မောင့်အသည်းခြွေတဲ့ ပန်း Part (17)

5.4K 114 0
                                    

          💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (17)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မောင် အခုထိ အလုပ်သွားဖို့ ပြင်တာမပြီးသေးဘူးလားကွာ။မိန်ကလေးဖြစ်တဲ့ မ တောင်မှ မျက်နှာကို လိမ်းခြယ်ပြီးလို့ အဝတ်စားတောင်လဲပြီးပြီ။ပြင်ဆင်ရတာ သိပ်မများတဲ့ မောင် က အခုထိ မပြီးသေးတာတော့ မဟုတ်သေးဘူး။ဘယ်ကောင်မလေး
ကို အထာပေးဖို့ ပြင်နေတာလဲ "

ကိုယ့်ထက်အရင်ထပြီး ရေချိုး၊အဝတ်စား လဲတဲ့ မောင် က... သူ့နောက်မှ ရေချိုးပြီးပြင်
ဆင်တဲ့ ပန်း က အရင်ပြီးတာကြောင့်... မျက်
စောင်းလေးပင့်ချီပြီး ပြောလိုက်သည့်အခါ...

လက်ပတ်နာရီ ပတ်နေတဲ့ မောင် က ပန်း ရှေ့
ကို ရောက်လာပြီး...

" ဘယ်ကောင်မလေးကို မှ အထာပေးဖို့ပြင်
နေတာ မဟုတ်ဘူး။ပန်းတော်ဦးဆိုတဲ့ မောင့်
မတ်မတ်ဆီက အချစ်တွေအကုန်ရဖို့အတွက်
အထားလေးနဲ့ စမတ်ကျကျပြင်ဆင်နေတာ "

" မ ဆီက အချစ်ကိုရဖို့အတွက် စမတ်ကျကျ
ပြင်ဆင်တာက ဘာဆိုင်လို့လဲ "

" အဟင်း.. ဆိုင်တာပေါ့။မောင် ချောနေ၊လှ
နေ မှ မတ်မတ် က မောင့်မှ မောင်ဖြစ်နေမှာ
လေ။အဲ့ဒါကြောင့် မတ်မတ်အတွက် မောင်
လှနေမှဖြစ်မယ် "

ဝတ်ထားတဲ့ အင်္ကျီကော်လံစလေးနှစ်ဖက်ကို
ကိုင်ပြီး ပြုံးစစလေးနဲ့ပြောလာတဲ့ မောင့်စ
ကားကြောင့် ပန်း အားပါးတရမိသည်။

" အဟင်း.. အဟင်း "

" အတည်ပြောနေတာကို မတ်မတ် က ဘာလို့
ရယ်တာလဲ။နေ နေစမ်းပါဦး။မတ်မတ် နူတ်
ခမ်းက ဓားရှထားလို့လား။ဒီလောက်နီနေရဲ
နေရအောင် မောင့် ကို ပြောစမ်း "

မေးလေးကိုမော့ယူပြီး မျက်မှောင်ကြီးကြုံ့
ကာပြောလာတဲ့ မောင့် စကားကြောင့် ပန်းမှာ ယောင်နနလေးဖြစ်သွားရင်း...

" မ နူတ်ခမ်း ဓားမရှပါဘူး မောင်ရဲ့... နူတ်
ခမ်းနီဆိုးထားတာပဲ ရှိပါတယ် "

" အဲ့နူတ်ခမ်းဆိုးထားကြီးကို ပြောနေတာလေ ဗျာ "

" အဟင်း.. မောင်ကလည်း မ က တကယ်များလားလို့ လန့်သွားတာပဲ။စစရာ နှောက်စ
ရာအတော်ရှားနေတယ်ထင်တယ် သူများကို
နော် "

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now