Unicode
Coffee ပူပူနွေးနွေးလေး တစ်ခွက် ဖျော်ကာ နန်းမဟာဖွေး စားပွဲပေါ် တင်ထားလိုက်သည်။
" ဖွေး မေတ္တာတွေကြောင့် သောက်လို့ ကောင်းမှာပါ ဘုန်းဘေဘီ "
စောင့်ကြည့်လိုက်စမ်း ဘုန်းဘေဘီ နင်တို့ မင်္ဂလာ ဦးည ဘာဖြစ်သွားမလဲလို့ ။
နင့်ဘက်က အရင်စတဲ့ ဇာတ်လမ်းကို ငါကိုယ်တိုင် အဆုံးသတ်ပေးမယ် ။
" ဟား ဟား "
ဒီနေ့ပဲ လက်ထပ်တယ် မနက်ဖြန် ကွာရှင်းရတော့မှာကိုတွေးပြီး နန်းမဟာဖွေး ခပ်လှောင်လှောင်ရယ်လိုက်တယ်။
" ဖွေး ရပြီ ကိုယ် ယူလာတယ် "
ကိုမင်း အသံကြောင့် နန်းမဟာဖွေး တွေးလက်စအတွေးကို ရပ်ကာ ကိုမင်းလက်ထဲကဆေးကိုလှမ်းယူလိုက်သည်။
"ကိုယ် သုံးမျိုးလောက် ယူလာခဲ့တယ် ဖွေး "
" သုံးမျိုးကြီးတောင် ဘာလုပ်ဖို့လဲ ကိုမင်း ပြီးတော့ ဘယ်တစ်မျိုးကို သုံးရမှာလဲ ပြောပြဦး "
လက်ထဲက ဆေးတွေကို ကြည့်ပြီး နန်းမဟာဖွေး မေးလိုက်တော့ ကိုမင်းက ရှင်းပြလာတယ်။
" ဒါက Mephedrone လို့ ခေါ်တယ် ဖွေး ။ ဒီဟာက GHB / GBL ဒီတစ်ခုက Methamphetamine ။ အကုန်လုံး က တော့ လိင် စိတ်ကို အလွန်အမင်း တက်ကြွစေပြီးတော့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းကိုလည်း လျော့သွားစေနိုင်တဲ့ဆေးတွေချည်းပဲ "
" ဒါဆို ဖွေးတို့ ဘယ်ဟာသုံးကြမလဲ ကိုမင်း "
" ဘုန်းဘေဘီအတွက် Mephedrone သုံးပြီး ဟိုကောင့်အတွက်က Methamphetamine သုံးကြတာပေါ့ "
ဆေးထိုးအပ်နှစ်ခုရှိ၍ မင်းမင်း တစ်ခုကိုသူယူကာ တစ်ခုကို နန်းမဟာဖွေး အားပေးလိုက်တယ်။
" ကောင်းပြီ လေ ဖွေး coffee ထဲမှာ အိပ်ဆေးခတ်ထားတယ် ။ ဘုန်းဘေဘီ အိပ်ပျော်သွားတာ နဲ့ အစီအစဉ် စကြတာပေါ့ ကိုမင်း "
" ကိုယ်တော့ အခုချက်ချင်း ပဲ အစီအစဉ် စလိုက်ချင်တယ် ဘုန်းဘေဘီလို အလှအပလေးကို အပိုင်သိမ်းဖို့အတွက် အချိန်မစောင့်ချင်တော့ဘူး။ ဒါနဲ့ ဟို ရှေးအာဏာစက် ဆိုတဲ့ ဘိုးတော်ရော ဖွေးဘယ်လိုလုပ်ထားလဲ "
" သူ့ကို ရှင်းစရာ တောင် မလိုဘူး သူ့ အတွင်းရေးမှူး လာခေါ်သွားတယ် ။ အလုပ်ကိစ္စ ပြောစရာ ရှိတယ် ဆိုပြီး ဖွေး တို့ သူ့ကို ဂရုစိုက်ဖို့ မလိုဘူး ကိုမင်း "
" အသံ ကြားတယ် ဖွေး လာပြီ ထင်တယ် သူတို့ "
ခြံရှေ့မှ ကားရပ်သံကြောင့် ကိုမင်းရော သူရော မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ကို မပီမသဖန်တီးထားလိုက်ကြသည်။
" အင်း ကိုမင်း တစ်နေရာက စောင့်နေ ဖွေး သူတို့ကို Coffee ရအောင် တိုက်မယ် "
" ဒါဆို ကိုယ် ဟိုအခန်းထဲကနေ စောင့်ကြည့်နေမယ် ဖွေး "
နန်းမဟာဖွေး ခေါင်းသာ ငြိမ့်ပြလိုက်သည် ။ ကိုမင်း ရှိနေရင် ကုဋေက သူတို့ အကြံစည်ကို ရိပ်မိသွားမှာ ။
" ကိုကို "
" အင်းးးး လီယို "
အသံက မပွင့်တပွင့် နဲ့ ပင်ပန်းသွားပြီ ထင်တယ်။
" ဘာစားချင်လဲ ညစာ "
" ဟင့်အင်း "
မျက်လုံးကမပွင့်တော့ဘဲ သူမေးသမျှ ပြန်ဖြေနေသည့် ကိုကို ။
" အိပ်ချင်နေတာလား "
" အင်း "
" ညစာ ဘာစားချင်လဲ မစားလို့ မရဘူး တစ်ခုခု စားရမယ် အရည်ဖြစ်ဖြစ် သောက်ရမယ် "
"ဟင့်အင်း အိပ်မယ် အိပ်မယ် "
တစ်မနက်လုံးလည်း ဒီလောက် အိပ်ထားတာ ကို ကိုကိုက အခုလည်း အိပ်ပဲအိပ်ချင်နေတယ် ။
မင်္ဂလာ ဦးညမို့ ကိုကိုကသူ့ကိုရှောင်နေတာတော့မဟုတ်ဘူးမလား ။
" ဘုန်းဘေဘီ ! ဘာစားချင်လဲ "
" မင်း "
" ဘာ !!! ။ ဘာစားမယ် ပြန်ပြောလိုက်စမ်း "
" မင်း ဝယ်ကျွေးတာ စားမယ် လို့ ကိုယ် အိပ်ချင်နေပြီ လီယို ရာ မင်း ဘာဖြစ်နေတာလဲ "
ဟုတ်တယ် မနက်ကလည်း အစောကြီး နှိုးပြီးတော့ ရေထချိူးခိုင်းတာ ။ ဘုန်းဘေဘီ တကယ် ပင်ပန်းနေပြီ။
