အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

167K 21.6K 918

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(11)

3.9K 534 30
By Cup-Of-Luckiness

CHAPTER-(11)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူတုံချီသတင်းစာကိုကြည့်ကာ မသိမသာအမူအရာပြောင်းသွားသည်။ သူအတော်ကြာသည်အထိ စကားမပြောပေ။ ချူရှောင်းတခစ်ခစ်ရယ်ကာပြောလိုက်၏။

"ဖေဖေ..ဖေဖေက TVရသစုံရှိုးမှာ ရှောက်ပင်အောက်ထိုင်နေတဲ့သူလိုမျိုးပဲ! အရမ်းကိုမကြည်မသာနဲ့!"
(CUP: cupလည်းဘာကိုပြောချင်မှန်းမသိပါ)

ချူရှောင်းရွှင်ရွှင်မြူးမြူးရယ်နေတာကိုတွေ့တော့ ချူတုံ့ချီပြုံးမိသည်။ သူ့မိသားစုအတူတူပျော်နေသမျှ ယိချန်၊ ယိမိသားစု၊ ပိုင်လင်းနဲ့ သူ့သမီးတို့က အရေးမပါတဲ့အပြင်လူတွေဖြစ်ကြသည်။ သူတို့အတူတူပျော်ပျော်ရွှင်ရွှင်ရှိနေသရွေ့ တခြားသူတွေကသူတို့နဲ့လာပတ်သတ်စရာ အကြောင်းမရှိ။

ဟုတ်တာပေါ့။ သူတို့ယိမိသားစုနဲ့ရှိတဲ့အကြွေးတွေကိုတော့ ဆပ်ရဦးမည်ပင်။ မူလက ယိမိသားစုနဲ့ချူမိသားစုက စီမံကိန်းတစ်ခုမှာအတူတူပူးပေါင်းဖို့စီစဥ်ထားခဲ့ပြီး သူတို့စီးပွား​ရေးလုပ်ငန်းတွေကို ဆွေးနွေးတာလည်းပြီးလုနီးပြီ။ သို့သော်လည်းချူမိသားစုက ယိမိသားစုနဲ့ ပူးပေါင်းဖို့မလိုပေ။ ...အရမ်းအင်အားကြီးကာလွမ်းမိုးနိုင်သော ရှောင်းမိသားစုကဲ့သို့ အခြားမိသားစုလည်းရှိသေးသည်.

ရှောင်းမိသားစုက စီးပွားရေးလောကတွင်အောင်မြင်သောမိသားစုဖြစ်ခဲ့သည်။ ရှောင်းမိသားစုရဲ့ယခင်အကြီးအကဲက မိသားစုကိုအောက်ခြေမှစတင်ခဲ့သည်။ ကံမကောင်းစွာပင်ရှောင်းမိသားစုယခင်အကြီးအကဲမှာ အသက်ငါးဆယ်ရောက်ပြီးနေမကောင်းမဖြစ်ခင်ထိ အလုပ်အလွန်အကျွံလုပ်ခဲ့၏။ အခုသားဖြစ်သူရှောင်းဟန်က သူ့အဖေကိုဗီလာမှာငြိမ်းငြိမ်းချမ်းချမ်းအားဖြည့်စေရင်း မိသားစုလုပ်ငန်းကို လက်လွှဲယူနေပြီ။

ရှောင်းဟန်ငယ်စဥ်ကတည်းက ရှောင်းမိသာစုရဲ့ဆက်ခံသူတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်ပျိုးထောင်ထားခဲ့ရာ ထိုးထွင်းသိမြင်သည့်ညဏ်၊ စိတ်ချအားကိုးရသောစရိုက်တို့နဲ့ ကြီးပြင်းလာခဲ့သည်။ သူရှောင်းမိသာစုကိုလက်လွှဲယူချိန်မှာ မိသားစုလုပ်ငန်းကိုကသောင်းကနင်းဖြစ်စေတာထက် ရှောင်းမိသားစုကိုအထွတ်ထိပ်ရောက်စေဖို့ စီမံခဲ့လေသည်။

