Ep-34
နောက်တစ်နေ့နံနက် ဒေါ်ဖူးခတ္တာချိုနှင့်မင်းခတ္တာတို့ သားအမိနှစ်ယောက် Coffeeဆိုင်ရှိရာသို့ သွားရန် ပြင်ဆင်ကြလေသည်....
ထို့နောက် ဒေါ်ဖူးခတ္တာချိုတစ်ယောက် ဘုရားစင်ရှေ့ဝယ် ဝတ်ပြုလျက် ဘုရားစာများရွတ်ဖတ်ပူဇော်နေသည်ကို မင်းခတ္တာတစ်ယောက် ေငးကြည့်မိနေသည်....
မေမေ့အသက်က ၄၃နှစ်ထဲတွင်ရှိနေသော်လည်း အသက်အရွယ်နှင့်မလိုက်အောင် နုဖတ်လွန်းလှပြီး ကြည့်ကောင်းနေလေသည်......ေဖဖေဆုံးသွားသည်မှာကြာပြီဖြစ်သော်လည်း နောက်အိမ်ထောင်မပြုပဲနေကာ သူနှင့် မြူနှိုင်းဆက်တို့အား သူများသားသမီးများကဲ့သို့ရင်ဘောင်ထားနိုင်လေသည်...
သာမာန်မိဘများ သဘောတူရန်အလွန်ပင်ခက်ခဲသော သူနှင့်မြူနှိုင်းဆက်တို့၏ချစ်ခြင်းတရားကိုလည်း နားလည်ပေးသည့်အတွက် ဤအမေမျိုးရသည်မှာ မင်းခတ္တာတစ်ယောက် ကံကောင်းသည်ဟု တွေးမိနေတော့သည်...
"သားကြီးဘာတွေတွေးပြီး ပြုံးနေတာလဲ"
မေမေ့အသံကြားမှ မင်းခတ္တာ၏အတွေးများပြတ်တောက်ကာ မူရင်းခန္ဓာကိုယ်ရှိရာသို့ ပြန်ရောက်လာလေတော့သည်....
"မေမေ့အကြောင်းတွေးပြီး ပြုံးနေတာပါမေမေရ"
"ဟုတ်လား မေမေ့အကြောင်းဘာတွေများတွေးနေတာတုန်းသားရဲ့"
"မေမေက အသက်သာကြီးတယ် ခုထိလှပတုန်းဆိုတာရယ်....မေမေ့ရဲ့တစ်ဦးတည်းသောသားလေးအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်တာရယ်ကို တွေးပြီး လေးစားမိနေတာပါ"
"ဪ သားရဲ့အနာဂါတ်ကို သားကိုတိုင်ရွေးချယ်ရမှာလေ...မေမေကဝင်ရွေးချယ်ပေးလိုက်ရင် သားဘဝအတွက် မမျှတသလိုဖြစ်သွားမှာပေါ့....လူရယ်လို့ဖြစ်လာရင်လေ ကိုယ်ပိုင်ရွေးချယ်မှုဆိုတာရှိရတယ် သားရဲ့....
ဒါပေမယ့်အဲ့လိုဆုံးဖြတ်ပြီးရင်လည်း သားနောင်တရနေဖို့မလိုဘူး အရှိကိုအရှိတိုင်းလက်ခံနိုင်ပြီး ရှေ့ဆက်ပြီးဘာလုပ်ရမယ်ဆိုတာကို စိတ်အေးအေးထားပြီး စဥ်းစားတတ်ဖို့ပဲ လိုတာ"
"ဟုတ်မေမေ..."
