Chapter (66) - The Empress - ဧကရီမိဖုရားခေါင်ကြီး
နန်းတွင်းကလူတွေက မင်းသားဝူကျန့်ကိုတွေ့ခဲ့တဲ့ နောက်ဆုံးအချိန်က ငါးနှစ်နီးပါးကြာခဲ့ပြီဖြစ်သည်။
အိမ်ရှေ့မင်းသားနှင့် ဘေးချင်းယှဉ်ပြီး ဘယ်ဘက်တွင် မင်းသားဝူကျန့် ရပ်ခွင့်ရလိုက်သည့်အချိန်က မင်းသားဝူကျန်၏အသက်က နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးပြီး ညီလာခံတွင် အသက်အငယ်ဆုံးဖြစ်သည်။
ဘယ်သူမှ မထိဝံ့သော မင်းသားသည် ရွှေရောင်နှင့် အနီရောင် နဂါးပုံ ပန်းထိုးထားသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ ဒါက ဧကရာဇ် သို့မဟုတ် သူ၏အမွေဆက်ခံသူသာလျှင် ဝတ်ဆင်ခွင့်ရသည့် အမှတ်သင်္ကေတဖြစ်သည်။ သူ၏ရှည်လျားသောဆံပင်ကို ရိုးရှင်းသော ဆံထုံးအဖြစ် ထုံးဖွဲ့ထားကာ အစွပ်ဖြင့် ချည်နှောင်ထားပြီး သူက ဝူရှီးပြည်၏ခေါင်းဆောင်ဖြစ်ကြောင်း လူတိုင်းသိသာ စေခဲ့သည်။
ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေခဲ့သည့် မင်းသားဝူကျန့်၏သွင်ပြင်က နန်းရင်ပြင်တစ်ခုလုံး တွင် ထင်ရှားကာ သူ့သတင်းက ပျံ့လွင့်နေသည်။ ထိုလူငယ်မှာ သူတို့၏မင်းသား ဝူကျန့် ဖြစ်သည်။ သူတို့၏မင်းသားက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သည်။ မင်းသားလေးရဲ့ အရည်အချင်းကို ဘယ်သူမှ ငြင်းလို့မရဘူးဆိုတာ သေချာသည်။
တရားလွှတ်တော် ညီလာခံ အပြီးတွင် ဝူကျန့်သည် အဘွားဖြစ်သော ဧကရီမိဖုရားခေါင်ကြီး ဝမ်ချန့်ထံသို့ သွားခဲ့သည်။ ဧကရာဇ်ဟွေ့ကျုံးက သူ့အဖွားက သူ့ကိုလွမ်းနေပြီး သူနဲ့ ထမင်းအတူစားချင်တယ်လို့ ပြောခဲ့တဲ့အတွက် အဖွားတော်ဆီကို လာလည်တာ ဖြစ်တယ်။ ဧကရာဇ်မင်းမြတ်နှင့် အိမ်ရှေ့မင်းသားတို့နှင့်အတူ ဧကရာဇ်နန်းတော်သို့ ဝူကျန့် ရောက်ရှိလာသောအခါတွင် ထိုနေရာတွင် အခြားအမျိုးသမီးများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဝူကျန့်က တော်ဝင်ဧကရီကို နှုတ်ဆက်ပါတယ်"
ဝူကျန့်က ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
"ကျန့်...."
