ရီဟွိုင်က ဆက်ပြောလာခဲ့သည်။
"ကျွန်တော် အဲဒီညက အဲ့ကိုရောက်တော့
သခင့်မှာ အဝတ်တွေကင်းမဲ့နေပြီ"
သူ့မျက်လုံးတွေမှိတ်လိုက်တာတောင် အဲဒီနေ့က
မြင်ကွင်းတွေကို မှတ်မိနေတုန်းပင်။
"ရီဟွိုင် ဆက်ပြီးလုပ်ရဲရင် မင်းနောင်တရသွားစေရမယ်"
ရီဟွိုင်က အရူးတစ်ယောက်လို ရယ်လိုက်ရင်း......
"သခင့်ကို မပိုင်ဆိုင်တာကမှ ကျွန်တော်နောင်တအရဆုံး အရာပဲ"
ထို့နောက် သူက ချန်လီကောရဲ့ နဖူးကိုနမ်းလိုက်ပြီး သူ့ရဲ့လည်ဇလုတ်လေးကို အပေါ်အောက်ရွေ့လျားလိုက်ပြီး တိုးတိုးညည်းလာခဲ့သည်။
"ကျွန်တော်တကယ်ပဲ သခင့်ကို နဖူးကနေ ခြေဖျားထိ နမ်းချင်လာပြီ"
သူ့သခင်ရဲ့မျက်နှာကတော့ ဖြူဖျော့လျက်
"တိရစ္ဆာန်ကောင်!!!"
"သခင်က ကျွန်တော့်ကို တိရစ္ဆာန်လို့ ပြောမှတော့
ကျွန်တော်က ဘာလို့ဆက်မမှားနိုင်ရမှာလဲ"
ပြောပြီးတာနဲ့ သူက ချန်လီကောရဲ့ နဖူးကနေ ခြေဖျားထိ နမ်းလာသည်။
#အောက်ပါအကြောင်းအရာများကို ၁၈နှစ်မပြည့်ရင် မဖတ်ပါနဲ့#
ရီဟွိုင်က ချန်လီကောရဲ့နှုတ်ခမ်းတွေကို နမ်းရင်းကနေ သူ့ရဲ့ရင်ဘတ်ဖြူဖြူလေးတွေပေါ်သို့
ရွေ့လျားလာခဲ့ပြီး ထို့နောက် ဗိုက်သားကျစ်ကျစ်လေးနှင့် ထို့နောက်မှာတော့ သူ့ရဲ့ ခြေချောင်း
သွယ်သွယ်လေးတွေဆီသို့ ပြောင်းနမ်းလာခဲ့သည်။
တဖြည်းဖြည်းချင်း ရှန်းယွီချန်ကို အရသာခံပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို အရသာခံကြည့်နေသည်။
ရှန်းယွီချန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်ထားပြီး မျက်နှာပေါ်မှာလည်း သည်းခံခြင်းအရိပ်တွေနဲ့ပြည့်နေခဲ့သည်။ သူ့တင်ပါးရင်းနားလေးရောက်တော့ ရီဟွိုင်နမ်းတာ ရပ်သွားတာကို သူသတိထားမိလိုက်သည်။ သို့သော်လည်း ရီဟွိုင်က သူ့တင်ပါးရင်းရှိ အထိမခံနိုင်သည့် အသားနေရာလေးကို ပြင်းပြင်းထန်ထန် စုပ်လိုက်သည်။
ချန်လီကောက သူ့ကိုယ်သူ မထိန်းချုပ်ထားနိုင်တော့ဘဲ ရီဟွိုင်ရဲ့ကျီစယ်မှုမှာ တိုးတိုးလေး ညည်းမိသွားသည်။ သူရဲ့အပြုအမူကြောင့် ရီဟွိုင်က ထိုနေရာလေးကို ဖွဖွလေးကိုက်လိုက်ပြီး
တိုးတိုးလေး ရယ်လာသည်။
"သခင်က တကယ့်ကို အရသာရှိတာပဲ"
ရှန်းယွီချန်က စကားပြောချင်ပေမဲ့ သူ့နှုတ်ခမ်းက ကိုက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် လှုပ်မရဖြစ်နေသည်။
ထို့နောက် ဒူးခေါင်းလေး၊ခြေသလုံးကြွက်သားလေးတွေနဲ့ ရှန်းယွီချန်ရဲ့ အရေပြားအကုန်လုံးကို ရီဟွိုင်နမ်းခဲ့သည်။ ရှန်းယွီချန်ရဲ့ ကျုံ့ထားတဲ့ ခြေချောင်းလေးတွေကို ပါးစပ်နဲ့ခွာလိုက်ရင်း
ကိုက်လိုက်သည်။
"လူယုတ်မာကောင်!!!"
