I'm Fine✨
ရှေ့နေဟန်ရဲ့မေးခွန်းတွေကြောင့် ဂယောင်ဆူးချွေးပြန်လာရသည်။
ဒါတွေကဘယ်လိုဖြစ်တာလဲတဲ့။
ဘယ်လိုလုပ်သိမှာတုန်း။
ဘာဖြစ်နေလဲတောင်မသိလို့ ခေါင်းကဆံပင်ပြောင်တော့မတက်ပူနေရတာပဲကို။လူမိုက်အားပေးလုပ်နေတာလားဆိုပြီးလဲမေးခံလိုက်ရသေးသည်။
အားမပေးချင်လို့မှ ချန်းယောလ်ကို ကိုယ်တိုင်တောင်ဖမ်းခဲ့တဲ့ဟာကို။Park groupပိုင် အဆောက်အဦးတွေက
ဝယ်သူနာမည်ဒိုဂယောင်ဆူးဖြစ်နေသော်လည်း
မိမိထံပိုင်ဆိုင်မှုလွှဲခဲ့တာမျိုးတော့မဟုတ်။ဒါခြေတစ်လှမ်းကိုဘယ်သူမှမသိအောင်ချန်းယောလ်ရွေ့ထားခဲ့တာ။
အကုန်လုံးကဂယောင်ဆူးအမည်ပေါက်နဲ့ချည်းပဲမို့
နိုင်ငံပိုင်သိမ်းလို့မရတော့။
ဂယောင်ဆူးပိုင်သလားဆိုတော့လဲမဟုတ်ပြန်ဘူး။
ကိုယ့်နာမည်နဲ့ဖြစ်ပေမဲ့ ပိုင်ရှင်ကကိုယ်ဟုတ်မနေခဲ့ဘူး။ပိုင်ဆိုင်သူကချန်းယောလ်သာဖြစ်ပြီး တရားဝင်နာမည်ပေါက်နေသည်က ဒိုဂယောင်ဆူး။
လုပ်ငန်းစုတွေကလဲ ပုံမှန်လည်ပတ်နေသည်။
ချန်းယောလ်လဲအပြင်မှာမရှိတော့တာကို
လုပ်ငန်းတွေရပ်တန့်သွားခြင်းမရှိတာက အံ့သြစရာတော့ကောင်းသား။"မင်းဘယ်လိုလုပ်မှာလဲ ရှေ့နေဒို"
"ကျနော်နာမည်နဲ့ဆိုပေမဲ့ ကျနော့်အပိုင်ဖြစ်ပြောင်းလို့လဲ
မရဘူးဆိုတော့ ဒီတိုင်းပဲထားရမှာပေါ့""ပတ်ချန်းယောလ်နဲ့playတော့မယ်ဆို
မင်းတို့အသေးစိတ်ဂရုစိုက်ခဲ့ရမှာ
အခုကျမလိုအပ်တာတွေပါဖြစ်နေရပြီ"ရှေ့နေဟန်က ဂယောင်ဆူးတို့ထက်ဝါရင့်သူဖြစ်သည်။
စီနီယာဖြစ်နေတော့အထွန့်တက်မနေချင်။
ဘယ်သူကတော့ ဒါတွေအထိနားထောင်ချင်မှာလဲ။
ဖြစ်လာမယ်လို့သိရင် ကြိုပြင်ဆင်ခဲ့မှာပေါ့။ပိုင်ဆိုင်မှုစာချုပ်တွေယူပြီးသာ ရှေ့နေဟန်ရဲ့ရုံးခန်းကပြန်လာခဲ့သည်။
"ရှေ့နေကြီး"
"ဆယ်ဟွန်းနား မင်းနေ့လည်ကိုငါစားလိုက်လို့ဖြစ်တယ်မဟုတ်လား…အားနာပေမဲ့လေ
အခုမစားရရင် ငါတကယ်မဖြစ်ဘူး"
![](https://img.wattpad.com/cover/281355662-288-k888910.jpg)