" Regis Sama .. ေဂဟာက လူေတြက ဘာမွသိတဲ့ပံုမေပၚဘူး .. " ေရႊဝါေရာင္ဆံပင္နဲ႔ မိန္းကေလးတစ္ဦးက ဆံစတို႔အား နားေနာက္သို႔ သပ္တင္ကာ ေျပာလိုက္သည္ ။ Regis ၏ လက္ေခ်ာင္းမ်ားက ခံုကို ခပ္ဖြဖြေခါက္ေနခဲ့ၿပီး အေတြးထဲ နစ္ဝင္ေနခဲ့သည္ ။
" သူတို႔ ေနာက္တစ္ခါလႈပ္ရွားမွာကို ေစာင့္ရေတာ့မယ္ထင္တယ္ .. ေသခ်ာေစာင့္ၾကၫ့္ထားလိုက္ .. Loyar ရဲ့ အေျခအေနက ဘယ္လိုလဲ .."
" သူမက ဝင္ခြင့္ရေလာက္တဲ့အထိေတာ့ ေလ့က်င့္ၿပီးပါၿပီ .." သူမက ေျပာရင္း ခပ္ဖြဖြၿပံဳးကာ Regis ၏ ေမးေစ့အား လက္ေလးျဖင့္ အသာမလိုက္သည္ ။ " Regis Sama .. ကြၽန္မ သဝန္တိုေနတယ္ .."
Regis ၏ ႏူတ္ခမ္းေတာင့္စြန္းက ျမင့္တက္သြားကာ သူ႔ရဲ့ေခ်ာေမာသၫ့္ ရုပ္ရည္အား အားျဖၫ့္ေပးလိုက္သလိုပင္ ။ သူက လက္ညိုးကို အသံုးျပဳကာ ဖယ္ရွားလိုက္ၿပီး " အသံုးမဝင္တဲ့ ခံစားခ်က္ေတြက မင္းရဲ့လမ္းေၾကာင္းကို ပိတ္ေနေစလိမ့္မယ္ .." ဟုဆိုကာ အခန္းထဲမွ ထြက္ခြာသြားသည္ ။
**
" ရူးေနလား ?? ဒီႏွစ္ ဆယ္ေယာက္ေတာင္ ပို႔ၿပီးၿပီေလ .. အခု ေဂဟာမွာ မိန္းကေလး အခ်ိဳးက အရမ္းနည္းေနၿပီ " ေမွာင္မဲေနသၫ့္ အခန္းတစ္ခုတြင္ ေဂဟာမွဴး၏ မ်က္ႏွာက ခက္ထန္ေနခဲ့သည္ ။ သူမနဲ႔ မ်က္ႏွာခ်င္းဆိုင္တြင္ ထြားႀကိဳင္းသၫ့္ သက္လတ္ပိုင္းလူတစ္ေယာက္က ေဆးတံကို ကိုက္လ်က္ ထိုင္ေနခဲ့သည္ ။ ထိုလူ၏ မ်က္ႏွာက ရႈံ႔မဲ့သြားသည္ ။ " ဟမ့္.. Dia မင္း Gusius နဲ႔ အဆက္အသြယ္လုပ္ေနတာ ငါမသိဘူးမထင္နဲ႔ .. သူဆီေရာက္သြားတဲ့ မိန္းကေလးေတြက ငါဆီကထက္ ပိုမ်ားတယ္ .."
ေဂဟာမွဴး၏ အမႈအရာက ေၾကာက္ရြံ႔ထိတ့္လန႔္သၫ့္ဘက္သို႔ ေျပာင္းသြားခဲ့သည္ ။ သူမက ကတုန္ကယင္ျဖင့္ " သူတို႔လိုတာက မိန္းကေလး မဟုတ္ဘူး .. ရွင္မွားေနၿပီ .."
သက္လတ္ပိုင္းလူက စိတ္မရွည္ေတာ့ဟန္ ထရပ္လိုက္ၿပီး Dia ၏ လည္မ်ိဳအား ဆုပ္ကိုင္ထားလိုက္သည္ ။ " ငါဂရုမစိုက္ဘူး .. အကုန္လံုးက ငါ့ဆီဘဲ ေရာက္ရမယ္.."
