ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

71

8.3K 1.6K 65
By Melinoe_Megami

Unicode

“ဟော်ရူယန်ကို မဖြစ်သေးတဲ့ ကိစ္စတွေကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတ်ပစ်လိုက်တာလား..?”

ရွှယ်ယို့ရှန်းက ဆက်ပြီးခန့်မှန်းကြည့်လိုက်တယ်။ နည်းနည်းလောက် ထပ်ပြီး ခန့်မှန်းကြည့်လိုက်ရင် အမှန်တရားကို တီးခေါက်နိုင်လိမ့်မယ်လို့ သူယုံကြည်တယ်။ ဘာပဲပြောပြော ဟောရူယန်ဆိုတာ သူ့ဝတ္ထုထဲက အရေးပါတဲ့ အမျိုးသမီးဇာတ်ပို့တစ်ယောက်ပဲလေ။ ဒီလို အစောကြီး သေသွားခဲ့ရတဲ့အတွက် စာရေးဆရာဖြစ်တဲ့သူက အမှန်တရားကို သိရမှဖြစ်မယ်။

ပြီးတော့ အနာဂတ်မှာလည်း ဒီလိုနားမလည်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိလာနိုင်သေးတော့ ကိုယ့်စိတ်ကိုယ် ကြိုတင်ပြင်ဆင်ထားမှရမယ်။ အစတုန်းကတော့ သတိမထားမိခဲ့ပေမယ့် အခုတော့ စိတ်ပူလာခဲ့ရပြီ။ ဟော်ရူယန်ရဲ့ သေဆုံးမှုက ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုကို ဇာတ်ကြောင်းပြောင်းသွားစေနိုင်လောက်လား..? အဲ့လိုသာဖြစ်ခဲ့ရင် စာရေးသူအနေနဲ့ သူသိထားသမျှ ဇာတ်ကြောင်းတွေက သုံးစားလို့မရတော့ဘူးဟ..!!!

“ဟုတ်တယ် ဒါပေမဲ့ မဟုတ်သေးဘူး..”

ရင်းဆုယဲ့က အခုထိ အလျော့မသေးတဲ့ ကောင်လေးကို ကြည့်ရင်း စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်တယ်။

“…………….”

ဒီလိုမသေချာမရေရာတဲ့ အဖြေမျိုးနဲ့ ရင်းဆုယဲ့က သူ့ကို နောက်ပြောင်နေတာလား..? ရင်းဆုယဲ့ရဲ့ ‘ဒီလိုလည်းမဟုတ်၊ ဟိုလိုလည်းမဟုတ်’ တဲ့အဖြေကြောင့် သူ့ရဲ့ IQ ကိုတောင် ပထမဆုံးအကြိမ်အနေနဲ့သံသယဝင်မိလာခဲ့ပြီ။

အမှန်တရားကို သိချင်နေတာဟ..!

လူတစ်ယောက်ရဲ့ သိချင်စိတ်ကို ဒီလိုမျိုးအဖြေတွေနဲ့ မကျီစားပါနဲ့လား..!!!

ရင်းဆုယဲ့.. ခင်ဗျားက လူကြီးလူကောင်းမဆန်လိုက်တာ..!!!

“အမှန်တရားကို ဒီအတိုင်း ပြောပြလိုက်လို့မရဘူးလား..?”

ရွှယ်ယို့ရှန်းက နှုတ်ခမ်းထော်ပြီး ခြေဆောင့်ပစ်လိုက်တယ်။ ထို့နောက် ရင်းဆုယဲ့အား မကျေမနပ် စိုက်ကြည့်လိုက်တယ်။

ခက်ခက်ခဲခဲတွေ မလုပ်ချင်တော့ဘူး။ လွယ်ကူတယ်တဲ့ နည်းလမ်းကိုပဲ သုံးတော့တယ်။ လိုချင်တာရဖို့အတွက်ဆိုရင် သူ့ရဲ့ပုံရိပ်ကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။ ချစ်စဖွယ်အမူအယာလေးလုပ်ပြီး တစ်ဖက်လူ အလျော့ပေးလာအောင် ကြိုးစားကြည့်ရမှာပဲ။

“အမှန်တရားက ကိုယ့်ရဲ့လျှို့ဝှက်ချက်နဲ့ဆက်စပ်နေတယ်.. သိချင်တာသေချာလို့လား..?”

ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့ စိတ်ကောက်သလို အပြုအမူလေးကို သဘောကျပေမယ့် အခုက အချိန်ကောင်းမဟုတ်သေးဘူး။ ဒီကောင်လေးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှဖြစ်မယ်။ ဒီတစ်ခေါက်အခွင့်အရေးကို လွတ်သွားရင် နောက်ထပ် ဘယ်လောက်ထပ်စောင့်ရမလဲဆိုတာကို ဘယ်သူသိမှာလဲ..?

“……………”

ထိုစကားကို ကြားလိုက်ရ‌တော့ ရွှယ်ယို့ရှန်းရဲ့မျက်နှာက ဖြူဖျော့သွားခဲ့တယ်။ သူက အမှန်တရားကို သိချင်ရုံပါ၊ လျှို့ဝှက်ချက်ကို ထုတ်မပြောရရင် ခင်ဗျားသေတော့မှာမလို့လား.. ဟမ်..?

နေစမ်းပါဦး..! ဒီကိစ္စက ရင်းဆုယဲ့ရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတာဆိုရင် ဟော်ရူယန်ကို ထည့်တွေးစရာမလိုတော့ဘူးပေါ့။ သူ့ရဲ့အာရုံကို ရင်းဆုယဲ့အပေါ်မှာပဲ စူးစိုက်ထားရတော့မယ်။

ရင်းဆုယဲ့နဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့အရာက ဘာများပါလိမ့်..?

မူမမှန်တာတွေမှ အများကြီးပဲ..! အဆိုးဆုံးအချက်ကတော့ ရင်းဆုယဲ့က သူနဲ့တွေ့ဆုံခဲ့ရတာပဲ။ အဲ့အချိန်ကတည်းက ဇောင်းထဲကလွှတ်လိုက်တဲ့မြင်းလို ထိန်းမရသိမ်းမရ၊ ပြန်လှည့်လို့ကိုမရတော့ဘူး..!

အရင်တုန်းကတော့ ဇာတ်ကြောင်းပြောင်းလဲသွားတာက သူ့ရဲ့ဝိဉာဉ်ကူးပြောင်းလာတာကြောင့်လို့ ထင်မှတ်ထားခဲ့တယ်။ အထူးသဖြင့် ကြာပန်းခူးခဲ့တုန်းကပေါ့။ သူ့ရဲ့လုပ်ရပ်ကြောင့် အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆထားခဲ့တယ်။ ဒါပေမဲ့ ခုလိုအခြေအနေမျိုးအထိ ဆင့်ကဲပြောင်းလဲသွားစရာလိုလို့လား..?

အရင်ကမတွေးမိခဲ့ပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ သူ့ရဲ့ဝိဉာဉ်ကူးပြောင်းလာခြင်းအပြင် ရင်းဆုယဲ့ရဲ့ အကျင့်စရိုက်ပြောင်းလဲနေမှုကလည်း သံသယဖြစ်ဖို့ကောင်းတယ်။ ပြီးတော့ ရင်းဆုယဲ့ရဲ့ အပြုအမူတွေအားလုံးက သူ့ဝတ္ထုထဲကဇာတ်ကောင်နဲ့ အရမ်းကွာခြားလွန်းနေတယ်။

အခု ရင်းဆုယဲ့ မြို့တော်ကို ပြန်ချင်နေတာက တကယ်ပဲ သူ့ကြောင့်လား..?

