🔥I'm Fine🔥(Completed)
By pkchan1998
23.9K 2.4K 856
Park Chan Yeol✨Doh Kyung Soo (14.8.2021) More
I'm Fine🔥1
I'm Fine🔥2
I'm Fine🔥3
I'm Fime🔥4
I'm Fine🔥5
I'm Fine🔥6
I'm Fine🔥7
I'm Fine🔥8
I'm Fine🔥9
I'm Fine🔥10
I'm Fine🔥11
I'm Fine🔥12
I'm Fine🔥13
I'm Fine🔥14
I'm Fine🔥15
I'm Fine🔥16
I'm Fine🔥17(warning)
I'm Fine🔥18
I'm Fine🔥20
I'm Fine🔥21
I'm Fine🔥22
I'm Fine🔥23
I'm Fine🔥24
I'm Fine🔥25
I'm Fine🔥26(Final)
I'm Fine🔥19
528 78 14
By pkchan1998
I'm Fine✨
"တောင်းပန်ပါတယ်"
သုံးနှစ်တဲ့။
အင်း ဘယ်လိုပြောရမလဲ။
"ဦးဆောင်သူကကျနော်ပါ
"အော်…အေး
"ဟုတ်"
~~~~~~~~~~~~
"ဟမ်"
"မင်းကဘယ်သွားမလို့လဲ"
"အင်း"
"ပြောတော့ မုန်းတယ်ဆို
"လိုက်ခဲ့ပေး"
"ဟွန်း"
စိတ်ပူနေကာ မချင့်မရဲ။
"မဟုတ်ဘူး…လာအသိပေးတာ"
"ကျနော်လက်ထပ်တော့မယ်"
"ဘာ"
ဘာလားဒီကောင်။
"ကျနော်လက်ထပ်တော့မယ်
"အဟွင်း သဘောပါလေ
ဘာလဲ ဒီအခြေအနေက။
"ကင်ဂျုံအင်"
"ဟမ်"
~~~~~~~~~~~~~~
စဉ်းစားကြည့်လေ။
ဒါဖြစ်နိုင်လို့လား။
Restaurantတွေ။ Clubတွေ Barတွေ။
~တီးတောင်……တီးတောင်~
ရေအရင်ချိုးရသည်။
နားပါအုံး"
"ဟေ" 
"ဘာ"
ခေါင်းထဲဥာဏ်အပြည့်နဲ့လူက အေးအေးဆေးဆေးနေပြီး
ဘာတွေဖြစ်လို့လဲ"
"အတိအကျတော့မပြောဘူး
"ဟမ်"
"စီနီယာ ခဏလေး
ပြန်မထူးနိုင်သေး။
တောက်!။
💙💙💙💙💙💙💙
T.b.c
#HoneyChan
I'm Fine✨
"တောင်းပန်ပါတယ်"
ဂယောင်ဆူးမှာထိုစကားကလွဲပြီးပြောစရာမရှိ။
မိမိစသည့်ကိစ္စမို့ တခြားသူတွေ ခေါင်းခံစရာလဲမလိုပေ။
စီနီယာဂျွန်မြောင်နဲ့ဆယ်ဟွန်းကိုပါ အကန့်အသတ်မရှိတာဝန်ရပ်စိုင်းမည်ပြောလာတော့
ဂယောင်ဆူးပဲ ဖြန်ဖြေရသည်။
ဝါသနာပါလို့ကြိုးစားကာ ဖြစ်အောင်လုပ်ခဲ့သည့်အလုပ်။
ခဏတာဆုံးဖြတ်လိုက်သည်ကြောင့် ရပ်စိုင်းခံလိုက်ရသည်။
သုံးနှစ်တဲ့။
ရှေ့နေအဖြစ်က သုံးနှစ်တိတိနားရမည်တဲ့။
အင်း ဘယ်လိုပြောရမလဲ။
သေချာစဉ်းစားမယ်ဆို ဒါကတန်ရာတန်ကြေးပါပဲ။
