ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.9.6

2.2K 374 17
By devil61002

Ruzel ၏ ခရမ္းေရာင္မ်က္ဝန္းမ်ားက အလင္းတစ္ခ်က္လက္သြားၿပီး ႏူတ္ခမ္းမွ တစ္စံုတစ္ခုအား ရြတ္ဆိုလိုက္သည္ ။ ေလကိုပင္ ပိုင္းျဖတ္ႏိုင္ပံုရသၫ့္ ထက္ျမသၫ့္ ဓားေျမာင္ႏွစ္လက္က သူ႔လက္ထဲတြင္ ေပၚလာခဲ့ၿပီး ခက္ထန္စြာ တိုက္ခိုက္ေတာ့သည္ ။ တိုက္ပြဲသည္ ၾကမ္းတမ္းေသာ္ျငား ရန္သူမ်ားသည္ သူတို႔ကို ေဖာက္ထြက္ကာ ထြက္ေျပးႏိုင္ရန္သာ ႀကိဳးစားေနၿပီး အေဆာက္အဦးထဲသို႔ ျပန္ဝင္ရန္ ျငင္းဆန္ေနၾကသည္။ ထိုအေဆာက္အဦးသည္ သူတို႔အတြက္ ကပ္ေဘးတစ္ခုအလား လွၫ့္ၾကၫ့္ဖို႔ေတာင္ မဝံ့ရဲၾကေပ ။

Ruzel က ခနတာ စိတ္လြတ္သြားေသာေၾကာင့္ သူ႔လက္ေမာင္းက တိုက္ခိုက္ခံလိုက္ရၿပီး ေသြးမ်ားက ဝတ္ရံုေပၚတြင္ စိုရြဲလာသည္ ။ ရန္သူမ်ား၏ တိုက္ခိုက္မႈက တံု႔ဆိုင္းသြားကာ ထိတ့္လန႔္မႈက မ်က္ဝန္းတြင္ ေပၚေပါက္လာခဲ့သည္ ။ တိုက္ခိုက္မႈက ရုတ္တရက္ရပ္တန႔္သြားေသာေၾကာင့္ ေျခာက္ျခားစရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္သြားသည္ ။

ေျမျပင္သို႔ တေတာက္ေတာက္က်ဆင္းေနသၫ့္ ေသြးစက္မ်ား၏ အသံသာ ထြက္ေပၚေနသည္ ။ ထိုအသံသည္ ပိုက်ယ္ေလာက္လာၿပီး အခ်ိန္ပင္ ေနွးေကြးသြားသေယာင္ ။ သည္အခ်ိန္တြင္ အေဆာက္အဦးထဲမွ ေျခသံဖြဖြက လူတိုင္း၏ နားထဲသို႔ ဝင္ေရာက္လာသည္ ။ ရန္သူမ်ားသည္ ပိုမိုေျခာက္ျခားလာကာ တိုက္ခိုက္ဖို႔ပင္ မေတြးေတာ့ဘဲ ထြက္ေျပးကုန္ၾကေတာ့သည္ ။

" Oh!..Oh ဒီေသြးနံ႔က ငါ့ကို ဆြဲေဆာင္ႏိုင္တာဘဲ .." ပ်င္းတိပ်င္းရြဲ႔အသံက ထြက္ေပၚသည္နဲ႔ အခ်ိန္သည္ ခနမ်ွ ရပ္တန႔္သြားခဲ့သည္ ။ ေသြးစက္မ်ားသည္ ေလေပၚတြင္ ရပ္တန႔္ေနကာ ‌ေနရာတိုင္း ေသြးစက္မ်ား ေပၚေပါက္လာသည္။

