Strawberries And Cigarettes (...
By MayThetHtarMaung
3.6K 246 18
"Park Jimin ဆိုတဲ့ နာမလေးက ချစ်တယ် မြတ်နိုးတယ် မေတ္တာရှိတယ် ဆိုတဲ့ စကားလုံးတွေထက်အများကြီးလေးနက်သာလွန်ပါတယ်။... More
Note ( U+Z )
Chapter 1 ( U+Z )
Chapter 3 ( U+Z )
Chapter 4 ( U+Z )
Final ( U+Z )
Chapter 2 ( U+Z )
421 37 3
By MayThetHtarMaung
~ Min Yoongi
ကျောင်းရောက်တော့ ကျွန်တော်သူ့ကိုနေရာအနှံ့လိုက်ရှာနေမိတယ်။ကျွန်တော်သူနဲ့တွေ့ခွင့်ရဖို့အတွက်စိတ်ပျက်စရာကောင်းတဲ့ညတာကြီးကို
အားခဲထားခဲ့ရတာ။ ဒီကောင်လေးကို မတွေ့ရရင် ဒီညလည်း ထပ်ပြီး အိပ်ပျော်နိုင်ဦးမှာမဟုတ်ဘူး။
"Park Jimin" သူ့နာမည်လေးကိုခပ်တိုးတိုးရေရွတ်ပြီး ‌အသည်းအသန်ရှာနေပေမယ့်လည်း မတွေ့ဘူး။
"Taehyung ...ညက အတူသောက်ဖို့ လိုက်လာတဲ့ မင်းသူငယ်ချင်း"
ကျွန်တော် စကားကိုဆုံးအောင်မပြောရသေးခင်မှာပဲ
"Jimin .." ဆိုပြီးသူကရေရွတ်လာတယ်။
‌ခေါင်းကိုခပ်သွက်သွက်ငြိမ့်ပြတော့
"ငါနဲ့ အခန်းမတူဘူး" တဲ့လေ။
"ဘယ် Section ကလဲ .."
"F"
"ကျေးဇူး Tae"
သူ့အရှေ့ကနေကျွန်ဝောာ်အမြန်ဆုံးထွက်ပြေးလာလိုက်တယ်။ခါတိုင်း ဒီအချိန်က ကျွန်တော် အိပ်ပျော်နေကြအချိန်တွေပါ။ ဒီနေ့ကျမှ တကယ့်ကိုရင်တွေ တ"ဒုန်း ဒုန်း"တ"ဒိုင်း ဒိုင်း"နဲ့။
ကျောင်းမှာနေရာအနှံ့ကျွန်ဝောာ်မူးနောက်အောင်လိုက်ရှာခဲ့ပေမယ့် သူ့ကိုမတွေ့ရဘူး။
ကျောင်ဈးဆင်း‌ရင်တော့ကျွန်တော်သူ့ကိုတွေ့နိုင်လောက်မှာပါ။
Yeosel University ရဲ့ Law School အပြင်ဖက်နားလေးမှာကျွန်တော်ထောင့်ကပ်ရင်းစောင့်နေမိတယ်။
"Park Jimin .. Park Jimin"
သူ့နာမည်လေးကိုလည်း တဖွဖွရေရွတ်နေမိသေးတယ်။
သူ‌ထွက်လာပါပြီ။ ကျွန်တော် ရပ်နေရင်းကနေ အမြန်ပြေးထွက်သွားပြီး သူ့လက်ကောက်ဝတ်ကို ပြေးဆွဲမိတယ်။
မျက်ခုံးလှလှလေးတွေကိုပင့်တင်ရင်း မေးကိုငေါ့ကာ "ဘာလဲ" ဆိုတဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်တယ်။
"Park Jimin"
ဘေးဘီဝဲယာကိုတောင်ကျွန်တော် သတိမထားနိုင်တော့ဘူး။ သူ့လက်ကောက်ဝတ်ကို အားကုန်သုံးရင်းဆောင့်ကာ ဆွဲလာမိတယ်။
"ဘုန်း .."