"နောက်တစ်ခုရှိသေးတယ်....သားတို့ကို လူတွေဘယ်လောက်ပဲဝေဖန်နေပါစေဦး....သားတို့ရဲ့အနာဂါတ်က သူတို့ပြောတာထက်သာလွန်တယ်....မေမေခံယူထားတဲ့ချစ်ခြင်းမေတ္တာကလေ.....အမှန်တရားပဲသား"
"ဘာကြီး....အချစ်ကအမှန်တရားဟုတ်လားမေမေ"
"အင်း ထူးဆန်းနေတယ်မလား...မေမေက မေမေ့ခံယူချက်နဲ့မေမေလေကွယ်.....အချစ်မှာမျက်စိမရှိဘူးဆိုတဲ့အဓိပ္ပါယ်ကို သားသိလား"
"လူတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိတာကို ဆိုလိုတာလားမေမေ...ဘာပကာသနကိုမှ မကြည့်တာမျိုးကိုလား"
"သားပြောတာမှန်ပေမယ့် မပြည့်စုံသေးဘူးကွယ်..မေမေပြောပြမယ်...တကယ်တမ်းအချစ်မှာမျက်စိမရှိဘူးဆိုတဲ့စကားအဓိပ္ပါယ်လေးကလေ အရမ်းရိုးရှင်းတယ်..."မင်းသာတစ်စုံတစ်ယောက်ကိုချစ်မိသွားခဲ့မယ်ဆိုရင် သူ့ရဲ့အခြားသောအရာတွေကို မမြင်မိတော့ပဲ မင်းချစ်တဲ့သူက သူကိုယ်တိုင်ဖြစ်နေလို့ပါပဲတဲ့" ပြောချင်တာကကွယ် သားက လူတစ်ယောက်ကို ချစ်မိတယ်မလား.....ကောင်လေး/ကောင်မလေးဆိုတာထက် သားချစ်တဲ့သူက သူဖြစ်နေပြီးသူက ဘာလိင်အမျိုးအစားပဲဖြစ်နေပါစေ လက်ခံပေးတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ...."
"ဪ အဲ့အဓိပ္ပါယ်လား..."
"ဟုတ်ချင်မှလည်းဟုတ်မှာပေါ့...မေမေ့အတွေးအခေါ်နဲ့အခြားသူတစ်ယောက်ရဲ့ အတွေးအခေါ်တူတာမှမဟုတ်.....ဒါပေမယ့်ကောင်လေးနဲ့ကောင်မလေး ချစ်မှ ဒါဟာအချစ်စစ်ဆိုတာမျိုးကျ မေမေလက္မခံဘူးရယ်....လောကမှာ အဲ့လိုပြောပြီးယူကြ ပြတ်ကြနဲ့ အများကြီးပဲရယ် မေမေကသားကိုအဲ့လိုမျိုးမဖြစ်စေချင်တာ"
"ဟုတ်မေမေ သားမဖြစ်အောင်ကြိုးစားပါ့မယ်...ဒီနေ့မေမေစကားအများကြီးပြောသလို ပိုလည်းလှလာတယ်သိလား"
"အံမယ် သားအမိအချင်းအချင်းမြှောက်ပြောနေပြန်ပါပြီ ဘာစားမလဲပြော အိမ်မှာတော့ဘာမှမဟုတ်ဘူး ဆိုင်သွားရင်းနဲ့ လမ်းက ဆိုင်တစ်ခုခုမှာဝင်စားမယ်လေ"
"ဟုတ်မေမေ"
မင်းခတ္တာတို့သားအမိနှစ်ဦး နေအိမ်မှ ကားဖြင့် Coffeeဆိုင်သို့ ထွက်လာခဲ့ကြတော့လေသည်...လမ်းမထက်ပေါ်၌ကားအား စည်းကမ်းနှင့်အညီသာမောင်းနှင်တတ်သော ကားဆရာဦးလေးကြီးကြောင့် ပုံမှန်ထိုင်ရင်းပင် သတင်းစာစောင်ဖတ်လို့ရနေသည်....
မင်းခတ္တာကတော့ မြူနှိုင်းဆက်၏Igတွင်တင်ထားသမျှ postတိုင်းကို reactထိုင်ပေးနေတော့သည်...သတင်းစာဖတ်ကာ သားဖြစ်သူဘက်သို့ လှည့်ကာ စကားပင်ပြောမိလိုက်သေးသည်....