ဒီလိုဖြစ်လာမယ်ဆိုတာလဲ ဂယောင်ဆူးတွေးခဲ့ပြီးသားဖြစ်သည်။
"ဂယောင်ဆူး…ဘာလို့တစ်ယောက်ထဲခေါင်းခံလိုက်တာလဲ"
"ဘာလဲ စီနီယာကပါ တာဝန်ရပ်နားချင်လို့လား"
"အဲ့တာထက် ဒီအမှုကိုငါတို့အတူလုပ်ခဲ့ကြတာလေ"
"ဦးဆောင်သူကကျနော်ပါ
အစီရင်ခံစာအရင်မတင်တာလဲကျနော်ပဲ
တော်သေးတာပေါ့ လတ်တလောလက်ခံထားတဲ့အမှုဘာမှမရှိလို့"
"မင်းအခု ဆိုးလ်မှာပဲနေအုံးမှာမလား
ပတ်ချန်းယောလ်အမှုပြီးအောင်နေလိုက်အုံး"
"အမှုကတော့ တရားရုံးကပဲဆုံးဖြတ်မှာဆိုတော့
ကျနော်နဲ့မဆိုင်ပါဘူး ဘူဆန်ကိုသွားမလားလို့
အဖွားစီလေ…ဘတ်ခ်ဟျွန်းအခြေအနေကောင်းမှပါ"
"အော်…အေး
ဒါနဲ့မနက်ဖြန်  Monsterအိမ်ကြီးကို
နိုင်ငံတော်ပိုင်အဖြစ်သိမ်းမယ်တဲ့ မင်းသိတယ်မဟုတ်လား"
"အင်း …Monsterပိုင်ဆိုင်မှုတိုင်းက
ပတ်ချန်းယောလ်ဟာတွေဆိုပေမဲ့ တရားမဝင်ငွေတွေနဲ့လုပ်ထားတာဆိုတော့ နိုင်ငံတော်ပိုင်သိမ်းတာဖြစ်သင့်ပါတယ်…
ကျနော့်ဖိုင်တွေကတော့ ဆယ်ဟွန်းကိုသာ သိမ်းခိုင်းလိုက်တော့စီနီယာ အခုသွားတော့မယ် ဆေးရုံကို"
"အေးအေး … ငါညနေမှ ဂျုံအင်နီးနဲ့လာခဲ့မယ်ဘတ်ခ်ဟျွန်းစီကို"
"ဟုတ်"
နဂိုကတည်းက သံယောဇဉ်တွယ်တက်သူမဟုတ်တော့
SKY အဆောက်အဦးအတွင်းက ရုံးခန်းကိုလဲ ပြန်ကြည့်မနေတော့။
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲမို့ ဂယောင်ဆူးခြေလှမ်းတွေကတော့ရှေ့ဆက်နေမြဲ။
~~~~~~~~~~~~
"ကင်ဂျုံအင် ငါနဲ့ခဏလိုက်ခဲ့ပေးမလား"
"ဟမ်"
တခါမှ လေပြေအေးနဲ့မပြောဘူးသည့် အိုဆယ်ဟွန်းက
မျက်နှာအနည်းငယ်ငြိုးကာပြောလာတော့
ဂျုံအင်ထူးဆန်းသွားရသည်။
ဘယ်ကိုခေါ်နေတာပါလိမ့်။
ရဲမှူးဗြောင်ကို hyungနဲ့အတူလာမေးကြတာဖြစ်သည်။
ကျည်လဲထုတ်ထားတာမို့ ရဲမှူးဗြောင်လဲသတိရနေပြီဖြစ်သည်။
hyungတို့နဲ့စကားပြောနေတာမို့
ဂျုံအင်က ဆယ်ဟွန်းနဲ့အခန်းပြင်ထွက်နေတာဖြစ်သည်။
"မင်းကဘယ်သွားမလို့လဲ"
"ဂန်းနမ်းရဲစခန်းကိုခဏသွားချင်လို့"
"ဟိုလူကိုသွားတွေ့မလို့လား"