ဧကရီဝမ်ချန့် သည် ဧကရာဇ်ဟွေ့ကျုံးထက် နှစ်အနည်းငယ်သာ ငယ်သော်လည်း အလွန်လှပ နေဆဲဖြစ်သည်။
သူမ ထိုင်ခုံမှထကာ ဝူကျန့်ထံသို့သွားသောအခါ မည်သူမျှ အံ့သြခြင်းမရှိပေ။ မင်းသားဝူကျန့် က သူ့ကို ဘယ်သူ့ကိုမှ ထိခွင့်မပေးပေမယ့် ဧကရီက သူ့အဘိုးနဲ့ တွဲပြီး ဝူကျန့်ကို ငယ်စဉ်ကတည်းမှ ကြီးပြင်းလာတဲ့ ပြုစုပေးခဲ့တဲ့ အဖွားဖြစ်လို့ ဝူကျန့်ကို ထိတွေ့လို့ရသည့် အနည်းစုထဲတွင် ဧကရီလည်း ပါဝင်သည်။
"မင်းက ချွင် နဲ့တူတယ်"
သူမ၏မျက်လုံးများသည် ချစ်ခင်ကြင်နာမှုဖြင့် ပျော့ပျောင်းနူးညံံ့နေသည်။
ဝူဟိုင်ချွင်သည် ချောမောသော ယောက်ျား တစ်ယောက်ဟု လူသိများခဲ့သည်။ ဝူကျန့်သည် သူ့အဖေနှင့်တူသည်ဟု သူ့အဖွားထံမှ မကြာခဏကြားခဲ့ ရသည်။
"လွန်ခဲ့တဲ့ငါးနှစ်လံုံးလုံး မြေးနဲ့ မတွေ့ခဲ့ရဘူး။ ဒီနှစ်တွေမှာ မြေး... နေကောင်းရဲ့လား"
ဧကရီသည် ဝူကျန့်၏လက်ကိုဆွဲကာ ဟင်းပွဲများစွာပြင်ဆင်ထားသည့် စားပွဲဆီသို့ ခေါ်သွားလိုက်သည်။ လူဆယ်ယောက်ပါတဲ့ စားပွဲဝိုင်းကြီးမှာ ထိုင်ရင်း ဧကရီက ဝူကျန့်ကို ထွေရာလေးပါး စကားစမြည်ပြောနေခဲ့သည်။ ဝူကျန့်က ညစာစားရင်း စကားများများစားစား မပြောဘဲ သူ့အဖွားရဲ့မေးခွန်းတွေကို တိုတို ရှင်းရှင်း ဖြေပေးနေခဲ့သည်။
"ဒီညနေက ဟင်းတွေကို ဘယ်လိုထင်လဲ"
ထိုမေးခွန်းကို ဝူကျန့်က မတုံ့ပြန်ခဲ့ပါ။ ဧကရီ၏ ရည်ရွယ်ချက်ကို မသိရလောက်အောင် ဖြစ်ပျက်နေသည်ကို သူ လျစ်လျူမရှုခဲ့သေးပေ။
ဧကရီ၏နန်းဆောင်ထဲကို ဝင်လိုက်ကတည်းက ဒီထဲက လူတွေက ဘယ်လိုကစားပွဲကို ကစားချင်နေတယ်ဆိုတာ ဝူကျန့် အလွယ်တကူသိရှိနိုင်ခဲ့သည်။ ဒီနည်းလမ်းက သူလည်း ကောင်းကောင်းသိတဲ့ ကစားပွဲတစ်ခုပဲလေ။
"မင်းရဲ့ဝမ်းကွဲညီမလေး တင်းတင်းက ဒီဟင်းအားလုံးကို သူမဖာသာ ပြင်ဆင်ပေးခဲ့တယ်။ "
ဧကရီသည် ဝူကျန့်ဘေးတွင် တချိန်လုံး နာခံစွာနှင့် မခို့တရို့ထိုင်နေသော အမျိုးသမီးငယ်အား ရယ်မောကာ ပြုံးပြလိုက်သည်။
"ဟုတ်တယ်။ သူမက အများကြီး ကြိုးစားအားထုတ်ပြီး ဒါတွေကို လုပ်ပေးခဲ့တယ်"
ဧကရီက ဝူကျန့်၏လက်မောင်းကို ညင်သာစွာ ပုတ်လိုက်ကာ ပြောလိုက်သည်။
ဝူကျန့်သည် တိတ်ဆိတ်စွာ စားသောက်နေခဲ့သည်။ သူ့စိတ်ထဲ ဘယ်လိုတွေးနေသည်ကို သူ့မျက်လုံးထဲကနေ ဘယ်သူမှ မဖတ်နိုင်ခဲ့ပေ။
ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားတို့သည် သူတို့၏မျက်နှာပေါ်တွင် သိတတ်သော အပြုံးဖြင့် စားသောက်နေကြသည်။ နှစ်ယောက်လုံး စကားမပြောပဲ ခန့်ညားတည်ကြည်စွာ ရှိနေကြသည်။
"တင်းတင်းက အရမ်းကို အချက်ပြုတ်တော်တဲ့ ကလေးမလေးပဲ။ "
တင်းတင်းရဲ့ သူ့အမေက သူမ သမီးကို ချီးမွမ်းကာ ဆက်ပြောခဲ့သည်။
"အရှင်မင်းကြီးက သူ့အတွက် တင်းတင်းကို အမြဲချက်ပြုတ်ခွင့်ပြုခဲ့တယ်။ အရှင်မင်းကြီးတောင် တင်းတင်းချက်တဲ့ ဟင်းတွေကို သဘောကျတယ်။ မင်းသားကျန့်...တင်းတင်းက မင်းသားအတွက် ဟင်းလျာပူပူနွေးနွေးလေးတွေကို ချက်ပြုတ်ပေးချင်နေတယ်လေ "