ရှန်းယွီချန်က သည်းမခံနိုင်တဲ့အဆုံး ဆူဆဲလာသည်။
"သခင် ကျွန်တော်မင်းကို အရမ်းသဘောကျတာပဲဗျာ"
ရီဟွိုင်က ပြောလိုက်ပြီး အရူးတစ်ယောက်လို ရယ်နေလိုက်သည်။
သူက ရှန်းယွီချန်ရဲ့ ခြေချောင်းနှစ်ချောင်းကို
ကားလိုက်သည်။ ထို့နောက် သူက ထိုနေရာကြားသို့ဝင်လိုက်ကာ သူ့ကို ရှက်လည်းရှက်သလို ဒေါသလည်းထွက်နေတဲ့ သူ့သခင်ကို ကြည့်နေသည်။
ရီဟွိုင်က ဖြည်းဖြည်းချင်း အောက်ကို ငုံ့လိုက်ပြီး
ရှန်းယွီချန်ရဲ့ ညီလေးကို စုပ်ပေးလာခဲ့သည်။
သူ့ရဲ့အပြင်ဘက်အမူအရာက မကြိုက်ရင်တောင်
သူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းကတော့ စိတ်အားထက်သန်နေသည်။ ရှန်းယွီချန်ရဲ့ ညီလေးက ရီဟွိုင်ရဲ့အပြုအစုကြောင့် တုန့်ပြန်လာခဲ့ပြီး ပူလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရီဟွိုင်က ကပ္ပါယ်အိတ်နှစ်လုံး ခေါင်းငုံ့လိုက်သည်။
"ရီဟွိုင်.............."
ရှန်းယွီချန်ဟာ မခံမရပ်နိုင်တော့ဘဲ တိုးတိုးလေး
ညည်းလာရင်း အိပ်ရာခင်းအနက်ရောင်ကို ဆုပ်ထားလိုက်သည်။
"မလုပ်နဲ့............"
ရီဟွိုင်က ရပ်လိုက်ပြီး ချောဆီယူလိုက်သည်။
"ကျွန်တော် သခင့်စကားကို နားထောင်မှာပါ"
ရှန်းယွီချန် က သူ့ကို ငေးကြည့်လိုက်သည်။
ရီဟွိုင်က ချောဆီကို ရှန်းယွီချန် ရဲ့ လမ်းကြောင်းထဲသို့ လောင်းထည့်လိုက်ပြီး သူ့လက်ချောင်းတွေနဲ့ ဖြည်းဖြည်းချင်း ချဲ့ထွင်လာခဲ့သည်။
"သခင် ကျွန်တော် ကွန်ဒုံးမဝတ်ချင်ဘူး၊ကျွန်တော် သခင့်ထဲကို ဒီအတိုင်းဝင်ချင်တယ်
သခင့်ခန္ဓာကိုယ်ကို ကျွန်တော့်အနံ့တွေနဲ့ ပြည့်နေအောင် လုပ်ချင်တယ်"
ချန်လီကောက တိုးညင်းစွာ ညည်းညူလိုက်သည်။
ရီဟွိုင်က ဆက်ပြောလာသည်။
"သခင်စိတ်ပါလာတဲ့အထိ သခင့်ကို ကျွန်တော်ဆက်ဆံချင်တယ်"
ရှန်းယွီချန်က တော့ ဒီလို အနုအရွစကားများကို
ခံနိုင်ရည်မရှိတော့ပေ။ သူ့ခန္ဓာကိုယ်နေရာအနှံံ့မှာ နီရဲရဲ အမှတ်အသားများနဲ့ ကိုက်ရာများ
ပြည့်နှက်နေခဲ့ပြီ။
"မင်း.......ငါမင်းကို....ခွင့်လွှတ်လိမ့်မယ်လို့မထင်နဲ့!!!!"
ရီဟွိုင်က ရယ်လျက်........