ရန္သူ႔ေခါင္းေဆာင္ျဖစ္သၫ့္ သက္လတ္ပိုင္းလူႀကီးသည္ သူ႔မ်က္စိေရ႔ွတၫ့္တၫ့္က ေသြးစက္ကို ၾကၫ့္ရင္း အၾကၫ့္မ်ားက စူးရွသြားသည္ ။ ေကာင္စုတ္ေလး တစ္ေယာက္က သူ႔အား ၿခိမ္းေျခာက္ရဲသည္ ။ သူသည္ Regis တို႔အား အာရံုမစိုက္ေတာ့ဘဲ သူအဖမ္းမခံရခင္ ထိုေကာင္ေလးအား ေသခ်ာေပါက္သတ္မည္ဆိုသၫ့္ ပံုစံျဖင့္ ေနာက္လွၫ့္ကာ Mana စြမ္းအင္မ်ား အျပင္းအထန္ထုတ္လႊတ္ေတာ့သည္ ။ ျပင္းထန္လြန္းးလို႔ ေလျပင္းမ်ားပင္ တိုက္ခိုက္လာကာ မၿငိမ္မသက္ျဖစ္လာေတာ့သည္ ။ သက္လတ္ပိုင္းလူႀကီး၏ လက္ထိပ္တြင္ အျပာေရာင္စြမ္းအင္မ်ား အဆံုးမရိွသကဲ့သို႔ စုစည္းလာၿပီး အေဆာက္အဦး တံခါးတြင္ ရပ္ေနသၫ့္ ပံုရိပ္အား ထိုးႏွက္လိုက္ေတာ့သည္ ။

Regis နဲ႔ Ruzel က တားျဖစ္ရန္ ျပင္ေသာ္လည္း သူတို႔၏ လက္ေအာက္ငယ္သားမ်ားက တားျမစ္လိုက္ၾကသည္ ။ သူတို႔ႏွစ္ေယာက္သည္ အစြမ္းထက္သည္‌ဆိုေသာ္လည္း ဒီစြမ္းအင္လိႈင္းေၾကာင့္ အျပင္းအထန္ ဒဏ္ရာရသြားႏိုင္သည္ ။

ပတ္ဝန္းက်င္ရိွ ေသြးစက္မ်ားသည္ စြမ္းအင္လိႈင္းေအာက္တြင္ ေလာင္ကြၽမ္းလာကာ အေငြ့ပ်ံသြားသည္ကို မ်က္စိျဖင့္ ျမင္ႏိုင္ေလသည္ ။ ေပါက္ကြဲလုနီးပါး စြမ္းအင္လက္သီးခ်က္သည္ အျပၫ့္အဝထုတ္လႊတ္ခါနီးေနၿပီျဖစ္သည္ ။ ထိုအခ်ိန္တြင္ အနက္ေရာင္ပံုရိပ္တစ္ခုက လ်င္ျမန္သၫ့္အရိွန္ျဖင့္ သက္လတ္ပိုင္း လူအေရ႔ွသို႔ ေရာက္လာခဲ့သည္ ။ ျပင္းထန္သၫ့္ ‌စြမ္းအင္လိႈင္းအေရ႔ွသို႔ တၫ့္တၫ့္တိုးဝင္လာသၫ့္ လူေၾကာင့္ လူတိုင္း ရင္ထိတ္သြားၾကသည္ ။

နက္ျပာေရာင္ဆံစမ်ားက မ်က္ဝန္းမ်ား အေရ႔ွတြင္ ေဝ့ဝဲေနၿပီး နားဆြဲတစ္ခုက ေတာက္ပသၫ့္အလင္းတစ္ခ်က္ ထုတ္လႊတ္ေနသည္ ။ ေသြးမ်က္ဝန္းမ်ားက သက္လတ္ပိုင္းလူႀကီး၏ လုပ္ေဆာင္မႈကို ေလွာင္ေျပာင္ေနသၫ့္ႏွယ္ ။ ႏူတ္ခမ္းေတာင့္စြန္းက ျမင့္တက္သြားၿပီး လက္သီးခ်က္အား လက္ေခ်ာင္းသြယ္သြယ္ျဖင့္ အသာထိလိုက္သည္ ။ ျပင္းထန္သၫ့္ စြမ္းအင္မ်ားက တစ္ခါမွမရိွခဲ့ဖူးသလို ေပ်ာက္ကြယ္သြားခဲ့သည္ကို အံ့ဩဖြယ္ေတြ့ရိွလိုက္ရသည္ ။ သက္လတ္ပိုင္းလူႀကီး၏ ခႏၶာကိုယ္သည္ ေလေပၚသို႔ ေျမာက္တက္သြားကာ လႈပ္ရွားမႈတိုင္း ထိန္းခ်ဳပ္ခံလိုက္ရသည္ ။