သူအသက်25နှစ်သာရှိသေးချိန်မှာ များစွာသောစီးပွားရေးမဂ္ဂဇင်းတွေရဲ့မျက်နှာဖုံးရှင်ဖြစ်လာခဲ့ပြီး စီးပွားရေးလောကရဲ့ အထင်ကြီးလောက်စရာအရည်အချင်းပြည့်ဝတဲ့ လူလွတ်တစ်ယောက်ဖြစ်လာတော့သည်။

ဒီတစ်ကြိမ်ချူမိသားစုရဲ့ စီးပွားရေးစီမံကိန်းက အလွန်အကျိုးအမြတ်များတာကြောင့်
ရှောင်းဟန်ကချူမိသားစုနှင့်ပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စားသည်။ ဒါကြောင့်သူကပြီးပြည့်စုံသည့်အစီအစဥ်တစ်ခုနဲ့အတူ ချူတုံချီနဲ့သီးသန့်ဆွေးနွေးခဲ့လေသည်။

သူကငယ်ရွယ်တတ်ကြွကာသတိရှိပြီး လူအိုကြီးတွေထက်အနိုင်လိုချင်စိတ်ပြင်းပြကာ ယိမိသားစုလိုလည်း ကောင်းကောင်းအခြေခိုင်သည်။ ယိမိသားစုသာချူမိသားစုရဲ့ အနာဂတ်ခမည်းခမက်မဟုတ်ခဲ့ရင် ချူတုံ့ချီ..ယိမိသားစုနဲ့ဘယ်တုန်းကမှ ပူးပေါင်းခဲ့မှာမဟုတ်။

အခုတော့ ယိချန်သူ့သမီးကို တိတ်တဆိတ်အနိုင်ကျင့်နေတာသိရှိသွားပြီး သူလက်စားချေဖို့ ပြတ်သားသွား၏။ သူတို့နဲ့ယိမိသားစုကြားကပူးပေါင်းဆောင်ရွက်မှုကိုဖျက်သိမ်းဖို့ သူကုမ္ပဏီကိုညွှန်ကြားလိုက်ပြီး အဲ့အစားရှောင်းမိသားစုနဲ့အလုပ်လုပ်ဖို့စီစဥ်ထားသည်။

ငယ်ရွယ်တတ်ကြွသောလူငယ်လေးများနှင့် အလုပ်လုပ်ရသည်ကပိုကောင်း၏။ ရှောင်းမိသားစုနဲ့အလုပ်လုပ်ရသည်က မိသားစုနှစ်ခုလုံးအတွက်အကျိုးဖြစ်ထွန်းပြီး ယိမိသားစုနှင့်အလုပ်လုပ်ရသည်ထက် ပိုအမြတ်အစွန်းများမည်ကို ချူတုံ့ချီကြိုတင်ခန့်မှန်းပြီးဖြစ်သည်။

ချူတုံချီရဲ့ညွှန်ကြားချက်တွေက နောက်တစ်နေ့မှာပဲအတည်ဖြစ်သွား၏။ ယိချန်ကတခြားသူကို ချစ်မိသွားတာကြောင့် ချူမိသားစုကသူတို့ရဲ့စေ့စပ်ပွဲဖျက်သိမ်းလိုတာကို ယိကျန့်ဟုန်(ယိချန်ပါးပါး) ကြားမိပြီးဖြစ်သည်။

အဲ့တာကိုအသိပေးပြီးနောက်မှာပဲ ချူမိသားစုနဲ့သူတို့ရဲ့စီမံကိန်းအသစ်ကို ဖျက်သိမ်းလိုက်တာကိုလည်း သူ့ကိုအသိပေးလာ၏။ ချူမိသားစုက သူတို့နှင့်ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်လိုက်သည်။

သူချုတုံချီကို အမြန်ဖုန်းခေါ်ကာပြောလေသည်။

"အဘိုးကြီးချူ...ငါတို့အချင်းချင်းသိလာတာ ဆယ်နှစ်ကျော်တောင်ကြာပြီ။ ကလေးတွေရဲ့ရန်ပွဲက ငါတို့စီးပွားရေးကိစ္စတွေကို အနှောင့်အယှက်မဖြစ်သင့်ပါဘူး။ ဟုတ်တယ်မလား?လောလောဆယ်ယိချန်က ဆုံးမရခက်လာပေမယ့်သူချူရှောင်းကိုအရမ်းချစ်တာ မင်းရောငါရောသိနေတာပဲလေ။

