မောင့်အသည်းခြွေတဲ့ ပန်း Part (31)

18.4K 153 33
                                    

        💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                အခန်း (31) ဇာတ်သိမ်းပိုင်း

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဘော့စ်.. ကျွန်တော် အရေးတကြီးပြောစရာရှိလို့ ခွင့်မတောင်းပဲ ဝင်လာမိတာကို
တောင်းပန်ပါတယ် "

ဟန်မင်း ဝီစကီအပြင်းစားကို ရေခဲတုံးခပ်
များများနဲ့စိမ်ပြီး... တစ်ငုံချင်းစီ ဇိမ်ခံကာ
သောက်နေချိန်... သူ့အခန်းထဲကို ဝင်လာတဲ့
တပည့်ဖြစ်သူ အောင်ကိုမင်းအား တစ်ချက်
မော့ကြည့်လိုက်ပြီး...

" အရေးတကြီး ပြောစရာရှိလို့... မဟုတ်မှ
ငါ့ဆီကို ပန်းတော်ဦး က အပြေးရောက်လာလို့လား.. "

" မပန်းတော်ဦး ရောက်လာတာ မဟုတ်ပါဘူး
။ကျွန်တော်တို့ မြန်မာပြည်ထဲကနေ အမြန်ပြေးမှ ဖြစ်တော့မယ်ဆိုတာ ဘော့စ်ကိုလာ
ပြောတာပါ "

ဟန်မင်း တပည့်ဖြစ်သူဆီက ပြေးရမယ်ဆိုတဲ့စကားကြောင့် လက်ထဲက အရက်ခွက်ပင်လွတ်ကျတော့မလိုဖြစ်သွားရပြီး...

" ဘာပြောတယ်ကွ။ငါက ပြေးရမယ်။ဘာလို့
လဲ၊ဘာ​ကြောင့်လဲ... "

" ကျွန်တော်တို့ လောင်းကစားရုံကို ဖမ်းဆီး
မိန့် ဝရမ်းအထုတ်ခံလိုက်ရပါတယ်။ပိုင်ရှင်
ဖြစ်တဲ့ ဘော့စ်ကိုပါ လောင်းကစားရုံနဲ့အတူ
ဖမ်းဆီမိန့်ကျလာပါတယ် "

" ဘာကွ ဖမ်းဆီးဝရမ်းအထုတ်ခံရတယ်။ဒါ
ဆို ငါနဲ့လောင်းကစားရုံအဖမ်းမခံရဖို့... တစ်လတစ်လ ငွေသိန်းရာချီပြီး လာဘ်ထိုးငွေပေးထားရတဲ့ ဟိုရဲကောင်တွေ ဘာလုပ်နေလဲ။ဘယ်ရောက်သွားကုန်လို့ ငါက ဖမ်းဝရ မ်းအထုတ်ခံရတာလဲကွ "

" ဘော့စ် လာဘ်ထိုးထားတဲ့ ရဲတွေက လဘ်
စားလွန်းလို့ အဖမ်းခံရတဲ့သူနဲ့ နေရာပြောင်း
ရွှေ့ရတဲ့သူတွေနဲ့ ဒီမြို့မှာတစ်ယောက်မှမရှိ
ကျတော့ပါဘူး။အခု ဘော့စ်ကို ဖမ်းဖို့လာနေ
တဲ့ ရဲမှူး က မနေ့ကမှ​ရာထူးတိုးနဲ့ ပြောင်းရွှေ့
လာတဲ့သူပါတဲ့။ကျွန်တော်တို့နဲ့ မိတ်ဆွေမဖြ
စ်သေးတဲ့ သူပါ။အဲ့ဒါကြောင့် အခုညတွင်း
ချင်းပဲ ကျွန်တော်တို့ မြန်မာပြည်ကနေထွက်
ပြေးနိုင်မှဖြစ်လိမ့်မယ်။မဟုတ်ရင် ကျွန်တေ
ာ်တို့ ထောင်နန်းစံရလိမ့်မယ် ဘော့စ် "

မောင့်အသည်းခြွေတဲ့ ပန်း CompletedKde žijí příběhy. Začni objevovat