"သားကြီး..သားငယ်ပြန်လာရင် မေမေသားတို့အတွက် စေ့စပ်ပွဲလုပ်ပေးမယ်နော်...
မဂင်္ လါဆောင်ကိုတော့ သားတို့ကျောင်းပြီးမှ လုပ်ပေးမယ် ဟုတ်ပြီလား"
"ဟုတ်မေမေ....."
"မေမေတစ်ခုလောက်တောင်းဆိုမလို့ "
"ဟုတ်ပြောလေမေမေ ဘာများတောင်းဆိုဖို့လဲ"
"သားကြီးနဲ့သားငယ်တို့ရဲ့ရင်သွေးလေးတော့မေမေချီချင်တယ် သားဘာပြောမလဲဆိုတာမေမေသိတယ် ....ဒါပေမယ့်သားရယ် ဟိုးအရင်ခေတ်တွေကတောင် ယောကျ္ားလေး ကိုယ်ဝန်ဆောင်လို့ရတဲ့သူရှိတာပဲ...
အကယ်၍မရရင်လဲ အငှားကိုယ်ဝန်ဆောင်နဲ့မွေးကြပေါ့..."
"ဟုတ်ပါပြီမေမေရာဒီစကားတွေသာ မောင် ကြားရင်လေ ရှက်နေမှာဗျ သိလား"
"သားကြီးက သားငယ်ကို မောင်လို့ခေါ်တာလား"
"ဟုတ်မေမေ မောင်လို့ခေါ်တာ...သူကသားကို ကိုကိုတဲ့"
"အမလေး ဟုတ်နေလိုက်ကြတာ...ငါ့သားတွေက"စကားပင်မဆုံလိုက်....."ဒုန်း"ဟူသောမြည်သံအချို့နှင့်အတူ မင်းခတ္တာတို့ လိုက်ပါလာသော ကားလေး လေပေါ်လွင့်တက်သွားခဲ့လေသည်.....မင်းခတ္တာနားထဲတွင် ဆူညံမှုများစွာကြားရသော်လည်းတိတ်ဆိတ်စွာအိပ်စက်နေသော မေမေ့အားကြည့်ကာ နှုတ်မှ မေမေဟု၍သာ တိုးညင်းစွာ ရွတ်ဆိုလျက် သတိရတချက် မရတချက် ဖြစ်နေခဲ့တော့သည်...
တစ်ဖက်တွင်လည်း လင်းရောင်ခြည်တစ်ယောက် စိတ်ထင့်နေခဲ့ရာ ထိုကား
တိုက္မိသည်ဟူသောသတင်းကြားကြားချင်းပင် အခင်းဖြစ်ပျက်ရာနေရာသို့ ရင်တမမဖြစ်ပြေးလာခဲ့လေသည်..
ကားတိုက္မှုဖြစ်သောနေရာနှင့်coffeeဆိုင်မှာ ၂လမ်းမျှသာ ခြားနေခြင်းကြောင့် အမြန်ရောက်လာနိုင်ခြင်းပင်....
လင်းရောင်ခြည် ပိန်လှီနေသော ကားအား ကြည့်ကာ ရှုံးပွဲချ ငိုတော့လေသည်.....ဘေးမှယာဥ်ထိမ်းရဲများက လာရောက္မေးမြန်းစစ်ဆေးမှသာဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောပြလျက် ဆေးရုံကြီးသို့ အမြန်ပင်ပြေးတော့လေသည်.....
သို့သော် အသက်နှစ်သက်ပင်ဖြစ်သော်လည်း....တစ်ယောက္မှာတော့ အချိန်နှောင်းသွားခဲ့လေသည်.....
"တီ....တီ...တီ.....တီ..."
ဖုန်းမြည်သံကြားရသဖြင့် မြူနှိုင်းဆက်တစ်ယောက် ရေချိုးခန်းမှ ထွက်ကာ ဖုန်းကိုင်လိုက်လေသည်...
