Shun ၏ မွတ္ဉာဏ္ထဲတြင္ အသံုးဝင္သၫ့္အခ်က္အလက္ဟူ၍ သိပ္မရိွသၫ့္အျပင္ ဒီကမ႓ာ၏ အခ်က္အလက္မွာလဲ ေသးငယ္လြန္းသၫ့္အစိတ္အပိုင္းမ်ွသာျဖစ္သျဖင့္ ေလ့လာဖို႔အခ်ိန္ယူရံုကလြဲ၍ တျခားမရိွေခ် ။ ဒါေတာင္မွ အသံုးဝင္လြန္းသၫ့္အခ်က္အလက္မ်ားမွာ အဆင့္ျမင့္သၫ့္ မိသားစုမ်ားသာ သိႏိုင္သျဖင့္ သူ႔တြင္ အဆင့္အတန္းတစ္ခုရိွရန္လိုအပ္ေနသည္ ။ အဆင့္အတန္းခြဲျခားလြန္းသၫ့္ ဤကမ႓ာတြင္ သူ႔လို မိဘမဲ့က ဘြဲ႔တစ္ခုရဖို႔ ႀကိဳးစားျခင္းသည္ အလြန္ခက္ခဲလွသည္ ။
" မင္းက ဘာလို႔ဒီမွာရိွေနေသးတာလဲ ? " ရွင္းလင္းခံထားရသၫ့္အေဆာက္အအံုေရ႔ွတြင္ ငုတ္တုပ္ထိုင္ကာ ေျမေပၚတြင္ ဟိုျခစ္ဒီျခစ္လုပ္ေနသၫ့္ Andoshi အား ေမးလိုက္သည္။
" မင္းကေရာ ဘာျပန္လာလုပ္တာလဲ ? " Andoshi က Shun အား ျမင္လိုက္ရသျဖင့္ အံ့ဩေပ်ာ္ရြင္သြားေသာ္လည္း ျပန္လည္ေမးခြန္းထုတ္လိုက္သည္ ။ သူ႔အၾကၫ့္က Shun ၏ လက္တြင္ ပတ္ထားသၫ့္ ပတ္တီးအျဖဴမ်ားကို ေတြ့သၫ့္အခါ ေတာင့္တင္းသြားသည္ ။ " ဘာ.. ဘာျဖစ္ခဲ့.."
ဂြီ!! ဂြီ!!
စကားမဆံုးေသးျမည္လာသၫ့္ဗိုက္ေၾကာင့္ တံေတြးတစ္ခ်က္ၿမိဳခ်လိုက္ၿပီး အားတင္းကာ ၿပံဳးျပလိုက္သည္ ။ " Shun သူငယ္ခ်င္းေလး .. စားစရာမ်ားမရိွဘူးလား .."
Shun က သယ္လာေသာအထုပ္အား ပစ္ေပးလိုက္ၿပီး ျပန္ၿပံဳးျပလိုက္သည္ ။ " ငါဖမ္းလာတာဆိုေတာ့ မင္းျပင္ဆင္လိုက္ " ေတာနက္ျဖစ္ရာ သားေကာင္မ်ားေပါမ်ားေသာေၾကာင့္ အႏၲရယ္ႀကီးမားလွသည္ ။ သူ႔လို ေငြမရိွသၫ့္သူအတြက္ စားစရာဟူသည္မွာ ဒါသာရိွသည္ ။ ေဈးထဲတြင္ေရာင္းစား၍ရေသာ္လည္း သူက ထပ္မံမသြားလိုေတာ့ေပ ။
တကယ္ေတာ့ Andoshi သည္ သူ႔အားဤသို႔ မေျပာလ်ွင္ေတာင္ သူကိုယ္တိုင္လုပ္မွာျဖစ္သည္ ။ Shun ယူလာျခင္းဆိုသၫ့္အေၾကာင္းထက္ ထိုအေကာင္ခ်က္သၫ့္အစားအစာမ်ားအား ထပ္မံမစားႏိုင္ေသာေၾကာင့္ပင္။