သူငယ်ငယ်ကတည်းက ရှောင်းရှောင်းနဲ့လက်ထပ်ခွင့်ပြုဖို့ ငါတို့ကိုတောင်းဆိုခဲ့တာ။ နောက်တစ်နည်းပြောရရင် ငါတို့ကသူတို့ကို ဘာလို့စေ့စပ်ပေးခဲ့တာလဲ? ငါသူ့ကိုတောက်လျောက်ဆူပြီး ရှောင်းရှောင်းကိုတောင်းပန်ခိုင်းလိုက်ပါ့မယ်။ စိတ်မဆိုးပါနဲ့တော့ကွာ။"

ချူတုံချီအေးစက်စက်နှာမှုတ်ကာ ပြောလိုက်သည်။

"သူကဆုံးမရခက်လာတယ်? ...ရှောင်းရှောင်းဝမ်းနည်းတာကိုဖျောက်ဖို့ အရက်သောက်တာ သူမအရမ်းအသည်းကွဲသွားလို့။ သူအသောက်လွန်ပြီး အယ်ကိုဟောအဆိပ်သင့်သွားတုန်းက ဆေးရုံတတ်ရတာ...မင်းသားဘယ်ရောက်နေလဲ?

ကောင်းပြီလေ။ မင်းသားကတော့ ပိုင်ရွယ့်ဝေ့နဲ့အခန်းမျှနေလေရဲ့။ ငါမင်းသားလိုသားမက်မျိုး မလိုချင်ဘူး...ငါ့သမီးကိုလည်းဘယ်သူ့ကမှအနိုင်ကျင့်ခွင့်မပေးဘူး။ မင်းဘာပဲပြောပြော ငါစိတ်ပြောင်းမှာမဟုတ်ဘူး...ငါဆုံးဖြတ်ပြီးပြီ။

အဘိုးကြီးယိ မင်းသားကိုကောင်းကောင်းဂရုစိုက်ဖို့ ငါအကြံပေးလိုက်မယ်။ မင်းသူ့ကိုဒီလိုဆက်ပြီး မိုက်မဲခွင့်ပြုထားရင် အနာဂတ်မှာကုမ္ပဏီကို ဘယ်လိုစီမံနိုင်မှာလဲ? ငါ့မှာတခြားအစည်းအဝေးရှိသေးလို့ ဖုန်းချတော့မယ်။"

ယိကျန့်ဟုန်က ကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌ​​ဖြစ်ရာ သူသာဆက်အငြင်းပွားရင် မျက်နှာပျက်ရတော့မည်။ သူရုံးခန်းထဲမှာအချိန်အတော်ကြာ သုန်မှုန်နေတဲ့မျက်နှာထားနဲ့ထိုင်နေပြီး နောက်ဆုံးမှာ သူ့ရုံးဖုန်းကိုကောက်ကိုင်ပြီး ယိချန်ဖုန်းကိုခေါ်တော့သည်။

ဖုန်းဝင်တာနဲ့တပြိုင်နက် ယိချန်ကိုပြောသည်။

"ငါ့ရုံးခန်းကိုလာ!! ချက်ချင်းလာ!!"

ယိချန်ဘားမှာတစ်ညလုံးသောက်ပြီးလောလောဆယ်တော့ အရက်နာကျနေလေရဲ့။ နောက်ဆုံးထလာပြီး သပ်သပ်ရပ်ရပ်ဖြစ်ဖို့အချိန်အတော်ယူလိုက်ရသည်။ သူကုမ္ပဏီကိုကားမောင်းလာပြီး သူ့အဖေရုံးခန်းတံခါးကို ဖြတ်ဝင်လိုက်သည်နှင့် ယိကျန့်ဟုန်စားပွဲပေါ်ကခွက်ကိုမပြီး သူဆီပစ်ပေါက်လိုက်၏။ ယိချန်သူ့ဆီပျံဝဲလာသောဖန်ခွက်ကို အမြန်ရှောင်သည်။ သူ့မျက်နှာပေါ်ကအမူအရာလည်းပြောင်းလဲသွားကာ ပြောခဲ့သည်။

"အဖေ....ဘာတွေလုပ်နေတာလဲ?"

