ရာဇဝတ်အရှင်

By Kazegafuku3

13.3K 1.1K 3.1K

Moriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်​ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်... More

ကြက်သွေးနီရောင်ကိုစူးစမ်းခြင်း(၁)
ကြက်သွေးနီရောင်ကိုစူးစမ်းခြင်း ၂
ရှားလော့ခ် ဟုမ်းစ် နှင့် တစ်နေ့တာ
Merry Christmas,William
လူးဝစ်နှင့် မိုက်ခရော့ဟုမ်း
Catch me. Don't let me go
Just Manga 58 spoilers!!
လစ်ဟာနေသောနှလုံးသားများ
Favorite things
ဝီလီယမ်နှင့်ရှားလော့အကြောင်းတစ်စေ့တစ်စောင်း
လစ်ဟာနေသောနှလုံးသားများ (part2)
Extra !
သို့ ရာဇဝတ်အရှင်
ရေခဲပြင်လိုနှလုံးသား
ငါရဲ့ဝိဉာဥ်က မင်းနဲ့အတူတူ
မော်ရီအာတီအိမ်တော်ရဲ့ ညစာစားပွဲ
မင်းမသိသေးတဲ့ကမ္ဘာသစ်ဆီမှာ
မော်ရီအာတီနဲ့ဟုမ်း
Answer
Mon premier amour
သကြားလုံးထက်ချိုမြိန်သော(smut)//
Study of Sherlock(part 1)
Study of Sherlock (Part 2)
Study of Sherlock (Ending)
Manga brainrot
သူငယ်ချင်းဆိုတာဘာပါလိမ့်
လူးဝစ်,မိုရမ် နှင့် ရှားလော့ (Christmas special)
Mystery makes me crazy🚨
SherLiam Doujinshi (Translation)
Mystery makes me crazy (part 2)
Translation
Translation part 2
Doujinshi translation
Dear Liam
Doujinshi Translation part 1
Doujinshi Translation Part 2 (18+)
Changed man

Surprise Gift

265 29 91
By Kazegafuku3

ဟယ်လို...ကျွန်တော့်နာမည်ကတော့ ဘီလီပါ
UK က နာမည်ကြီးရာဇဝတ်သားဖြစ်ပေမယ့်
အခုချိန်မှာတော့ အထင်ကရအေဂျင်စီတစ်ခုမှာ နာမည်ကျော်စုံထောက်တစ်ယောက်နဲ့အတူ အလုပ်တွဲလုပ်နေရတယ်ပေါ့။

အဲ့ဒီစုံထောက်ရဲ့အမည်ကတော့လူအများသိကြတဲ့ ရှားလော့ဟုမ်းပါပဲ ။

ဒါတင်မကသေးဘူး ရှားလော့ဟုမ်းနဲ့ရန်သူဆိုပြီး သမုတ်ကြတဲ့ ဝီလီယမ်ဂျိမ်းမော်ရီအာတီကလည်း အခုလောလောဆယ် ကျွန်တော်နဲ့တူတူ ကူညီပေးလေ့ရှိတယ်။

.............

ဒီနေ့ကတော့ January လဆန်းပိုင်းမလို့
စုံထောက် အေဂျင်စီမှာတော့ အလုပ်အနည်းငယ်ပါးသေးတယ်ပြောရမယ်။

အခုလည်း ရုံးခန်းထဲမှာ ဘီလီနဲ့ဝီလီယမ်နှစ်ဦးထဲအတွေးကိုယ်စီနဲ့ပေါ့။

ဘီလီကတော့မျက်စိရှေ့ကလွတ်နေတဲ့စားပွဲပေါ်မှာခြေထောက်တင်ရင်း ထုံးစံအတိုင်းသူသဘောကျတဲ့ပန်းသီးတွေကိုဓားတစ်ချောင်းနဲ့ ပုံဖော်နေလေသည်။

ထိုနည်းတူ ဝီလီယမ် ကတော့ တစ်ခုခုကိုတွေးနေပုံဖြင့် အခန်းထဲမှာပတ်လျှောက်နေလေရဲ့
ပြီးတော့လက်ထဲမှာလည်းစာအုပ်လေးတစ်အုပ်ကိုဖတ်နေသေးသည်။