"မေမေ၊ တော်ပါတော့"
တင်းတင်း သည် ရှက်ရွံ့သော အမူအရာဖြင့် တစ်ဖက်သို့ လှည့်ကာ သူမ အမေကို ညင်သာစွာ ဟန့်တားလိုက်သည်။
အမျိုးသမီးများအားလုံး ရှက်ရွံ့နေသည့် တင်းတင်းကို ကြည့်ကာ သဘောကျစွာ တခစ်ခစ်ရယ်နေကြပြီး ယောက်ျားများက တိတ်ဆိတ်စွာ စားသောက်နေကြသည်။
"မင်းသားကျန့်.... အမတ်ကြီးရဲ့ အလိုလိုက်ခံခဲ့ရတဲ့ သမီးက ဒီလိုဟင်းမျိုးကို ချက်တတ်မှာ မဟုတ်တာတော့ သေချာတယ် "
တင်းမင်း ၏အမေက ချိုမြိန်သော အပြုံးဖြင့် ဆက်လက်ပြောလိုက်သည်။
"တင်းတင်းက မင်းသမီးတစ်ပါးဆိုပေမယ့် အမတ်ကြီးသမီးလို ရွှေပေါ်မြတင် ဖူးဖူးမှုတ် အလိုလိုက်ခံရပြီး ကြီးပြင်းလာတာ မဟုတ်ဘူး။ မင်းက အဲ့လိုမိန်းမမျိုးကို မကြိုက်ဘူးဆိုတာ ငါတို့အားလုံးသိပါတယ်"
ဝူကျန့်သည် ပန်းကန်လွတ်ကို အေးအေးဆေးဆေး ချလိုက်သော်လည်း ပန်းကန်လုံးနှင့် စားပွဲ ထိမိသည့် အသံသည် ကျယ်လောင်လွန်းသဖြင့် မည်သူမျှ စကား ဆက်မပြောရဲတော့ပေ။ တိတ်ဆိတ်မှုက ကြီးစိုးလာပြီး ထမင်းဝိုင်းက အဆင်မပြေဖြစ်လာခဲ့သည်။ ဝူကျန့်က အနီးနားရှိ မိန်းမစိုးကို မသိမသာ စိုက်ကြည့်လိုက်တော့ လိမ္မာပါးနပ်တဲ့ မိန်းမစိုးက လက်ဖက်ရည်တစ်ခွက်နဲ့ ရောက်လာပြီး ဆက်သလိုက်သည်။
"ကျ..ကျန့်ကော..."
တင်းတင်းက စိတ်လှုပ်ရှားစွာဖြင့် ဝူကျန့်ကို ခေါ်လိုက်သည်။ သူမအပေါ်ကို ဝူကျန့်ရဲ့ အကြည့်တွေကို ရောက်ရှိစေချင်နေသည်။
ဝူကျန့်သည် သူမ၏နူးညံ့ ပျော့ပျောင်းပြီး မိန်းမပီသသော အချက်ကို သတိပြုမိမည်ဟု မျှော်လင့်စွာဖြင့် အရောင်ဖျော့ဖျော့ ဝတ်စုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့သည်။ သူမသည် ဒီနေ့နံနက် စောစောနိုးလာသောကြောင့် ဒီအစားအစာအားလုံးကို ပြင်ဆင် ချက်ပြုတ်ပေးနိုင်ခဲ့သည်။ သူ စိတ်ကျေနပ်အောင် ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ ရတယ်ဆိုတာ ဝူကျန့်ကို မြင်စေချင်နေသည်။
"ဝူကျန့်ကို အခုလို ထမင်းစားဖိတ်ပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
ဝူကျန့်က ဧကရီမိဖုရားခေါင်ကြီးကို ဦးတည်းပြောကာ လက်ဖက်ရည်ခွက်ကိုချပြီး မတ်တပ်ရပ်ကာ နူတ်ဆက်လိုက်သည်။
"ဝူကျန့်.... အနားယူတော့မယ်"
"ကျ..ကျန့်ကော...."
တင်းတင်းက ဝူကျန့်၏အင်္ကျီလက်စကို လှမ်းဆွဲကိုင်ထားပြီး သူ့ကို မသွားစေချင်ခဲ့ပေ။
အေးစက်သော မျက်လုံးများက သူမဘက်သို့ လှည့်လာသောအခါ သူမက လက်ကို အမြန်လွှတ်လိုက်သည်။ သူ့မျက်လုံးများက သေမင်းတမန် အလင်းတန်းကဲ့သို့ သူ့ကို သူမ ထိလိုက်သည်နှင့်ဖြတ်ခနဲ လက်သွားခဲ့သည်။
သူမ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ပေမယ့် သူမအပေါ် ဝူကျန့်ရဲ့ အကြည့်တွေက ဘယ်လောက်အေးစက်နေလဲဆိုတာကို မြင်လိုက်ရတော့ တင်းတင်းရဲ့မျက်ဝန်းထဲမှာ မျက်ရည်စက်တွေဖွဲ့သီလာခဲ့ပြီး ဧကရီကို အကူအညီတောင်းဖို့ လှည့်ကြည့်လိုက်သည်။
"ကျန့်...တင်းတင်းက မိန်းမကောင်းလေးပါ...."