" ေကာင္းပါၿပီ.. ေကာင္းပါၿပီ .. ေနာက္သံုးရက္ဘဲ ေစာင့္ပါ " Dia က အသက္ရႈရခက္ေနသၫ့္ၾကားထဲကပင္ ေသခ်ာေျပာလိုက္သည္ ။
အျပင္ဘက္ေမွာင္ရိပ္ကသၫ့္ အေဆာက္အဦး၏ ေထာင့္တစ္ေနရာတြင္ Shun က ပ်င္းရိသၫ့္ အမႈအရာျဖင့္ ရပ္ေနခဲ့သည္ ။ အေၾကာင္းအရာကို သိသြားသၫ့္တိုင္ သူက လႈပ္ရွားဖို႔ ရည္ရြယ္ခ်က္မရိွေသးေပ ။ သူက သစ္ပင္ေပၚတြင္ လဲေလ်ာင္းရန္ထြက္သြားေတာ့သည္ ။
သစ္ပင္ေအာက္တြင္ ရပ္ေစာင့္ေနသၫ့္ Andoshi အား ေတြ့လိုက္ရခ်ိန္ မ်က္ဝန္းတို႔က က်ဉ္းေျမာင္းသြားသည္။ ထိုအမႈအရာအာ ျမင္လိုက္ရသၫ့္ Andoshi က ႏူတ္ခမ္းမဲ့လိုက္ကာ " ေဟးးေဟးး ငါက မင္းကို လာသတ္တဲ့ လူလည္း မဟုတ္ဘူး .. ဘာလို႔ အၿမဲတင္းမာေနတဲ့ မ်က္ႏွာႀကီးလဲ "
" အဲ့ဒါဆို မလာနဲ႔ .." Shun က ဂရုမစိုက္ဟန္ ေျပာလိုက္သည္ ။ အခါတိုင္း သူ ကူးေျပာင္းၿပီးတာနဲ႔ မၾကာခင္ေတြ့ရတတ္သၫ့္ သူ႔ခ်စ္သူက ယခု ေပ်ာက္ေနရာ သူမ်က္ႏွာႀကီးက ၿဖီးေနရင္ကမွ ထူးဆန္းမည္ ျဖစ္သည္ ။ ယခု စံုစမ္းေနရသၫ့္ အေၾကာင္းမွာလဲ ထိုအခ်က္က အဓိကပါေသးသည္ ။ သူက ဒီအျဖစ္အပ်က္တြင္ ရွာေတြ့လိမ့္မည္ဟု ခံစားရေသာေၾကာင့္ပင္ ။
Andoshi က ခနမ်ွတြန႔္ဆုတ္ၿပီးေနာက္ ေျပာလာသည္ ။ " အရင္ေန့က မင္းေျပာတဲ့အေၾကာင္း စဉ္းစားေနတာ ငါသိခ်င္ !!! ေဟ့ ငါေျပာလို႔မၿပီးေသးဘူးဟ အရူးရ .. ဆင္းလာခဲ့ ဦး ေဟ့ " သူေျပာေနရင္း တန္းလန္းပင္ သစ္ပင္ေပၚသို႔ ခုန္တက္သြားသၫ့္ Shun ေၾကာင့္ ေဒါသထြက္သြားသည္။ သူက တက္ရိုက္ခ်င္ေသာ္ျငား ျမင့္မားလွသၫ့္ သစ္ပင္က သူ႔အား စိတ္ဓာတ္က်ေစသည္ ။ဒီေလာက္ျမင့္တဲ့ အပင္ကို အသာေလးခုန္တတ္သြားသည္ကို ေတြးမိလိုက္ေသာအခါ Andoshi ၏ ေဒါသေလး က ေလတစ္ခ်က္အေဝ႔ွတြင္ ေပ်ာက္ကြယ္သြားသည္ ။ ' ဒီမေကာင္းဆိုးရြားကို ဘယ္သူက ေဒါသထြက္ရဲမွာလဲ ... အားးး ငါ တျခားကမ႓ာက အေၾကာင္းသိခ်င္ပါတယ္ဆို ..အားးး Shun အရူးေကာင္ '
