မောင့်အသည်းခြွေတဲ့ ပန်း Part (20)

3.4K 86 0
                                    

        💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (20)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မာမီ ဘာတွေလုပ်နေတာလဲ။ကျွန်တော်တို့ ရောက်နေတာကြာပြီ ဘာလို့ထွက်မလာတာလဲ။အိမ်ရှေ့မလာဘူးလား။မတ်မတ်နဲ့ကျွန်တော့် ကို စကားမပြောချင်လို့လား။"

ဒေါ်မီမီ ချွေးမလေးက ပထမဆုံးအကြိမ် အိမ်လာတာမို့... ကိုယ်တိုင် မီးခန်းဝင်ပြီး အစားအ သောက်တွေ ချက်ပြုတ်ပြင်ဆင်နေချိန်...ကျောနောက်ကနေ ခါးကိုဖက်ပြီး... ပခုံးထက်၌ မေးတင်ကာ ပြောလာတဲ့... သားကြောင့် အသုပ်နှယ်နေတဲ့ လက်ရေအမြန်
ဆေးကာ...

" ဘာပြောနေတာလဲ သား။မာမီ ချွေးမလေး
နဲ့ သားကို တွေ့ချင်လို့ကို တမင်အိမ်မှာ ညစာစားဖို့ခေါ်တာလေ။ပြီးတော့... သားတို့ရော က်နေတာကို ထွက်မလာတာက မာမီ ချက်လက်စဟင်း၊သုပ်လက်စဖြစ်နေတဲ့ အသုပ်က၊ မပြီးသေးလို့ ထွက်မလာတာ။အခုမှ အသုပ်က သုပ်ပြီးလို့ ထမင်းစားဖို့လာခေါ်တော့လို့ပဲ။ပြောစမ်းပါ မာမီ က ချွေးမလေး နဲ့ သားကို စကားမပြောချင်ဘူးလို့ ဘာလို့ထင်ရတာလဲ။ "

မိုင်း သူ့စကားကို ဘဝင်မကျဖြစ်နေတဲ့ မာမီ
ကို ပွေ့ဖက်ပြီး....

" စိတ်မဆိုးပါနဲ့ပါ မာမီ။ကျွန်တော် က ဘာ
ရယ် မဟုတ်ပြောလိုက်တာပါ။ဘာတွေချက်
ထားလဲ။ကျွန်တော် မာ့မီ ဟင်းလက်ရာတွကို လွမ်းနေတာ။ ဒီညအများကြီးစားမှာနော်။ဟင်းတွေအများကြီး ချက်ထားတယ်မလား။ "

ဒေါ်မီမီ သူ့ကိုပွေ့ဖက်ပြီး ပြောလာတဲ့ သား
နဲ့ ကိုယ်ချင်းခွာလိုက်ပြီး...

" သားကို မာမီ စိတ်မဆိုးပါဘူး။နောက်ကိုတော့ အခုလိုထပ်မပြောမိစေနဲ့။မာမီ စိတ်မ
ကောင်းဖြစ်ရတယ်။ "

" ဟုတ်ကဲ့ မာမီ။ "

" ဟင်းတွေကအများကြီးချက်ထားတယ်။သားအကြိုက်ဆုံးဝက်သားအိုးကပ်ချက်နဲ့ ချဥ်ပေါင်းငါးခေါင်းဟင်းရည်လည်းချက်ထားတယ်။ငါးကြော်နှပ်ရောပဲ။ "

" မာမီ ပြောပြနေတာနဲ့တင် ကျွန်တော် ဗိုက်
ဆာလာပြီ၊ဟင်းနံ့တွေကလည်း မွှေးနေတာ
ပဲ။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now