ညကြရင် လီယိုဆိုတဲ့ လူဆိုးကောင်က သူ့ကို အလွတ်ပေးမှာလည်း မဟုတ်ဘူး ။
" အိမ်ပြန်ရောက်ပြီ ဆင်းမယ် ။ လမ်းလျှောက်နိုင်လား ကိုကို ။ ချီသွားရမလား "
" ရတယ် ရတယ် အထဲရောက်တာနဲ့ တန်းအိပ်မှာနော် "
" ကိုကို "
" တန်းအိပ်မှာ တန်းအိပ်မှာ လို့ "
မနက်တုန်းကနဲ့ လားလားမျှမသက်ဆိုင်ဘဲ ကိုကို့ပုံစံက စုတ်ဖွားလေးဖြစ်နေတာကြောင့် Leo သဘောတကျ ပြုံးရသေးတယ် ။
ဒီနေ့ တစ်ရက်တော့ ဒီမှာပဲ နေပါစေတော့ မနက်ဖြန်ကစပြီး ရန်ကုန်ကို ခေါ်သွားတော့မယ် ။
" ကုဋေ အင့် "
အိမ်ထဲ ဝင်လိုက်တာနဲ့ နန်းမဟာဖွေးကငိုယိုပြီး လီယို့ ရင်ခွင်ထဲ အတင်းတိုးဝင်လာတာကြောင့် ဘုန်းဘေဘီမှာ အလိုလို နေရင်း ဘေးကပ်သွားရသည်။
" ကုဋေ မေမေလေ မေမေ အခြေနေဆိုးနေတယ် ဆေးရုံမှာ ဖွေးကို လိုက်ပို့ပါဦးနော် "
" မေမေလေး ဘာဖြစ်လို့လဲ ဟင် ဖွေး ဆေးရုံသွားမယ်လေ အာ့ဆို "
" ရတယ် ဘုန်းဘေဘီ ဖွေး ကုဋေ့ကိုပဲ ခေါ်သွားလိုက်မယ် နော် အရမ်းစိတ်ပူနေပြီ "
သူ့ကို ဖက်ထားတဲ့ နန်းမဟာဖွေး လက်တွေကို
လီယို ဖယ်ချကာ ကိုကို့ဘေးနားသွားရပ်လိုက်တယ်။
" ဘာဖြစ်လို့ ဆေးရုံရောက်သွားတာလဲ ။ မနန်းမဟာဖွေးရဲ့ အမေက မနေ့ကထိ အကောင်းကြီး မဟုတ်လား "
" ခုနလေးတင် ရောဂါထဖောက်ပြီး ဆေးရုံတင်လိုက်ရတာ ကုဋေ ။ မအိနဲ့ ကိုမင်းက လိုက်သွားပြီ ဖွေးက ကုဋေ့ကိုစောင့်နေတာတစ်ယောက်ထဲမသွားရဲလို့ "
" လိုက်ပို့ပေးလိုက်လေ လီယို ကိုယ်လည်း လိုက်မယ် "
ဘုန်းဘေဘီရဲ့ ကိုယ်လည်း လိုက်မယ် ဆိုတဲ့ စကားကြောင့် ဖွေး မျက်နှာပျက်သွားတာ ဘယ်သူမှမမြင်လိုက်။
" ရပါတယ် ဘုန်းဘေဘီက ပင်ပန်းနေတာ မလား ။ အိမ်မှာပဲ နေခဲ့လို့ ဖြစ်ပါတယ် ကုဋေက ဖွေးကို ဆေးရုံ ပို့ပေးပြီး မြန်မြန်အိမ်ပြန်လိုက်လေ "
" အင်း အဲ့လိုလည်း ဖြစ်ပါတယ် ကိုယ် အိမ်စောင့်နေခဲ့မယ်လေ လီယို ။ မင်း ဖွေးကို လိုက်ပို့ပေးလိုက် "
တစ်ချက်မငြင်းဘဲ လီယို ဆေးရုံကို လိုက်ပို့ဖို့လက်ခံလိုက်သည်။
" သွားမယ် မြန်မြန်လာ မနန်းမဟာဖွေး ။ ကိုကို ခဏပဲကြာမှာ အိပ်ချင်နေပြီ မလား အိပ်နှင့် ကိုကို ။ အခန်းတံခါး ကို သေချာ ပိတ်ထား "
အိပ်ချင်နေပြီတဲ့လား အတော်ပဲ ဘုန်းဘေဘီရေ နင့်ကို Coffee တိုက်ဖို့ လွယ်သွားတာပေါ့ အဟက် ။
" ဘုန်းဘေဘီက အိပ်ချင်နေလို့လား ဒါဆို ဖွေး Coffee ဖျော်ပေးထားတယ် သောက်လိုက်နော် ။ အိပ်မငိုက်တော့ဘူး "
" ကျေးဇူးပါ ဖွေး ။ လီယို သွားတော့ ကိုယ် စောင့်နေမယ် ညစာစားဖို့ "
လီယိုနဲ့ ဖွေး ထွက်သွားကာမှ ဘုန်းဘေဘီ coffee ခွက်ယူကာ အခန်းထဲ ဝင်လာလိုက်တယ် ။
" အဝတ်အစားတွေ အရင်လဲရမယ် "
ဝတ်ထားတဲ့ တိုက်ပုံနဲ့ ပုဆိုးကို ချွတ်ကာ လီယို ကိုယ်တိုင် Designer အမတွေဆီ အပ်ပေးထားတဲ့ ဝါးချည်နဲ့ချုပ်ထားတဲ့ အိမ်နေရင်း ဘောင်းဘီ အတို အဝါရောင် နဲ့ အင်္ကျီ လက်တိုအဝါခါးရှည်လေးကိုဝတ်လိုက်သည်။
အဝတ်အစားလဲပြီး နဖူးမှာ ကျနေတဲ့ ဆံပင်ပျော့ပျော့လေးတွေကို လီယိုစည်းပေးနေကြအတိုင်းသားရေကွင်းအကြည်လေးနဲ့ထိပ်မှာစုစည်းထားလိုက်တယ်။
ပြီးမှ Coffee ကို အကုန်ပြောင်စင်အောင် သောက်ပြီး ဆေးဖို့ အခန်းထဲ နေ ပြန်ထွက်လာလိုက်သည်။
ဘေစင်မှာ Coffee ခွက်ဆေးနေတုန်း အနောက်ကနေ တစ်ယောက်ယောက် က စိုက်ကြည့်နေသလို ခံစားရတာကြောင့် ဘုန်းဘေဘီ နောက်
လှည့်ကြည့်လိုက်တော့ ကိုမင်း ။
" ငယ်လေး "
" ခင်ဗျား ဘာလို့ ဒီမှာ ရှိနေတာလဲ ကိုမင်း "
" ကိုယ်က အစောကြီးထဲက ဒီနေရာမှာ ပဲ ရှိနေခဲ့တာ ငယ်လေးရယ် ။ ငယ်လေးသာမြင်အောင်မကြည့်ခဲ့တာ "
