မောင့်အသည်းခြွေတဲ့ ပန်း Compl...

Per Cha-mo-mile

229K 4.2K 71

မ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး Més

မောင့်အသည်းခြွေတဲ့ ပန်း par(1)
မောင့်အသည်းခြွေတဲ့ ပန်း par(2)
မောင့်အသည်းခြွေတဲ့ ပန်း part(4)
မောင့်အသည်းခြွေတဲ့ ပန်း Part (5)
မောင့်အသည်းခြွေတဲ့ ပန်း Part (6)
မောင့်အသည်းခြွေတဲ့ ပန်း par(7)
မောင့်အသည်းခြွေတဲ့ ပန်း part (8)
မောင့်အသည်းခြွေတဲ့ ပန်း Part (9)
မောင့်အသည်းခြွေတဲ့ ပန်း Part (10)
မောင့်အသည်းခြွေတဲ့ ပန်း Part (11)
မောင့်အသည်းခြွေတဲ့ ပန်း (12)
မောင့်အသည်းခြွေတဲ့ ပန်း Part (13)
မောင့်အသည်းခြွေတဲ့ ပန်း Part (14)
မောင့်အသည်းခြွေတဲ့ ပန်း Part (15)
မောင့်အသည်းခြွေတဲ့ ပန်း part (16)
မောင့်အသည်းခြွေတဲ့ ပန်း Part (17)
မောင့်အသည်းခြွေတဲ့ ပန်း Part (18)
မောင့်အသည်းခြွေတဲ့ ပန်း par(19)
မောင့်အသည်းခြွေတဲ့ ပန်း Part (20)
မောင့်အသည်းခြွေတဲ့ ပန်း Part (21)
မောင့်အသည်းခြွေတဲ့ ပန်း Part (22)
မောင့်အသည်းခြွေတဲ့ ပန်း Part (23)
မောင့်အသည်းခြွေတဲ့ ပန်း Part (24)
မောင့်အသည်းခြွေတဲ့ ပန်း part (25)
မောင့်အသည်းခြွေတဲ့ ပန်း part (26)
မောင့်အသည်းခြွေတဲ့ ပန်း Part (27)
မောင့်အသည်းခြွေတဲ့ ပန်း Part (28)
မောင့်အသည်းခြွေတဲ့ ပန်း Part (29)
မောင့်အသည်းခြွေတဲ့ ပန်း Part (30)
မောင့်အသည်းခြွေတဲ့ ပန်း Part (31)
🚨ကြော်ငြာ🚨
🚨ကြော်ငြာ🚨
ကြော်ငြာ စျေးဗန်းလေးပါ ဝယ်ပေးပါနော်😁
🚨ကြော်ငြာ🚨

မောင့်အသည်းခြွေတဲ့ ပန်း Part (3)

10.5K 256 1
Per Cha-mo-mile

      💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔

                        အခန်း (3)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဘာ အဲ့ကောင် ပြန်သွားတယ် ဟုတ်လား သမီး ပန်းတော်ဦး။ "

" ဟုတ်ကဲ့ အန်ကယ်။ "

ဦးမိုးမြတ် ချွေးမလောင်းရဲ့ စကားအဆုံးမှာတော့ဖြင့်... အိန္ဒြေမဆည်နိုင်လောက်အောင်ကို ဒေါသတို့ ထွက်လာပြီး...

" တောက်...ဒီကောင်တော့ ဘာအချိုး ချိုး
သွားတယ်မသိဘူး။လူကြီးတွေ မျက်နှာကို မှ
မထောက် လုပ်ချင်တာ လုပ်သွားတယ်။မီ အဲ့
ကောင်ဆီ အခု ဖုန်းဆက်ပြီး၊ အခုချက်ချင်းပြန်လာခိုင်းလိုက် "

ဦးမိုးမြတ် စေ့စပ်ပွဲကနေ လူကြီးတွေကို ဘာ
တစ်ခွန်းမှ မ​ပြောပဲ ပြန်သွားတဲ့ သားကို ကြိတ်မနိုင်ခဲမရဖြင့် ဒေါသများဖြစ်ရပြီး...
ဇနီးသည်ကိုပါ ဖုန်းဆက်ခေါ်ခိုင်းလိုက်သည်

" ဟင်... ပြန်လာခိုင်းရမှာလား။သားက သွား
ပြီလေ ကို ရဲ့.. စေ့စပ်ပွဲကလည်း အကုန်လုံး
သဘောတူထားပြီးသားလေ။သားကို ပြန်
လာဖို့ ထပ်ခေါ်ရင်၊ အချိန်တွေကြာကုန်မယ်
ထင်တယ်နော် ညီမနှင်းဆီ "

ဒေါ်မီမီ သားကို ပြန်လာခိုင်းရင် သူစိမ်းလူ
တွေရှေ့မှာ၊သားတို့သားဖနှစ်​ယောက် စကား
များ ပြဿနာဖြစ်မှာဆိုးတာကြောင့်.. စကား
ကို ထိန်းကာပြောလိုက်သလို...ခမည်းခမတ်
ညီမကိုပါ စစ်ကူတောင်းသလို... အကြည့်နဲ့ကြည့်၍ ပြောလိုက်သည်။

ဒေါ်နှင်းဆီလည်း တစ်ဖက် ခမည်းခမတ်က
အကူညီတောင်းသည့်... မျက်ဝန်းတွေနဲ့ကြ
ည့်လာတာကြောင့်..သမက်လောင်းကိုဒေါသ ဖြစ်မိတဲ့.. စိတ်ကိုရင်ထဲမှာသာ မြိုသိပ်လိုက်ပြီး..၊ဘာမှမဖြစ်တဲ့ မျက်နှာအမူအရာမျိုး ဟန်လုပ်၍...

" အင်း..ဟုတ်တာပေါ့ အစ်မ။သားမိုင်း ဒီကို ပြန်လာနေရင် အချိန်တွေနောက်ကျကုန်မှာပေါ့။မင်္ဂလာပွဲက နှစ်ဖက်လူကြီးတွေအကုန် သဘောတူပြီးသားဆိုတော့... စေ့စပ်ပွဲလည်း အထမြောက်သွားပြီပဲ။ပြန်လာခိုင်းမနေပါနဲ့.
တော့။ "

" စေ့စပ်ပွဲ အထမြောက်ပေမယ့်လည်း စေ့စ
ပ်လက်စွပ်တွေက အခုထိ ကလေးတွေ အပြ
န်အလှန်လဲလှယ်ပြီး၊စွပ်မပေးရသေးဘူးလေ
ညီမရဲ့..သမီးပန်းကိုလည်း အားနာဖို့ကောင်း
လိုက်တာ။ "

ဦးမိုးမြတ် တစ်ဖက်လူကို အားနာစိတ်ဖြစ်ရသမျှ.. သားဖြစ်သူ ဘုန်းနေမိုင်းကို ဒေါသဖြစ်နေရသည်က တနင့်တဖိုးပါပဲ။

ဦးဒေဝ စေ့စပ်ပွဲကနေ ပြန်သွားတဲ့ ဘုန်းနေမိုင်းဆိုတဲ့ လူငယ်​​ကြောင့် စိတ်တိုဒေါသဖြစ်
မိရသော်လည်း... သူငယ်ချင်းဖြစ်သူ သားနဲ့
သမီးဖြစ်သူ လက်ထပ်ဖြစ်မှ... သူ့ ကုမ္ပဏီအ လုပ်တွေအဆင်ပြေမှာမို့...သမက်လောင်းအ
ပေါ်မှာ မကျေမကျမ်းဖြစ်ရတဲ့ စိတ်ကိုဟန်မ
ပျက်ဖုံးကွယ်ရင်း... ဒေါသဖြစ်နေတဲ့ သူငယ် ချင်းကို...

