แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

367K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ‚แ†

5K 978 50
By PannKhattWaiio

အပိုင်း (၂၆) လေးရာသီစားပွဲ...အပိုင်းခွဲ၂

၅ပွဲမြောက်ဟင်းလျာက ရှေးရိုးအကျဆုံးဖြစ်သည့် ဝက်သားနီချက်ဖြစ်သည်။ တောင်ပိုင်းသားဖြစ်သည့် ယွမ့်ထျန်းကတောင်ပိုင်းသားလက်ရာကို အဖွားဖြစ်သူက ချက်ပြုတ်နေကျအတိုင်း ချက်ပြုတ်နေသည်။

ယွမ့်ထျန်းက ဝက်ဗိုက်သားကို ယူလိုက်သည်။ ထို့နောက် လေးထောင့်အတုံးလေးတွေ လှီးဖြတ်ထားသည့်နောက်တွင် နီရဲနေသည့်ဘက်နှင့် ဖြူဖျော့နေသည့်ဘက်ခြမ်းသာကျန်သည့်အထိ ရှင်းလင်းလိုက်သည်။ အသားစိမ်း၏ သွေးလွှမ်းနေသည့်အပိုင်းကိုဖယ်ရှားပစ်လိုက်၏။ အားလုံးကို ရေသန်ု့ဖြင့် ဆေးပြီးသည့်နောက်တွင် နောက်ထပ်၂ကြိမ်ခန့် ထပ်ဆေးသေးကာ အညှီနံ့တွေကို ပြေပျောက်သွားစေသည်။

ဒယ်ပြားကိုမီးဖိုပေါ်တွင်အသင့်တင်ပြီးသားဖြစ်သည်။ အပူချိန်ကလုံလောက်သည်ဟု ခံစားရသည့်အခါဆီပါးပါးသုတ်လိုက်သည်။ ထို့နောက်ဂျင်းနှင့်ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်လိုက်၏။ သူက ဝက်သား အပိုင်းအစများထည့်လိုက်သည့်နောက်တွင် အပူချိန်ကိုအလယ်အလတ်အဆင့်သာ ထားလိုက်၏။ ​ ဝက်သားမှ တဆစ်ဆစ်ဆီအသံများထွက်လာပြီးသည့်နောက်တွင် ဟိုးအောက်ခြေသို့ကပ်သွားသည်။ မွှေးပျံ့သည့်အသားရနံ့က ဖျော့တော့စွာဖြင့်ထွက်လာခဲ့ကာ ရွှေရောင်သန်းမှုနှင့် မွှေးပျံ့သည့်ရနံ့မျိုးက လှိုင်လာခဲ့၏။

[ဟားဟား:ဝိုး]

[ကြေးနီရောင်လေး: ငါနှင်းဆီစားသောက်ဆိုင်ကနေ ဝက်ပြုတ်သားဟင်းကိုစားခဲ့ဖူးပါတယ် ဒါပေမဲ့ ဒီလိုအနံ့မျိုးတော့ မထွက်သလိုပဲ]

[အီရာ:ဒီလိုပြောဖို့မလိုသေးဘူးထင်တယ် ငါနည်းနည်းတောင်ခိုးစားလိုက်သေးတယ် အနံ့ကမွှေးပေမယ့် အရသာကမကောင်းဘူး ဘာအရသာမှလည်းမရှိဘူး ဂျင်းနဲ့ ကြက်သွန်ဖြူအနံ့ပဲရှိတယ် နှင်းဆီစားသောက်ဆိုင်က ပိုကောင်းတယ်လို့ငါထင်တယ်]

[တစ်စုံတယောက်ရဲ့ပျော်ရွှင်မှုကို သီချင်းနဲ့ ဖျော်ဖြေမယ်: ပြီးမှမပြီးသေးတာ ဘယ်အရသာရှိမှာလဲ]

ထိုအချိန်တွင် ယွမ့်ထန်းက နောက်ထပ်တစ်အိုးကိုထုတ်လိုက်သည်။ သူက ရေပမာဏအနည်းငယ်ထည့်ပြီးသည့်နောက်တွင် ဆီတစ်ဇွန်း သကြားစားပွဲတင်ဇွန်း၃ဇွန်းတို့ကို ဖြေးညှင်းစွာထည့်ပြီး အပူချိန် နိမ့်နိမ့်ဖြင့်ချက်ထားလိုက်သည် ။

အရောင် ပြောင်းလာသည့်အချိန်တွင်သူက အသားကိုထည့်သည်။ ထို့နောက် နှပ်ထားလိုက်၏။ သို့မှသာအသားများက အနီညိုရောင်သန်းလာသည်။

[ဟားဟား: ဝိုးဒီတစ်ကြိမ်ပိုပြီးတော့တောင် မွှေးလာပြီ ငါတို့စားလို့ရပြီလား..]

[ဂျင်းလေး:ကြည့်ရုံနဲ့တော့အားလုံးကိုဆုံးဖြတ်လို့မရဘူး ဒီတင်ဆက်သူက အရသာတွေ ထပ်ဖြည့်တော့မယ်ထင်တယ်]

သူကဒယ်အိုးထဲသို့ ရေပူကိုထည့်ပြီးသည်နှင့် ရေပမာဏက ပွက်ပွက်ဆူသည်အထိ စောင့်လိုက်သည်။ ထို့နောက်ဂျင်းနှင့်ကြက်သွန်နီတိုိ့ကိုထည့်လိုက်သည်။ အပူချိန်ကိုမြှင့်လိုက်ပြီးသည့်နောက်တွင် ပူဖောင်းငယ်လေးများထလာသည်အထိ အပူပေးလိုက်၏။ ထို့နောက် ပဲငံပြာရည်အကြည်နှင့်အနောက်တို့ကိုထပ်ထည့်သည်။ ဆားအနည်းငယ်ကိုလည်း ဖြူးလိုက်သေးကာ ဖြည်းဖြည်းချင်း နှပ်ထားလိုက်၏။

[အရိုးလေး: အားအားအား ဘာလို့ အဖုံးအုပ်လိုက်တာလဲ ငါ စားချိန်တောင် မရလိုက်ဘူး]

[တကယ်တော့: ငါလည်းမစားရသေးဘူး..အိုး…]

ယွမ့်ထန်းက ကြည့်ရှူနေသူများ၏ကွန်းမန့်များကို မမြင်ရသည့်အတွက် ဘာမှမသိပေ။ သူက ဝက်သားနီချက်ကို နီရဲလာသည်အထိ ချက်လိုက်သည်။ ထို့နောက် အားလုံးကိုသေချာထည့်ပြီးသည့်နောက် အခြားဟင်းတစ်ပွဲကိုစတင်လုပ်ကိုင်၏။

သူက သုံးသွယ်မြေသားဆုလာဘ်ဆိုသည့်အဓိကဟင်းလျာကိုချက်ပြုတ်ခြင်းဖြစ်သည်။ ထိုဟင်းလျာ၏ပါဝင်ပစ္စည်းများမှာ အာလူး ခရမ်းသီးနှင့် ငရုတ်ပွစိမ်းတို့ဖြစ်သည်။ ပါဝင်ပစ္စည်းများက ရိုးရှင်းသည်။ အားလုံးကိုအတူရောမွှေပြီးသည့်နောက်တွက် ကျွတ်ရွကာမွှေးပျံ့သည့် ရနံ့များထွက်လာမည်ဖြစ်၏။ သူ၏ဒီဇိုင်းဖော်မှုနောက်တွင် ဒီဟင်းလျာကလေးရာသီဟင်းပွဲနှင့်အလွန်လိုက်ဖက်ညီသွားမည်ဖြစ်သည်။

အချဉ်၏အရသာကမူ ဒီသုံးသွယ်မြေသားဆုလာဘ်၏အဓိကသော့ချက်ဖြစ်သည်။ ပထမဦးစွာ သူက ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက်တို့ကို ၁:၁ ထည့်သည်။ ထို့နောက်ပန်းကန်လုံးလေးထဲသို့ ထည့်လိုက်ပြီးနောက် ရှာလကာရည်လက်ဖက်ဇွန်း၁ဇွန်းဆားနှင့်သကြားတို့ကို ဇွန်းတစ်ဝက်ခန့်စီထည့်၏။ထို့နောက်ဂျင်းနှင့်ငရုတ်ပွအနီကိုလည်းထည့်သည်။ အားလုံးကိုရောမွှေပြီးနောက် ဘေးသို့ဖယ်ထား၏။

သူကအဓိကဟင်း၃ပွဲ၏ပါဝင်ပစ္စည်းများကို ဆေးကြောလိုက်သည်။ အာလူးကို အခွံနွှာသည်။ အဓိက ပါ၀င်ပစ္စည်းသုံးခုလုံးကို အရွယ်စားတူအောင်ပိုင်းထားလိုက်၏။ ယခင်ဟင်းပွဲတွေတွင် အမြန်ခုတ်သင်ခြင်းနှင့်လှီးဖြတ်ခြင်းတို့ မပါဝင်ခဲ့ပေ။ ယခုအခါတွင် သူ၏ကျွမ်းကျင်သည့် အခုတ်အသင်စကေးကို ထုတ်ပြရချေပြီ။ ကြည့်ရှုသူတွေအားလုံးက သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်ကိုမကြည့်ထားခဲ့သဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

[ချင်းရှောင်ဝေ့: ဝိုးသူ မြန်မြန်လှီးလိုက်နိုင်တာပဲ  ဓားတောင်မမြင်ရတော့ဘူး ဒီတင်ဆက်သူက လက်ပြတ်သွားမှာမကြောက်ဘူးလား]

သုံးသွယ်မြေသားဆုလဒ်တွင် ပြင်ဆင်ပြီးသည့်အခါ အာလူးနှင့် ခရမ်းသီးများက သေချာပေါက် ကျက်နေရမည်ဖြစ်သည်။ ယွမ့်ထန်းက ဒယ်ပြားထဲသို့ ဆီကိုထည့်ကာ အပူပေးထားလိုက်သည်။ မည်သို့ပင်ဆိုစေ အာလူးများကို ဖြေးညှင်းစွာဖြင့် ချက်ထားရမည်ဖြစ်သည်။ အာလူးအတွင်းသားများက နူးညံံ့နေအောင်ဦးစားပေးရမည်ဖြစ်၏။ ဆီ၏အပူချိန်က ၈၀ဒီဂရီဆဲစီးယပ်ခန့်ထားပေးရမည်ဖြစ်သည်။

သူက အာလူးကိုအရင် ထည့်ထားလိုက်၏။ထို့နောက် အတွင်းသားတွေကျက်သည်အထိ အပူချိန်ကိုမြှင့်ထားလိုက်၏။ ဆီက ရုတ်တရက် ပွက်ပွက်ဆူလာသည်။ထိုအခါအာလူးအပေါ်ယံသားတွေက ရွှေ့ရောင်သန်းကာ ကြွပ်ရွလာ၏။ အရောင်နှင့်အနံ့ကကြည့်ရုံနှင့်တင် မွှေးပျံ့နေမည့်ပုံရသည်။ သူက အခြားသောဟင်းလျာ၂မျိုးကိုလည်း အလားတူစွာပင်ပြုလုပ်လိုက်၏။ ခရမ်းသီးနှင့် ငရုတ်ပွစိမ်းတို့ကိုကျော်ပြီးသည့်နောက်တွင် ဖြေးညှင်းစွာဖြင့်တစ်ဖက်လှန်လိုက်သည်။ ထို့နောက် ဆီစစ်ထားလိုက်၏။

ဒယ်အိုးထဲတွင်ရှိနေသည့်ဆီကိုအသုံးပြုဦးမည်ဖြစ်သည့်အတွက်သူက ကြက်သွန်မိတ်နှင့် ဂျင်းတို့ကိုထည့်ကာ တစ်ပြားရိုက်ပြီး ကြော်ထားလိုက်သည်။ ဟင်းရွက်သုံးမျိုးကို နူးညံ့သွားသည်အထိ စောင့်ရန်အလို့ငှာ ယွမ့်ထန်းက အာလူးခရမ်းသီးနှင့် ငရုတ်ပွစိမ်းတို့ကို ဒယ်အိုးထဲသို့ ထပ်ထည့်ထားလိုက်ပြန်၏။ သူက သူကိုယ်တိုင်ပြုလုပ်ထားသည့် အချဉ်ရည်ကိုလည်း အထဲသို့လောင်းထည့်လိုက်သည်။ အားလုံးကိုအပူချိန်မြင့့်မြင့်ဖြင့် ကြော် ပြီးသည့်နောက်တွင် အချဉ်၏မွှေးရနံ့နှင့်ဆီ၏အရသာတွေကို အရွက်တွေက စုပ်ယူသွားပြီဖြစ်ကာ ဆီကင်းစင်ကာ လင်းလက်သည့်အရောင်မျိုးက လင်းလက်နေခဲ့ပြီဖြစ်သည်။ ယွမ့်ထန်းက အပူချိန်ကိုပြန်ပိတ်လိုက်ပြီးသည့်နောက်အရွက်ကိုပန်းကန်ထဲသို့ထည့်ကာ ပြင်ဆင်ထားလိုက်သည်။

“ဝတ္ထုဖတ်သူ: ဝိုး ပူလိုက်တာ ပူလိုက်တာ ပူလိုက်တာက ငါ လျှာပူသွားပြီ]

[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး: ငါ့ရဲ့လျှာကတော့လောင်ကျွမ်းသွားပါပြီ]

ယွမ့်ထန်းက သုံးသွယ်မြေသားဆုလာဘ်ကို ပန်းကန်ထဲသို့ထည့်လိုက်ချိန်မှာပင် မစောင့်နိုင်သည့်ကြည့်ရှူသူများက ခိုးစားကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အလွန်ပူပြင်းနေကာ ဆီကိုလည်းအပြည့်အဝစုပ်ယူထားသည့်အတွက် လျှာကလည်း အပူလောင်သွားတော့သည်။ ထို့ကြောင့် ဆက်တိုက်အော်ဟစ်သံတွေက ထွက်လာခဲ့၏။

[ရေငတ်နေတယ်: ပူလိုက်တာ ဒါပေမဲ့ အရသာရှိတယ်]