" အရူးေကာင္ Shun "
***
ေနာက္ဆံုးတြင္ Shun ရဲ့ စိတ္ရွည္သည္းခံမႈ မကုန္ခမ္းခင္ သံုးရက္အၾကာ ေရာက္လာေလသည္ ။ ေဂဟာမွဴး Dia သည္ သတၴုတြင္းအတြက္ လူလိုသည္ဟု ဆိုကာ ၁၃ ႏွစ္နဲ႔ အထက္ လူမ်ားအား ေခၚေဆာင္လာခဲ့သည္ ။ သူမ၏ အေၾကာင္းျပခ်က္ကေတာ့ ' မင္းေလးတို႔ ထြက္သြားတဲ့အခါ ေငြတခ်ိဳ႕ စုမိေဆာင္းဖို႔ ' ဟူ၍ပင္ ။
" ေဟ့ .. Shun မင္း ေငြအမ်ားႀကီးရိွရင္ ဘာလုပ္မလဲ " အနားသို႔ကပ္ကာ ခပ္တိုးတိုးေျပာလာသၫ့္ Andoshi အား စိတ္ပ်က္ၿငီးေငြ့ေနသၫ့္အၾကၫ့္ျဖင့္ ၾကၫ့္လိုက္ၿပီး ေဘးသို႔တြန္းလိုက္သည္ ။ သူ႔မ်က္ႏွာေပၚတြင္ စကားမေျပာခ်င္ဘူး ဟု ေရးထားသၫ့္ အမႈအရာျဖစ္သည္ ။
သူဒီေလာက္ ေျပာေနသၫ့္တိုင္ ဘာလို႔ လာလာ စကားေျပာေနသလဲ ေတြးၾကၫ့္လို႔ပင္မရေခ် ။ ' သူက တကယ္ႀကီး ငါ သူ႔ကို မသတ္ဘူးလို႔ ထင္ေနတာလား ' ထိုသို႔ ေတြးေနစဉ္မွာပင္ ပုခံုးထက္သို႔ လက္ကေရာက္လာျပန္သည္ ။ မမိတမွီ ကုတ္တက္ေနပံုရသၫ့္ Andoshi ငပုေကာင္အား Shun က မည္သို႔ စီရင္ရမည္ မသိေတာ့ေခ် ။ ' ဒီသခင္ေလးက ၾကင္နာတတ္တဲ့သူ .. ကေလးေတြကို မသတ္ဘူး ဟုတ္ၿပီလား '
Shun က ခပ္တည္တည္ျဖင့္ Andoshi အား ေျပာလိုက္သည္ ။ " အခုသြားေနတဲ့ ေနရာက သတၴုတြင္ မဟုတ္ဘူး . ေဂဟာမွဴးက မင္းတို႔ကို ေရာင္းစားမလို႔ "
Andoshi : "..." စကားကို ယံုခ်င္စရာမေကာင္းေအာင္ ေျပာတဲ့ေနရာမွာေတာ့ ထိပ္တန္းဘဲ ..