" သားက သွားစရာရှိလို့ ပြန်သွားတာနေမှာ
ပါ။ငါနဲ့တို့ သမီးကနားလည်တာမို့လို့... အား နာစရာမလိုဘူး။ပြီးတော့ အခုကစပြီး ငါတို့ကသူငယ်ချင်းတွေဆိုတာထက်၊မိသားစုဝင်တွေ ဖြစ်သွားပြီပဲ။အားနာစကားဆိုစရာမလို
တော့ပါဘူး သူငယ်ချင်းရာ... "

" မင်းတို့ဘက် နားလည်ပေးလေ ငါက ပိုအား
မိတယ်ကွာ။ဒီနေ့ကိစ္စအတွက် မင်းတို့ လင်မ
ယားနှစ်ယောက်လုံးကို ငါက တောင်းပန်ပါ
တယ်။သမီး ပန်းတော်ဦးကိုရော အန်ကယ် ကပဲ တောင်းပန်တယ်။သားလုပ်ရပ်ကို စိတ်မဆိုးပါနဲ့ကွယ်။ "

" တောင်းပန်စရာမလိုပါဘူးဆို သူငယ်ချင်း
ရာ... သမီးလည်း ယောက္ခမတွေကို ဘာမှမ
ဖြစ်ဘူးဆိုတာ ပြောလိုက်ဦးလေ "

တေမိမလေးလို ခေါင်းငုံ့၍ ထိုင်နေတဲ့ သမီး
အား... ဦးဒေဝ သားဖနှစ်ယောက်သာ နားလ
ည်တဲ့ အမိန့်ပေးအံကြိတ်သံဖြင့်... ပြောလိုက်ပြီး၊အလိုက်တသိ စကားပြန်မပြောကောင်းရလားဆိုသည့် အကြည့်မျိုးနှင့်ပါကြည့်လိုက်သည်။

ပန်းလည်း သားဖချင်းသာ နားလည်သည့်
ဒယ်ဒီ့ရဲ စကားပြောသံကြောင့် ငုံ့နေတဲ့ ခေါင်
းလေးအား ချက်ချင်းပင်ထောင်၍.. လုပ်ယူ
ထားတဲ့ ဟန်ဆောင်အပြုံးလေးနဲ့... ယောက္ခ
မလောင်းတွေအား ပြောလိုက်သည်က...

" ဟို တောင်းပန်စရာမလိုပါဘူး။မိုင်း က
ဒယ်ဒီ ပြောသလိုပဲ သူ့အလုပ်ကိစ္စရှိလို့ ပြန်
သွားတာနေမှာပါ။ပန်း စိတ်မဆိုးပါဘူး အန်ကယ် "

" အခုလို သဘောထားပြည့်ဝပြီး နားလည်မှုရှိတဲ့ သူငယ်ချင်းနဲ့ ချွေးမလောင်းကြောင့် ဒီနေ့ ငါ့မှာ မျက်နှာမပျက်ရတာ။မင်းတို့ နေရာ
မှာ တခြားသူတွေဆို ငါတို့ လင်မယားတွေ
ဘယ်လို မျက်နှာပြရမလဲတောင် မသိဘူး။
မင်းတို့ကို ငါ့သား လုပ်ရပ်ကြောင့် အားလည်နာတယ်ကွာ။ "

" ခက်ပါလား မိုးမြတ်ရာ... မင်း နဲ့ ငါက အခု
သူငယ်ချင်းမဟုတ်တော့ဘူး။ဆွေမျိုးတွေဖြစ်နေပြီကွ ဆွေမျိုးတွေ။ဆွေမျိုးတွေ ကြား
မှာ အားစကားပြောစရာမလိုဘူး။ဒီတစ်ခါ
အားနာစကားတို့ တောင်းပန်စကားတို့ ထပ်
ပြောလာရင် ငါ စိတ်ဆိုးရလိမ့်မယ် မိုးမြတ် "

" အေးပါကွာ ငါ ထပ်မပြောတော့ပါဘူး။အခု
မင်္ဂလာပွဲရက်လည်း သတ်မှတ်ပြီးပြီဆိုတော့
ငါတို့ ပြန်လိုက်အုံးမယ်။နောက်နေ့ကျမှ အေ
းအေးဆေးဆေး မင်းနဲ့ တစ်ခါထပ်တွေ​့ကျတာပေါ့ ဒေဝ။ "

" အိုကေ မိုးမြတ်။ဪ... ဒါနဲ့ ငါပြောထား
တဲ့၊ ချေးငွေက ဘယ်နေ့လောက်ရမလဲ သူငယ်ချင်း။ "

" ဟင်.. ဘာငွေလဲ ဘာအတွက် ချေးတာလဲကိုဒေဝ။"

ခင်ပွန်းသည်က ကုမ္ပဏီလုပ်ငန်းမှာ အရှုံး ပေါ်လို့ ခမည်းခမတ်ဆီက ငွေချေးကာ ထည့်ထားတယ်ဆိုတာကို သိထားသော်လည်... အခုထပ်၍ သမီးရဲ့ စေ့စပ်ပွဲမှာ ခမည်းခမတ်ဆီ ငွေချေးစကားပြောလိုက်တဲ့ ခင်ပွန်းကြေ
ာင့် မျက်နှာပူရသလို... ဘယ်အတွက် ချေး
တာလဲဆိုတာကို ရင်ထိတ်စွာဖြင့် မေးလိုက်
သည်။

" ဘယ်အတွက်ဖြစ်ရမှာလဲ အလုပ်အတွက်ပေါ့ကွ။မိုးမြတ် သူငယ်ချင်း ငါ ပြောထားတဲ့
ငွေရမှာလား "

ဦးဒေဝ ခမည်းခမတ်ဖြစ်လာမယ့် သူငယ် ချင်းကို မျက်နှာပူခြင်း၊အားနာခြင်၊ အလျင်မရှိသလို... စေ့စပ်ပွဲမှာ ပိုက်ဆံချေးနေတဲ့ ဖခင်ကြောင့် ရှက်ရွံ့နေတဲ့သမီးနဲ့ မျက်ထူပူ
နေတဲ့ဇနီးသည်တို့ကို ဂရုပြုခြင်းမရှိဘဲ။မိမိ
လိုအပ်နေတဲ့ ငွေကိုသာရမရ အတင်းမေးနေတော့၏။

တစ်ဖက်မှာလည်း အရင်ချေးထားတဲ့ သိန်း
ထောင်ဂဏန်းရှိတဲ့ ငွေကိုပင်၊မဆပ်ရသေး တာကိုထပ်ချေးလာတဲ့ ခမည်းခမတ်လောင်
းကြောင့်... ဒေါ်မီမီ ခင်ပွန်းသည်းပြောမည့်
စကားကို ဘုရားတ၍ နေမိသည့်အထိ ရင်
ထိတ်နေ၏။

ဦးမိုးမြတ် လောင်းကစားမတ်နေတဲ့သူငယ် ချင်းကို ထပ်မချေးချင်တော့ပေမဲ့လည်း ချွေ
းမလောင်းမျက်နှာနဲ့ ကိုယ်မှ မချေးပေးရင်
လည်း... သူငယ်ချင်းကုမ္ပဏီက ဒေဝါလီခံကိန်းဖြစ်နေတာကို... ကိုယ်တိုင်ကသိနေတာ
ကြောင့်... ရင်မောမောဖြင့် ပင့်သက်တစ်ချက်ရှိုက်ကာ....