အနားကို တဖြည်းဖြည်း ကပ်လာသော ကိုမင်းကြောင့် ဘုန်းဘေဘီ လည်း ခြင်းထဲက ကတ်ကြေးကိုအသင့်ကိုင်ထားလိုက်သည်။
" ခင်ဗျား ကျက်သရေ မရှိတဲ့ စကားတွေ လာမပြောနဲ့ "
" ကိုယ်နဲ့ ငယ်လေး ပျော်ချင်လား ။ ငယ်လေး ယောကျ်ားလည်း အခုလောက်ဆို ငယ်လေး ညီမလေး နန်းမဟာဖွေးနဲ့ သာယာနေလောက်ပြီ"
သူနဲ့ဖွေးစီစဥ်ထားတဲ့အတိုင်း ဖြစ်လာတော့ အတိုင်းထက်အလွန်ပျော်ပြီပေါ့ ။
" ကြီးမြတ်ကုဋေချီ ကိုများ ခင်ဗျားက အထင်သေးတဲ့စကားတွေ ပြောရဲတယ် ။ သူက ခင်ဗျား လို လူယုတ်မာ မဟုတ်ဘူး "
လီယို့ကို အထင်သေးသလိုပြောတာတွေကို ဘုန်းဘေဘီ လုံးဝသဘောမကျ။ သူထိန်းလာခဲ့တဲ့ ကလေးရဲ့ စိတ်ကို အများကြီး မဟုတ်တောင် သူသိသင့်သလောက် သိတယ် ။
" ကိုယ် ပြောတာ ယုံ ငယ်လေး ။ ဖွေးက ငယ်လေးယောကျ်ားနဲ့ ပျော်နေတဲ့ အချိန် ငယ်လေးကလည်း အားကျမခံ ကိုယ်နဲ့ ပြန်ပြီး ပျော်ပြလိုက် "
" ခင်ဗျား ! "
ခေါင်းထဲမှာ ရီဝေဝေနဲ့ တရိပ်ရိပ်မူးလာ၍ ဘုန်းဘေဘီ ဘေစင်ကိုအမြန်လက်ထောက်လိုက်ရသည်။
" ငယ်လေး စိတ်လျှော့ ။ ကိုယ် ငယ်လေးကို လုပ်ပေးစရာ ရှိသေးတယ် ဟား ဟား "
မင်းမင်း ဆေးထိုးအပ်ကို ကိုင်ကာ ငယ်လေးအနား ခပ်ဖြေးဖြေးသာလျှောက်သွားလိုက်တယ်။
" ငယ်လေးကိုယ်တိုင် ကိုယ့်ကို လိုလိုချင်ချင် နဲ့ တောင်းဆိုလာမှာ သိရဲ့လား "
" လူယုတ်မာ "
အမြင်အာရုံက မြင်ရတစ်ချက်မမြင်ရတစ်ချက်ဖြစ်နေတာမို့ ဘုန်းဘေဘီ လူရိပ်တွေ့တာနဲ့ ကတ်ကြေးနဲ့ မှန်းပြီး ထိုးချလိုက်သည် ။
" အားးးးး ဘုန်းဘေဘီ "
ဘယ်ကို ထိသွားလဲ မသိပေမယ့် အကြီးအကျယ် ဒဏ်ရာရသွားပါစေလို့သာ ဘုန်းဘေဘီ ဆုတောင်းမိတယ် ။
" အာ့ "
လက်မှာ စူးခနဲ ဖြစ်သွားတာမို့ ဆေးထိုးခံလိုက်ရမှန်း သိလိုက်ပြီ ။
" ဘာတတ်နိုင်သေးလဲ ငါမင်းကို ကောင်းကောင်း ပြောနေတယ် ငါနဲ့အိပ်ပါဆိုတာကို အခုတော့ ကြမ်းမှရတော့မယ် ဘုန်းဘေဘီ အားးးးးးး "
" သွားသေလိုက် ခင်ဗျား "
ခွကြားကို ဘုန်းဘေဘီ ရှိသမျှ အားနဲ့တိုက်ကာ ထွက်ပြေးလာလိုက်သည်။
ဝေဝေဝါးဝါးနဲ့သာ ပြေးလာရတာမို့ လမ်းမှာ တွေ့သမျှ ပစ္စည်းမှန်သမျှ အကုန်ဝင်တိုက်မိကာ ပစ်လဲကျတော့တယ်။
မထူးတော့မယ့် အတူတူ ဘုန်းဘေဘီ တွေ့တဲ့အခန်းထဲ ဝင်ကာ တံခါးကို ချက်ဂျထားလိုက်သည်။
" မြန်မြန်ပြန်လာပါတော့ လီယိုရယ် "
ထိုးခံထားရတဲ့ ဆေးအရှိန်ကြောင့်ပဲလားမသိ အတွင်းထဲက ပူတက်လာကာ စိတ်တွေက မရိုးမယွ ဖြစ်လာတယ်။
ဒုန်း !
" ငယ်လေး တံခါးဖွင့်စမ်း ကိုယ်ပြောနေတယ် "
" မဖွင့်ဘူး ခင်ဗျား ထွက်သွား ကိုမင်း "
ဒုန်း ! ဒုန်း !
တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်နေသောကိုမင်းကြောင့် သူ လီယို မြန်မြန် ပြန်လာပါတော့ လို့သာတွေးမိတယ်။
" ဟင်းးးးး "
အခု သူ Mephedrone ဆိုတဲ့ စိတ်ကြွဆေး တစ်မျိုး အထိုးခံလိုက်ရတာပဲ ။
လိင်ဆံဆက်ဖို့အတွက် အများစုကအသုံးပြုကြတဲ့စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး တရားမဝင်ဘူး မဟုတ်လား ။
" ငယ်လေး ကိုယ့်ကို လိုအပ်နေတယ် မလား မငြင်းပါနဲ့ ကွာ တံခါးလေးပဲ ဖွင့်ပေး "
" ခင်ဗျား ပါးစပ်ပိတ်ထား ကိုမင်း "
" မင်း လိုအပ်နေတယ်မဟုတ်ဘူးလား ဘုန်းဘေဘီ ။ ငါ့ကို တံခါးဖွင့်ပေးလိုက်ရင် မင်းရောငါရောအဆင်ပြေသွားမယ်လေ ဘာလို့ တွေဝေနေတာလဲ "
" လိုအပ်နေတယ် ဆိုရင်တောင် ကျွန်တော့်ခင်ပွန်းကလွဲ ပြီး ဘယ်ကောင်နဲ့မှဆက်ဆံမှာမဟုတ်ဘူး ။ "
နားထဲမှာ ရွံစရာ ကောင်းတဲ့ လူရဲ့ အသံကို မကြားချင်တော့၍ ဘုန်းဘေဘီ နားကို လက်နှစ်ဖက်နဲ့အုပ်ထားလိုက်သည်။