"ငါဘာလုပ်နေတာလဲ? မင်းကုမ္ပဏီကိုပိုက်ဆံဘယ်လောက် ဆုံးရှုံးအောင်လုပ်လိုက်လဲ သိရဲ့လား? မင်းကငါတို့ကိုယွမ်တစ်ဘီလီယံတောင် ဆုံးရှုံးစေခဲ့တာ။ ချူမိသားစုက ဒီစီမံကိန်းကိုပူးပေါင်းဖို့ ငြင်းဆိုတာဘာအဓိပ္ပါယ်လဲဆိုတာ သိလား? ချူမိသားစုက အနာဂတ်မှာယိမိသားစုနဲ့ နောက်ထပ်ဘယ်တော့မှ မပူးပေါင်းတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ!

အရှေ့ကော်ပိုရေးရှင်းထောင်ဖို့ ချူမိသားစုနဲ့ဖန်မိသားစုကုမ္ပဏီတွေကို ပေါင်းလိုက်တဲ့အချိန်ကစပြီးတော့ သူတို့ကုမ္ပဏီကငါတို့ထက် အများကြီးသာသွားပြီ။ ချူမိသားစုသာအနာဂတ်မှာ ငါတို့ကုမ္ပဏီကိုဖိနှိပ်ဖို့ကြိုးစားရင်...ဘာဖြစ်လာမလဲသိရဲ့လား? မင်းအကျိုးဆက်တွေကိုစဥ်းစားကြည့်ဖူးရဲ့လား?"

သူ့ရဲ့တောင့်တမှုတွေနဲ့မတွေ့ရဘဲ ကျရှုံးရခြင်းအတွက် ယိကျန့်ဟုန်က သူ့သားကိုမုန်းမိရင်း သူ့သားကိုတစ်ချက်လောက် ကောင်းကောင်းဆာ်နိုင်ဖို့သာ ဆန္ဒရှိသည်။ ယိချန်သူ့အဖေကို ငေးကြောင်ကြောင်စိုက်ကြည့်လေ၏။ သူဘယ်တုန်းကမှကုမ္ပဏီတွင်မပါဝင်ခဲ့တက္ကသိုလ်အိုင်ဒေါလိုပြုမှုရင်း သဝေထိုးနေခဲ့၏။

အဲ့လိုဆိုရင်တောင် သူယိကျန့်ဟုံစကားလုံးနောက်ကွယ်ကအဓိပ္ပါယ်ကို နားမလည်ဟုမဆိုလိုချေ။ ချူမိသားစုက ယိမိသားစုနဲ့ပူးပေါင်းဖို့ငြင်းဆန်ပြီး အနာဂတ်မှာသူတို့ကိုဖိနှိပ်လာနိုင်သည်။ သူတို့ရဲ့ပူးပေါင်းဖို့ငြင်းပယ်မှုက ယိမိသားစုကိုယွမ်တစ်ဘီလီယံထက်ပိုပြီးကုန်ကျစေပြီးပြီပင်။

22.12.2021💖

CHAPTER-(11)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

ခ်ဴတုံခ်ီသတင္းစာကိုၾကည့္ကာ မသိမသာအမူအရာေျပာင္းသြားသည္။ သူအေတာ္ၾကာသည္အထိ စကားမေျပာေပ။ ခ်ဴေရွာင္းတခစ္ခစ္ရယ္ကာေျပာလိုက္၏။

"ေဖေဖ..ေဖေဖက TVရသစုံရွိုးမွာ ေရွာက္ပင္ေအာက္ထိုင္ေနတဲ့သူလိုမ်ိဳးပဲ! အရမ္းကိုမၾကည္မသာနဲ႕!"
(CUP: cupလည္းဘာကိုေျပာခ်င္မွန္းမသိပါ)

ခ်ဴေရွာင္း႐ႊင္႐ႊင္ျမဴးျမဴးရယ္ေနတာကိုေတြ႕ေတာ့ ခ်ဴတုံ႕ခ်ီၿပဳံးမိသည္။ သူ႕မိသားစုအတူတူေပ်ာ္ေနသမွ် ယိခ်န္၊ ယိမိသားစု၊ ပိုင္လင္းနဲ႕ သူ႕သမီးတို႔က အေရးမပါတဲ့အျပင္လူေတြျဖစ္ၾကသည္။ သူတို႔အတူတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနသေ႐ြ႕ တျခားသူေတြကသူတို႔နဲ႕လာပတ္သတ္စရာ အေၾကာင္းမရွိ။