[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ်: သက်တမ်းကြာရှည်နေတဲ့ပရိတ်သတ်တွေက ဟင်းလျာကိုဘယ်အချိန်မှာ အပူမလောင်ဘဲ မြည်းရမလဲဆိုတာကိုနားလည်တယ် ဒါကြောင့် ငါစားဖို့စောင့်နေတာလေ ငါ့ကိုယ့်ငါတော်တော်ထိန်းထားတာ တင်ဆက်သူရဲ့လက်ရာကတော့ တကယ်ကို ပထမတန်းစားပဲ]

သုံးသွယ်မြေသားဆုလာဘ်ကနာမည်နှင့် လိုက်သည်။ အရသာကအလွန်ရှိကာ နူးညံ့နေ၏။ ဆီရှိသော်လည်း အီမနေပေ။ ထိုဆီအရောင်ဖြင့်ပင် လှပနေသေး၏။ ဟင်းလျာကိုပန်းကန်ခွဲထားခြင်းက တစ်ပန်းကန်ကို စက်ရုပ်ကယူသွားပြီးအခြားတစ်ပန်းကန်ကို အထဲသို့ထည့်ထားလိုက်သည်။ ဒီနည်းဖြင့် ဒိုင်များက ကြိုတင်မြည်းစမ်းနိုင်၏။

အံ့သြစရာမလိုလောက်အောင် ဟင်းပွဲက ၂မိနစ်အတွင်းတွင် အပြောင်ရှင်းခံလိုက်ရသည်။

[သကြားပိုစားရင် သွားကိုက်လိမ့်မယ်: အားအားအားထပ်ပြီးကုန်သွားပြန်ပြီ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ]

[မူ: ဒီဒိုင်တွေကတော့ သူတို့ ဘာလုပ်ဖို့ ဒီကိုရောက်နေသလဲဆိုတာ မေ့သွားကြပြီထင်တယ်]

ပါဝင်ယှဉ်ပြိုင်မည့်သူတွေ၏ဟင်းလျာတွေကို အပြောင်ရှင်းပြီးသည့်နောက်တွင် ဒိုင်အချို့ကရှက်သွားကြသည်။ သို့သော်ယွမ့်ထန်းလုပ်သမျှဟင်းလျာတိုင်းက အလွန်အရသာရှိသည်။ အနံ့ရကတည်းကပင် သူတို့သားရေကျနေပြီဖြစ်ကာ မည်သို့မျှဟန်မဆောင်နိုင်ပဲ ဟင်းလျာရောက်သည်နှင့် ချက်ချင်းအကုန်ရှင်းလိုက်ကြခြင်းဖြစ်သည်။ သူတို့ကသာ လက်နှေးလျှင် ငတ်သွားလိမ့်မည်ဖြစ်၏။

အချို့သောမုတ်ဆိတ်ဖြူကြီးတွေနှင့် စားဖိုမှူးများက သူတို့၏မုတ်ဆိတ်မွှေးတွေကိုသုတ်နေကာ မျက်နှာကနီရဲနေသည်။ ဘယ်မှညာအစဉ်လိုက်အချင်းချင်း ချီးကျူးကြ၏။

“အနံ့က အရမ်းမွှေးပြီး အရသာက အရမ်းကောင်းတယ် ငံလည်း မငံဘူး အရသာလည်းရှိတယ် အရမ်းကောင်းတယ် အရမ်းကောင်းတယ်”

“သူဘယ်လိုတောင် ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်အရသာရှိတဲ့ဟင်းလျာတွေကို လုပ်နိုင်တာလဲ လူငယ်ပေမဲ့ ငါတို့ လေးစားဖို့တောင် ထိုက်တန်တယ်လို့ထင်တယ်”

“ဟုတ်တာပေါ့ ဟုတ်တာပေါ့”

ကြည့်ရှူသူများ “…”

သူတို့၏ကွန်းမန့်များပြီးသွားသည်နှင့် ကူကယ်ရာမဲ့စွာကြည့်လိုက်ကြကာ ယွမ့်ထျန်းဆီသို့အကြည့်တွေရောက်သွားကြသည်။ ဒီတစ်ကြိမ်တွင်ယွမ့်ထျန်းကအလွန်ကြီးမားသည့် ငါးအမြှီးကြီးကိုထုတ်ထားသည်။ ငါးအမြှီးကြီးကို တစ်ချက်ဖြတ်ခနဲရိုက်ပြီးသည်နှင့် ဓားဖြင့်သပ်လိုက်ကာ ကြေးခွံများကို ပြောင်သွားစေ၏။ အတွေ့အကြုံရှိသည့်ကြည့်ရှူသူများက အနည်းငယ်နောက်သို့ဆုတ်လိုက်ကြသည်။ မဟုတ်ရင် ကြေးခွံများစင်လာနိုင်၏။

[ဆည်းဆာချိန်: အားငါးအမြှီးက စားလို့ရတာလား အရိုးတွေက အများကြီးပဲလေ]

[ကြောင်တွေအတွက်ပိုက်ဆံအပြည့်အမ်းမယ်: ငါးစားတာတော့ ငါ မရင်းနှီးဘူး ရှော့ပင်းဆိုက်မှာတော့ မြင်ဖူးတယ် ကြည့်ရတာ ဒီငါးအမြှီးက ထွက်တာမကြာသေးဖူးထင်တယ် အိုဘုရားရေ ဒီပါဝင်ပစ္စည်းက ဘာမှန်းတောင်မသိဘဲနဲ့တင်ဆက်သူက ချက်ရဲနေပြီလား.. ရယ်လိုက်ငိုလိုက်အီမိုဂျီ]

ပြောရလျှင်အကယ်ဒမီသိပ္ပံမှငါးအမျိုးအစားအမျိုးမျိုးကို ထုတ်ထားပေးသည့်တိုင်အောင် အမျိုးအစားအလိုက် မည့်သည့်အပိုင်းကအန္တာရယ် ရှိ မရှိ သူတို့နားမလည်ထားကြသေးပေ။ ထို့ကြောင့် ဓာတ်ခွဲခန်းတွင် အစိတ်ပိုင်းအများစုက ရှိနေသေးကာ ငါးတိုင်းကို တစ်ကိုယ်လုံးအပြည့် စားသုံးနိုင်ကြောင်း ထုတ်ပြန်ကြေညာနိင်ခြင်းမရှိသေးပေ။ ထို့ကြောင့်တစ်ပိုင်းချင်းစီကိုသာ ကြေညာ​နေခြင်းဖြစ်၏။

သို့သော်ယွမ့်ထန်းအတွက်ကမူ မည်သည့်အရာက စားကောင်းသည့်အပိုင်းဖြစ်ကြောင်း နားလည်နေပြီးသားဖြစ်သည်။ ထို့ကြောင့် ယွမ့်ထန်းက ဒါကို ဟုန်ရှောင်ဟွားရွှိန်လုပ်ရန်စီစဉ်ထားသည်။

ဟုန်ရှောင်ဟွားရွှိန်ဆိုသည်မှာ တောင်ပိုင်းငါးဟင်းအမျိုးအစားတစ်မျိုးဖြစ်သည်။ ငါးအမြှီးကိုရေရိုက်ခတ်ပုံမြင်ပြီးနာမည်ပေးထားခြင်းလည်းဖြစ်သည်။ ထိုငါးအမြှီးအပိုင်းက အရသာရှိပြီးအနူးညံ့ဆုံးဖြစ်သည်။ အနာဂတ်တွင်ပြည်သူပြည်သားတွေက ငါးအမြှီးကိုသာ ပုံမှန်စားရန် တွေးတောနေလောက်ပေ၏။

ကြေးခွံခွာပြီးနောက်တွင် ရှောင်းချန်က အလယ်အရိုးကိုထုတ်ကာ ၂ခြမ်းခြမ်းလိုက်သည်။ သို့သော် သူက မပိုင်းဖြတ်လိုက်ပေ။ ငါးအမြှီးကိုတစ်ဖက်လှန်လိုက်ကာ အလယ်မှ၂ခြမ်းခြမ်းလိုက်၏။ထို့နောက်အလယ်မှ ငါးအတွင်းပိုင်းကိုဖွင့်လိုက်ကာအပြားလိုက်ချထားလိုက်သည်။ ငါးအမြှီးကိုပန်းကန်ပြားသို့တင်ပြီးသည်နှင့် သူက ဂရုတစိုက် ငါးအပေါ်မှဆားများဖြူးလိုက်သည်။ အထူးသဖြင့် ငါးအတွင်းသားသို့ ဝင်သွားစေရန် ခပ်ဖွဖွပွတ်လိုက်သေး၏။ ဒီနည်းမှသာကြော်သည့်အခါ အရသာများ အခဲလိုက်မကျန်ရစ်မည်ဖြစ်သည်။

ဒယ်အိုးကိုအပူပေးပြီးသည့်နောက်တွင်ကြက်သွန်ဂျင်းကြက်သွန်ဖြူအနီရောင်ငရုတ်ကောင်းငရုတ်ပွတို့ကို ထည့်ထားလိုက်သည်။ အပူချိန်အလယ်အလတ်ထားပြီးနောက်တွင် ဆီသတ်ထားလိုက်၏။ ထို့နောက်ငါးကိုအထဲသို့ထည့်ကာပွက်ပွက်ဆူနေသည့် ရေတွေကိုလည်း ထပ်ဖြည့်ထားလိုက်သေးသည်။ ငါးပေါလောပေါ်လာသည့်အထိထားလိုက်၏။ ထို့နောက်ငံပြာရည်အနောက်နှင့်အကြည်တို့ကိုလည်း ထည့်သေးသည်။ အပူချိန်ကိုပြန်မြှင့်လိုက်ကာ ငါးကိုပွက်ပွက်ဆူလာစေ၏။ ထို့နောက်အလွန်ပွက်ပွက်ဆူလာသည့်အခါမှသာ အပူချိန်ကိုပြန်လျော့လိုက်သည်။ ထိုအချိန်တွင်ဝက်နှပ်က ရနေပြီဖြစ်သည့်အတွက် ယွမ့်ထျန်းကမီးဖိုကိုဖွင့်လိုက်သည်။ အဖုံးကိုဖွင့််လိုက်သည်နှင့်ကြည့်ရှုနေသူတိုင်း သားရေစီးကျလောက်အောင်မွှေးပျံ့သည့်ရနံ့ကပေါက်ထွက်လာသည်။ ထိုဝက်ဗိုက်သားက အဆီတစ်ထပ် အသားတစ်ထပ်ရှိကာ အလွန်ကြည့်ကောင်းပြီး ကြွပ်ရွကာ အရသာရှိမည့်ပုံလည်းရ၏။ မွှေးပျံ့သည့်အနံ့တစ်မျိုးက ကြည့်ရှုနေသူတွေကိုဆက်တိုက်ပင် သားရေများစီးကျလာစေသည်။ အဆီများအပေါ်တွင် ဝေ့နေခြင်းကလည်း အလွန်ဆွဲဆောင်မှုရှိ၏။

ယွမ့်ထန်းက ပန်းကန်ပြားထဲသို့ ဟင်းလျာကိုထည့်လိုက်သည်။ ကြည့်ရှုသူများက စားရန်အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်ကြ၏။ သူတို့အပူလောင်မည်ကိုစိုးသည့်တိုင် အလုအယက်စားကြ၏။ ဒိုင်တွေထံသို့ရောက်သွားပြီဆိုလျှင် သူတို့ငတ်ပေလိမ့်မည်။ သူတို့က စကားပင်မပြောနိုင်တော့လေဘဲ ဆက်တိုက်ပင် တူတွေကိုကောက်ကိုင်ပြီး ဆက်တိုက်စားနေကြသည်။

[သစ်ပင်မဖက်ပဲမနေနိုင်ဘူး:သေစမ်း…]

[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ်: အရသာအရမ်းရှိတာပဲ]

[ပန်းငယ်: ငါဘယ်သူလဲ ငါဘယ်မှာလဲ ငါဘယ်ကိုရောက်နေတာလဲ ငါ အသက် ပြန်ထွက်သွားပြီထင်တယ်..]

[မှင်စက်: ငါ အလောတကြီး အသားအပိုင်းစကို ကိုက်စားလိုက်တာပဲ ၊ဒါက ဒေတာရဲ့အရသာဆိုတော့ ငါမျိုချလို့မရတာ ဘယ်လောက်နှမြောဖို့ကောင်းလိုက်လဲ။ ဒါကသန့်စင်တဲ့နှိပ်စက်မှုပဲ အဟွန့် အဟွတ်အဟွတ်..]

[မှင်စက်ကျသွားပြီ: ဒီနေ့ကစပြီး ငါကယွမ့်ထျန်းရဲ့ အဆင်ခြင်မဲ့ပရိတ်သတ်ပဲ ယွမ့်ထျန်း ဘယ်နေရာမှာပဲ တိုက်ရိုက်ထုတ်လွှင့်ထုတ်လွှင့် သေချာပေါက် သူ့ကိုအကြီးကြီးအမ်းပစ်လိုက်မယ် ငါ့ကို အခန်းနံပါတ်ပေးလို့ရမလား..]