ဧကရီက ညင်သာစွာပြောလိုက်သည်။
"အရှင်မင်းကြီး......အားလုံးကို လေးစားပါတယ်။ ဒါပေမယ့် ဝူကျန့် ဂရုမစိုက်ဘူး"
ဝူကျန့်က အေးစက်စက် မျက်လုံးများဖြင့် ဧကရီထံသို့ တချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။
အံ့အားသင့်သွားသည့် ဧကရီသည် စကားတခွန်းမှ မပြောနိုင်တော့ပေ။ ဝူကျန့်၏ အေးစက်သော စိတ်နေစိတ်ထားကို သူမ သိသော်လည်း သူမ၏မြေးဖြစ်သူက သူမကို ဘာခံစားချက်မှ မရှိသည့်ဟန်ဖြင့် ပထမဆုံးအကြိမ် ခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူ့လက်ရှိဝမ်ဖေး ကြောင့် အခုလို လုပ်သွားခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အတွက် ဧကရီမိဖုရားခေါင်ကြီးက စိတ်မကောင်းဖြစ်သွားခဲ့ရသည်။
"ဝူကျန့်.....မိန်းမတစ်ယောက်ကြောင့် မင်းအဖွားကိုတောင် ဒီလိုစကားတွေပြောနေတာလား။ "
ဧကရီဝမ်ချန့် ၏အမူအရာမှာ ပျော့ပျောင်းခြင်း မရှိတော့ပေ။
ဧကရီ၏စကားတွေက ဝူကျန့်ကို ရယ်မောစေခဲ့သဖြင့် ဧကရာဇ်နဲ့ အိမ်ရှေ့မင်းသားကလွဲလို့ အားလုံးက အံ့သြနေကြတယ်။
"မိန်းမတစ်ယောက်..."
ဝူကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။
ဧကရီကို မျက်နှာချင်းဆိုင်မည့်အစား ဝူကျန့်က ဧကရာဇ်မင်းအား မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။
"ကျွန်တော့်မိန်းမကို ဂရုမစိုက်တဲ့သူကို ကျွန်တော် ဒီလိုပဲ ပြောဆိုနိုင်မယ်"
ဝူကျန့်က ဒီစကားကိုပြောပြီး လှည့်ထွက်လာခဲ့သည်။ ဧကရီမိဖုရားခေါင် အဖွားတော်က ဟန့်တားသည်ကိုပင် သူက ငြင်းဆန်ခဲ့သည်။
*******-*******
Chapter (66) - The Empress - ဧကရီမိဖုရားေခါင္ႀကီး
နန္းတြင္းကလူေတြက မင္းသားဝူက်န႔္ကိုေတြ႕ခဲ့တဲ့ ေနာက္ဆုံးအခ်ိန္က ငါးႏွစ္နီးပါးၾကာခဲ့ၿပီျဖစ္သည္။
အိမ္ေရွ႕မင္းသားႏွင့္ ေဘးခ်င္းယွဥ္ၿပီး ဘယ္ဘက္တြင္ မင္းသားဝူက်န႔္ ရပ္ခြင့္ရလိုက္သည့္အခ်ိန္က မင္းသားဝူက်န္၏အသက္က ႏွစ္ဆယ့္သုံးႏွစ္ပဲ ရွိေသးၿပီး ညီလာခံတြင္ အသက္အငယ္ဆုံးျဖစ္သည္။
