Unicode
"ညီညီ...!တံခါးဖွင့်လို့ ငါပြောနေတယ်"
"ဒုန်း..!ဒုန်း...!"
"ရော်...ဘာတွေလောနေတာလဲ...စာရင်းလုပ်စရာ ရှိနေလို့ကြာသွားတာပါ အဟင်း"
"အပိုတွေမပြောနဲ့ ညီညီ...ညနေက ကိစ္စ အခုရှင်း"
အနဂ္ဂကတော့ အစ်ကိုဖြစ်သူ နောက်မှာ ကပ်ပါလာသည်ကို သိသော်လည်း စာအုပ်တွေ ပုံချသည့် စားပွဲဆီသို့သာ လျှောက်သွားလိုက်သည်။ ပြီးတော့မှ ကုလားထိုင်မှာ ဝင်ထိုင်ရင်း MacBookကို ကောက်သုံးနေလိုက်၏။
"အနဂ္ဂထည်...မင်းဘာကြောင့် ဒီလောက်အထိ ကလေးဆန်တာတွေ လုပ်နေရတာလဲ။ ဟမ်...အရင်က ဒီလိုဘယ်နှခါလုပ်ဖူးလို့လဲ"
"ဒီလိုဆို ကိုကြီးကရော မြေမခသောကို ဘာလို့ ဒီလောက်အထိ တန်းတန်းစွဲ ဖြစ်နေရတာလဲ"
အနဂ္ဂဟာ MacBookကို စာပွဲပေါ်သို့ ပစ်တင်လိုက်ကာ ထရပ်ပြီးလျှင် အစ်ကိုဖြစ်သူကို ခနဲ့တဲ့တဲ့ ကြည့်လိုက်သည်။
"မင်း အခုထိ နားမလည်သေးဘူးလား...သူက ငါ့ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး။ ငါကပဲချစ်ပြီး ငါကပဲ မြတ်နိုးမိတာ။ သူနဲ့မဆိုင်တာကြောင့် မင်းသူ့ကို လွှတ်ထားပေးလို့ မရဘူးလား"
"နေရာတကာမှာ ကာဆီးပေးနေတော့တာပါလား...ကိုကြီးရာ...အင်းလေ...ယောကျ်ားတစ်ယောက်ဖြစ်တာတောင် အနမ်းတွေ...နှုတ်ခမ်းတွေက နူးညံ့နေသေးတာပဲ။ ဒီထက်ပိုတဲ့ ကိစ္စတွေမှာလည်း ကောင်းမွန်တဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်မယ်ထင်ပါ့"
"ခွပ်...! မင်းဘာလို့...ဟာကွာ...တောက်!"
"ဒီလူ့အတွက်နဲ့...ဒီလူ့အတွက်နဲ့ ကျွန်တော်မျက်နှာကို ထိုးလိုက်တာပေါ့ အဟား"
"......."
"အနဂ္ဂထည်တို့ အစ်ကိုက မယားတရူးနေတာပဲ။ အဟက်...မဟုတ်သေးဘူး...အဲတာကို ဘယ်လိုပြောမလဲ...မစိုမခြောက်လား...ဟင်"
အနဂ္ဂဟာ သွေးစို့သွားသည့် နှုတ်ခမ်းထောင့်တို့အား လက်မဖြင့်ပွတ်သပ်လိုက်ရင်း ပျက်ချော်ချော်စကားဆိုကာ အစ်ကိုအား ခပ်ရဲရဲပြန်ကြည့်လိုက်သည်။
"ခွပ်"
ကိုကြီးက သူ့မျက်နှာအား ခပ်ပြင်းပြင်း ထပ်ထိုးလိုက်ခြင်းပင်။ သူကိုယ်တိုင် သတိမထားမိလိုက်ခင် သွေးကြောများထင်းနေသည့် လက်သီးဆုပ်ပြင်းပြင်းက ကိုကြီးမျက်နှာအနား အရှိန်နဲ့ တိုးကပ်သွားမိ၏။
"ဘာလဲ ပြန်လုပ်ချင်လို့လား လုပ်လေ...မင်းက ဘယ်တော့မှ လူစကားနားလည်မယ့်ကောင် မဟုတ်ဘူး အနဂ္ဂထည်"
"ဒုန်း.....ခွမ်း....တောက်!"
