Manga ထဲကသဘောအကျဆုံးသူတို့နှစ်ယောက်ရဲ့အခန်းလေးပေါ့//
"ရှားလီ ခင်ဗျားကိုပြောစရာတစ်ခုရှိတယ်
ကျွန်တော် ပြန်သတိရလာတဲ့နေ့....
အပြစ်တွေကိုဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာအမြဲရှာနေခဲ့တယ်ဘယ်လောက်ပဲရှာရှာ ရှာမတွေ့လို့ မျှော်လင့်ချက် ပျောက်ခဲ့ရပြန်တယ်။
အဲ့ဒီလိုအမှောင်ကျနေခဲ့ရတဲ့နေ့ရက်ထဲမှာ ကျွန်တော်တစ်စုံတစ်ခုကိုသဘောပေါက်ခဲ့တယ်။
မီးတောက်တွေက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေခဲ့ရင်တောင်မှ သူတို့ရဲ့ပုံသဏ္ဍာန်ကိုတော့အပျက်မခံဘူးဆိုတာပဲ
အဲ့ဒါကိုကြည့်ပြီးသိရတာတော့ ပြောင်းလဲမှုဆိုတာကလည်းဘဝမှာလိုအပ်တဲ့အရာ ဆိုတာပဲ။
လူတစ်ယောက် ဟာလမ်းပျောက်ခွင့်ရှိတယ်။
မရေရာဖြစ်ခွင့်ရှိတယ်။
အဲ့ဒါကလည်းအသက်ရှင်ဖို့အတွက် လိုအပ်တဲ့အရာပဲကျွန်တော့်ရဲ့အပြစ်တွေကိုပေးဆပ်ဖို့ဆိုတာက အစထဲကအဖြေမရှိခဲ့တာလည်းဖြစ်ချင်ဖြစ်နိုင်တယ်
ဒါပေမယ့်အဲ့ဒါကိုအကြောင်းပြပြီး အဖြေကိုဆက်မရှာသင့်ဘူးဆိုတာ မလုပ်သင့်တဲ့အရာပဲ
အဖြေမရှိဘူးဆိုရင်တောင် ကျွန်တော်ကတော့ ဆကိပြီးရှာနေမိမယ်ထင်တယ်ဒါကြောင့် မလို့ ကျွန်တော့်ရဲ့ဘဝလမ်းမှာ အမှားလုပ်ခဲ့မိရင်ခင်ဗျားက ကျွန်တော့်ကိုကူညီပြီး ပြင်ဆင်ပေးပါ။
ခင်ဗျားက ကျွန်တော့်ရင်ထဲက မီးတောက်လေးကိုဆက်ပြီးတောက်ပနိုင်အောင်လုပ်စေချင်တယ်
အကောင်းအဆိုးတွေကိုဝေမျှရင်း
ခင်ဗျားနဲ့ပဲအတူတူ အသက်ရှင်ချင်တယ်လေ "ဒါကတော့ရှားလီရဲ့ replyလေး ///
"ငါ့ရဲ့နည်းလမ်းမှာတောင် မသေချာမရေရာမှုတွေရှိသေးတယ်
မီးပြတိုက်က လှိုင်းတွေကိုဖြတ်လာရတဲ့သင်္ဘောတွေကိုအလင်းပြသလို ငါ့ဘက်က မှားတာရှိခဲ့ရင် မင်းကပဲ ငါ့ကိုလမ်းမှန်ရောက်အောင်ပြုပြင်ပေးစေချင်တယ်
လီယမ် ငါလည်းပဲ
မင်းနဲ့တူတူ အသက်ရှင်ချင်တယ်"Bonus
ဒါကတော့Billyရဲ့replyလေးပေါ့🤣
(A/N တကယ်သဘောကျမိတဲ့shipလေးမလို့part 2မှာလည်းအဓိပ္ပါယ်လေးနက်တဲ့အခန်းတွေထပ်ပါမယ်လို့ထင်ပါတယ်
YOU ARE READING
ရာဇဝတ်အရှင်
FanfictionMoriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်ဆိုင်ပါ#