ပိုနီတေးနဲ့အစ်ကိုကြီး ခဏလောက်မရှိတာနဲ့
အစ်ကိုဝီလီယမ် တို့များပြာယာခတ်နေတာပဲ

မျက်တောင်တစ်ချက်တောင်မခတ်ပဲဟန်ဆောင်ကောင်းတဲ့ရာဇဝတ်အရှင်က
အချစ်ကြောင့် ဒီလောက်ထိပြောင်းလဲသွားတယ်တဲ့လား ။

ဝီလီယမ်ကတော့
ဘီလီကိုတစ်ခုမေးချင်နေဟန်ဖြင့် မေးစေ့ကိုပွတ်လိုက် ခေါင်းခါလိုက် လုပ်နေတုန်းပဲ ။

သူကြာလာတော့ မနေနိုင်တော့နဲ့

"အစ်ကိုဝီလီယမ် ဘာမေးချင်လို့လဲ မသိဘူး"

သူ့စကားကိုကြားတော့ အစ်ကိုဝီလီယမ်ရဲ့
မျက်ဝန်းနီလေးက လက်ခနဲဖြစ်သွားတယ်
ပြီးတော့ မျက်နှာချောချောက အနည်းငယ် နီမြန်းသွားတယ်။

"ဟို...ရှား..မစ္စတာ ဟုမ်းက ဒီနေ့လာမှာမလား"

"အွန်း "

"တော်သေးတာပေါ့"

ဝီလီယမ်ကစိတ်ချလက်ချဖြစ်သွားတဲ့ပုံနဲ့ သက်ပြင်းတစ်ချက်ချပြီးပြုံးတယ်

ဒီအစ်ကိုကြီး တကယ်က ကျွန်တော့်စီနီယာကိုသေလောက်အောင်ချစ်နေတာပဲ

"ကျွန်တော်တစ်ခုလောက်မေးလို့ရမလား
အစ်ကို ဘာကြောင့်စီနီယာကို သဘောကျတာလဲ "

ဤမေးခွန်းကို ဝီလီယမ်ဂျိမ်းမော်ရီအာတီက ပါးလေးတွေနီမြန်းသွားတဲ့ထိ ပြုံးလေရဲ့
တစ်ကုဋေတန်တဲ့အပြုံးဆိုတာဒါမျိုးပဲ
ဟုဘီလီ စိတ်ထဲတွေးလိုက်မိတယ်။

"အမှန်ပြောရရင် ငါလည်းမသိဘူး ဘီလီ"

"အယ် အဲ့လိုမဟုတ်ဘူး လေ အစ်ကိုရဲ့
ဥပမာ စီနီယာရဲ့ ကောင်းကွက်တွေဘာတွေ
သူကတော်တယ်တို့ ဘာတို့"

"အဲ့ဒီလိုအချက်တွေကြောင့်လူတစ်ယောက်ကိုချစ်ရမှာလား"

ဝီလီယမ်ဆီက မေးခွန်းက ဘီလီမျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသလိုပင်

"ဘီလီ မင်းကရော ချစ်ခြင်းမေတ္တာ ဆိုတာကိုဘယ်လိုထင်လဲ"

အင်း ကျွန်တော်လည်းသေချာတော့မပြောတတ်ပေမယ့် တစ်ဖက်လူကိုတွေ့ရင် စိတ်လှုပ်ရှားလာတယ်တို့ အဲ့ဒီလူနဲ့ မျက်လုံးချင်းဆုံရင် ဒါမှမဟုတ် စကားပြောရုံလေးနဲ့ရင်ခုန်တယ်တို့ "

ဝီလီယမ်က မိုးပြာရောင်မျက်ဝန်းပိုင်ရှင်ကောင်လေးပြောသမျှကိုစဥ်းစဥ်းစားစားနဲ့

"အင်း..မင်းပြောသလိုမျိုးသာဆို ငါ သူ့ကိုမချစ်ဘူးထင်တယ်"

အယ်

"ဘာလို့ဆို သူနဲ့ငါအကြိမ်ပေါင်းများစွာစကားပြောဖူးပေမယ့် အဲ့ဒီလိုရင်ခုန်တာမျိုးမရှိခဲ့ဖူးဘူးလေ
ငါသူ့ကို သက်သက်ဒဏ်ရာပေးမိသလိုများဖြစ်နေမလား"