တောင့်ခံထားနိုင်သလောက် တောင့်ခံထားမယ် လီယို မင်းက မြန်မြန်ပြန်လာပေးပါ ။
ဆေးရုံသွားတဲ့ လမ်းမဟုတ်ဘဲ မြို့ပြင်သွားတဲ့လမ်းဖြစ်နေတာကြောင့် နန်းမဟာဖွေး ကုဋေ့ကို အသာငဲ့ကြည့်မိသည်။
" ကုဋေ ဖွေးကို ဘယ်ခေါ်လာတာလဲဟင် "
" ရောက်ရင် သိလိမ့်မယ် "
ဒီစကားတစ်ခွန်းသာ ပြောပြီး ကားဆက်မောင်းနေသူကြောင့် နန်းမဟာဖွေး မနေနိုင်တော့။
ဝတ်ထားတဲ့ အနွေးထည် ကို ဆွဲချွတ်ကာ ပြတင်းပေါက် ကနေ အပြင်ဘက်ကိုလွင့်ပစ်လိုက်သည် ။
" ဖွေးကို ကြည့် မေမေဆေးရုံတက်ရတယ်ဆိုတာ ဖွေးညာပြောတာ ကုဋေ ။ အခုလို ကုဋေနဲ့ နှစ်ယောက်ထဲ ရှိနေချင်လို့ ။ ဘုန်းဘေဘီက အခုဆို ကိုမင်းနဲ့အဆင်ပြေနေလောက်ပြီ ကုဋေ ။သူတို့ Sex တောင်ဖြစ်ပြီးသွားလောက်ပြီ အာ့ကြောင့် ကုဋေက ဘုန်းဘေဘီကို ကွာရှင်းလိုက်တော့နော် "
တဖြည်းဖြည်း နဲ့ ပိုပြီး မြို့ပြင်ဘက်ရောက်လာသည်။
" ကုဋေ ဖွေးပြောတာ ကြားလား ဘုန်းဘေဘီက ကလေး မရနိုင်ဘူး "
" ဆင်းတော့ "
" ဟမ် "
" ဆင်းတော့လို့ ပြောတာ နားလည်လား "
" ကုဋေ "
" ကိုယ့်အသိစိတ်နဲ့ ကိုယ်ဆင်းမလား ဒါမှမဟုတ် ကျွန်တော် ဆောင့်ကန်ချရမလား မနန်းမဟာဖွေး "
" ဘာလို့လဲ ကုဋေ ဘုန်းဘေဘီ ဆီ ပြန်မသွားပါနဲ့နော် "
" ဆင်းလိုက်တော့ !!!! "
ကုဋေ့ ပုံစံက တစ်ကယ် ကန်ချမည့်ပုံစံ ဖြစ်နေတာမို့ နန်းမဟာဖွေး ကားပေါ်မှဆင်းလိုက်သည်။
မဟုတ်မှ ကုဋေက သူ့ကို မြို့ပြင်မှာ တစ်ယောက်ထဲ ထားခဲ့မလို့လား။
" ကုဋေ "
" အေးတော့ အေးပေမယ့် အနွေးထည် ကို
မနန်းမဟာဖွေးကိုယ်တိုင်လွင့်ပစ်ခဲ့တာဆိုတော့ ကံပဲပေါ့ ။ မြို့ထဲ ပြန်လာဖို့ အခုချိန်ကားတွေလည်း မရှိတော့ဘူး ။ Goodluck ဗျာ "
" မထားခဲ့ပါနဲ့ ကုဋေ "
" တစ်ခုပြောဖို့ ကျန်သေးတယ် ။ ကိုကိုနဲ့ ကျွန်တော့်ရဲ့ မင်္ဂလာ ဦးည က ခင်ဗျား နဲ့ကိုမင်းဆိုတဲ့မအေလိုးပေါင်းစီစဥ်ထားသလိုဖြစ်မလာတာတော့စိတ်မကောင်းဘူး"
" ကုဋေ "
သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ကုဋေကထွက်သွားလေပြီ ။
အကြံစည်တွေလည်းတစ်ခုမှမအောင်မြင်လိုက်။
ဒါဆို သူတို့စီစဥ်သမျှတွေ အကုန်သိနေခဲ့တာပေါ့ ။
___________
Coffee ခွက်ထဲ အိပ်ဆေးခတ်တာကအစ စိတ်ကြွဆေးတွေ သုံးပြီး သူနဲ့ကိုကို့ကို ဒုက္ခပေးဖို့ ကြံစည်တာအဆုံး လီယို သိနေခဲ့တယ်။
သူတို့မထင်လောက်တဲ့ လှည့်ကွက်နဲ့ သူတို့ကို ပြန်ပြီး တိုက်လိုက်တဲ့သဘောမျိုးပင်။
ကြားထဲမှာ ကိုကိုက ခဏပင်ပန်းခဲ့ရလို့ တောင်းပန်ပါတယ် ။
ကြီးမြတ်ကုဋေချီ အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း အပေါ်တက်သွားကာ အစောက CCTV မှာ မြင်ခဲ့ရတဲ့ ကိုကိုရှိတဲ့အခန်းရှေ့မှာ မတ်တပ်ရပ်လိုက်သည်။
" ကိုကို !!!"
မှိတ်ထားသော မျက်လုံး တွေကို အသာဖွင့်ကာ ဘုန်းဘေဘီ ကြည့်မိတယ် ။
" ကိုကို !!! "
လီယိုလား ပြန်လာပြီလား လီယို ။ ဘုန်းဘေဘီ အားတင်းပြီး ထရပ်ကာ တံခါးကို အရှိန်နဲ့ ဆွဲဖွင့်လိုက်သည်။
" ဘုန်းဘေဘီ "
ကိုကို့ ခြေထောက်တွေမှာလည်း ရှရာတွေရှိတဲ့အပြင် မျက်လုံးကလည်း ဖောင်းအစ်နေကာ ငိုထားမှန်းသိသာလှသည်။
သူ့လက်ဆန့်ပေးလိုက်တော့ ရင်ခွင်ထဲ ကို အပြေး ဝင်လာသူ ။
ရင်ခွင်ထဲ က ခန္ဓာကိုယ်သေးသေးလေး ကို လီယို တင်းတင်းကြပ်ကြပ်လေး ဖက်ထားမိသည်။
" မျှော်နေတာ သိရဲ့လား "
လီယို ခေါင်းငြိမ့်ပြတော့ ကိုကိုက ခါးကို ပြန်သိုင်းဖက်လာတယ် ။
" မောင့်ကို မျှော်နေခဲ့တာ မောင်သိရဲ့လား "
အသံအေးအေးလေးဖြင့် နားထဲကို မောင်ဟုခေါ်သံလေးက တိုးဖွဖွဝင်ရောက်လာသည်။
_________________________________________________________________
GarlicBoom