ဟုတ္တာေပါ့။ သူတို႔ယိမိသားစုနဲ႕ရွိတဲ့အေႂကြးေတြကိုေတာ့ ဆပ္ရဦးမည္ပင္။ မူလက ယိမိသားစုနဲ႕ခ်ဴမိသားစုက စီမံကိန္းတစ္ခုမွာအတူတူပူးေပါင္းဖို႔စီစဥ္ထားခဲ့ၿပီး သူတို႔စီးပြားေရးလုပ္ငန္းေတြကို ေဆြးႏြေးတာလည္းၿပီးလုနီးၿပီ။ သို႔ေသာ္လည္းခ်ဴမိသားစုက ယိမိသားစုနဲ႕ ပူးေပါင္းဖို႔မလိုေပ။ ...အရမ္းအင္အားႀကီးကာလြမ္းမိုးနိုင္ေသာ ေရွာင္းမိသားစုကဲ့သို႔ အျခားမိသားစုလည္းရွိေသးသည္.

ေရွာင္းမိသားစုက စီးပြားေရးေလာကတြင္ေအာင္ျမင္ေသာမိသားစုျဖစ္ခဲ့သည္။ ေရွာင္းမိသားစုရဲ႕ယခင္အႀကီးအကဲက မိသားစုကိုေအာက္ေျခမွစတင္ခဲ့သည္။ ကံမေကာင္းစြာပင္ေရွာင္းမိသားစုယခင္အႀကီးအကဲမွာ အသက္ငါးဆယ္ေရာက္ၿပီးေနမေကာင္းမျဖစ္ခင္ထိ အလုပ္အလြန္အကြၽံလုပ္ခဲ့၏။ အခုသားျဖစ္သူေရွာင္းဟန္က သူ႕အေဖကိုဗီလာမွာၿငိမ္းၿငိမ္းခ်မ္းခ်မ္းအားျဖည့္ေစရင္း မိသားစုလုပ္ငန္းကို လက္လႊဲယူေနၿပီ။

ေရွာင္းဟန္ငယ္စဥ္ကတည္းက ေရွာင္းမိသာစုရဲ႕ဆက္ခံသူတစ္ေယာက္ျဖစ္လာဖို႔ ေလ့က်င့္ပ်ိဳးေထာင္ထားခဲ့ရာ ထိုးထြင္းသိျမင္သည့္ညဏ္၊ စိတ္ခ်အားကိုးရေသာစရိုက္တို႔နဲ႕ ႀကီးျပင္းလာခဲ့သည္။ သူေရွာင္းမိသာစုကိုလက္လႊဲယူခ်ိန္မွာ မိသားစုလုပ္ငန္းကိုကေသာင္းကနင္းျဖစ္ေစတာထက္ ေရွာင္းမိသားစုကိုအထြတ္ထိပ္ေရာက္ေစဖို႔ စီမံခဲ့ေလသည္။

သူအသက္25ႏွစ္သာရွိေသးခ်ိန္မွာ မ်ားစြာေသာစီးပြားေရးမဂၢဇင္းေတြရဲ႕မ်က္ႏွာဖုံးရွင္ျဖစ္လာခဲ့ၿပီး စီးပြားေရးေလာကရဲ႕ အထင္ႀကီးေလာက္စရာအရည္အခ်င္းျပည့္ဝတဲ့ လူလြတ္တစ္ေယာက္ျဖစ္လာေတာ့သည္။

ဒီတစ္ႀကိမ္ခ်ဴမိသားစုရဲ႕ စီးပြားေရးစီမံကိန္းက အလြန္အက်ိဳးအျမတ္မ်ားတာေၾကာင့္
ေရွာင္းဟန္ကခ်ဴမိသားစုႏွင့္ပူးေပါင္းေဆာင္႐ြက္ဖို႔စိတ္ဝင္စားသည္။ ဒါေၾကာင့္သူကၿပီးျပည့္စုံသည့္အစီအစဥ္တစ္ခုနဲ႕အတူ ခ်ဴတုံခ်ီနဲ႕သီးသန့္ေဆြးႏြေးခဲ့ေလသည္။