ဘယ္သူမွ မထိဝံ့ေသာ မင္းသားသည္ ေ႐ႊေရာင္ႏွင့္ အနီေရာင္ နဂါးပုံ ပန္းထိုးထားသည့္ အျဖဴေရာင္ဝတ္႐ုံကို ဝတ္ဆင္ထားခဲ့သည္။ ဒါက ဧကရာဇ္ သို႔မဟုတ္ သူ၏အေမြဆက္ခံသူသာလွ်င္ ဝတ္ဆင္ခြင့္ရသည့္ အမွတ္သေကၤတျဖစ္သည္။ သူ၏ရွည္လ်ားေသာဆံပင္ကို ႐ိုးရွင္းေသာ ဆံထုံးအျဖစ္ ထုံးဖြဲ႕ထားကာ အစြပ္ျဖင့္ ခ်ည္ေႏွာင္ထားၿပီး သူက ဝူရွီးျပည္၏ေခါင္းေဆာင္ျဖစ္ေၾကာင္း လူတိုင္းသိသာ ေစခဲ့သည္။
ဂုဏ္ယူဝင့္ႂကြားစြာ ရပ္တန႔္ေနခဲ့သည့္ မင္းသားဝူက်န႔္၏သြင္ျပင္က နန္းရင္ျပင္တစ္ခုလုံး တြင္ ထင္ရွားကာ သူ႔သတင္းက ပ်ံ႕လြင့္ေနသည္။ ထိုလူငယ္မွာ သူတို႔၏မင္းသား ဝူက်န႔္ ျဖစ္သည္။ သူတို႔၏မင္းသားက ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္သည္။ မင္းသားေလးရဲ႕ အရည္အခ်င္းကို ဘယ္သူမွ ျငင္းလို႔မရဘူးဆိုတာ ေသခ်ာသည္။
တရားလႊတ္ေတာ္ ညီလာခံ အၿပီးတြင္ ဝူက်န႔္သည္ အဘြားျဖစ္ေသာ ဧကရီမိဖုရားေခါင္ႀကီး ဝမ္ခ်န႔္ထံသို႔ သြားခဲ့သည္။ ဧကရာဇ္ေဟြ႕က်ဳံးက သူ႔အဖြားက သူ႔ကိုလြမ္းေနၿပီး သူနဲ႔ ထမင္းအတူစားခ်င္တယ္လို႔ ေျပာခဲ့တဲ့အတြက္ အဖြားေတာ္ဆီကို လာလည္တာ ျဖစ္တယ္။ ဧကရာဇ္မင္းျမတ္ႏွင့္ အိမ္ေရွ႕မင္းသားတို႔ႏွင့္အတူ ဧကရာဇ္နန္းေတာ္သို႔ ဝူက်န႔္ ေရာက္ရွိလာေသာအခါတြင္ ထိုေနရာတြင္ အျခားအမ်ိဳးသမီးမ်ားစြာ ရွိေနသည္ကို ေတြ႕လိုက္ရသည္။
"ဝူက်န႔္က ေတာ္ဝင္ဧကရီကို ႏႈတ္ဆက္ပါတယ္"
ဝူက်န႔္က ပုံမွန္အတိုင္း ေအးေဆးတည္ၿငိမ္တဲ့ အမူအရာနဲ႔ ေျပာလိုက္တယ္။
"က်န႔္...."
ဧကရီဝမ္ခ်န႔္ သည္ ဧကရာဇ္ေဟြ႕က်ဳံးထက္ ႏွစ္အနည္းငယ္သာ ငယ္ေသာ္လည္း အလြန္လွပ ေနဆဲျဖစ္သည္။
သူမ ထိုင္ခုံမွထကာ ဝူက်န႔္ထံသို႔သြားေသာအခါ မည္သူမွ် အံ့ၾသျခင္းမရွိေပ။ မင္းသားဝူက်န႔္ က သူ႔ကို ဘယ္သူ႔ကိုမွ ထိခြင့္မေပးေပမယ့္ ဧကရီက သူ႔အဘိုးနဲ႔ တြဲၿပီး ဝူက်န႔္ကို ငယ္စဥ္ကတည္းမွ ႀကီးျပင္းလာတဲ့ ျပဳစုေပးခဲ့တဲ့ အဖြားျဖစ္လို႔ ဝူက်န႔္ကို ထိေတြ႕လို႔ရသည့္ အနည္းစုထဲတြင္ ဧကရီလည္း ပါဝင္သည္။
"မင္းက ခြၽင္ နဲ႔တူတယ္"
သူမ၏မ်က္လုံးမ်ားသည္ ခ်စ္ခင္ၾကင္နာမႈျဖင့္ ေပ်ာ့ေပ်ာင္းႏူးညံံ့ေနသည္။
ဝူဟိုင္ခြၽင္သည္ ေခ်ာေမာေသာ ေယာက္်ား တစ္ေယာက္ဟု လူသိမ်ားခဲ့သည္။ ဝူက်န႔္သည္ သူ႔အေဖႏွင့္တူသည္ဟု သူ႔အဖြားထံမွ မၾကာခဏၾကားခဲ့ ရသည္။