[ညလယ်ခေါင်မှာရေနွေးထသောက်နေတဲ့ငါ: ငါ စားလေလေ ဗိုက်ဆာလေလေပဲ ငါ့ရဲ့အားဖြည့်ဆေးတွေက အရသာမှမရှိတာ ဘယ်လိုများ ဆက်သောက်ရမှာလဲ]

ဝက်နှပ်က အရသာ အလွန်ရှိလှကာ ပရိတ်သတ်များက ဆက်တိုက်ပင်အော်ဟစ်နေသည်။ မျှော်လင့်ထားသည့်အတိုင်း မည်သည့်ခေတ်တွင်မဆို အသားစားသူများက အသားကို အလွန်နှစ်သက်ကြသည်။ မွှေးရနံ့ကို ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ချေ။

ဝက်ဗိုက်သားက နာရီဝက်ခန့် ချက်ထားခြင်းဖြစ်ကာ အပြည့်အဝကျက်နေသည်ဟု ပြော၍ရသည်။ ပါးစပ်ထဲသို့ ထည့်လိုက်သည့်အချိန်တွင်စိုရွှဲကာ နူးအိနေသည့်အရသာက ပေါက်ထွက်လာ၏။ အသားထဲတွင်ရှိနေသည့်ဆီကအပြည့်အဝချက်ထားသည့်တိုင်အောင် စိုရွှဲနေကာ အီခြင်းမရှိပေ။ အခေါက်သားပင်ဖြစ်စေ အဆီသားပင်ဖြစ်စေ  အသားပင်ဖြစ်စေ အလွန်နူးညံ့ပျော့ပျောင်းနေ၏။ ဒီအရသာ၂မျိုးက ပေါင်းစပ်လိုက်သည့်အခါ မည်သူမဆို အလွန်အရသာရှိကြောင်း ဝန်ခံသွားရပေမည်။

အသားတစ်ပန်းကန်ကို စက်ရုပ်လေးက ယူသွားပြီး အခြားတစ်ပန်းကန်ကမူ ဒိုင်တွေထံသို့ပေးသည်။ ဒိုင်အဖွဲ့ကလည်း အဝေးကတည်းက သားရေကျနေပြီးသားဖြစ်ကာ ရောက်လာသည်နှင့် ချက်ချင်းပင် အသားကုန်စားကြတော့၏။

ဝက်သားနီချက်ကို စားပွဲပေါ်သို့ တင်ပြီးသည့်နောက်တွင် ဥက္ကဠကုက အသားဖတ်တစ်ခုကို ချက်ချင်းပင် တူဖြင့်ကောက်ယူပြီး ပါးစပ်ထဲသို့ထည့်သည်။ သူ မျက်လုံးများကို မှိတ်လိုက်၏။

အရသာကောင်းမွန်နေကာ နူးညံ့ညင်သာသည့်ဝက်သားက ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်။ ဝါးလိုက်ချိန်တိုင်း အရည်များ ထွက်လာခြင်းကပင် သူ၏ပါးစပ်တစ်ခုလုံးကို မွှေးပျံ့သွားစေကာ ကောင်းကင်ပေါ်သို့ရောက်သွားသကဲ့သို့ ခံစားရစေ၏။

“ဒါက တကယ့်အကောင်းဆုံးလက်ရာပဲ”
ဥက္ကဠကုက သက်ပြင်းချသည်။ သူ မျက်လုံးကိုပြန်ဖွင့်ကာ နောက်ထပ်တစ်ပိုင်းစားရန်ပြင်လိုက်ချိန်တွင် တစ်ပန်းကန်လုံးကပြောင်နေခဲ့ချေပြီ

သူ ချက်ချင်းပင်ခေါင်းလှည့်ပြီး လူအိုကြီးတွေအားလုံးကို စူးရဲကြည့်လိုက်မိသည်။ တစ်ယောက်ချင်းစီတိုင်းက ပါးစပ်အပြည့်ဖြင့်ဖောင်းကားနေသည့်အပြင် အရည်တွေကလည်းပါးစပ်ထောင့်မှစီးကျနေသေးသည်။ သူတို့တစ်ယောက်တည်း ဘယ်လောက်ပမာဏများစွာ စားခဲ့ကြောင်းကိုမသိနိုင်ပေ။

ဥက္ကဠကုဒေါသထွက်သွားသည်။ သူ၏မုတ်ဆိတ်ကြီးကရမ်းခါသွားကာ မတ်တပ်ထရပ်လိုက်၏။ သူအလွန်စိတ်ဓာတ်ကျသွားသည်။ မကောင်းသည့်သတင်းတွေထွက်လာမည်ကိုသာ စိုးရိမ်မနေလျှင် သူ ချက်ချင်း ပြန်လုစားမိမည်မှာသေချာသည်။ ကောလောင်က သူ့ကိုထိန်းနေရ၏။

“ဥက္ကဠရဲ့ပါးစပ်ထဲမှာလည်းး အသားပိုင်းစတစ်ခုရှိနေသေးတာပဲလေ၊ ဒီကျန်တဲ့ နောက်ဆုံးတစ်ခုကိုတော့ ကျွန်တော့်အတွက် ထားပေးလိုက်တာက ပိုကောင်းမယ်ထင်တယ်”

ကောလောင်က ပန်းကန်ထဲတွင် ကျန်နေသည့် အသားဖတ်ကိုတူဖြင့် လှမ်းယူကာ အခြားသူတွေကို အာဏာကိုသုံးပြီး ခြောက်လှန့်ရန်ကြိုးစားသည်။

“မရဘူး ငါက ဒီအတိုင်း…”

ဥက္ကဠကုက သူ တစ်ဖတ်သာစားရသေးကြောင်းရှင်းပြလိုလှသော်လည်း သူ့ဘေးနားတွင်ရှိသည့်လူအိုကြီးက ဒါကိုအခွင့်ကောင်းယူပြီး သူတို့၂ယောက်ကြားမှခိုးယူသွားကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုသို့ဖြင့် အသားကကုန်သွား၏။

လူအိုကြီး၂ယောက်ကိုကြည့်နေသည့်ဝမ်လောင်က မယုံနိုင်သလိုဖြစ်နေခဲ့သည်။ သို့သော်ဝမ်လောင်က ပါးစပ်ထဲတွင်ရှိသည့်နောက်ဆုံးအပိုင်းစကိုမျက်လုံးများစဉ်းပြီးသာ ဖြေးညှင်းစွာဖြင့် ဝါးနေကာ ခပ်တိုးတိုးပြော၏။

“အရသာရှိလိုက်တာ”

ဥက္ကဠကုနှင့်ကောလောင်တို့က တိုက်ခိုက်နေကြချိန်တွင် ကျန်တစ်ယောက်ကခိုးယူသွားကြောင်းမြင်သည့်အခါ အလွန်ဒေါသထွက်သွားကြသည်။ ကြည့်ရှူနေသူများလည်း ရှိသည့်အတွက် သူတို့၏ ပုံရိပ်ကိုထိန်းရန်အတွက် ဒေါသကိုဖိနှိပ်လိုက်ရ၏။ မဟုတ်လျှင်သူတို့ပြင်းပြင်းထန်ထန် ထိုးနှက်မိမည်မှာ သေချာသည်။ စိတ်ထဲတွင်မူ ကျိန်ဆဲနေကြ၏။

ထို့နောက် သက်ပြင်းချလိုက်ကြသည်။

ဒေါသထွက်စရာပဲ။

ကံကောင်းစွာဖြင့် ထိုအချိန် တွင် ဟုန်ရှောင်ဟွားရွှိန်က လုပ်၍ပြီးသွားသည်။ ယွမ့်ထျန်းက ငါးအမြှီးကို၂ပိုင်းပိုင်းထားကာ အလယ်တွင် ကြွေပန်းကန်ပြားဖြင့် ချထားလိုက်သည်။ ထို့နောက်အချဉ်ရည်ကို ဘေးမှဖြန်းထားလိုက်ပြီးနောက်တွက် မွှေးပျံ့သည့် ကြက်သွန်မိတ်များကို အပေါ်မှဖြူးထားလိုက်သည်။

[ရွှေပြားတွေကျလာပြီ:အားအရသာရှိလိုက်တာ နူးညံ့အရသာရှိနေတာပဲ အရိုးလည်းမပါဘူးနော်]

[ငါ့မွေးရပ်မြေက ရှုခင်းများ: တင်ဆက်သူက အံ့သြဖို့ကောင်းလိုက်တာအရသာကလည်းအရမ်းကောင်းတာပဲ…]

ငါးအရသာကနူးညံ့နေသည့်အပြင် အရိုးများကိုလည်းမမြင်ရပေ။ အရသာကအလွန်ကောင်းမွန်လွန်းလှပေ၏။ အမြှီးကအနည်းငယ်ကြွပ်ရွသည့်အရေခွံသားနူးအိနေသည့်အသားတို့ပေါင်းစပ်ထားသည့်အပြင် အရည်ရွှမ်းနေခြင်းကပင်ငါးအရသာကိုပိုကောင်းမွန်သွားစေသည်။ ကြည့်ရှုသူတိုင်းက မွှေးရနံ့နှင့်ပင် ပါးစပ်မှသားရေများစွာဆက်တိုက်စီးကျလာခဲ့သည်။ ဝက်သားနီချက်ကဲ့သုိ့ အရသာပြင်းသည့်အရသာမျိုးနှင့် နှိုင်းယှဉ်ရသော် ဟုန်ရှောင်ဟွားရွှိန်ကပို၍ အရသာပေါ့သည်။ သို့သော်လတ်ဆတ်သည့်ရနံ့တစ်ခုနှင့်အတူအချိန်အတန်ကြာကျော်ကြားသည့် ဟင်းလျာတစ်ပွဲဖြစ်သွားသည်။

ယခင်တစ်ခေါက်မှ အတွေ့ကြုံကိုသင်ခန်းစာရသွားပြီဖြစ်သည့်အတွက် ဒီတစ်ကြိမ်တွင် စားပွဲပေါ်သို့  ထိုဟင်းပွဲ့ရောက်လာသည်နှင့် တိုက်ပွဲနယ်မြေစတင်တော့သည်။ အချင်းချင်းတူတွေတိုက်ခိုက်သံတွေက စတင်လာတော့ကာ အချို့သောဒိုင်တွေက အခြားသူတွေကိုတားပြီး သူတို့အတွက်သာ သူတို့ခိုးယူကြသည်။ ထိုသို့ဖြင့်ကြည့်ရှုသူတွေက ပါးစပ်အဟောင်းသားဖြစ်နေကြတော့သည်။ သိပ်မကြာခင်မှာပင် အရည်ပါးပါးသာ ကျန်ရစ်တော့၏။

“နှမြေစရာကောင်းတာက ငါတို့ထမင်းပန်းကန်မရတာပဲ ဒီအချဉ်တွေက အလကားဖြစ်ကုန်ပြီ”

ကောလောင်က ပန်းကန်၂ချပ်ပေါ်မှအချဉ်များကိုကြည့်ကာ မသက်မသာပြောသည်။ သူက တူဖြင့်ပင်ယူသေးကာ ဒါတွေကိုအပြောင်ယက်ချင်နေ၏။ ထို့နောက် လက်ထဲတွင် ကိုင်ထားသည့်တူကိုလည်းယက်နေသေးသည်။. နှမြောစရာကောင်းသည်မှာကြယ်နက်ဝေါ့တစ်ခုလုံးက တိုက်ရိုက်ကြည့်ရှူနေသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သေချာပေါက်ပန်းကန်ကို လျက်လောက်၏။

ပြောရမည်ဆိုလျှင် သည်အချိန်အတွင်း ဒိုင်တွေ၏သိက္ခာက ကျဆင်းနေခဲ့ပြီးသားဖြစ်သည်။ သူတို့ သတိမထားမိခြင်းသာဖြစ်သည်။

ယခုအခါတွင် အပူဟင်းလျာများက လျော့သွားပြီဖြစ်သဖြင့် နောက်ဆုံးတွင် စွပ်ပြုတ်မျှသာ ကျန်ရစ်တော့သည်။ အဓိကဟင်းလျာပြီးလျှင် အချိုတည်းရန်ဖြစ်၏။ထို့နောက် လေးရာသီစားပွဲက ပြီးပြည့်စုံသွားပေလိမ့်မည်၊။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ယွမ့်ထန်းအလောတကြီး လုပ်နေရချေပြီ။

'စွပ်ပြုတ်ဆိုရင် အရသာရှိပြီးလတ်ဆက်တဲ့ မုန်လာဥဝက်နံရိုးစွပ်ပြုတ်ကို ချက်ပေးရမှာပေါ့။'

သူက ဝက်နံရိုးအပိုင်းစတစ်ခုကို ထုတ်လိုက်ပြီးနောက်အပိုင်းသေးသေးလေးတွေပိုင်းလိုက်သည်။ ထို့နောက် ဆူပွက်နေသည့်ရေထဲတွင်၂ကြိမ်ခန့်ထပ်ပြုတ်ထားလိုက်ပြီးနောက် တစ်ဖန်ရေပြန်ဆေးလိုက်သည်။ ထို့နောက် အိုးထဲသို့ပြန်ထည့်ကာ ပွက်ပွက်ဆူစေပြန်ပြီး သူသေချာလှီးထားသည့်ဂျင်းများကို တပြားရိုက်ကာထည့်ထားလိုက်၏။

နံရိုးကိုချက်နေချိန်တွင်ယွမ့်ထျန်းက မုန်လာဥကို အခွံနွှာကာနွှေးထားလိုက်သည်။ ထို့နောက်အဝိုင်းသေးသေးလေးများပိုင်းပြီးသည့်နောက် တစ်ဖန်ပြန်စိတ်ပိုင်းသည်။ သေးသေးလေးဖြစ်သွားပြီးနောက် စွပ်ပြုတ်အိုးထဲသို့ ထည့်ထားလိုက်၏။

နံရိုးကမိနစ်၃၀ခန့်ချက်ရန်လိုအပ်သည်။ ယွမ့်ထျန်းကနောက်ဆုံးကျန်သည့်ဟင်းလျာကိုလုပ်ရန်စတင်လိုက်၏။ သူကအဓိကဟင်းလျာကို လေးရောင်ခြယ်ဖက်ထုပ်ဟုရွေးချယ်ထားသည်။ ဒါက မတူကွဲပြားသည့် ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်မည်ဖြစ်ကာ ထိုထဲတွင်ရှိသည့်ပါဝင်အစာသွပ်ပစ္စည်းများကလည်း ကွာခြားမည်ဖြစ်သည်။ လေးရာသီစားပွဲနှင့် လိုက်ဖက်ညီလွန်းလှပေ၏။

ပထမဦးစွာသူကဝက်သားကိုပြင်သည်။ သူကအသားကိုကြိတ်ချေပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ထားလိုက်၏။ ထို့နောက်ပုဇွန်အချို့ကို အခွံခွာကာကြက်သွန်နီတွေနှင့်အတူပေါင်းပြီး အစိတ်စိတ်အပိုင်းပိုင်းလုပ်သည်။ ထို့နောက်အားလုံးကို ဝက်သားထဲသို့ထည့်ကာ ရောမွှေထားလိုက်၏။ ထိ်ု့နောက်သူက ပဲငံပြာရည် ဆား သကြား ငရုတ်ကောင်းနှင့် အခြားသောအရသာတွေကိုထည့်ဖြည့်ပေးလိုက်သည်။ အားလုံးကိုရောနယ်ပြီးသည့်နောက်တွင် အပေါ်မှကြက်သွန်ဖြူနှင့်ဂျင်းတို့ရောထားသည့်အရည်ကိုထည့်ကာ နှပ်အောင်နယ်လိုက်၏။

