I'm Fine✨
ဂယောင်ဆူး SKYဌာနမှာ တာဝန်ပြန်ကျပြီးနောက်
ချန်းယောလ်ပိုင်သည့်လုပ်ငန်းတွေကို လှည့်မကြည့်နိုင်တော့။နဂိုကတည်းက ရှေ့နေလောကရဲ့နာမည်ကြီးသူမို့
အမှုအပ်သည့်သူတွေဟာအများအပြားပင်။
အရင်လို လက်ထောက်တစ်ယောက်မရှိသေးတော့
တစ်ယောက်ထဲ အားတယ်ရယ်ကိုမရှိ။
ဆယ်ဟွန်းကလဲ သူ့ရာထူးနှင့်သူပေမို့ ဂယောင်ဆူးကို
လာမတွေ့နိုင်။သူအားလဲရောက်မလာတော့ပါဘူး။
ဆိုဟီးရဲ့မောင် Kaiနဲ့ပဲ ပလူးနေတော့တာ။
အဲ့ကောင်Kaiကလဲ အခုမှ သူ့အမနဲ့တစ်ထေရာတည်း။
တစ်ခုခုကူညီခိုင်းချင်ပြီဆို hyungရေဆိုပြီး ရောက်လာပြီ။လုပ်မပေးနိုင်ဘူး ငါမအားဘူးလို့ပြောတာနဲ့ မမကိုမချစ်ဘူးလားနဲ့ညစ်တော့တာ။
မချစ်ဘဲရှိပါ့မလား။ ကိုယ့်သူငယ်ချင်းမကိုချစ်ပါသကောဗျာ။"စီနီယာ"
"အင်း ဂျုံအင် ဘာလာလုပ်တာလဲ
ကိစ္စရှိလို့လား"ဂယောင်ဆူး အမှုတွဲဖိုင်တွေစစ်နေတုန်း
ကင်ဂျုံအင်ရောက်လာသည်။အဲ…ဂျုံအင်နဲ့Kaiကလဲ မတည့်ဘူး။
ဆယ်ဟွန်းနဲ့ဂျုံအင်က နဂိုဘုကလန့်တွေမို့
အချင်းများကြပြီဆို ဟိုကောင်Kaiက ဖြဲချောက်တော့တာ။
အဲ့ဒီအခါဆို ကင်ဂျုံအင်တို့ မျက်နှာငယ်နဲ့ အိုဆယ်ဟွန်းကိုအပေါင်းအသင်းမလုပ်တော့ဘူးဖြစ်ရော။"ကိစ္စရှိလို့လားဆိုတော့…ရှိတယ်
ကျနော့်ကိစ္စတော့ မဟုတ်ဘူး စီနီယာ့ကိစ္စ""ငါ့ကိစ္စ…ဘာမို့လဲ"
"မနက်ဖြန် လက်ထောက်အသစ်ရောက်မယ်တဲ့"
"ငါ့အတွက်လား"
"ဟုတ်တယ်တဲ့ လက်ထောက်ရာထူးဆိုပေမဲ့
အရမ်းတော်တယ်ဆိုလား ဋ္ဌာနမှုးစီကကြားခဲ့တာ""အော်…"
"သူ့အရည်အချင်းနဲ့ဆို ထိပ်တန်းရှေ့နေတစ်ယောက်လုပ်နိုင်ရဲ့သားနဲ့လက်ထောက်လုပ်ဖို့ပဲပြောတာတဲ့"
"သူ့အရည်အချင်းသူ သံသယရှိလို့ဖြစ်မှာပေါ့"
"ဟုတ်မယ်အဲ့လို……အဲ့ဒါလာပြောတာ စီနီယာ
ညနေ ရုံးဆင်းရင် အတူပြန်ရအောင်
လူစုံတက်စုံမသောက်ရတာကြာပြီမို့လား ဟဲ…ဟဲ……"