"အင်း"
ဆယ်ဟွန်းက လေးပင်ကာဖြေသည်။
"ပြောတော့ မုန်းတယ်ဆို
အခုကျဘာသွားလုပ်မှာလဲ"
"ဒီတိုင်းခဏပါ…မလိုက်နိုင်ရင်လဲနေပါ
ငါတစ်ယောက်ထဲသွားလိုက်မယ်"
အနားကထသွားတာမို့ ဂျုံအင်လဲလိုက်လာရသည်။
ဘယ်လိုဖင်ကောက်ပါလိမ့်။
ပြောတော့မချစ်ဘူးတဲ့။ မျက်နှာကဆိုပျက်နေလိုက်တာ
တစ်ပတ်လောက်ထမင်းမစားရတဲ့ရုပ်။
ဂန်းနမ်းရဲစခန်းကို ဂျုံအင်ကားနှင့်ပဲလာခဲ့လိုက်သည်။
"မင်းသွားတွေ့လိုက် ငါအထဲထိမလိုက်တော့ဘူး"
"လိုက်ခဲ့ပေး"
ပြန်မေးမနေတော့ဘဲ အထဲထိဝင်လာခဲ့သည်။
ရဲမှူးဗြောင်နာမည်ကိုသုံးလိုက်တော့ တွေ့ခွင့်ပေးသည်။
ဂျုံအင်နှင့် နည်းနည်းမှမခြားနားတူသည့်
Kaiဆိုသူက အနည်းငယ်ပိန်တာကလွဲရင် တစ်ထေရာထဲပင်။
"ဟွန်း"
ဆယ်ဟွန်းနောက်က ဂျုံအင်ကိုမြင်တော့
နားမလည်သလိုဖြစ်သွားပြန်သည်။
"ဆယ်ဟွန်း မင်းဘာမှမဖြစ်ဘူးမဟုတ်လား
ဟင်! ထိခိုက်သွားတာမရှိဘူးမို့လား"
"ကျနော့်ကိုခင်ဗျားကလွဲရင်
ဘယ်သူကမှထိခိုက်အောင်မလုပ်ဘူး"
ဆယ်ဟွန်းက Kaiကိုမကြည့်ဘဲမျက်နှာငုံ့နေရင်းပြန်ဖြေသည်။
ဘေးနားကဂျုံအင်ကတော့ အိုးတို့အမ်းတမ်း။
မှန်ချပ်ခြားနေသည့်Kaiကတော့ ဆယ်ဟွန်းကို
စိတ်ပူနေကာ မချင့်မရဲ။
"အခုကိုယ့်ကိုလာတွေ့တာလားဆယ်ဟွန်း"
"မဟုတ်ဘူး…လာအသိပေးတာ"
"အသိပေးတာ! ဘာကိုလဲဆယ်ဟွန်း"
Kaiမေးတာကို ဂျုံအင်လဲစိတ်ဝင်စားသွားရသည်။
အိုဆယ်ဟွန်း ဘာစတန့်ထွင်တာပါလိမ့်။
အသိပေးတာဆိုတော့ ဂျုံအင်လဲဘာမှသိထားတာတော့ရှိမနေ။
"ကျနော်လက်ထပ်တော့မယ်"
"ဘာ"
ဟိန်းထွက်လာသည့်Kaiအသံနှင့်အတူ
ဂျုံအင်လဲဆယ်ဟွန်းကို မယုံသလိုကြည့်မိသွားသည်။
ဘာလားဒီကောင်။
"ကျနော်လက်ထပ်တော့မယ်
အေးချမ်းတဲ့ရင်ခွင်တစ်ခုစီ ကျနော်ခိုလုံတော့မှာ
ဒါတွေဘာလို့လာပြောရတာလဲဆို
ခင်ဗျားသေရင်တောင် ကျနော်နဲ့ဘာမှမဆိုင်တော့ကြောင်းသိစေချင်လို့"
"ဆယ်ဟွန်းရယ်…ကိုယ်မင်းအပေါ်ချစ်ခဲ့တာကလွဲရင်
ဘာများမှားခဲ့မိလို့လဲ"
Kaiဘက်က အချစ်မတက်ခဲ့ပေမဲ့ပေါ့လေ။