Shun ၏ မ်က္ႏွာတြင္ အလြန္သေဘာက်ေနသည္ဟု ေရးထားသၫ့္အလား ခပ္ဖြဖြအၿပံဳးေလးေပၚလာခဲ့သည္ ။

ေဖ်ာက္!!!

လက္ေဖ်ာက္တီးသံအဆံုးတြင္ သက္လတ္ပိုင္းလူႀကီး၏ ခႏၶာကိုယ္အတြင္းမွ အနီေရာင္အလင္းတစ္ခုက ေပါက္ကြဲထြက္လာခဲ့ၿပီး နာက်င္လြန္း၍ ေအာ္ဟစ္သၫ့္အသံ က ေတာအုပ္တြင္ ပ်ံ့ႏွံ႔သြားသည္ ။ သက္လတ္ပိုင္းလူႀကီးသည္ ေျမျပင္ေပၚသို႔ ျပဳတ္က်လာခဲ့ၿပီး လႈပ္ရွားမႈမ်ား ရပ္တန႔္ေနရာ အသက္ရိွလား မရိွလား အတည္ျပဳႏိုင္ရန္ ခဲယမ္းလွသည္ ။

ရန္သူမ်ားမွာ တုပ္တုပ္ပင္ မလႈပ္ရဲခဲ့ေတာ့ဘဲ လြယ္လြယ္ကူကူပင္ အညံ့ခံလိုက္ၾကသည္ ။ သူတို႔က ဒီလူငယ္ေလးအား အလြန္ေၾကာက္ရြံ႔ေနေၾကာင္း သိသာထင္ရွားေနရာ Langeria ေက်ာင္းမွာ လူမ်ား စိတ္ဝင္စားသြားခဲ့သည္ ။ သူတို႔၏ အေမးမ်က္လံုးမ်ားအား Shun က ဂရုမထားခဲ့ေပ။ သူ႔အၾကၫ့္က Ruzel ထံသို႔ ေရာက္သြားခဲ့ၿပီး မ်က္လံုးတစ္ဖက္မိွတ္ျပကာ ၿပံဳးလိုက္သည္ ။

သူတို႔က ဒီအဖြဲ႔အစည္းအား လာရွင္းတာျဖစ္၍ လုပ္စရာေပါမ်ားေနသည္ ။ လူကယ္တာ အျပင္ အဆက္အစပ္မ်ား အကုန္လံုးကို လိုက္ရေသးသည္ ။ အကုန္လံုး အလုပ္ရႈပ္ေနသည္ကို ၾကၫ့္ရင္း Shun က သစ္ပင္တသ္ပင္ကို မွီလ်က္ ေစာင့္ေနခဲ့သည္ ။ Andoshi က အျပင္ေရာက္ခ်ိန္တြင္ အထိခိုက္မရိွသၫ့္ Shun အား ေတြ့ကာ စိတ္ေအးသြားသည္ ။

" မင္း တစ္ေယာက္တည္း ေခၚသြားခံရေတာ့ စိတ္ပူေနတာ.. ဘာမွမျဖစ္တာ ေကာင္းတယ္ .."

