည်။ ဒီလိုအသံမျိုးကို ချန်လီကော တစ်ခါမှ မကြားခဲ့ဖူးတာကြောင့် တစ်ခါကြားလိုက်တာနဲ့
သူ့နှလုံးသား အရည်ပျော်ခဲ့ရသည်။ သို့သော်လည်း ချန်လီကောက အရည်ပျော်နေသလောက် ရှန်းယွီချန် သာဆို အေးစက်နေမည်သာ......
သူက အေးစက်စွာ ပြောလာသည်။
"ညကြရင် ငါမင်းကို သတ်လိုက်မှာ မင်းမကြောက်ဘူးလား?????"
"သခင်က အရမ်းပင်ပန်းနေတာကို အခုကောင်းကောင်းအိပ်ရအောင်နော်"
ချန်လီကောက တစ်ခုခုထပ်ပြောချင်ပေမဲ့
ရီဟွိုင်စကားကို ကြားတော့ သူနှစ်ရှိုက်စွာ
အိပ်ပျော်သွားခဲ့သည်။
အဲဒီနေ့ညက အိပ်မက်တစ်စက်လေးတောင်
မမက်ခဲ့ဘူး။
နောက်တစ်ရက် ချန်လီကော နိုးလာတော့ ရီဟွိုင်က အိပ်ပျော်နေတုန်းပင်.....
ချန်လီကောက တစ်ညလုံး သူ့လက်မောင်းပေါ်မှာ
ခေါင်းအုံးအိပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်
သူ့လက်မောင်းတွေကျဉ်နေလောက်ပြီလေ....
ချန်လီကောက အိပ်ရာပေါ်မှာ ထိုင်လိုက်ရင်း
"ငါဘယ်သူလဲ????ဘယ်ကလဲ???ဘာလို့ငါက ဒီကုတင်ပေါ်လဲနေရတာလဲ????"
စသဖြင့် ဇဝေဇဝါဖြစ်နေခဲ့သည်။
ရီဟွိုင်လည်း နိုးလာပြီး ချန်လီကောနားကို တိုးကပ်သွားကာ သူ့နဖူးကို နမ်းလိုက်သည်။
"သခင်နည်းနည်းလောက် ထပ်အိပ်ပါ့လား"
အဲဒီတော့မှပဲ ချန်လီကောက သတိပြန်ကပ်လာပြီး ဘာတစ်ခွန်းမှ မဖြေဘဲ အိပ်ရာကနေ ထလိုက်သည်။
ရီဟွိုင်က အိပ်ရာပေါ်မှာပဲ လှဲနေခဲ့ပြီး ချန်လီကော အဝတ်အစားလဲတာကို ထိုင်ကြည့်နေခဲ့သည်။
သူ့ရဲ့နေမကောင်းတာ ပြီးတဲ့နောက် ချန်လီကောဟာ အားကစားမလုပ်ဖြစ်တော့ပေမဲ့ ပိန်နေဆဲပင်။ သူ့ကြွက်သားတွေက ရီဟွိုင်လောက်မမာတော့ပေမဲ့ ခွန်အားရှိနေဆဲပင်။သို့ပေမဲ့ ဓားမကိုင်ရတော့သောကြောင့် သူ့အသားအရေတွေက နူးညံ့လာပြီး အသားအရေစိုပြည်ကာ သူ့ပုံစံက
မဂ္ဂဇင်းထဲက မော်ဒယ်တွေလို ဖြစ်နေခဲ့သည်။
ရီဟွိုင်ကတော့ သူ့ရဲ့ပြောင်းလဲမှုကို သဘောအကျကြီးကျနေခဲ့သည်။
ရီဟွိုင်သူ့ကို ဆင်တဲ့ အဝတ်အစားတိုင်းဟာ အင်္ကျီအမဲရောင်နှင့်ကာကီရောင် ဘောင်းဘီတွေပင်ဖြစ်သည်။သေချာတာပေါ့ သူဝတ်သမျှ အင်္ကျီတိုင်းဟာလည်း ရီဟွိုင်နှင့် ဆင်တူတွေသာ.....