"လြန္ခဲ့တဲ့ငါးႏွစ္လံုံးလုံး ေျမးနဲ႔ မေတြ႕ခဲ့ရဘူး။ ဒီႏွစ္ေတြမွာ ေျမး... ေနေကာင္းရဲ႕လား"
ဧကရီသည္ ဝူက်န႔္၏လက္ကိုဆြဲကာ ဟင္းပြဲမ်ားစြာျပင္ဆင္ထားသည့္ စားပြဲဆီသို႔ ေခၚသြားလိုက္သည္။ လူဆယ္ေယာက္ပါတဲ့ စားပြဲဝိုင္းႀကီးမွာ ထိုင္ရင္း ဧကရီက ဝူက်န႔္ကို ေထြရာေလးပါး စကားစျမည္ေျပာေနခဲ့သည္။ ဝူက်န႔္က ညစာစားရင္း စကားမ်ားမ်ားစားစား မေျပာဘဲ သူ႔အဖြားရဲ႕ေမးခြန္းေတြကို တိုတို ရွင္းရွင္း ေျဖေပးေနခဲ့သည္။
"ဒီညေနက ဟင္းေတြကို ဘယ္လိုထင္လဲ"
ထိုေမးခြန္းကို ဝူက်န႔္က မတုံ႔ျပန္ခဲ့ပါ။ ဧကရီ၏ ရည္႐ြယ္ခ်က္ကို မသိရေလာက္ေအာင္ ျဖစ္ပ်က္ေနသည္ကို သူ လ်စ္လ်ဴမရႈခဲ့ေသးေပ။
ဧကရီ၏နန္းေဆာင္ထဲကို ဝင္လိုက္ကတည္းက ဒီထဲက လူေတြက ဘယ္လိုကစားပြဲကို ကစားခ်င္ေနတယ္ဆိုတာ ဝူက်န႔္ အလြယ္တကူသိရွိႏိုင္ခဲ့သည္။ ဒီနည္းလမ္းက သူလည္း ေကာင္းေကာင္းသိတဲ့ ကစားပြဲတစ္ခုပဲေလ။
"မင္းရဲ႕ဝမ္းကြဲညီမေလး တင္းတင္းက ဒီဟင္းအားလုံးကို သူမဖာသာ ျပင္ဆင္ေပးခဲ့တယ္။ "
ဧကရီသည္ ဝူက်န႔္ေဘးတြင္ တခ်ိန္လုံး နာခံစြာႏွင့္ မခို႔တ႐ို႕ထိုင္ေနေသာ အမ်ိဳးသမီးငယ္အား ရယ္ေမာကာ ၿပဳံးျပလိုက္သည္။
"ဟုတ္တယ္။ သူမက အမ်ားႀကီး ႀကိဳးစားအားထုတ္ၿပီး ဒါေတြကို လုပ္ေပးခဲ့တယ္"
ဧကရီက ဝူက်န႔္၏လက္ေမာင္းကို ညင္သာစြာ ပုတ္လိုက္ကာ ေျပာလိုက္သည္။
ဝူက်န႔္သည္ တိတ္ဆိတ္စြာ စားေသာက္ေနခဲ့သည္။ သူ႔စိတ္ထဲ ဘယ္လိုေတြးေနသည္ကို သူ႔မ်က္လုံးထဲကေန ဘယ္သူမွ မဖတ္ႏိုင္ခဲ့ေပ။
ဧကရာဇ္ႏွင့္ အိမ္ေရွ႕မင္းသားတို႔သည္ သူတို႔၏မ်က္ႏွာေပၚတြင္ သိတတ္ေသာ အၿပဳံးျဖင့္ စားေသာက္ေနၾကသည္။ ႏွစ္ေယာက္လုံး စကားမေျပာပဲ ခန႔္ညားတည္ၾကည္စြာ ရွိေနၾကသည္။
"တင္းတင္းက အရမ္းကို အခ်က္ျပဳတ္ေတာ္တဲ့ ကေလးမေလးပဲ။ "
တင္းတင္းရဲ႕ သူ႔အေမက သူမ သမီးကို ခ်ီးမြမ္းကာ ဆက္ေျပာခဲ့သည္။
"အရွင္မင္းႀကီးက သူ႔အတြက္ တင္းတင္းကို အၿမဲခ်က္ျပဳတ္ခြင့္ျပဳခဲ့တယ္။ အရွင္မင္းႀကီးေတာင္ တင္းတင္းခ်က္တဲ့ ဟင္းေတြကို သေဘာက်တယ္။ မင္းသားက်န႔္...တင္းတင္းက မင္းသားအတြက္ ဟင္းလ်ာပူပူေႏြးေႏြးေလးေတြကို ခ်က္ျပဳတ္ေပးခ်င္ေနတယ္ေလ "