ကိုကြီးကို ထိခိုက်အောင် မလုပ်ရက်နိုင်သည့် ဗီဇကဆိုးသည် ။ အနီးနားမှာရှိတဲ့ အရာအားလုံးကို နံရံရှိရာ သူပစ်ပေါက်မိသည်။ သူ့အား စကားလုံးဖြင့်သာ ဆုံးမတတ်သည့် အစ်ကိုက အခုတော့ လူတစ်ယောက်ကြောင့် အသားနာသည်အထိ လုပ်ရက်နေပြီ ။
"ပြန်မလုပ်နိုင်တဲ့ အရာတွေကို ဓားစာခံလုပ်မနေနဲ့ အနဂ္ဂထည်...မင်းမကျေနပ်ရင် ငါ့ကိုလုပ်လိုက်...လုပ်လေ"
"အဲလိုရလား...ဟမ်...ငယ်ငယ်တည်းက ခင်ဗျားကို ကျုပ်ကိုယ်တိုင်ပဲ ကာကွယ်ပေးခဲ့တာ...။ကျုပ်တွယ်တာရာဆိုလို့ အစ်ကိုဖြစ်တဲ့ ခင်ဗျားတစ်ယောက်ပဲ ရှိခဲ့တာ။ ခင်ဗျားထိခိုက်မှာကို သေမလိုစိုးရိမ်တတ်တဲ့ ကလေးတစ်ယောက်က ကျုပ်ပါ။ ဒါတွေကို ဘယ်တုန်းက အသိအမှတ်ပြု နားလည်ခဲ့ဖူးလို့လဲ...ဟမ်...ပြောပါဦး ။ (၁၁)အရွယ် ကောင်လေးတစ်ယောက်က ဂျပန်လေဆိပ်မှာ အစ်ကိုဖြစ်သူဆီ အရောက်ပြန်နိုင်ဖို့ သူ့အမေမသိအောင် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ခင်ဗျားအတွက်နဲ့ အချုပ်ခန်းပေါင်းများစွာမှာ အိပ်စက်ခဲ့ဖူးတယ်။ အဟက်....ဒါတွေကို ဘယ်တုန်းကများ ခင်ဗျားမြင်အောင်ကြည့်ခဲ့ဖူးလို့လဲ မဂ္ဂထည်ရဲ့...ဟင်...ပြောလေ"
"တော်ပြီ...တော်လောက်ပြီ...ညီညီ"
"ဘာလဲ...ဆက်နားမထောင်နိုင်တော့ဘူးလား။ဘာလို့များ ကျွန်တော့်ထက်သူ့ကို ပိုချစ်သွားနိုင်ရတာလဲ။ အလုယူခံရတဲ့ ခံစားချက်မျိုး...အထီးကျန်ရတဲ့ ခံစားချက်မျိုး ကျွန်တော်မုန်းလွန်းလှပြီ...ပါးနှင့်မား...ပြီးတော့ခင်ဗျား"
အနဂ္ဂ၏ မျက်ဝန်းများ၌ ပြောရင်းဆိုရင်း မျက်ရည်တို့ စီးကျလာသည်။ သူ့ဘဝတွင် ဒီအစ်ကိုတစ်ယောက်အတွက်သာ မျက်ရည်ကျခဲ့ဖူး၏။ ဒီအစ်ကိုအတွက်သာ ငိုကြွေးဖူး၏ ။
"မင်းထင်လို့ပါ...ညီညီ"
ဒီစကားတစ်ခွန်းသာဆိုပြီး မျက်နှာပျက်နေသည့် ကိုကြီးက အခန်းအပြင်သို့ ထွက်သွားသည်။သူကတော့ အခန်းမီးအားလုံးကို မှိတ်ပစ်လိုက်ပြီး ဝရံတာအထွက်တံခါးဝမှာ မလှုပ်မယှက် ထိုင်နေမိသည်။ တိုက်ခတ်လာသည့် လေအေးအေးကြောင့် ပါးမှ ဒဏ်ရာက တဆစ်ဆစ်ကိုက်လာ၏။ သို့သော် ဒီည ဒီနေရာမှခွာဖို့ စိတ်ကူးမရှိ...။
************
မဂ္ဂ တစ်ညလုံးလုံးနီးနီး အိပ်မရခဲ့ပါ ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မည်လဲ ။ နောက်ဆုံး မိုးလင်းလုလုအချိန် အနဂ္ဂအခန်းဘက်သို့ ဦးတည်မိသည် ။ လော့မချသည့် တံခါးကို ဖွင့်ခိုက် မြင်လိုက်ရသည့်အနေအထားက ရင်ထဲသို့ ဆစ်ခနဲ နာကျင်စေသည်။ အခန်းရဲ့ထောင့်တစ်နေရာမှာ ခွေးနှစ်ကောင်နှင့် လူတစ်ယောက်ရှိ၏ ။
"တစ်ညလုံး ဒီနေရာမှာ ရှိနေခဲ့တာလား"
"ဘာလို့ လာတာလဲ"
"ဒဏ်ရာကို ဘာလို့ဆေးမထည့်တာလဲ"
"စိတ်မပူနဲ့...ပြန်အိပ်တော့"
အပြန်အလှန် အမေးစကားများ မှောင်မည်းမည်းအခန်းအတွင်း ပဲ့တင်ထပ်နေသည်။ အအေးမြှင့်ထားသည့် အဲကွန်းကြောင့် အခန်းတစ်ခုလုံး အေးစက်နေ၏။ ထိုအရာကိုလည်း သထိထားမိဟန်မတူ...။
"တောင်းပန်ပါတယ်"
Control ကိုင်ထားသည့် သူ့လက်ကို ညီညီ့စကားက ရပ်တန့်သွားစေသည် ။
"...."
"တောင်းပန်တယ်...ကိုကြီး"
"မဟုတ်ဘူး ညီညီ...ဒီစကားကို ကိုကြီးက ပြောရမှာပါ"
"တစ်ညလုံး စဥ်းစားနေခဲ့တာ ။ တကယ်တမ်းတော့ မြေမခသော,ကို မုန်းနေခဲ့တယ်ဆိုတာထက် ကိုကြီးနဲ့ပတ်သက်ပြီး ဝန်တိုစိတ်ထားမိခဲ့တာ ။ ကျွန်တော့်ကြောင့် ခင်ဗျားပဲပိုနာကျင်ခဲ့ရတယ်ထင်တယ် ။ ကျွန်တော် အတ္တကြီးခဲ့တာပါ ။ ခင်ဗျားခံစားရတိုင်း ပိုရင်နာရတာက ကျွန်တော်ပဲဖြစ်နေလျက်နဲ့..."