"သခင်ကြိုက်မှာပါ"
သူက စိတ်ရှည်စွာ သူ့သခင်ရဲ့လမ်းကြောင်းလေးကို သူ့အတွက်အပြည့်အဝ
ပွင့်အာလာအောင် ချဲ့ထွင်နေခဲ့သည်။
ထို့နောက်မှာတော့ သူ့ရဲ့မာပြီး ပြင်းထန်စွာ နာကျင်နေခဲ့တဲ့ မြွေကြီးကို အဝင်ဝ၌ တေ့လိုက်ပြီး ဖြည်းဖြည်းချင်း အထဲဝင်ရောက်လာခဲ့သည်။
ရှန်းယွီချန် ဟာ နောက်သို့လှန်ကျသွားပြီး
လေအေးတွေ မှုတ်ထုတ်လာခဲ့သည်။ သူရီဟွိုင်ကို တွန်းထုတ်ပစ်ချင်ပေမဲ့ သူ့လက်မောင်းတွေက
အားမရှိပေ။ သူပျိုးထောင်ခဲ့တဲ့ကလေးရဲ့ မြွေကြီး သူ့ထဲတိုးဝင်လာတာကိုပဲ ခွင့်ပြုခဲ့ရသည်။
ရီဟွိုင်က မျက်စိတွေမှိတ်ထားတဲ့ ရှန်းယွီချန်ရဲ့
အတွင်းက တင်းကြပ်နေပြီးပူလောင်နေတာကို
ခံစားခဲ့ရသည်။ သူ့ရဲ့ချွေးတွေကလည်း ရှန်းယွီချန် ပေါ်ကို စီးကျလာခဲ့သည်။ ထို့နောက် သူက
ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းတဲ့လေသံမျိုးနဲ့ပြောလာသည်။
"သခင်က အရမ်းကြပ်ပြီးပူနေတာပဲ"
"အားးးးးးး"
သူလုံးဝ ဝင်ရောက်လိုက်ချိန်မှာတော့
ရှန်းယွီချန်ဟာ သည်းထန်စွာ ငိုကြွေးလာခဲ့သည်။
အဲဒါက နာကျင်လွန်းပြီး အရွယ်အစားကလည်း
ခြိမ်းခြောက်စရာပင်။ သူ့ရဲ့ သေးငယ်တဲ့လမ်းကြောင်းလေးထဲကို ရီဟွိုင်ရဲ့ထုထည်ကြီးမားတဲ့ အရာကြီးဝင်ရောက်လာတာကို
ခံစားလာရသည်။
"သခင်....မင်းကသိပ်လှတာပဲ"
သူကပြောရင်းနဲ့ ဖြေးညှင်းစွာ စတင် လှုပ်ရှားလာသည်။
စည်းချက်အညီဆုံး ဆောင့်ချက်တွေထွက်ပေါ်လာပြီး ကျွမ်းလည်းကျွမ်းကျင်လှသည်။
ရှန်းယွီချန်ရဲ့လက်တွေကို ရီဟွိုင်က ဆုတ်ကိုင်ထားပြီး တစ်ကိုယ်လုံးကို အိပ်ရာထဲ၌ ချုပ်ထားလိုက်သည်။ ရှန်းယွီချန်က သူ့ရဲ့လည်ပင်းကို
မြှောက်လိုက်ပြီး ရီဟွိုင်ရဲ့ တိုးဝင်မှုတိုင်းဟာ
သူ့ကို မယုံကြည်နိုင်တဲ့ ခံစားချက်တစ်မျိုးကို ပေးနေသယောင်ပင်။
"အား.....အားး....."
သူ့ရဲ့ အထိအခိုက်မခံနိုင်တဲ့ နေရာလေးသို့
ရီဟွိုင်က အညှအတာမဲ့စွာ ပွတ်တိုက်နေခဲ့သည်။
ရှန်းယွီချန်ရဲ့ မေးစေ့တစ်ဝိုက်၌ တံထွေးတစ်ချို့စီးကျနေပြီး ညစ်ပတ်နေခဲ့ပြီ။
ရီဟွိုင်က သူ့တစ်ကိုယ်လုံးကို ရှန်းယွီချန်ကိုယ်ပေါ်သို့ထပ်ချလိုက်ပြီး တိုးတိုးလေး ပြောလာသည်။
"သခင်....ကျွန်တော်ဒီနေရာလေးကို...တိုးဝင်တိုင်း....သခင်က အထိအရှသိပ်လွယ်တာပဲ"
"မလုပ်....မလုပ်နဲ့......"