"  အင်း... မင်း ပြောထားတဲ့ ငွေ ငါချေးပေး
မယ်။ဒါပေမဲ့ ရှေ့နေနဲ့ စာချုပ်ချုပ်မယ်။ပြန်
ပေးဆပ်ပါလို့ ပြောတဲ့ အချိန်အတိအကျကို
ငါ့ ငွေတွေပြန်ချင်တယ် ဒေဝ။ "

" အိုကေ သူငယ်ချင်း မင်း ပြောတဲ့အတိုင်း
ဖြစ်စေရမယ်​။ "

" အင်း... ဒါဆို ငါတို့ ပြန်မယ်။ "

" အေး သူငယ်ချင်း​။ "

" သမီး ပန်းတော်ဦး အန်ကယ်တို့ ပြန်လိုက်
အုံးမယ်။မင်္ဂပွဲကို ဘယ်လိုမျိုး လုပ်ချင်သလဲ
ဆိုတာ သေချာစဥ်းစားထားနော်။မိုင်းနဲ့လည်
း နှစ်ယောက်​ စဥ်းစားတိုင်ပင်ကြပေါ့။ "

" ဟုတ်ကဲ့ပါ အန်ကယ်။ "

" ကဲ... ငါတို့ပြန်မယ် ဒေဝ​​။ ညီမနှင်းဆီရောပဲ "

" အေး သူငယ်ချင်း။ဟုတ်ကဲ့ အစ်ကို "

" ညီမလည်း အားတဲ့အခါ သမီးနဲ့အတူ အိမ်
လည်လာခဲ့လေ။ "

" ဟုတ်ကဲ့ အစ်မ။ "

" သမီးပန်း အန်တီ တို့ ပြန်မယ်။ "

" ဟုတ်ကဲ့ အန်တီ။ "

....@'@

" ဟေ့ကောင် မိုင်း မျက်နှာကြည့်ရတာ တစ်
ခုခုကို စိတ်တိုင်းမကျမဖြစ်နေတဲ့ ပုံပါလား။
ဘာလဲ စေ့စပ်ပွဲက အဆင်မပြေဘူးလား... "

ပိုင်ဆက် သူ့ အလုပ်ခန်းက ခုံမှာထိုင်ကာခြေထောက်ကို စားပွဲပေါ်ဆန့်တင်ထားတဲ့သူငယ်ချင်း မိုင်းဆီမှ ကျစ်တသပ်သပ်နဲ့ မှုန်ကုတ်ကုတ် မျက်နှာထားတို့ကြောင့်... စေ့စပ်ပွဲက အဆင်မပြေလို့လား စိုးရိမ်စိတ်အထင်ဖြင့် မေးလိုက်သည့်အခါ....

" စေ့စပ်ပွဲက အဆင်ပြေတယ် "

" ဒါဆို ဘာက အဆင်မပြေတာလဲ မိုင်း "

" ငါ အငြင်းခံလိုက်ရတယ်ကွ။ငါ့ ဘဝမှာ မိန်းကလေးတစ်ယောက်ဆီက အငြင်းခံရတာ ဒါ ပထမဆုံးအကြိမ်ပဲကွ။ခံရတာ ခက်
လိုက်တာကွာ "

" ဘာ... မင်းကို ငြင်းလိုက်တယ်။ဘယ်သူက
ငြင်းတာလဲ။မဟုတ်မှ မင်းနဲ့ စေ့စပ်မယ့် မိန်း
ကလေးဆီက အငြင်းခံရတာလား။ဒါဆို စေ့
စပ်ပွဲက ပျက်သွားတာပေါ့။အဲ့ဒါကြောင့် မင်း
ခံစားနေရတာလား "

" ကျစ်..နမိတ်မရှိနမရှိကွာ ဘာစေ့စပ်ပွဲ ပျက်
တာလဲ။စေ့စပ်ပွဲ မပျက်ဘူးကွ "

ပိုင်ဆက် သူ့အပြောကို ဘုဆက်ဆက်နဲ့ ဖြေ
လာတဲ့ သူငယ်ချင်းအနားကို အလုပ်စားပွဲ
ထိုင်ကနေ ထသွားလိုက်ပြီး...

" ဒါဆို မင်းပုံစံက ဘာလို့ မှိုင်တွေတွေဖြစ်နေရတာလဲကွ။ငါက မင်း မှိုင်နေတော့ ကောင်မ
လေးဆီက အငြင်းခံရပြီး စေ့စပ်ပွဲပါပျက်လို့
မင်း ဒယ်ဒီနဲ့ တစ်ပွဲနွှဲလာရတယ်ထင်မိတာကွ
။ကဲ ပြောပါဦး စေ့စပ်ပွဲမပျက်ပဲ မင်း အငြင်း
ခံရတဲ့ အကြောင်း... "

" ငါ့ ပုံစံက သူ့ အကြိုက်မဟုတ်ဘူးတဲ့...ပြီး
တော့ သူ့မှာ သဘောကျတဲ့သူရှိလို့၊မိဘတွေရဲ့ ဆန္ဒကိုလွန်ဆန်နိုင်တဲ့ ငါ့ကို စေ့စပ်ပွဲ ဖျက်ပေးပါတဲ့ မတ်မတ် က... "

" ဘာ.. မတ်မတ် ဟုတ်လား။ဒါဆို သူက မင်း
ထက် အသက်ကြီးတာပေါ့ မိုင်း "

" အင်း... ငါ့ထက် ကြီးတယ်။ "

" သူက စေ့စပ်ပွဲဖျက်ခိုင်းတော့... မင်း က
ဘာပြောလိုက်လဲ။ "

" အဟင်း... ဘာပြောရမှာလဲကွ။အငြင်းခံရ
တဲ့ ငါ့ သိက္ခါမကျရအောင်လို့၊ ပညာသားပါပါလေးနဲ့ ကျွန်တော် က မိဘတွေရဲ့ ဆန္ဒကို
လွန်ဆန်နိုင်ပေမဲ့... မိဘတွေ စိတ်ညစ်စိတ်ဆင်းရဲရမယ့် အလုပ်ကို မလုပ်ဘူး။အဲ့ဒါကြောင့် စေ့စပ်ပွဲကို မဖျက်နိုင်ပါဘူးလို့ ပြော
လိုက်တာပေါ့။ "

" ဒါဆို မင်းက အဲ့မတ်မတ်ကို မချစ်ဘဲနဲ့ ယူ
မလို့လား။ "

" အင်း... ငါ့ မာမီ က မတ်မတ်ကို ချစ််တယ်ကွ။ငါ့ကြောင့်နဲ့ စိတ်အမြဲညစ်နေရတဲ့ မာမီ့ကို တစ်ခါလောက် စိတ်ချမ်းသာစေချင်လို့ မတ်မတ်ကို မချစ်ပေမယ့်၊ ယူဖို့ ဆုံးဖြတ်လိုက်တာ။ "

" မင်း မတ်မတ် က ဘယ်လိုလဲ လန်းရဲ့လား
မိုင်း​။ "

" မတ်မတ်လား ရင်ခုန်ရလောက်ကို ရေရေ
လည်လည် လန်းတယ်ကွ။ "