"ေမေမ၊ ေတာ္ပါေတာ့"
တင္းတင္း သည္ ရွက္႐ြံ႕ေသာ အမူအရာျဖင့္ တစ္ဖက္သို႔ လွည့္ကာ သူမ အေမကို ညင္သာစြာ ဟန႔္တားလိုက္သည္။
အမ်ိဳးသမီးမ်ားအားလုံး ရွက္႐ြံ႕ေနသည့္ တင္းတင္းကို ၾကည့္ကာ သေဘာက်စြာ တခစ္ခစ္ရယ္ေနၾကၿပီး ေယာက္်ားမ်ားက တိတ္ဆိတ္စြာ စားေသာက္ေနၾကသည္။
"မင္းသားက်န႔္.... အမတ္ႀကီးရဲ႕ အလိုလိုက္ခံခဲ့ရတဲ့ သမီးက ဒီလိုဟင္းမ်ိဳးကို ခ်က္တတ္မွာ မဟုတ္တာေတာ့ ေသခ်ာတယ္ "
တင္းမင္း ၏အေမက ခ်ိဳၿမိန္ေသာ အၿပဳံးျဖင့္ ဆက္လက္ေျပာလိုက္သည္။
"တင္းတင္းက မင္းသမီးတစ္ပါးဆိုေပမယ့္ အမတ္ႀကီးသမီးလို ေ႐ႊေပၚျမတင္ ဖူးဖူးမႈတ္ အလိုလိုက္ခံရၿပီး ႀကီးျပင္းလာတာ မဟုတ္ဘူး။ မင္းက အဲ့လိုမိန္းမမ်ိဳးကို မႀကိဳက္ဘူးဆိုတာ ငါတို႔အားလုံးသိပါတယ္"
ဝူက်န႔္သည္ ပန္းကန္လြတ္ကို ေအးေအးေဆးေဆး ခ်လိုက္ေသာ္လည္း ပန္းကန္လုံးႏွင့္ စားပြဲ ထိမိသည့္ အသံသည္ က်ယ္ေလာင္လြန္းသျဖင့္ မည္သူမွ် စကား ဆက္မေျပာရဲေတာ့ေပ။ တိတ္ဆိတ္မႈက ႀကီးစိုးလာၿပီး ထမင္းဝိုင္းက အဆင္မေျပျဖစ္လာခဲ့သည္။ ဝူက်န႔္က အနီးနားရွိ မိန္းမစိုးကို မသိမသာ စိုက္ၾကည့္လိုက္ေတာ့ လိမၼာပါးနပ္တဲ့ မိန္းမစိုးက လက္ဖက္ရည္တစ္ခြက္နဲ႔ ေရာက္လာၿပီး ဆက္သလိုက္သည္။
"က်..က်န႔္ေကာ..."
တင္းတင္းက စိတ္လႈပ္ရွားစြာျဖင့္ ဝူက်န႔္ကို ေခၚလိုက္သည္။ သူမအေပၚကို ဝူက်န႔္ရဲ႕ အၾကည့္ေတြကို ေရာက္ရွိေစခ်င္ေနသည္။
ဝူက်န႔္သည္ သူမ၏ႏူးညံ့ ေပ်ာ့ေပ်ာင္းၿပီး မိန္းမပီသေသာ အခ်က္ကို သတိျပဳမိမည္ဟု ေမွ်ာ္လင့္စြာျဖင့္ အေရာင္ေဖ်ာ့ေဖ်ာ့ ဝတ္စုံကို ႐ိုးရွင္းစြာ ဝတ္ဆင္ထားခဲ့သည္။ သူမသည္ ဒီေန႔နံနက္ ေစာေစာႏိုးလာေသာေၾကာင့္ ဒီအစားအစာအားလုံးကို ျပင္ဆင္ ခ်က္ျပဳတ္ေပးႏိုင္ခဲ့သည္။ သူ စိတ္ေက်နပ္ေအာင္ ဘယ္ေလာက္ႀကိဳးစားအားထုတ္ခဲ့ ရတယ္ဆိုတာ ဝူက်န႔္ကို ျမင္ေစခ်င္ေနသည္။
"ဝူက်န႔္ကို အခုလို ထမင္းစားဖိတ္ေပးတဲ့အတြက္ အရွင္မင္းႀကီးကို ေက်းဇူးတင္ပါတယ္"
ဝူက်န႔္က ဧကရီမိဖုရားေခါင္ႀကီးကို ဦးတည္းေျပာကာ လက္ဖက္ရည္ခြက္ကိုခ်ၿပီး မတ္တပ္ရပ္ကာ ႏူတ္ဆက္လိုက္သည္။
"ဝူက်န႔္.... အနားယူေတာ့မယ္"
"က်..က်န႔္ေကာ...."