" ငါက ဘာျဖစ္ႏိုင္ဦးမွာလဲ .." Shun က ႏူတ္ခမ္းမဲ့လိုက္ကာ ေျပာသည္ ။ သူက လက္ေခ်ာင္းမ်ားကို လႈပ္ရွားကာ ေဆာ့ကစားေနၿပီး လက္ထိပ္တြင္ ေသြးစေလးမ်ားက အလင္းတန္းေလးသဖြယ္ရိွေနသည္ ။ ဒါက ‌ေ‌သြးသာမဟုတ္လ်ွင္ အေတာ္ေလး ခ်စ္ဖို႔ေကာင္းမည္ဟု Andoshi ေတြးလိုက္သည္ ။ သို႔ေသာ္ ေသြးျဖစ္ေနရာ Shun က လူ႔အသက္အား လက္ထိပ္ေလးတြင္ တင္၍ ေဆာ့ကစားေနသည္ဟု ခံစားရသည္ ။ သူက လာကယ္သၫ့္ သူမ်ားထံမွ Shun အေၾကာင္းအား အနည္းအက်ဉ္းၾကားခဲ့ကာ Shun ဘာလုပ္ခဲ့သလဲ အလြန္စပ္စုခ်င္ေနသည္ ။

" ငါ့ကို တစ္ခုလုပ္ေပးရင္ မင္းကို ေျပာျပမယ္ေလ .." Shun က ႏွစ္လိုဖြယ္ ၿပံဳးျပလိုက္သည္ ။ သို႔ေသာ္ သူ႔အၿပံဳးက Andoshi ၏ မ်က္ဝန္းထဲတြင္ သူ႔အား ေျမေခြးတစ္ေကာင္ၿပံဳးျပေနသည္ဟုသာ ျဖစ္‌ေန၏ ။ " ေကာင္း .. ေကာင္းၿပီ.."

သိခ်င္စိတ္ကို ထိန္းရတာ အသက္ကို ထိန္းထားရသလိုဘဲ နားလည္လား .. ။ Andoshi က သူ႔ဘာသာ ႏွစ္သိမ့္လိုက္သည္ ။ ' ငါ့ကို သြားေသခိုင္းတာ မဟုတ္ရင္ အကုန္အဆင္ေျပတယ္ ..'

Shun က သူ႔လက္ေခ်ာင္းမ်ားကို ျပန္သိမ္းလိုက္ၿပီး ေပါ့ေပါ့ပါးပါးေျပာလိုက္သည္ ။ " ‌ေထြေထြထူးထူး ဘာမွမလုပ္ခဲ့ပါဘူး .. ေသခါနီးခံစားခ်က္ေလးကို ေပးခံစားခဲ့ရံုဘဲ .."

Andoshi : ".." အရမ္းၾကင္နာတတ္တဲ့ ရုပ္ေလးနဲ႔ ေျပာရင္ ငါ အဲ့ခံစားခ်က္က ဘာမွမဟုတ္ဘူးလို႔ ေတြးမိလိမ့္မယ္

ေသခါနီးခံစားခ်က္ကို မသိသၫ့္ သူမ်ားသည္ ေသဆံုးျခင္းဆိုသၫ့္အရာကို ေပါ့ေပါ့ေလးေတြးၾကလိမ့္မည္ ျဖစ္သည္ ။ ေသမင္းနဲ႔ လက္တစ္ကမ္းအလိုကို ေရာက္ဖူးသူမ်ားသည္ ရွင္သန္လိုစိတ္ျပင္းထန္လာၾကသည္ ေသရမွာကို ေၾကာက္ရြံ႔လာၾကသည္ ။ သူ႔ယူဆခ်က္အရ ထိုခံစားခ်က္သည္ ဒီလိုလူမ်ားအတြက္ ေကာင္းမြန္သၫ့္ ျပစ္ဒဏ္တစ္ခုျဖစ္ၿပီး  ခံစားရသူအဖို့ ထိုအရာသည္ စိတ္ထဲစြဲေနမၫ့္ အေၾကာက္တရားျဖစ္သည္ ။