သူက ေခါင္းကို အေလးအနက္ၿငိမ့္ကာ လက္ႏွစ္ဖက္ကို ဆန႔္တန္းလိုက္သည္ ။ ' ငါယံုတယ္ .. သူငယ္ခ်င္း ..ငါမင္းကို ကာကြယ္သြားမယ္ ..' အဲ့လိုေျပာေစခ်င္တာလား ။ Andoshi ၏ အက်င့္ပါေနသၫ့္လက္ကာ Shun ၏ လက္ေမာင္းအား ရိုက္လိုက္သည္ ။ ေလကိုသာ ရိုက္မိလိုက္ေသာ္လည္း သူက က်ိန္ဆဲလိုက္ေသးသည္ ။ " Shun .. ထူးဆန္းတဲ့ေကာင္ .. မဟုတ္တာေတြ ေျပာမေနနဲ႔ .. ရယ္လဲ မရယ္ရဘူး "
" ေဟ့ .. ေဟ့ မင္းတို႔ေကာင္ေတြ ဘာဆူေနတာလဲ .. တိတ္တိတ္ေနစမ္း !! " Zen က ရုတ္တရက္ေရာက္ခ်လာကာ ေအာ္ဟစ္လိုက္သည္ ။ သူ႔အား ေဂဟာမွဴးက ေခါင္းေဆာင္ေနရာ ထားေသာေသာေၾကာင့္ ေအာ္ေငါက္ခြင့္ရိွေနသည္ကေတာ့ အမွန္ပင္ ။ တလမ္းလံုး Shun အား ေအာ္ေျပာေနသည္မွာ ယခုတစ္ေခါက္တင္မဟုတ္ေပ ။ သို႔ေသာ္ အေခါက္တိုင္း တဖက္လူက သူ႔အား ၾကၫ့္ပင္မၾကၫ့္ေသာေၾကာင့္ သူမွာ ဝါဂြမ္းကို လက္နဲ႔ ထိုးလိုက္ရသလိုသာ ခံစားရသည္ ။
Shun သည္ ေဘးနားတြင္ လိုက္ပါလာသၫ့္ Mana စြမ္းအင္မ်ားကို သတိထားေနေသာေၾကာင့္ ထိုကဲ့သို႔ အေသးအမႊားေလးအား အာရံုမစိုက္မိေပ ။ ထိုစြမ္းအင္မ်ားသည္ ေသခ်ာဖံုးကြယ္ထားေသာ္လည္း ေသြးထိန္းခ်ဳပ္သူျဖစ္သၫ့္ သူ႔အတြက္ အာရံုခံမိဖို႔ အလြယ္ဆံုးပင္ ။ သူ အာရံုမွ ကင္းလြတ္သၫ့္အရာမွာ ရုပ္ေသးပညာရွင္မ်ား၏ ရုပ္ေသးလက္နက္မ်ားသာ ျဖစ္သည္ ။ ထိုရုပ္ေသးမ်ားကေတာင္ အေသြးအသားနဲ႔ လုပ္ထားလ်ွင္ သူ႔လက္မွ လြတ္မည္ မဟုတ္ေပ ။
သူက ပါးစပ္အား လက္ျဖင့္အုပ္ကာ က်ိတ္ရယ္ေနသၫ့္ Andoshi အား ပိတ္ကန္လိုက္သည္။
" တိတ္စမ္း ! ေခြးေကာင္ "
__________________
Comment က နည္းလိုက္တာ မႀကိဳက္ၾကဘူးလား 🥺❤️
အလွေလးကို ေစာင့္ေနတာဆိုရင္ေတာ့ မျဖစ္ႏိုင္ပါဘူး .. သာသာ အပိုင္သိမ္းထားတာမို႔ .. 😗
Shun : ေသဖို႔ေတာင္းဆိုေနတဲ့သူကို သတ္ေပးပါ့မယ္
" တစ္ခြန္းမွ မဟမိ !!! "
ဇြပ္!!!
" ... " အလွေလးပါသြားၿပီ 🥺*အာ .. ဒါဆို ေနာက္အပိုင္းမွာ ပါလာေတာ့မွာ ..
_______________
Unicode
" Regis Sama .. ဂေဟာက လူတွေက ဘာမှသိတဲ့ပုံမပေါ်ဘူး .. " ရွှေဝါရောင်ဆံပင်နဲ့ မိန်းကလေးတစ်ဦးက ဆံစတို့အား နားနောက်သို့ သပ်တင်ကာ ပြောလိုက်သည် ။ Regis ၏ လက်ချောင်းများက ခုံကို ခပ်ဖွဖွခေါက်နေခဲ့ပြီး အတွေးထဲ နစ်ဝင်နေခဲ့သည် ။
" သူတို့ နောက်တစ်ခါလှုပ်ရှားမှာကို စောင့်ရတော့မယ်ထင်တယ် .. သေချာစောင့်ကြည့်ထားလိုက် .. Loyar ရဲ့ အခြေအနေက ဘယ်လိုလဲ .."
" သူမက ဝင်ခွင့်ရလောက်တဲ့အထိတော့ လေ့ကျင့်ပြီးပါပြီ .." သူမက ပြောရင်း ခပ်ဖွဖွပြုံးကာ Regis ၏ မေးစေ့အား လက်လေးဖြင့် အသာမလိုက်သည် ။ " Regis Sama .. ကျွန်မ သဝန်တိုနေတယ် .."