"hello"
"မြူ....မြူနှိုင်းဆက်....ရှိလားဟင်.."
"ဟုတ် ခုပြောနေတာ မြူနှိုင်းဆက်ပါဘယ်သူလဲမသိဘူးဗျ"
"အမ လင်း..လင်းရောင်ခြည်ပါ"
"ဪ မမ ပြောလေ မြူ့ကိုသတိရလို့လား...မြူလည်းသတိရတယ်...မမအတွက် လက်ဆောင်တွေဝယ်ထားတယ် သိလား နောက်အပါတ်ထဲ ပြန်လာတော့မှာ...."
လင်းရောင်ခြည်တစ်ယောက် ရှိုက်ကြီးတငင်ငိုချပစ်လိုက်တော့သည်..လင်းရောင်ခြည်ငိုသံကြားလိုက်ရသဖြင့်မြူနှိုင်းဆက်တစ်ယောက် စိတ်တို့လေးလံသွားခဲ့ရလေသည်......
"မမ ဘာလို့ငိုနေတာလဲ...ဒါနဲ့လေ....မြူခုနက ကြီးမေအသံကြားလိုက်ရတယ် "သားငယ်လေး နေကောင်းအောင်နေနော်တဲ့".ကြီးမေနဲ့ကိုကိုက မမဆီရောက်နေတာလား..."
"မောင်လေး...ကြီးမေ အက်ဆီးဒင့်ကြောင့် ဆုံးသွားရှာပြီ"
"ဟာ မမကလည်း ဒါနောက်စရာမဟုတ်ဘူးနော်...မနောက်ပါနဲ့ ညကတောင်ဖုန်းတွေပြောဖြစ်ကြသေးတာကို...မြူ့ကိုစချင်ရင် အခြားအကြောင်းတွေနဲ့စ..ဒီလိုတော့မစပါနဲ့"
"မမ စနေတာမဟုတ်ဘူးလို့ တကယ် ကြီးမေ ဆုံးသွားပြီ...မင်းခတ္တာလည်း အရေးပေါ်အခန်းထဲမှာ"
"မဟုတ်ဘူး ဒါတွေမင်းလိမ်ပြောနေမလား...ဟုတ်တယ်လို့ပြောစမ်းပါ....ဒါတွေက အားလုံးလိမ်ထားတာလို့..."
မြူနှိုင်းဆက်အသံမာသွားခြင်းကြောင့် အခန်းပြင်မှ အန်တီဖြစ်သူနှင့် အိမ်သားများရောက်လာခဲ့ကြတော့သည်....
"သားမြူ ဘာဖြစ်တာလည်း တီလေးကိုပြောပြ"
မြူနှိုင်းဆက် တစ်ဖက္မှ ငိုသံကိုသာ ကြားရပြီး ပြန်လည်မဖြေကြားတော့သည့်အတွက် စိတ်လွတ်ကာ လက်ထဲရှိဟမ်းဖုန်းအား ပေါက်ခွဲပစ်လိုက်တော့သည်...
"ညာနေတာ ဒါအမှန်မဟုတ်ဘူး......လီးတဲ့မှငါ့ဘာလို့လာလိမ်နေရတာလဲ....တီလေးအမှန်မဟုတ်ဘူးလို့ပြောစမ်းပါဗျာ...."
နံရံများအား လက်သီးဖြင့်ထိုးကာ ရှိုက်ငင်စွာငိုတော့လေသည်.အန်တီဖြစ်သူက မေးသော်လည်းမနက်ဖြန်အတွက် လေယာဥ်
လက္မှတ်သာ ဖြတ်ပေးဖို့တောင်းဆိုမိနေတော့သည်...