နံရံမှာ ကပ်လိုက်တော့ ဒီကောင်လေးက မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ ကြည့်ရှာတယ်။
ကျွန်တော့်ကို ရုန်းမရအောင်ချည်ဖို့ ကြိုးစားနေခဲ့တဲ့သူ့မျက်လုံး ပြာပြာလေး။
"တနေကုန် ကိုယ့် ကိုရှောင်နေတာလား"
"စွပ်စွဲနေတာလား"
မေးခွန်းမေးတဲ့သူက ကျွန်တော်ပါ။
ဒါတောင်ဒီကောင်လေးက ကျွန်တော့်ကိုထပ်ပြီးမေးခွန်းထုတ်နေတယ်။
"က်ိုယ်မင်းကိုတနေကုန်လိုက်ရှာနေတယ်ဆိုတာမင်းမသိဘူးလား"
"မသိဘူး"
"Park Jimin"
"ပြော"
ဒီကောင်လေး ကျွန်တော့်ဒေါသကိုလာဆွနေတာများလား။
"ဖုန်းပေး"
"ဘာဖုန်း"
"မင်းဖုန်း"
"မရှိဘူး"
"ပေး"
ကျွန်တော်မသိတော့ဘူး။ ဒီကောင်လေးရဲ့ ဘောင်းဘီအိတ်ကပ် က အစ အင်္ကျီအိတ်ကပ်အဆုံး လွယ်အိတ်တွေပါမကျန် အကုန်လိုက်ရှာနေမိတယ်။
ကျွန်တော် သူ့ဖုန်းနံပါတ်ကိုလိုချင်ရုံပါ။
"ဒီမှာ မင်းငါ့ကို အကြမ်းဖက်နေ‌တာလား Min Yoongi"
သူက လွယ်အိတ်ကို ပစ်ချလိုက်ပြီး ကျွန်တော့်ခါးနှစ်ဖက်ကို သူ့လက်သေးသေးလေးတွေနဲ့ ဆုပ်ကိုင်လာတယ်။
ကျွန်တော်ငူငူငိုင်ငိုင်နဲ့ သူ့ကို စိုက်ကြည့်မိတော့ ဒီကောင်လေးကျွန်တော့်ကို မျက်လုံးပြာပြာလေးတွေပိတ်တဲ့ အထိပြုံးပြတယ်။
ကျွန်တော်သူ့ အပြုအမူတွေမှာ နစ်မွန်းနေပြီးသားလူတစ်ယောက်ပါ။သူ ဒီလိူ ထပ်ပြီးပြုစားနေဖို့လိုလို့လား။
ချက်ချင်းဆိုသလို သူ့ လက်ချောင်းသေးသေးလေးက ကျွန်တော့်နှာခေါင်းထိပ်ကို ခပ်ဖွဖွတို့ထိလာတယ်။
"ရော့ ...ငါ့ဖုန်း"
သူ့လက်သေးသေးလေးတွေကိုပြန်လည်ရုတ်သိမ်းပြီး နံရံမှာ ပြန်လည်မှီကာ ဘောင်းဘီအိတ်ကပ်ထဲ လက်တွေ ထည့်ထားလိုက်တယ်။
ကျွန်တော်သူ့ဖုန်းကို ဖွင့်‌ကြည့်တော့ ဒီကောင်လေးကျွန်တော့်ကိုပြုံးကြည့်နေတယ်။
"ချိုချိုသာသာတောင်းလို့မရဘူးလား"
ကျွန်တော့်ကိုချိုသာဖို့ ပြောလာတဲ့ ဒီကောင်လေး ရဲ့ စကားသံလေးက တကယ်ကို သကြားလုံးလေးပါပဲ။
"Park Jimin"
"ဟင် "
တိုးတိုးလေး ထူးတယ်။
"ညက ကိုယ်တို့ နမ်းခဲ့တာ မင်းမမေ့‌ဘူးမလား"
"ငါ့ပုံစံက မှတ်ဉာဏ်ချို့တဲ့ တဲ့ ပုံစံပေါက်နေလို့လား"
"မဟုတ်ဘူး"
ကျွန်တော့်အငြင်းစကားကို ဒီကောင်လေးပြုံးကာနားထောင်နေတယ်။
လောလောလပ်လပ်အခြေအနေလေးမှာ သူက တစ်ခုခုကို ရှာ နေသယောင်။
လက်ထဲ စီးကရက်တစ်လိပ်ကို ညှပ်ထားရင်းနဲ့။
"မီးခြစ်"
ကျွန်တော် မေးတော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြတယ်။
ဘောင်းဘီအိတ်ကပ်ထဲက မီးခြစ်ကိုကျွန်တော်ထုတ်ပေးတော့ သူက စီးကရက်ကို နှုတ်ခမ်းနဲ့ ကိုက်ပြီး ကျွန်တော့် မီးခြစ်အရှေ့ကို မျက်နှာ ရှေ့တိုးလာတယ်။