" မင္းက ဘာကိစၥဒီမွာရိွေနေသးတာလဲ .." Shun က အသားကင္တစ္ခုအား ေကာက္ယူလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ ထပ္ေမးလိုက္သည္ ။ Andoshi ၏ စိတ္ပ်က္လက္ပ်က္အမႈအရာအား သူကလံုးဝ လစ္လ်ဳရႈထားခဲ့သည္ ။
" ဘာကမွာလဲ .. ႀကီးျမတ္လွတဲ့သခင္ေလးေတြအတြက္ ကြၽန္ေတာ္မ်ိဳးက အသံုးမဝင္လို႔ေနမွာေပါ့ .." Andoshi ၏ မ်က္ႏွာက ေျပာရင္းမည္းေမွာင္လာသည္ ။ နစ္နာသူေတြအကုန္လံုးကို ကယ္တင္သြားေသာ္လည္း သူ႔အားဘာေၾကာင့္ထားခဲ့လဲ လံုးဝနားမလည္ႏိုင္ေပ ။ Shun က ဘာမွဆက္မေမးေတာ့ဘဲ Andoshi အား တစ္ခ်က္ၾကၫ့္လိုက္ၿပီး ဘာမွမေျပာေတာ့ေပ ။ စကားဝိုင္းသည္ တိတ္ဆိတ္သြားၿပီး မီးပံုမွ မီးသံတစ္ဖ်တ္ဖ်တ္သာ ၾကားေနရသည္ ။
Andoshi က သူသိသၫ့္လူနဲ႔ လံုးဝျခားနားေနသၫ့္ Shun အား တစ္ခ်က္ၾကၫ့္လိုက္သည္။ " ေဟး .."
" အင္း "
သစ္ပင္အား မွီကာ မ်က္စိမိွတ္ထားၿပီး ပ်င္းတိပ်င္းရြဲ႔ေျဖလာသၫ့္ သူထံမွ အၾကၫ့္လြဲလိုက္ၿပီး နက္ေမွာင္ေနၿပီျဖစ္သၫ့္ ေကာင္းကင္အား ေမာ့ၾကၫ့္လိုက္သည္ ။ " ငါေျပာတာ နားေထာင္ေပးမလား .."
" No "
တလြမ္းတေဆြးျဖင့္ ေနာက္ေၾကာင္းျပန္ေျပာရန္စီစဉ္ထားေသာ Andoshi မွာ နင္သြားေတာ့သည္ ။
' ေခြးေကာင္ '
စားေသာက္ၿပီးခ်ိန္တြင္ အႏၲရယ္ကင္းဖို႔ရန္ သူတို႔က အေဆာက္အဦးထဲတြင္ အိပ္ရန္စီစဉ္ခဲ့သည္ ။ Shun ဒီကို ျပန္လာရသၫ့္ ရည္ရြယ္ခ်က္မွာလဲ သူ႔တြင္ ေနစရာေနရာမရိွ၍ပင္ ။ သရဲေၾကာက္သျဖင့္ သူနဲ႔အတူလာအိပ္ရန္ ႏိူးေဆာ္ေနသၫ့္ Andoshi အား ပစ္ထားခဲ့ကာ စာၾကၫ့္ခန္းဟု ယူဆရသၫ့္ အခန္းထဲသို႔ ဝင္လာခဲ့သည္ ။
အခန္းသည္ ရွာေဖြခံထားရပံုေပၚေနၿပီး ရႈပ္ယွက္ခတ္ေနသည္ ။ အေရးႀကီးအခ်က္အလက္မ်ားအား ယူသြားၾကၿပီျဖစ္သၫ့္အျပင္ ထိုအရာမ်ားက သူရွာသၫ့္ အရာမ်ားမဟုတ္ေပ ။သူရွာလိုသည့္ အၾကာင္းအရာမ်ားက သာမန္သာျဖစ္သျဖင့္ အလြယ္တကူရွာေတြ႕ခဲ့သည္ ။