ပွင့်ဖတ်ကိုးလွှာကျောက်စိမ်းကြာပွင့်ကို စားပြီးတဲ့နောက် ရင်းဆုယဲ့ရဲ့ စွမ်းအားတိုးတက်လာမှုက သူတွက်ချက်ထားတာထက် ပိုများလွန်းနေသလိုပဲ..!

ဟော်ရူယန်အပေါ် သူ့ရဲ့ဆက်ဆံပုံကလည်း လုံးဝကွဲပြားသွားတယ်..!

နှစ်မျိုးပေါင်းကျင့်ကြံခြင်းစွမ်းရည် နိုးထလာခဲ့တဲ့အချိန်ကလည်း လုံးဝကိုက်ညီမှုမရှိဘူး..!

သံသယဝင်စရာအချက်တွေကို ချရေးကြည့်မယ်ဆိုရင် တကယ့်ကို အများကြီးပဲဟ..!

တွေးကြည့်လေ ပိုပြီးသံသယဝင်စရာကောင်းလေပဲ.. ဟုတ်တယ်မလား..?!

အခုချိန်မှာ ရင်းဆုယဲ့ရဲ့ ကော်လံကို ကိုင်ပြီး အော်ဟစ်ပစ်လိုက်ချင်တယ်။

“ကျုပ်ကိုပြောစမ်း..! ခင်ဗျားရူးနေတာလား..? ဒါမှမဟုတ် အကြားအမြင်ရနေတာလား..? ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတာလား..? ဝိဉာဉ်ကူးပြောင်းလာတာလား..?”

ရုတ်တရက် ရွှယ်ယို့ရှန်းတစ်ယောက် ‘ဟား.. ဟား.’ လို့သာ စိတ်ထဲမှာ အော်ရယ်လိုက်မိတယ်။ ဒီလိုပေါက်ကရတွေ တွေးနေမိတာက ထိန်းမရတော့ဘူးဟ..! သေချာပေါက် စာတွေအများကြီးဖတ်ခဲ့တဲ့၊ ဝတ္ထုတွေရေးခဲ့တဲ့ ဆိုးကျိုးပဲ ဖြစ်ရမယ်..!

လူတစ်ယောက် နည်းနည်းလေး ထူးဆန်းနေတာနဲ့ ပြန်မွေးဖွားလာတာလား..? ဝိဉာဉ်ကူးပြောင်းလာတာလား..? ဆိုပြီး ထင်မြင်မိနေတော့တာပဲ။

‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုကို သူရေးသားခဲ့တာဆိုတော့ အရာအားလုံးက သူနဲ့ရင်းနှီးနေပြီးသားလေ။ အဓိကဇာတ်ကောင်ရဲ့ အတုမရှိတဲ့ စွမ်းရည်တွေကို ပိုပြီးထင်ရှားအောင် ဟွမ်ပေ့ချန်ကို တစ်ဦးတည်းသော ဝိဉာဉ်ကူးပြောင်းသူအဖြစ် ရေးသားခဲ့တယ်။ အမျိုးသမီးဇာတ်လိုက်၊ ဇာတ်ပို့ဇာတ်ကောင်တွေနဲ့ ဗီလိန်တွေဆိုတာ ဒီကမ္ဘာကြီးနဲ့အတူ မွေးဖွားလာတဲ့လူတွေချည်းပဲ..!

‘ပြန်လည်မွေးဖွားခြင်း’လိုမျိုး ရှုပ်ရှုပ်ထွေးထွေး ဇာတ်ကြောင်းတွေ မထည့်ထားခဲ့ပါဘူး..! အဲ့တော့ ဗီလိန်ကြီးရင်းဆုယဲ့အတွက် ဒီလိုမျိုး Golden Finger (Cheat) တစ်ခုရှိလာဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပဲ..!

“မင်းဘာပြောလိုက်တာလဲ..?”

ရင်းဆုယဲ့ရဲ့ သူငယ်အိမ်က အနည်းငယ်ကျုံ့သွားခဲ့ပြီး အန္တရာယ်အငွေ့အသက်တချို့ ဖြတ်ပြေးသွားခဲ့တယ်။ နီရဲနေတဲ့ မျက်ဝန်းတွေနဲ့အတူ သူ့ရဲ့ စိတ်ဝိဉာဉ်တစ်ခုလုံး တင်းကျပ်သွားသလိုပဲ။ ရွှယ်ယို့ရှန်းက သူ့အကြောင်း ခန့်မှန်းနိုင်လိုက်တာလား..?

ရွှယ်ယို့ရှန်းက အတွေးလွန်နေတာလား၊ ဒါမှမဟုတ် အော်ပြီးတွေးတတ်တဲ့ အကျင့်ရှိတာလားဆိုတာ သေချာမသိပေမယ့် တွေးတောနေရင်း အသံတိုးတိုးလေးနဲ့ရေရွတ်နေခဲ့တယ်။ ကောင်လေးရဲ့အသံက အရမ်းတိုးညင်းပေမယ့် သူ့ရဲ့ လက်ရှိစွမ်းအားအဆင့်နဲ့ ဘယ်လိုလုပ်မကြားဘဲနေမှာလဲ..? အထူးသဖြင့် အခုလိုအရမ်းနီးကပ်နေတဲ့ အနေအထားမျိုးမှာပေါ့။ တကူးတက အာရုံစိုက်ပြီး နားထောင်နေစရာတောင် မလိုအပ်ဘူး။

“ဟမ်.. ကျွန်တော် ဘာပြောလိုက်လို့လဲ..?”

ပွစိပွစိရွတ်ပြီး တွေးတောနေတဲ့ ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ ဘာပြောလိုက်မှန်းမသိခဲ့ဘူး။ အဲ့တာကြောင့် တုံးအစွာ ပြန်မေးလိုက်သည်။ ပတ်ဝန်းကျင်ရဲ့ အေးစက်စက်လေထုကို သတိထားလိုက်မိတော့မှ ရွှယ်ယို့ရှန်းလည်း ခေါင်းမော့ကြည့်လိုက်သည်။ သူမြင်လိုက်ရတာက အေးစက်စက်အငွေ့အသက်တွေကို ထုတ်လွှတ်နေတဲ့ လူကြီးပဲ။

ရင်းဆုယဲ့က ဘာဖြစ်သွားရပြန်တာလဲ..?

အေးစက်နေတဲ့ လေထုကြောင့်သာမဟုတ်ရင် ရွှယ်ယို့ရှန်းလည်း သူ့ရဲ့အတွေးတွေကို ဖွင့်ချနေခဲ့မိမှန်း သိလိုက်မှာမဟုတ်ဘူး။ ထိုအခိုက်အတန့် တစ်စုံတရာ တွေးမိသွားတယ်။ ရင်းဆုယဲ့ရဲ့ လျှို့ဝှက်ချက်ကို မတော်တဆ ခန့်မှန်းမိလိုက်တာများလား..?

ရင်းဆုယဲ့ရဲ့ အမူအယာက တော်တော်လေး ပျက်ယွင်းနေသလိုပဲ..!!

နောက်တစ်စက္ကန့်၌ ရွှယ်ယို့ရှန်းရဲ့ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တယ်။ သူ,မပြောသင့်တာကို ပြောလိုက်မိတာများလား..! ဝိဉာဉ်ကူးပြောင်းခြင်းအကြောင်း..! သူ့ရဲ့လျှို့ဝှက်ချက်ကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ထုတ်ဖော်ပြသလို ဖြစ်သွားတာလား..?

Fu*k My Life..!!!

သူ့အတွေးနဲ့သူ ထိတ်လန့်နေတော့ ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ရဲ့ အံ့အားသင့်သွားတဲ့လေသံ၊ ပြီးတော့ မူမမှန်တဲ့ အမူအယာတွေကို သတိမထားမိလိုက်ဘူး။ အခုသူတွေးနေတာက သူ့ရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်မိပြီလားဆိုတာပဲ..!