စီးကရက်ကို မီးစွဲစေတဲ့ အချိန်တိုလေးအတွင်းမှာ သူက ကျွန်တော့် လက်ကောက်ဝတ်ကို ခပ်ဖွဖွလေးကိုင်ထားတယ်။
ဟိုနေ့ညတုန်း က အတိုင်းပါပဲ။
Park Jimin အတွေးထဲ ကျွန်တော်ရှိများရှိပါ့မလား။ ကျွန်တော်ကတော့ အပြုအမူလေးကအစ လှုပ်ရှားမှုလေး အဆုံး တဖြတ်ဖြတ်ခတ်နေတဲ့ မျက်တောင် ကော့ကော့လေးတွေပါ မကျန် တခုမှမေ့မရ။
"မင်းဖုန်းနံပါတ်ရပြီမလား ငါပြန်တော့မယ်"
မျက်ခုံးလှလှလေးကိုပင့်တင်ပြီး မေးလာတယ်။
ကျွန်တော်ငူငူငိုင်ငိုင်နဲ့ ဖြစ်နေပေမယ့်လည်းခေါင်းငြိမ့်ဖို့ ကိုတော့ မမေ့ခဲ့။ဒါနဲ့ပဲသူထားခဲ့တဲ့နေရာမှာ ကျွန်တော် ကျန်ရစ်ခဲ့ရပြန်ပါတယ်။
သူ့နောက်ကျောလေးကိုငေးရင်း ‌ဒုတိယအကြိမ်ကျွန်တော်ကျန်ရစ်ခဲ့တာ။
ရိုးရိုးလေးထွက်သွားတာကို ဆန်းဆန်းပြားပြားကြီး လွမ်းနေဆွေးနေရတယ်။
Park Jimin , Yeosel University , Law School, Section F , Ph No +82 ....... သူနဲ့ ပက်သက်တဲ့ အကြမ်းဖျင်း အချက်အလက်တွေကို သိသွားတာတောင် ကျွန်တော် သူထွက်သွားရင် လွမ်းနေဆွေးနေမိတုန်း။
လွမ်းလောက်အောင်ကို ချစ်မိသွားတာထင်ပါရဲ့။
သူ့ဖုန်းနံပါတ်ကို ကျွန်တော့် Ph contact ထဲမှာ Strawberry ဆိုပြီး ရေးမှတ်လိုက်တယ်။
သာမန်အသုံးအနှုန်းဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ ဒီ Strawberry ဆိုတာလေးက တကယ်ကို လေးနက်တာမျိုးရယ်ပါ။
အခုလည်း ကျွန်တော့် ကိုယ်မှာ သူ့ရဲ့ ကိုယ်ပိုင် ကိုယ်သင်းရနံ့ ချိုချိုလေးတွေစွဲကျန်ခဲ့ပြန်ပါပြီ။
မက်မက်မောမော နမ်းရှိုက်ခွင့်မရှိသေးပေမယ့် တနေ့နေ့ တချိန်ချိန်မှာတော့ ဒီ Strawberry အနံ့လေးကို သိမ်းပိုက်ခွင့်လေးရချင်မိတယ်။
-
-
-
-
-
-
Strawberries and Cigarettes
"ဆယ်နာရီ ..."
"ဆယ်နာရီ ဆယ့်ငါး"
"ဆယ်နာရီ နှစ်ဆယ်"
"ဆယ်နာရီ ခွဲ"
"ဆယ်နာရီ သုံးဆယ်ငါး"
"ဆယ်နာရီလေးဆယ်"
နံရံကပ်နာရီတဂျက်ဂျက်နဲ့ အလုပ်မရှိအကိုင်မရှိအားအားယားယား မြည်လိုက်တိုင်း အချိန်ကာလအပိုင်းအခြားများအား Yoongi နှုတ်ထွက်ကာ ရေတွက်နေလေတော့သည်။
"ဒီည သူငါ့ကိုဖုန်းဆက်လောက်လား"
စိတ်ပျက်မသွားပေမယ့်လည်း မျှော်လင့်ချက်ရောင်ခြည်များ အနည်းငယ်မှေးမှိန်နေသည်။
သူအရင်ဆက်လို့ရပေမယ့် အနှောင့်အယှက်မပေးလိုသည်ကတစ်ကြောင်း နူးနူးညံ့ညံ့သုံးနှုန်းကာ တချိုတသာမပြောတတ်တာကတစ်ကြောင်း ကြောင့် သူနှုတ်ဆိတ်နေခြင်းသာ။
အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း စားပွဲပေါ်ကနှင်းဆီနီနီကို ပွင့်ချပ်များခြွေကာ လောင်ကြေးထပ်နေမိသည်။
"Jimin ငါ့ကိုဖုန်းခေါ်တယ်
Jimin ငါ့ကိုဖုန်းမခေါ်ဘူး"
နောက်ဆုံးပွင့်ချပ်လေးမှာတော့ "Jimin ငါ့ကိုဖုန်းမခေါ်ဘူး" ဆိုပြီးအားအင်ချိနှဲ့ကာ ‌အသံတိုးတိုးလေးညည်းမိတော့သည်။
"သူဘာများလုပ်နေပါလိမ့်"
တစ်တောင်ကျော်ကျော်ထူသည့် မွေ့ယာထူထူပေါ်သို့ တကိုယ်လုံး အား ပစ်တင်ကာ ခြေပစ်လက်ပစ်လှဲပစ်လိုက်သည်။
မျက်နှာကျက်ကိုစူးစိုက်ကြည့်ရင်း ညနေကျောင်းဆင်းချိန်တုန်းက ချစ်ကြောင်းမဝန်ခံလိုက်ရတဲ့ သူ့ကိုယ်သူ အပြစ်တင်ရတော့သည်။
"အခုပဲတွေ့ အခုပဲချစ် အဲလိုမျိုးအချစ်ကို သူယုံပါ့မလား Park Jimin ငါ့ကို စိတ်ပျက်သွားလောက်လား"
Ph Ringtone ✨
ဘေးချထားသည့်ဖုန်းကို ကောက်ကိုင်လိုက်တော့
" Strawberry " ဟူသည့်နာမ်စား လှလှလေးတစ်ခု ထင်ဟပ်နေသည်။
"Jimin ငါ့ကိုဖုန်းခေါ်တယ်"
လှဲနေရင်းကနေ ငေါက်ခနဲ ထထိုင်လိုက်ပြီး သွားတန်းသေးသေးလေးများပေါ်အောင် ပြုံးလိုက်သည်။
"ဟယ်လို" ဟူ၍ပင် သူစကားအစမချီရသေး။
"ထွက်လာခဲ့" ဟူသော Park Jimin ရဲ့ အမိန့်ဆန်ဆန် စကားချိုချိုကို Yoongi ကြားလိုက်ရသည်။
"ဟင်"
"ငါ မင်းအိမ်ရှေ့မှာ"
ရုတ်ရက်ထွက်ပေါ်လာတဲ့ စကားကြောင့် Yoongi မယုံနိုင်။
"မင်း ကိုယ့်အိမ်ကိုဘယ်လိုသိတာလဲ"
"ငါချမ်းနေပြီ Yoongi .. ငါ့ကိုစကားအရှည်ကြီးတွေပြောပြီး မေးခွန်းထုတ်မနေနဲ့"
"အိုကေ ကိုယ်လာခဲ့မယ်"
Yoongi လူမသိအောင်ခိုးထွက်လာရ‌ခြင်းဖြစ်သည်။ ည 11နာရီထိုးနေပြီဖြစ်သည်မို့ တချုတ်ချုတ်နှင့် ကား ကို အပြင်ထုတ်နေရန်မှာ အဆင်မပြေ။
သို့ဖြစ်၍ ခြံတံခါးကို အသံမကြားစေအောင်ဖွင့်ကာ ခိုးထွက်ရသည်။
အပြင်ရောက်တော့ Park Jimin က ဂျင်းဘောင်းဘီအမည်းရောင် ဒူးပြဲ တစ်ထည်နှင့်။
လက်မှာ စီးကရက်တစ်လိပ်ကိုလည်း အကျအန ညှပ်ထားသေးသည်။
မီးခိုးငွေ့တလူလူကတော့သူ့အနား ဝေ့ကာဝိုက်ကာနှင့်။
‌အပြင်ထွက်လာမည့် Yoongi အား စီးကရက်ရှိုက်ကာ စောင့်‌ဆိုင်းနေပုံရသည်။
"Park Jimin"
လက်အိတ်ပင်စွတ်မထားတဲ့ ကောင်လေး ကို Yoongi လှမ်းခေါ်တော့ မျက်လုံး ပြာလဲ့လဲ့လေးဖြင့် ‌လှည့်ကြည့်သည်။
"သွားမယ်"
အိမ်ထဲမှထွက်လာတဲ့သူအား တစ်ချက်ကြည့်ပြီးနောက် Park Jimin ထိုသို့ဆိုသည်။
"ဘယ်ကိုလဲ"
"မင်းနဲ့အတူ ဘယ်နေရာပဲဖြစ်ဖြစ်"
Yoongi ကို မစောင့်တော့ဘဲ လှည့်ကာထွက်သွားသည်။
"Park Jimin ..."