"ညီညီ...မင်းနားမလည်နိုင်ရင်တောင်မှလေ...ကိုကြီးတစ်ဘဝလုံး မင်းအတွက်ပဲ ရှေးရှုသွားဖို့ဆုံးဖြတ်ခဲ့ပြီးသားပါ ။ နာကျင်နေရတဲ့ မင်းပုံစံကို ကိုကြီးလည်း မမြင်ချင်ဘူး။ ဘယ်လောက် ဂျစ်တိုက်တိုက် ဘယ်လောက်ဆိုးဆိုး အနဂ္ဂထည်ဆိုတာ ကိုကြီးအမြဲချစ်ရတဲ့ ညီတစ်ယောက်ပါပဲ"
"..."
"ကိုကြီးကြောင့် ထပ်ပြီးမျက်ရည်မကျနဲ့"
"ဖြစ်တတ်ပါတယ်"
"ကိုယ့်ပုံစံကိုယ်လည်း ပြန်ကြည့်ပါဦး ။ မိုးကုတ်မြို့သူတွေရဲ့ နှုတ်ဖျားမှာ သူကြားဖေဖေဆိုပြီး နာမည်ရထားတဲ့လူက အစ်ကိုအတွက်ဆို ငိုနေတုန်းပဲ"
"မျက်ရည်ဆိုတာ ခံစားချက်နဲ့ပဲ ဆိုင်တာလေ။ကိုယ်ခန္ဓာနှင့် ဆိုင်တာမှ မဟုတ်ဘဲကို"
"ဟုတ်ပါပြီ...ထတော့...ဆေးထည့်ပေးမယ်။တော်ကြာ အရပ်ရပ်က မင်းပရိသတ်တွေ ကိုယ့်ကို တရားစွဲနေမှဖြင့်..."
"တော်ပါ...မင်းသားမဟုတ် ဘာမဟုတ်တဲ့ ကျွန်တော့်ကို ဘာလို့ဒီလောက် သတိထားမိကြမှာလဲ။မြှောက်မပြောလည်း ခွင့်လွှတ်ပြီးသား...မုသာဝါဒနဲ့ အပါယ်လားနေမယ်"
"အောင်မာ...Facebook Follower (1)Mနီးနီးရှိတာ မင်းမဟုတ်ဘူးလား ။ အဖေတူ မင်းသားတွေရဲ့ Account မှာတောင် Follower 10K ကျော်နေပြီဟာကို..."
အနဂ္ဂက ရာဇာတို့အတွက် Facebook နှင့် Instagrmမှာ Account ဖွင့်ပေးထားတာဖြစ်သည်။ ကိုယ့်ပုံကိုယ် တစ်လတစ်ခါ ပုံမှန်မတင်သော်လည်း ထိုနှစ်ကောင်၏ မှတ်တမ်းများအား အမြဲလိုလို တင်ပေးတတ်သည် ။ အဖေလိုပဲ သားတို့က စော်ကြည်သည် ။ အင်း...လူချစ်လူခင်များသည် ။
"သွားပြန်အိပ်တော့ ကျွန်တော်လည်း ရေချိုးခန်း ဝင်မလို့"
"စောစောစီးစီးကွာ"
"ဒီလောက် မအေးပါဘူး"
"ဒါဆို သွားပြီ...အအေးပတ်တဲ့အထိ စိမ်မနေနဲ့"
"အင်း"
တစ်ညတာ စိတ်ဆိုးမှုက တစ်မနက်အတွင်းမှာ ကျေအေးသွားသည်။ ဒါက သူတို့ညီအစ်ကို နှစ်ဦး၏ ချစ်ခြင်းသဘောဟု ဆိုရမည်။ အများအားဖြင့် အနဂ္ဂက စိတ်ဆိုးမာန်ဆိုး လုပ်ချင်ရာလုပ်ပြီးလျှင် သူကပဲ ပြန်တောင်းပန်လေ့ရှိသည်။ သူက သူ့အစ်ကိုအား သိပ်ချစ်ပါတသည် ။
"ကျွှီ"
အနဂ္ဂ ရေချိုးခန်းထဲဝင်ကာ ရေပန်းကို အပူပေးခလုတ်ဖွင့်လိုက်သည်။ သူတစ်ညလုံး တွေးတောနေခဲ့သည်။ မြေမခသော,ဟာ ကိုကြီးနှင့်မပတ်သက်ခဲ့ရင် ကောင်းမည်။ ထိုလူက ကိုကြီးအပေါ် အပေါစားဆန်ဆန် ကပ်တွယ်နေသူ မဟုတ်ကြောင်းတော့ သူလက်မခံချင်လည်း လက်ခံခဲ့ရသည်။
သူ၏ အတ္တအလွှာပါးပါးကို ဖယ်ခွာကြည့်မည်ဆိုပါက မြေမခသော,ဟာ ရုပ်ရည်မှာကအစ စိတ်ထားများအဆုံး အပြစ်ကင်းသည်။ ထိုအရာတို့က ကိုကြီးသဘောကျရသည့် အကြောင်းတရားများ ဖြစ်မည်။
မည်သို့ဆိုပါစေ မြေမခသောတွင် လျှို့ဝှက်ချက်တစ်စုံတစ်ရာ ရှိနေမည်ဟု သူထင်နေမိ၏။ထိုအတွေးက သူမြင်ခဲ့ဖူးသည့် မျက်ရည်တချို့နှင့် ပူဆွေးညည်းတွားသံတို့ကြောင့်လား။ "ကိုယ်စိတ်ပူနေခဲ့တာ"ဆိုတဲ့စကားက မည်သူ့ကို ရည်ရွယ်ခဲ့တာလဲ။ သူ အမှန် မခန့်မှန်းတတ်ချေ။
"ဟင်း..."