" ဟာ.. ယျောင့် သားရီး မင်း မဟုတ်မှ အန်တီ စိတ်ချမ်းသာဖို့ထက်... မတ်မတ်ကို ကြွေ
မိတဲ့၊မင်း နှလုံးသား စိတ်ချမ်းသားဖို့ စေ့စပ်ပွဲကို လက်ခံလိုက်တာမလား။ "

" အဟက်... ငါက မတ်မတ်ကို ကြွေစရာလားကွ။မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း
ချစ်ကြိုက်တက်တဲ့ ယောကျ်ားလေးတွေထဲ
မှာ ငါ မပါဘူး။ပြီးတော့... သုံးလတစ်ခါ မိန်း
ကလေးပြောင်းတွဲတဲ့ မင်း သူငယ်ချင်း ငါ့အ
တွက် မိန်းကလေးတွေက အပျင်းပြေကစား
ဖို့ တွဲတယ်ဆိုတာ တခြားသူထက်၊ မင်းက ပို
သိပါတယ် ပိုင်ဆက်။ "

" ငါ သိပါတယ်။ဒါမယ့် မင်းဟာကနည်းနည်းတော့ မဟုတ်သေးဘူးထင်တယ် မိုင်း။ "

" ဘာကို မဟုတ်တာလဲ ပိုင်ဆက်။ "

" အရင်က မင်း မချစ်တဲ့မိန်းမလေးကို အ ပျင်းပြေအနေနဲ့ ရည်စားအဖြင့် တွဲတာက ပြဿနာမရှိဘူးကွ။အခုက မင်း မချစ်တဲ့ မိန်းကလေးနဲ့ တစ်ဘဝစာလုံး မင်း လက်တွဲ
သွားရ​တော့မှာကွ။အိမ်ထောင်ကျတာနဲ့ မင်း
အဲ့မတ်မတ်ကို ချစ်ချစ်မချစ်ချစ် သူ့အပေါ်ကို ခင်ပွန်းတစ်ယောက်ရဲ့ ချစ်သစ္စာနဲ့ချည် နှောင်ရတော့မယ်။အရင်လို မင်း ပွေတာ၊ရှုပ်တာ၊ပျော်တာပါးတာတွေ ဘာမှလုပ်လို့မရတော့ဘူး။ရှင်းရှင်ပြောရမယ်ဆိုရင် အပြင်ထွက်မယ့်.. မင်း ခြေထောက်တွေကို ဘယ်မှထွက်မရအောင်၊ချုပ်နှောင်ခံရတော့မယ့်ခြေ ချုပ်ပဲကွ။မင်း အဲ့လိုချုပ်နှောင်ခံပြီး ​နေနိုင်လို့လား။မတ်မတ်က​လည်း မင်းရဲ့အရင်ပုံစံကိုလက်ခံမှာတော့ မဟုတ်ဘူး မိုင်း။ "

" အဟက်... ငါက မတ်မတ်ဆီမှာ ချုပ်နှောင်
ခံမတဲ့လား။ငါက မင်း သူငယ်ချင်း ဘုန်းနေမိုင်းပါကွ။ချုပ်ချင်ချုပ် ငါကပဲ ချုပ်မှာကွ။ "

" ဟုတ်ပါပြီ ဗျာ။အဲ့ဒါဆိုလဲ မတ်မတ်ဆီမှာ
အချုပ်နှောင်မခံမယ့်၊ မင်း ကို ချုပ်နှောင်မယ့် မဟူရာလေး လာနေပါပြီ ဗျ။အချုပ်ခံလိုက်ပါအုံး။ "

ပိုင်ဆက် သူ့ အလုပ်ခန်းထဲကို ဝင်လာတဲ့
မဟူရာကို မြင်တာနဲ့... သူငယ်ချင်းကို ရွှတ် နောက်နောက်လေးပြောပြီး၊နေရာမှ ထရပ်
လိုက်၍... သူ့ အလုပ်စားပွဲဆီကို ပြန်သွား
လိုက်သည်။

" ကျစ်... ဇယားမ က လာရှုပ်ပြန်ပြီ။ "

ပိုင်ဆက်ကနေရာမှ ထလိုက်ချိန် သူ့ကိုပါ
မေးငေါ့၍ အချက်ပြမှုကြောင့်...အခန်းဝကို
လှမ်းကြည့်လိုက်သည်။ထိုအခါ သူ့ဆီကို ခန္ဓာကိုယ်အား ယိမ်းနွဲ့၍လျှောက်လာနေတဲ့ မလုံမလဲအဝတ်အစားများနဲ့ မဟူရာ ကို မိုင်း နှာခေါင်းရှုံ့မိလိုက်သည့် စိတ်ပျက်သွားရ၏ ။

" ကိုမိုင်း ညက ကလပ်သွားတာ ဘာလို့ ရာ့
ကို မခေါ်တာလဲ။မဟုတ်မှ ရာ မသိအောင်
တခြားကောင်မတွေနဲ့ ကလပ်မှာ ကဲခဲ့တာ
လား ဟင်။ "

" .............."

" ကိုမိုင်း ရာ မေးနေတယ်လေ။ဘာလို့ မ​ဖြေ
တာလဲ "

" ကျစ်.. စကားများလိုက်တာကွာ။ငါ့ဘာသာ
ကလပ်မှာ ဘယ်သူနဲ့ ကဲကဲ မင်းနဲ့ မသက်ဆို
င်ဘူး မဟူရာ။ "

" ဘာ...ရာနဲ့ မဆိုင်ဘူး ဟုတ်လား။ရာ က
ကိုမိုင်း ရဲ့ ချစ်သူ။ကိုမိုင်း အနားမှာ ရာ မ
ဟုတ်တဲ့ တခြားမိန်းကလေးတွေ ရှိနေတာကို
မကြိုက်ဘူး။ကိုယ့် ချစ်သူကို တခြားမိန်းက
လေးနဲ့ နီးစပ်မသွားရအောင် တားဆီရမှာက
ရာ့ ရဲ့ တာဝန်ပဲ "

" အို​ကေ... မင်း တာဝန်ကို အခုကစပြီး လုပ်စရာမလိုတော့ဘူး။ မင်း နဲ့ ငါ ဒီနေ့ကစပြီး
ရည်စားအဖြစ်ကနေ ရပ်စဲလိုက်ပြီ။ "

" ဘာ.. ရည်းစားအဖြစ်က ရပ်စဲတယ်။ဘယ်
သူ့သဘောနဲ့လဲ။ဟင့်အင်း... ရာ လုံးဝ မရပ်
ဆဲပေးနိုင်ဘူး။လုံးဝ... လုံးဝ လုံးဝ မရပ်ဆဲ
မပြတ်ဆဲနိုင်ဘူး ကိုမိုင်း "

" မင်း မပြတ်နိုင်လည်း ငါကတော့ မင်းနဲ့.
အဆက်ဖြတ်တယ်။ငါ ရည်စားတစ်​ယောက်ကိုသုံးလထပ်ပိုမတွဲတာ မင်းအသိပဲ။အဲ့ဒါ
ကြောင့် ငါ့စံနူန်းအတိုင်း၊တခြားတစ်ယောက်
ကို ပြောင်းဖို့အတွက်... ဒီနေ့ မင်းနဲ့ အဆက်
ဖျက်တယ် အိုကေ။ "

.....🍒🍒

ရွှေအလင်း

      💔 ေမာင့္ အသည္းကိုေႁခြတဲ့ ပန္း 💔

                        အခန္း (3)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဘာ အဲ့ေကာင္ ျပန္သြားတယ္ ဟုတ္လား သမီး ပန္းေတာ္ဦး။ "

" ဟုတ္ကဲ့ အန္ကယ္။ "

ဦးမိုးျမတ္ ေခြၽးမေလာင္းရဲ႕ စကားအဆုံးမွာေတာ့ျဖင့္... အိေႏၵျမဆည္နိုင္ေလာက္ေအာင္ကို ေဒါသတို႔ ထြက္လာၿပီး...