ချန်လီကောက သူ့ကိုလေလို သဘောထားလိုက်ပြီး တံခါးကိုဆွဲဖွင့်ကာ ထွက်သွားလေသည်။
သူထွက်သွားတော့ ရီဟွိုင်က သက်ပြင်းချကာ
ရေရွတ်လာသည်။
"သခင်က အရင်က ဒီအရောင်တွေဝတ်ရတာ
ကြိုက်ပါတယ်....အခုဘာလို့မကြိုက်တော့ရတာလဲ????"
အစေခံအားလုံးဟာ မနေ့ညနေကပဲ ပျောက်သွားပြီး ဗီလာကြီးတစ်ခုလုံးမှာ ချန်လီကောနှင့်ရီဟွိုင်သာ ကျန်နေခဲ့သည်။
ချန်လီကောက အောက်ထပ်ကို ဆင်းလာရင်း
သူ့အစာအိမ်ကိုဖြည့်ဖို့တစ်ခုခုရှာနေခဲ့သည်။
အဲဒီအခါမှ ရီဟွိုင်က ချက်ချင်း လိုက်လာသည်။
"ငါအပြင်ထွက်ချင်တယ်"
သူကအခု ရီဟွိုင်ရဲ့ အကျဉ်းသညးဖြစ်နေရင်တောင် သူ့ရဲ့အသံက ပျော့ညံ့မနေပေ။
ရီဟွိုင်က နွေးထွေးစွာ ပြုံးလိုက်ရင်း ပြောလာသည်။
"သခင်ဘယ်သွားချင်လဲ????ကျွန်တော်စီစဉ်ပေးမယ်လေ"
"Cကုမ္ပဏီကို အရင်သွားကြည့်ရအောင်"
Cကုမ္ပဏီဆိုတာက သူ့ရဲ့တရားမဝင်ကုမ္ပဏီတွေထဲက အရေးကြီးဆုံး တစ်ခုဖြစ်သည်။
သို့သော်လည်း မထင်မှတ်ထားစွာ ရီဟွိုင်က ပြောလာသည်။
"သခင် Cကုမ္ပဏီက ပြိုလဲသွားပြီ"
"ဟမ်????"
ချန်လီကောက ဆွံ့အသွားသည်။
"သခင် အခုဆို ကျွန်တော်တို့ရဲ့လုပ်ငန်းအားလုံးက တရားဝင်နေပြီ"
ဆိုလိုတာက ရှန်းမိသားစုရဲ့ လုပ်ငန်းတွေအားလုံးက အလင်းထဲသို့ရောက်ရှိပြီး လူလေးစားစရာ
လုပ်ငန်းတွေ ဖြစ်လာပြီပင်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ???"
၂နှစ်အတောအတွင်းလေးမှာ ပြောင်းလဲနိုင်ခဲ့တာ
ရီဟွိုင်က တကယ့်ကို ဉာဏ်ကြီးရှင်ပင်။ရှန်းယွီချန်တောင် ၁၀နှစ်ကြာသည်အထိ ငွေကြေးခဝါမချနိုင်ပေ။ရီဟြိုင္က ညာတတ္တဲ့သူမဟုတ္တာ
ချန်လီကော သိသည့်အတွက် သူဖြေရှင်းပြီးပြီဆိုလျှင်ဖြေရှင်းခဲ့ပြီဖြစ်သည်။
"ကျွန်တော့်ကိုယ်ပိုင် နည်းလမ်းတွေနဲ့ပေါ့"
ရီဟွိုင်က ရယ်လျက် ဆက်ပြောလာသည်။
"ကျွန်တော်တို့ ဒီနေ့ ယိုလင်ကို သွားကြည့်ကြမလား????"