28/12/21
Zawgyi
Coffee ပူပူႏြေးႏြေးေလး တစ္ခြက္ ေဖ်ာ္ကာ နန္းမဟာေဖြး စားပြဲေပၚ တင္ထားလိုက္သည္။
" ေဖြး ေမတၱာေတြေၾကာင့္ ေသာက္လို႔ ေကာင္းမွာပါ ဘုန္းေဘဘီ "
ေစာင့္ၾကည့္လိုက္စမ္း ဘုန္းေဘဘီ နင္တို႔ မဂၤလာ ဦးည ဘာျဖစ္သြားမလဲလို႔ ။
နင့္ဘက္က အရင္စတဲ့ ဇာတ္လမ္းကို ငါကိုယ္တိုင္ အဆုံးသတ္ေပးမယ္ ။
" ဟား ဟား "
ဒီေန႕ပဲ လက္ထပ္တယ္ မနက္ျဖန္ ကြာရွင္းရေတာ့မွာကိုေတြးၿပီး နန္းမဟာေဖြး ခပ္ေလွာင္ေလွာင္ရယ္လိုက္တယ္။
" ေဖြး ရၿပီ ကိုယ္ ယူလာတယ္ "
ကိုမင္း အသံေၾကာင့္ နန္းမဟာေဖြး ေတြးလက္စအေတြးကို ရပ္ကာ ကိုမင္းလက္ထဲကေဆးကိုလွမ္းယူလိုက္သည္။
"ကိုယ္ သုံးမ်ိဳးေလာက္ ယူလာခဲ့တယ္ ေဖြး "
" သုံးမ်ိဳးႀကီးေတာင္ ဘာလုပ္ဖို႔လဲ ကိုမင္း ၿပီးေတာ့ ဘယ္တစ္မ်ိဳးကို သုံးရမွာလဲ ေျပာျပဦး "
လက္ထဲက ေဆးေတြကို ၾကည့္ၿပီး နန္းမဟာေဖြး ေမးလိုက္ေတာ့ ကိုမင္းက ရွင္းျပလာတယ္။
" ဒါက Mephedrone လို႔ ေခၚတယ္ ေဖြး ။ ဒီဟာက GHB / GBL ဒီတစ္ခုက Methamphetamine ။ အကုန္လုံး က ေတာ့ လိင္ စိတ္ကို အလြန္အမင္း တက္ႂကြေစၿပီးေတာ့ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္နိုင္စြမ္းကိုလည္း ေလ်ာ့သြားေစနိုင္တဲ့ေဆးေတြခ်ည္းပဲ "
" ဒါဆို ေဖြးတို႔ ဘယ္ဟာသုံးၾကမလဲ ကိုမင္း "
" ဘုန္းေဘဘီအတြက္ Mephedrone သုံးၿပီး ဟိုေကာင့္အတြက္က Methamphetamine သုံးၾကတာေပါ့ "
ေဆးထိုးအပ္ႏွစ္ခုရွိ၍ မင္းမင္း တစ္ခုကိုသူယူကာ တစ္ခုကို နန္းမဟာေဖြး အားေပးလိုက္တယ္။
" ေကာင္းၿပီ ေလ ေဖြး coffee ထဲမွာ အိပ္ေဆးခတ္ထားတယ္ ။ ဘုန္းေဘဘီ အိပ္ေပ်ာ္သြားတာ နဲ႕ အစီအစဥ္ စၾကတာေပါ့ ကိုမင္း "
" ကိုယ္ေတာ့ အခုခ်က္ခ်င္း ပဲ အစီအစဥ္ စလိုက္ခ်င္တယ္ ဘုန္းေဘဘီလို အလွအပေလးကို အပိုင္သိမ္းဖို႔အတြက္ အခ်ိန္မေစာင့္ခ်င္ေတာ့ဘူး။ ဒါနဲ႕ ဟို ေရွးအာဏာစက္ ဆိုတဲ့ ဘိုးေတာ္ေရာ ေဖြးဘယ္လိုလုပ္ထားလဲ "
" သူ႕ကို ရွင္းစရာ ေတာင္ မလိုဘူး သူ႕ အတြင္းေရးမႉး လာေခၚသြားတယ္ ။ အလုပ္ကိစၥ ေျပာစရာ ရွိတယ္ ဆိုၿပီး ေဖြး တို႔ သူ႕ကို ဂ႐ုစိုက္ဖို႔ မလိုဘူး ကိုမင္း "
" အသံ ၾကားတယ္ ေဖြး လာၿပီ ထင္တယ္ သူတို႔ "
ၿခံေရွ႕မွ ကားရပ္သံေၾကာင့္ ကိုမင္းေရာ သူေရာ မ်က္ႏွာေပၚမွာ အၿပဳံးတစ္ပြင့္ကို မပီမသဖန္တီးထားလိုက္ၾကသည္။
" အင္း ကိုမင္း တစ္ေနရာက ေစာင့္ေန ေဖြး သူတို႔ကို Coffee ရေအာင္ တိုက္မယ္ "
" ဒါဆို ကိုယ္ ဟိုအခန္းထဲကေန ေစာင့္ၾကည့္ေနမယ္ ေဖြး "
နန္းမဟာေဖြး ေခါင္းသာ ၿငိမ့္ျပလိုက္သည္ ။ ကိုမင္း ရွိေနရင္ ကုေဋက သူတို႔ အႀကံစည္ကို ရိပ္မိသြားမွာ ။
" ကိုကို "
" အင္းးးး လီယို "
အသံက မပြင့္တပြင့္ နဲ႕ ပင္ပန္းသြားၿပီ ထင္တယ္။
" ဘာစားခ်င္လဲ ညစာ "
" ဟင့္အင္း "
မ်က္လုံးကမပြင့္ေတာ့ဘဲ သူေမးသမွ် ျပန္ေျဖေနသည့္ ကိုကို ။
" အိပ္ခ်င္ေနတာလား "
" အင္း "
" ညစာ ဘာစားခ်င္လဲ မစားလို႔ မရဘူး တစ္ခုခု စားရမယ္ အရည္ျဖစ္ျဖစ္ ေသာက္ရမယ္ "
"ဟင့္အင္း အိပ္မယ္ အိပ္မယ္ "
တစ္မနက္လုံးလည္း ဒီေလာက္ အိပ္ထားတာ ကို ကိုကိုက အခုလည္း အိပ္ပဲအိပ္ခ်င္ေနတယ္ ။
မဂၤလာ ဦးညမို႔ ကိုကိုကသူ႕ကိုေရွာင္ေနတာေတာ့မဟုတ္ဘူးမလား ။
" ဘုန္းေဘဘီ ! ဘာစားခ်င္လဲ "
" မင္း "
" ဘာ !!! ။ ဘာစားမယ္ ျပန္ေျပာလိုက္စမ္း "
" မင္း ဝယ္ေကြၽးတာ စားမယ္ လို႔ ကိုယ္ အိပ္ခ်င္ေနၿပီ လီယို ရာ မင္း ဘာျဖစ္ေနတာလဲ "
ဟုတ္တယ္ မနက္ကလည္း အေစာႀကီး ႏွိုးၿပီးေတာ့ ေရထခ်ိဴးခိုင္းတာ ။ ဘုန္းေဘဘီ တကယ္ ပင္ပန္းေနၿပီ။