ရွှယ်ယို့ရှန်းခမျာ သူ့ရဲ့နှလုံးသားလေးထဲမှာ ချောင်းစီးမတတ် ငိုကြွေးနေတော့တယ်။ ဘာလို့ ဒီလောက်လေးတောင် သတိမထားတတ်ရတာလဲကွာ..!

ထို့နောက် ရွှယ်ယို့ရှန်းလည်း စိတ်ဖိစီးလာတော့တယ်။ ဒီအတိုင်း ဝန်ခံလိုက်ရမလား..? ညှင်းပန်းနှိပ်စက်ခံရပြီးမှ ဝန်ခံတာမျိုးတော့ မဖြစ်ချင်ဘူး..!

ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့ အမူအယာကိုသာ တိတ်တိတ်လေး စောင့်ကြည့်နေလိုက်တယ်။ ကောင်လေးက ရုတ်တရက်ကြီး ဘာလို့စိတ်ဓာတ်ကျနေရတာလဲ..? သူနားမလည်နိုင်တော့ဘူး..!

‘ပြန်လည်မွေးဖွားခြင်း’ ဆိုတဲ့စကားလုံးကို ကြားလိုက်ရတုန်းက သူ့ရဲ့လျှို့ဝှက်ချက်ကို ရွှယ်ယို့ရှန်း ခန့်မှန်းမိသွားပြီလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ သူက တည်ငြိမ်နေသလောက် ကောင်လေးက သူ့ထက်ပိုပြီး စိတ်လှုပ်ရှားနေလေရဲ့။ ကြည့်ရတာ သူ့ရဲ့လျှို့ဝှက်ချက်ကို သတိမထားမိဘဲ သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်ကို မတော်တဆ ဖော်ထုတ်မိသွားတာများလား..?

အခုအချိန်မှ အမှန်တရားကို မရှာနိုင်ဘူးဆိုရင် နှစ်ဘဝပြန်လည်မွေးဖွားခဲ့တာတွေအားလုံးက အလကားဖြစ်ကုန်တော့မှာပေါ့..!

ကောင်လေးရဲ့ အမူအရာတိုင်းက ထွင်းဖောက်မြင်ရဖို့ လွယ်ကူလွန်းတယ်။ တစ်ချက်ကြည့်ရုံနဲ့ ခန့်မှန်းနေစရာ မလိုအောင်ပဲ။ ဒီတစ်ခေါက်တော့ စိတ်ရှည်လက်ရှည် စောင့်လိုက်ရင် သူသိချင်နေတဲ့ ကောင်လေးရဲ့ လျှို့ဝှက်ချက်ကို သိနိုင်လောက်မယ် ထင်တယ်။

ကောင်လေးရဲ့ ‘စကားလမ်းကြောင်းပြောင်းတဲ့ စွမ်းရည်’က တကယ့်ကို ကောင်းလွန်းပြီး သူ့ဘက်က အလိုက်အထိုက် စကားပြောပေးနေရလို့သာပေါ့။ မဟုတ်ရင် သူလိုချင်တဲ့အဖြေကို ရနေလောက်ပြီ။

ဒီကောင်လေး အရမ်းအားနည်းလွန်းပေမယ့် ချစ်ဖို့ကောင်းသားပဲ..!

“ခုနက ခင်ဗျားပြောလိုက်တာလေ.. ခင်ဗျားရဲ့လျှို့ဝှက်ချက်ကို သိချင်ရင် ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်နဲ့ အလဲအလှယ်လုပ်ရမယ်လို့ ဆိုလိုတာမလား..?”

အံကိုကြိတ်၊ စိတ်ကိုတင်းပြီး ရွှယ်ယို့ရှန်းလည်း ရိုးရိုးသားသားဝန်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ ရင်းဆုယဲ့ မခန့်မှန်းမိဘူးဆိုရင်တောင် သူတို့နှစ်ယောက်က အချိန်အကြာကြီး အတူတူနေရဦးမှာလေ။ ဒီလိုနမော်နမဲ့နိုင်ပုံနဲ့ နောက်ပိုင်းတွေမှာ ဟာကွက်တွေ ထပ်မဖော်ပြမိဘူးလို့ သူ့ကိုယ်သူ အာမ,မခံနိုင်ဘူး။ ဒီတစ်ကြိမ် လှည့်စားနိုင်ခဲ့ရင်တောင် ရင်းဆုယဲ့ရဲ့ ဉာဏ်ကြီးပုံမျိုးနဲ့ သိပ်မကြာခင် သိသွားလိမ့်မယ်။

‘စောစောသေတော့ မြန်မြန်ပြန်ဝင်စားလို့ရတာပေါ့..’

(TN : တကယ်သေမှာကိုဆိုလိုတာမဟုတ်ပါဘူး.. လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့သဘောမျိုးပါ။)

နောက်ဆုံးတော့ ရွှယ်ယို့ရှန်းက ဖွင့်ပြောရန် ဆုံးဖြတ်လိုက်တယ်။ ရင်းဆုယဲ့အကြောင်းကို ပိုသိလာလေ၊ ရင်းဆုယဲ့ကို မလိမ်ညာရဲလေပဲ။

ရင်းဆုယဲ့က ပြီးပြည့်စုံပြီး စေ့စပ်သေချာတဲ့လူမျိုး။ ဒီအမူအကျင့်ကြောင့် တခြားလူတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်ပေမယ့် သူ့အပေါ်လိမ်ညာခဲ့ရင်၊ သူ့ကိုသစ္စာဖောက်ခဲ့ရင်၊ သူ့ကိုနာကျင်အောင်လုပ်ရင် ဘယ်လိုမှ သည်းမခံတတ်ဘူး။

ရင်းဆုယဲ့လိုချင်တာက အသန့်စင်ဆုံး၊ အယုံကြည်ရဆုံးအရာမျိုးပေါ့။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အဲ့လိုအရာမျိုးလုံးဝမရှိဘူး။ အဲ့တော့ ရင်းဆုယဲ့ရဲ့ဇာတ်ကောင်က တခြားလူတွေကြောင့် ထိခိုက်နာကျင်မှုတွေပဲ ခံစားခဲ့ရတယ်။ ရင်းဆုယဲ့အတွက်တော့ ပိုပြီးနာကျင်လေ.. စိတ်ရိုင်းဝင်လာလေပဲ။

သူ့ရဲ့ စိတ်ဒဏ်ရာကြောင့် အစွန်းရောက်ပြီး သွေးဆာလာလိမ့်မယ်။ အဲ့အခါကျရင် အကြင်နာကင့်မဲ့ပြီး ရူးသွပ်နေတဲ့လူတစ်ဦး ဖြစ်သွားလိမ့်မယ်။ ဒီလိုလူစားမျိုးက တစ်စုံတစ်ရာကို စိတ်ပျက်သွားတာနဲ့ ဖျက်ဆီးပစ်လိမ့်မယ်။ ဒီအကျင့်စရိုက်တွေကြောင့်ပဲ ရင်းဆုယဲ့ရဲ့ အဆုံးသတ်က ဆိုးဆိုးဝါးဝါး ကံကြမ္မာမျိုး ဖြစ်နေခဲ့ရတာပေါ့။

မဟုတ်ရင် မြူနှင်းတောအုပ်ထဲမှာတုန်းက အဓိကဇာတ်ကောင်က သူ့အပေါ်သံသယဝင်မိတာနဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ပစ်မှာမဟုတ်ဘူးလေ။ ရင်းဆုယဲ့က တခြားလူတွေကို တိုက်ခိုက်ခဲ့တော့ အဓိကဇာတ်ကောင်နဲ့ အထင်လွဲမှုက ပိုပြီးနက်ရှိုင်းလာခဲ့တယ်။ အဲ့တာကြောင့်ပဲ နောင်တစ်ချိန်မှာ သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်အနေအထားအထိ ရောက်သွားရလိမ့်မယ်။