ရှန်းယွီချန်က သည်းမခံနိုင်တော့ဘဲ ပြိုလဲစွာ အော်ဟစ်လာခဲ့သည်။
"အဲဒီနေရာကို မလုပ်နဲ့........မလုပ်နဲ့.....အားးးးအားး"
ရီဟွိုင်ကလည်း အညှာအတာမရှိ ပြင်းထန်စွာ ထပ်ထိုးသွင်းလာခဲ့သည်။
နောက်ဆုံး၌ ရှန်းယွီချန် ပြီးမြောက်သွားပြီး
သူ့ခန္ဓာကိုယ်တစ်ခုလုံး အင်အားမရှိတော့ပေ။
သူ့ခြေချောင်းလေးတွေက ကုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်နေခဲ့သည်။
ရီဟွိုင်က ခဏလေးရပ်လိုက်ပြီး ရှန်းယွီချန်
ပြန်သက်သာလာမည့်အချိန်ကို စောင့်နေခဲ့သည်။
ထို့နောက် အနေအထားကိုပြောင်းလိုက်ပြီး
ရှန်းယွီချန်ကို သူ့ပေါ်မတင်လိုက်သည်။ အခုအနေအထားက အချင်းချင်း မျက်နှာချင်းဆိုင်
ဖြစ်သွားသည်ပင်........
ရှန်းယွီချန်ရဲ့ခန္ဓာကိုယ် တစ်ခုလုံးဟာ ရီဟွိုင်ရဲ့
အရာအပေါ် ကျရောက်နေခဲ့သည်။ရှန်းယွီချန်က
သူ့ခန္ဓာကိုယ်ကိုမတ်ပြီး ထလိုက်ချင်ပေမဲ့
သူ့မှာအားလုံးဝရှိမနေခဲ့ပေ။
"ဒီအနေအထားနဲ့ဆိုရင်......အရမ်းနက်ပြီး....ပေါက်ပြဲသွားလိမ့်မယ်"
ရှန်းယွီချန်က မိန်းမပျိုလေးတစ်ဦး ရှက်ရွံ့နေသလို ပြောလာသည်။
ရီဟွိုင်က ပြုံးပြီး သူ့ကိုနမ်းလျက် ပြောလာသည်။
"ဘယ်လိုလုပ်....ကျွန်တော်က သခင့်ကို
ဒဏ်ရာရစေမှာလဲ???"
"မဖြစ်....မဖြစ်ဘူး"
သို့သော်လည်း သူ့ခါးက ဆုတ်ကိုင်ခံရပြီး
အထက်အောက်ရွေ့လျားခံလိုက်ရသည်။
ရှန်းယွီချန်က ကျယ်လောင်စွာ ငိုကြွေးလာခဲ့ပြီး
ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့သည်။
ရီဟွိုင်က တော့ သူ့ရဲ့အထိအခိုက်မခံတဲ့ နေရာလေးကို ဆက်တိုက်ဆောင့်လျက် သူ့ကိုပူအောင်လုပ်နေခဲ့သည်။
"အားးးးမလုပ်ပါနဲ့.....အားးးးး"
စိပ်လာတဲ့ ဆောင့်ချက်တွေကြောင့် ရှန်းယွီချန်ရဲ့
ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့သည်။
သူ့မျက်လုံးတွေက အသက်မဲ့သလိုဖြစ်နေပြီး
သူ့ရဲ့အာရုံတွေအကုန်လုံးဟာလည်း သူ့ရဲ့ပူနွေးနေတဲ့ လမ်းကြောင်းပေါ် ကျရောက်နေခဲ့သည်။
"သခင်....ကျွန်တော်ပြီးတော့မယ်"
ထိုအခါမှ ရှန်းယွီချန်က သတိဝင်လာပြီး
ငိုရှိုက်လာသည်။
"အထဲကို...မလုပ်...မလုပ်ပါနဲ့"
သို့သော်လည်း သူ့စကားတစ်ဝက်လောက်မှာပင်
ပူနွေးတဲ့ အရည်တစ်ချို့ဟာ သူ့အတွင်းသားလေးထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့ကိုယ်ထဲက ဝိဉာဥ်တောင် ထွက်သွားသလိုခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ ပူနွေးနေပြီး အထွတ်အထိပ်ကို ရောက်နေခဲ့သည်။
"သခင်"
ရီဟွိုင်က သနားစရာပုံစံလေးနဲ့ ရှန်းယွီချန်ကို ကြည့်ပြီး ပြောလာသည်။
"ကျွန်တော်မဝသေးဘူး......သခင်သည်းခံပေးပါနော်"
ရှန်းယွီချန်ရဲ့ သူငယ်အိမ်ဟာ ဝိုင်းစက်သွားပြီး
အလန့်တကြား ပြောလာသည်။
"ဟင့်အင်း....သည်းမခံနိုင်တော့ဘူး. ..."