ညသန္းေခါင္ယံအခ်ိန္တြင္ စာအုပ္ကိုင္ထားသၫ့္ သူ႔လက္မွ နာက်င္မႈက တျဖည္းျဖည္းပ်ံ့ႏွံ႔လာသည္။ အျဖဴေရာင္ပတ္တီးတို႔က မ်က္ဝန္းမ်ားနဲ႔အၿပိဳင္ နီရဲလာသည္ ။ မ်က္ႏွာထက္က အမႈအရာက မေျပာင္းလဲသၫ့္တိုင္ မ်က္ဝန္းတို႔က ေအးစက္ကာ ေသြးဆာသၫ့္အေငြ့အသက္မ်ား ထြက္ေပၚလာသည္ ။
" စြမ္းအင္က ဆိုးရြားသလို ဆိုးက်ိဳးကလဲ ဆိုးရြားခ်က္ "
Shun က အမႈအရာမဲ့စြာျဖင့္ ပတ္တီးတို႔အား ျဖဳတ္ခ်လိုက္သည္ ။ လက္ေခ်ာင္းမ်ားတြင္ မည္သၫ့္ဒဏ္ရာမွ မရိွေသာ္လည္း လက္သြယ္သြယ္တြင္ ေသြးေၾကာမ်ွင္မ်ားကိုျမင္ရၿပီး ေသြးမ်ား အဆက္မျပတ္စိမ့္ထြက္လာေန၏ ။ သူကိုယ္တိုင္ စြမ္းအင္ႏိုးထဖို႔ ေရြးခ်ယ္ခဲ့တာမဟုတ္လ်ွင္ system ၏ ေထာင္ေခ်ာက္တစ္ခုဟု ယူဆလိုက္မွာပင္ ။ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ က်ိန္ဆဲဖို႔ ပစ္မွတ္တစ္ခုရတာေပါ့ ။
တစ္နာရီၾကာၿပီးေနာက္ ေသြးထြက္တာ ရပ္သြားသည္ ။ ခဏအၾကာ သူ႔လက္ေခ်ာင္းမ်ားက ပတ္တီးမ်ားျဖင့္ ျပၫ့္ႏွက္သြားျပန္သည္ ။ ပတ္တီးစီးျခင္း အဆံုးသတ္ေတာ့မၫ့္အခ်ိန္တြင္ သူက ဆူညံသံမ်ားကိုၾကားလိုက္ရ၏ ။ အရင္ကထက္မ်ားျပားသၫ့္ စြမ္းအင္ရိွသူမ်ားကိုလည္း ခံစားမိလိုက္သည္ ။ ဒါ့အျပင္ ရင္းႏွီးေနသၫ့္ စြမ္းအင္တစ္ခု ။
ဆူညံသံမ်ားက ဆက္တိုက္ထြက္လာၿပီး တစ္ခုခုကိုရွာေနသၫ့္ပံုပင္ ။ အတန္ၾကာၿပီးမွ Andoshi ေနေနသၫ့္ အခန္းတြင္ ရပ္တန႔္သြားခဲ့သည္ ။ Shun က အေျခအေနအား အသာေလးေစာင့္ၾကၫ့္ေနခ်ိန္တြင္ Andoshi သည္ ထိတ့္လန႔္မႈေၾကာင့္ မ်က္ႏွာတစ္ခုလံုးေသြးေရာင္ပင္မရိွေတာ့ေခ် ။ အရိွန္အဝါမ်ားျဖင့္ ဖိႏိွပ္ထားသၫ့္အျပင္ အမႈအရာမ်ားအရ လာေခၚတာမဟုတ္ဘဲ လာဖမ္းတာျဖစ္ေၾကာင့္ သိႏိုင္ေနသည္မဟုတ္ပါလား ။
Ruzel က Andoshi အား တစ္ခ်က္ၿခံဳၾကၫ့္လိုက္ၿပီး ေအးစက္စြာ ေမးလိုက္သည္ ။ " ဟိုမေကာင္းဆိုးရြားေကာင္ ဘယ္မွာလဲ .."