တကယ်လို့ ရင်းဆုယဲ့သာ ရှင်းပြခဲ့ရင် ရင်းဆုယဲ့နဲ့ အဓိကဇာတ်ကောင်ဟွမ်ပေ့ချန်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်က အဆုံးသတ်သွားမှာ မဟုတ်ဘူး။

ရင်းဆုယဲ့အကြောင်းကို နောကျေနေတဲ့ ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကို မလိမ်ညာရဲခဲ့ဘူး။ ပြီးတော့ သူကိုယ်တိုင် ဘယ်တော့မှမလိမ်ပါဘူးလို့ ကတိပေးခဲ့မိသေးတယ်။ ကတိပေးပြီးမှတော့ တည်ရတော့မှာပေါ့။ ဒါက လူတစ်ယောက်ရဲ့ ကျင့်ဝတ်ပဲ။ သခင်-အစေခံစာချုပ်ရှိနေသရွေ့ ရင်းဆုယဲ့က သူ့ကို နာကျင်အောင်လုပ်မှာ ကြောက်နေစရာမလိုဘူး။

ရင်းဆုယဲ့က သူ့ကို ‘ဝိဉာဉ်ကူးပြောင်းလာတဲ့လူ’မှန်း သိသွားခဲ့ရင်တောင် ဘာမှလုပ်မှာ မဟုတ်လောက်ပါဘူး..!

ရင်းဆုယဲ့ : “အင်း..”

နောက်ဆုံးတော့ ကောင်လေးက ပြောပြဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..!

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က အသာအယာ ကွေးတက်သွားခဲ့တယ်။

ရွှယ်ယို့ရှန်း : “ကောင်းပြီလေ.. ခင်ဗျားအရင်ပြောပြ.. ပြီးရင် ကျွန်တော်လည်း ပြောပြမယ်..”

ရွှယ်ယို့ရှန်းက ဝန်ခံဖို့ စိတ်ကိုပြင်ဆင်ထားပြီပြီဆိုပေမယ့် အရှုံးမရှိရလေအောင် ရင်းဆုယဲ့ကို အရင်ပြောခိုင်းလိုက်တယ်။ ဒီလိုပရိယာယ်မျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ထားတာ ဖြစ်သင့်တယ်မလား..?

“ကိုယ်က ပြန်လည်မွေးဖွားလာတာ..”

ရင်းဆုယဲ့ကတော့ ရွှယ်ယို့ရှန်း နောင်တရသွားမှာကို စိုးရိမ်မနေဘူး။  သူ့ဘဝရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကို ပြောပြလိုက်တယ်။

“ခင်ဗျားက ပြန်လည်မွေးဖွားလာတာ..?!”

ရွှယ်ယို့ရှန်းတစ်ယောက် အော်ဆဲခံလိုက်ရသလိုပဲ..! သူရေးခဲ့တဲ့ဝတ္ထုဆိုပြီး ဘဝင်မြင့်နေခဲ့တာလေ။ ရင်းဆုယဲ့က ဝတ္ထုထဲက ရင်းဆုယဲ့နဲ့ ထပ်တူညီနေမယ်လို့လည်း ထင်ခဲ့သေးတယ်။ ဒီစကားက သူ့ရဲ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သလိုပဲ..!

ရင်းဆုယဲ့.. ခင်ဗျားက တကယ်ကြီး ပြန်လည်မွေးဖွားလာတာလား..?

အဲ့တော့ မူလဇာတ်ကြောင်းပြောင်းလဲသွားခဲ့ရတာက သူ့ကြောင့်မဟုတ်ဘဲ ရင်းဆုယဲ့ကြောင့်ပေါ့။ ရင်းဆုယဲ့အစား သူက မတရားစွပ်စွဲခံခဲ့ရတာပဲ။ သူရေရွတ်တာကိုကြားပြီး ရင်းဆုယဲ့ အမူအယာပျက်သွားတာ မထူးဆန်းတော့ပါဘူး။ သူက ရင်းဆုယဲ့ရဲ့ လျှို့ဝှက်ချက်ကို ခန့်မှန်းနိုင်ခဲ့တာကိုး။ ဒီလိုဆိုတော့ ရင်းဆုယဲ့က သူ့ရဲ့လျှို့ဝှက်ချက်ကို ခန့်မှန်းနိုင်သွားတာ မဟုတ်ဘူးပေါ့..???

သူ့ကိုယ်သူ ရောင်းစားမိလိုက်ပြန်တာလား..? ကိုယ့်သေတွင်းကိုယ်တူးတဲ့နေရာမှာ ဘာလို့ဒီလောက်ကျွမ်းကျင်နေတာပါလိမ့်..? မဟုတ်သေးဘူး.. ရင်းဆုယဲ့ရဲ့ မျက်နှာသေကြီးကြောင့်လို့ ပြောရမယ်..! ကိုယ့်ဒုက္ခကိုယ်ရှာပြီး ထောင်ချောက်ထဲ ဝင်တိုးမိခဲ့တယ်..!

ရွှယ်ယို့ရှန်းတစ်ယောက် အမှန်တရားကို မသိခဲ့ရင်တောင် ကောင်းဦးမယ်လို့ ခံစားလိုက်ရတယ်။

အမှန်တရားက ရက်စက်တယ်..!

သူ့ကို မျက်ရည်ကျလုမတတ် ဖြစ်စေတယ်..!

အမှန်တရားကို ချစ်မြတ်နိုးရတာ အရမ်းပင်ပန်းတယ်..!

…………………………………….

Zawgyi

“ေဟာ္႐ူယန္ကို မျဖစ္ေသးတဲ့ ကိစၥေတြကေန ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သတ္ပစ္လိုက္တာလား..?”

႐ႊယ္ယို႔ရွန္းက ဆက္ၿပီးခန႔္မွန္းၾကည့္လိုက္တယ္။ နည္းနည္းေလာက္ ထပ္ၿပီး ခန႔္မွန္းၾကည့္လိုက္ရင္ အမွန္တရားကို တီးေခါက္ႏိုင္လိမ့္မယ္လို႔ သူယုံၾကည္တယ္။ ဘာပဲေျပာေျပာ ေဟာ႐ူယန္ဆိုတာ သူ႔ဝတၳဳထဲက အေရးပါတဲ့ အမ်ိဳးသမီးဇာတ္ပို႔တစ္ေယာက္ပဲေလ။ ဒီလို အေစာႀကီး ေသသြားခဲ့ရတဲ့အတြက္ စာေရးဆရာျဖစ္တဲ့သူက အမွန္တရားကို သိရမွျဖစ္မယ္။

ၿပီးေတာ့ အနာဂတ္မွာလည္း ဒီလိုနားမလည္ႏိုင္တဲ့ အေျခအေနေတြ အမ်ားႀကီး ရွိလာႏိုင္ေသးေတာ့ ကိုယ့္စိတ္ကိုယ္ ႀကိဳတင္ျပင္ဆင္ထားမွရမယ္။ အစတုန္းကေတာ့ သတိမထားမိခဲ့ေပမယ့္ အခုေတာ့ စိတ္ပူလာခဲ့ရၿပီ။ ေဟာ္႐ူယန္ရဲ႕ ေသဆုံးမႈက ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္’ ဝတၳဳကို ဇာတ္ေၾကာင္းေျပာင္းသြားေစႏိုင္ေလာက္လား..? အဲ့လိုသာျဖစ္ခဲ့ရင္ စာေရးသူအေနနဲ႔ သူသိထားသမွ် ဇာတ္ေၾကာင္းေတြက သုံးစားလို႔မရေတာ့ဘူးဟ..!!!

“ဟုတ္တယ္ ဒါေပမဲ့ မဟုတ္ေသးဘူး..”