ဆယ်ဟွန်းကို တနင့်တပိုးချစ်မိခဲ့ခြင်း။
နူးနူးညံ့ညံ့လေးမဟုတ်ခဲ့ပေမဲ့ ဆယ်ဟွန်းကို ဘယ်သူမှမမြင်အောင်ဖွက်ထားချင်မိသည်အထိချစ်ရသည်။
"အဟွင်း သဘောပါလေ
ဟွန်းသဘောအတိုင်းလက်ခံပေးရမှာပေါ့
ကိုယ်က ဘာမှလုပ်နိုင်တဲ့အခြေအနေဟုတ်မနေဘူးလေ
ဘယ်သူနဲ့လက်ထပ်မလဲဆိုတာကိုမေးရင်
မင်းဘေးက ကင်ဂျုံအင်မဟုတ်ဘူးလို့ဖြေပေးနိုင်မလား ဟွန်း"
Kaiစကားကြောင့် ဂျုံအင်အူကြောင်ကြောင်ဖြစ်သွားရပြန်သည်။
စကားတစ်ခွန်းမှလဲဝင်မပြောမိပါဘဲ မိမိကို အိုဆယ်ဟွန်းနဲ့လက်ထပ်မည့်သူဟုယူဆနေတာဘယ်လိုကြောင့်ပါလိမ့်။
သူ့ဟာလေးကို ဒီကကောင်ကယူနေအုံးမယ်အားကြီးကြီး။
"ဟုတ်တယ် ကျနော်ဂျုံအင်နဲ့လက်ထပ်မှာ"
ဆယ်ဟွန်းစကားကြောင့် ဂျုံအင် မေးရိုးပါပြုတ်ကျသွားရသည်။
ဘာလဲ ဒီအခြေအနေက။
ဘာမှလဲတိုင်ပင်ထားတာမရှိဘဲ အိုဆယ်ဟွန်းထင်ရာပြောနေတာကို ကိုယ်တိုင်ရိုက်ကူးရေးလုပ်နေရတာလား။
"ကင်ဂျုံအင်"
"ဟမ်"
Kaiကခေါ်တာမို့ ယောင်ကာထူးမိသွားသည်။
သူ့မျက်နှာကလဲ မှန်ချပ်သာခြားမထားရင် ဂျုံအင်ကို ထထိုးတော့မှာသေချာသည်။
အိုဆယ်ဟွန်းလုပ်လိုက်ရင် အရမ်း။
"ဆယ်ဟွန်းကို ငါသေချာပေါက်ပြန်ယူမှာမို့
မင်းစီခဏအပ်ထားတယ်လို့ပဲသဘောထားလိုက်
သူမှဲ့တစ်ပေါက်စွန်းတာနဲ့ မင်းကိုသတ်ပြီးသားပဲ"
အံကျိတ်ကာပြောသည့်စကားကြောင့်
ဂျုံအင် ခေါင်းတဆတ်ဆတ်ငြိမ့်မိသွားသည်။
ကိုယ်ကရှေ့နေဆိုပေမဲ့ သူကလူမိုက်လေ။
နောက်ပြီးဆယ်ဟွန်းက နဂိုကတည်းကသူ့လူပဲမဟုတ်ဘူးလား။
အိုဆယ်ဟွန်းပေါက်ကရတွေပြောနေလဲ ပိုင်ရှင်ကပိုင်ရှင်ပဲလေ။
~~~~~~~~~~~~~~
မနက်စောစောစီးစီးဖုန်းဆက်ပြောသည့် စီနီယာဂျွန်မြောင်စကားကြောင့် ဂယောင်ဆူး တစ်ခုခုတော့လွဲနေပြီမှန်းသိလိုက်သည်။
စဉ်းစားကြည့်လေ။
ပတ်ချန်းယောလ်ရဲ့ပိုင်ဆိုင်မှုတွေက Monsterအိမ်တော်နှင့် ထိုအနီးအနားကဂယောင်ဆူးသိထားသည့်နေရာတွေပဲတဲ့။
အဲ့ဒါတွေအကုန်လုံးကိုတော့ နိုင်ငံပိုင်အဖြစ်သိမ်းလိုက်ပြီတဲ့။
ဒါဖြစ်နိုင်လို့လား။