ရေနွေးပူထဲသို့သူကပါဝင်ပစ္စည်းများကိုထည့်ကာအဆင်သင့်ပြင်ထားချိန်တွင်အခြားတစ်ဖက်တွင်ထည့်ရန်အတွက် ဟင်းနွေးနိုင်သည့် ဘူးကိုလည်းထုတ်ထားသည်။ထိုထဲသို့ ခန့်ထည့်ထားပြီးနောက် အသုံးပြုနိုင်မည်ဖြစ်သည်။

မိနစ်၂၀ကို သူ အလကားသက်သက်ဖြုန်းလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်နိ့ကိုယူလိုက်ကာ အိုးငယ်ထဲသို့ထည့်လိုက်ပြီးအပူပေးထားလိုက်သည်။ ဆူပွက်လာသည့်အခါသူက ပန်းကန်အကြည်၁၀ခွက်ထဲသို့လောင်းထည့်လိုက်သည်။ ဒါကအကယ်ဒမီသို့ တမင်သက်သက်ဒုက္ခရှာကာ ပြင်ဆင်ပေးခိုင်းထားသည့်အရာလည်းဖြစ်သည်။

သူက၂လွှာနိ့သရက်သီးပူတင်းကိုလုပ်ရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ဒါကိုညစာစားပြီးသည့်အခါ အချိုပွဲအနေနှင့် စားနိင်မည်ဖြစ်၏။ဆောင်းတွင်းအတွက်လည်း အလွန်သင့်တော်သည့်အရာမျိုးဖြစ်သည်။ နှင်းကဲ့သို့ ဖြူဖွေးနေသည့်၂လွှာနို့ပူတင်းသားက နှင်းကိုကိုယ်စားပြုမည်ဖြစ်သည်။အပေါ်မှအဝါရောင်သရက်စိတ်လေးများကို ခပ်ပါးပါးဖြူးလိုက်မည်ဆိုသည့်အခါ အလွန်လှပကာ ကြည့်ကောင်းသွားပေလိမ့်မည်။

သူက ကြက်ဥ၅လုံးကိုယူသည်။ ထို့နောက်ကြက်ဥ၅လုံးမှ အနှစ်နှင့်အကာကိုခွဲလိုက်ပြီးသည့်နောက်တွက် အဖြူရောင်အကာများကိုမွှေသည်။

ဒီတစ်ကြိမ်တွင် နိ့က အေးသွားခဲ့ချေပြီ။ ထိုအခါ ပါးလျသည့်နို့အပေါ်ယံလွှာက အပေါ်တွင်စုဝေးလာခဲ့၏။ သူက ဓားပါးပါးကိုယူပြီး နို့အပေါ်ယံအသားလွှာကိုခပ်ပါးပါးလှီးထုတ်လိုက်သည်။ ထို့နောက် ဖန်ခွက်အကြည်များထဲသို့ထည့်ထားသည့် နုိ့ခွက်၁၀ခွက်ကိုလည်း ယူလိုက်သည်။ထို့နောက် တစ်ခွက်ထဲသို့ ပေါင်းထည့်လိုက်သည့်အချိန်တွင် နဂိုထည့်သည့်ပမာဏထက် ပိုများပြားသွားပြီဖြစ်ကာ အပေါ်ယံအလွှာကလည်း ကွဲထွက်သွားပြီး အထဲသို့ စိမ့်ဝင်သွားသည်။ လောင်းထည့်လိုက်သည့်နို့နှင့် ကြက်ဥအကာများကို အတူတကွရောမွှေလိုက်သည်။ ထို့ပြင်သကြားကိုထပ်ထည့်သည်။ သူထပ်မွှေ၏။ ဒီအဆင့်ထိပြီးသွားလျှင် အသေးစားလုပ်ငန်းများဟု ဆိုရမည်ဖြစ်သည်။ ကျန်သမျှက နို့တွေအားလုံးကို အပေါ်မှအရောင်းတစ်မျိုးပြောင်းရန်အတွက် အအေးခံကာတောက်လျှောက်ပင် လောင်းပေးနေရမည်ဖြစ်သည်။ ထို့နောက် ပန်းကန်လုံးအပေါ်မှပလပ်စတစ်ပြားကိုအုပ်ထားရမည်ဖြစ်သည်။ ဒီနည်းဖြင့် ၁၀မိနစ်ခန့် ပေါင်းထားရမည်ဖြစ်ကာ ၂လွှာသားဖက်ထုပ်က ပြီးဆုံးသွားပေလိမ့်မည်။

သို့သော်ဒီပြုလုပ်သည့်အဆင့်ဆင့်တိုင်းကို အကယ်ဒမီသိပ္ပံက တိုက်ရိုက်ရိုက်ကူးထားကာ သူတို့က ပြန်လည်စမ်းသပ်မည်ဖြစ်သည်။ ထိုအချိန်တွင်ဝက်နံရိုးစွပ်ပြုတ်ကလည်းပြီးဆုံးသွားခဲ့ချေပြီ။ သူက နံရိုးများကိုတူဖြင့်ထုတ်ပြီးသည့်အခါ နူးညံ့နေကြောင်းမြင်ရသည့်အတွက် ဆားနှင့်ငရုတ်ကောင်းအနည်းငယ်ကိုခတ်လိုက်သည်။ ထို့နောက်ဝက်နံရိုးကို စွပ်ပြုတ်အိုးထဲသို့ထည့်လိုက်၏။

[နှာချေးတွဲလောင်း:အရသာရှိမယ့်ပုံပဲ]

[ယန်ကွေ့: မုန်လာဥကနူးညံ့နေတာပဲ တော်တော်လေးကိုအရသာရှိတယ် စွပ်ပြုတ်ကလည်းလန်းဆန်းနေတာပဲ ကောင်းလိုက်တာ]

မုန်လာဥဖြူက စွပ်ပြုတ်မှဆီများကို အပြည့်ဝစုပ်ယူထားသည့်အပြင် နံရိုးမှအသားရနံ့တွေကလည်းပြည့်နှက်နေသည်။ ထို့ပြင် နံရိုးကိုလည်း သေချာနှပ်ထားသည်ဖြစ်ကာ အရိုးကပင်နူးညံ့ကာကိုက်စား၍ ရ၏။ စွပ်ပြုတ်သားက ကြည်လင်သည့်တိုင် ချိုမြန်သည့်ရနံ့က ပျံ့လွင့်နေသေးပြီး မုန်ုလာဥကလည်း အချိုကဲထားသည့်အတွက ဒိုင်တွေနှင့် ကြည့်ရှုသူများထံမှ ချီးကျူးမှုအပြည့်အဝရရှိထားသည်။ သူတို့ကမုန်လာဥဖက်များကိုပင် ဖြုန်းတီးခြင်းမရှိဘဲ အသည်းအသန်ပင် လုစားကြ၏။. ပြီးမှသာလျှင် နံရိုးများကို တူဖြင့်ကောက်ကိုင်ကာစားကြ၏။

ယွမ့်ထျန်းက သူအသင့်ပြင်ထားသည့်ဗူးကိုကြည့်လိုက်သည်။ ထို့နောက် မုန့်သားကအဆင်သင့်ဖြစ်ကြောင်းသိသည့်အခါ ထုတ်လိုက်ကာအပိုင်းကြီးတွေပိုင်းလိုက်၏။ ထို့နောက် အလယ်ကိုခပ်ပြီး အလွှာပါးပါးခန့်လုပ်ကာ တလိမ့်တုံးဖြင့်လှိမ့်သည်။

သူကမုန့်သားကိုလက်ဖြင့်ဖြန့်ကာရိုက်လိုက်ပြီးသည့်နောက်တွင် အသားတွေကိုတစ်ဇွန်းအပြည့်ထည့်ကာ အထဲသို့ထည့်သည်။ ထို့နောက် ဖက်ထုပ်ကိုလုံးသည့်ကိစ္စက စတင်လာတော့၏။ သူက ဖက်ထုပ်များကို ပန်းပွင့်များကဲ့သို့ ပုံဖော်ကာလုံးနေခြင်းလည်းဖြစ်၏။

သူကမုန်ွှ့သားတစ်ခုချင်းစီတိုင်းကိုအနီအဝါအနက်နှင့်အစိမ်းရောင်ပုံစံပြောင်းရန်အတွက် ပါဝင်ပစ္စည်းအမျိးမျိုးကိုပြောင်းကာသုံးထားခြင်းလည်းဖြစ်သည်။ အပြင်ဖက်မှကြည်လင်ပြီး အတွင်းဖက်က အရောင်မျိုးစုံဖြစ်နေခြင်းကပင် ထူးခြားသည့် ပန်းတစ်ပွင့်ကဲ့သို့ လှပနေစေ၏။ ဒါက မန်ချူးဟန်အင်ပါယာစားတော်ပွဲတွင်အလွန်ကျော်ကြားခဲ့သည့် ၄ရောင်ခြယ်ဖက်ထုပ်များဖြစ်ခဲ့သည်။

[သစ်ပင်ကိုမဖက်ပဲမနေနိုင်ဘူး: ဝိုးဒါကလှလိုက်တာ တကယ်ပဲအရသာရှိတယ်]

[မြောင်မြောင်က တင်ဆက်သူချင်သမျှဟင်းလျာတိုင်းကိုကြိုက်တယ်: ဟုတ်တယ်ဟုတ်တယ် ငါမစောင့်နိုင်တော့ဘူး သားရေကျသံ]

ယွမ့်ထန်းကပေါင်းအိုးထဲသို့ထည့်ပြီးသည့်နောက်တွင်အဖုံးကိုပိတ်ထားလိုက်သည်။ ၁၀မိနစ်ခန့်ပေါင်းပြီးလျှင် အဆင်သင့်ဖြစ်ပေမည်။ သိပ်မကြာခင်မှာပင် သူက၂လွှာကြားနို့ပူတင်းများကိုထုတ်လိုက်ကာ အအေးကန့်ထဲသို့ထည့်ပြီး အအေးခံလိုက်သည်။ လေးရောင်ခြယ်ဖက်ထုပ်ကိုချက်ပြီးသွားသည့်အခါ အတူတကွထည့်လိုက်မည်ဖြစ်သည်။

ယွမ့်ထျန်းက အခြားပါဝင်ပစ္စည်းများကိုမပြင်ဆင်တော့သည့်အခါ အခြားသူများကစောင့်နေရန်သာတတ်နိုင်တော့ပေသည်။ ကြည့်ရှုသူများကမူ သူ၏ဒီဖျော်ဖြေမှုက ပြီးဆုံးသွားပြီဖြစ်ကြောင်းသိနေကြ၏။

[မူမူ:အိုးဘုရားရေ ၉နာရီထိုးပဲရှိသေးတယ်ဟင်းပွဲလုံးကအဆင်သင့်ဖြစ်သွားပြီပဲ]

[ရှောင်ယန်ရှောင်းရှောင်ချီပေါင်:ဟုတ်သားပဲ ငါတို့ရဲ့တင်ဆက်သူက ဟင်းချက်တဲ့နေရာမှာ တကယ်ကိုကျော်ကြားပြီး ပြိုင်ဖက်ကင်းပြီး မြန်ဆန်တယ်]

[ထရန်စပါးရန့်လေး:ငါကနောက်ဆုံးဟင်းပွဲအတွက်စောင့်နေတာ သေချာပေါက်အကောင်းဆုံးဖြစ်မှာသေချာတယ်~သားရေကျနေတဲ့အီမိုဂျီ]

[လူစီ:ဟုတ်တယ် နောက်ဆုံးတော့ ဒိုင်တွေကိုစိတ်ပျက် ငါတို့တောင်သူတို့နှင့် လုစားခဲ့ရတာမဟုတ်လား..ကိုယ့်ကိုယ်ကိုအသားကုန်ဖက်ထားတဲ့အီမိုဂျီ]

၁၀မိနစ်ခန့်ကြာပြီးနောက် လေးရောင်ခြယ်ဖက်ထုပ်များကအဆင်သင့်ဖြစ်သွားလေပြီ။ ထို့ကြောင့် ကြွေပန်းကန်ပြားထဲသို့ထည့်ကာ ပန်းပွင့်သဏ္ဍာန်ဖော်လိုက်၏။

သေချာလှီးဖြတ်ထားသည့် သရက်သီးများကိုဖြူဖွေးနေသည့် ၂လွှာသားနို့ပူတင်းများပေါ်တွင် အလှဆင်ထားလိုက်သည်။

ကြည့်ရှူသူများ၏.မျှော်လင့်စောင့်ဆိုင်းနေမှုအောက်တွင် နောက်ဆုံးဟင်း၂ပွဲ ၄ရောင်ခြယ်ဖက်ထုပ်နှင့် ၂လွှာသားနိ့ပူတင်းသရက်သီးက ပြီးဆုံးသွားခဲ့ချေပြီ။

[ကျဆင်းလာသောဆာကူရာပန်း: ဟေးဒီအဖြူရောင်ပန်းကြီးက အရမ်းလှလိုက်တာ ဒါကိုတကယ်ပဲ စားလို့ရတာလား..]

[တင်ဆက်သူရဲ့အမြှီးလေး : အရူးစားမှာဖြင့်စားစမ်းပါနောက်မှကြည့် အခုသာမစားရင် ဒိုင်တွေစားလို့ ကုန်သွားလိမ့်မယ်..]