ရင္းဆုယဲ့က အခုထိ အေလ်ာ့မေသးတဲ့ ေကာင္ေလးကို ၾကည့္ရင္း စိတ္ရွည္လက္ရွည္ ျပန္ေျဖလိုက္တယ္။

“…………….”

ဒီလိုမေသခ်ာမေရရာတဲ့ အေျဖမ်ိဳးနဲ႔ ရင္းဆုယဲ့က သူ႔ကို ေနာက္ေျပာင္ေနတာလား..? ရင္းဆုယဲ့ရဲ႕ ‘ဒီလိုလည္းမဟုတ္၊ ဟိုလိုလည္းမဟုတ္’ တဲ့အေျဖေၾကာင့္ သူ႔ရဲ႕ IQ ကိုေတာင္ ပထမဆုံးအႀကိမ္အေနနဲ႔သံသယဝင္မိလာခဲ့ၿပီ။

အမွန္တရားကို သိခ်င္ေနတာဟ..!

လူတစ္ေယာက္ရဲ႕ သိခ်င္စိတ္ကို ဒီလိုမ်ိဳးအေျဖေတြနဲ႔ မက်ီစားပါနဲ႔လား..!!!

ရင္းဆုယဲ့.. ခင္ဗ်ားက လူႀကီးလူေကာင္းမဆန္လိုက္တာ..!!!

“အမွန္တရားကို ဒီအတိုင္း ေျပာျပလိုက္လို႔မရဘူးလား..?”

႐ႊယ္ယို႔ရွန္းက ႏႈတ္ခမ္းေထာ္ၿပီး ေျခေဆာင့္ပစ္လိုက္တယ္။ ထို႔ေနာက္ ရင္းဆုယဲ့အား မေက်မနပ္ စိုက္ၾကည့္လိုက္တယ္။

ခက္ခက္ခဲခဲေတြ မလုပ္ခ်င္ေတာ့ဘူး။ လြယ္ကူတယ္တဲ့ နည္းလမ္းကိုပဲ သုံးေတာ့တယ္။ လိုခ်င္တာရဖို႔အတြက္ဆိုရင္ သူ႔ရဲ႕ပုံရိပ္ကိုလည္း ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။ ခ်စ္စဖြယ္အမူအယာေလးလုပ္ၿပီး တစ္ဖက္လူ အေလ်ာ့ေပးလာေအာင္ ႀကိဳးစားၾကည့္ရမွာပဲ။

“အမွန္တရားက ကိုယ့္ရဲ႕လွ်ိဳ႕ဝွက္ခ်က္နဲ႔ဆက္စပ္ေနတယ္.. သိခ်င္တာေသခ်ာလို႔လား..?”

ရင္းဆုယဲ့လည္း ႐ႊယ္ယို႔ရွန္းရဲ႕ စိတ္ေကာက္သလို အျပဳအမူေလးကို သေဘာက်ေပမယ့္ အခုက အခ်ိန္ေကာင္းမဟုတ္ေသးဘူး။ ဒီေကာင္ေလးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေဖာ္ထုတ္ႏိုင္မွျဖစ္မယ္။ ဒီတစ္ေခါက္အခြင့္အေရးကို လြတ္သြားရင္ ေနာက္ထပ္ ဘယ္ေလာက္ထပ္ေစာင့္ရမလဲဆိုတာကို ဘယ္သူသိမွာလဲ..?

“……………”

ထိုစကားကို ၾကားလိုက္ရ‌ေတာ့ ႐ႊယ္ယို႔ရွန္းရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားခဲ့တယ္။ သူက အမွန္တရားကို သိခ်င္႐ုံပါ၊ လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္မေျပာရရင္ ခင္ဗ်ားေသေတာ့မွာမလို႔လား.. ဟမ္..?

ေနစမ္းပါဦး..! ဒီကိစၥက ရင္းဆုယဲ့ရဲ႕ လွ်ိဳ႕ဝွက္ခ်က္နဲ႔ ပတ္သက္ေနတာဆိုရင္ ေဟာ္႐ူယန္ကို ထည့္ေတြးစရာမလိုေတာ့ဘူးေပါ့။ သူ႔ရဲ႕အာ႐ုံကို ရင္းဆုယဲ့အေပၚမွာပဲ စူးစိုက္ထားရေတာ့မယ္။

ရင္းဆုယဲ့နဲ႔ပတ္သက္ၿပီး ပုံမွန္မဟုတ္တဲ့အရာက ဘာမ်ားပါလိမ့္..?

မူမမွန္တာေတြမွ အမ်ားႀကီးပဲ..! အဆိုးဆုံးအခ်က္ကေတာ့ ရင္းဆုယဲ့က သူနဲ႔ေတြ႕ဆုံခဲ့ရတာပဲ။ အဲ့အခ်ိန္ကတည္းက ေဇာင္းထဲကလႊတ္လိုက္တဲ့ျမင္းလို ထိန္းမရသိမ္းမရ၊ ျပန္လွည့္လို႔ကိုမရေတာ့ဘူး..!

အရင္တုန္းကေတာ့ ဇာတ္ေၾကာင္းေျပာင္းလဲသြားတာက သူ႔ရဲ႕ဝိဉာဥ္ကူးေျပာင္းလာတာေၾကာင့္လို႔ ထင္မွတ္ထားခဲ့တယ္။ အထူးသျဖင့္ ၾကာပန္းခူးခဲ့တုန္းကေပါ့။ သူ႔ရဲ႕လုပ္ရပ္ေၾကာင့္ အရာအားလုံး ေျပာင္းလဲသြားလိမ့္မယ္လို႔ ယူဆထားခဲ့တယ္။ ဒါေပမဲ့ ခုလိုအေျခအေနမ်ိဳးအထိ ဆင့္ကဲေျပာင္းလဲသြားစရာလိုလို႔လား..?

အရင္ကမေတြးမိခဲ့ေပမယ့္ ေသေသခ်ာခ်ာ စဥ္းစားၾကည့္ေတာ့ သူ႔ရဲ႕ဝိဉာဥ္ကူးေျပာင္းလာျခင္းအျပင္ ရင္းဆုယဲ့ရဲ႕ အက်င့္စ႐ိုက္ေျပာင္းလဲေနမႈကလည္း သံသယျဖစ္ဖို႔ေကာင္းတယ္။ ၿပီးေတာ့ ရင္းဆုယဲ့ရဲ႕ အျပဳအမူေတြအားလုံးက သူ႔ဝတၳဳထဲကဇာတ္ေကာင္နဲ႔ အရမ္းကြာျခားလြန္းေနတယ္။

အခု ရင္းဆုယဲ့ ၿမိဳ႕ေတာ္ကို ျပန္ခ်င္ေနတာက တကယ္ပဲ သူ႔ေၾကာင့္လား..?

ပြင့္ဖတ္ကိုးလႊာေက်ာက္စိမ္းၾကာပြင့္ကို စားၿပီးတဲ့ေနာက္ ရင္းဆုယဲ့ရဲ႕ စြမ္းအားတိုးတက္လာမႈက သူတြက္ခ်က္ထားတာထက္ ပိုမ်ားလြန္းေနသလိုပဲ..!

ေဟာ္႐ူယန္အေပၚ သူ႔ရဲ႕ဆက္ဆံပုံကလည္း လုံးဝကြဲျပားသြားတယ္..!

ႏွစ္မ်ိဳးေပါင္းက်င့္ႀကံျခင္းစြမ္းရည္ ႏိုးထလာခဲ့တဲ့အခ်ိန္ကလည္း လုံးဝကိုက္ညီမႈမရွိဘူး..!

သံသယဝင္စရာအခ်က္ေတြကို ခ်ေရးၾကည့္မယ္ဆိုရင္ တကယ့္ကို အမ်ားႀကီးပဲဟ..!