ပထမဆုံးအကြိမ် တွေ့စဥ်က ခွေးကြောက်နေသည့်ပုံစံအား မြင်ယောင်မိတော့ နှုတ်ခမ်းတွေက ကော့ညွှတ်သွားမိပြန်သည်။ ထိုနှုတ်ခမ်းများကို ခပ်ဖွဖွထိတွေ့မိသွားသည်။ နှုတ်ခမ်းစိုရဲရဲတို့အား ထိတွေ့ခဲ့ဖူးသည့် ပထမဦးဆုံး အနမ်းအကြောင်း မြင်ယောင်မိလျှင် အလိုမကျမှုက ပြန်ရောက်လာပြန်သည် ။
"ခင်ဗျားက တကယ်ကွာ"
ထိုသို့ ရေရွတ်ရင်းက မသိစိတ်မှာ ပိုတွေးမိပြန်သည်။ ထိုနှုတ်ခမ်းဖျားတို့အား ထပ်မံနမ်းရှိုက်ချင်သည် ။ နီမြန်းမြန်း နားရွက်တို့အား တယုတယထိတွေ့ချင်သည်။ အဆိုးဆုံးကား သူ၏စိတ်တို့ မူမမှန်တော့တာ ဖြစ်၏။ဒါတင်မဟုတ်သေး...။ခန္ဓာကိုယ်ကပါ မူမမှန်တော့ခြင်းပင် ။
ကျားတို့သဘာဝ မနက်စောစော အလိုရမက် ထကြွတတ်ကြသည်။ ဒါက သဘာဝဖြစ်စေကာမူ မြေမခသော,အကြောင်း တွေးလိုက်မိမှ ထိန်းမနိုင်သိမ်းမရ အဖြစ်မျိုးနှင့် ကြုံနေရသည်။
"ခင်ဗျားက မသိစိတ်မျာတောင် နည်းနည်းမှ ပစားပေးလို့ မရတဲ့ လူစားမျိုး..."
မြေမခသော,က လူမမြင်ရရင်တောင် စိတ်ဖြင့် ဒုက္ခပေးနေသည်။ ကိုယ်တိုင်ကတော့ စုံမှိတ်ပြီး ငြင်းပစ်လိုက်သည်။ ကိုကြီးကိုတောင် သူကိုယ်တိုင် မရမကတားယူထားပြီးမှ ဘာအတွက်အကြောင့်မှ အတိမ်းအစောင်းမခံနိုင်ပါ။
မြန်ဆန်စွာပင် နံရံပြင်အား အားပြင်းပြင်းဖြင့် သုံးချက်ဆင့် ပစ်ထိုးလိုက်သည်။ သွေးစအနည်းငယ်က အရေပြားမှတဆင့် ဖောက်ထွက်လာသည်။ တဆစ်ဆစ်ကိုက်လာသည့် ဒဏ်ရာက လှုပ်ရှားထကြွနေသည့်စိတ်တို့အား လွှမ်းခြုံသွားလေပြီ ။
"ခင်ဗျားကို မုန်းသည်ဖြစ်စေ...မမုန်းသည်ဖြစ်စေ...ခင်ဗျားလက်မှာတော့ အကျရှုံးခံမှာ မဟုတ်ဘူး မြေမခသော"
🌻
Vote,Comment,Follow,Reading List တစ်ခုချင်းစီအတွက် ကျေးဇူးပါ...🌻
ဒီအပိုင်းက အနည်းငယ်မပြေမပြစ်ဖြစ်သွားခဲ့ရင် မီကျော့်အားနည်းချက်မလို့ နားလည်ပေးကြပါဦး ။
#TBC
#MiKyaw
#BlackZone
************
Zawgyi
"ညီညီ...!တံခါးဖြင့္လို႔ ငါေျပာေနတယ္"
"ဒုန္း..!ဒုန္း...!"