[ကျဆင်းလာသောဆူကူရာပန်လေး:အိုးဟုတ်သားပဲ မြန်မြန်စားရမယ်]

[မြေခွေးငယ်လေး: အရသာရှိလိုက်တာ ၂ခုလုံးကအရမ်းကောင်းတာပဲ]

၄ရောင်ခြယ်ဖက်ထုပ်က အထဲတွင်အရသာ၅မျိုးပြည့်နေခဲ့ကာအသားနှင့် ဟင်းရွက်များအပြည့်ပါ၏။ ကြည့်ကောင်းသည့်အပြင် အရသာအလွန်ကောင်းသည်။ မွှေးပျံ့သည့်ရနံ့က ပါးစပ်ထဲသို့ပျော်ဝင်သွားသည့်အခါ အရည်ရွှမ်းသည့် ပြီးပြည့်စုံသည့်ခံစားချက်ကို ပေးစွမ်းမည်ဖြစ်သည်။ သို့သော် မည်မျှစားလေလေ လုံလောက်သည်ဟုခံစားရမည်မဟုတ်ပေ။

၂လွှာသားနို့ပူတင်းကလည်းကြည့်၍အလွန်ကောင်းသည်။ အရသာကလည်းအလွန်ကောင်း၏။ ဒါက အကောင်းဆုံးသောအချိုပွဲဖြစ်သည်။ အရသာက အချိုမလွန်ပေ။ နို့ရနံ့ကဲသည့်တိုင်အောင်အလွန်အမင်း အီသည့်စိတ်ခံစားချက်ကိုဖြစ်မလာစေပေ။ ဒါကမိန်းကလေးတွေအတွက်အလွန်သဘောကျစေ၏။ အမျိုးသားများပင် ဒါကိုအလွန်သလောကျနေပုံရသည်။

ဟင်းလျာတွေအားလုံးပြီးဆုံးသွားသည့်အခါ ယွမ့်ထျန်းက နောက်ဆုံးဟင်းပွဲကို စတင်ချခင်းပြရတော့မည်ဖြစ်သည်။ ထို့ကြောင့်နောက်ဆုံးတွင် ဥာဏ်ရည်မြင့်စက်ရုပ်ကို ပြောလိုက်ကာ ဟင်းပွဲတွေအားလုံးကိုစားပွဲပေါ်တွင် ခင်းကျင်းထားလိုက်စေသည်။

သူချက်ပြုတ်ထားသမျှဟင်းပွဲအားလုံးက စားပွဲပေါ်တွင်လှပစွာဖြင့် ခမ်းနားစွာပြင်ဆင်ထား၏။ ဟင်းပွဲ၁၀ပွဲထဲတွင် ပါဝင်ပစ္စည်းအမျိုး၂၀ပါသည့်အပြင်အလွန်လှပပြီး လေးရာသီစားပွဲကိုပြီးပြည့်စံုံသွားစေသည်။

သာမန်ပွဲတော်များနှင့် နှိုင်းယှဉ်ရသော်လေးရာသီစားပွဲက သေးငယ်သည်ဟု ထင်ရသည်။ ပါဝင်ပစ္စည်းတွေက များပြားသော်လည်း သက်တောင့်သက်သာရှိလှကာ အလွန်လှပလွန်းလှပြီး နွေရာသီအတွက်သင့်တော်သည်ဟုပင် အလိုလိုခံစားရစေသည်။ အချို့သောအရာမျိုးကမူ အခြားသောရာသီများအတွက် သင့်တော်သည်ဟုလည်း ခံစားရစေပြန်၏။ မည်သို့ပင်ဆိုစေကြည့်လိုက်ရုံမျှဖြင့် စိတ်ကိုကျေနပ်စေသည်။

စားပွဲတွင်အပြည့်အဝခင်းကျင်းပြီးသည့်အခါ ကြည့်ရှုသူများက တရားဝင်ထပ်မံအရသာမြည်းနိုင်အုံးမည်ဖြစ်သည်။

ဒိုင်တွေကလည်း ဒီအခြေအနေကိုစောင့်ဆိုင်းနေခြင်းဖြစ်ကာ သူတို့၏မဲအရေအတွက်ကကြည့်ရှုသူများထက် ကျော်လွန်၍မရသော်လည်း ချက်ပြုတ်ခြင်းတွင်အာဏာရှိသည့်အလျောက် သူတို့ပြောသည့်စကားများကလည်း ကြည့်ရှုသူများအပေါ် သက်ရောက်ခံရလိမ့်မည်ဖြစ်သည်။ သူတို့ကသာ ပါဝင်ယှဉ်ပြိုင်သူ၏ဟင်းလျာအားလုံးကို နှစ်သက်မည်ဆိုလျှင် ကြည့်ရှုသူများကလည်း သေချာပေါက်အထောက်အပံ့ပေးကြမည်မှာသေချာ၏။

ဟင်းလျာတွေကိုကြည့်ခြင်းဖြင့်သူတုိ့၏မျက်နှာတွေကနီရဲနေကြသည်။ သူတို့က ယွမ့်ထန်းကိုအလွန်အံ့သြစွာဖြင့် မှတ်ချက်ပေးနေကြ၏။

“ဟာသပဲ ဒီလိုအဆင့်ကမှမအောင်ရင် ဘယ်အဆင့်က သွားအောင်တော့မှာလဲ ဒီအဆင့်ကသာမအောင်ဘူးဆိုရင် အဆင့် ကြယ်လေးပွင့်စားဖိုမှူးတွေအားလုံး သက်သေဖို့ပဲရှိတော့တယ်။

----

T/N

မစစ်ရသေးဘူး😁

ကြွေ လွန်ခဲ့တဲ့၃ရက်ကနေ စရေးတာ မပြီးမပြီးနဲ့ခုမှ ပြီးတယ် ခေါ်ထိုခ😁

ပြီးမှ ပုံချည်း Chpတစ်ခုတင်ပြီးနှိပ်စက်မယ်...

အမလေး ဒါလေးတင်ဖို့ အတော် ရုန်းကန်လိုက်ရတယ်

အပိုင္း (၂၆) ေလးရာသီစားပြဲ...အပိုင္းခြဲ၂

၅ပြဲေျမာက္ဟင္းလ်ာက ေရွးရိုးအက်ဆဳံးျဖစ္သည့္ ဝက္သားနီခ်က္ျဖစ္သည္။ ေတာင္ပိုင္းသားျဖစ္သည့္ ယြမ့္ထ်န္းကေတာင္ပိုင္းသားလက္ရာကို အဖြားျဖစ္သူက ခ်က္ျပဳတ္ေနက်အတိုင္း ခ်က္ျပဳတ္ေနသည္။

ယြမ့္ထ်န္းက ဝက္ဗိုက္သားကို ယူလိုက္သည္။ ထို႔ေနာက္ ေလးေထာင့္အတုံးေလးေတြ လွီးျဖတ္ထားသည့္ေနာက္တြင္ နီရဲေနသည့္ဘက္ႏွင့္ ျဖဴေဖ်ာ့ေနသည့္ဘက္ျခမ္းသာက်န္သည့္အထိ ရွင္းလင္းလိုက္သည္။ အသားစိမ္း၏ ေသြးလႊမ္းေနသည့္အပိုင္းကိုဖယ္ရွားပစ္လိုက္၏။ အားလုံးကို ေရသန္ု႔ျဖင့္ ေဆးၿပီးသည့္ေနာက္တြင္ ေနာက္ထပ္၂ႀကိမ္ခန့္ ထပ္ေဆးေသးကာ အညွီနံ႕ေတြကို ေျပေပ်ာက္သြားေစသည္။

ဒယ္ျပားကိုမီးဖိုေပၚတြင္အသင့္တင္ၿပီးသားျဖစ္သည္။ အပူခ်ိန္ကလုံေလာက္သည္ဟု ခံစားရသည့္အခါဆီပါးပါးသုတ္လိုက္သည္။ ထို႔ေနာက္ဂ်င္းႏွင့္ၾကက္သြန္ျဖဴတို႔ထည့္ကာ ဆီသတ္လိုက္၏။ သူက ဝက္သား အပိုင္းအစမ်ားထည့္လိုက္သည့္ေနာက္တြင္ အပူခ်ိန္ကိုအလယ္အလတ္အဆင့္သာ ထားလိုက္၏။ ​ ဝက္သားမွ တဆစ္ဆစ္ဆီအသံမ်ားထြက္လာၿပီးသည့္ေနာက္တြင္ ဟိုးေအာက္ေျခသို႔ကပ္သြားသည္။ ေမႊးပ်ံ့သည့္အသားရနံ႕က ေဖ်ာ့ေတာ့စြာျဖင့္ထြက္လာခဲ့ကာ ေ႐ႊေရာင္သန္းမႈႏွင့္ ေမႊးပ်ံ့သည့္ရနံ႕မ်ိဳးက လွိုင္လာခဲ့၏။

[ဟားဟား:ဝိုး]

[ေၾကးနီေရာင္ေလး: ငါႏွင္းဆီစားေသာက္ဆိုင္ကေန ဝက္ျပဳတ္သားဟင္းကိုစားခဲ့ဖူးပါတယ္ ဒါေပမဲ့ ဒီလိုအနံ႕မ်ိဳးေတာ့ မထြက္သလိုပဲ]

[အီရာ:ဒီလိုေျပာဖို႔မလိုေသးဘူးထင္တယ္ ငါနည္းနည္းေတာင္ခိုးစားလိုက္ေသးတယ္ အနံ႕ကေမႊးေပမယ့္ အရသာကမေကာင္းဘူး ဘာအရသာမွလည္းမရွိဘူး ဂ်င္းနဲ႕ ၾကက္သြန္ျဖဴအနံ႕ပဲရွိတယ္ ႏွင္းဆီစားေသာက္ဆိုင္က ပိုေကာင္းတယ္လို႔ငါထင္တယ္]

[တစ္စုံတေယာက္ရဲ႕ေပ်ာ္႐ႊင္မႈကို သီခ်င္းနဲ႕ ေဖ်ာ္ေျဖမယ္: ၿပီးမွမၿပီးေသးတာ ဘယ္အရသာရွိမွာလဲ]

ထိုအခ်ိန္တြင္ ယြမ့္ထန္းက ေနာက္ထပ္တစ္အိုးကိုထုတ္လိုက္သည္။ သူက ေရပမာဏအနည္းငယ္ထည့္ၿပီးသည့္ေနာက္တြင္ ဆီတစ္ဇြန္း သၾကားစားပြဲတင္ဇြန္း၃ဇြန္းတို႔ကို ေျဖးညွင္းစြာထည့္ၿပီး အပူခ်ိန္ နိမ့္နိမ့္ျဖင့္ခ်က္ထားလိုက္သည္ ။

အေရာင္ ေျပာင္းလာသည့္အခ်ိန္တြင္သူက အသားကိုထည့္သည္။ ထို႔ေနာက္ ႏွပ္ထားလိုက္၏။ သို႔မွသာအသားမ်ားက အနီညိုေရာင္သန္းလာသည္။

[ဟားဟား: ဝိုးဒီတစ္ႀကိမ္ပိုၿပီးေတာ့ေတာင္ ေမႊးလာၿပီ ငါတို႔စားလို႔ရၿပီလား..]

[ဂ်င္းေလး:ၾကည့္႐ုံနဲ႕ေတာ့အားလုံးကိုဆုံးျဖတ္လို႔မရဘူး ဒီတင္ဆက္သူက အရသာေတြ ထပ္ျဖည့္ေတာ့မယ္ထင္တယ္]

သူကဒယ္အိုးထဲသို႔ ေရပူကိုထည့္ၿပီးသည္ႏွင့္ ေရပမာဏက ပြက္ပြက္ဆူသည္အထိ ေစာင့္လိုက္သည္။ ထို႔ေနာက္ဂ်င္းႏွင့္ၾကက္သြန္နီတိုိ့ကိုထည့္လိုက္သည္။ အပူခ်ိန္ကိုျမႇင့္လိုက္ၿပီးသည့္ေနာက္တြင္ ပူေဖာင္းငယ္ေလးမ်ားထလာသည္အထိ အပူေပးလိုက္၏။ ထို႔ေနာက္ ပဲငံျပာရည္အၾကည္ႏွင့္အေနာက္တို႔ကိုထပ္ထည့္သည္။ ဆားအနည္းငယ္ကိုလည္း ျဖဴးလိုက္ေသးကာ ျဖည္းျဖည္းခ်င္း ႏွပ္ထားလိုက္၏။

[အရိုးေလး: အားအားအား ဘာလို႔ အဖုံးအုပ္လိုက္တာလဲ ငါ စားခ်ိန္ေတာင္ မရလိုက္ဘူး]

[တကယ္ေတာ့: ငါလည္းမစားရေသးဘူး..အိုး…]

ယြမ့္ထန္းက ၾကည့္ရႉေနသူမ်ား၏ကြန္းမန့္မ်ားကို မျမင္ရသည့္အတြက္ ဘာမွမသိေပ။ သူက ဝက္သားနီခ်က္ကို နီရဲလာသည္အထိ ခ်က္လိုက္သည္။ ထို႔ေနာက္ အားလုံးကိုေသခ်ာထည့္ၿပီးသည့္ေနာက္ အျခားဟင္းတစ္ပြဲကိုစတင္လုပ္ကိုင္၏။

သူက သုံးသြယ္ေျမသားဆုလာဘ္ဆိုသည့္အဓိကဟင္းလ်ာကိုခ်က္ျပဳတ္ျခင္းျဖစ္သည္။ ထိုဟင္းလ်ာ၏ပါဝင္ပစၥည္းမ်ားမွာ အာလူး ခရမ္းသီးႏွင့္ င႐ုတ္ပြစိမ္းတို႔ျဖစ္သည္။ ပါဝင္ပစၥည္းမ်ားက ရိုးရွင္းသည္။ အားလုံးကိုအတူေရာေမႊၿပီးသည့္ေနာက္တြက္ ကြၽတ္႐ြကာေမႊးပ်ံ့သည့္ ရနံ႕မ်ားထြက္လာမည္ျဖစ္၏။ သူ၏ဒီဇိုင္းေဖာ္မႈေနာက္တြင္ ဒီဟင္းလ်ာကေလးရာသီဟင္းပြဲႏွင့္အလြန္လိုက္ဖက္ညီသြားမည္ျဖစ္သည္။

အခ်ဥ္၏အရသာကမူ ဒီသုံးသြယ္ေျမသားဆုလာဘ္၏အဓိကေသာ့ခ်က္ျဖစ္သည္။ ပထမဦးစြာ သူက ပဲငံျပာရည္အၾကည္ ပဲငံျပာရည္အေနာက္တို႔ကို ၁:၁ ထည့္သည္။ ထို႔ေနာက္ပန္းကန္လုံးေလးထဲသို႔ ထည့္လိုက္ၿပီးေနာက္ ရွာလကာရည္လက္ဖက္ဇြန္း၁ဇြန္းဆားႏွင့္သၾကားတို႔ကို ဇြန္းတစ္ဝက္ခန့္စီထည့္၏။ထို႔ေနာက္ဂ်င္းႏွင့္င႐ုတ္ပြအနီကိုလည္းထည့္သည္။ အားလုံးကိုေရာေမႊၿပီးေနာက္ ေဘးသို႔ဖယ္ထား၏။