တင္းတင္းက ဝူက်န႔္၏အက်ႌလက္စကို လွမ္းဆြဲကိုင္ထားၿပီး သူ႔ကို မသြားေစခ်င္ခဲ့ေပ။
ေအးစက္ေသာ မ်က္လုံးမ်ားက သူမဘက္သို႔ လွည့္လာေသာအခါ သူမက လက္ကို အျမန္လႊတ္လိုက္သည္။ သူ႔မ်က္လုံးမ်ားက ေသမင္းတမန္ အလင္းတန္းကဲ့သို႔ သူ႔ကို သူမ ထိလိုက္သည္ႏွင့္ျဖတ္ခနဲ လက္သြားခဲ့သည္။
သူမ ဘယ္ေလာက္ ႀကိဳးစားအားထုတ္ခဲ့ေပမယ့္ သူမအေပၚ ဝူက်န႔္ရဲ႕ အၾကည့္ေတြက ဘယ္ေလာက္ေအးစက္ေနလဲဆိုတာကို ျမင္လိုက္ရေတာ့ တင္းတင္းရဲ႕မ်က္ဝန္းထဲမွာ မ်က္ရည္စက္ေတြဖြဲ႕သီလာခဲ့ၿပီး ဧကရီကို အကူအညီေတာင္းဖို႔ လွည့္ၾကည့္လိုက္သည္။
"က်န႔္...တင္းတင္းက မိန္းမေကာင္းေလးပါ...."
ဧကရီက ညင္သာစြာေျပာလိုက္သည္။
"အရွင္မင္းႀကီး......အားလုံးကို ေလးစားပါတယ္။ ဒါေပမယ့္ ဝူက်န႔္ ဂ႐ုမစိုက္ဘူး"
ဝူက်န႔္က ေအးစက္စက္ မ်က္လုံးမ်ားျဖင့္ ဧကရီထံသို႔ တခ်က္ၾကည့္ကာ လွည့္ထြက္သြားခဲ့သည္။
အံ့အားသင့္သြားသည့္ ဧကရီသည္ စကားတခြန္းမွ မေျပာႏိုင္ေတာ့ေပ။ ဝူက်န႔္၏ ေအးစက္ေသာ စိတ္ေနစိတ္ထားကို သူမ သိေသာ္လည္း သူမ၏ေျမးျဖစ္သူက သူမကို ဘာခံစားခ်က္မွ မရွိသည့္ဟန္ျဖင့္ ပထမဆုံးအႀကိမ္ ခုလို ေျပာဆိုလိုက္ျခင္းျဖစ္သည္။ သူ႔လက္ရွိဝမ္ေဖး ေၾကာင့္ အခုလို လုပ္သြားခဲ့တယ္ဆိုတာ သိလိုက္ရတဲ့အတြက္ ဧကရီမိဖုရားေခါင္ႀကီးက စိတ္မေကာင္းျဖစ္သြားခဲ့ရသည္။
"ဝူက်န႔္.....မိန္းမတစ္ေယာက္ေၾကာင့္ မင္းအဖြားကိုေတာင္ ဒီလိုစကားေတြေျပာေနတာလား။ "
ဧကရီဝမ္ခ်န႔္ ၏အမူအရာမွာ ေပ်ာ့ေပ်ာင္းျခင္း မရွိေတာ့ေပ။
ဧကရီ၏စကားေတြက ဝူက်န႔္ကို ရယ္ေမာေစခဲ့သျဖင့္ ဧကရာဇ္နဲ႔ အိမ္ေရွ႕မင္းသားကလြဲလို႔ အားလုံးက အံ့ၾသေနၾကတယ္။
"မိန္းမတစ္ေယာက္..."
ဝူက်န႔္က ေအးစက္စြာ ရယ္ေမာလိုက္သည္။
ဧကရီကို မ်က္ႏွာခ်င္းဆိုင္မည့္အစား ဝူက်န႔္က ဧကရာဇ္မင္းအား မ်က္ႏွာခ်င္းဆိုင္ကာ ေျပာလိုက္သည္။
"ကြၽန္ေတာ့္မိန္းမကို ဂ႐ုမစိုက္တဲ့သူကို ကြၽန္ေတာ္ ဒီလိုပဲ ေျပာဆိုႏိုင္မယ္"
ဝူက်န႔္က ဒီစကားကိုေျပာၿပီး လွည့္ထြက္လာခဲ့သည္။ ဧကရီမိဖုရားေခါင္ အဖြားေတာ္က ဟန႔္တားသည္ကိုပင္ သူက ျငင္းဆန္ခဲ့သည္။
*******-*******