"ေရာ္...ဘာေတြေလာေနတာလဲ...စာရင္းလုပ္စရာ ရွိေနလို႔ၾကာသြားတာပါ အဟင္း"
"အပိုေတြမေျပာနဲ႕ ညီညီ...ညေနက ကိစၥ အခုရွင္း"
အနဂၢကေတာ့ အစ္ကိုျဖစ္သူ ေနာက္မွာ ကပ္ပါလာသည္ကို သိေသာ္လည္း စာအုပ္ေတြ ပုံခ်သည့္ စားပြဲဆီသို႔သာ ေလွ်ာက္သြားလိုက္သည္။ ၿပီးေတာ့မွ ကုလားထိုင္မွာ ဝင္ထိုင္ရင္း MacBookကို ေကာက္သုံးေနလိုက္၏။
"အနဂၢထည္...မင္းဘာေၾကာင့္ ဒီေလာက္အထိ ကေလးဆန္တာေတြ လုပ္ေနရတာလဲ။ ဟမ္...အရင္က ဒီလိုဘယ္ႏွခါလုပ္ဖူးလို႔လဲ"
"ဒီလိုဆို ကိုႀကီးကေရာ ေျမမခေသာကို ဘာလို႔ ဒီေလာက္အထိ တန္းတန္းစြဲ ျဖစ္ေနရတာလဲ"
အနဂၢဟာ MacBookကို စာပြဲေပၚသို႔ ပစ္တင္လိုက္ကာ ထရပ္ၿပီးလွ်င္ အစ္ကိုျဖစ္သူကို ခနဲ႕တဲ့တဲ့ ၾကည့္လိုက္သည္။
"မင္း အခုထိ နားမလည္ေသးဘူးလား...သူက ငါ့ကို ဘယ္ေတာ့မွ ခ်စ္လာမွာမဟုတ္ဘူး။ ငါကပဲခ်စ္ၿပီး ငါကပဲ ျမတ္နိုးမိတာ။ သူနဲ႕မဆိုင္တာေၾကာင့္ မင္းသူ႕ကို လႊတ္ထားေပးလို႔ မရဘူးလား"
"ေနရာတကာမွာ ကာဆီးေပးေနေတာ့တာပါလား...ကိုႀကီးရာ...အင္းေလ...ေယာက်္ားတစ္ေယာက္ျဖစ္တာေတာင္ အနမ္းေတြ...ႏႈတ္ခမ္းေတြက ႏူးညံ့ေနေသးတာပဲ။ ဒီထက္ပိုတဲ့ ကိစၥေတြမွာလည္း ေကာင္းမြန္တဲ့ခံစားခ်က္မ်ိဳး ေပးစြမ္းနိုင္မယ္ထင္ပါ့"
"ခြပ္...! မင္းဘာလို႔...ဟာကြာ...ေတာက္!"
"ဒီလူ႕အတြက္နဲ႕...ဒီလူ႕အတြက္နဲ႕ ကြၽန္ေတာ္မ်က္ႏွာကို ထိုးလိုက္တာေပါ့ အဟား"
"......."
"အနဂၢထည္တို႔ အစ္ကိုက မယားတ႐ူးေနတာပဲ။ အဟက္...မဟုတ္ေသးဘူး...အဲတာကို ဘယ္လိုေျပာမလဲ...မစိုမေျခာက္လား...ဟင္"
အနဂၢဟာ ေသြးစို႔သြားသည့္ ႏႈတ္ခမ္းေထာင့္တို႔အား လက္မျဖင့္ပြတ္သပ္လိုက္ရင္း ပ်က္ေခ်ာ္ေခ်ာ္စကားဆိုကာ အစ္ကိုအား ခပ္ရဲရဲျပန္ၾကည့္လိုက္သည္။
"ခြပ္"
ကိုႀကီးက သူ႕မ်က္ႏွာအား ခပ္ျပင္းျပင္း ထပ္ထိုးလိုက္ျခင္းပင္။ သူကိုယ္တိုင္ သတိမထားမိလိုက္ခင္ ေသြးေၾကာမ်ားထင္းေနသည့္ လက္သီးဆုပ္ျပင္းျပင္းက ကိုႀကီးမ်က္ႏွာအနား အရွိန္နဲ႕ တိုးကပ္သြားမိ၏။
"ဘာလဲ ျပန္လုပ္ခ်င္လို႔လား လုပ္ေလ...မင္းက ဘယ္ေတာ့မွ လူစကားနားလည္မယ့္ေကာင္ မဟုတ္ဘူး အနဂၢထည္"
"ဒုန္း.....ခြမ္း....ေတာက္!"
ကိုႀကီးကို ထိခိုက္ေအာင္ မလုပ္ရက္နိုင္သည့္ ဗီဇကဆိုးသည္ ။ အနီးနားမွာရွိတဲ့ အရာအားလုံးကို နံရံရွိရာ သူပစ္ေပါက္မိသည္။ သူ႕အား စကားလုံးျဖင့္သာ ဆုံးမတတ္သည့္ အစ္ကိုက အခုေတာ့ လူတစ္ေယာက္ေၾကာင့္ အသားနာသည္အထိ လုပ္ရက္ေနၿပီ ။
"ျပန္မလုပ္နိုင္တဲ့ အရာေတြကို ဓားစာခံလုပ္မေနနဲ႕ အနဂၢထည္...မင္းမေက်နပ္ရင္ ငါ့ကိုလုပ္လိုက္...လုပ္ေလ"