ယိုလင်လို့သာ ခေါ်လိုက်ပေမဲ့ ချန်လီကောရဲ့
နူးညံ့ပျော့ပျောင်းသွားတာကို တွေ့လိုက်ရတော့
သူ့နှလုံးသားထဲမှာ ချဉ်သွားသည်။
"သခင်က ယိုလင်တစ်ယောက်တည်းကိုပဲ
သဘောကျတာကိုး"
ချန်လီကောက ဒီစကားကို ကြားတော့
(အရူးကောင်လေး ငါမင်းကို အရမ်းသဘောကျတာကွ)
ဟု ပြောလိုက်ချင်ပေမဲ့ လက်တွေ့မှာတော့ နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
"မင်းလုပ်ရပ်တွေက မင်းကိုငါ ဆက်သဘောကျနေဖို့ လိုသေးလို့လား???"
"ကျွန်တော် ဂရုမစိုက်ဘူး၊ကျွန်တော့်ကို သခင်သဘောကျတာပဲ ကျွန်တော်လိုချင်တယ်"
ချန်လီကောက သွားတွေယားလာပြီး ရီဟွိုင်ကို တစ်ချက်လောက် ကိုက်ချင်လာမိသည်။
"ကျွန်တော်သခင့်ကို အကြာကြီးစောင့်ခဲ့တာ...ကျွန်တေယ့်လောက်ဘယ်သူကမှ စောင့်နိုင်မှာမဟုတ်ဘူး"
[T/N ဟွန်း တို့မြို့အရှင်ရှိပါသေးတယ်နော်😏]
ဒီလိုပြောလာတော့ ချန်လီကောက ရီဟွိုင်မျက်နှာပေါ်က ကလေးဆန်မှုလေးကို တွေ့သွားသည်။ သူအစက ထင်ခဲ့တာ ရီဟွိုင်က သူဘာပြောပြော တစ်ချက်မှ မခံစားတတ်ဘူးထင်ပေမဲ့
သူထုတ်မပြတာမှန်းသိလာသည်။
အခုဆို ဆောင်းရာသီအားလပ်ရက် ရောက်လာပြီး ရှန်းယိုလင်က ရီဟွိုင်နဲ့စကားများကာ အိမ်မှာ မနေပေ။
သို့သော်လည်း ရီဟွိုင်က ချန်လီကောကို ရှန်းယိုလင်ရဲ့ အိမ်သို့ခေါ်လာခဲ့သည်။ တံခါးခေါက်သံကြောင့် အပေါ်ပိုင်းဗလာဖြစ်နေသည့်အမျိုးသားက တံခါးလာဖွင့်တာကြောင့် ချန်လီကော ဒေါသတွေ ရေဆူမှတ်ရောက်သွားခဲ့သည်။
ထိုလူက ကြည့်ကောင်းပြီး ရီဟွိုင်ကို မှတ်မိနေခဲ့ကာ ပြောလာသည်။
"ကိစ္စရှိလို့လား????ယိုလင်က အိပ်ပျော်နေလို့"
ချန်လီကောက ထိုလူ့ကို လျစ်လျူရှုလျက် အေးစက်နေသည့် မျက်နှာထားနှင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။
ရှန်းယိုလင်ရဲ့နေထိုင်မှုဘဝက အဆင့်မြင့်နေခဲ့သည်။ကြည့်ရတာ ရီဟွိုင်က သူမကို လက်လွှတ်ပေးထားခဲ့သလိုပင်။
ချန်လီကောက ရှေ့ကလျှောက်သွားပြီး ရီဟွိုင်က သူ့နောက်က ရောက်လာသည်။ သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပြပေမဲ့ တစ်ဖက်လူကို သတ်ချင်သည့်အငွေ့အသက်တွေတော့ ထုတ်လွှင့်နေခဲ့သည်။
Note-မီဖျားနေလို့ပါ third waveတုန်းကလည်း
covid positive ဖြစ်ခဲ့လို့ အရမ်းကြောက်နေမိလို့ပါ Updateမမှန်ရင် မီယားနဲရော်🙏