"အား လူတစ်ယောက်နဲ့တစ်ယောက်အခြေအနေချင်းမတူတာနေမှာပါ "

"အင်း"

"ဝမ်းနည်းမနေပါနဲ့အစ်ကိုရယ်
အစ်ကိုပြောသလို အချို့သောအရာက သတ်မှတ်ချက်ဆိုတဲ့ဘောင်ထဲကအတိုင်းကွက်တိဖြစ်လာတာမှမဟုတ်တာကို
ထိုနည်းတူ ချစ်ခြင်းဆိုတဲ့နာမ်ကလည်း ကျွန်တော်ထင်နေသလိုလည်းဖြစ်ချင်မှဖြစ်လိမ့်မယ်လေ။

ဒါပေမယ့် တစ်ခုတော့သေချာပြောရဲတာက
အစ်ကိုက စီနီယာနဲ့နေရင်ပျော်တယ်ဆိုတာပဲ"

"ဘီလီ"

"ကဲ အစ်ကိုဝီလီယမ် စိတ်ဓာတ်မကျပဲနဲ့
ကျွန်တော့်ကိုမေးချင်နေတဲ့ဟာကိုဝန်ခံပါတော့"

"အား..ဟုတ်သားပဲ"

ဝီလီယမ်က အနည်းငယ်ရှိုးတို့ရှန့်တန့်ဖြစ်နေပုံဖြင့် လေသံတိုးတိုးနဲ့

"ဟို ..ငါဒီနေ့ရှားလော့ကို တစ်သက်မေ့မရတဲ့အထိ လက်ဆောင်ပေးချင်တာ အဲ့ဒါဘယ်လိုလုပ်ရမလဲ"

"အိုး လက်စသတ်တော့ဒီလိုက်ိုး "

ဉာဏ်ရည်ထက်မြက်လွန်းတဲ့လူကဒါမျိုး သူ့ဆီမှာအကူအညီတောင်းရတယ်လို့။
တကယ်ကိုပဲအချစ်က လူတစ်ယောက်ကိုဒီလောက်ထိတုံးအသွားစေတာလား။

"ဒါမျိုးဆိုရင်တော့ အချစ်စုံထောက်လေး
ကျွန်တော်မျိုး ဘီလီကိုသာအပ်လိုက်ပါဗျို့"

****************************

"တောက် အထုပ်အပိုးတွေက လေးချက်ပဲကွာ"

နက်မှောင်တဲ့လှိုင်းတွန့်ဆံပင်ရှည်တွေကိုစည်းထားကာ ညဥ်းတွားနေတာကတော့ အခြားမဟုတ်
စုံထောက်ကျော်ရှားလော့ဟုမ်းပဲ ဖြစ်၏။

သူ့လက်ထဲက အထုပ်ကတော့ လက်ထောက်ဖြစ်သူဘီလီပေးလိုက်သော သစ်သီးများပင်ဖြစ်၏။

"ဒီကောင်က တော့ကိုယ့်ထက်အကြီးကိုမလေးမစား"

အိမ်အပြန်လမ်းတစ်လျှောက်တဗျစ်တောက်တောက်ပြောနေရင်း လွန်ခဲ့သည့် တစ်နာရီခန့်က ဘီလီနဲ့စကားများကိုပြန်လည်စဥ်းစားမိသွားရတယ်။

"ပိုနီတေးနဲ့အစ်ကိုကြီး အိမ်မြန်မြန်ပြန်ပါတော့"

ဟမ်"

အစ်ကိုဝီလီယမ် တစ်ယောက် စောစောက ကိုယ်တွေပူနေလို့အိမ်ပြန်သွားလို့..အဲ့ဒါ..."