"အဲလိုရလား...ဟမ္...ငယ္ငယ္တည္းက ခင္ဗ်ားကို က်ဳပ္ကိုယ္တိုင္ပဲ ကာကြယ္ေပးခဲ့တာ...။က်ဳပ္တြယ္တာရာဆိုလို႔ အစ္ကိုျဖစ္တဲ့ ခင္ဗ်ားတစ္ေယာက္ပဲ ရွိခဲ့တာ။ ခင္ဗ်ားထိခိုက္မွာကို ေသမလိုစိုးရိမ္တတ္တဲ့ ကေလးတစ္ေယာက္က က်ဳပ္ပါ။ ဒါေတြကို ဘယ္တုန္းက အသိအမွတ္ျပဳ နားလည္ခဲ့ဖူးလို႔လဲ...ဟမ္...ေျပာပါဦး ။ (၁၁)အ႐ြယ္ ေကာင္ေလးတစ္ေယာက္က ဂ်ပန္ေလဆိပ္မွာ အစ္ကိုျဖစ္သူဆီ အေရာက္ျပန္နိုင္ဖို႔ သူ႕အေမမသိေအာင္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ဖူးတယ္။ ခင္ဗ်ားအတြက္နဲ႕ အခ်ဳပ္ခန္းေပါင္းမ်ားစြာမွာ အိပ္စက္ခဲ့ဖူးတယ္။ အဟက္....ဒါေတြကို ဘယ္တုန္းကမ်ား ခင္ဗ်ားျမင္ေအာင္ၾကည့္ခဲ့ဖူးလို႔လဲ မဂၢထည္ရဲ႕...ဟင္...ေျပာေလ"
"ေတာ္ၿပီ...ေတာ္ေလာက္ၿပီ...ညီညီ"
"ဘာလဲ...ဆက္နားမေထာင္နိုင္ေတာ့ဘူးလား။ဘာလို႔မ်ား ကြၽန္ေတာ့္ထက္သူ႕ကို ပိုခ်စ္သြားနိုင္ရတာလဲ။ အလုယူခံရတဲ့ ခံစားခ်က္မ်ိဳး...အထီးက်န္ရတဲ့ ခံစားခ်က္မ်ိဳး ကြၽန္ေတာ္မုန္းလြန္းလွၿပီ...ပါးႏွင့္မား...ၿပီးေတာ့ခင္ဗ်ား"
အနဂၢ၏ မ်က္ဝန္းမ်ား၌ ေျပာရင္းဆိုရင္း မ်က္ရည္တို႔ စီးက်လာသည္။ သူ႕ဘဝတြင္ ဒီအစ္ကိုတစ္ေယာက္အတြက္သာ မ်က္ရည္က်ခဲ့ဖူး၏။ ဒီအစ္ကိုအတြက္သာ ငိုေႂကြးဖူး၏ ။
"မင္းထင္လို႔ပါ...ညီညီ"
ဒီစကားတစ္ခြန္းသာဆိုၿပီး မ်က္ႏွာပ်က္ေနသည့္ ကိုႀကီးက အခန္းအျပင္သို႔ ထြက္သြားသည္။သူကေတာ့ အခန္းမီးအားလုံးကို မွိတ္ပစ္လိုက္ၿပီး ဝရံတာအထြက္တံခါးဝမွာ မလႈပ္မယွက္ ထိုင္ေနမိသည္။ တိုက္ခတ္လာသည့္ ေလေအးေအးေၾကာင့္ ပါးမွ ဒဏ္ရာက တဆစ္ဆစ္ကိုက္လာ၏။ သို႔ေသာ္ ဒီည ဒီေနရာမွခြာဖို႔ စိတ္ကူးမရွိ...။
************
မဂၢ တစ္ညလုံးလုံးနီးနီး အိပ္မရခဲ့ပါ ။ ကိုယ့္အေၾကာင္းကို ကိုယ့္ထက္ဘယ္သူ ပိုသိနိုင္မည္လဲ ။ ေနာက္ဆုံး မိုးလင္းလုလုအခ်ိန္ အနဂၢအခန္းဘက္သို႔ ဦးတည္မိသည္ ။ ေလာ့မခ်သည့္ တံခါးကို ဖြင့္ခိုက္ ျမင္လိုက္ရသည့္အေနအထားက ရင္ထဲသို႔ ဆစ္ခနဲ နာက်င္ေစသည္။ အခန္းရဲ႕ေထာင့္တစ္ေနရာမွာ ေခြးႏွစ္ေကာင္ႏွင့္ လူတစ္ေယာက္ရွိ၏ ။
"တစ္ညလုံး ဒီေနရာမွာ ရွိေနခဲ့တာလား"
"ဘာလို႔ လာတာလဲ"
"ဒဏ္ရာကို ဘာလို႔ေဆးမထည့္တာလဲ"
"စိတ္မပူနဲ႕...ျပန္အိပ္ေတာ့"
အျပန္အလွန္ အေမးစကားမ်ား ေမွာင္မည္းမည္းအခန္းအတြင္း ပဲ့တင္ထပ္ေနသည္။ အေအးျမႇင့္ထားသည့္ အဲကြန္းေၾကာင့္ အခန္းတစ္ခုလုံး ေအးစက္ေန၏။ ထိုအရာကိုလည္း သထိထားမိဟန္မတူ...။
"ေတာင္းပန္ပါတယ္"
Control ကိုင္ထားသည့္ သူ႕လက္ကို ညီညီ့စကားက ရပ္တန့္သြားေစသည္ ။
"...."
"ေတာင္းပန္တယ္...ကိုႀကီး"
"မဟုတ္ဘူး ညီညီ...ဒီစကားကို ကိုႀကီးက ေျပာရမွာပါ"
"တစ္ညလုံး စဥ္းစားေနခဲ့တာ ။ တကယ္တမ္းေတာ့ ေျမမခေသာ,ကို မုန္းေနခဲ့တယ္ဆိုတာထက္ ကိုႀကီးနဲ႕ပတ္သက္ၿပီး ဝန္တိုစိတ္ထားမိခဲ့တာ ။ ကြၽန္ေတာ့္ေၾကာင့္ ခင္ဗ်ားပဲပိုနာက်င္ခဲ့ရတယ္ထင္တယ္ ။ ကြၽန္ေတာ္ အတၱႀကီးခဲ့တာပါ ။ ခင္ဗ်ားခံစားရတိုင္း ပိုရင္နာရတာက ကြၽန္ေတာ္ပဲျဖစ္ေနလ်က္နဲ႕..."