သူကအဓိကဟင္း၃ပြဲ၏ပါဝင္ပစၥည္းမ်ားကို ေဆးေၾကာလိုက္သည္။ အာလူးကို အခြံႏႊာသည္။ အဓိက ပါ၀င္ပစၥည္းသုံးခုလုံးကို အ႐ြယ္စားတူေအာင္ပိုင္းထားလိုက္၏။ ယခင္ဟင္းပြဲေတြတြင္ အျမန္ခုတ္သင္ျခင္းႏွင့္လွီးျဖတ္ျခင္းတို႔ မပါဝင္ခဲ့ေပ။ ယခုအခါတြင္ သူ၏ကြၽမ္းက်င္သည့္ အခုတ္အသင္စေကးကို ထုတ္ျပရေခ်ၿပီ။ ၾကည့္ရႈသူေတြအားလုံးက သူ႕ရဲ႕တိုက္ရိုက္ထုတ္လႊင့္မႈ အစီစဥ္ကိုမၾကည့္ထားခဲ့သျဖင့္ ပါးစပ္အေဟာင္းသားျဖစ္ေနၾကသည္။

[ခ်င္းေရွာင္ေဝ့: ဝိုးသူ ျမန္ျမန္လွီးလိုက္နိုင္တာပဲ  ဓားေတာင္မျမင္ရေတာ့ဘူး ဒီတင္ဆက္သူက လက္ျပတ္သြားမွာမေၾကာက္ဘူးလား]

သုံးသြယ္ေျမသားဆုလဒ္တြင္ ျပင္ဆင္ၿပီးသည့္အခါ အာလူးႏွင့္ ခရမ္းသီးမ်ားက ေသခ်ာေပါက္ က်က္ေနရမည္ျဖစ္သည္။ ယြမ့္ထန္းက ဒယ္ျပားထဲသို႔ ဆီကိုထည့္ကာ အပူေပးထားလိုက္သည္။ မည္သို႔ပင္ဆိုေစ အာလူးမ်ားကို ေျဖးညွင္းစြာျဖင့္ ခ်က္ထားရမည္ျဖစ္သည္။ အာလူးအတြင္းသားမ်ားက ႏူးညံံ့ေနေအာင္ဦးစားေပးရမည္ျဖစ္၏။ ဆီ၏အပူခ်ိန္က ၈၀ဒီဂရီဆဲစီးယပ္ခန့္ထားေပးရမည္ျဖစ္သည္။

သူက အာလူးကိုအရင္ ထည့္ထားလိုက္၏။ထို႔ေနာက္ အတြင္းသားေတြက်က္သည္အထိ အပူခ်ိန္ကိုျမႇင့္ထားလိုက္၏။ ဆီက ႐ုတ္တရက္ ပြက္ပြက္ဆူလာသည္။ထိုအခါအာလူးအေပၚယံသားေတြက ေ႐ႊ႕ေရာင္သန္းကာ ႂကြပ္႐ြလာ၏။ အေရာင္ႏွင့္အနံ႕ကၾကည့္႐ုံႏွင့္တင္ ေမႊးပ်ံ့ေနမည့္ပုံရသည္။ သူက အျခားေသာဟင္းလ်ာ၂မ်ိဳးကိုလည္း အလားတူစြာပင္ျပဳလုပ္လိုက္၏။ ခရမ္းသီးႏွင့္ င႐ုတ္ပြစိမ္းတို႔ကိုေက်ာ္ၿပီးသည့္ေနာက္တြင္ ေျဖးညွင္းစြာျဖင့္တစ္ဖက္လွန္လိုက္သည္။ ထို႔ေနာက္ ဆီစစ္ထားလိုက္၏။

ဒယ္အိုးထဲတြင္ရွိေနသည့္ဆီကိုအသုံးျပဳဦးမည္ျဖစ္သည့္အတြက္သူက ၾကက္သြန္မိတ္ႏွင့္ ဂ်င္းတို႔ကိုထည့္ကာ တစ္ျပားရိုက္ၿပီး ေၾကာ္ထားလိုက္သည္။ ဟင္း႐ြက္သုံးမ်ိဳးကို ႏူးညံ့သြားသည္အထိ ေစာင့္ရန္အလို႔ငွာ ယြမ့္ထန္းက အာလူးခရမ္းသီးႏွင့္ င႐ုတ္ပြစိမ္းတို႔ကို ဒယ္အိုးထဲသို႔ ထပ္ထည့္ထားလိုက္ျပန္၏။ သူက သူကိုယ္တိုင္ျပဳလုပ္ထားသည့္ အခ်ဥ္ရည္ကိုလည္း အထဲသို႔ေလာင္းထည့္လိုက္သည္။ အားလုံးကိုအပူခ်ိန္ျမင့့္ျမင့္ျဖင့္ ေၾကာ္ ၿပီးသည့္ေနာက္တြင္ အခ်ဥ္၏ေမႊးရနံ႕ႏွင့္ဆီ၏အရသာေတြကို အ႐ြက္ေတြက စုပ္ယူသြားၿပီျဖစ္ကာ ဆီကင္းစင္ကာ လင္းလက္သည့္အေရာင္မ်ိဳးက လင္းလက္ေနခဲ့ၿပီျဖစ္သည္။ ယြမ့္ထန္းက အပူခ်ိန္ကိုျပန္ပိတ္လိုက္ၿပီးသည့္ေနာက္အ႐ြက္ကိုပန္းကန္ထဲသို႔ထည့္ကာ ျပင္ဆင္ထားလိုက္သည္။

“ဝတၳဳဖတ္သူ: ဝိုး ပူလိုက္တာ ပူလိုက္တာ ပူလိုက္တာက ငါ လွ်ာပူသြားၿပီ]

[သစ္ပင္မဖက္ဘဲမေနနိုင္ဘူး: ငါ့ရဲ႕လွ်ာကေတာ့ေလာင္ကြၽမ္းသြားပါၿပီ]

ယြမ့္ထန္းက သုံးသြယ္ေျမသားဆုလာဘ္ကို ပန္းကန္ထဲသို႔ထည့္လိုက္ခ်ိန္မွာပင္ မေစာင့္နိုင္သည့္ၾကည့္ရႉသူမ်ားက ခိုးစားၾကျခင္းျဖစ္သည္။ ရလဒ္အေနျဖင့္ အလြန္ပူျပင္းေနကာ ဆီကိုလည္းအျပည့္အဝစုပ္ယူထားသည့္အတြက္ လွ်ာကလည္း အပူေလာင္သြားေတာ့သည္။ ထို႔ေၾကာင့္ ဆက္တိုက္ေအာ္ဟစ္သံေတြက ထြက္လာခဲ့၏။

[ေရငတ္ေနတယ္: ပူလိုက္တာ ဒါေပမဲ့ အရသာရွိတယ္]

[ေျမာင္ေျမာင္က တင္ဆက္သူခ်က္သမွ်ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္: သက္တမ္းၾကာရွည္ေနတဲ့ပရိတ္သတ္ေတြက ဟင္းလ်ာကိုဘယ္အခ်ိန္မွာ အပူမေလာင္ဘဲ ျမည္းရမလဲဆိုတာကိုနားလည္တယ္ ဒါေၾကာင့္ ငါစားဖို႔ေစာင့္ေနတာေလ ငါ့ကိုယ့္ငါေတာ္ေတာ္ထိန္းထားတာ တင္ဆက္သူရဲ႕လက္ရာကေတာ့ တကယ္ကို ပထမတန္းစားပဲ]

သုံးသြယ္ေျမသားဆုလာဘ္ကနာမည္ႏွင့္ လိုက္သည္။ အရသာကအလြန္ရွိကာ ႏူးညံ့ေန၏။ ဆီရွိေသာ္လည္း အီမေနေပ။ ထိုဆီအေရာင္ျဖင့္ပင္ လွပေနေသး၏။ ဟင္းလ်ာကိုပန္းကန္ခြဲထားျခင္းက တစ္ပန္းကန္ကို စက္႐ုပ္ကယူသြားၿပီးအျခားတစ္ပန္းကန္ကို အထဲသို႔ထည့္ထားလိုက္သည္။ ဒီနည္းျဖင့္ ဒိုင္မ်ားက ႀကိဳတင္ျမည္းစမ္းနိုင္၏။

အံ့ၾသစရာမလိုေလာက္ေအာင္ ဟင္းပြဲက ၂မိနစ္အတြင္းတြင္ အေျပာင္ရွင္းခံလိုက္ရသည္။

[သၾကားပိုစားရင္ သြားကိုက္လိမ့္မယ္: အားအားအားထပ္ၿပီးကုန္သြားျပန္ၿပီ စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ]

[မူ: ဒီဒိုင္ေတြကေတာ့ သူတို႔ ဘာလုပ္ဖို႔ ဒီကိုေရာက္ေနသလဲဆိုတာ ေမ့သြားၾကၿပီထင္တယ္]

ပါဝင္ယွဥ္ၿပိဳင္မည့္သူေတြ၏ဟင္းလ်ာေတြကို အေျပာင္ရွင္းၿပီးသည့္ေနာက္တြင္ ဒိုင္အခ်ိဳ႕ကရွက္သြားၾကသည္။ သို႔ေသာ္ယြမ့္ထန္းလုပ္သမွ်ဟင္းလ်ာတိုင္းက အလြန္အရသာရွိသည္။ အနံ႕ရကတည္းကပင္ သူတို႔သားေရက်ေနၿပီျဖစ္ကာ မည္သို႔မွ်ဟန္မေဆာင္နိုင္ပဲ ဟင္းလ်ာေရာက္သည္ႏွင့္ ခ်က္ခ်င္းအကုန္ရွင္းလိုက္ၾကျခင္းျဖစ္သည္။ သူတို႔ကသာ လက္ေႏွးလွ်င္ ငတ္သြားလိမ့္မည္ျဖစ္၏။

အခ်ိဳ႕ေသာမုတ္ဆိတ္ျဖဴႀကီးေတြႏွင့္ စားဖိုမႉးမ်ားက သူတို႔၏မုတ္ဆိတ္ေမႊးေတြကိုသုတ္ေနကာ မ်က္ႏွာကနီရဲေနသည္။ ဘယ္မွညာအစဥ္လိုက္အခ်င္းခ်င္း ခ်ီးက်ဴးၾက၏။

“အနံ႕က အရမ္းေမႊးၿပီး အရသာက အရမ္းေကာင္းတယ္ ငံလည္း မငံဘူး အရသာလည္းရွိတယ္ အရမ္းေကာင္းတယ္ အရမ္းေကာင္းတယ္”

“သူဘယ္လိုေတာင္ ဒီေလာက္ငယ္ငယ္ေလးနဲ႕ ဒီေလာက္အရသာရွိတဲ့ဟင္းလ်ာေတြကို လုပ္နိုင္တာလဲ လူငယ္ေပမဲ့ ငါတို႔ ေလးစားဖို႔ေတာင္ ထိုက္တန္တယ္လို႔ထင္တယ္”

“ဟုတ္တာေပါ့ ဟုတ္တာေပါ့”

ၾကည့္ရႉသူမ်ား “…”

သူတို႔၏ကြန္းမန့္မ်ားၿပီးသြားသည္ႏွင့္ ကူကယ္ရာမဲ့စြာၾကည့္လိုက္ၾကကာ ယြမ့္ထ်န္းဆီသို႔အၾကည့္ေတြေရာက္သြားၾကသည္။ ဒီတစ္ႀကိမ္တြင္ယြမ့္ထ်န္းကအလြန္ႀကီးမားသည့္ ငါးအျမႇီးႀကီးကိုထုတ္ထားသည္။ ငါးအျမႇီးႀကီးကို တစ္ခ်က္ျဖတ္ခနဲရိုက္ၿပီးသည္ႏွင့္ ဓားျဖင့္သပ္လိုက္ကာ ေၾကးခြံမ်ားကို ေျပာင္သြားေစ၏။ အေတြ႕အႀကဳံရွိသည့္ၾကည့္ရႉသူမ်ားက အနည္းငယ္ေနာက္သို႔ဆုတ္လိုက္ၾကသည္။ မဟုတ္ရင္ ေၾကးခြံမ်ားစင္လာနိုင္၏။

[ဆည္းဆာခ်ိန္: အားငါးအျမႇီးက စားလို႔ရတာလား အရိုးေတြက အမ်ားႀကီးပဲေလ]

[ေၾကာင္ေတြအတြက္ပိုက္ဆံအျပည့္အမ္းမယ္: ငါးစားတာေတာ့ ငါ မရင္းႏွီးဘူး ေရွာ့ပင္းဆိုက္မွာေတာ့ ျမင္ဖူးတယ္ ၾကည့္ရတာ ဒီငါးအျမႇီးက ထြက္တာမၾကာေသးဖူးထင္တယ္ အိုဘုရားေရ ဒီပါဝင္ပစၥည္းက ဘာမွန္းေတာင္မသိဘဲနဲ႕တင္ဆက္သူက ခ်က္ရဲေနၿပီလား.. ရယ္လိုက္ငိုလိုက္အီမိုဂ်ီ]

ေျပာရလွ်င္အကယ္ဒမီသိပၸံမွငါးအမ်ိဳးအစားအမ်ိဳးမ်ိဳးကို ထုတ္ထားေပးသည့္တိုင္ေအာင္ အမ်ိဳးအစားအလိုက္ မည့္သည့္အပိုင္းကအႏၲာရယ္ ရွိ မရွိ သူတို႔နားမလည္ထားၾကေသးေပ။ ထို႔ေၾကာင့္ ဓာတ္ခြဲခန္းတြင္ အစိတ္ပိုင္းအမ်ားစုက ရွိေနေသးကာ ငါးတိုင္းကို တစ္ကိုယ္လုံးအျပည့္ စားသုံးနိုင္ေၾကာင္း ထုတ္ျပန္ေၾကညာနိင္ျခင္းမရွိေသးေပ။ ထို႔ေၾကာင့္တစ္ပိုင္းခ်င္းစီကိုသာ ေၾကညာ​ေနျခင္းျဖစ္၏။