Shun ၏ မ်က္ႏွာထက္က အၿပံဳးက ပိုပီျပင္လာကာ Andoshi အား တီးတိုးေျပာလိုက္သည္ ။ ၿပီးေနာက္ သူက ဘာမွမဟုတ္သလိုျဖင့္ သစ္ပင္အား ျပန္လည္ပ်င္းရိစြာ မွီတြယ္ေနလိုက္သည္ ။ " ျငင္းဆန္လို႔ ရတယ္ေနာ္ .. "

Andoshi ၏ အမႈအရာက နက္ရိႈင္းသြားကာ Shun အား ၾကၫ့္လိုက္သည္ ။ " အခု ငါ့ကို အသံုးခ်ဖို႔ ႀကိဳးစားေနတာပါလား .?? "

" အို .. ဦးေနွာက္ပါတာဘဲ .." Shun က အထူးအဆန္းျဖစ္ဟန္ အမႈအရာျဖင့္ ျပန္ေျပာလာသည္ ။ သူ႔အမႈအရာက မထင္မွတ္ထားသၫ့္ အရာတစ္ခု တကယ္ျဖစ္သြားသလို အံ့ဩသြားရသၫ့္အလား ။

ေလးေလးနက္နက္ေတြးေနေသာ Andoshi : "..."

အခုေလာေလာဆယ္ မင္းကိုအရင္ ရိုက္ႏွက္ဖ်က္ဆီးခ်င္ေနတယ္ ..

_______________
Unicode

Ruzel ၏ ခရမ်းရောင်မျက်ဝန်းများက အလင်းတစ်ချက်လက်သွားပြီး နူတ်ခမ်းမှ တစ်စုံတစ်ခုအား ရွတ်ဆိုလိုက်သည် ။ လေကိုပင် ပိုင်းဖြတ်နိုင်ပုံရသည့် ထက်မြသည့် ဓားမြောင်နှစ်လက်က သူ့လက်ထဲတွင် ပေါ်လာခဲ့ပြီး ခက်ထန်စွာ တိုက်ခိုက်တော့သည် ။ တိုက်ပွဲသည် ကြမ်းတမ်းသော်ငြား ရန်သူများသည် သူတို့ကို ဖောက်ထွက်ကာ ထွက်ပြေးနိုင်ရန်သာ ကြိုးစားနေပြီး အဆောက်အဦးထဲသို့ ပြန်ဝင်ရန် ငြင်းဆန်နေကြသည်။ ထိုအဆောက်အဦးသည် သူတို့အတွက် ကပ်ဘေးတစ်ခုအလား လှည့်ကြည့်ဖို့တောင် မဝံ့ရဲကြပေ ။

Ruzel က ခနတာ စိတ်လွတ်သွားသောကြောင့် သူ့လက်မောင်းက တိုက်ခိုက်ခံလိုက်ရပြီး သွေးများက ဝတ်ရုံပေါ်တွင် စိုရွဲလာသည် ။ ရန်သူများ၏ တိုက်ခိုက်မှုက တုံ့ဆိုင်းသွားကာ ထိတ့်လန့်မှုက မျက်ဝန်းတွင် ပေါ်ပေါက်လာခဲ့သည် ။ တိုက်ခိုက်မှုက ရုတ်တရက်ရပ်တန့်သွားသောကြောင့် ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည် ။

မြေပြင်သို့ တတောက်တောက်ကျဆင်းနေသည့် သွေးစက်များ၏ အသံသာ ထွက်ပေါ်နေသည် ။ ထိုအသံသည် ပိုကျယ်လောက်လာပြီး အချိန်ပင် နှေးကွေးသွားသယောင် ။ သည်အချိန်တွင် အဆောက်အဦးထဲမှ ခြေသံဖွဖွက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာသည် ။ ရန်သူများသည် ပိုမိုခြောက်ခြားလာကာ တိုက်ခိုက်ဖို့ပင် မတွေးတော့ဘဲ ထွက်ပြေးကုန်ကြတော့သည် ။