"ညီညီ...မင္းနားမလည္နိုင္ရင္ေတာင္မွေလ...ကိုႀကီးတစ္ဘဝလုံး မင္းအတြက္ပဲ ေရွးရႈသြားဖို႔ဆုံးျဖတ္ခဲ့ၿပီးသားပါ ။ နာက်င္ေနရတဲ့ မင္းပုံစံကို ကိုႀကီးလည္း မျမင္ခ်င္ဘူး။ ဘယ္ေလာက္ ဂ်စ္တိုက္တိုက္ ဘယ္ေလာက္ဆိုးဆိုး အနဂၢထည္ဆိုတာ ကိုႀကီးအၿမဲခ်စ္ရတဲ့ ညီတစ္ေယာက္ပါပဲ"
"..."
"ကိုႀကီးေၾကာင့္ ထပ္ၿပီးမ်က္ရည္မက်နဲ႕"
"ျဖစ္တတ္ပါတယ္"
"ကိုယ့္ပုံစံကိုယ္လည္း ျပန္ၾကည့္ပါဦး ။ မိုးကုတ္ၿမိဳ႕သူေတြရဲ႕ ႏႈတ္ဖ်ားမွာ သူၾကားေဖေဖဆိုၿပီး နာမည္ရထားတဲ့လူက အစ္ကိုအတြက္ဆို ငိုေနတုန္းပဲ"
"မ်က္ရည္ဆိုတာ ခံစားခ်က္နဲ႕ပဲ ဆိုင္တာေလ။ကိုယ္ခႏၶာႏွင့္ ဆိုင္တာမွ မဟုတ္ဘဲကို"
"ဟုတ္ပါၿပီ...ထေတာ့...ေဆးထည့္ေပးမယ္။ေတာ္ၾကာ အရပ္ရပ္က မင္းပရိသတ္ေတြ ကိုယ့္ကို တရားစြဲေနမွျဖင့္..."
"ေတာ္ပါ...မင္းသားမဟုတ္ ဘာမဟုတ္တဲ့ ကြၽန္ေတာ့္ကို ဘာလို႔ဒီေလာက္ သတိထားမိၾကမွာလဲ။ျမႇောက္မေျပာလည္း ခြင့္လႊတ္ၿပီးသား...မုသာဝါဒနဲ႕ အပါယ္လားေနမယ္"
"ေအာင္မာ...Facebook Follower (1)Mနီးနီးရွိတာ မင္းမဟုတ္ဘူးလား ။ အေဖတူ မင္းသားေတြရဲ႕ Account မွာေတာင္ Follower 10K ေက်ာ္ေနၿပီဟာကို..."
အနဂၢက ရာဇာတို႔အတြက္ Facebook ႏွင့္ Instagrmမွာ Account ဖြင့္ေပးထားတာျဖစ္သည္။ ကိုယ့္ပုံကိုယ္ တစ္လတစ္ခါ ပုံမွန္မတင္ေသာ္လည္း ထိုႏွစ္ေကာင္၏ မွတ္တမ္းမ်ားအား အၿမဲလိုလို တင္ေပးတတ္သည္ ။ အေဖလိုပဲ သားတို႔က ေစာ္ၾကည္သည္ ။ အင္း...လူခ်စ္လူခင္မ်ားသည္ ။
"သြားျပန္အိပ္ေတာ့ ကြၽန္ေတာ္လည္း ေရခ်ိဳးခန္း ဝင္မလို႔"
"ေစာေစာစီးစီးကြာ"
"ဒီေလာက္ မေအးပါဘူး"
"ဒါဆို သြားၿပီ...အေအးပတ္တဲ့အထိ စိမ္မေနနဲ႕"
"အင္း"
တစ္ညတာ စိတ္ဆိုးမႈက တစ္မနက္အတြင္းမွာ ေက်ေအးသြားသည္။ ဒါက သူတို႔ညီအစ္ကို ႏွစ္ဦး၏ ခ်စ္ျခင္းသေဘာဟု ဆိုရမည္။ အမ်ားအားျဖင့္ အနဂၢက စိတ္ဆိုးမာန္ဆိုး လုပ္ခ်င္ရာလုပ္ၿပီးလွ်င္ သူကပဲ ျပန္ေတာင္းပန္ေလ့ရွိသည္။ သူက သူ႕အစ္ကိုအား သိပ္ခ်စ္ပါတသည္ ။
"ကႊၽီ"
အနဂၢ ေရခ်ိဳးခန္းထဲဝင္ကာ ေရပန္းကို အပူေပးခလုတ္ဖြင့္လိုက္သည္။ သူတစ္ညလုံး ေတြးေတာေနခဲ့သည္။ ေျမမခေသာ,ဟာ ကိုႀကီးႏွင့္မပတ္သက္ခဲ့ရင္ ေကာင္းမည္။ ထိုလူက ကိုႀကီးအေပၚ အေပါစားဆန္ဆန္ ကပ္တြယ္ေနသူ မဟုတ္ေၾကာင္းေတာ့ သူလက္မခံခ်င္လည္း လက္ခံခဲ့ရသည္။
သူ၏ အတၱအလႊာပါးပါးကို ဖယ္ခြာၾကည့္မည္ဆိုပါက ေျမမခေသာ,ဟာ ႐ုပ္ရည္မွာကအစ စိတ္ထားမ်ားအဆုံး အျပစ္ကင္းသည္။ ထိုအရာတို႔က ကိုႀကီးသေဘာက်ရသည့္ အေၾကာင္းတရားမ်ား ျဖစ္မည္။
မည္သို႔ဆိုပါေစ ေျမမခေသာတြင္ လွ်ို႔ဝွက္ခ်က္တစ္စုံတစ္ရာ ရွိေနမည္ဟု သူထင္ေနမိ၏။ထိုအေတြးက သူျမင္ခဲ့ဖူးသည့္ မ်က္ရည္တခ်ိဳ႕ႏွင့္ ပူေဆြးညည္းတြားသံတို႔ေၾကာင့္လား။ "ကိုယ္စိတ္ပူေနခဲ့တာ"ဆိုတဲ့စကားက မည္သူ႕ကို ရည္႐ြယ္ခဲ့တာလဲ။ သူ အမွန္ မခန့္မွန္းတတ္ေခ်။
"ဟင္း..."