သို႔ေသာ္ယြမ့္ထန္းအတြက္ကမူ မည္သည့္အရာက စားေကာင္းသည့္အပိုင္းျဖစ္ေၾကာင္း နားလည္ေနၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ ယြမ့္ထန္းက ဒါကို ဟုန္ေရွာင္ဟြား႐ႊိန္လုပ္ရန္စီစဥ္ထားသည္။

ဟုန္ေရွာင္ဟြား႐ႊိန္ဆိုသည္မွာ ေတာင္ပိုင္းငါးဟင္းအမ်ိဳးအစားတစ္မ်ိဳးျဖစ္သည္။ ငါးအျမႇီးကိုေရရိုက္ခတ္ပုံျမင္ၿပီးနာမည္ေပးထားျခင္းလည္းျဖစ္သည္။ ထိုငါးအျမႇီးအပိုင္းက အရသာရွိၿပီးအႏူးညံ့ဆုံးျဖစ္သည္။ အနာဂတ္တြင္ျပည္သူျပည္သားေတြက ငါးအျမႇီးကိုသာ ပုံမွန္စားရန္ ေတြးေတာေနေလာက္ေပ၏။

ေၾကးခြံခြာၿပီးေနာက္တြင္ ေရွာင္းခ်န္က အလယ္အရိုးကိုထုတ္ကာ ၂ျခမ္းျခမ္းလိုက္သည္။ သို႔ေသာ္ သူက မပိုင္းျဖတ္လိုက္ေပ။ ငါးအျမႇီးကိုတစ္ဖက္လွန္လိုက္ကာ အလယ္မွ၂ျခမ္းျခမ္းလိုက္၏။ထို႔ေနာက္အလယ္မွ ငါးအတြင္းပိုင္းကိုဖြင့္လိုက္ကာအျပားလိုက္ခ်ထားလိုက္သည္။ ငါးအျမႇီးကိုပန္းကန္ျပားသို႔တင္ၿပီးသည္ႏွင့္ သူက ဂ႐ုတစိုက္ ငါးအေပၚမွဆားမ်ားျဖဴးလိုက္သည္။ အထူးသျဖင့္ ငါးအတြင္းသားသို႔ ဝင္သြားေစရန္ ခပ္ဖြဖြပြတ္လိုက္ေသး၏။ ဒီနည္းမွသာေၾကာ္သည့္အခါ အရသာမ်ား အခဲလိုက္မက်န္ရစ္မည္ျဖစ္သည္။

ဒယ္အိုးကိုအပူေပးၿပီးသည့္ေနာက္တြင္ၾကက္သြန္ဂ်င္းၾကက္သြန္ျဖဴအနီေရာင္င႐ုတ္ေကာင္းင႐ုတ္ပြတို႔ကို ထည့္ထားလိုက္သည္။ အပူခ်ိန္အလယ္အလတ္ထားၿပီးေနာက္တြင္ ဆီသတ္ထားလိုက္၏။ ထို႔ေနာက္ငါးကိုအထဲသို႔ထည့္ကာပြက္ပြက္ဆူေနသည့္ ေရေတြကိုလည္း ထပ္ျဖည့္ထားလိုက္ေသးသည္။ ငါးေပါေလာေပၚလာသည့္အထိထားလိုက္၏။ ထို႔ေနာက္ငံျပာရည္အေနာက္ႏွင့္အၾကည္တို႔ကိုလည္း ထည့္ေသးသည္။ အပူခ်ိန္ကိုျပန္ျမႇင့္လိုက္ကာ ငါးကိုပြက္ပြက္ဆူလာေစ၏။ ထို႔ေနာက္အလြန္ပြက္ပြက္ဆူလာသည့္အခါမွသာ အပူခ်ိန္ကိုျပန္ေလ်ာ့လိုက္သည္။ ထိုအခ်ိန္တြင္ဝက္ႏွပ္က ရေနၿပီျဖစ္သည့္အတြက္ ယြမ့္ထ်န္းကမီးဖိုကိုဖြင့္လိုက္သည္။ အဖုံးကိုဖြင့္္လိုက္သည္ႏွင့္ၾကည့္ရႈေနသူတိုင္း သားေရစီးက်ေလာက္ေအာင္ေမႊးပ်ံ့သည့္ရနံ႕ကေပါက္ထြက္လာသည္။ ထိုဝက္ဗိုက္သားက အဆီတစ္ထပ္ အသားတစ္ထပ္ရွိကာ အလြန္ၾကည့္ေကာင္းၿပီး ႂကြပ္႐ြကာ အရသာရွိမည့္ပုံလည္းရ၏။ ေမႊးပ်ံ့သည့္အနံ႕တစ္မ်ိဳးက ၾကည့္ရႈေနသူေတြကိုဆက္တိုက္ပင္ သားေရမ်ားစီးက်လာေစသည္။ အဆီမ်ားအေပၚတြင္ ေဝ့ေနျခင္းကလည္း အလြန္ဆြဲေဆာင္မႈရွိ၏။

ယြမ့္ထန္းက ပန္းကန္ျပားထဲသို႔ ဟင္းလ်ာကိုထည့္လိုက္သည္။ ၾကည့္ရႈသူမ်ားက စားရန္အခ်ိန္ေရာက္ၿပီျဖစ္ေၾကာင္း သိလိုက္ၾက၏။ သူတို႔အပူေလာင္မည္ကိုစိုးသည့္တိုင္ အလုအယက္စားၾက၏။ ဒိုင္ေတြထံသို႔ေရာက္သြားၿပီဆိုလွ်င္ သူတို႔ငတ္ေပလိမ့္မည္။ သူတို႔က စကားပင္မေျပာနိုင္ေတာ့ေလဘဲ ဆက္တိုက္ပင္ တူေတြကိုေကာက္ကိုင္ၿပီး ဆက္တိုက္စားေနၾကသည္။

[သစ္ပင္မဖက္ပဲမေနနိုင္ဘူး:ေသစမ္း…]

[ေျမာင္ေျမာင္က တင္ဆက္သူခ်က္သမွ်ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္: အရသာအရမ္းရွိတာပဲ]

[ပန္းငယ္: ငါဘယ္သူလဲ ငါဘယ္မွာလဲ ငါဘယ္ကိုေရာက္ေနတာလဲ ငါ အသက္ ျပန္ထြက္သြားၿပီထင္တယ္..]

[မွင္စက္: ငါ အေလာတႀကီး အသားအပိုင္းစကို ကိုက္စားလိုက္တာပဲ ၊ဒါက ေဒတာရဲ႕အရသာဆိုေတာ့ ငါမ်ိဳခ်လိဳ႕မရတာ ဘယ္ေလာက္ႏွေျမာဖို႔ေကာင္းလိုက္လဲ။ ဒါကသန့္စင္တဲ့ႏွိပ္စက္မႈပဲ အဟြန့္ အဟြတ္အဟြတ္..]

[မွင္စက္က်သြားၿပီ: ဒီေန႕ကစၿပီး ငါကယြမ့္ထ်န္းရဲ႕ အဆင္ျခင္မဲ့ပရိတ္သတ္ပဲ ယြမ့္ထ်န္း ဘယ္ေနရာမွာပဲ တိုက္ရိုက္ထုတ္လႊင့္ထုတ္လႊင့္ ေသခ်ာေပါက္ သူ႕ကိုအႀကီးႀကီးအမ္းပစ္လိုက္မယ္ ငါ့ကို အခန္းနံပါတ္ေပးလို႔ရမလား..]

[ညလယ္ေခါင္မွာေရေႏြးထေသာက္ေနတဲ့ငါ: ငါ စားေလေလ ဗိုက္ဆာေလေလပဲ ငါ့ရဲ႕အားျဖည့္ေဆးေတြက အရသာမွမရွိတာ ဘယ္လိုမ်ား ဆက္ေသာက္ရမွာလဲ]

ဝက္ႏွပ္က အရသာ အလြန္ရွိလွကာ ပရိတ္သတ္မ်ားက ဆက္တိုက္ပင္ေအာ္ဟစ္ေနသည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း မည္သည့္ေခတ္တြင္မဆို အသားစားသူမ်ားက အသားကို အလြန္ႏွစ္သက္ၾကသည္။ ေမႊးရနံ႕ကို ျငင္းဆန္နိုင္လိမ့္မည္မဟုတ္ေခ်။

ဝက္ဗိုက္သားက နာရီဝက္ခန့္ ခ်က္ထားျခင္းျဖစ္ကာ အျပည့္အဝက်က္ေနသည္ဟု ေျပာ၍ရသည္။ ပါးစပ္ထဲသို႔ ထည့္လိုက္သည့္အခ်ိန္တြင္စို႐ႊဲကာ ႏူးအိေနသည့္အရသာက ေပါက္ထြက္လာ၏။ အသားထဲတြင္ရွိေနသည့္ဆီကအျပည့္အဝခ်က္ထားသည့္တိုင္ေအာင္ စို႐ႊဲေနကာ အီျခင္းမရွိေပ။ အေခါက္သားပင္ျဖစ္ေစ အဆီသားပင္ျဖစ္ေစ  အသားပင္ျဖစ္ေစ အလြန္ႏူးညံ့ေပ်ာ့ေပ်ာင္းေန၏။ ဒီအရသာ၂မ်ိဳးက ေပါင္းစပ္လိုက္သည့္အခါ မည္သူမဆို အလြန္အရသာရွိေၾကာင္း ဝန္ခံသြားရေပမည္။

အသားတစ္ပန္းကန္ကို စက္႐ုပ္ေလးက ယူသြားၿပီး အျခားတစ္ပန္းကန္ကမူ ဒိုင္ေတြထံသို႔ေပးသည္။ ဒိုင္အဖြဲ႕ကလည္း အေဝးကတည္းက သားေရက်ေနၿပီးသားျဖစ္ကာ ေရာက္လာသည္ႏွင့္ ခ်က္ခ်င္းပင္ အသားကုန္စားၾကေတာ့၏။

ဝက္သားနီခ်က္ကို စားပြဲေပၚသို႔ တင္ၿပီးသည့္ေနာက္တြင္ ဥကၠဠကုက အသားဖတ္တစ္ခုကို ခ်က္ခ်င္းပင္ တူျဖင့္ေကာက္ယူၿပီး ပါးစပ္ထဲသို႔ထည့္သည္။ သူ မ်က္လုံးမ်ားကို မွိတ္လိုက္၏။

အရသာေကာင္းမြန္ေနကာ ႏူးညံ့ညင္သာသည့္ဝက္သားက ပါးစပ္ထဲတြင္ ေပ်ာ္ဝင္သြားသည္။ ဝါးလိုက္ခ်ိန္တိုင္း အရည္မ်ား ထြက္လာျခင္းကပင္ သူ၏ပါးစပ္တစ္ခုလုံးကို ေမႊးပ်ံ့သြားေစကာ ေကာင္းကင္ေပၚသို႔ေရာက္သြားသကဲ့သို႔ ခံစားရေစ၏။

“ဒါက တကယ့္အေကာင္းဆုံးလက္ရာပဲ”
ဥကၠဠကုက သက္ျပင္းခ်သည္။ သူ မ်က္လုံးကိုျပန္ဖြင့္ကာ ေနာက္ထပ္တစ္ပိုင္းစားရန္ျပင္လိုက္ခ်ိန္တြင္ တစ္ပန္းကန္လုံးကေျပာင္ေနခဲ့ေခ်ၿပီ

သူ ခ်က္ခ်င္းပင္ေခါင္းလွည့္ၿပီး လူအိုႀကီးေတြအားလုံးကို စူးရဲၾကည့္လိုက္မိသည္။ တစ္ေယာက္ခ်င္းစီတိုင္းက ပါးစပ္အျပည့္ျဖင့္ေဖာင္းကားေနသည့္အျပင္ အရည္ေတြကလည္းပါးစပ္ေထာင့္မွစီးက်ေနေသးသည္။ သူတို႔တစ္ေယာက္တည္း ဘယ္ေလာက္ပမာဏမ်ားစြာ စားခဲ့ေၾကာင္းကိုမသိနိုင္ေပ။

ဥကၠဠကုေဒါသထြက္သြားသည္။ သူ၏မုတ္ဆိတ္ႀကီးကရမ္းခါသြားကာ မတ္တပ္ထရပ္လိုက္၏။ သူအလြန္စိတ္ဓာတ္က်သြားသည္။ မေကာင္းသည့္သတင္းေတြထြက္လာမည္ကိုသာ စိုးရိမ္မေနလွ်င္ သူ ခ်က္ခ်င္း ျပန္လုစားမိမည္မွာေသခ်ာသည္။ ေကာေလာင္က သူ႕ကိုထိန္းေနရ၏။

“ဥကၠဠရဲ႕ပါးစပ္ထဲမွာလည္းး အသားပိုင္းစတစ္ခုရွိေနေသးတာပဲေလ၊ ဒီက်န္တဲ့ ေနာက္ဆုံးတစ္ခုကိုေတာ့ ကြၽန္ေတာ့္အတြက္ ထားေပးလိုက္တာက ပိုေကာင္းမယ္ထင္တယ္”

ေကာေလာင္က ပန္းကန္ထဲတြင္ က်န္ေနသည့္ အသားဖတ္ကိုတူျဖင့္ လွမ္းယူကာ အျခားသူေတြကို အာဏာကိုသုံးၿပီး ေျခာက္လွန့္ရန္ႀကိဳးစားသည္။

“မရဘူး ငါက ဒီအတိုင္း…”

ဥကၠဠကုက သူ တစ္ဖတ္သာစားရေသးေၾကာင္းရွင္းျပလိုလွေသာ္လည္း သူ႕ေဘးနားတြင္ရွိသည့္လူအိုႀကီးက ဒါကိုအခြင့္ေကာင္းယူၿပီး သူတို႔၂ေယာက္ၾကားမွခိုးယူသြားကာ ပါးစပ္ထဲသို႔ ပစ္ထည့္လိုက္သည္။ ထိုသို႔ျဖင့္ အသားကကုန္သြား၏။