" ေတာက္...ဒီေကာင္ေတာ့ ဘာအခ်ိဳး ခ်ိဳး
သြားတယ္မသိဘူး။လူႀကီးေတြ မ်က္ႏွာကို မွ
မေထာက္ လုပ္ခ်င္တာ လုပ္သြားတယ္။မီ အဲ့
ေကာင္ဆီ အခု ဖုန္းဆက္ၿပီး၊ အခုခ်က္ခ်င္းျပန္လာခိုင္းလိုက္ "

ဦးမိုးျမတ္ ေစ့စပ္ပြဲကေန လူႀကီးေတြကို ဘာ
တစ္ခြန္းမွ မ​ေျပာပဲ ျပန္သြားတဲ့ သားကို ႀကိတ္မနိုင္ခဲမရျဖင့္ ေဒါသမ်ားျဖစ္ရၿပီး...
ဇနီးသည္ကိုပါ ဖုန္းဆက္ေခၚခိုင္းလိုက္သည္

" ဟင္... ျပန္လာခိုင္းရမွာလား။သားက သြား
ၿပီေလ ကို ရဲ႕.. ေစ့စပ္ပြဲကလည္း အကုန္လုံး
သေဘာတူထားၿပီးသားေလ။သားကို ျပန္
လာဖို႔ ထပ္ေခၚရင္၊ အခ်ိန္ေတြၾကာကုန္မယ္
ထင္တယ္ေနာ္ ညီမႏွင္းဆီ "

ေဒၚမီမီ သားကို ျပန္လာခိုင္းရင္ သူစိမ္းလူ
ေတြေရွ႕မွာ၊သားတို႔သားဖႏွစ္​ေယာက္ စကား
မ်ား ျပႆနာျဖစ္မွာဆိုးတာေၾကာင့္.. စကား
ကို ထိန္းကာေျပာလိုက္သလို...ခမည္းခမတ္
ညီမကိုပါ စစ္ကူေတာင္းသလို... အၾကည့္နဲ႕ၾကည့္၍ ေျပာလိုက္သည္။

ေဒၚႏွင္းဆီလည္း တစ္ဖက္ ခမည္းခမတ္က
အကူညီေတာင္းသည့္... မ်က္ဝန္းေတြနဲ႕ၾက
ည့္လာတာေၾကာင့္..သမက္ေလာင္းကိုေဒါသ ျဖစ္မိတဲ့.. စိတ္ကိုရင္ထဲမွာသာ ၿမိဳသိပ္လိုက္ၿပီး..၊ဘာမွမျဖစ္တဲ့ မ်က္ႏွာအမူအရာမ်ိဳး ဟန္လုပ္၍...

" အင္း..ဟုတ္တာေပါ့ အစ္မ။သားမိုင္း ဒီကို ျပန္လာေနရင္ အခ်ိန္ေတြေနာက္က်ကဳန္မွာေပါ့။မဂၤလာပြဲက ႏွစ္ဖက္လူႀကီးေတြအကုန္ သေဘာတူၿပီးသားဆိုေတာ့... ေစ့စပ္ပြဲလည္း အထေျမာက္သြားၿပီပဲ။ျပန္လာခိုင္းမေနပါနဲ႕.
ေတာ့။ "

" ေစ့စပ္ပြဲ အထေျမာက္ေပမယ့္လည္း ေစ့စ
ပ္လက္စြပ္ေတြက အခုထိ ကေလးေတြ အျပ
န္အလွန္လဲလွယ္ၿပီး၊စြပ္မေပးရေသးဘူးေလ
ညီမရဲ႕..သမီးပန္းကိုလည္း အားနာဖို႔ေကာင္း
လိုက္တာ။ "

ဦးမိုးျမတ္ တစ္ဖက္လူကို အားနာစိတ္ျဖစ္ရသမွ်.. သားျဖစ္သူ ဘုန္းေနမိုင္းကို ေဒါသျဖစ္ေနရသည္က တနင့္တဖိုးပါပဲ။

ဦးေဒဝ ေစ့စပ္ပြဲကေန ျပန္သြားတဲ့ ဘုန္းေနမိုင္းဆိုတဲ့ လူငယ္​​ေၾကာင့္ စိတ္တိုေဒါသျဖစ္
မိရေသာ္လည္း... သူငယ္ခ်င္းျဖစ္သူ သားနဲ႕
သမီးျဖစ္သူ လက္ထပ္ျဖစ္မွ... သူ႕ ကုမၸဏီအ လုပ္ေတြအဆင္ေျပမွာမို႔...သမက္ေလာင္းအ
ေပၚမွာ မေက်မက်မ္းျဖစ္ရတဲ့ စိတ္ကိုဟန္မ
ပ်က္ဖုံးကြယ္ရင္း... ေဒါသျဖစ္ေနတဲ့ သူငယ္ ခ်င္းကို...

" သားက သြားစရာရွိလို႔ ျပန္သြားတာေနမွာ
ပါ။ငါနဲ႕တို႔ သမီးကနားလည္တာမို႔လို႔... အား နာစရာမလိုဘူး။ၿပီးေတာ့ အခုကစၿပီး ငါတို႔ကသူငယ္ခ်င္းေတြဆိုတာထက္၊မိသားစုဝင္ေတြ ျဖစ္သြားၿပီပဲ။အားနာစကားဆိုစရာမလို
ေတာ့ပါဘူး သူငယ္ခ်င္းရာ... "

" မင္းတို႔ဘက္ နားလည္ေပးေလ ငါက ပိုအား
မိတယ္ကြာ။ဒီေန႕ကိစၥအတြက္ မင္းတို႔ လင္မ
ယားႏွစ္ေယာက္လုံးကို ငါက ေတာင္းပန္ပါ
တယ္။သမီး ပန္းေတာ္ဦးကိုေရာ အန္ကယ္ ကပဲ ေတာင္းပန္တယ္။သားလုပ္ရပ္ကို စိတ္မဆိုးပါနဲ႕ကြယ္။ "

" ေတာင္းပန္စရာမလိုပါဘူးဆို သူငယ္ခ်င္း
ရာ... သမီးလည္း ေယာကၡမေတြကို ဘာမွမ
ျဖစ္ဘူးဆိုတာ ေျပာလိုက္ဦးေလ "

ေတမိမေလးလို ေခါင္းငုံ႕၍ ထိုင္ေနတဲ့ သမီး
အား... ဦးေဒဝ သားဖႏွစ္ေယာက္သာ နားလ
ည္တဲ့ အမိန့္ေပးအံႀကိတ္သံျဖင့္... ေျပာလိုက္ၿပီး၊အလိုက္တသိ စကားျပန္မေျပာေကာင္းရလားဆိုသည့္ အၾကည့္မ်ိဳးႏွင့္ပါၾကည့္လိုက္သည္။

ပန္းလည္း သားဖခ်င္းသာ နားလည္သည့္
ဒယ္ဒီ့ရဲ စကားေျပာသံေၾကာင့္ ငုံ႕ေနတဲ့ ေခါင္
းေလးအား ခ်က္ခ်င္းပင္ေထာင္၍.. လုပ္ယူ
ထားတဲ့ ဟန္ေဆာင္အၿပဳံးေလးနဲ႕... ေယာကၡ
မေလာင္းေတြအား ေျပာလိုက္သည္က...

