Unicode // (Updateလေးလာပါပြီ)
အရင်အခန်းရဲ့အဆက်လေးပါပဲ 🌹ရှားလော့ဟုမ်းဟာ မိမိမျက်နှာအပေါ်မှာ ပူစပ်ပူလောင်ခံစားချက်ရလိုက်တာကြောင့် မနိုးချင်နိုးချင်နဲ့ လေးလံနေတဲ့မျက်ခွံတွေကိုပါဖွင့်လိုက်ရတယ်။
"ကျွတ် ခေါင်းကိုတစ်ခုခုနဲ့ဖိထားသလိုပဲ "
ပထမဆုံးနိုးလာတာနဲ့ တွေ့ရတာကတော့
မရင်းနှီးတဲ့ မျက်နှာကျက်ပဲ။
ပြီးတော့ သူ့အိပ်ရာဘေးကိုဖြေးဖြေးချင်းကြည့်မိတာနဲ့ ဝိုးတဝါး မြင်ရတာကတော့ သူအိပ်နေတဲ့ ခုတင်အစပ်နားမှာ ကျောပေးပြီးထိုင်ကာစာအုပ်ကိုစိတ်ဝင်တစားဖတ် နေတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် ။လီယမ် ?
ရှားလော့ဟုမ်းရဲ့အသံကတိုးသော်ငြား ဆံပင်ရွှေရောင်နဲ့ သူတစ်ယောက်အတွက်ကြားဖို့လုံလောက်တယ်ထင်ရဲ့
ကျောပြင်လေးတစ်ချက်တွန့်ခနဲဖြစ်သွားတာ သတိထားမိလိုက်တယ်ပြီးတော့
ရှားလော့ဟုမ်းဘက်ကို မျက်နှာလှည့်လာတယ်ရှားလော့ဟာ အသက်ရှူမှားလောက်တဲ့ ကြက်သွေးနီရောင်မျက်ဝန်းတွေနဲ့ ဆုံလိုက်တဲ့ အခိုက်မှာပဲ မနေ့ညက အဖြစ်တွေက ခေါင်းထဲ မှာအစဉ်လိုက်ပြန်ပေါ်လာတယ်
ဟုတ်တယ် ညစာစားပွဲရယ် အဲ့ဒီမှာငါနဲ့လီယမ့်အစ်ကိုကြီးနဲ့ ပြိုင်သောက်တယ် ပြီးတော့လီယမ်ရောက်လာတယ် အဲ့ဒီနောက်ဘာမှမမှတ်မိတော့ဘူး
တဆစ်ဆစ် ကိုက်နေတဲ့ခေါင်းတောင် ဘယ်ရောက်သွားလဲမသိ ။ ရှားလော့ဟုမ်းတစ်ယောက် မျက်စိတွေပါကျယ်သွားရပြီ အိပ်နေရာကနေ ငေါက်ခနဲ့ထထိုင်မိတဲ့ထိပဲ။
ဒါပေမယ့်
သူ့နားကလီယမ်ကတော့ သူ့ကို ငေးနေဆဲပဲ
YOU ARE READING
ရာဇဝတ်အရှင်
FanfictionMoriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်ဆိုင်ပါ#