ညၾကရင္ လီယိုဆိုတဲ့ လူဆိုးေကာင္က သူ႕ကို အလြတ္ေပးမွာလည္း မဟုတ္ဘူး ။
" အိမ္ျပန္ေရာက္ၿပီ ဆင္းမယ္ ။ လမ္းေလွ်ာက္နိုင္လား ကိုကို ။ ခ်ီသြားရမလား "
" ရတယ္ ရတယ္ အထဲေရာက္တာနဲ႕ တန္းအိပ္မွာေနာ္ "
" ကိုကို "
" တန္းအိပ္မွာ တန္းအိပ္မွာ လို႔ "
မနက္တုန္းကနဲ႕ လားလားမွ်မသက္ဆိုင္ဘဲ ကိုကို႔ပုံစံက စုတ္ဖြားေလးျဖစ္ေနတာေၾကာင့္ Leo သေဘာတက် ၿပဳံးရေသးတယ္ ။
ဒီေန႕ တစ္ရက္ေတာ့ ဒီမွာပဲ ေနပါေစေတာ့ မနက္ျဖန္ကစၿပီး ရန္ကုန္ကို ေခၚသြားေတာ့မယ္ ။
" ကုေဋ အင့္ "
အိမ္ထဲ ဝင္လိုက္တာနဲ႕ နန္းမဟာေဖြးကငိုယိုၿပီး လီယို႔ ရင္ခြင္ထဲ အတင္းတိုးဝင္လာတာေၾကာင့္ ဘုန္းေဘဘီမွာ အလိုလို ေနရင္း ေဘးကပ္သြားရသည္။
" ကုေဋ ေမေမေလ ေမေမ အေျခေနဆိုးေနတယ္ ေဆး႐ုံမွာ ေဖြးကို လိုက္ပို႔ပါဦးေနာ္ "
" ေမေမေလး ဘာျဖစ္လို႔လဲ ဟင္ ေဖြး ေဆး႐ုံသြားမယ္ေလ အာ့ဆို "
" ရတယ္ ဘုန္းေဘဘီ ေဖြး ကုေဋ့ကိုပဲ ေခၚသြားလိုက္မယ္ ေနာ္ အရမ္းစိတ္ပူေနၿပီ "
သူ႕ကို ဖက္ထားတဲ့ နန္းမဟာေဖြး လက္ေတြကို
လီယို ဖယ္ခ်ကာ ကိုကို႔ေဘးနားသြားရပ္လိုက္တယ္။
" ဘာျဖစ္လို႔ ေဆး႐ုံေရာက္သြားတာလဲ ။ မနန္းမဟာေဖြးရဲ႕ အေမက မေန႕ကထိ အေကာင္းႀကီး မဟုတ္လား "
" ခုနေလးတင္ ေရာဂါထေဖာက္ၿပီး ေဆး႐ုံတင္လိုက္ရတာ ကုေဋ ။ မအိနဲ႕ ကိုမင္းက လိုက္သြားၿပီ ေဖြးက ကုေဋ့ကိုေစာင့္ေနတာတစ္ေယာက္ထဲမသြားရဲလို႔ "
" လိုက္ပို႔ေပးလိုက္ေလ လီယို ကိုယ္လည္း လိုက္မယ္ "
ဘုန္းေဘဘီရဲ႕ ကိုယ္လည္း လိုက္မယ္ ဆိုတဲ့ စကားေၾကာင့္ ေဖြး မ်က္ႏွာပ်က္သြားတာ ဘယ္သူမွမျမင္လိုက္။
" ရပါတယ္ ဘုန္းေဘဘီက ပင္ပန္းေနတာ မလား ။ အိမ္မွာပဲ ေနခဲ့လို႔ ျဖစ္ပါတယ္ ကုေဋက ေဖြးကို ေဆး႐ုံ ပို႔ေပးၿပီး ျမန္ျမန္အိမ္ျပန္လိုက္ေလ "
" အင္း အဲ့လိုလည္း ျဖစ္ပါတယ္ ကိုယ္ အိမ္ေစာင့္ေနခဲ့မယ္ေလ လီယို ။ မင္း ေဖြးကို လိုက္ပို႔ေပးလိုက္ "
တစ္ခ်က္မျငင္းဘဲ လီယို ေဆး႐ုံကို လိုက္ပို႔ဖို႔လက္ခံလိုက္သည္။
" သြားမယ္ ျမန္ျမန္လာ မနန္းမဟာေဖြး ။ ကိုကို ခဏပဲၾကာမွာ အိပ္ခ်င္ေနၿပီ မလား အိပ္ႏွင့္ ကိုကို ။ အခန္းတံခါး ကို ေသခ်ာ ပိတ္ထား "
အိပ္ခ်င္ေနၿပီတဲ့လား အေတာ္ပဲ ဘုန္းေဘဘီေရ နင့္ကို Coffee တိုက္ဖို႔ လြယ္သြားတာေပါ့ အဟက္ ။
" ဘုန္းေဘဘီက အိပ္ခ်င္ေနလို႔လား ဒါဆို ေဖြး Coffee ေဖ်ာ္ေပးထားတယ္ ေသာက္လိုက္ေနာ္ ။ အိပ္မငိုက္ေတာ့ဘူး "
" ေက်းဇူးပါ ေဖြး ။ လီယို သြားေတာ့ ကိုယ္ ေစာင့္ေနမယ္ ညစာစားဖို႔ "
လီယိုနဲ႕ ေဖြး ထြက္သြားကာမွ ဘုန္းေဘဘီ coffee ခြက္ယူကာ အခန္းထဲ ဝင္လာလိုက္တယ္ ။
" အဝတ္အစားေတြ အရင္လဲရမယ္ "
ဝတ္ထားတဲ့ တိုက္ပုံနဲ႕ ပုဆိုးကို ခြၽတ္ကာ လီယို ကိုယ္တိုင္ Designer အမေတြဆီ အပ္ေပးထားတဲ့ ဝါးခ်ည္နဲ႕ခ်ဳပ္ထားတဲ့ အိမ္ေနရင္း ေဘာင္းဘီ အတို အဝါေရာင္ နဲ႕ အကၤ်ီ လက္တိုအဝါခါးရွည္ေလးကိုဝတ္လိုက္သည္။
အဝတ္အစားလဲၿပီး နဖူးမွာ က်ေနတဲ့ ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကို လီယိုစည္းေပးေနၾကအတိုင္းသားေရကြင္းအၾကည္ေလးနဲ႕ထိပ္မွာစုစည္းထားလိုက္တယ္။
ၿပီးမွ Coffee ကို အကုန္ေျပာင္စင္ေအာင္ ေသာက္ၿပီး ေဆးဖို႔ အခန္းထဲ ေန ျပန္ထြက္လာလိုက္သည္။
ေဘစင္မွာ Coffee ခြက္ေဆးေနတုန္း အေနာက္ကေန တစ္ေယာက္ေယာက္ က စိုက္ၾကည့္ေနသလို ခံစားရတာေၾကာင့္ ဘုန္းေဘဘီ ေနာက္
လွည့္ၾကည့္လိုက္ေတာ့ ကိုမင္း ။
" ငယ္ေလး "
" ခင္ဗ်ား ဘာလို႔ ဒီမွာ ရွိေနတာလဲ ကိုမင္း "
" ကိုယ္က အေစာႀကီးထဲက ဒီေနရာမွာ ပဲ ရွိေနခဲ့တာ ငယ္ေလးရယ္ ။ ငယ္ေလးသာျမင္ေအာင္မၾကည့္ခဲ့တာ "