Yoongi ရဲ့ ခေါ်သံကြောင့် လျှပ်တပြတ်ကလေး အနောက်လှည့်ကြည့်လိုက်ပေမယ့် မျက်တောင်တခါပုတ်သည့် ကာလလေးမှာပင် အရှေ့ပြန်လှည့်သွားကာခြေလှမ်းကိုဆက်သည်။
Yoongi လည်းခြေလှမ်းသွက်သွက်နှင်ကာ ထိုကောင်ငယ်လေးအနောက်အမီလိုက်သည်။
အနားနားရောက်တော့ ကောင်ငယ်လေရဲ့ တံတောင်ဆစ်အား လှမ်းကိုင်လိုက်သည်။
"အေးနေတဲ့ နေရာက တံတောင်ဆစ်မဟုတ်ဘူး လက်ချောင်း တွေ"
စီးကရက်ကိုဖွာရင်းပြောလာတဲ့ Park Jimin ရဲ့ ‌လက်ချောင်းသေးသေးလေးတွေကို Yoongi တ‌နွေးတထွေးနဲ့ ဆုပ်ကိုင်လိုက်သည်။
"အေးနေသေးလား"
"နည်းနည်း"
လက်သေးသေးလေးအား ဆွဲယူရင်း Yoongi သူ့ရဲ့ အနွေးထည်ထူထူ၏ အိတ်ကပ်ထဲ ထည့်ကာသိမ်းထားလိုက်သည်။
"ဘီယာသောက်ကြမလား"
"အဆင်ပြေရဲ့လား Jimin"
"ဝိုင်သောက်ချင်လား"
‌အေးတိအေးစက်လေထုကြားမှာ မှုန်ရီမှုန်ဝါး မသည်းကွဲတဲ့ ခံစာချက်ကိုယ်စီနှင့်ကောင်ငယ်လေးနှစ်ယောက် ခြေလှမ်းဖွဖွနင်းကာ လျှောက်လှမ်းနေကြသည်။
ဆောင်းတွင်း၏ တိုးဝှေ့ချယ်ယောင် အနားခိုကပ်လာသည့် လေထုသည် အသည်းခိုက်ချင်အောင် ကျီဆယ်သည်။
Park Jimin လက်ချောင်းလေးများကတော့ Min Yoongi အိတ်ကပ်ထဲမှာနေ၍ ထိုအအေးဒဏ်ကို မျက်နှာပြောင်တိုက်နေသည်။
"Park Jimin"
"ငါတို့ထိုင်ကြရအောင် Yoongi"
အိတ်ထဲနွေးနွေးထဲ လက်တစ်စုံ သည်ဖြုတ်မရနိုင်အောင်ခပ်တင်းတင်းဆုပ်ကိုင်ထားကြသည်။
သူတို့ဘယ်အခြေအနေ ဘယ်အဆင့်သို့ရောက်နှင့်နေကြသည်က နှစ်ယောက်သားအတွက်ခက်ခဲသည့် ပုစ္ဆာတစ်ပုဒ်ပင်။
ရပ်ကွက်ထဲက ကလေးကစားကွင်း ရှိ ခုံတန်းလေးတွင်နှစ်ယောက်သား ဘေးချင်းယှဉ်ကာထိုင်ကြသည်။
အသက်ရှူသံခပ်တိုးတိုးလေးကိုပင်ကြားနိုင်လောက်အောင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။
နှစ်ယောက်သားလက်ကိုယ်စီ တင်းနေအောင်ဆုပ်ကိုင်ထားကြဆဲ။ အခုအခြေနေလေးတွင်မှ Park Jimin ၏ လက်များ နွေးထွေးလာခြင်းဖြစ်သည်။
သောက်လက်စ စီးကရက်ကို မြေကြီးပေါ်ပစ်ချကာ နင်းခြေပစ်လိုက်သည်။ ထိုအခြေအနေလေးကိုကျော်ဖြတ်ပြီးစဉ်မှာတော့ Min Yoongi ၏ ပခုံးပေါ်သို့ ခေါင်းကိုအပ်ကာ မှီလိုက်သည်။
Park Jimin ၏ သက်သောင့်သက်သာအရှိဆုံးအချိန်ကို ပြောပြပါဆိုလျှင် Min Yoongi ပခုံးပေါ်သို့ ခေါင်းအပ်ထားရသည့်အချိန်ပင်ဖြစ်သည်။
မျက်လုံးလှလှလေးများအား ဆွဲကာပိတ်ရင်း စိတ်ချလက်ချပင် ဒီကောင်လေး ‌အိပ်ပျော်အောင်‌ကြိုးစားနေပုံရသည်။
"အဆင်မပြေတာ တခုခုရှိရင် ကိုယ့်ကိုပြောပြလို့ရတယ်"
"ငါ့ပုံစံကပြိုလဲပြီး အနှိမ့်သိမ့်ခံချင်တဲ့ပုံစံမျိုးပေါက်နေလို့လား Min Yoongi"
မျက်လုံးလှလှလေးတွေဖွင့်မလာ။
ပခုံးပေါ်တွင်ခေါင်းကလေးမှေးတင်ရင်းနှင့် နှုတ်ခမ်းပါး‌လှလှလေးများအား ပွင့်ဟကာ ဆိုလာခြင်းသာဖြစ်သည်။
စတော်ဘယ်ရီ အနံ့အသက်လေးများကတော့ Min Yoongi အား ကျီဆယ်နေဆဲ။ခံနိုင်ရည်အားများက ထို စတော်ဘယ်ရီအနံ့လေးမှာ ခဏခဏ ကျရှုံး
သည်။
‌ပခုံးတစ်ဖက်ကို အပိုင်ယူထားတဲ့ ကောင်ငယ်လေးရဲ့ ခပ်သင်းသင်း စတော်ဘယ်ရီအနံ့များ ခိုအောင်းရာ ခေါင်းကလေးအား Min Yoongi အနေခက်လှစွာဖြင့် ခိုးနမ်းရသည်။
ရှေ့ဆက်ချင်သည်။
ထိုနှုတ်ခမ်းပါးလေးအား ကြင်နာချင်သည်။
မြတ်မြတ်နိုးနိုးနှင့်တွယ်တာချင်မိသည်မို့ မေးဖျားလေးအား ဆွဲမော်ပစ်လိုက်ရသည်။
"ဟမ် .."
