မော်ရီအာတီအိမ်တော်ရဲ့ ညစာစားပွဲ

333 29 173
                                    

"ကြည့်ရဆိုးလိုက်တဲ့ နှုတ်ခမ်းမွှေးကြီးပဲ"

မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ပထမဆုံးစကားကြောင့် ဂျွန်ဝဒ်ဆန် စိတ်ဆိုးရခက် ရယ်ရခက်ပင်။
ဒါမှ ရှားလော့ဟုမ်းပီသတာပဲလေ

ဂျွန်ဟာ သုံးနှစ်အကြာမှ ပြန်ဆုံရတဲ့သူငယ်ချင်းကြီးကို သေချာအကဲခတ်လိုက်တယ်။
ပထမဆုံးထူးခြားချက်က တော့ လည်ပင်းထိ
ကြယ်သီးကိုစေ့နေအောင်တပ်ထားတာပဲယ
ပြီးတော့ ရှားလော့ ဟုမ်းရဲ့ ဒုတိယဇနီးလို့တောင်ပြောလို့ရတဲ့ စီးကရက်တောင်မတွေ့ရတော့။
ပထမဇနီးကတော့ ခက်ခက်ခဲခဲစဥ်းစာစရာကိုမလို ။ရူးရူးမူးမူးကြိုက်တယ်ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ပဟေဋိ များပင်။
ထားပါတော့ ...

သေချာတာကတော့ အခုသူ့မျက်စိရှေ့က စုံထောက်ကျော်က လူကြီးလူကောင်းဆန်လာတာကတော့ ဂျွန်အင်မတန်ဝမ်းသာရတယ်။

"ရှားလော့ ငါတို့လည်းအခုမှပြန်ဆုံကြတာဆိုတော့တစ်ခုခုစားကြရအောင်ကွာ"

"အား အဲ့ဒါဆို စားဖို့နေရာသတ်မှတ်ပြီးသား"

"ဘယ်လို"

ဂျွန်ရဲ့ နောက်မှာရပ်ကြည့်နေတဲ့ အိမ်ရှင်မလေး ဟဒ်ဆန်ပါ အာမေဋိတ်သံလေးထွက်သွားရတယ် ပြီးတော့ သူမရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ဂျွန်ကို မေးခွန်းများစွာထုတ်နေတယ် ။

ရှားလော့ ဘယ်နေရာမှာ စားရမှာလဲ

"မော်ရီအာတီအိမ်မှာ"
ရှားလော့ဟုမ်းကဆက်ပြီးရှင်းပြတယ်

ဟမ်!!!

ဟဒ်ဆန် နဲ့ ဂျွန်က တစ်ဦးမျက်နှာ တစ်ဦးအကြောင်းမရှိပဲ စိုက်ကြည့်နေကြပြီးအတွေးကိုယ်စီနဲ့....

အဲ့ဒါကတော့

ရှားလော့ဟုမ်း အရက်များမူးနေသလား ဟူ၍။

**********************************

ဂျွန်တို့သုံးဦး ဟာ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးရှေ့ရောက်တော့ အနည်းငယ် တော့ ရှိန်သွားရတယ် ။ မစ်ဟဒ်ဆန် ကတော့ အိုင်းရင်းအက်ဒလာ လက်ဆောင်ပေးထားတဲ့ မိုးပြာရောင်ဂါဝန်လေးကို လှပစွာဝတ်ဆင်ထားတာမလို့ စင်ဒရဲလား နဲ့တောင်တူနေသေးရဲ့
ဒါပေမယ့် သူမလည်း စိတ်တော့လှုပ်ရှားနေတာသိသာတယ် အကြောင်းမရှိပဲ ဂါဝန်စတွေကိုလက်ဖြင့်ဆုပ်ချေလိုက် ဆံပင်ကို ခဏခဏ သပ်လိုက်လုပ်နေတာကိုကြည့်ရင်ပေါ့။

ရာဇဝတ်အရှင်Where stories live. Discover now