သူကငယ္႐ြယ္တတ္ႂကြကာသတိရွိၿပီး လူအိုႀကီးေတြထက္အနိုင္လိုခ်င္စိတ္ျပင္းျပကာ ယိမိသားစုလိုလည္း ေကာင္းေကာင္းအေျခခိုင္သည္။ ယိမိသားစုသာခ်ဴမိသားစုရဲ႕ အနာဂတ္ခမည္းခမက္မဟုတ္ခဲ့ရင္ ခ်ဴတုံ႕ခ်ီ..ယိမိသားစုနဲ႕ဘယ္တုန္းကမွ ပူးေပါင္းခဲ့မွာမဟုတ္။

အခုေတာ့ ယိခ်န္သူ႕သမီးကို တိတ္တဆိတ္အနိုင္က်င့္ေနတာသိရွိသြားၿပီး သူလက္စားေခ်ဖိဳ႕ ျပတ္သားသြား၏။ သူတို႔နဲ႕ယိမိသားစုၾကားကပူးေပါင္းေဆာင္႐ြက္မႈကိုဖ်က္သိမ္းဖို႔ သူကုမၸဏီကိုၫႊန္ၾကားလိုက္ၿပီး အဲ့အစားေရွာင္းမိသားစုနဲ႕အလုပ္လုပ္ဖို႔စီစဥ္ထားသည္။

ငယ္႐ြယ္တတ္ႂကြေသာလူငယ္ေလးမ်ားႏွင့္ အလုပ္လုပ္ရသည္ကပိုေကာင္း၏။ ေရွာင္းမိသားစုနဲ႕အလုပ္လုပ္ရသည္က မိသားစုႏွစ္ခုလုံးအတြက္အက်ိဳးျဖစ္ထြန္းၿပီး ယိမိသားစုႏွင့္အလုပ္လုပ္ရသည္ထက္ ပိုအျမတ္အစြန္းမ်ားမည္ကို ခ်ဴတုံ႕ခ်ီႀကိဳတင္ခန႔္မွန္းၿပီးျဖစ္သည္။

ခ်ဴတုံခ်ီရဲ႕ၫႊန္ၾကားခ်က္ေတြက ေနာက္တစ္ေန႕မွာပဲအတည္ျဖစ္သြား၏။ ယိခ်န္ကတျခားသူကို ခ်စ္မိသြားတာေၾကာင့္ ခ်ဴမိသားစုကသူတို႔ရဲ႕ေစ့စပ္ပြဲဖ်က္သိမ္းလိုတာကို ယိက်န့္ဟုန္(ယိခ်န္ပါးပါး) ၾကားမိၿပီးျဖစ္သည္။

အဲ့တာကိုအသိေပးၿပီးေနာက္မွာပဲ ခ်ဴမိသားစုနဲ႕သူတို႔ရဲ႕စီမံကိန္းအသစ္ကို ဖ်က္သိမ္းလိုက္တာကိုလည္း သူ႕ကိုအသိေပးလာ၏။ ခ်ဴမိသားစုက သူတို႔ႏွင့္ပူးေပါင္းေဆာင္႐ြက္ဖို႔ ျငင္းဆန္လိုက္သည္။

သူခ်ဳတုံခ်ီကို အျမန္ဖုန္းေခၚကာေျပာေလသည္။

"အဘိုးႀကီးခ်ဴ...ငါတို႔အခ်င္းခ်င္းသိလာတာ ဆယ္ႏွစ္ေက်ာ္ေတာင္ၾကာၿပီ။ ကေလးေတြရဲ႕ရန္ပြဲက ငါတို႔စီးပြားေရးကိစၥေတြကို အႏွောင့္အယွက္မျဖစ္သင့္ပါဘူး။ ဟုတ္တယ္မလား?ေလာေလာဆယ္ယိခ်န္က ဆုံးမရခက္လာေပမယ့္သူခ်ဴေရွာင္းကိုအရမ္းခ်စ္တာ မင္းေရာငါေရာသိေနတာပဲေလ။