" မ.. မေကာင္းဆိုးရြား??? " Andoshi က အထစ္ထစ္အေငါ့ေငါ့ျဖင့္ " သ..သခင္ေလး .. ကြၽန္. ကြၽန္ေတာ့္လို သာမန္လူတစ္ေယာက္က ဘယ္မေကာင္းဆိုးရြားကို ဆြဲေဆာင္ႏိုင္မွာမို႔လို႔လဲ .. လူ.. လူမွားေနတာ ထင္တယ္ "
" အဲ့ေန့က မင္းနဲ႔အတူတူရိွေနတဲ့လူ .. သူဘယ္မွာလဲ " Ruzel သည္ ေဒါသကို ဖိႏွပ္ထားပံုရၿပီး သူ႔ေလသံက ခက္ထန္ေနသည္ ။ Andoshi ၏ အသံက တိခနဲျပတ္က်သြားသည္ ။ သူသတိရလိုက္ၿပီျဖစ္သည္ ။ သူ႔ေရ႔ွက လူငယ္သည္ ထို႔ေန့က Shun အား ဖမ္းခ်င္ေနသၫ့္သူပင္ ။ သူက မသိဘူး ဟု ေျဖမၫ့္အခ်ိန္တြင္ ခပ္လွမ္းလွမ္းရိွ အခန္းတံခါးက ျဖည္းညင္းစြာ ပြင့္လာခဲ့သည္ ။
" မေကာင္းဆိုးရြားေတာ့ မရိွဘူး .. သူေတာ္စင္ေလးတစ္ေယာက္ေတာ့ရိွတယ္ " Shun က ႏွစ္လိုဖြယ္တစ္ခ်က္ၿပံဳးလိုက္ၿပီး မ်က္ခံုးတစ္ခ်က္ပင့္လိုက္သည္ ။
" လိုခ်င္လား.. "
Ruzel က ထပ္မံေတြ့လိုက္ရသၫ့္ ဘဝင္ျမင့္ေနသၫ့္ အမႈအရာနဲ႔မ်က္ႏွာေၾကာင့္ ေဒါသထြက္စြာ တစ္ခ်က္ရယ္လိုက္သည္ ။ တျခားေနရာက လာတဲ့သူေတြကမ်ား သူတို႔ထက္ ဘာေတြမ်ားသာေနလို႔ ဘဝင္ျမင့္ေနရတာလဲ ။ သူတို႔ကိုယ္သူတို႔ ထူးျခားတဲ့သူေတြလို ျပဳမႈေနသၫ့္သူမ်ားကို သူက ၾကၫ့္မရဆံုးပင္။ ထိုအေၾကာင္းေၾကာင့္ သူက ကူးေျပာင္းလာသူမ်ားအား မုန္းတီးေရးဝါဒကို လက္ကိုင္ထားသူတစ္ေယာက္ျဖစ္လာခဲ့သည္။ ဒီကမ႓ာက လူျဖစ္ရက္နဲ့ ကူးေျပာင္းလာသူေတြကို လက္ခံထားသၫ့္ Regis သည္ေတာ့ သူအမုန္းဆံုးစာရင္းတြင္ ထိပ္ဆံုးက ရိွေနသည္ ။
" မင္းရဲ့မိတ္ေဆြက ငါ့လက္မွာ .. သူ႔ကို မထိခိုက္ေစခ်င္ရင္ ေအးေအးေဆးေဆးအဖမ္းခံလိုက္ ! " Ruzel ၏ လက္တစ္ဖက္က ဓားေျမာင္ျဖင့္ Andoshi ၏ လည္ပင္းအား ခ်ိန္ရြယ္ထားခဲ့သည္။ ထိုအခ်ိန္ သူသည္ တဖက္လူ၏ သက္ျပင္းခပ္ဖြဖြခ်ရင္း ကူကယ္ရာမဲ့စြာ ေျပာလာသည္ကို ၾကားလိုက္ရသည္ ။
" မင္းေလးက လူေကာင္းဘဲ လုပ္ရမယ္လို႔ ကိုယ္ေျပာထားတယ္ေလ "