" Oh!..Oh ဒီသွေးနံ့က ငါ့ကို ဆွဲဆောင်နိုင်တာဘဲ .." ပျင်းတိပျင်းရွဲ့အသံက ထွက်ပေါ်သည်နဲ့ အချိန်သည် ခနမျှ ရပ်တန့်သွားခဲ့သည် ။ သွေးစက်များသည် လေပေါ်တွင် ရပ်တန့်နေကာ ‌နေရာတိုင်း သွေးစက်များ ပေါ်ပေါက်လာသည်။

ရန်သူ့ခေါင်းဆောင်ဖြစ်သည့် သက်လတ်ပိုင်းလူကြီးသည် သူ့မျက်စိရှေ့တည့်တည့်က သွေးစက်ကို ကြည့်ရင်း အကြည့်များက စူးရှသွားသည် ။ ကောင်စုတ်လေး တစ်ယောက်က သူ့အား ခြိမ်းခြောက်ရဲသည် ။ သူသည် Regis တို့အား အာရုံမစိုက်တော့ဘဲ သူအဖမ်းမခံရခင် ထိုကောင်လေးအား သေချာပေါက်သတ်မည်ဆိုသည့် ပုံစံဖြင့် နောက်လှည့်ကာ Mana စွမ်းအင်များ အပြင်းအထန်ထုတ်လွှတ်တော့သည် ။ ပြင်းထန်လွန်းးလို့ လေပြင်းများပင် တိုက်ခိုက်လာကာ မငြိမ်မသက်ဖြစ်လာတော့သည် ။ သက်လတ်ပိုင်းလူကြီး၏ လက်ထိပ်တွင် အပြာရောင်စွမ်းအင်များ အဆုံးမရှိသကဲ့သို့ စုစည်းလာပြီး အဆောက်အဦး တံခါးတွင် ရပ်နေသည့် ပုံရိပ်အား ထိုးနှက်လိုက်တော့သည် ။

Regis နဲ့ Ruzel က တားဖြစ်ရန် ပြင်သော်လည်း သူတို့၏ လက်အောက်ငယ်သားများက တားမြစ်လိုက်ကြသည် ။ သူတို့နှစ်ယောက်သည် အစွမ်းထက်သည်‌ဆိုသော်လည်း ဒီစွမ်းအင်လှိုင်းကြောင့် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည် ။

ပတ်ဝန်းကျင်ရှိ သွေးစက်များသည် စွမ်းအင်လှိုင်းအောက်တွင် လောင်ကျွမ်းလာကာ အငွေ့ပျံသွားသည်ကို မျက်စိဖြင့် မြင်နိုင်လေသည် ။ ပေါက်ကွဲလုနီးပါး စွမ်းအင်လက်သီးချက်သည် အပြည့်အဝထုတ်လွှတ်ခါနီးနေပြီဖြစ်သည် ။ ထိုအချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုက လျင်မြန်သည့်အရှိန်ဖြင့် သက်လတ်ပိုင်း လူအရှေ့သို့ ရောက်လာခဲ့သည် ။ ပြင်းထန်သည့် ‌စွမ်းအင်လှိုင်းအရှေ့သို့ တည့်တည့်တိုးဝင်လာသည့် လူကြောင့် လူတိုင်း ရင်ထိတ်သွားကြသည် ။

နက်ပြာရောင်ဆံစများက မျက်ဝန်းများ အရှေ့တွင် ဝေ့ဝဲနေပြီး နားဆွဲတစ်ခုက တောက်ပသည့်အလင်းတစ်ချက် ထုတ်လွှတ်နေသည် ။ သွေးမျက်ဝန်းများက သက်လတ်ပိုင်းလူကြီး၏ လုပ်ဆောင်မှုကို လှောင်ပြောင်နေသည့်နှယ် ။ နူတ်ခမ်းတောင့်စွန်းက မြင့်တက်သွားပြီး လက်သီးချက်အား လက်ချောင်းသွယ်သွယ်ဖြင့် အသာထိလိုက်သည် ။ ပြင်းထန်သည့် စွမ်းအင်များက တစ်ခါမှမရှိခဲ့ဖူးသလို ပျောက်ကွယ်သွားခဲ့သည်ကို အံ့ဩဖွယ်တွေ့ရှိလိုက်ရသည် ။ သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်သည် လေပေါ်သို့ မြောက်တက်သွားကာ လှုပ်ရှားမှုတိုင်း ထိန်းချုပ်ခံလိုက်ရသည် ။