သူငယ္ငယ္ကတည္းက ေရွာင္းေရွာင္းနဲ႕လက္ထပ္ခြင့္ျပဳဖို႔ ငါတို႔ကိုေတာင္းဆိုခဲ့တာ။ ေနာက္တစ္နည္းေျပာရရင္ ငါတို႔ကသူတို႔ကို ဘာလို႔ေစ့စပ္ေပးခဲ့တာလဲ? ငါသူ႕ကိုေတာက္ေလ်ာက္ဆူၿပီး ေရွာင္းေရွာင္းကိုေတာင္းပန္ခိုင္းလိုက္ပါ့မယ္။ စိတ္မဆိုးပါနဲ႕ေတာ့ကြာ။"

ခ်ဴတုံခ်ီေအးစက္စက္ႏွာမႈတ္ကာ ေျပာလိုက္သည္။

"သူကဆုံးမရခက္လာတယ္? ...ေရွာင္းေရွာင္းဝမ္းနည္းတာကိုေဖ်ာက္ဖို႔ အရက္ေသာက္တာ သူမအရမ္းအသည္းကြဲသြားလို႔။ သူအေသာက္လြန္ၿပီး အယ္ကိုေဟာအဆိပ္သင့္သြားတုန္းက ေဆး႐ုံတတ္ရတာ...မင္းသားဘယ္ေရာက္ေနလဲ?

ေကာင္းၿပီေလ။ မင္းသားကေတာ့ ပိုင္႐ြယ့္ေဝ့နဲ႕အခန္းမွ်ေနေလရဲ႕။ ငါမင္းသားလိုသားမက္မ်ိဳး မလိုခ်င္ဘူး...ငါ့သမီးကိုလည္းဘယ္သူ႕ကမွအနိုင္က်င့္ခြင့္မေပးဘူး။ မင္းဘာပဲေျပာေျပာ ငါစိတ္ေျပာင္းမွာမဟုတ္ဘူး...ငါဆုံးျဖတ္ၿပီးၿပီ။

အဘိုးႀကီးယိ မင္းသားကိုေကာင္းေကာင္းဂ႐ုစိုက္ဖို႔ ငါအႀကံေပးလိုက္မယ္။ မင္းသူ႕ကိုဒီလိုဆက္ၿပီး မိုက္မဲခြင့္ျပဳထားရင္ အနာဂတ္မွာကုမၸဏီကို ဘယ္လိုစီမံနိုင္မွာလဲ? ငါ့မွာတျခားအစည္းအေဝးရွိေသးလို႔ ဖုန္းခ်ေတာ့မယ္။"

ယိက်န့္ဟုန္က ကုမၸဏီႀကီးရဲ႕ဥကၠ႒ျဖစ္ရာ သူသာဆက္အျငင္းပြားရင္ မ်က္ႏွာပ်က္ရေတာ့မည္။ သူ႐ုံးခန္းထဲမွာအခ်ိန္အေတာ္ၾကာ သုန္မႈန္ေနတဲ့မ်က္ႏွာထားနဲ႕ထိုင္ေနၿပီး ေနာက္ဆုံးမွာ သူ႕႐ုံးဖုန္းကိုေကာက္ကိုင္ၿပီး ယိခ်န္ဖုန္းကိုေခၚေတာ့သည္။

ဖုန္းဝင္တာနဲ႕တၿပိဳင္နက္ ယိခ်န္ကိုေျပာသည္။

"ငါ့႐ုံးခန္းကိုလာ!! ခ်က္ခ်င္းလာ!!"

ယိခ်န္ဘားမွာတစ္ညလုံးေသာက္ၿပီးေလာေလာဆယ္ေတာ့ အရက္နာက်ေနေလရဲ႕။ ေနာက္ဆုံးထလာၿပီး သပ္သပ္ရပ္ရပ္ျဖစ္ဖို႔အခ်ိန္အေတာ္ယူလိုက္ရသည္။ သူကုမၸဏီကိုကားေမာင္းလာၿပီး သူ႕အေဖ႐ုံးခန္းတံခါးကို ျဖတ္ဝင္လိုက္သည္ႏွင့္ ယိက်န့္ဟုန္စားပြဲေပၚကခြက္ကိုမၿပီး သူဆီပစ္ေပါက္လိုက္၏။ ယိခ်န္သူ႕ဆီပ်ံဝဲလာေသာဖန္ခြက္ကို အျမန္ေရွာင္သည္။ သူ႕မ်က္ႏွာေပၚကအမူအရာလည္းေျပာင္းလဲသြားကာ ေျပာခဲ့သည္။

"အေဖ....ဘာေတြလုပ္ေနတာလဲ?"