အသံသေးသေးလေးက ကတုန်ကယင်လေး အံ့ဩမှု သေးသေး‌သွယ်သွယ်ကို ဆောင်ယူကာ မြွက်ဟလာသည်။
"ငါ့ကိုနမ်းမလို့လား Yoongi"
"အင်း"
"စီးကရက်အနံ့တွေ"
ဒီကောင်လေးကစိုးရိမ်နေရှာတာ။
Min Yoongi ငြိုငြင်သွားမှာကို စိုးထိတ်နေတာ။
"ကိုယ်ကြိုက်တယ် Park Jimin ...ဒီ စီးကရက်အနံ့တွေကိုရော စတော်ဘယ်ရီအနံ့တွေကိုရော ကိုယ်ကြိုက်တယ်"
"Yoongi ... အွန့်"
ကောင်ငယ်လေးရဲ့ ခန္ဓာကိုယ်အား Min Yoongi သိမ်းပိုက်ကာ ထွေးဖက်မိသည်မို့ သူ့ရင်ခွင်ထဲ နစ်ဝင်နေရသည်။
အနမ်းတို့ က တနွေးတထွေး တနူးတညံ့မို့ ရုန်းထွက်နိုင်အားကုန်ခမ်းရသည်။
ထိုအနမ်းစည်းချက်အတိုင်းအကျအနနှင့်စီးမျောပျော်ဝင်ကြသည်။
နှစ်ယောက်သား က ကိုယ်ပိုင်ရင်ခုန်သံများ စည်းချက်ကျကျခုန်ပေါက်ပြေးလွှားနေသည်မို့ ထိန်းချုပ်ရခက်နေကြသည်။
မြတ်နိုးမှုအတိခြုံလွှမ်းကာ နမ်းရှိုက်နေမိသည့် နှုတ်ခမ်းပါးနီစွေစွေကို Min Yoongi လက်မလွှတ်ချင်။
"အာ့ "
Min Yoongi ရဲ့ အောက်နှုတ်ခမ်းပါးကို Park Jimin ခပ်ဖွဖွကိုက်လိုက်တော့မှ ထို အနမ်းက ရပ်တန့်သွားတော့သည်။
"အသက်တောင်မရှူခိုင်းတော့ဘူး မင်းငါ့ကိုသတ်နေတာလား Min Yoongi"
"No No ကိုယ် ရပ်ဖို့အတွက်အရမ်းခက်ခဲသွားလို့"
Park Jimin သည် Min Yoongi ရဲ့ရင်ဖတ်ကို ခပ်ဖွဖွထုလိုက်ပြီး အနည်းငယ်ဝေးသွားအောင်တွန်းထုတ်လိုက်သည်။
Min Yoongi သည် သူ့ရင်ဖတ်ပေါ်ရောက်လာသည့် Park Jimin ရဲ့ လက်တစ်ဖက်ကို ခပ်တင်းတင်းလှမ်းကိုင်လိုက်ပြီး မျက်လုံးပြာပြာလေးများအား ရူးရူးမိုက်မိုက်နှင့်စိုက်ကြည့်သည်။
"Yoongi ...အွန့်"
Park Jimin နှုတ်ခမ်းချိုချိုများကြားမှ ရုန်းထွက်ရန်ခက်နေသည်မှာ သိသာလှသည်။
မိနစ်အတော်အတန်ကြာအောင်နမ်းပြီးနောက်မှာတော့
"ကိုယ်မင်းကိုသဘောကျတယ် Park Jimin "
မျက်နှာလှလှလေးအားစိုက်ကြည့်ကာ ဝန်ခံတော့
"ပြန်တော့မယ်"
ရှောင်ကာ‌လွှဲရင်းပြေးထွက်ချင်နေတဲ့ စကားစုလေးကိုသာ Park Jimin က ဆိုလာသည်။
"Park Jimin"
ခုံတန်းလေးမှ ထကာ ခပ်မြန်မြန်နောက်ကျောခိုင်းသွားသူရဲ့ နာမ အား Min Yoongi ခေါ်ပြန်တော့ထိုလူက ပြန်၍ ပင်လှည့်မလာ။
အရေးတယူပင်မဆက်ဆံ။
"Jimin .."