" ဟို ေတာင္းပန္စရာမလိုပါဘူး။မိုင္း က
ဒယ္ဒီ ေျပာသလိုပဲ သူ႕အလုပ္ကိစၥရွိလို႔ ျပန္
သြားတာေနမွာပါ။ပန္း စိတ္မဆိုးပါဘူး အန္ကယ္ "

" အခုလို သေဘာထားျပည့္ဝၿပီး နားလည္မႈရွိတဲ့ သူငယ္ခ်င္းနဲ႕ ေခြၽးမေလာင္းေၾကာင့္ ဒီေန႕ ငါ့မွာ မ်က္ႏွာမပ်က္ရတာ။မင္းတို႔ ေနရာ
မွာ တျခားသူေတြဆို ငါတို႔ လင္မယားေတြ
ဘယ္လို မ်က္ႏွာျပရမလဲေတာင္ မသိဘူး။
မင္းတို႔ကို ငါ့သား လုပ္ရပ္ေၾကာင့္ အားလည္နာတယ္ကြာ။ "

" ခက္ပါလား မိုးျမတ္ရာ... မင္း နဲ႕ ငါက အခု
သူငယ္ခ်င္းမဟုတ္ေတာ့ဘူး။ေဆြမ်ိဳးေတြျဖစ္ေနၿပီကြ ေဆြမ်ိဳးေတြ။ေဆြမ်ိဳးေတြ ၾကား
မွာ အားစကားေျပာစရာမလိုဘူး။ဒီတစ္ခါ
အားနာစကားတို႔ ေတာင္းပန္စကားတို႔ ထပ္
ေျပာလာရင္ ငါ စိတ္ဆိုးရလိမ့္မယ္ မိုးျမတ္ "

" ေအးပါကြာ ငါ ထပ္မေျပာေတာ့ပါဘူး။အခု
မဂၤလာပြဲရက္လည္း သတ္မွတ္ၿပီးၿပီဆိုေတာ့
ငါတို႔ ျပန္လိုက္အုံးမယ္။ေနာက္ေန႕က်မွ ေအ
းေအးေဆးေဆး မင္းနဲ႕ တစ္ခါထပ္ေတြ​့က်တာေပါ့ ေဒဝ။ "

" အိုေက မိုးျမတ္။ဪ... ဒါနဲ႕ ငါေျပာထား
တဲ့၊ ေခ်းေငြက ဘယ္ေန႕ေလာက္ရမလဲ သူငယ္ခ်င္း။ "

" ဟင္.. ဘာေငြလဲ ဘာအတြက္ ေခ်းတာလဲကိုေဒဝ။"

ခင္ပြန္းသည္က ကုမၸဏီလုပ္ငန္းမွာ အရႈံး ေပၚလို႔ ခမည္းခမတ္ဆီက ေငြေခ်းကာ ထည့္ထားတယ္ဆိုတာကို သိထားေသာ္လည္... အခုထပ္၍ သမီးရဲ႕ ေစ့စပ္ပြဲမွာ ခမည္းခမတ္ဆီ ေငြေခ်းစကားေျပာလိုက္တဲ့ ခင္ပြန္းေၾက
ာင့္ မ်က္ႏွာပူရသလို... ဘယ္အတြက္ ေခ်း
တာလဲဆိုတာကို ရင္ထိတ္စြာျဖင့္ ေမးလိုက္
သည္။

" ဘယ္အတြက္ျဖစ္ရမွာလဲ အလုပ္အတြက္ေပါ့ကြ။မိုးျမတ္ သူငယ္ခ်င္း ငါ ေျပာထားတဲ့
ေငြရမွာလား "

ဦးေဒဝ ခမည္းခမတ္ျဖစ္လာမယ့္ သူငယ္ ခ်င္းကို မ်က္ႏွာပူျခင္း၊အားနာျခင္၊ အလ်င္မရွိသလို... ေစ့စပ္ပြဲမွာ ပိုက္ဆံေခ်းေနတဲ့ ဖခင္ေၾကာင့္ ရွက္႐ြံ႕ေနတဲ့သမီးနဲ႕ မ်က္ထူပူ
ေနတဲ့ဇနီးသည္တို႔ကို ဂ႐ုျပဳျခင္းမရွိဘဲ။မိမိ
လိုအပ္ေနတဲ့ ေငြကိုသာရမရ အတင္းေမးေနေတာ့၏။

တစ္ဖက္မွာလည္း အရင္ေခ်းထားတဲ့ သိန္း
ေထာင္ဂဏန္းရွိတဲ့ ေငြကိုပင္၊မဆပ္ရေသး တာကိုထပ္ေခ်းလာတဲ့ ခမည္းခမတ္ေလာင္
းေၾကာင့္... ေဒၚမီမီ ခင္ပြန္းသည္းေျပာမည့္
စကားကို ဘုရားတ၍ ေနမိသည့္အထိ ရင္
ထိတ္ေန၏။

ဦးမိုးျမတ္ ေလာင္းကစားမတ္ေနတဲ့သူငယ္ ခ်င္းကို ထပ္မေခ်းခ်င္ေတာ့ေပမဲ့လည္း ေခြၽ
းမေလာင္းမ်က္ႏွာနဲ႕ ကိုယ္မွ မေခ်းေပးရင္
လည္း... သူငယ္ခ်င္းကုမၸဏီက ေဒဝါလီခံကိန္းျဖစ္ေနတာကို... ကိုယ္တိုင္ကသိေနတာ
ေၾကာင့္... ရင္ေမာေမာျဖင့္ ပင့္သက္တစ္ခ်က္ရွိုက္ကာ....

"  အင္း... မင္း ေျပာထားတဲ့ ေငြ ငါေခ်းေပး
မယ္။ဒါေပမဲ့ ေရွ႕ေနနဲ႕ စာခ်ဳပ္ခ်ဳပ္မယ္။ျပန္
ေပးဆပ္ပါလို႔ ေျပာတဲ့ အခ်ိန္အတိအက်ကိဳ
ငါ့ ေငြေတြျပန္ခ်င္တယ္ ေဒဝ။ "

" အိုေက သူငယ္ခ်င္း မင္း ေျပာတဲ့အတိုင္း
ျဖစ္ေစရမယ္​။ "

" အင္း... ဒါဆို ငါတို႔ ျပန္မယ္။ "

" ေအး သူငယ္ခ်င္း​။ "

" သမီး ပန္းေတာ္ဦး အန္ကယ္တို႔ ျပန္လိုက္
အုံးမယ္။မဂၤပြဲကို ဘယ္လိုမ်ိဳး လုပ္ခ်င္သလဲ
ဆိုတာ ေသခ်ာစဥ္းစားထားေနာ္။မိုင္းနဲ႕လည္
း ႏွစ္ေယာက္​ စဥ္းစားတိုင္ပင္ၾကေပါ့။ "

" ဟုတ္ကဲ့ပါ အန္ကယ္။ "

" ကဲ... ငါတို႔ျပန္မယ္ ေဒဝ​​။ ညီမႏွင္းဆီေရာပဲ "