ပထမဆုံးအႀကိမ္ ေတြ႕စဥ္က ေခြးေၾကာက္ေနသည့္ပုံစံအား ျမင္ေယာင္မိေတာ့ ႏႈတ္ခမ္းေတြက ေကာ့ၫႊတ္သြားမိျပန္သည္။ ထိုႏႈတ္ခမ္းမ်ားကို ခပ္ဖြဖြထိေတြ႕မိသြားသည္။ ႏႈတ္ခမ္းစိုရဲရဲတို႔အား ထိေတြ႕ခဲ့ဖူးသည့္ ပထမဦးဆုံး အနမ္းအေၾကာင္း ျမင္ေယာင္မိလွ်င္ အလိုမက်မႈက ျပန္ေရာက္လာျပန္သည္ ။
"ခင္ဗ်ားက တကယ္ကြာ"
ထိုသို႔ ေရ႐ြတ္ရင္းက မသိစိတ္မွာ ပိုေတြးမိျပန္သည္။ ထိုႏႈတ္ခမ္းဖ်ားတို႔အား ထပ္မံနမ္းရွိုက္ခ်င္သည္ ။ နီျမန္းျမန္း နား႐ြက္တို႔အား တယုတယထိေတြ႕ခ်င္သည္။ အဆိုးဆုံးကား သူ၏စိတ္တို႔ မူမမွန္ေတာ့တာ ျဖစ္၏။ဒါတင္မဟုတ္ေသး...။ခႏၶာကိုယ္ကပါ မူမမွန္ေတာ့ျခင္းပင္ ။
က်ားတို႔သဘာဝ မနက္ေစာေစာ အလိုရမက္ ထႂကြတတ္ၾကသည္။ ဒါက သဘာဝျဖစ္ေစကာမူ ေျမမခေသာ,အေၾကာင္း ေတြးလိုက္မိမွ ထိန္းမနိုင္သိမ္းမရ အျဖစ္မ်ိဳးႏွင့္ ႀကဳံေနရသည္။
"ခင္ဗ်ားက မသိစိတ္မ်ာေတာင္ နည္းနည္းမွ ပစားေပးလို႔ မရတဲ့ လူစားမ်ိဳး..."
ေျမမခေသာ,က လူမျမင္ရရင္ေတာင္ စိတ္ျဖင့္ ဒုကၡေပးေနသည္။ ကိုယ္တိုင္ကေတာ့ စုံမွိတ္ၿပီး ျငင္းပစ္လိုက္သည္။ ကိုႀကီးကိုေတာင္ သူကိုယ္တိုင္ မရမကတားယူထားၿပီးမွ ဘာအတြက္အေၾကာင့္မွ အတိမ္းအေစာင္းမခံနိုင္ပါ။
ျမန္ဆန္စြာပင္ နံရံျပင္အား အားျပင္းျပင္းျဖင့္ သုံးခ်က္ဆင့္ ပစ္ထိုးလိုက္သည္။ ေသြးစအနည္းငယ္က အေရျပားမွတဆင့္ ေဖာက္ထြက္လာသည္။ တဆစ္ဆစ္ကိုက္လာသည့္ ဒဏ္ရာက လႈပ္ရွားထႂကြေနသည့္စိတ္တို႔အား လႊမ္းၿခဳံသြားေလၿပီ ။
"ခင္ဗ်ားကို မုန္းသည္ျဖစ္ေစ...မမုန္းသည္ျဖစ္ေစ...ခင္ဗ်ားလက္မွာေတာ့ အက်ရႈံးခံမွာ မဟုတ္ဘူး ေျမမခေသာ"
💚💚
Vote,Comment,Follow,Reading List တစ္ခုခ်င္းစီအတြက္ ေက်းဇူးပါ...
ဒီအပိုင္းက အနည္းငယ္မေျပမျပစ္ျဖစ္သြားခဲ့ရင္ မီေက်ာ့္အားနည္းခ်က္မလို႔ နားလည္ေပးၾကပါဦး ။
#TBC
#MiKyaw
#BlackZone