အနားကို တျဖည္းျဖည္း ကပ္လာေသာ ကိုမင္းေၾကာင့္ ဘုန္းေဘဘီ လည္း ျခင္းထဲက ကတ္ေၾကးကိုအသင့္ကိုင္ထားလိုက္သည္။
" ခင္ဗ်ား က်က္သေရ မရွိတဲ့ စကားေတြ လာမေျပာနဲ႕ "
" ကိုယ္နဲ႕ ငယ္ေလး ေပ်ာ္ခ်င္လား ။ ငယ္ေလး ေယာက်္ားလည္း အခုေလာက္ဆို ငယ္ေလး ညီမေလး နန္းမဟာေဖြးနဲ႕ သာယာေနေလာက္ၿပီ"
သူနဲ႕ေဖြးစီစဥ္ထားတဲ့အတိုင္း ျဖစ္လာေတာ့ အတိုင္းထက္အလြန္ေပ်ာ္ၿပီေပါ့ ။
" ႀကီးျမတ္ကုေဋခ်ီ ကိုမ်ား ခင္ဗ်ားက အထင္ေသးတဲ့စကားေတြ ေျပာရဲတယ္ ။ သူက ခင္ဗ်ား လို လူယုတ္မာ မဟုတ္ဘူး "
လီယို႔ကို အထင္ေသးသလိုေျပာတာေတြကို ဘုန္းေဘဘီ လုံးဝသေဘာမက်။ သူထိန္းလာခဲ့တဲ့ ကေလးရဲ႕ စိတ္ကို အမ်ားႀကီး မဟုတ္ေတာင္ သူသိသင့္သေလာက္ သိတယ္ ။
" ကိုယ္ ေျပာတာ ယုံ ငယ္ေလး ။ ေဖြးက ငယ္ေလးေယာက်္ားနဲ႕ ေပ်ာ္ေနတဲ့ အခ်ိန္ ငယ္ေလးကလည္း အားက်မခံ ကိုယ္နဲ႕ ျပန္ၿပီး ေပ်ာ္ျပလိုက္ "
" ခင္ဗ်ား ! "
ေခါင္းထဲမွာ ရီေဝေဝနဲ႕ တရိပ္ရိပ္မူးလာ၍ ဘုန္းေဘဘီ ေဘစင္ကိုအျမန္လက္ေထာက္လိုက္ရသည္။
" ငယ္ေလး စိတ္ေလွ်ာ့ ။ ကိုယ္ ငယ္ေလးကို လုပ္ေပးစရာ ရွိေသးတယ္ ဟား ဟား "
မင္းမင္း ေဆးထိုးအပ္ကို ကိုင္ကာ ငယ္ေလးအနား ခပ္ေျဖးေျဖးသာေလွ်ာက္သြားလိုက္တယ္။
" ငယ္ေလးကိုယ္တိုင္ ကိုယ့္ကို လိုလိုခ်င္ခ်င္ နဲ႕ ေတာင္းဆိုလာမွာ သိရဲ႕လား "
" လူယုတ္မာ "
အျမင္အာ႐ုံက ျမင္ရတစ္ခ်က္မျမင္ရတစ္ခ်က္ျဖစ္ေနတာမို႔ ဘုန္းေဘဘီ လူရိပ္ေတြ႕တာနဲ႕ ကတ္ေၾကးနဲ႕ မွန္းၿပီး ထိုးခ်လိဳက္သည္ ။
" အားးးးး ဘုန္းေဘဘီ "
ဘယ္ကို ထိသြားလဲ မသိေပမယ့္ အႀကီးအက်ယ္ ဒဏ္ရာရသြားပါေစလို႔သာ ဘုန္းေဘဘီ ဆုေတာင္းမိတယ္ ။
" အာ့ "
လက္မွာ စူးခနဲ ျဖစ္သြားတာမို႔ ေဆးထိုးခံလိုက္ရမွန္း သိလိုက္ၿပီ ။
" ဘာတတ္နိုင္ေသးလဲ ငါမင္းကို ေကာင္းေကာင္း ေျပာေနတယ္ ငါနဲ႕အိပ္ပါဆိုတာကို အခုေတာ့ ၾကမ္းမွရေတာ့မယ္ ဘုန္းေဘဘီ အားးးးးးး "
" သြားေသလိုက္ ခင္ဗ်ား "
ခြၾကားကို ဘုန္းေဘဘီ ရွိသမွ် အားနဲ႕တိုက္ကာ ထြက္ေျပးလာလိုက္သည္။
ေဝေဝဝါးဝါးနဲ႕သာ ေျပးလာရတာမို႔ လမ္းမွာ ေတြ႕သမွ် ပစၥည္းမွန္သမွ် အကုန္ဝင္တိုက္မိကာ ပစ္လဲက်ေတာ့တယ္။
မထူးေတာ့မယ့္ အတူတူ ဘုန္းေဘဘီ ေတြ႕တဲ့အခန္းထဲ ဝင္ကာ တံခါးကို ခ်က္ဂ်ထားလိုက္သည္။
" ျမန္ျမန္ျပန္လာပါေတာ့ လီယိုရယ္ "
ထိုးခံထားရတဲ့ ေဆးအရွိန္ေၾကာင့္ပဲလားမသိ အတြင္းထဲက ပူတက္လာကာ စိတ္ေတြက မရိုးမယြ ျဖစ္လာတယ္။
ဒုန္း !
" ငယ္ေလး တံခါးဖြင့္စမ္း ကိုယ္ေျပာေနတယ္ "
" မဖြင့္ဘူး ခင္ဗ်ား ထြက္သြား ကိုမင္း "
ဒုန္း ! ဒုန္း !
တံခါးကို ေျခေထာက္နဲ႕ ေဆာင့္ကန္ေနေသာကိုမင္းေၾကာင့္ သူ လီယို ျမန္ျမန္ ျပန္လာပါေတာ့ လို႔သာေတြးမိတယ္။
" ဟင္းးးးး "
အခု သူ Mephedrone ဆိုတဲ့ စိတ္ႂကြေဆး တစ္မ်ိဳး အထိုးခံလိုက္ရတာပဲ ။
လိင္ဆံဆက္ဖို႔အတြက္ အမ်ားစုကအသုံးျပဳၾကတဲ့စိတ္ႂကြေဆးတစ္မ်ိဳးျဖစ္ၿပီး တရားမဝင္ဘူး မဟုတ္လား ။
" ငယ္ေလး ကိုယ့္ကို လိုအပ္ေနတယ္ မလား မျငင္းပါနဲ႕ ကြာ တံခါးေလးပဲ ဖြင့္ေပး "
" ခင္ဗ်ား ပါးစပ္ပိတ္ထား ကိုမင္း "
" မင္း လိုအပ္ေနတယ္မဟုတ္ဘူးလား ဘုန္းေဘဘီ ။ ငါ့ကို တံခါးဖြင့္ေပးလိုက္ရင္ မင္းေရာငါေရာအဆင္ေျပသြားမယ္ေလ ဘာလို႔ ေတြေဝေနတာလဲ "
" လိုအပ္ေနတယ္ ဆိုရင္ေတာင္ ကြၽန္ေတာ့္ခင္ပြန္းကလြဲ ၿပီး ဘယ္ေကာင္နဲ႕မွဆက္ဆံမွာမဟုတ္ဘူး ။ "
နားထဲမွာ ႐ြံစရာ ေကာင္းတဲ့ လူရဲ႕ အသံကို မၾကားခ်င္ေတာ့၍ ဘုန္းေဘဘီ နားကို လက္ႏွစ္ဖက္နဲ႕အုပ္ထားလိုက္သည္။