" ေအး သူငယ္ခ်င္း။ဟုတ္ကဲ့ အစ္ကို "

" ညီမလည္း အားတဲ့အခါ သမီးနဲ႕အတူ အိမ္
လည္လာခဲ့ေလ။ "

" ဟုတ္ကဲ့ အစ္မ။ "

" သမီးပန္း အန္တီ တို႔ ျပန္မယ္။ "

" ဟုတ္ကဲ့ အန္တီ။ "

....@'@

" ေဟ့ေကာင္ မိုင္း မ်က္ႏွာၾကည့္ရတာ တစ္
ခုခုကို စိတ္တိုင္းမက်မျဖစ္ေနတဲ့ ပုံပါလား။
ဘာလဲ ေစ့စပ္ပြဲက အဆင္မေျပဘူးလား... "

ပိုင္ဆက္ သူ႕ အလုပ္ခန္းက ခုံမွာထိုင္ကာေျခေထာက္ကို စားပြဲေပၚဆန့္တင္ထားတဲ့သူငယ္ခ်င္း မိုင္းဆီမွ က်စ္တသပ္သပ္နဲ႕ မႈန္ကုတ္ကုတ္ မ်က္ႏွာထားတို႔ေၾကာင့္... ေစ့စပ္ပြဲက အဆင္မေျပလို႔လား စိုးရိမ္စိတ္အထင္ျဖင့္ ေမးလိုက္သည့္အခါ....

" ေစ့စပ္ပြဲက အဆင္ေျပတယ္ "

" ဒါဆို ဘာက အဆင္မေျပတာလဲ မိုင္း "

" ငါ အျငင္းခံလိုက္ရတယ္ကြ။ငါ့ ဘဝမွာ မိန္းကေလးတစ္ေယာက္ဆီက အျငင္းခံရတာ ဒါ ပထမဆုံးအႀကိမ္ပဲကြ။ခံရတာ ခက္
လိုက္တာကြာ "

" ဘာ... မင္းကို ျငင္းလိုက္တယ္။ဘယ္သူက
ျငင္းတာလဲ။မဟုတ္မွ မင္းနဲ႕ ေစ့စပ္မယ့္ မိန္း
ကေလးဆီက အျငင္းခံရတာလား။ဒါဆို ေစ့
စပ္ပြဲက ပ်က္သြားတာေပါ့။အဲ့ဒါေၾကာင့္ မင္း
ခံစားေနရတာလား "

" က်စ္..နမိတ္မရွိနမရွိကြာ ဘာေစ့စပ္ပြဲ ပ်က္
တာလဲ။ေစ့စပ္ပြဲ မပ်က္ဘူးကြ "

ပိုင္ဆက္ သူ႕အေျပာကို ဘုဆက္ဆက္နဲ႕ ေျဖ
လာတဲ့ သူငယ္ခ်င္းအနားကို အလုပ္စားပြဲ
ထိုင္ကေန ထသြားလိုက္ၿပီး...

" ဒါဆို မင္းပုံစံက ဘာလို႔ မွိုင္ေတြေတြျဖစ္ေနရတာလဲကြ။ငါက မင္း မွိုင္ေနေတာ့ ေကာင္မ
ေလးဆီက အျငင္းခံရၿပီး ေစ့စပ္ပြဲပါပ်က္လို႔
မင္း ဒယ္ဒီနဲ႕ တစ္ပြဲႏႊဲလာရတယ္ထင္မိတာကြ
။ကဲ ေျပာပါဦး ေစ့စပ္ပြဲမပ်က္ပဲ မင္း အျငင္း
ခံရတဲ့ အေၾကာင္း... "

" ငါ့ ပုံစံက သူ႕ အႀကိဳက္မဟုတ္ဘူးတဲ့...ၿပီး
ေတာ့ သူ႕မွာ သေဘာက်တဲ့သူရွိလို႔၊မိဘေတြရဲ႕ ဆႏၵကိုလြန္ဆန္နိုင္တဲ့ ငါ့ကို ေစ့စပ္ပြဲ ဖ်က္ေပးပါတဲ့ မတ္မတ္ က... "

" ဘာ.. မတ္မတ္ ဟုတ္လား။ဒါဆို သူက မင္း
ထက္ အသက္ႀကီးတာေပါ့ မိုင္း "

" အင္း... ငါ့ထက္ ႀကီးတယ္။ "

" သူက ေစ့စပ္ပြဲဖ်က္ခိုင္းေတာ့... မင္း က
ဘာေျပာလိုက္လဲ။ "

" အဟင္း... ဘာေျပာရမွာလဲကြ။အျငင္းခံရ
တဲ့ ငါ့ သိကၡါမက်ရေအာင္လို႔၊ ပညာသားပါပါေလးနဲ႕ ကြၽန္ေတာ္ က မိဘေတြရဲ႕ ဆႏၵကို
လြန္ဆန္နိုင္ေပမဲ့... မိဘေတြ စိတ္ညစ္စိတ္ဆင္းရဲရမယ့္ အလုပ္ကို မလုပ္ဘူး။အဲ့ဒါေၾကာင့္ ေစ့စပ္ပြဲကို မဖ်က္နိုင္ပါဘူးလို႔ ေျပာ
လိုက္တာေပါ့။ "

" ဒါဆို မင္းက အဲ့မတ္မတ္ကို မခ်စ္ဘဲနဲ႕ ယူ
မလို႔လား။ "

" အင္း... ငါ့ မာမီ က မတ္မတ္ကို ခ်စ္္တယ္ကြ။ငါ့ေၾကာင့္နဲ႕ စိတ္အၿမဲညစ္ေနရတဲ့ မာမီ့ကို တစ္ခါေလာက္ စိတ္ခ်မ္းသာေစခ်င္လို႔ မတ္မတ္ကို မခ်စ္ေပမယ့္၊ ယူဖို႔ ဆုံးျဖတ္လိုက္တာ။ "

" မင္း မတ္မတ္ က ဘယ္လိုလဲ လန္းရဲ႕လား
မိုင္း​။ "

" မတ္မတ္လား ရင္ခုန္ရေလာက္ကို ေရေရ
လည္လည္ လန္းတယ္ကြ။ "

" ဟာ.. ေယ်ာင့္ သားရီး မင္း မဟုတ္မွ အန္တီ စိတ္ခ်မ္းသာဖို႔ထက္... မတ္မတ္ကို ေႂကြ
မိတဲ့၊မင္း ႏွလုံးသား စိတ္ခ်မ္းသားဖို႔ ေစ့စပ္ပြဲကို လက္ခံလိုက္တာမလား။ "

" အဟက္... ငါက မတ္မတ္ကို ေႂကြစရာလားကြ။မိန္းကေလးတစ္ေယာက္ကို ျမင္ျမင္ခ်င္း
ခ်စ္ႀကိဳက္တက္တဲ့ ေယာက်္ားေလးေတြထဲ
မွာ ငါ မပါဘူး။ၿပီးေတာ့... သုံးလတစ္ခါ မိန္း
ကေလးေျပာင္းတြဲတဲ့ မင္း သူငယ္ခ်င္း ငါ့အ
တြက္ မိန္းကေလးေတြက အပ်င္းေျပကစား
ဖို႔ တြဲတယ္ဆိုတာ တျခားသူထက္၊ မင္းက ပို
သိပါတယ္ ပိုင္ဆက္။ "

" ငါ သိပါတယ္။ဒါမယ့္ မင္းဟာကနည္းနည္းေတာ့ မဟုတ္ေသးဘူးထင္တယ္ မိုင္း။ "