ရှားလော့ရင်ထဲမီးတောက်သလိုခံစားရပြီး
စိတ်အင်မတန်ပူသွားရတယ်
လီယမ်ကအရင်နှစ်ကထက် စာရင်အများကြီး ကောင်းလာပြီဆိုပေမယ့်လည်း တစ်ခါတစ်လေ ဆို ရင် တစ်ခုခုကိုအကြာကြီးတွေးနေတတ်တယ်

အိပ်မက်ဆိုးတွေမက်တိုင်း သူ့ကိုအားကိုးတကြီးဖက်တွယ်တတ်တဲ့လီယမ်ကိုသူဘယ်လိုမှစိတ်ချလက်ချမထားနိုင်သေး။

တစ်ခါကလည်းမိုးရေထဲတစ်ယောက်ထဲထွက်ရပ်နေလို့ရှားလော့ကိုယ်တိုင်မနည်းကိုပြန်ခေါ်လာခဲ့ရတဲ့ အဖြစ်လည်းရှိခဲ့ဖူးသေးတယ်။အခုတောင်မှ မလွှဲသာလို့သာ
အခြားနိုင်ငံကိုသွားရခြင်းဖြစ်သည်။

............

လေပြည်တစ်ချက်အဝေ့မှာ
သူ့အတွေးတွေက လက်ရှိကာလကိုပြန်ရောက်လို့သွားရတယ်။

အတွေးတွေပြတ်တောက်သွားတော့ သူရောက်နေတဲ့နေရာကို ကြည့်လိုက်တယ်

"ဘာလိုလိုနဲ့ငါအိမ်တောင်ပြန်ရောက်ပြီပဲ "

အရင်ကဆိုရင် ဘီလီလည်းရှိတာမလို့နာမည်အော်ရုံပဲဆိုသော်ငြားအခုက လီယမ်တစ်ယောက်ထဲမလို့ အိမ်တံခါးကိုအသာအယာခေါက်လိုက်တယ်

ဒေါက် ဒေါက်"

အထဲကဘာမှတုံပြန်သံမကြားရသေး

ဟေး လီယမ် ငါပါ
သူအနည်းငယ်အသံမြှင့်ပြီးခေါ်တာတောင်မှ
ဘာဆိုဘာသံမှမကြားရသေး

မဟုတ်မှလွဲရော

.တံခါးကိုအားထုတ်ပြီးတွန်းစရာပင်မလိုအောင်ပွင့်သွားချိန်မှာတော့
ရှားလော့စိုးရိမ်ရေမှတ် က အတိတ်က အရာတွေကိုအမှတ်ရသွားပြီး ထိပ်ဆုံးထိမြင့်တက်သွားရတယ်။

လီယမ်!

သူဟာလက်ထဲက သစ်သီးထုပ်ကိုပါဘယ်မှာပစ်မိမှန်းမသိ အထဲကိုအလောတကြီးပြေးဝင်သွားလိုက်တယ်
ဒီနေ့ကျမှပဲ အိမ်က ပုံမှန်ထက်မှောင်နေသေးတယ်။

လီယမ်!

သူပထမဆုံး ဝင်သွားတာကတော့ လီယမ်ရဲ့အိပ်ခန်းထဲပင်

ဝုန်း!!

တံခါးကိုဆောင့်ဖွင့်လိုက်ပြီး အခန်းထဲ ပြေးဝင်သွားတော့ မည်သူမျှရှိမနေချေ။
ထိုစဥ် သူ့အနောက်က တစ်ဦးဦးစောင့်ကြည့်နေသလိုခံစားရတာမလို့လှမ်းကြည့်မည်အကြံ အားဖြင့်ဆောင့်တွန်းခြင်းခံရလေရဲ့။

မထင်မှတ်ပဲ ဖြစ်သွားတာမလို့ စုံထောက်ကျော်ခမျာနောက်ကိုပက်လက်လန်ကျသွားရတယ်။
ကံကောင်းသွားတာက ရှားလော့ဟုမ်းကျသွားတာက လီယမ်ရဲ့ခုတင်ပေါ်ပဲ။

"အမလေး ဘုရားမလို့ ငါမသေတာ"

ရှားလော့ဟုမ်းဟာ သူ့ကိုတွန်းလိုက်တဲ့လူကိုကြည့်လိုက်တဲ့အခါမှာတော့

လီ...လီယမ်"

အမှောင်ထဲမှာတောင်မှ အသက်ရှူမှားလောက်အောင်လှပတဲ့မျက်ဝန်းနီကအရင်နေ့တွေထက်ပိုပြီးတောက်ပနေတာရှားလော့ဟုမ်းခံစားမိတယ်

ထိုမျက်လုံးတွေကသူ့ကို စူးစူးရဲရဲစိုက်ကြည့်နေတာကိုမြင်တော့စိတ်ထဲအသက်ရှူပင်ကြပ်ချင်သလိုဖြစ်လာရတယ်

ဟေး လီယမ်..ငါပါရှားလော့..