နားထဲ၌ ကြီးမေ၏"သားငယ်လေး နေကောင်းအောင်နေနော်"ဟူသော စကားလုံးများသာဝေ့ဝဲလျက် ကြီးမေ၏ပုံရိပ်နှင့်အတူ ကို့ကိုပါမြင်ယောင်မိေနတော့သည်အူကြောင်ကြောင်ဖြစ်နေသောမြူနှိုင်းဆက်အား အန်တီဖြစ်သူက သူ၏ပါးအားရိုက်ပုတ်ကာ ဖြစ်ကြောင်းကုန်စဥ်ပြောပြရန် မေးလေတော့သည်....
"ကြီးမေနဲ့ကိုကိုတို့ စီးတဲ့ကားကို ကုန်ကားတစ်စီးက အရှိန်နဲ့ဝင်တိုက်သွားလို့တဲ့.....ကြီးမေခမျာ အဲ့နေရာတင်ဆုံးသွားရှာတယ်တဲ့...ကိုကိုကခုအရေးပေါ်ခန်းထဲမှာတဲ့..."
မြူနှိုင်းဆက်တစ်ယောက် ပြောလည်းပြော ရှိုက်ကြီးတငင်လည်း ငိုနေတော့သည်...
အန်တီဖြစ်သူမှ တရားသဘောဖြင့်နားလည်အောင်ရှင်းပြသော်လည်း....ကြီးမေပြောပြဖူးသောစကားများကိုသာ မြူနှိုင်းဆက်ထပ်ကာထပ်ခါ ပြောလျက် ငိုနေလေတော့သည်....
"သားမြူခုလိုဖြစ်နေရင် တီလေး ပြန်လိုက္မပို့ပေးဘူး"
"ဒါဆိုမြူ ကြီးမေနောက် လိုက်သွား
လိုက္မယ်လေ ဖြစ်တယ်မလား"
"မလုပ်ပါနဲ့သားမြူရယ်.....တီလေး လိုက်ပို့ပေးပါ့မယ်"ဟု ချော့မော့စွာပြောလျက် ညချင်းပင် လေယာဥ်လက္မှတ်စီစဥ်ကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြလေတော့သည်.
လေယာဥ်ပေါ်၌တစ်ရက်ကြာသွားခဲ့ပြီး ၃ရက်မြောက်နေ့မှ ကြီးမေတို့အိမ်သိူ့ပြန်ရောက်ခဲ့လေတော့သည်.....
ဧည့်ခန်း၌ ကြီးမေ၏ဓာတ်ပုံပဲ မြင်တွေ့ရလိုက်ကာ ရုပ်အလောင်းကိုမူ သဂြိုလ်ရန် သွားပို့နေလေပြီဖြစ်သည်...မြူနှိုင်းဆက်အချိန်ပင်မဆွဲတော့ပဲ ရရာကားငှားကာ ထိုသို့အမှီလိုက်လေတော့သည်.....
သုသာန်ရင်ပြင်၌ ကြီးမေ၏နာရေးကားများသာရပ်ထားလျက် ခန်းမတစ်ခု၌သာ လူများစည်ကားလျက် ရှိလေသည်..ထိုခန်းမဆီသို့ မြူနှိုင်းဆက် ပြေးသွားခဲ့တော့သည်...နှုတ်မှလည်း ခနလေး မြူ့ကိုစောင့်ကြပါ..မြူေလကြီးမေကိုတွေ့ချင်လို့ပါဟူ၍သာ တစ်တွတ်တွတ်ပြောရှာနေတော့လေသည်..
အပြင်တွင်အသံမကျယ်သော်လည်းခန်းမထဲရောက်ချိန်တွင် မြူနှိုင်းဆက်အသံ ကျယ်လောင်သွားခဲ့သည်.ခန်းမထဲရှိလူများ မြူနှိုင်းဆက်ကို ဝိုင်းကြည့်ကြလေသည်..ထိုလူများအထဲမှလင်းရောင်ခြည်နှင့်မြတ်ချယ်တို့ မျက်ရည်ကိုယ်စီဖြင့်ပြေးလာကာ မြူနှိုင်းဆက်အားဖက်လိုက်တော့သည်...