Regis ၏ နူတ်ခမ်းတောင့်စွန်းက မြင့်တက်သွားကာ သူ့ရဲ့ချောမောသည့် ရုပ်ရည်အား အားဖြည့်ပေးလိုက်သလိုပင် ။ သူက လက်ညိုးကို အသုံးပြုကာ ဖယ်ရှားလိုက်ပြီး " အသုံးမဝင်တဲ့ ခံစားချက်တွေက မင်းရဲ့လမ်းကြောင်းကို ပိတ်နေစေလိမ့်မယ် .." ဟုဆိုကာ အခန်းထဲမှ ထွက်ခွာသွားသည် ။
**
" ရူးနေလား ?? ဒီနှစ် ဆယ်ယောက်တောင် ပို့ပြီးပြီလေ .. အခု ဂေဟာမှာ မိန်းကလေး အချိုးက အရမ်းနည်းနေပြီ " မှောင်မဲနေသည့် အခန်းတစ်ခုတွင် ဂေဟာမှူး၏ မျက်နှာက ခက်ထန်နေခဲ့သည် ။ သူမနဲ့ မျက်နှာချင်းဆိုင်တွင် ထွားကြိုင်းသည့် သက်လတ်ပိုင်းလူတစ်ယောက်က ဆေးတံကို ကိုက်လျက် ထိုင်နေခဲ့သည် ။ ထိုလူ၏ မျက်နှာက ရှုံ့မဲ့သွားသည် ။ " ဟမ့်.. Dia မင်း Gusius နဲ့ အဆက်အသွယ်လုပ်နေတာ ငါမသိဘူးမထင်နဲ့ .. သူဆီရောက်သွားတဲ့ မိန်းကလေးတွေက ငါဆီကထက် ပိုများတယ် .."
ဂေဟာမှူး၏ အမှုအရာက ကြောက်ရွံ့ထိတ့်လန့်သည့်ဘက်သို့ ပြောင်းသွားခဲ့သည် ။ သူမက ကတုန်ကယင်ဖြင့် " သူတို့လိုတာက မိန်းကလေး မဟုတ်ဘူး .. ရှင်မှားနေပြီ .."
သက်လတ်ပိုင်းလူက စိတ်မရှည်တော့ဟန် ထရပ်လိုက်ပြီး Dia ၏ လည်မျိုအား ဆုပ်ကိုင်ထားလိုက်သည် ။ " ငါဂရုမစိုက်ဘူး .. အကုန်လုံးက ငါ့ဆီဘဲ ရောက်ရမယ်.."
" ကောင်းပါပြီ.. ကောင်းပါပြီ .. နောက်သုံးရက်ဘဲ စောင့်ပါ " Dia က အသက်ရှုရခက်နေသည့်ကြားထဲကပင် သေချာပြောလိုက်သည် ။
အပြင်ဘက်မှောင်ရိပ်ကသည့် အဆောက်အဦး၏ ထောင့်တစ်နေရာတွင် Shun က ပျင်းရိသည့် အမှုအရာဖြင့် ရပ်နေခဲ့သည် ။ အကြောင်းအရာကို သိသွားသည့်တိုင် သူက လှုပ်ရှားဖို့ ရည်ရွယ်ချက်မရှိသေးပေ ။ သူက သစ်ပင်ပေါ်တွင် လဲလျောင်းရန်ထွက်သွားတော့သည် ။
သစ်ပင်အောက်တွင် ရပ်စောင့်နေသည့် Andoshi အား တွေ့လိုက်ရချိန် မျက်ဝန်းတို့က ကျဉ်းမြောင်းသွားသည်။ ထိုအမှုအရာအာ မြင်လိုက်ရသည့် Andoshi က နူတ်ခမ်းမဲ့လိုက်ကာ " ဟေးးဟေးး ငါက မင်းကို လာသတ်တဲ့ လူလည်း မဟုတ်ဘူး .. ဘာလို့ အမြဲတင်းမာနေတဲ့ မျက်နှာကြီးလဲ "
" အဲ့ဒါဆို မလာနဲ့ .." Shun က ဂရုမစိုက်ဟန် ပြောလိုက်သည် ။ အခါတိုင်း သူ ကူးပြောင်းပြီးတာနဲ့ မကြာခင်တွေ့ရတတ်သည့် သူ့ချစ်သူက ယခု ပျောက်နေရာ သူမျက်နှာကြီးက ဖြီးနေရင်ကမှ ထူးဆန်းမည် ဖြစ်သည် ။ ယခု စုံစမ်းနေရသည့် အကြောင်းမှာလဲ ထိုအချက်က အဓိကပါသေးသည် ။ သူက ဒီအဖြစ်အပျက်တွင် ရှာတွေ့လိမ့်မည်ဟု ခံစားရသောကြောင့်ပင် ။