လူတိုင္းမတုန႔္ျပန္ႏိုင္ခင္ပင္ Shun သည္ ေနရာမွေပ်ာက္သြားကာ Ruzel ၏ အေရွ့တြင္ ေပၚလာခဲ့သည္ ။ လက္ေကာက္ဝတ္အား ဆတ္ခနဲ ညင္သာစြာရိုက္ခ်လိုက္ၿပီး ခါးေလးအား ဆြဲဖက္လိုက္သည္ ။ စစေတြ့ခ်င္းကတည္းက ေပြ့ဖက္ခ်င္ခဲ့ေသာ္လည္း အေျခအေနမေပးခဲ့သျဖင့္ ထြက္ေျပးရံုသာတတ္ႏိုင္ခဲ့သည္ ။ ထိုအခ်ိန္က သူ႔စြမ္းအင္သံုးၿပီးကာစျဖစ္ၿပီး ဆိုးက်ိဳးခံစားရသၫ့္ ပထမဆံုးအႀကိမ္ပင္ ။
Shun က မေပါက္ကြဲခင္ ၿငိမ္သက္ေနသၫ့္ မီးေတာင္တစ္ခုႏွယ္ ေခတၲ အံ့အားသင့္ၿငိမ္သက္ေနသၫ့္ ေကာင္ေလး၏ နား အနားသို႔ တိုးကပ္လိုက္ကာ
" ဦးေနွာက္က မမွတ္မိရင္ေတာင္ ႏွလံုးသားေလးက မွတ္မိရမယ္ေလ .. "
__________________
အေခ်ာေလးတို႔ အလွေလးတို႔ သာသာ comeback ပါၿပီ 😗❤️
အၾကာႀကီး ေပ်ာက္သြားတာမဟုတ္လို႔ မေမ့ေသးဘူးမလား 🥺
_____________
Unicode
Shun ၏ မှတ်ဉာဏ်ထဲတွင် အသုံးဝင်သည့်အချက်အလက်ဟူ၍ သိပ်မရှိသည့်အပြင် ဒီကမ်ဘာ၏ အချက်အလက်မှာလဲ သေးငယ်လွန်းသည့်အစိတ်အပိုင်းမျှသာဖြစ်သဖြင့် လေ့လာဖို့အချိန်ယူရုံကလွဲ၍ တခြားမရှိချေ ။ ဒါတောင်မှ အသုံးဝင်လွန်းသည့်အချက်အလက်များမှာ အဆင့်မြင့်သည့် မိသားစုများသာ သိနိုင်သဖြင့် သူ့တွင် အဆင့်အတန်းတစ်ခုရှိရန်လိုအပ်နေသည် ။ အဆင့်အတန်းခွဲခြားလွန်းသည့် ဤကမ်ဘာတွင် သူ့လို မိဘမဲ့က ဘွဲ့တစ်ခုရဖို့ ကြိုးစားခြင်းသည် အလွန်ခက်ခဲလှသည် ။
" မင်းက ဘာလို့ဒီမှာရှိနေသေးတာလဲ ? " ရှင်းလင်းခံထားရသည့်အဆောက်အအုံရှေ့တွင် ငုတ်တုပ်ထိုင်ကာ မြေပေါ်တွင် ဟိုခြစ်ဒီခြစ်လုပ်နေသည့် Andoshi အား မေးလိုက်သည်။
" မင်းကရော ဘာပြန်လာလုပ်တာလဲ ? " Andoshi က Shun အား မြင်လိုက်ရသဖြင့် အံ့ဩပျော်ရွင်သွားသော်လည်း ပြန်လည်မေးခွန်းထုတ်လိုက်သည် ။ သူ့အကြည့်က Shun ၏ လက်တွင် ပတ်ထားသည့် ပတ်တီးအဖြူများကို တွေ့သည့်အခါ တောင့်တင်းသွားသည် ။ " ဘာ.. ဘာဖြစ်ခဲ့.."
ဂွီ!! ဂွီ!!
စကားမဆုံးသေးမြည်လာသည့်ဗိုက်ကြောင့် တံတွေးတစ်ချက်မြိုချလိုက်ပြီး အားတင်းကာ ပြုံးပြလိုက်သည် ။ " Shun သူငယ်ချင်းလေး .. စားစရာများမရှိဘူးလား .."