ပတ်ချန်းယောလ်ရဲ့ပိုင်ဆိုင်မှုက ဒါလေးပဲဆိုတာ ဖြစ်ကိုမဖြစ်နိုင်တာ။
Hotelတွေ Shopping mallတွေ
Park gpနာမည်နဲ့အဆောက်အဦးတွေ။
Restaurantတွေ။ Clubတွေ Barတွေ။
လက်ညိုးထိုးတောင်မလွဲတာကို ဒါပဲဆိုတော့။
ဂယောင်ဆူးဘယ်လိုစဉ်းစားစဉ်းစားအဖြေကိုထွက်မလာဘူး။
ပတ်ချန်းယောလ်ပိုင်ဆိုင်မှုအပြင် ဝူခရစ်အမည်နဲ့နေရာတွေ ကျန်းရီရှင်းအမည်နဲ့ပိုင်ဆိုင်မှုတွေအပြင်Kaiရဲ့ပိုင်ဆိုင်မှုတွေအကုန် နိုင်ငံပိုင်သိမ်းတာတောင် ထင်ထားသလောက်များမနေတာက သမာရိုးကျတော့ဟုတ်မနေခဲ့ဘူး။
~တီးတောင်……တီးတောင်~
ဘဲလ်တီးသံကြောင့် အိပ်ယာပေါ်ကထလာခဲ့သည်။
အထဲကနေ အပြင်ကိုကြည့်တော့ဘယ်သူမှရှိမနေတာမို့ တံခါးဖွင့်ကာထွက်ကြည့်ရသည်။
ဂျပ်ပုံးတစ်ခုကိုသာ အခန်းရှေ့မှာတွေ့ရသည်။
ယူလာခဲ့ စားပွဲပေါ်တင်ထားလိုက်သည်။
လောလောဆယ်ဖွင့်မကြည့်အားသေးတာမို့
ရေအရင်ချိုးရသည်။
ဒီနေ့ဘတ်ခ်ဟျွန်းဆေးရုံကဆင်းရမည်မို့လိုက်ပို့ရအုံးမည်။
ဆယ်ဟွန်းကလဲရုံးတက်ရသေးတာမို့မအားသလို
ကင်ညီအကို,ကိုလဲ အလုပ်မပျက်စေလို။
အားနေတာကဂယောင်ဆူးပဲရှိသည်။
ဆေးရုံလာခဲ့တော့ ဘတ်ခ်ဟျွန်းနဲ့သူ့လူတစ်ယောက်က
ဆေးရုံဆင်းဖို့အကုန်ပြင်ထားကြပြီးဖြစ်သည်။
"ဘတ်ခ်ဟျွန်း မင်းအိမ်လိုက်ပို့ရမလား"
"စခန်းကိုပဲလိုက်ပို့ပေး…ငါလုပ်စရာတွေရှိသေးတယ်"
"ဟ!အလုပ်သရဲရယ် အခုမှဆေးရုံကဆင်းမှာလေ
နားပါအုံး"
"နောက်မှနားမယ် လောလောဆယ်
ဝူခရစ်သေဒဏ်ပေးခံရအောင်အရင်သွားလုပ်မလို့"
"ဟေ" 
ဂယောင်ဆူးမျက်လုံးပြူးသွားရသည်။
ဘာတုန်းဟ။ ကျည်ဆံက ဗြောင်ဘတ်ဟျွန်းဦးနှောက်ကိုဖောက်ထွက်သွားတာလား။
"ငါ့ကိုသိသိကြီးနဲ့တမင်ပစ်တဲ့အဲ့သောက်ကောင်ကို
ပြစ်မှုတိုးအောင်လုပ်ပစ်မှာ ငါဘယ်လောက်ဖြောင်းဖျနေပါစေ နည်းနည်းမှနားမဝင်တဲ့ နားမပါတဲ့ကောင်"
ပြောရင်းဘတ်ခ်ဟျွန်းက တရှူးရှူးတရှဲရှဲကိုဖြစ်လာသည်။
အတော်ကြီးစိတ်တိုနေခြင်း။
အေးလေ ချစ်သူတစ်ယောက်လုံးကသေနတ်နဲ့ပစ်တာ