Andoshi က ခနမျှတွန့်ဆုတ်ပြီးနောက် ပြောလာသည် ။ " အရင်နေ့က မင်းပြောတဲ့အကြောင်း စဉ်းစားနေတာ ငါသိချင် !!! ဟေ့ ငါပြောလို့မပြီးသေးဘူးဟ အရူးရ .. ဆင်းလာခဲ့ ဦး ဟေ့ " သူပြောနေရင်း တန်းလန်းပင် သစ်ပင်ပေါ်သို့ ခုန်တက်သွားသည့် Shun ကြောင့် ဒေါသထွက်သွားသည်။ သူက တက်ရိုက်ချင်သော်ငြား မြင့်မားလှသည့် သစ်ပင်က သူ့အား စိတ်ဓာတ်ကျစေသည် ။ဒီလောက်မြင့်တဲ့ အပင်ကို အသာလေးခုန်တတ်သွားသည်ကို တွေးမိလိုက်သောအခါ Andoshi ၏ ဒေါသလေး က လေတစ်ချက်အဝှေ့တွင် ပျောက်ကွယ်သွားသည် ။ ' ဒီမကောင်းဆိုးရွားကို ဘယ်သူက ဒေါသထွက်ရဲမှာလဲ ... အားးး ငါ တခြားကမ်ဘာက အကြောင်းသိချင်ပါတယ်ဆို ..အားးး Shun အရူးကောင် '
" အရူးကောင် Shun "
***
နောက်ဆုံးတွင် Shun ရဲ့ စိတ်ရှည်သည်းခံမှု မကုန်ခမ်းခင် သုံးရက်အကြာ ရောက်လာလေသည် ။ ဂေဟာမှူး Dia သည် သတၴုတွင်းအတွက် လူလိုသည်ဟု ဆိုကာ ၁၃ နှစ်နဲ့ အထက် လူများအား ခေါ်ဆောင်လာခဲ့သည် ။ သူမ၏ အကြောင်းပြချက်ကတော့ ' မင်းလေးတို့ ထွက်သွားတဲ့အခါ ငွေတချို့ စုမိဆောင်းဖို့ ' ဟူ၍ပင် ။
" ဟေ့ .. Shun မင်း ငွေအများကြီးရှိရင် ဘာလုပ်မလဲ " အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလာသည့် Andoshi အား စိတ်ပျက်ငြီးငွေ့နေသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ဘေးသို့တွန်းလိုက်သည် ။ သူ့မျက်နှာပေါ်တွင် စကားမပြောချင်ဘူး ဟု ရေးထားသည့် အမှုအရာဖြစ်သည် ။
သူဒီလောက် ပြောနေသည့်တိုင် ဘာလို့ လာလာ စကားပြောနေသလဲ တွေးကြည့်လို့ပင်မရချေ ။ ' သူက တကယ်ကြီး ငါ သူ့ကို မသတ်ဘူးလို့ ထင်နေတာလား ' ထိုသို့ တွေးနေစဉ်မှာပင် ပုခုံးထက်သို့ လက်ကရောက်လာပြန်သည် ။ မမိတမှီ ကုတ်တက်နေပုံရသည့် Andoshi ငပုကောင်အား Shun က မည်သို့ စီရင်ရမည် မသိတော့ချေ ။ ' ဒီသခင်လေးက ကြင်နာတတ်တဲ့သူ .. ကလေးတွေကို မသတ်ဘူး ဟုတ်ပြီလား '
Shun က ခပ်တည်တည်ဖြင့် Andoshi အား ပြောလိုက်သည် ။ " အခုသွားနေတဲ့ နေရာက သတၴုတွင် မဟုတ်ဘူး . ဂေဟာမှူးက မင်းတို့ကို ရောင်းစားမလို့ "
Andoshi : "..." စကားကို ယုံချင်စရာမကောင်းအောင် ပြောတဲ့နေရာမှာတော့ ထိပ်တန်းဘဲ ..