"ငါ မင်းဆီမှာ မနစ်မွန်းရဲဘူး"
ထွက်ခွာရန်ခြေလှမ်းကိုစတင်ပြင်ဆင်လိုက်စဉ်မှာတော့
"မင်း ကိုယ့်ကိုကစားနေတာလား Park Jimin"
ဆိုပြီး မယုံမကြည်နှင့်မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းကိုလည်း အရေးတယူမဖြေသည့်အပြင် အနောက်ပင်လှည့်မကြည့်ဘဲ ထိုကောင်လေးအဝေးထွက်သွားလေတော့သည်။
တတိယအကြိမ်မြောက်ကျန်ရစ်ခြင်းမှာတော့ မခိုင်တော့တဲ့ ခြေတောက်တွေကြောင့် တည့်တည့်မတ်မတ်ပင်သူ မရပ်နိုင်တော့ပေ။
နှစ်ယောက်အတူ ထိုင်ခဲ့သည့်ခုံတန်းလေးမှာပင် တကိုယ်လုံးပျော့ခွေကာယိုင်နဲ့နဲ့နှင့် ထိုင်ချမိသည်။
ရေခဲရိုက်ထားတဲ့ လေထုအေးအေးက အငြင်းစကားတစ်ခွန်းကြောင့် ရင်တခုလုံး ကြေမွကာ ဒဏ်ရာရနေသူအား အသည်းခိုက်အောင်အေးစေဖို့ မစွမ်းဆောင်နိုင်။
သူ့ရင်ထဲက အပူဓာတ်ကို ထို ဆောင်း၏ အအေးဓာတ်က အံမတုနိုင်ခြင်းပင်။
တစ်ညလုံးပန်းခြံထဲ အူကြောင်ကြောင်နှင့် အချိန်ပြုန်းရသည်။ Park Jimin က သူ့ဘဝ ထဲ ရုန်းရင်းဆန်ခတ်နှင့် ဝင်လာကတည်းက သူ့ကိုယ်သူ အထိန်းအကွတ်မဲ့ခဲ့ရသည်။
ဒီ စတော်ဘယ်ရီ တွေရဲ့ ချိုမြမြအငွေ့အသက်တွေနဲ့ စီးကရက်အနံ့ တို့ကို သူရူးမိုက်နေသမျှကာလပတ်လုံး ဒီလို ဆက်ပြီး ငူငိုင်နေမိဦးမှာပဲ။
"ငါ မင်းဆီမှာ မနစ်မွန်းရဲဘူး"
Park Jimin က နစ်မွန်းမိမှာစိုးထိတ်နေပေမယ့်လည်း Min Yoongi ကတော့ နစ်မွန်းရင်းကနေ ထပ်မံနစ်မွန်းရင်းပါပဲ။
တစ်ညလုံးကို ဘယ်လိုများ ဖြတ်ကျော်မိသွားတာလဲ။
ဒီလူဆိုးလေး Park Jimin အကြောင်းတွေကို စာစီရင်းနဲ့ပဲ အချိန်ကုန်လွန်ခဲ့ရတာ။
Park Jimin အမေက မျက်ဝန်းပြာပြာလေးနှင့်အမေရိကန်သူ မော်ဒယ်လှလှလေးဆိုတာ Min Yoongi မသိဘူး။
သူသိတာ ဒီမျက်လုံးပြာပြာလေး တွေကို ချစ်တယ်ဆိုတာပါပဲ။
Park Jimin က အရမ်းဆိုးတယ်။
စီးကရက်အငွေ့တွေကြားမှာသူ့ကိုရုန်းမရအောင်ချည်နှောင်ထားခဲ့တယ်။
Park Jimin က စတော်ဘယ်ရီအနံ့သင်းသင်းလေးကို သူ့မူပိုင်အနံ့လို အသုံးပြုပြီးချယ်လှယ်ချင်တိုင်းချယ်လှယ်နေတယ်။
"မေမေ့ရဲ့ ဖက်ထုတ်လေးရေ "
မနက်စောစောအိမ်ထဲဝင်လာသည့်သားဖြစ်သူအား အမေကလှမ်းခေါ်ခြင်းဖြစ်သည်။
"ဘယ်ကပြန်လာတာလဲ မနက်စောစောစီးစီးကြီး"
"လမ်းလျှောက်ထွက်တာ အမေ"
"လာ လိမ္မော်သီးလာစား"
သားဖြစ်သူအနား အပြေးကပ်လာကာ လက်မောင်းလေးအား လှမ်းဆွဲသည်။
"စတော်ဘယ်ရီ"
Min Yoongi ခပ်တိုးတိုးဆိုတော့
"သား စားချင်လို့လား ဒီနေ့အမေဝယ်ထားလိုက်မယ်"
"ဟုတ်"
ခေါင်းကိုစိတ်မပါစွာငြိမ့်ပြသည်။
အပေါ်ထပ်ကနေ အဝတ်လျှော်ခြင်းအား သယ်ကာဆင်းလာသည့် အိမ်အကူအဒေါ်ကြီး အား မြင်တော့
"ဟ နေဦးနေဦး ... "
အဒေါ်ကြီးလက်ထဲမှ အဝတ်လျှော်ခြင်းအား Yoongi လှမ်းဆွဲရင်း မွှေနှောက်ကာရှာသည်။
"အဒေါ်ကြီး ဒီ အနွေးထည်ကို မလျှော် နဲ့"
သားဖြစ်သူကိုနားမလည်နိုင်ဟန်နှင့် ‌အမေက စိုက်ကြည့်ပြီးမှာတော့
"ဘာဖြစ်လို့လဲ မေမေ့ဖက်ထုတ်လေးရေ"
ဆိုပြီး ပါးတစ်ဖက်ကိုဆွဲညှစ်ကာမေးရသည်။
Yoongi မဖြေ။
စတော်ဘယ်ရီအနံ့စွဲနေသည့် အနွေးထည်ကိုသာ ခပ်တင်းတင်းဖက်ရင်း အပေါ်ထပ်တက်သွားလေတော့သည်။
တနေကုန်အခန်းထဲမှ မထွက်ဖြစ်။
ကျောင်းလည်း မသွားတော့ပေ။
Park Jimin သိပ်ဆိုးတယ် Park Jimin က လူဆိုးလေး။
Ch2 end
Zawgyi
~ Min Yoongi
"ဘယ် Section ကလဲ .."