Shun ၏ မျက်နှာတွင် အလွန်သဘောကျနေသည်ဟု ရေးထားသည့်အလား ခပ်ဖွဖွအပြုံးလေးပေါ်လာခဲ့သည် ။

ဖျောက်!!!

လက်ဖျောက်တီးသံအဆုံးတွင် သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင်အလင်းတစ်ခုက ပေါက်ကွဲထွက်လာခဲ့ပြီး နာကျင်လွန်း၍ အော်ဟစ်သည့်အသံ က တောအုပ်တွင် ပျံ့နှံ့သွားသည် ။ သက်လတ်ပိုင်းလူကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး လှုပ်ရှားမှုများ ရပ်တန့်နေရာ အသက်ရှိလား မရှိလား အတည်ပြုနိုင်ရန် ခဲယမ်းလှသည် ။

ရန်သူများမှာ တုပ်တုပ်ပင် မလှုပ်ရဲခဲ့တော့ဘဲ လွယ်လွယ်ကူကူပင် အညံ့ခံလိုက်ကြသည် ။ သူတို့က ဒီလူငယ်လေးအား အလွန်ကြောက်ရွံ့နေကြောင်း သိသာထင်ရှားနေရာ Langeria ကျောင်းမှာ လူများ စိတ်ဝင်စားသွားခဲ့သည် ။ သူတို့၏ အမေးမျက်လုံးများအား Shun က ဂရုမထားခဲ့ပေ။ သူ့အကြည့်က Ruzel ထံသို့ ရောက်သွားခဲ့ပြီး မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြုံးလိုက်သည် ။

သူတို့က ဒီအဖွဲ့အစည်းအား လာရှင်းတာဖြစ်၍ လုပ်စရာပေါများနေသည် ။ လူကယ်တာ အပြင် အဆက်အစပ်များ အကုန်လုံးကို လိုက်ရသေးသည် ။ အကုန်လုံး အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း Shun က သစ်ပင်တသ်ပင်ကို မှီလျက် စောင့်နေခဲ့သည် ။ Andoshi က အပြင်ရောက်ချိန်တွင် အထိခိုက်မရှိသည့် Shun အား တွေ့ကာ စိတ်အေးသွားသည် ။

" မင်း တစ်ယောက်တည်း ခေါ်သွားခံရတော့ စိတ်ပူနေတာ.. ဘာမှမဖြစ်တာ ကောင်းတယ် .."

" ငါက ဘာဖြစ်နိုင်ဦးမှာလဲ .." Shun က နူတ်ခမ်းမဲ့လိုက်ကာ ပြောသည် ။ သူက လက်ချောင်းများကို လှုပ်ရှားကာ ဆော့ကစားနေပြီး လက်ထိပ်တွင် သွေးစလေးများက အလင်းတန်းလေးသဖွယ်ရှိနေသည် ။ ဒါက ‌ေ‌သွးသာမဟုတ်လျှင် အတော်လေး ချစ်ဖို့ကောင်းမည်ဟု Andoshi တွေးလိုက်သည် ။ သို့သော် သွေးဖြစ်နေရာ Shun က လူ့အသက်အား လက်ထိပ်လေးတွင် တင်၍ ဆော့ကစားနေသည်ဟု ခံစားရသည် ။ သူက လာကယ်သည့် သူများထံမှ Shun အကြောင်းအား အနည်းအကျဉ်းကြားခဲ့ကာ Shun ဘာလုပ်ခဲ့သလဲ အလွန်စပ်စုချင်နေသည် ။