သူ့အနေနဲ့ဘယ်လိုလုပ်လက်ခံပေးချင်ပါ့မလဲ။
ဂယောင်ဆူးသာဆိုရင်လဲ စိတ်တိုမိမှာပင်။
တစ်ဆက်ထံတွေးမိသည်က ဂယောင်ဆူးကိုချန်းယောလ်က သေနတ်နဲ့ပစ်ခဲ့ရင်ရော။
ဟင့်အင်း။ အဲ့လိုဖြစ်လာစရာအကြောင်းမှမရှိတာ။
"ဂယောင်ဆူး မင်းဆိုရင်ရော ပတ်ချန်းယောလ်ကို အခုလိုသေနတ်နဲ့ပစ်နိုင်မှာလား"
ဗြောင်ဘတ်ခ်ဟျွန်းဟာ မေးခွန်းကောင်းကို အသေအချာမေးတက်လွန်းသည်။
ဒင်းကိုသာ စာမေးပွဲအတွက် မေးခွန်းထုတ်ခိုင်းရင်
ကလေးတွေ သောက်သောက်လဲစာမေးပွဲကျလိုက်မည့်ဖြစ်ခြင်း။
ပတ်ချန်းယောလ်ကိုပစ်နိုင်မှာလားတဲ့။
ခက်ပြီပဲ။ အခုအဲ့လိုအခြေအနေကိုမရောက်ခဲ့ဘူးမဟုတ်လား။
အကယ်၍များရောက်လာခဲ့ရင်တောင် ဂယောင်ဆူးကတော့ ချန်းယောလ်ကိုပစ်ခဲ့မိမှာပင်။
ဂန်းနမ်းရဲစခန်းကိုရောက်တော့ ဘတ်ခ်ဟျွန်းတစ်ယောက်ဒေါသတစ်ထောင်လောက်ထွက်ကာ အချုပ်ခန်းတွေစီတန်းဝင်သွားသည်။
"ဘယ်မှာလဲ Monsterကလူတွေ"
"ပတ်ချန်းယောလ်နဲ့သူ့လူတွေကို
ဆိုးလ်အကျည်းထောင်စီရွေ့သွားပါပြီရဲမှူး"
"ဘာ"
ဂယောင်ဆူးလဲ မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
ဆိုးလ်အကျည်းထောင်စီခေါ်သွားပြီဆိုတော့ မကြာခင်တရားရုံးတင်ကြတော့မည့်ပုံပင်။
ပတ်ချန်းယောလ်တို့ဘက်ကသာ ရှေ့နေငှားတာဘာညာမလုပ်ရင် ဒီအမှုကအမြန်ပြီးမှာသေချာသည်။
အကိုဂျုံဒယ်ရဲ့စကားအရဆိုရင်တော့ ချန်းယောလ်ဘက်က ဘာတုန့်ပြန်မှုမှ လုပ်မှာမဟုတ်တာသေချာသည်။
သို့ပေမဲ့လဲ အလုံးစုံတော့ စိတ်မအေးရဲ။
ချန်းယောလ်အခုလိုငြိမ်နေတာ ယုံစရာတော့မရှိ။
ခေါင်းထဲဉာဏ်အပြည့်နဲ့လူက အေးအေးဆေးဆေးနေပြီး
သူ့ဘဝတစ်ဝက်နီးပါကိုထောင်ထဲမှာ ကုန်ဆုံးခံပါ့မလား။
ချန်းယောလ်ခြေလှမ်းက ဘယ်ကိုဦးတည်နေလဲဆိုတာ
ဂယောင်ဆူးလဲမသိသလို ဘယ်သူမှလဲတွက်ဆလို့ရမှာတော့မဟုတ်ဘူး။
"ဘတ်ခ်ဟျွန်း စိတ်နည်းနည်းလျှော့…
ငါသွားတော့မယ်…စုံစမ်းစရာလေးရှိလို့"
"တာဝန်နားခံထားရတာဆို ဘာကိုသွားစုံစမ်းမလို့လဲ"
အယ် သူစိတ်တိုတာနဲ့ပဲလူကိုဘုတောပြန်တောနေတာ ဒီပေမှေးကတော့။