Shun က သယ်လာသောအထုပ်အား ပစ်ပေးလိုက်ပြီး ပြန်ပြုံးပြလိုက်သည် ။ " ငါဖမ်းလာတာဆိုတော့ မင်းပြင်ဆင်လိုက် " တောနက်ဖြစ်ရာ သားကောင်များပေါများသောကြောင့် အန္တရယ်ကြီးမားလှသည် ။ သူ့လို ငွေမရှိသည့်သူအတွက် စားစရာဟူသည်မှာ ဒါသာရှိသည် ။ ဈေးထဲတွင်ရောင်းစား၍ရသော်လည်း သူက ထပ်မံမသွားလိုတော့ပေ ။
တကယ်တော့ Andoshi သည် သူ့အားဤသို့ မပြောလျှင်တောင် သူကိုယ်တိုင်လုပ်မှာဖြစ်သည် ။ Shun ယူလာခြင်းဆိုသည့်အကြောင်းထက် ထိုအကောင်ချက်သည့်အစားအစာများအား ထပ်မံမစားနိုင်သောကြောင့်ပင်။
" မင်းက ဘာကိစ္စဒီမှာရှိနေသေးတာလဲ .." Shun က အသားကင်တစ်ခုအား ကောက်ယူလိုက်ပြီး မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည် ။ Andoshi ၏ စိတ်ပျက်လက်ပျက်အမှုအရာအား သူကလုံးဝ လစ်လျုရှုထားခဲ့သည် ။
" ဘာကမှာလဲ .. ကြီးမြတ်လှတဲ့သခင်လေးတွေအတွက် ကျွန်တော်မျိုးက အသုံးမဝင်လို့နေမှာပေါ့ .." Andoshi ၏ မျက်နှာက ပြောရင်းမည်းမှောင်လာသည် ။ နစ်နာသူတွေအကုန်လုံးကို ကယ်တင်သွားသော်လည်း သူ့အားဘာကြောင့်ထားခဲ့လဲ လုံးဝနားမလည်နိုင်ပေ ။ Shun က ဘာမှဆက်မမေးတော့ဘဲ Andoshi အား တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ ။ စကားဝိုင်းသည် တိတ်ဆိတ်သွားပြီး မီးပုံမှ မီးသံတစ်ဖျတ်ဖျတ်သာ ကြားနေရသည် ။
Andoshi က သူသိသည့်လူနဲ့ လုံးဝခြားနားနေသည့် Shun အား တစ်ချက်ကြည့်လိုက်သည်။ " ဟေး .."
" အင်း "
သစ်ပင်အား မှီကာ မျက်စိမှိတ်ထားပြီး ပျင်းတိပျင်းရွဲ့ဖြေလာသည့် သူထံမှ အကြည့်လွဲလိုက်ပြီး နက်မှောင်နေပြီဖြစ်သည့် ကောင်းကင်အား မော့ကြည့်လိုက်သည် ။ " ငါပြောတာ နားထောင်ပေးမလား .."
" No "
တလွမ်းတဆွေးဖြင့် နောက်ကြောင်းပြန်ပြောရန်စီစဉ်ထားသော Andoshi မှာ နင်သွားတော့သည် ။
' ခွေးကောင် '
စားသောက်ပြီးချိန်တွင် အန္တရယ်ကင်းဖို့ရန် သူတို့က အဆောက်အဦးထဲတွင် အိပ်ရန်စီစဉ်ခဲ့သည် ။ Shun ဒီကို ပြန်လာရသည့် ရည်ရွယ်ချက်မှာလဲ သူ့တွင် နေစရာနေရာမရှိ၍ပင် ။ သရဲကြောက်သဖြင့် သူနဲ့အတူလာအိပ်ရန် နိူးဆော်နေသည့် Andoshi အား ပစ်ထားခဲ့ကာ စာကြည့်ခန်းဟု ယူဆရသည့် အခန်းထဲသို့ ဝင်လာခဲ့သည် ။