" ငါ့ကို တစ်ခုလုပ်ပေးရင် မင်းကို ပြောပြမယ်လေ .." Shun က နှစ်လိုဖွယ် ပြုံးပြလိုက်သည် ။ သို့သော် သူ့အပြုံးက Andoshi ၏ မျက်ဝန်းထဲတွင် သူ့အား မြေခွေးတစ်ကောင်ပြုံးပြနေသည်ဟုသာ ဖြစ်‌နေ၏ ။ " ကောင်း .. ကောင်းပြီ.."

သိချင်စိတ်ကို ထိန်းရတာ အသက်ကို ထိန်းထားရသလိုဘဲ နားလည်လား .. ။ Andoshi က သူ့ဘာသာ နှစ်သိမ့်လိုက်သည် ။ ' ငါ့ကို သွားသေခိုင်းတာ မဟုတ်ရင် အကုန်အဆင်ပြေတယ် ..'

Shun က သူ့လက်ချောင်းများကို ပြန်သိမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည် ။ " ‌ထွေထွေထူးထူး ဘာမှမလုပ်ခဲ့ပါဘူး .. သေခါနီးခံစားချက်လေးကို ပေးခံစားခဲ့ရုံဘဲ .."

Andoshi : ".." အရမ်းကြင်နာတတ်တဲ့ ရုပ်လေးနဲ့ ပြောရင် ငါ အဲ့ခံစားချက်က ဘာမှမဟုတ်ဘူးလို့ တွေးမိလိမ့်မယ်

သေခါနီးခံစားချက်ကို မသိသည့် သူများသည် သေဆုံးခြင်းဆိုသည့်အရာကို ပေါ့ပေါ့လေးတွေးကြလိမ့်မည် ဖြစ်သည် ။ သေမင်းနဲ့ လက်တစ်ကမ်းအလိုကို ရောက်ဖူးသူများသည် ရှင်သန်လိုစိတ်ပြင်းထန်လာကြသည် သေရမှာကို ကြောက်ရွံ့လာကြသည် ။ သူ့ယူဆချက်အရ ထိုခံစားချက်သည် ဒီလိုလူများအတွက် ကောင်းမွန်သည့် ပြစ်ဒဏ်တစ်ခုဖြစ်ပြီး  ခံစားရသူအဖို့ ထိုအရာသည် စိတ်ထဲစွဲနေမည့် အကြောက်တရားဖြစ်သည် ။

Shun ၏ မျက်နှာထက်က အပြုံးက ပိုပီပြင်လာကာ Andoshi အား တီးတိုးပြောလိုက်သည် ။ ပြီးနောက် သူက ဘာမှမဟုတ်သလိုဖြင့် သစ်ပင်အား ပြန်လည်ပျင်းရိစွာ မှီတွယ်နေလိုက်သည် ။ " ငြင်းဆန်လို့ ရတယ်နော် .. "

Andoshi ၏ အမှုအရာက နက်ရှိုင်းသွားကာ Shun အား ကြည့်လိုက်သည် ။ "အခု ငါ့ကို အသုံးချဖို့ ကြိုးစားနေတာပါလား .?? "

" အို .. ဦးနှောက်ပါတာဘဲ .." Shun က အထူးအဆန်းဖြစ်ဟန် အမှုအရာဖြင့် ပြန်ပြောလာသည် ။ သူ့အမှုအရာက မထင်မှတ်ထားသည့် အရာတစ်ခု တကယ်ဖြစ်သွားသလို အံ့ဩသွားရသည့်အလား ။

လေးလေးနက်နက်တွေးနေသော Andoshi : "..."

အခုလောလောဆယ် မင်းကိုအရင် ရိုက်နှက်ဖျက်ဆီးချင်နေတယ် ..

_______________

Continue Reading

You'll Also Like

439K 23K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 44.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd