I'm Fine🔥18

612 87 23
                                    

I'm Fine✨

ချန်းယောလ် ညပိုင်းရေချိုးပြီး
ဗိုက်ဆာတာကြောင့် အခန်းထဲကထွက်လာခဲ့သည်။

"ခရစ် မင်းမအိပ်သေးဘူးလား"

ခရစ်ကတစ်ခုခုစားနေတာမို့ တံခါးကိုမှီနေရင်းချန်းယောလ်မေးလိုက်ခြင်း။

"ခေါက်ဆွဲပြုတ်စားနေတာ ခေါင်းဆောင်
စားအုံးမလား ကျနော်အများကြီးလုပ်ထားတာ"

"အင်း စားတာပေါ့ ငါလဲဘာစားရမလဲတွေးနေတာ"

ခရစ်က သူစားနေရင်းကနေ ပန်းကန်သွားယူပေးဖို့ပြင်သည်။

"ရတယ် ဆက်စား
ငါယူလိုက်မယ်"

ချန်းယောလ်လဲ ပန်းကန်လုံးယူလာပြီး
အငွေ့ထောင်းထောင်းထနေသောခေါက်ဆွဲကိုထည့်စားလိုက်သည်။

"မင်းကောင်လေးနဲ့အခြေအနေရော
အဆင်ပြေလားခရစ်"

"ကျနော်တို့လမ်းခွဲလိုက်ပြီခေါင်းဆောင်
သူကအခွင့်အရေးပေးခဲ့ပေမဲ့ ကျနော်မရွေးနိုင်ခဲ့ဘူးလေ"

"ငါနဲ့Monsterကိုသံယောဇဉ်ဖြတ်ပြီး
မင်းကောင်လေးနဲ့အတူနေသွားလဲ ငါစိတ်မခုပါဘူး
ဘာလို့ သူ့ကိုမရွေးလိုက်တာလဲ"

"ခေါင်းဆောင်! ကျနော်Monsterမှာ
ခေါင်းဆောင်နဲ့အတူနေခဲ့တဲ့အချိန်တွေက
ဘတ်ခ်ဟျွန်းနဲ့ချစ်သူဖြစ်ခဲ့တဲ့အချိန်တွေထက် အများကြီးပိုကြာပါတယ်…ခေါင်းဆောင်ရဲ့ကျေးဇူးတွေက ကျနော့်အပေါ်မှာအများကြီးလဲရှိသလို…ကျနော်တို့အတူ ပြဿနာအများကြီးကိုရော အခက်အခဲတွေရော ယုတ်မာမှုတွေ
အားလုံးကို ရင်ဆိုင်ခဲ့ကြတာ……အဲ့ဒါကြောင့်တစ်ကိုယ်ထဲတော့ ကျနော်ကိုယ်လွတ်ရုန်းဖြစ်မှာမဟုတ်ပါဘူး…
ကောင်းရင်လဲ အတူစံမယ် မကောင်းရင်လဲ အတူခံကြမယ်
သေလဲအတူ အဖမခံရပြီးထောင်ကျလဲအတူတူပေါ့ခေါင်းဆောင်"

ခရစ်စကားတွေကြောင့် ချန်းယောလ်စိတ်ထဲတခါမှမခံစားဘူးသည့် ခံစားချက်ဝင်ရသည်။
ခရစ်နဲ့ရီရှင်းက ချန်းယောလ်အပေါ် အကိုအရင်းနဲ့မခြားချစ်ကြသည်။
Monsterကိုချန်းယောလ်အုပ်ချုပ်ပါပြီဆိုကတည်းက
ဆိုးအတူ ကောင်းအတူ ဖြတ်သန်းခဲ့ကြသူတွေဖြစ်သည်။

🔥I'm Fine🔥(Completed)Where stories live. Discover now