"ဘေးဖယ် ငါနင်တို့ကိုတွေ့ချင်တာမဟုတ်ဘူး.ငါ့ကြီးမေကို တွေ့ချင်တာ....ဘေးဖယ်"ဟုပြော၍ တွန်းထုတ်လျက်ကာ စင်ရှိရာသို့သွားလေတော့သည်...
"ကြီးမေ...သားပြန်လာပြီလေ.ကြီးမေရဲ့ငယ်လေးပြန်လာပြီလေး....ထကြည့်ပါဦးကြီးမေရဲ့."
"ငယ်လေးလေ...ကြီးမေချော့သိပ်တဲ့ သီချင်းတစ်ပုဒ်ကို ပါတီပွဲမှာတုန်းက ထည့်မပြောမိလို့ စိတ်ဆိုးနေတာလားဟင်"
"ကြီးမေရဲ့သားချော့တေးကိုလည်း ငယ်လေးကြိုက်ပါတယ် ကြီးမေရ စိတ်မဆိုးနဲ့တော့လေ ထတော့နော်....ဟဲ့မြတ်ချယ် ဝိုင်းပြောပေးပါအုံး..မမခြည်ကောပြောပေးပါအုံး"
"မြူ မောင်လေး သတိထားအုံးလေ...စိတ်ထိန်းပါဦးမြူရဲ့"
"ငါဘာမှမဖြစ်ပါဘူး မမခြည်ဖုန်းဆက်တဲ့နေ့ကတောင်လေ ဖုန်းထဲကနေ ကြီးမေအသံကြားလိုက်တယ်"သားငယ်လေးနေကောင်းအောင်နေနော်"တဲ့ ငါ့နားနဲ့ဆက်ဆက်ကြားမိလိုက်ပါတယ်ဟာ"
"ကြည့်ပါလား ကြီးမေက ငါ့ကိုသိပ်ချစ်တာ ငယ်ငယ်လေးထဲက ငါ့ကိုစောင့်ရှောက်လာတာ"
"မြူအချိန်လင့်နေပြီ..ကြီးမေကို သဂြိုလ်ရအောင်လေနော်...ထိုင်ကန်တော့လိုက်ပါဦးမြူရဲ့..."
"ယောကျ္ားလေးတစ်ယောက်ပဲလေ စိတ်ထိန်းထားစမ်းပါဟာ"
"ဘာလဲ ယောကျ္ားလေးတစ်ယောက်ကရော မျက်ရည်ကျခွင့်မရှိဘူးလားဟင်.....
ယောကျ္ားလေးကလည်းသွေးနဲ့သားနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ပါဟာ နင်တို့လိုပဲ ထိရှလွယ်တယ် လူတွေသတ်မှတ်ထားတဲ့ ဘောင်တွေကြောင့်တာ ခံစားရတာတွေ မထုတ်ပြနိုင်တာပဲရှိတာ...တကယ်တမ်းကျ
ယောကျ္ားလေးတွေလည်း နာကျင်ရင် ငိုခွင့်ရှိတယ်ဟ"
"အင်းပါ အိမ်ရောက္မှ ဆက်ငိုတော့နော်...ခုတော့ကြီးမေကို နင်ကန်တော့လိုက်အုံး..... "
မြူနှိုင်းဆက်တစ်ယောက် လက်အုပ်ချီကာ....
"ကြီးမေအပေါ် ကာယကံ၊မနောကံ၊ဝစီကံတို့ဖြင့်ပစ်မှားခဲ့သည်ရှိသော် ခွင့်လွှတ်ပေးပါလို့ သားကန်တော့ပြီးတောင်းပန်ပါရစေ....ဖြစ်လေရာဘဝတိုင်းမှာလေ သားရဲ့ မေမေ အဖြစ် ရှိနေပေးပါလို့လည်း သားတောင်းဆိုချင်ပါတယ်ကြီးမေ....ပြုမူခဲ့သမျှအပြစ်အလုံးအတွက်ကော ကျေးဇူးပြန်မဆပ်နိုင်တဲ့အတွက်ပါ သားတောင်ပန်ပါတယ်"
စင်တင်ထားသော တွန်းလှည်းလေးအား သဂြိုလ်စက်ရှိရာသို့ တွန်းထုတ်သွားတော့လေသည်...မြူနှိုင်းဆက်အပါအဝင် မိသားစုဝင်အားလုံးက အနောက်ကလိုက်၍ ငိုကြလေသည်.....