"F"
"ကျေးဇူး Tae"
ကျောင်းမှာနေရာအနှံ့ကျွန်ဝော်မူးနောက်အောင်လိုက်ရှာခဲ့ပေမယ့် သူ့ကိုမတွေ့ရဘူး။
"Park Jimin .. Park Jimin"
"Park Jimin"
"ဘုန်း .."
"စွပ်စွဲနေတာလား"
"ကိုယ်မင်းကိုတနေကုန်လိုက်ရှာနေတယ်ဆိုတာမင်းမသိဘူးလား"
"မသိဘူး"
"Park Jimin"
"ပြော"
"ဖုန်းပေး"
"ဘာဖုန်း"
"မင်းဖုန်း"
"မရှိဘူး"
"ပေး"
"ရော့ ...ငါ့ဖုန်း"
"Park Jimin"
"ဟင် "
တိုးတိုးလေး ထူးတယ်။
"မဟုတ်ဘူး"
"မီးခြစ်"
-
-
-
-
-
-
"ဆယ်နာရီ ..."
"ဆယ်နာရီ ဆယ့်ငါး"
"ဆယ်နာရီ နှစ်ဆယ်"
"ဆယ်နာရီ ခွဲ"
"ဆယ်နာရီ သုံးဆယ်ငါး"
"ဆယ်နာရီလေးဆယ်"
Ph Ringtone ✨
"ဟင်"
"ငါ မင်းအိမ်ရှေ့မှာ"
"အိုကေ ကိုယ်လာခဲ့မယ်"
"Park Jimin"
"သွားမယ်"
"ဘယ်ကိုလဲ"
"Park Jimin ..."
Yoongi ရဲ့ ခေါ်သံကြောင့် လျှပ်တပြတ်ကလေး အနောက်လှည့်ကြည့်လိုက်ပေမယ့် မျက်တောင်တခါပုတ်သည့် ကာလလေးမှာပင် အရြေှ့ပန်လှည့်သွားကာခြေလှမ်းကိုဆက်သည်။
"အေးနေသေးလား"
"နည်းနည်း"
"ဘီယာသောက်ကြမလား"
"အဆင်ပြေရဲ့လား Jimin"
"ဝိုင်သောက်ချင်လား"
"Park Jimin"
သည်။
ရှေ့ဆက်ချင်သည်။
"ဟမ် .."
"အင်း"
"စီးကရက်အနံ့တွေ"
"Yoongi ... အွန့်"
"အာ့ "
"Yoongi ...အွန့်"
"ပြန်တော့မယ်"
"Park Jimin"
အရေးတယူပင်မဆက်ဆံ။
"Jimin .."
"လာ လိမ္မော်သီးလာစား"
"စတော်ဘယ်ရီ"
"ဟုတ်"
"ဟ နေဦးနေဦး ... "
Yoongi မဖြေ။
Ch2 end
Continue Reading
You'll Also Like
872K 35.9K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)
13.8K 1K 7
အောင်မြင်မှု ကျော်ကြားမှု..ဆိုတဲ့ ဂုဏ်တွေကို မက်မောကာ မစွန့်လွှတ်နိုင်သူက ဦးနှောက်ရဲ့ အကူအညီကို ယူလို့ နှလုံးသားရဲ့ တောင်းဆိုသံတွေကို ချောင် ထိုးတယ်...
6.2M 261K 63
Jungkook is a single CEO father, and Taehyung is a college student looking for work. Jungkook has children who are afraid of other people, but things...
1.8K 156 26
ချစ်ခြင်းမေတ္တာဟာ သူတို့ကို ဆုံစည်းစေဖို့လား? ခွဲခွာရစေဖို့လား? ချစ်ခြင်းမေတ္တာဟာ သူတို့ကို ဆုံစည်းစေဖို့လား? ခွဲခွာရစေဖို့လား? Unicode & Zawgyi #Yoon...