" ဘာကို မဟုတ္တာလဲ ပိုင္ဆက္။ "

" အရင္က မင္း မခ်စ္တဲ့မိန္းမေလးကို အ ပ်င္းေျပအေနနဲ႕ ရည္စားအျဖင့္ တြဲတာက ျပႆနာမရွိဘူးကြ။အခုက မင္း မခ်စ္တဲ့ မိန္းကေလးနဲ႕ တစ္ဘဝစာလုံး မင္း လက္တြဲ
သြားရ​ေတာ့မွာကြ။အိမ္ေထာင္က်တာနဲ႕ မင္း
အဲ့မတ္မတ္ကို ခ်စ္ခ်စ္မခ်စ္ခ်စ္ သူ႕အေပၚကို ခင္ပြန္းတစ္ေယာက္ရဲ႕ ခ်စ္သစၥာနဲ႕ခ်ည္ ေႏွာင္ရေတာ့မယ္။အရင္လို မင္း ေပြတာ၊ရႈပ္တာ၊ေပ်ာ္တာပါးတာေတြ ဘာမွလုပ္လို႔မရေတာ့ဘူး။ရွင္းရွင္ေျပာရမယ္ဆိုရင္ အျပင္ထြက္မယ့္.. မင္း ေျခေထာက္ေတြကို ဘယ္မွထြက္မရေအာင္၊ခ်ဳပ္ေႏွာင္ခံရေတာ့မယ့္ေျခ ခ်ဳပ္ပဲကြ။မင္း အဲ့လိုခ်ဳပ္ေႏွာင္ခံၿပီး ​ေနနိုင္လို႔လား။မတ္မတ္က​လည္း မင္းရဲ႕အရင္ပုံစံကိုလက္ခံမွာေတာ့ မဟုတ္ဘူး မိုင္း။ "

" အဟက္... ငါက မတ္မတ္ဆီမွာ ခ်ဳပ္ေႏွာင္
ခံမတဲ့လား။ငါက မင္း သူငယ္ခ်င္း ဘုန္းေနမိုင္းပါကြ။ခ်ဳပ္ခ်င္ခ်ဳပ္ ငါကပဲ ခ်ဳပ္မွာကြ။ "

" ဟုတ္ပါၿပီ ဗ်ာ။အဲ့ဒါဆိုလဲ မတ္မတ္ဆီမွာ
အခ်ဳပ္ေႏွာင္မခံမယ့္၊ မင္း ကို ခ်ဳပ္ေႏွာင္မယ့္ မဟူရာေလး လာေနပါၿပီ ဗ်။အခ်ဳပ္ခံလိုက္ပါအုံး။ "

ပိုင္ဆက္ သူ႕ အလုပ္ခန္းထဲကို ဝင္လာတဲ့
မဟူရာကို ျမင္တာနဲ႕... သူငယ္ခ်င္းကို ႐ႊတ္ ေနာက္ေနာက္ေလးေျပာၿပီး၊ေနရာမွ ထရပ္
လိုက္၍... သူ႕ အလုပ္စားပြဲဆီကို ျပန္သြား
လိုက္သည္။

" က်စ္... ဇယားမ က လာရႈပ္ျပန္ၿပီ။ "

ပိုင္ဆက္ကေနရာမွ ထလိုက္ခ်ိန္ သူ႕ကိုပါ
ေမးေငါ့၍ အခ်က္ျပမႈေၾကာင့္...အခန္းဝကို
လွမ္းၾကည့္လိုက္သည္။ထိုအခါ သူ႕ဆီကို ခႏၶာကိုယ္အား ယိမ္းႏြဲ႕၍ေလွ်ာက္လာေနတဲ့ မလုံမလဲအဝတ္အစားမ်ားနဲ႕ မဟူရာ ကို မိုင္း ႏွာေခါင္းရႈံ႕မိလိုက္သည့္ စိတ္ပ်က္သြားရ၏ ။

" ကိုမိုင္း ညက ကလပ္သြားတာ ဘာလို႔ ရာ့
ကို မေခၚတာလဲ။မဟုတ္မွ ရာ မသိေအာင္
တျခားေကာင္မေတြနဲ႕ ကလပ္မွာ ကဲခဲ့တာ
လား ဟင္။ "

" .............."

" ကိုမိုင္း ရာ ေမးေနတယ္ေလ။ဘာလို႔ မ​ေျဖ
တာလဲ "

" က်စ္.. စကားမ်ားလိုက္တာကြာ။ငါ့ဘာသာ
ကလပ္မွာ ဘယ္သူနဲ႕ ကဲကဲ မင္းနဲ႕ မသက္ဆို
င္ဘူး မဟူရာ။ "

" ဘာ...ရာနဲ႕ မဆိုင္ဘူး ဟုတ္လား။ရာ က
ကိုမိုင္း ရဲ႕ ခ်စ္သူ။ကိုမိုင္း အနားမွာ ရာ မ
ဟုတ္တဲ့ တျခားမိန္းကေလးေတြ ရွိေနတာကို
မႀကိဳက္ဘူး။ကိုယ့္ ခ်စ္သူကို တျခားမိန္းက
ေလးနဲ႕ နီးစပ္မသြားရေအာင္ တားဆီရမွာက
ရာ့ ရဲ႕ တာဝန္ပဲ "

" အို​ေက... မင္း တာဝန္ကို အခုကစၿပီး လုပ္စရာမလိုေတာ့ဘူး။ မင္း နဲ႕ ငါ ဒီေန႕ကစၿပီး
ရည္စားအျဖစ္ကေန ရပ္စဲလိုက္ၿပီ။ "

" ဘာ.. ရည္းစားအျဖစ္က ရပ္စဲတယ္။ဘယ္
သူ႕သေဘာနဲ႕လဲ။ဟင့္အင္း... ရာ လုံးဝ မရပ္
ဆဲေပးနိုင္ဘူး။လုံးဝ... လုံးဝ လုံးဝ မရပ္ဆဲ
မျပတ္ဆဲနိုင္ဘူး ကိုမိုင္း "

" မင္း မျပတ္နိုင္လည္း ငါကေတာ့ မင္းနဲ႕.
အဆက္ျဖတ္တယ္။ငါ ရည္စားတစ္​ေယာက္ကိုသုံးလထပ္ပိုမတြဲတာ မင္းအသိပဲ။အဲ့ဒါ
ေၾကာင့္ ငါ့စံႏူန္းအတိုင္း၊တျခားတစ္ေယာက္
ကို ေျပာင္းဖို႔အတြက္... ဒီေန႕ မင္းနဲ႕ အဆက္
ဖ်က္တယ္ အိုေက။ "

.....🍒🍒

ေ႐ႊအလင္း

Continua llegint

You'll Also Like

627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
422K 9.1K 40
(Unicode+Zawgyi) မင်းဦးလေးငါ့ဆီမှာတင်နေတဲ့အကြွေးကိုမင်္ဂလာပွဲနဲ့ကြေလိုက်ပြီးငါ့ဇနီးမယားနေရာမှာထားမယ်မထင်လိုက်နဲ့နော်....ငါ့အိမ်မှာမင်းကအစေခံနဲ့မခြားမ...
321K 3.4K 16
" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ...
3.7K 136 6
ငယ်ကချစ် အနှစ်တရာ....။ [Unicode] ငယ္ကခ်စ္ အႏွစ္တရာ....။ [Zawgyi]