ခုတင်ပေါ်လှဲလိုက်"

လီယမ်ရဲ့အမိန့်ပေးသံဆန်ဆန်ကို သူအံသြပြီးဘာပြောလို့ပြောရမှန်းမသိ
သို့သော်ငြားဤစကားနောက်ကွယ်က အရာကိုသူစိတ်ဝင်စားလာသဖြင့် အမိန့်အတိုင်းငြိမ်ငြိမ်လေးလှဲလိုက်တယ်။

"ဟုတ်ပြီ "

သူ့ကိုကြည့်ပြီး ရာဇဝတ်အရှင်ကကျေနပ်သွားပုံနဲ့ ပဟေဋိ ဆန်ဆန်ပြုံးတယ်
ဒါကYorkကိုသွားတဲ့ ရထားပေါ်တုန်းကအပြုံးနဲ့တူပြီး ဘာအကြောင်းမှမရှိပဲရှားလော့ဟုမ်းကို ကြက်သီးထစေ၏။

ထို့နောက်လီယမ်က ခုတင်ပေါ်ဖြေးဖြေးချင်းတက်လာတာ သူ့အပေါ်ကနေအုပ်မိုးလိုက်တယ်
စုံထောက်ကျော်ဟာ အပေါ်စီးက ​ေနမြင်နေရတဲ့ရာဇဝတ်အရှင်ရဲ့မျက်နှာကို စိုက်ကြည့်နေမိတယ်
ဒီလိုအနေအထားမျိုးနဲ့တောင်မှ ဝီလီယမ်ဂျိမ်းမော်ရီအာတီက အသက်ရှူမှားလောက်တဲ့ ထိလှပလွန်းတယ်
ချယ်ရီပန်းရောင်သန်းနေတဲ့နှုတ်ခမ်းတွေကိုသာစိတ်ရှိတိုင်းနမ်းခွင့်ရရင်ဘယ်လိုနေမလဲ သူစိတ်ကူးယဥ်ခဲ့မိဖူးတယ်။
နူးညံ့ လွန်းတဲ့ခန္ဓာကိုယ် ကို ဒီထက်ပိုပြီးလိုချင်တောင့်တခဲ့မိတဲ့ နေ့တွေလည်းမနည်း..

လီယမ်...လီယမ်....
မဖြစ်ဘူး ဒီပုံနဲ့ဆိုငါလီယမ်ကို ...

ဟေး လီယမ်...မင်းနေမကောင်းဘူးထင်တယ်
ငါမင်းအတွက်ဆေးသွားယူပေး...
​ဘုရားသခင်!

ရှားလော့က စိတ်ကိုအလိုမလိုက်ဖို့ဆုံးဖြတ်ချက်ချပြီး အတတ်နိုင်ဆုံးစကားလမ်းကြောင်းလွှဲရန်ကြိုးစားသော်လည်း
သူ့ထက်လျင်မြန်တဲ့ရာဇဝတ်အရှင်က သွားခွင့်မပြုပဲ အားဖြင့်ပုခုံးကိုထပ်တွန်းတာခံရပြန်တယ်
ဒီတစ်ခါ တော့ရှားလော့ဟုမ်းဟာ ဝီလီယမ်ရဲ့အပြုအမူကိုလန့်သွားရတယ်

လီယမ်....ခဏ..ခဏလေး..."

စုံထောက်ကျော်က ပထမဆုံး အကြိမ်အသနားခံတဲ့ပုံစံဖြင့်သူ့ကိုအုပ်မိုးထားတဲ့ကြက်သွေးနီရောင်မျက်ဝန်းပိုင်ရှင်ကိုတောင်းဆိုနေမိတယ်။

ကျေးဇူးပြုပြီး... မင်းဒီလိုဆက်လုပ်ရင်
ငါတစ်ခုခုလုပ်မိလိမ့်မယ် ခေါင်းမာတဲ့အရူးရဲ့

ဟင့်အင်း"

"မဟင့်အင်းနဲ့ အရူးရဲ့
အခုဒီအခြေအနေ ကဘယ်လောက်ထိအန္တရာယ်ရှိလဲမင်းတွေးကြည့်ဖူး
အား.... "