အခန်းသည် ရှာဖွေခံထားရပုံပေါ်နေပြီး ရှုပ်ယှက်ခတ်နေသည် ။ အရေးကြီးအချက်အလက်များအား ယူသွားကြပြီဖြစ်သည့်အပြင် ထိုအရာများက သူရှာသည့် အရာများမဟုတ်ပေ ။သူရှာလိုသည့် အကြာင်းအရာများက သာမန်သာဖြစ်သဖြင့် အလွယ်တကူရှာတွေ့ခဲ့သည် ။
ညသန်းခေါင်ယံအချိန်တွင် စာအုပ်ကိုင်ထားသည့် သူ့လက်မှ နာကျင်မှုက တဖြည်းဖြည်းပျံ့နှံ့လာသည်။ အဖြူရောင်ပတ်တီးတို့က မျက်ဝန်းများနဲ့အပြိုင် နီရဲလာသည် ။ မျက်နှာထက်က အမှုအရာက မပြောင်းလဲသည့်တိုင် မျက်ဝန်းတို့က အေးစက်ကာ သွေးဆာသည့်အငွေ့အသက်များ ထွက်ပေါ်လာသည် ။
" စွမ်းအင်က ဆိုးရွားသလို ဆိုးကျိုးကလဲ ဆိုးရွားချက် "
Shun က အမှုအရာမဲ့စွာဖြင့် ပတ်တီးတို့အား ဖြုတ်ချလိုက်သည် ။ လက်ချောင်းများတွင် မည်သည့်ဒဏ်ရာမှ မရှိသော်လည်း လက်သွယ်သွယ်တွင် သွေးကြောမျှင်များကိုမြင်ရပြီး သွေးများ အဆက်မပြတ်စိမ့်ထွက်လာနေ၏ ။ သူကိုယ်တိုင် စွမ်းအင်နိုးထဖို့ ရွေးချယ်ခဲ့တာမဟုတ်လျှင် system ၏ ထောင်ချောက်တစ်ခုဟု ယူဆလိုက်မှာပင် ။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျိန်ဆဲဖို့ ပစ်မှတ်တစ်ခုရတာပေါ့ ။
တစ်နာရီကြာပြီးနောက် သွေးထွက်တာ ရပ်သွားသည် ။ ခဏအကြာ သူ့လက်ချောင်းများက ပတ်တီးများဖြင့် ပြည့်နှက်သွားပြန်သည် ။ ပတ်တီးစီးခြင်း အဆုံးသတ်တော့မည့်အချိန်တွင် သူက ဆူညံသံများကိုကြားလိုက်ရ၏ ။ အရင်ကထက်များပြားသည့် စွမ်းအင်ရှိသူများကိုလည်း ခံစားမိလိုက်သည် ။ ဒါ့အပြင် ရင်းနှီးနေသည့် စွမ်းအင်တစ်ခု ။
ဆူညံသံများက ဆက်တိုက်ထွက်လာပြီး တစ်ခုခုကိုရှာနေသည့်ပုံပင် ။ အတန်ကြာပြီးမှ Andoshi နေနေသည့် အခန်းတွင် ရပ်တန့်သွားခဲ့သည် ။ Shun က အခြေအနေအား အသာလေးစောင့်ကြည့်နေချိန်တွင် Andoshi သည် ထိတ့်လန့်မှုကြောင့် မျက်နှာတစ်ခုလုံးသွေးရောင်ပင်မရှိတော့ချေ ။ အရှိန်အဝါများဖြင့် ဖိနှိပ်ထားသည့်အပြင် အမှုအရာများအရ လာခေါ်တာမဟုတ်ဘဲ လာဖမ်းတာဖြစ်ကြောင့် သိနိုင်နေသည်မဟုတ်ပါလား ။
Ruzel က Andoshi အား တစ်ချက်ခြုံကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည် ။ " ဟိုမကောင်းဆိုးရွားကောင် ဘယ်မှာလဲ .."