သူက ခေါင်းကို အလေးအနက်ငြိမ့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည် ။ ' ငါယုံတယ် .. သူငယ်ချင်း ..ငါမင်းကို ကာကွယ်သွားမယ် ..' အဲ့လိုပြောစေချင်တာလား ။ Andoshi ၏ အကျင့်ပါနေသည့်လက်ကာ Shun ၏ လက်မောင်းအား ရိုက်လိုက်သည် ။ လေကိုသာ ရိုက်မိလိုက်သော်လည်း သူက ကျိန်ဆဲလိုက်သေးသည် ။ " Shun .. ထူးဆန်းတဲ့ကောင် .. မဟုတ်တာတွေ ပြောမနေနဲ့ .. ရယ်လဲ မရယ်ရဘူး "
" ဟေ့ .. ဟေ့ မင်းတို့ကောင်တွေ ဘာဆူနေတာလဲ .. တိတ်တိတ်နေစမ်း !! " Zen က ရုတ်တရက်ရောက်ချလာကာ အော်ဟစ်လိုက်သည် ။ သူ့အား ဂေဟာမှူးက ခေါင်းဆောင်နေရာ ထားသောသောကြောင့် အော်ငေါက်ခွင့်ရှိနေသည်ကတော့ အမှန်ပင် ။ တလမ်းလုံး Shun အား အော်ပြောနေသည်မှာ ယခုတစ်ခေါက်တင်မဟုတ်ပေ ။ သို့သော် အခေါက်တိုင်း တဖက်လူက သူ့အား ကြည့်ပင်မကြည့်သောကြောင့် သူမှာ ဝါဂွမ်းကို လက်နဲ့ ထိုးလိုက်ရသလိုသာ ခံစားရသည် ။
Shun သည် ဘေးနားတွင် လိုက်ပါလာသည့် Mana စွမ်းအင်များကို သတိထားနေသောကြောင့် ထိုကဲ့သို့ အသေးအမွှားလေးအား အာရုံမစိုက်မိပေ ။ ထိုစွမ်းအင်များသည် သေချာဖုံးကွယ်ထားသော်လည်း သွေးထိန်းချုပ်သူဖြစ်သည့် သူ့အတွက် အာရုံခံမိဖို့ အလွယ်ဆုံးပင် ။ သူ အာရုံမှ ကင်းလွတ်သည့်အရာမှာ ရုပ်သေးပညာရှင်များ၏ ရုပ်သေးလက်နက်များသာ ဖြစ်သည် ။ ထိုရုပ်သေးများကတောင် အသွေးအသားနဲ့ လုပ်ထားလျှင် သူ့လက်မှ လွတ်မည် မဟုတ်ပေ ။
သူက ပါးစပ်အား လက်ဖြင့်အုပ်ကာ ကျိတ်ရယ်နေသည့် Andoshi အား ပိတ်ကန်လိုက်သည်။
" တိတ်စမ်း ! ခွေးကောင် "
__________________
Comment က နည်းလိုက်တာ မကြိုက်ကြဘူးလား 🥺❤️
အလှလေးကို စောင့်နေတာဆိုရင်တော့ မဖြစ်နိုင်ပါဘူး .. သာသာ အပိုင်သိမ်းထားတာမို့ .. 😗
Shun : သေဖို့တောင်းဆိုနေတဲ့သူကို သတ်ပေးပါ့မယ်
" တစ်ခွန်းမှ မဟမိ !!! "
ဇွပ်!!!
" ... " အလှလေးပါသွားပြီ 🥺*အာ .. ဒါဆို နောက်အပိုင်းမှာ ပါလာတော့မှာ ..
_______________