၁၅မိနစ်အကြာ သဂြိုလ်လို့အပြီးတွင်ကားတန်းများက နေအိမ်သို့ ပြန်လည်ထွက်ခွာရန်အဆင်သင့်ဖြစ်နေသော်လည်း မြူနှိုင်းဆက်တစ်ယောက် တစ်ခုခုကိုစောင့်နေလေသည်...
လင်းရောင်ခြည်နှင့်မြတ်ချယ်တို့နှစ်ဦး မြူနှိုင်းဆက်တစ်ခုခုဖြစ်မည်ကိုစိုးရိမ်သဖြင့် အနားသို့သွားကာ......
"မြူ ဘာလုပ်နေတာလဲ ပြန်ရအောင်လေ"
"ခန ဟိုမှာလာနေပြီ"ဟု ညွှန်ပြလိုက်လေသည်....မြူနှိုင်းဆက်ညွှန်ရာသို့ကြည့်လိုက်သော ဖန်ပုလင်းလေး တစ်လုံးထဲတွင် ပြာများထည့်ထားကာသယ်လာနေသော သုသာန်မှဝန်ထမ်းတစ်ဦးအားတွေ့လိုက်ရလေသည်....ထိုဖန်ပုလင်းအား မြူနှိုင်းဆက်က ယူ
လိုက်ကာ ဝန်ထမ်းအား တစ်သောင်းတန်တစ်အုပ်ပေးလိုက်လေသည်....
ထို့နောက် လင်းရောင်ခြည်တို့နှင့်အတူ အိမ်သို့ ပြန်လိုက်ပါလာတော့လေသည်.......ကားပေါ်တွင်လည်း မှိုင်တိမှိုင်နေသော မြူ့အား နည်းအမျိုးမျိုးဖြင့် ဖြေသိမ့်ပေးနေပြီးနောက်ဆုံး မင်းခတ္တာအတွက် ဟု ပြောလိုက်မှသာ မြူနှိုင်းဆက် စိတ်တို့အသိပြန်ကပ်လာခဲ့တော့သည်.....
ဟုတ်တာပေါ့လောကမှ အချစ်ရဆုံးသူတစ်ဦးက ထွက်ခွာသွားခဲ့ပြီ...နောက်တစ်ဦးက အရေးပေါ်ခန်းထဲက လွတ်မြောက်လာရပေမယ့် အခြေအနေက စိုးရိမ်ရဆဲ... ထိုလူသားကပါ ထွက်ခွာသွားခဲ့ရင် မြူနှိုင်းဆက်အဖို့ ကမ္ဘာပျက်လေပြီဖြစ်သည်....ထိုလူသားအတွက် သူရှင်သန်နေရမည်...သူ့အတွက်လည်း ထိုလူသားက ရှင်သန်ပေးနေရမည်ဖြစ်ပေသည်....
နှောင်ကြိုးများမည်မျှပင်ပြတ်တောက်သွားခဲ့သော်လည်း...သူ့တွင် နောက်ဆုံးသောနှောင်ကြိုးလေးတစ်ချောင်းရှိနေသေးသည်ဖြစ်လေသည်.မြူနှိုင်းဆက်တစ်ယောက် ကျန်ရှိသေးသောအားအင်နဲ့အသိစိတ်တို့ကို စုစည်းလိုက်ကာ ကို့အားစောင့်ရှောက်ရအုံးမည်ဟု ကိုယ့်ကိုကိုယ်သတိပေးထားမိတော့သည်....