" မ.. မကောင်းဆိုးရွား??? " Andoshi က အထစ်ထစ်အငေါ့ငေါ့ဖြင့် " သ..သခင်လေး .. ကျွန်. ကျွန်တော့်လို သာမန်လူတစ်ယောက်က ဘယ်မကောင်းဆိုးရွားကို ဆွဲဆောင်နိုင်မှာမို့လို့လဲ .. လူ.. လူမှားနေတာ ထင်တယ် "
" အဲ့နေ့က မင်းနဲ့အတူတူရှိနေတဲ့လူ .. သူဘယ်မှာလဲ " Ruzel သည် ဒေါသကို ဖိနှပ်ထားပုံရပြီး သူ့လေသံက ခက်ထန်နေသည် ။ Andoshi ၏ အသံက တိခနဲပြတ်ကျသွားသည် ။ သူသတိရလိုက်ပြီဖြစ်သည် ။ သူ့ရှေ့က လူငယ်သည် ထို့နေ့က Shun အား ဖမ်းချင်နေသည့်သူပင် ။ သူက မသိဘူး ဟု ဖြေမည့်အချိန်တွင် ခပ်လှမ်းလှမ်းရှိ အခန်းတံခါးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည် ။
" မကောင်းဆိုးရွားတော့ မရှိဘူး .. သူတော်စင်လေးတစ်ယောက်တော့ရှိတယ် " Shun က နှစ်လိုဖွယ်တစ်ချက်ပြုံးလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်လိုက်သည် ။
" လိုချင်လား.. "
Ruzel က ထပ်မံတွေ့လိုက်ရသည့် ဘဝင်မြင့်နေသည့် အမှုအရာနဲ့မျက်နှာကြောင့် ဒေါသထွက်စွာ တစ်ချက်ရယ်လိုက်သည် ။ တခြားနေရာက လာတဲ့သူတွေကများ သူတို့ထက် ဘာတွေများသာနေလို့ ဘဝင်မြင့်နေရတာလဲ ။ သူတို့ကိုယ်သူတို့ ထူးခြားတဲ့သူတွေလို ပြုမှုနေသည့်သူများကို သူက ကြည့်မရဆုံးပင်။ ထိုအကြောင်းကြောင့် သူက ကူးပြောင်းလာသူများအား မုန်းတီးရေးဝါဒကို လက်ကိုင်ထားသူတစ်ယောက်ဖြစ်လာခဲ့သည်။ ဒီကမ်ဘာက လူဖြစ်ရက်နဲ့ ကူးပြောင်းလာသူတွေကို လက်ခံထားသည့် Regis သည်တော့ သူအမုန်းဆုံးစာရင်းတွင် ထိပ်ဆုံးက ရှိနေသည် ။
" မင်းရဲ့မိတ်ဆွေက ငါ့လက်မှာ .. သူ့ကို မထိခိုက်စေချင်ရင် အေးအေးဆေးဆေးအဖမ်းခံလိုက် ! " Ruzel ၏ လက်တစ်ဖက်က ဓားမြောင်ဖြင့် Andoshi ၏ လည်ပင်းအား ချိန်ရွယ်ထားခဲ့သည်။ ထိုအချိန် သူသည် တဖက်လူ၏ သက်ပြင်းခပ်ဖွဖွချရင်း ကူကယ်ရာမဲ့စွာ ပြောလာသည်ကို ကြားလိုက်ရသည် ။
" မင်းလေးက လူကောင်းဘဲ လုပ်ရမယ်လို့ ကိုယ်ပြောထားတယ်လေ "
လူတိုင်းမတုန့်ပြန်နိုင်ခင်ပင် Shun သည် နေရာမှပျောက်သွားကာ Ruzel ၏ အရှေ့တွင် ပေါ်လာခဲ့သည် ။ လက်ကောက်ဝတ်အား ဆတ်ခနဲ ညင်သာစွာရိုက်ချလိုက်ပြီး ခါးလေးအား ဆွဲဖက်လိုက်သည် ။ စစတွေ့ချင်းကတည်းက ပွေ့ဖက်ချင်ခဲ့သော်လည်း အခြေအနေမပေးခဲ့သဖြင့် ထွက်ပြေးရုံသာတတ်နိုင်ခဲ့သည် ။ ထိုအချိန်က သူ့စွမ်းအင်သုံးပြီးကာစဖြစ်ပြီး ဆိုးကျိုးခံစားရသည့် ပထမဆုံးအကြိမ်ပင် ။
Shun က မပေါက်ကွဲခင် ငြိမ်သက်နေသည့် မီးတောင်တစ်ခုနှယ် ခေတ္တ အံ့အားသင့်ငြိမ်သက်နေသည့် ကောင်လေး၏ နား အနားသို့ တိုးကပ်လိုက်ကာ
" ဦးနှောက်က မမှတ်မိရင်တောင် နှလုံးသားလေးက မှတ်မိရမယ်လေ .. "
__________________
အချောလေးတို့ အလှလေးတို့ သာသာ comeback ပါပြီ 😗❤️
အကြာကြီး ပျောက်သွားတာမဟုတ်လို့ မမေ့သေးဘူးမလား 🥺
_____________