ရုတ်တရက် ဆိုသလို သူ့မျက်နှာနား နီးသထက်နီးလာတဲ့ လီယမ်ကြောင့် သူအယောင်အမှားမှားအသံထွက်အော်မိသွားရတဲ့ထိ။
သူ့နှာခေါင်းနားကိုသိမ်မွေ့စွာတိုးဝင်လာတဲ့
နှင်းဆီနံ့သင်းသင်းက ပိုပြီးစိတ်ကိုလှုပ်ရှားအောင်ဆွနေပြန်တယ်
အဲဲဒီနောက်
လီယမ် ရဲ့မျက်နှာလှလှလေးက သူ့ဆီတစ်လက်မထက်တစ်လက်မ နီးကပ်လာလေ
ပိုမိုပြီး ရုန်းမထွက်နိုင်လေ။

သူတို့နှစ်ဦး ရဲ့မျက်နှာနှစ်ခုကအင်မတန်ပူးကပ်သွားချ်ိန်မှာစုံထောက်ကျော်ဟာ
အယောင်ယောင် အမှားမှားဖြင့်မျက်စိပိတ်မိလျက်သားဖြစ်သွားရလေတော့သည်။

ရှားလော့ဟုမ်း၏
နဖူးပေါ်သို့ ဖြတ်သွားတဲ့ အသက်ရှူသံပြင်းပြင်းနဲ့အတူတူ နွေးထွေးတဲ့အထိအတွေ့တစ်ခု

နှုတ်ခမ်း..... အနမ်း...

ဟုတ်တယ် အခုလီယမ်က သူ့ရဲ့နဖူးကိုနမ်းသွားတယ်။

ဉာဉ့်နက်ရောင်မျက်ဝန်းတွေကိုသူအားယူဖွင့်လိုက်တော့ ကြက်သွေးနီရောင် မျက်ဝန်းလှလှလေးက နူးညံ့စွာအုပ်မိုးပြီးကြည့်နေတုန်းပဲ

"မင်းအကြံဒါအကုန်ပဲလား "

"အရမ်းလန့်သွားလား ရှားလော့ "

"သေချာပေါက် ပဲပေါ့ ငတုံးကောင်ရဲ့"

ရှားလော့ဟုမ်းရဲ့ကလေးဆန်ဆန်ရန်တွေ့ခြင်းကို လီယမ်က သဘောခွေ့ပြီးပါးစပ်ကိုလက်ဝါးနဲ့အုပ်ကာ တခစ်ခစ်ရယ်တယ်။

ဖူး ဖူး Happy Birthday ပါ ရှားလီ "

Happy Birthday
ဤစကားစုကိုသူမကြားခဲရသည်မှာ ဘယ်လောက် တောင်များကြာခဲ့ပြီလဲ

သူ့ဘဝတွင်အရေးမပါဘူးဟုယူဆခဲ့သောအရာက ယခုအချိန်မှာ ဘယ်လောက် ထိသူ့အပေါ်သက်ရောက်မှုဖြစ်လဲရှားလော့လက်ခံခဲ့ရပြီ။

တစ်စုံတစ်ယောက်ကမင်းရဲ့ဖြစ်တည်မှုကိုအရှိအတိုင်းလက်ခံနိုင်တာနဲ့တင် မင်းဘဝကအဓိပ္ပါယ်အများကြီးရှိနေပါပြီ ရှားလီ

သူငယ်စဥ်ကအစ်ကိုဖြစ်သူမိုက်ခရော့ဟုမ်းရဲ့စကားတွေကိုပြန်လည်ကြားယောင်လာရရင်း
ရှားလော့ဟုမ်းရဲ့စိတ်တွေက ကာလာစုံပြောင်းလို့နေလျက်။

သူကိုယ်တိုင်ပင်မသိလိုက်ခင်မှာပဲ
ပါးပေါ်သို့ကျလာခဲ့တဲ့မျက်ရည်အချို့။

"ရှားလော့... မငိုပါနဲ့ "

ထို့နောက်ရှားလော့ဟုမ်းရဲ့မျက်ရည်ကိုဖယ်ရှားလိုက်တဲ့နွေးထွေးတဲ့လက်လေး။

ငါ အဆင်ပြေပါတယ်.. ဒါနဲ့မင်းငါ့မွေးနေ့ကို
သေချာမှတ်မိနေတာပဲ "