ေတြးၾကည့္ေလ ပိုၿပီးသံသယဝင္စရာေကာင္းေလပဲ.. ဟုတ္တယ္မလား..?!

အခုခ်ိန္မွာ ရင္းဆုယဲ့ရဲ႕ ေကာ္လံကို ကိုင္ၿပီး ေအာ္ဟစ္ပစ္လိုက္ခ်င္တယ္။

“က်ဳပ္ကိုေျပာစမ္း..! ခင္ဗ်ား႐ူးေနတာလား..? ဒါမွမဟုတ္ အၾကားအျမင္ရေနတာလား..? ဒါမွမဟုတ္ ျပန္လည္ေမြးဖြားလာတာလား..? ဝိဉာဥ္ကူးေျပာင္းလာတာလား..?”

႐ုတ္တရက္ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ‘ဟား.. ဟား.’ လို႔သာ စိတ္ထဲမွာ ေအာ္ရယ္လိုက္မိတယ္။ ဒီလိုေပါက္ကရေတြ ေတြးေနမိတာက ထိန္းမရေတာ့ဘူးဟ..! ေသခ်ာေပါက္ စာေတြအမ်ားႀကီးဖတ္ခဲ့တဲ့၊ ဝတၳဳေတြေရးခဲ့တဲ့ ဆိုးက်ိဳးပဲ ျဖစ္ရမယ္..!

လူတစ္ေယာက္ နည္းနည္းေလး ထူးဆန္းေနတာနဲ႔ ျပန္ေမြးဖြားလာတာလား..? ဝိဉာဥ္ကူးေျပာင္းလာတာလား..? ဆိုၿပီး ထင္ျမင္မိေနေတာ့တာပဲ။

‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္’ ဝတၳဳကို သူေရးသားခဲ့တာဆိုေတာ့ အရာအားလုံးက သူနဲ႔ရင္းႏွီးေနၿပီးသားေလ။ အဓိကဇာတ္ေကာင္ရဲ႕ အတုမရွိတဲ့ စြမ္းရည္ေတြကို ပိုၿပီးထင္ရွားေအာင္ ဟြမ္ေပ့ခ်န္ကို တစ္ဦးတည္းေသာ ဝိဉာဥ္ကူးေျပာင္းသူအျဖစ္ ေရးသားခဲ့တယ္။ အမ်ိဳးသမီးဇာတ္လိုက္၊ ဇာတ္ပို႔ဇာတ္ေကာင္ေတြနဲ႔ ဗီလိန္ေတြဆိုတာ ဒီကမာၻႀကီးနဲ႔အတူ ေမြးဖြားလာတဲ့လူေတြခ်ည္းပဲ..!

‘ျပန္လည္ေမြးဖြားျခင္း’လိုမ်ိဳး ရႈပ္ရႈပ္ေထြးေထြး ဇာတ္ေၾကာင္းေတြ မထည့္ထားခဲ့ပါဘူး..! အဲ့ေတာ့ ဗီလိန္ႀကီးရင္းဆုယဲ့အတြက္ ဒီလိုမ်ိဳး Golden Finger (Cheat) တစ္ခုရွိလာဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္တဲ့အရာပဲ..!

“မင္းဘာေျပာလိုက္တာလဲ..?”

ရင္းဆုယဲ့ရဲ႕ သူငယ္အိမ္က အနည္းငယ္က်ဳံ႕သြားခဲ့ၿပီး အႏၲရာယ္အေငြ႕အသက္တခ်ိဳ႕ ျဖတ္ေျပးသြားခဲ့တယ္။ နီရဲေနတဲ့ မ်က္ဝန္းေတြနဲ႔အတူ သူ႔ရဲ႕ စိတ္ဝိဉာဥ္တစ္ခုလုံး တင္းက်ပ္သြားသလိုပဲ။ ႐ႊယ္ယို႔ရွန္းက သူ႔အေၾကာင္း ခန႔္မွန္းႏိုင္လိုက္တာလား..?

႐ႊယ္ယို႔ရွန္းက အေတြးလြန္ေနတာလား၊ ဒါမွမဟုတ္ ေအာ္ၿပီးေတြးတတ္တဲ့ အက်င့္ရွိတာလားဆိုတာ ေသခ်ာမသိေပမယ့္ ေတြးေတာေနရင္း အသံတိုးတိုးေလးနဲ႔ေရ႐ြတ္ေနခဲ့တယ္။ ေကာင္ေလးရဲ႕အသံက အရမ္းတိုးညင္းေပမယ့္ သူ႔ရဲ႕ လက္ရွိစြမ္းအားအဆင့္နဲ႔ ဘယ္လိုလုပ္မၾကားဘဲေနမွာလဲ..? အထူးသျဖင့္ အခုလိုအရမ္းနီးကပ္ေနတဲ့ အေနအထားမ်ိဳးမွာေပါ့။ တကူးတက အာ႐ုံစိုက္ၿပီး နားေထာင္ေနစရာေတာင္ မလိုအပ္ဘူး။

“ဟမ္.. ကြၽန္ေတာ္ ဘာေျပာလိုက္လို႔လဲ..?”

ပြစိပြစိ႐ြတ္ၿပီး ေတြးေတာေနတဲ့ ႐ႊယ္ယို႔ရွန္းကေတာ့ ရင္းဆုယဲ့ ဘာေျပာလိုက္မွန္းမသိခဲ့ဘူး။ အဲ့တာေၾကာင့္ တုံးအစြာ ျပန္ေမးလိုက္သည္။ ပတ္ဝန္းက်င္ရဲ႕ ေအးစက္စက္ေလထုကို သတိထားလိုက္မိေတာ့မွ ႐ႊယ္ယို႔ရွန္းလည္း ေခါင္းေမာ့ၾကည့္လိုက္သည္။ သူျမင္လိုက္ရတာက ေအးစက္စက္အေငြ႕အသက္ေတြကို ထုတ္လႊတ္ေနတဲ့ လူႀကီးပဲ။

ရင္းဆုယဲ့က ဘာျဖစ္သြားရျပန္တာလဲ..?

ေအးစက္ေနတဲ့ ေလထုေၾကာင့္သာမဟုတ္ရင္ ႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕အေတြးေတြကို ဖြင့္ခ်ေနခဲ့မိမွန္း သိလိုက္မွာမဟုတ္ဘူး။ ထိုအခိုက္အတန႔္ တစ္စုံတရာ ေတြးမိသြားတယ္။ ရင္းဆုယဲ့ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို မေတာ္တဆ ခန႔္မွန္းမိလိုက္တာမ်ားလား..?

ရင္းဆုယဲ့ရဲ႕ အမူအယာက ေတာ္ေတာ္ေလး ပ်က္ယြင္းေနသလိုပဲ..!!

ေနာက္တစ္စကၠန္႔၌ ႐ႊယ္ယို႔ရွန္းရဲ႕ တစ္ကိုယ္လုံး တုန္ယင္သြားခဲ့တယ္။ သူ,မေျပာသင့္တာကို ေျပာလိုက္မိတာမ်ားလား..! ဝိဉာဥ္ကူးေျပာင္းျခင္းအေၾကာင္း..! သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို သြယ္ဝိုက္တဲ့နည္းလမ္းနဲ႔ ထုတ္ေဖာ္ျပသလို ျဖစ္သြားတာလား..?

Fu*k My Life..!!!

သူ႔အေတြးနဲ႔သူ ထိတ္လန႔္ေနေတာ့ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ရင္းဆုယဲ့ရဲ႕ အံ့အားသင့္သြားတဲ့ေလသံ၊ ၿပီးေတာ့ မူမမွန္တဲ့ အမူအယာေတြကို သတိမထားမိလိုက္ဘူး။ အခုသူေတြးေနတာက သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေျပာလိုက္မိၿပီလားဆိုတာပဲ..!

႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ရဲ႕ႏွလုံးသားေလးထဲမွာ ေခ်ာင္းစီးမတတ္ ငိုေႂကြးေနေတာ့တယ္။ ဘာလို႔ ဒီေလာက္ေလးေတာင္ သတိမထားတတ္ရတာလဲကြာ..!

ထို႔ေနာက္ ႐ႊယ္ယို႔ရွန္းလည္း စိတ္ဖိစီးလာေတာ့တယ္။ ဒီအတိုင္း ဝန္ခံလိုက္ရမလား..? ညႇင္းပန္းႏွိပ္စက္ခံရၿပီးမွ ဝန္ခံတာမ်ိဳးေတာ့ မျဖစ္ခ်င္ဘူး..!

ရင္းဆုယဲ့လည္း ႐ႊယ္ယို႔ရွန္းရဲ႕ အမူအယာကိုသာ တိတ္တိတ္ေလး ေစာင့္ၾကည့္ေနလိုက္တယ္။ ေကာင္ေလးက ႐ုတ္တရက္ႀကီး ဘာလို႔စိတ္ဓာတ္က်ေနရတာလဲ..? သူနားမလည္ႏိုင္ေတာ့ဘူး..!

‘ျပန္လည္ေမြးဖြားျခင္း’ ဆိုတဲ့စကားလုံးကို ၾကားလိုက္ရတုန္းက သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ႐ႊယ္ယို႔ရွန္း ခန႔္မွန္းမိသြားၿပီလို႔ ထင္ခဲ့မိတယ္။ ဒါေပမဲ့ သူက တည္ၿငိမ္ေနသေလာက္ ေကာင္ေလးက သူ႔ထက္ပိုၿပီး စိတ္လႈပ္ရွားေနေလရဲ႕။ ၾကည့္ရတာ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို သတိမထားမိဘဲ သူ႔ကိုယ္ပိုင္လွ်ိဳ႕ဝွက္ခ်က္ကို မေတာ္တဆ ေဖာ္ထုတ္မိသြားတာမ်ားလား..?

အခုအခ်ိန္မွ အမွန္တရားကို မရွာႏိုင္ဘူးဆိုရင္ ႏွစ္ဘဝျပန္လည္ေမြးဖြားခဲ့တာေတြအားလုံးက အလကားျဖစ္ကုန္ေတာ့မွာေပါ့..!

ေကာင္ေလးရဲ႕ အမူအရာတိုင္းက ထြင္းေဖာက္ျမင္ရဖို႔ လြယ္ကူလြန္းတယ္။ တစ္ခ်က္ၾကည့္႐ုံနဲ႔ ခန႔္မွန္းေနစရာ မလိုေအာင္ပဲ။ ဒီတစ္ေခါက္ေတာ့ စိတ္ရွည္လက္ရွည္ ေစာင့္လိုက္ရင္ သူသိခ်င္ေနတဲ့ ေကာင္ေလးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို သိႏိုင္ေလာက္မယ္ ထင္တယ္။

ေကာင္ေလးရဲ႕ ‘စကားလမ္းေၾကာင္းေျပာင္းတဲ့ စြမ္းရည္’က တကယ့္ကို ေကာင္းလြန္းၿပီး သူ႔ဘက္က အလိုက္အထိုက္ စကားေျပာေပးေနရလို႔သာေပါ့။ မဟုတ္ရင္ သူလိုခ်င္တဲ့အေျဖကို ရေနေလာက္ၿပီ။

ဒီေကာင္ေလး အရမ္းအားနည္းလြန္းေပမယ့္ ခ်စ္ဖို႔ေကာင္းသားပဲ..!

“ခုနက ခင္ဗ်ားေျပာလိုက္တာေလ.. ခင္ဗ်ားရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို သိခ်င္ရင္ ကြၽန္ေတာ့္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္နဲ႔ အလဲအလွယ္လုပ္ရမယ္လို႔ ဆိုလိုတာမလား..?”

အံကိုႀကိတ္၊ စိတ္ကိုတင္းၿပီး ႐ႊယ္ယို႔ရွန္းလည္း ႐ိုး႐ိုးသားသားဝန္ခံဖို႔ ဆုံးျဖတ္လိုက္တယ္။ တကယ္လို႔ ရင္းဆုယဲ့ မခန႔္မွန္းမိဘူးဆိုရင္ေတာင္ သူတို႔ႏွစ္ေယာက္က အခ်ိန္အၾကာႀကီး အတူတူေနရဦးမွာေလ။ ဒီလိုနေမာ္နမဲ့ႏိုင္ပုံနဲ႔ ေနာက္ပိုင္းေတြမွာ ဟာကြက္ေတြ ထပ္မေဖာ္ျပမိဘူးလို႔ သူ႔ကိုယ္သူ အာမ,မခံႏိုင္ဘူး။ ဒီတစ္ႀကိမ္ လွည့္စားႏိုင္ခဲ့ရင္ေတာင္ ရင္းဆုယဲ့ရဲ႕ ဉာဏ္ႀကီးပုံမ်ိဳးနဲ႔ သိပ္မၾကာခင္ သိသြားလိမ့္မယ္။

‘ေစာေစာေသေတာ့ ျမန္ျမန္ျပန္ဝင္စားလို႔ရတာေပါ့..’

(TN : တကယ္ေသမွာကိုဆိုလိုတာမဟုတ္ပါဘူး.. လာမယ့္ေဘး ေျပးေတြ႕ဆိုတဲ့သေဘာမ်ိဳးပါ။)

ေနာက္ဆုံးေတာ့ ႐ႊယ္ယို႔ရွန္းက ဖြင့္ေျပာရန္ ဆုံးျဖတ္လိုက္တယ္။ ရင္းဆုယဲ့အေၾကာင္းကို ပိုသိလာေလ၊ ရင္းဆုယဲ့ကို မလိမ္ညာရဲေလပဲ။

ရင္းဆုယဲ့က ၿပီးျပည့္စုံၿပီး ေစ့စပ္ေသခ်ာတဲ့လူမ်ိဳး။ ဒီအမူအက်င့္ေၾကာင့္ တျခားလူေတြအေပၚမွာ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတတ္ေပမယ့္ သူ႔အေပၚလိမ္ညာခဲ့ရင္၊ သူ႔ကိုသစၥာေဖာက္ခဲ့ရင္၊ သူ႔ကိုနာက်င္ေအာင္လုပ္ရင္ ဘယ္လိုမွ သည္းမခံတတ္ဘူး။

ရင္းဆုယဲ့လိုခ်င္တာက အသန႔္စင္ဆုံး၊ အယုံၾကည္ရဆုံးအရာမ်ိဳးေပါ့။ ဒါေပမဲ့ ဒီကမာၻေပၚမွာ အဲ့လိုအရာမ်ိဳးလုံးဝမရွိဘူး။ အဲ့ေတာ့ ရင္းဆုယဲ့ရဲ႕ဇာတ္ေကာင္က တျခားလူေတြေၾကာင့္ ထိခိုက္နာက်င္မႈေတြပဲ ခံစားခဲ့ရတယ္။ ရင္းဆုယဲ့အတြက္ေတာ့ ပိုၿပီးနာက်င္ေလ.. စိတ္႐ိုင္းဝင္လာေလပဲ။