ေတာင့္ခံထားနိုင္သေလာက္ ေတာင့္ခံထားမယ္ လီယို မင္းက ျမန္ျမန္ျပန္လာေပးပါ ။
ေဆး႐ုံသြားတဲ့ လမ္းမဟုတ္ဘဲ ၿမိဳ႕ျပင္သြားတဲ့လမ္းျဖစ္ေနတာေၾကာင့္ နန္းမဟာေဖြး ကုေဋ့ကို အသာငဲ့ၾကည့္မိသည္။
" ကုေဋ ေဖြးကို ဘယ္ေခၚလာတာလဲဟင္ "
" ေရာက္ရင္ သိလိမ့္မယ္ "
ဒီစကားတစ္ခြန္းသာ ေျပာၿပီး ကားဆက္ေမာင္းေနသူေၾကာင့္ နန္းမဟာေဖြး မေနနိုင္ေတာ့။
ဝတ္ထားတဲ့ အႏြေးထည္ ကို ဆြဲခြၽတ္ကာ ျပတင္းေပါက္ ကေန အျပင္ဘက္ကိုလြင့္ပစ္လိုက္သည္ ။
" ေဖြးကို ၾကည့္ ေမေမေဆး႐ုံတက္ရတယ္ဆိုတာ ေဖြးညာေျပာတာ ကုေဋ ။ အခုလို ကုေဋနဲ႕ ႏွစ္ေယာက္ထဲ ရွိေနခ်င္လို႔ ။ ဘုန္းေဘဘီက အခုဆို ကိုမင္းနဲ႕အဆင္ေျပေနေလာက္ၿပီ ကုေဋ ။သူတို႔ Sex ေတာင္ျဖစ္ၿပီးသြားေလာက္ၿပီ အာ့ေၾကာင့္ ကုေဋက ဘုန္းေဘဘီကို ကြာရွင္းလိုက္ေတာ့ေနာ္ "
တျဖည္းျဖည္း နဲ႕ ပိုၿပီး ၿမိဳ႕ျပင္ဘက္ေရာက္လာသည္။
" ကုေဋ ေဖြးေျပာတာ ၾကားလား ဘုန္းေဘဘီက ကေလး မရနိုင္ဘူး "
" ဆင္းေတာ့ "
" ဟမ္ "
" ဆင္းေတာ့လို႔ ေျပာတာ နားလည္လား "
" ကုေဋ "
" ကိုယ့္အသိစိတ္နဲ႕ ကိုယ္ဆင္းမလား ဒါမွမဟုတ္ ကြၽန္ေတာ္ ေဆာင့္ကန္ခ်ရမလား မနန္းမဟာေဖြး "
" ဘာလို႔လဲ ကုေဋ ဘုန္းေဘဘီ ဆီ ျပန္မသြားပါနဲ႕ေနာ္ "
" ဆင္းလိုက္ေတာ့ !!!! "
ကုေဋ့ ပုံစံက တစ္ကယ္ ကန္ခ်မည့္ပုံစံ ျဖစ္ေနတာမို႔ နန္းမဟာေဖြး ကားေပၚမွဆင္းလိုက္သည္။
မဟုတ္မွ ကုေဋက သူ႕ကို ၿမိဳ႕ျပင္မွာ တစ္ေယာက္ထဲ ထားခဲ့မလို႔လား။
" ကုေဋ "
" ေအးေတာ့ ေအးေပမယ့္ အႏြေးထည္ ကို
မနန္းမဟာေဖြးကိုယ္တိုင္လြင့္ပစ္ခဲ့တာဆိုေတာ့ ကံပဲေပါ့ ။ ၿမိဳ႕ထဲ ျပန္လာဖို႔ အခုခ်ိန္ကားေတြလည္း မရွိေတာ့ဘူး ။ Goodluck ဗ်ာ "
" မထားခဲ့ပါနဲ႕ ကုေဋ "
" တစ္ခုေျပာဖို႔ က်န္ေသးတယ္ ။ ကိုကိုနဲ႕ ကြၽန္ေတာ့္ရဲ႕ မဂၤလာ ဦးည က ခင္ဗ်ား နဲ႕ကိုမင္းဆိုတဲ့မေအလိုးေပါင္းစီစဥ္ထားသလိုျဖစ္မလာတာေတာ့စိတ္မေကာင္းဘူး"
" ကုေဋ "
သူ႕ကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ဘဲ ကုေဋကထြက္သြားေလၿပီ ။
အႀကံစည္ေတြလည္းတစ္ခုမွမေအာင္ျမင္လိုက္။
ဒါဆို သူတို႔စီစဥ္သမွ်ေတြ အကုန္သိေနခဲ့တာေပါ့ ။
___________
Coffee ခြက္ထဲ အိပ္ေဆးခတ္တာကအစ စိတ္ႂကြေဆးေတြ သုံးၿပီး သူနဲ႕ကိုကို႔ကို ဒုကၡေပးဖို႔ ႀကံစည္တာအဆုံး လီယို သိေနခဲ့တယ္။
သူတို႔မထင္ေလာက္တဲ့ လွည့္ကြက္နဲ႕ သူတို႔ကို ျပန္ၿပီး တိုက္လိုက္တဲ့သေဘာမ်ိဳးပင္။
ၾကားထဲမွာ ကိုကိုက ခဏပင္ပန္းခဲ့ရလို႔ ေတာင္းပန္ပါတယ္ ။
ႀကီးျမတ္ကုေဋခ်ီ အိမ္ျပန္ေရာက္တာနဲ႕ ခ်က္ခ်င္း အေပၚတက္သြားကာ အေစာက CCTV မွာ ျမင္ခဲ့ရတဲ့ ကိုကိုရွိတဲ့အခန္းေရွ႕မွာ မတ္တပ္ရပ္လိုက္သည္။
" ကိုကို !!!"
မွိတ္ထားေသာ မ်က္လုံး ေတြကို အသာဖြင့္ကာ ဘုန္းေဘဘီ ၾကည့္မိတယ္ ။
" ကိုကို !!! "
လီယိုလား ျပန္လာၿပီလား လီယို ။ ဘုန္းေဘဘီ အားတင္းၿပီး ထရပ္ကာ တံခါးကို အရွိန္နဲ႕ ဆြဲဖြင့္လိုက္သည္။
" ဘုန္းေဘဘီ "
ကိုကို႔ ေျခေထာက္ေတြမွာလည္း ရွရာေတြရွိတဲ့အျပင္ မ်က္လုံးကလည္း ေဖာင္းအစ္ေနကာ ငိုထားမွန္းသိသာလွသည္။
သူ႕လက္ဆန့္ေပးလိုက္ေတာ့ ရင္ခြင္ထဲ ကို အေျပး ဝင္လာသူ ။
ရင္ခြင္ထဲ က ခႏၶာကိုယ္ေသးေသးေလး ကို လီယို တင္းတင္းၾကပ္ၾကပ္ေလး ဖက္ထားမိသည္။
" ေမွ်ာ္ေနတာ သိရဲ႕လား "
လီယို ေခါင္းၿငိမ့္ျပေတာ့ ကိုကိုက ခါးကို ျပန္သိုင္းဖက္လာတယ္ ။
" ေမာင့္ကို ေမွ်ာ္ေနခဲ့တာ ေမာင္သိရဲ႕လား "
အသံေအးေအးေလးျဖင့္ နားထဲကို ေမာင္ဟုေခၚသံေလးက တိုးဖြဖြဝင္ေရာက္လာသည္။
_________________________________________________________________
GarlicBoom
28/12/21