"ရာဇဝတ်အရှင်က သူ့ရဲ့သားကောင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာ အဆန်းမှမဟုတ်တာ မစ္စတာဟုမ်း"

ငါကမင်း သားကောင်လား
ရှားလော့ဟုမ်းက အနည်းငယ်မကျေနပ်ဟန်ဖြင့်မျက်မှောင်ကြုံ့တော့

"မဟုတ်ဘူး ချစ်သူလေ"

ဝီလိယမ်က သူနဲ့စတွေ့ခါစကလို စိန်ခေါ်အပြုံးနဲ့
ရှားလော့ဟုမ်းကိုတိုက်ခိုက်တယ်။

"မင်းရဲ့အဲ့ဒီအချက်...တကယ်မကြိုက်ဘူး"

"ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကိုချစ်သူအဖြစ်ရွေးခဲ့တာပဲလေ"

မင်း...

ဒီတစ်ခါ ရှက်ရတဲ့သူမှာရှားလော့ဟုမ်းပင်။
လီယမ်ဘက်ကဒီလိုမျိုးတိုက်ရိုက်မေးလာမည်ဟု မတွက်မိတာလည်းပါမည်။
အခုဆိုသူ့မျက်နှာတစ်ခုလုံးဟာပူရှိန်းရှိန်းဖြစ်လို့နေတယ်။

"ရှားလီ "

"ဘာလဲ"

"ခင်ဗျားက တကယ်ချစ်ဖို့ကောင်းတယ်
ကျွန်တော့်ရဲ့အပိုင်ဖြစ်ပေးပါလား"

ရှားလော့ရဲ့မျက်လုံးတွေတောင်အနည်းငယ်ပြူးသွားရတယ်။သူ့မျက်နှာကိုသေချာစိုက်ကြည့်နေတဲ့မျက်ဝန်းနီတွေကလိမ်နေတာမဟုတ်မှန်းသေချာတယ်။

ဟေး လီယမ်.. ဒီနေ့မင်းဘာဖြစ်..အု..

စကားတောင်မဆုံးခင်
စုံထောက်ကျော်ရဲ့နှုတ်ခမ်းတွေကိုငုံ့နမ်းလာတဲ့ လီယမ်။
ဒီတစ်ကြိမ်မှာတော့ ရှားလော့ဟုမ်းဟာ ရာဇဝတ်အရှင်ရဲ့အနမ်းတွေအောက်မှာရစ်မူးစွာမျောပါခွင့်ပြုလိုက်လေ၏။
ဝီလီယမ်ရဲ့အနမ်းက ကြမ်းတမ်းခြင်း မရှိသော်လည်း ရှားလော့ဟုမ်းကိုအလွတ်ပေးလိုစိတ်တစ်စက်မှ မရှိတာ ခံစားမိတယ်။

မိနစ်အနည်းငယ်ကြာမှ လီယမ်က သူ့နှုတ်ခမ်းကိုအလွတ်ပေးလိုက်ရင်း

"ကျေနပ်ရဲ့လား ကျွန်တော့်ရဲ့မွေးနေ့လက်ဆောင်ကို "

"အင်း အကောင်းဆုံးလက်ဆောင်ပဲပေါ့ "

အဲ့ဒီနာက် အခန်းကျဥ်းလေးထဲ ရယ်သံနှစ်ခုဖြင့်ဖုံးလွှမ်းလို့သွားလေရဲ့။

သူတို့နှစ်ယောက်စလုံး မသိလိုက်တာတစ်ခုကတော့ ဘီလီလည်းအိမ်က်ုပြန်ရောက်နေပြီဆိုတာပဲ။

Ends ///(နှစ်သက်မည်ဟုမျှော်လင့်လျက်

Bonus! !!😌❤💓










Continue Reading

You'll Also Like

17K 3.8K 14
Based on a true story but the characters are based on my imagination. This story has nothing to do with bts real life this is only my imagination. Al...
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
87.5K 12.5K 33
Title - Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(Vol-2) Vol-2 (ရှေးဟောင်းနယ်မြေဆီသို့) author - Neko san
81.3K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။