"ဒီတိုင်း မသင်္ကာတာလေးတွေရှိလို့"
အလုပ်မရှိလို့နားရမလားမှတ်သော်လည်း
တစ်ခုခုဆိုကိုယ်တိုင်သိရမှ ယုံချင်သည့်စိတ်ကြောင့်
စီနီယာဂျွန်မြောင်စီလာခဲ့ရပြန်သည်။
"ဂယောင်ဆူး မင်းလာတာအတော်ပဲ"
လာတာအတော်ပဲဆိုတော့ ဂယောင်ဆူးမလာရင်တောင်ခေါ်အုံးမည့်သဘောမှာရှိသည်။
မဟုတ်မှလေဂယောင်ဆူးကပြဿနာမရှာဘဲ ပြဿနာကဂယောင်ဆူးကိုလာရှာနေတာများလား။
အခုလဲ တစ်ခုခုတော့ အကြောင်းရှိနေမှာပင်။
"ကိစ္စရှိလို့လားစီနီယာ"
"အဆောက်အဦးစီမံရေးဘက်က ရှေ့နေဟန် ငါ့စီဖုန်းဆက်ထားတယ် မင်းကိုသူ့ရုံးခန်းစီခေါ်လာပေးပါအုံးတဲ့"
"ရှေ့နေဟန်! သူတို့ဘက်နဲ့အဆက်စပ်လဲမရှိပါဘူး
ဘာတွေဖြစ်လို့လဲ"
"အတိအကျတော့မပြောဘူး
သူတို့ရုံးမှာ မင်းနာမည်နဲ့ပိုင်ဆိုင်မှုတွေပြောင်းလဲတင်ထားတာတွေ့လို့တဲ့"
"ဟမ်"
ချက်ဆိုနားကွက်ကမီးတောက်တက်သူမို့
ဂယောင်ဆူးအခန်းထဲယူခဲ့သည့် ဂျပ်ပုံးကိုတန်းသတိရသည်။
ဖွင့်မကြည့်ခဲ့ရပေမဲ့ အတွင်းမှာ တစ်ခုခုပါတာတော့သေချာသည်။
မဟုတ်မှာ အခုကိစ္စနဲ့များသက်ဆိုင်နေမလား။
"စီနီယာ ခဏလေး
ကျနော်အိမ်ခဏပြန်အုံးမယ်"
"အခုသွားမလို့လေ မကြာလောက်ပါဘူး"
"အရေးကြီးတာသွားယူမှာမို့
ပြီးမှ ရှေ့နေဟန်စီသွားရအောင်"
ဂယောင်ဆူးလဲ ရုံးခန်းကအမြန်ပင်ထွက်လာခဲ့သည်။
နေ့လည်စာဝယ်လာပုံရသည့်ဆယ်ဟွန်းက ဂယောင်ဆူးကို ခေါ်နေသော်လည်း
ပြန်မထူးနိုင်သေး။
အိမ်ကဂျပ်ပုံးကိုသာ အမြန်ဖွင့်ချင်သည့်စိတ်ကများနေရသည်။
တောက်!။
ဒါလဲပတ်ချန်းယောလ်ပဲနေမှာ။
💙💙💙💙💙💙💙
T.b.c
#HoneyChan
Continue Reading
You'll Also Like
291K 12.1K 50
ဦး ❤ငယ် Zawgyi Unicoad
4.1K 440 32
ကိုယ်ကမင်းကိုသိပ်ချစ်တာ Injunnie... ' မျိုးရိုးကအထက်တန်းစား SS-1 ' က ' KrishunExoL4 ' accထဲမှာရှိပါတယ်။ [ ကိုယ္ကမင္းကိုသိပ္ခ်စ္တာ Injunnie... ' မ်ိဳး...
106K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
40.2K 2.8K 72
ဖတ်ကြည့်နော်😉😉