သို့သော်လည်း သူ့ပါးစပ်ဖျားကို ရီဟွိုင်က အရူးအမူးနမ်းကာ ပိတ်ဆို့လာခဲ့သည်။
.
.
.
.
.
.
.
.
.
.
.
.
နောက်တစ်နေ့ မနက်မှာတော့ ချန်လီကောက အိပ်ရာထဲကနိုးလာခဲ့ပြီး ဆေးလိပ်သောက်နေခဲ့လေသည်။
သူဆေးလိပ်မသောက်ရတာ ၁၀စုနှစ်တစ်ခုတောင် ကြာလှပြီ။အရင်ကမ္ဘာက ဆရာဝန်ခန္ဓာကိုယ်က ဆေးလိပ်မသောက်တဲ့အပြင်
အသန့်ကြိုက်ရောဂါဖြစ်နေလေသည်။
ချန်လီကောက ဆေးလိပ်အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း မျက်ခုံးနှစ်ခုတွန့်ကွေးလျက် ပြောလာသည်။
"ငါနုပျိုတုန်းက ဒီကလေးဟာ ပါရမီရှင်တစ်ယောက်ဆိုတာ ရိပ်မိခဲ့တယ်၊ သူ့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကလည်း မိုက်တယ်၊
သူဒီအတောအတွင်းသေချာလေ့ကျင့်ထားတာနေမယ်"
system-"........"
"ငါဇာတ်ကြောင်းကိုပြောင်းပြီး သူ့ကို ပြုစုပျိုးထောင်ဖို့ခေါ်ခဲ့တာတွေ သေချာဂရုတစိုက်ပျိုးထောင်ပေးခဲ့တာတွေအရ ငါက သူ့အပေါ်
အလားအလာရှိတယ် ထင်ခဲ့လို့ပဲ။ ငါလေးက
တော်တော်အမြင်ရှိတာပဲ"
သူကပြောလည်းပြောရင်း ကျယ်လောင်စွာလည်း
ရယ်လာခဲ့သည်။
systemက တိတ်ဆိတ်နေခဲ့သည်။
ရီဟွိုင်က အခန်းထဲဝင်လာတော့ သူ့သခင်က
ကုတင်ပေါ်မှာ ထိုင်နေပြီး ဆေးလိပ်သောက်နေတာကို တွေ့လိုက်ရသည်။
သခင့်ရဲ့နှုတ်ခမ်းပါးတွေဟာ သိသိသာသာကို
ဖောင်းကြွနေခဲ့ပြီး စုတ်ပြတ်နေခဲ့သည်။
သူက ဆေးလိပ်ကို သူ့ရဲ့ လှပတဲ့လက်တစ်စုံကြားမှာ ညှပ်ထားပြီး ခါးကိုလည်းဖြောင့်ထားသည်။ သူ့မျက်နှာက ဘာခံစားချက်မှမရှိတော့သလိုဖြစ်နေပြီး ဆေးလိပ်အငွေ့တွေကို တိတ်တဆိတ် မှုတ်ထုတ်နေခဲ့သည်။
သူ့သခင်ရဲ့ဒီလိုပုံစံလေးက တစ်နေရာရာက ဆင်းသက်လာခဲ့တဲ့ လှပတဲ့နတ်ဘုရားငယ်လို
လေနဲ့အတူ မျောပါသွားနိုင်ခဲ့သည်။ ရီဟွိုင်ရဲ့ နှလုံးသားက တင်းကြပ်လာပြီး သူ့နားလျှောက်သွားလိုက်သည်။
ချန်လီကောက သူ့ခြေသံကို ကြားပေမဲ့ မလှုပ်မယှက် ထိုင်နေခဲ့သည်။ သူဒီယောက်ျားကို ဂရုကိုမစိုက်တာပင်......