သူ႔ရဲ႕ စိတ္ဒဏ္ရာေၾကာင့္ အစြန္းေရာက္ၿပီး ေသြးဆာလာလိမ့္မယ္။ အဲ့အခါက်ရင္ အၾကင္နာကင့္မဲ့ၿပီး ႐ူးသြပ္ေနတဲ့လူတစ္ဦး ျဖစ္သြားလိမ့္မယ္။ ဒီလိုလူစားမ်ိဳးက တစ္စုံတစ္ရာကို စိတ္ပ်က္သြားတာနဲ႔ ဖ်က္ဆီးပစ္လိမ့္မယ္။ ဒီအက်င့္စ႐ိုက္ေတြေၾကာင့္ပဲ ရင္းဆုယဲ့ရဲ႕ အဆုံးသတ္က ဆိုးဆိုးဝါးဝါး ကံၾကမၼာမ်ိဳး ျဖစ္ေနခဲ့ရတာေပါ့။

မဟုတ္ရင္ ျမဴႏွင္းေတာအုပ္ထဲမွာတုန္းက အဓိကဇာတ္ေကာင္က သူ႔အေပၚသံသယဝင္မိတာနဲ႔ သူငယ္ခ်င္းသံေယာဇဥ္ကို ဖ်က္ပစ္မွာမဟုတ္ဘူးေလ။ ရင္းဆုယဲ့က တျခားလူေတြကို တိုက္ခိုက္ခဲ့ေတာ့ အဓိကဇာတ္ေကာင္နဲ႔ အထင္လြဲမႈက ပိုၿပီးနက္ရႈိင္းလာခဲ့တယ္။ အဲ့တာေၾကာင့္ပဲ ေနာင္တစ္ခ်ိန္မွာ သူတို႔ႏွစ္ေယာက္က ဆန႔္က်င္ဘက္အေနအထားအထိ ေရာက္သြားရလိမ့္မယ္။

တကယ္လို႔ ရင္းဆုယဲ့သာ ရွင္းျပခဲ့ရင္ ရင္းဆုယဲ့နဲ႔ အဓိကဇာတ္ေကာင္ဟြမ္ေပ့ခ်န္တို႔ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္က အဆုံးသတ္သြားမွာ မဟုတ္ဘူး။

ရင္းဆုယဲ့အေၾကာင္းကို ေနာေက်ေနတဲ့ ႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့ကို မလိမ္ညာရဲခဲ့ဘူး။ ၿပီးေတာ့ သူကိုယ္တိုင္ ဘယ္ေတာ့မွမလိမ္ပါဘူးလို႔ ကတိေပးခဲ့မိေသးတယ္။ ကတိေပးၿပီးမွေတာ့ တည္ရေတာ့မွာေပါ့။ ဒါက လူတစ္ေယာက္ရဲ႕ က်င့္ဝတ္ပဲ။ သခင္-အေစခံစာခ်ဳပ္ရွိေနသေ႐ြ႕ ရင္းဆုယဲ့က သူ႔ကို နာက်င္ေအာင္လုပ္မွာ ေၾကာက္ေနစရာမလိုဘူး။

ရင္းဆုယဲ့က သူ႔ကို ‘ဝိဉာဥ္ကူးေျပာင္းလာတဲ့လူ’မွန္း သိသြားခဲ့ရင္ေတာင္ ဘာမွလုပ္မွာ မဟုတ္ေလာက္ပါဘူး..!

ရင္းဆုယဲ့ : “အင္း..”

ေနာက္ဆုံးေတာ့ ေကာင္ေလးက ေျပာျပဖို႔ ဆုံးျဖတ္လိုက္ၿပီေပါ့..!

ရင္းဆုယဲ့ရဲ႕ ႏႈတ္ခမ္းေထာင့္က အသာအယာ ေကြးတက္သြားခဲ့တယ္။

႐ႊယ္ယို႔ရွန္း : “ေကာင္းၿပီေလ.. ခင္ဗ်ားအရင္ေျပာျပ.. ၿပီးရင္ ကြၽန္ေတာ္လည္း ေျပာျပမယ္..”

႐ႊယ္ယို႔ရွန္းက ဝန္ခံဖို႔ စိတ္ကိုျပင္ဆင္ထားၿပီၿပီဆိုေပမယ့္ အရႈံးမရွိရေလေအာင္ ရင္းဆုယဲ့ကို အရင္ေျပာခိုင္းလိုက္တယ္။ ဒီလိုပရိယာယ္မ်ိဳးနဲ႔ ကိုယ့္ကိုယ္ကို ကာကြယ္ထားတာ ျဖစ္သင့္တယ္မလား..?

“ကိုယ္က ျပန္လည္ေမြးဖြားလာတာ..”

ရင္းဆုယဲ့ကေတာ့ ႐ႊယ္ယို႔ရွန္း ေနာင္တရသြားမွာကို စိုးရိမ္မေနဘူး။  သူ႔ဘဝရဲ႕ အႀကီးမားဆုံးလွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပလိုက္တယ္။

“ခင္ဗ်ားက ျပန္လည္ေမြးဖြားလာတာ..?!”

႐ႊယ္ယို႔ရွန္းတစ္ေယာက္ ေအာ္ဆဲခံလိုက္ရသလိုပဲ..! သူေရးခဲ့တဲ့ဝတၳဳဆိုၿပီး ဘဝင္ျမင့္ေနခဲ့တာေလ။ ရင္းဆုယဲ့က ဝတၳဳထဲက ရင္းဆုယဲ့နဲ႔ ထပ္တူညီေနမယ္လို႔လည္း ထင္ခဲ့ေသးတယ္။ ဒီစကားက သူ႔ရဲ႕မ်က္ႏွာကို ျဖတ္႐ိုက္ပစ္လိုက္သလိုပဲ..!

ရင္းဆုယဲ့.. ခင္ဗ်ားက တကယ္ႀကီး ျပန္လည္ေမြးဖြားလာတာလား..?

အဲ့ေတာ့ မူလဇာတ္ေၾကာင္းေျပာင္းလဲသြားခဲ့ရတာက သူ႔ေၾကာင့္မဟုတ္ဘဲ ရင္းဆုယဲ့ေၾကာင့္ေပါ့။ ရင္းဆုယဲ့အစား သူက မတရားစြပ္စြဲခံခဲ့ရတာပဲ။ သူေရ႐ြတ္တာကိုၾကားၿပီး ရင္းဆုယဲ့ အမူအယာပ်က္သြားတာ မထူးဆန္းေတာ့ပါဘူး။ သူက ရင္းဆုယဲ့ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ခန႔္မွန္းႏိုင္ခဲ့တာကိုး။ ဒီလိုဆိုေတာ့ ရင္းဆုယဲ့က သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ခန႔္မွန္းႏိုင္သြားတာ မဟုတ္ဘူးေပါ့..???

သူ႔ကိုယ္သူ ေရာင္းစားမိလိုက္ျပန္တာလား..? ကိုယ့္ေသတြင္းကိုယ္တူးတဲ့ေနရာမွာ ဘာလို႔ဒီေလာက္ကြၽမ္းက်င္ေနတာပါလိမ့္..? မဟုတ္ေသးဘူး.. ရင္းဆုယဲ့ရဲ႕ မ်က္ႏွာေသႀကီးေၾကာင့္လို႔ ေျပာရမယ္..! ကိုယ့္ဒုကၡကိုယ္ရွာၿပီး ေထာင္ေခ်ာက္ထဲ ဝင္တိုးမိခဲ့တယ္..!

႐ႊယ္ယို႔ရွန္းတစ္ေယာက္ အမွန္တရားကို မသိခဲ့ရင္ေတာင္ ေကာင္းဦးမယ္လို႔ ခံစားလိုက္ရတယ္။

အမွန္တရားက ရက္စက္တယ္..!

သူ႔ကို မ်က္ရည္က်လုမတတ္ ျဖစ္ေစတယ္..!

အမွန္တရားကို ခ်စ္ျမတ္ႏိုးရတာ အရမ္းပင္ပန္းတယ္..!

…………………………………….

Continue Reading

You'll Also Like

1M 153K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
999K 117K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
35.7K 4K 66
Author _ Shuiqiancheng That's not my work.I am Just Translator
39.9K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...