================================
(zawgyi)
Ep-34
ထို့နောက် ဒေါ်ဖူးခတ္တာချိုတစ်ယောက် ဘုရားစင်ရှေ့ဝယ် ဝတ်ပြုလျက် ဘုရားစာများရွတ်ဖတ်ပူဇော်နေသည်ကို မင်းခတ္တာတစ်ယောက် ငေးကွညျ့မိနသေညျ....
"ဟုတ်မေမေ..."
"ဪ အဲ့အဓိပ္ပါယ်လား..."
"ဟုတ်ချင်မှလည်းဟုတ်မှာပေါ့...မေမေ့အတွေးအခေါ်နဲ့အခြားသူတစ်ယောက်ရဲ့ အတွေးအခေါ်တူတာမှမဟုတ်.....ဒါပေမယ့်ကောင်လေးနဲ့ကောင်မလေး ချစ်မှ ဒါဟာအချစ်စစ်ဆိုတာမျိုးကျ မမေလေက်မခံဘူးရယျ....လောကမှာ အဲ့လိုပြောပြီးယူကြ ပြတ်ကြနဲ့ အများကြီးပဲရယ် မေမေကသားကိုအဲ့လိုမျိုးမဖြစ်စေချင်တာ"
"ဟုတ်မေမေ"
မဂင်ျ လါဆောင်ကိုတော့ သားတို့ကျောင်းပြီးမှ လုပ်ပေးမယ် ဟုတ်ပြီလား"
"ဟုတ်မေမေ....."
"သားကြီးနဲ့သားငယ်တို့ရဲ့ရင်သွေးလေးတော့မေမေချီချင်တယ် သားဘာပြောမလဲဆိုတာမေမေသိတယ် ....ဒါပေမယ့်သားရယ် ဟိုးအရင်ခေတ်တွေကတောင် ယောကြ်ားလေး ကိုယ်ဝန်ဆောင်လို့ရတဲ့သူရှိတာပဲ...
"တီ....တီ...တီ.....တီ..."
"hello"
မြူနှိုင်းဆက် တဈဖက်မှ ငိုသံကိုသာ ကြားရပြီး ပြန်လည်မဖြေကြားတော့သည့်အတွက် စိတ်လွတ်ကာ လက်ထဲရှိဟမ်းဖုန်းအား ပေါက်ခွဲပစ်လိုက်တော့သည်...
လက်မှတျသာ ဖြတ်ပေးဖို့တောင်းဆိုမိနေတော့သည်...
"သားမြူခုလိုဖြစ်နေရင် တီလေး ပွနျလိုက်မပို့ပေးဘူး"
လိုက်မယျလေ ဖြစ်တယ်မလား"
"မလုပ်ပါနဲ့သားမြူရယ်.....တီလေး လိုက်ပို့ပေးပါ့မယ်"ဟု ချော့မော့စွာပြောလျက် ညချင်းပင် လယောဥျလက်မှတျစီစဥျကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြလေတော့သည်.
လေယာဉ်ပေါ်၌တစ်ရက်ကြာသွားခဲ့ပြီး ၃ရက်မြောက်နေ့မှ ကြီးမေတို့အိမ်သို့ပြန်ရောက်ခဲ့လေတော့သည်.....
"ယောကျ္ားလေးတစ်ယောက်ပဲလေ စိတ္ထိန္းထားစမ္းပါဟာ"
"ဘာလဲ ယောကျ္ားလေးတစ်ယောက်ကရော မ်က္ရည္က်ခြင့္မရွိဘူးလားဟင္.....
ယောကြ်ားလေးတှလေညျး နာကျင်ရင် ငိုခွင့်ရှိတယ်ဟ"
"အင်းပါ အိမျရောက်မှ ဆက်ငိုတော့နော်...ခုတော့ကြီးမေကို နင်ကန်တော့လိုက်အုံး..... "
================================