"သခင်"
ရီဟွိုင်က ခေါ်လိုက်ရင်း သူ့ဘေးနားမှာ ထိုင်ချလာသည်။
ချန်လီကောရဲ့ စီးကရက်တစ်ဝက်လောက်ဟာ
လောင်ကျွမ်းနေခဲ့သည်။သို့သော်လည်း သူကတော့ ဆေးလိပ်ဆက်သောက်နေခဲ့သည်။
သူက မျက်လုံးထောင့်ကနေ ရီဟွိုင်ကို မသိမသာ
တစ်ချက်ခိုးကြည့်လိုက်ပြီး မထင်မှတ်ထားစွာ
ဆေးလိပ်ကို ရီဟွိုင်လက်မောင်းပေါ်သို့
ဖိချလိုက်သည်။
ဆေးလိပ်မီးက အသားကိုလောင်ကျွမ်းသွားပြီး
အသားစက အနံ့ထွက်လာခဲ့သည်။ အရမ်းနာကျင်ရတဲ့အရာဖြစ်ပေမဲ့ ရီဟွိုင်ကတော့
မျက်နှာတစ်ချက်မပျက်ခဲ့။
"သခင်....စိတ်မဆိုးပါနဲ့ "
သူက နူးညံ့စွာ ပြောလာသည်။
"လူယုတ်မာကောင်"
ချန်လီကောရဲ့အသံက ဟိန်းထွက်နေခဲ့သည်။
သူ့ရဲ့ နောက်ပိုင်းမှတ်ဉာဏ်တွေက ဆိုးဝါးလွန်းသည်။ သူအသနားခံစွာ ရီဟွိုင်ကို မလုပ်တော့ဖို့ တောင်းပန်ခဲ့ပေမယ့် သူကတော့ ရပ်ကိုမရပ်ပေးခဲ့ပေ။ သူ့ကိစ္စအားလုံးပြီးဆုံးတဲ့နောက် ချန်လီကောက သတိလစ်သွားခဲ့ရသည်။
သူ့သခင်စကားကို ကြားတော့ ရီဟွိုင်က မျက်မှောင်ကြုတ်ကာ သူ့သခင်ရဲ့ စိတ်ကိုဖတ်ကြည့်နေမိသည်။
"ငါမင်းကို မမြင်ချင်ဘူး"
ရီဟွိုင်က တော့ အပြုံးတစ်ချက်မပျက်ပေ။
သူက ဆေးသေတ္တာအသေးစားလေးကို ယူလာပြီး ချန်လီကော လက်ပေါ်တင်ပေးလာသည်။
"ဒါက ဆရာဝန်ချန်ထားပေးခဲ့တဲ့ ဆေးတွေပဲ"
ဆေးကို ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ
တွေးလိုက်တော့ ချန်လီကောက ပိုမိုဒေါသထွက်လာခဲ့သည်။ သူက သူ့လက်ကိုဆန့်တန်းလိုက်ပြီး
ရီဟွိုင် မျက်နှာကို ရိုက်ချလိုက်သည်။
"ရီဟွိုင်၊ ငါမင်းကို အရမ်းကောင်းပေးခဲ့ရဲ့နဲ့
ငါ့ကိုဘာလို့ ဒီလိုဆက်ဆံရတာလဲ????"
ရီဟွိုင်ရဲ့ ခေါင်းဟာ လည်ထွက်သွားပြီး ပါးစပ်က သွေးတွေစီးကျလာသည်။ သူက တဖြည်းဖြည်းနဲ့ ချန်လီကောခေါင်းနားကပ်လာပြီး သူ့ကိုဆွဲယူကာ ပြောလိုက်သည်။
"ဒါပေမဲ့ နောက်ဆုံးမှာ သခင်လည်းအရမ်းကြိုက်ခဲ့တာပဲ မဟုတ်လား?????"
ချန်လီကောရဲ့မျက်လုံးတွေက ဒေါသကြောင့်
ပြူးကျယ်လာခဲ့သည်။
"သခင့်ကျွန်တော့်ကို ညှာတာဖို့ပြောနေပေမယ့်
သခင့်လက်တွေကတော့ ကျွန်တော့်ခန္ဓာကိုယ်ကို သိုင်းဖက်ထားခဲ့တာပဲလေ"
"မင်း!!!လူယုတ်မာ!!!"
ရီဟွိုင်က တစ်ဟားဟားအော်ရယ်လျက် သူ့ကိုယ်သူပြန်တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက်
ေပြာလာသည်။
"ဆေးသေချာ လိမ်းဖို့မမေ့နဲ့နော် သခင်"
သူကပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့သည်။
Note-Happy New Year Everyone!
နှစ်သစ်ဆုတောင်းအနေနဲ့ မြန်မာပြည်ကြီး ပြန်လည်အေးချမ်းပြီး အားလုံးလည်း ကျန်းမာပျော်ရွှင်ကြပါစေ ဘဲမရှိသူများ ဘဲရကြပါစေဗျာ😆