"ငါဘာလုပ္ေနတာလဲ? မင္းကုမၸဏီကိုပိုက္ဆံဘယ္ေလာက္ ဆုံးရႈံးေအာင္လုပ္လိုက္လဲ သိရဲ႕လား? မင္းကငါတို႔ကိုယြမ္တစ္ဘီလီယံေတာင္ ဆုံးရႈံးေစခဲ့တာ။ ခ်ဴမိသားစုက ဒီစီမံကိန္းကိုပူးေပါင္းဖို႔ ငြင်းဆိုတာဘာအဓိပ္ပါယ်လဲဆိုတာ သိလား? ခ်ဴမိသားစုက အနာဂတ္မွာယိမိသားစုနဲ႕ ေနာက္ထပ္ဘယ္ေတာ့မွ မပူးေပါင္းေတာ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ!

အေရွ႕ေကာ္ပိုေရးရွင္းေထာင္ဖို႔ ခ်ဴမိသားစုနဲ႕ဖန္မိသားစုကုမၸဏီေတြကို ေပါင္းလိုက္တဲ့အခ်ိန္ကစၿပီးေတာ့ သူတို႔ကုမၸဏီကငါတို႔ထက္ အမ်ားႀကီးသာသြားၿပီ။ ခ်ဴမိသားစုသာအနာဂတ္မွာ ငါတို႔ကုမၸဏီကိုဖိႏွိပ္ဖို႔ႀကိဳးစားရင္...ဘာျဖစ္လာမလဲသိရဲ႕လား? မင္းအက်ိဳးဆက္ေတြကိုစဥ္းစားၾကည့္ဖူးရဲ႕လား?"

သူ႕ရဲ႕ေတာင့္တမႈေတြနဲ႕မေတြ႕ရဘဲ က်ရႈံးရျခင္းအတြက္ ယိက်န့္ဟုန္က သူ႕သားကိုမုန္းမိရင္း သူ႕သားကိုတစ္ခ်က္ေလာက္ ေကာင္းေကာင္းဆာ္နိုင္ဖို႔သာ ဆႏၵရွိသည္။ ယိခ်န္သူ႕အေဖကို ေငးေၾကာင္ေၾကာင္စိုက္ၾကည့္ေလ၏။ သူဘယ္တုန္းကမွကုမၸဏီတြင္မပါဝင္ခဲ့တကၠသိုလ္အိုင္ေဒါလိုျပဳမႈရင္း သေဝထိုးေနခဲ့၏။

အဲ့လိုဆိုရင္ေတာင္ သူယိကျန့်ဟုံစကားလုံးနောက်ကွယ်ကအဓိပ္ပါယ်ကို နားမလည္ဟုမဆိုလိုေခ်။ ခ်ဴမိသားစုက ယိမိသားစုနဲ႕ပူးေပါင္းဖို႔ျငင္းဆန္ၿပီး အနာဂတ္မွာသူတို႔ကိုဖိႏွိပ္လာနိုင္သည္။ သူတို႔ရဲ႕ပူးေပါင္းဖို႔ျငင္းပယ္မႈက ယိမိသားစုကိုယြမ္တစ္ဘီလီယံထက္ပိုၿပီးကုန္က်ေစၿပီးၿပီပင္။

22.12.2021💖

Continue Reading

You'll Also Like

850K 14.8K 12
"ငါ အိပ္​မက္​တစ္​ခု မက္​ခဲ့တယ္​... အေတာ္​ အေတာ္​့ကို ရွည္​တဲ့ အိပ္​မက္​... အခ်စ္​ဆိုတဲ့ အရာအေၾကာင္​း အိပ္​မက္​..." "ငါ့ အိပ္​မက္​ထဲမွာ အဲ့ဒီ့လူဟာ အေ...
28.3K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
19.1K 2.8K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
56.5K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...