လူအိုႀကီး၂ေယာက္ကိုၾကည့္ေနသည့္ဝမ္ေလာင္က မယုံနိုင္သလိုျဖစ္ေနခဲ့သည္။ သို႔ေသာ္ဝမ္ေလာင္က ပါးစပ္ထဲတြင္ရွိသည့္ေနာက္ဆုံးအပိုင္းစကိုမ်က္လုံးမ်ားစဥ္းၿပီးသာ ေျဖးညွင္းစြာျဖင့္ ဝါးေနကာ ခပ္တိုးတိုးေျပာ၏။

“အရသာရွိလိုက္တာ”

ဥကၠဠကုႏွင့္ေကာေလာင္တို႔က တိုက္ခိုက္ေနၾကခ်ိန္တြင္ က်န္တစ္ေယာက္ကခိုးယူသြားေၾကာင္းျမင္သည့္အခါ အလြန္ေဒါသထြက္သြားၾကသည္။ ၾကည့္ရႉေနသူမ်ားလည္း ရွိသည့္အတြက္ သူတို႔၏ ပုံရိပ္ကိုထိန္းရန္အတြက္ ေဒါသကိုဖိႏွိပ္လိုက္ရ၏။ မဟုတ္လွ်င္သူတို႔ျပင္းျပင္းထန္ထန္ ထိုးႏွက္မိမည္မွာ ေသခ်ာသည္။ စိတ္ထဲတြင္မူ က်ိန္ဆဲေနၾက၏။

ထို႔ေနာက္ သက္ျပင္းခ်လိဳက္ၾကသည္။

ေဒါသထြက္စရာပဲ။

ကံေကာင္းစြာျဖင့္ ထိုအခ်ိန္ တြင္ ဟုန္ေရွာင္ဟြား႐ႊိန္က လုပ္၍ၿပီးသြားသည္။ ယြမ့္ထ်န္းက ငါးအျမႇီးကို၂ပိုင္းပိုင္းထားကာ အလယ္တြင္ ေႂကြပန္းကန္ျပားျဖင့္ ခ်ထားလိုက္သည္။ ထို႔ေနာက္အခ်ဥ္ရည္ကို ေဘးမွျဖန္းထားလိုက္ၿပီးေနာက္တြက္ ေမႊးပ်ံ့သည့္ ၾကက္သြန္မိတ္မ်ားကို အေပၚမွျဖဴးထားလိုက္သည္။

[ေ႐ႊျပားေတြက်လာၿပီ:အားအရသာရွိလိုက္တာ ႏူးညံ့အရသာရွိေနတာပဲ အရိုးလည္းမပါဘူးေနာ္]

[ငါ့ေမြးရပ္ေျမက ရႈခင္းမ်ား: တင္ဆက္သူက အံ့ၾသဖို႔ေကာင္းလိုက္တာအရသာကလည္းအရမ္းေကာင္းတာပဲ…]

ငါးအရသာကႏူးညံ့ေနသည့္အျပင္ အရိုးမ်ားကိုလည္းမျမင္ရေပ။ အရသာကအလြန္ေကာင္းမြန္လြန္းလွေပ၏။ အျမႇီးကအနည္းငယ္ႂကြပ္႐ြသည့္အေရခြံသားႏူးအိေနသည့္အသားတို႔ေပါင္းစပ္ထားသည့္အျပင္ အရည္႐ႊမ္းေနျခင္းကပင္ငါးအရသာကိုပိုေကာင္းမြန္သြားေစသည္။ ၾကည့္ရႈသူတိုင္းက ေမႊးရနံ႕ႏွင့္ပင္ ပါးစပ္မွသားေရမ်ားစြာဆက္တိုက္စီးက်လာခဲ့သည္။ ဝက္သားနီခ်က္ကဲ့သုိ့ အရသာျပင္းသည့္အရသာမ်ိဳးႏွင့္ ႏွိုင္းယွဥ္ရေသာ္ ဟုန္ေရွာင္ဟြား႐ႊိန္ကပို၍ အရသာေပါ့သည္။ သို႔ေသာ္လတ္ဆတ္သည့္ရနံ႕တစ္ခုႏွင့္အတူအခ်ိန္အတန္ၾကာေက်ာ္ၾကားသည့္ ဟင္းလ်ာတစ္ပြဲျဖစ္သြားသည္။

ယခင္တစ္ေခါက္မွ အေတြ႕ႀကဳံကိုသင္ခန္းစာရသြားၿပီျဖစ္သည့္အတြက္ ဒီတစ္ႀကိမ္တြင္ စားပြဲေပၚသို႔  ထိုဟင္းပြဲ႕ေရာက္လာသည္ႏွင့္ တိုက္ပြဲနယ္ေျမစတင္ေတာ့သည္။ အခ်င္းခ်င္းတူေတြတိုက္ခိုက္သံေတြက စတင္လာေတာ့ကာ အခ်ိဳ႕ေသာဒိုင္ေတြက အျခားသူေတြကိုတားၿပီး သူတို႔အတြက္သာ သူတို႔ခိုးယူၾကသည္။ ထိုသို႔ျဖင့္ၾကည့္ရႈသူေတြက ပါးစပ္အေဟာင္းသားျဖစ္ေနၾကေတာ့သည္။ သိပ္မၾကာခင္မွာပင္ အရည္ပါးပါးသာ က်န္ရစ္ေတာ့၏။

“ႏွေျမစရာေကာင္းတာက ငါတို႔ထမင္းပန္းကန္မရတာပဲ ဒီအခ်ဥ္ေတြက အလကားျဖစ္ကုန္ၿပီ”

ေကာေလာင္က ပန္းကန္၂ခ်ပ္ေပၚမွအခ်ဥ္မ်ားကိုၾကည့္ကာ မသက္မသာေျပာသည္။ သူက တူျဖင့္ပင္ယူေသးကာ ဒါေတြကိုအေျပာင္ယက္ခ်င္ေန၏။ ထို႔ေနာက္ လက္ထဲတြင္ ကိုင္ထားသည့္တူကိုလည္းယက္ေနေသးသည္။. ႏွေျမာစရာေကာင္းသည္မွာၾကယ္နက္ေဝါ့တစ္ခုလုံးက တိုက္ရိုက္ၾကည့္ရႉေနေသာေၾကာင့္ျဖစ္သည္။ မဟုတ္လွ်င္ ေသခ်ာေပါက္ပန္းကန္ကို လ်က္ေလာက္၏။

ေျပာရမည္ဆိုလွ်င္ သည္အခ်ိန္အတြင္း ဒိုင္ေတြ၏သိကၡာက က်ဆင္းေနခဲ့ၿပီးသားျဖစ္သည္။ သူတို႔ သတိမထားမိျခင္းသာျဖစ္သည္။

ယခုအခါတြင္ အပူဟင္းလ်ာမ်ားက ေလ်ာ့သြားၿပီျဖစ္သျဖင့္ ေနာက္ဆုံးတြင္ စြပ္ျပဳတ္မွ်သာ က်န္ရစ္ေတာ့သည္။ အဓိကဟင္းလ်ာၿပီးလွ်င္ အခ်ိဳတည္းရန္ျဖစ္၏။ထို႔ေနာက္ ေလးရာသီစားပြဲက ၿပီးျပည့္စုံသြားေပလိမ့္မည္၊။

တစ္နာရီခန့္ၾကာၿပီးသည့္ေနာက္တြင္ ယြမ့္ထန္းအေလာတႀကီး လုပ္ေနရေခ်ၿပီ။

'စြပ္ျပဳတ္ဆိုရင္ အရသာရွိၿပီးလတ္ဆက္တဲ့ မုန္လာဥဝက္နံရိုးစြပ္ျပဳတ္ကို ခ်က္ေပးရမွာေပါ့။'

သူက ဝက္နံရိုးအပိုင္းစတစ္ခုကို ထုတ္လိုက္ၿပီးေနာက္အပိုင္းေသးေသးေလးေတြပိုင္းလိုက္သည္။ ထို႔ေနာက္ ဆူပြက္ေနသည့္ေရထဲတြင္၂ႀကိမ္ခန့္ထပ္ျပဳတ္ထားလိုက္ၿပီးေနာက္ တစ္ဖန္ေရျပန္ေဆးလိုက္သည္။ ထို႔ေနာက္ အိုးထဲသို႔ျပန္ထည့္ကာ ပြက္ပြက္ဆူေစျပန္ၿပီး သူေသခ်ာလွီးထားသည့္ဂ်င္းမ်ားကို တျပားရိုက္ကာထည့္ထားလိုက္၏။

နံရိုးကိုခ်က္ေနခ်ိန္တြင္ယြမ့္ထ်န္းက မုန္လာဥကို အခြံႏႊာကာေႏႊးထားလိုက္သည္။ ထို႔ေနာက္အဝိုင္းေသးေသးေလးမ်ားပိုင္းၿပီးသည့္ေနာက္ တစ္ဖန္ျပန္စိတ္ပိုင္းသည္။ ေသးေသးေလးျဖစ္သြားၿပီးေနာက္ စြပ္ျပဳတ္အိုးထဲသို႔ ထည့္ထားလိုက္၏။

နံရိုးကမိနစ္၃၀ခန့္ခ်က္ရန္လိုအပ္သည္။ ယြမ့္ထ်န္းကေနာက္ဆုံးက်န္သည့္ဟင္းလ်ာကိုလုပ္ရန္စတင္လိုက္၏။ သူကအဓိကဟင္းလ်ာကို ေလးေရာင္ျခယ္ဖက္ထုပ္ဟုေ႐ြးခ်ယ္ထားသည္။ ဒါက မတူကြဲျပားသည့္ ပါဝင္ပစၥည္းမ်ားႏွင့္ ခ်က္ျပဳတ္မည္ျဖစ္ကာ ထိုထဲတြင္ရွိသည့္ပါဝင္အစာသြပ္ပစၥည္းမ်ားကလည္း ကြာျခားမည္ျဖစ္သည္။ ေလးရာသီစားပြဲႏွင့္ လိုက္ဖက္ညီလြန္းလွေပ၏။

ပထမဦးစြာသူကဝက္သားကိုျပင္သည္။ သူကအသားကိုႀကိတ္ေခ်ၿပီးေနာက္ ပန္းကန္လုံးတစ္လုံးထဲသို႔ ထည့္ထားလိုက္၏။ ထို႔ေနာက္ပုဇြန္အခ်ိဳ႕ကို အခြံခြာကာၾကက္သြန္နီေတြႏွင့္အတူေပါင္းၿပီး အစိတ္စိတ္အပိုင္းပိုင္းလုပ္သည္။ ထို႔ေနာက္အားလုံးကို ဝက္သားထဲသို႔ထည့္ကာ ေရာေမႊထားလိုက္၏။ ထိ္ု႔ေနာက္သူက ပဲငံျပာရည္ ဆား သၾကား င႐ုတ္ေကာင္းႏွင့္ အျခားေသာအရသာေတြကိုထည့္ျဖည့္ေပးလိုက္သည္။ အားလုံးကိုေရာနယ္ၿပီးသည့္ေနာက္တြင္ အေပၚမွၾကက္သြန္ျဖဴႏွင့္ဂ်င္းတို႔ေရာထားသည့္အရည္ကိုထည့္ကာ ႏွပ္ေအာင္နယ္လိုက္၏။

ေရေႏြးပူထဲသို႔သူကပါဝင္ပစၥည္းမ်ားကိုထည့္ကာအဆင္သင့္ျပင္ထားခ်ိန္တြင္အျခားတစ္ဖက္တြင္ထည့္ရန္အတြက္ ဟင္းေႏြးနိုင္သည့္ ဘူးကိုလည္းထုတ္ထားသည္။ထိုထဲသို႔ ခန့္ထည့္ထားၿပီးေနာက္ အသုံးျပဳနိုင္မည္ျဖစ္သည္။

မိနစ္၂၀ကို သူ အလကားသက္သက္ျဖဳန္းလိမ့္မည္မဟုတ္ေပ။ ထို႔ေၾကာင့္နိ႕ကိုယူလိုက္ကာ အိုးငယ္ထဲသို႔ထည့္လိုက္ၿပီးအပူေပးထားလိုက္သည္။ ဆူပြက္လာသည့္အခါသူက ပန္းကန္အၾကည္၁၀ခြက္ထဲသို႔ေလာင္းထည့္လိုက္သည္။ ဒါကအကယ္ဒမီသို႔ တမင္သက္သက္ဒုကၡရွာကာ ျပင္ဆင္ေပးခိုင္းထားသည့္အရာလည္းျဖစ္သည္။

သူက၂လႊာနိ႕သရက္သီးပူတင္းကိုလုပ္ရန္ဆုံးျဖတ္ထားျခင္းျဖစ္သည္။ ဒါကိုညစာစားၿပီးသည့္အခါ အခ်ိဳပြဲအေနႏွင့္ စားနိင္မည္ျဖစ္၏။ေဆာင္းတြင္းအတြက္လည္း အလြန္သင့္ေတာ္သည့္အရာမ်ိဳးျဖစ္သည္။ ႏွင္းကဲ့သို႔ ျဖဴေဖြးေနသည့္၂လႊာနို႔ပူတင္းသားက ႏွင္းကိုကိုယ္စားျပဳမည္ျဖစ္သည္။အေပၚမွအဝါေရာင္သရက္စိတ္ေလးမ်ားကို ခပ္ပါးပါးျဖဴးလိုက္မည္ဆိုသည့္အခါ အလြန္လွပကာ ၾကည့္ေကာင္းသြားေပလိမ့္မည္။

သူက ၾကက္ဥ၅လုံးကိုယူသည္။ ထို႔ေနာက္ၾကက္ဥ၅လုံးမွ အႏွစ္ႏွင့္အကာကိုခြဲလိုက္ၿပီးသည့္ေနာက္တြက္ အျဖဴေရာင္အကာမ်ားကိုေမႊသည္။

ဒီတစ္ႀကိမ္တြင္ နိ႕က ေအးသြားခဲ့ေခ်ၿပီ။ ထိုအခါ ပါးလ်သည့္နို႔အေပၚယံလႊာက အေပၚတြင္စုေဝးလာခဲ့၏။ သူက ဓားပါးပါးကိုယူၿပီး နို႔အေပၚယံအသားလႊာကိုခပ္ပါးပါးလွီးထုတ္လိုက္သည္။ ထို႔ေနာက္ ဖန္ခြက္အၾကည္မ်ားထဲသို႔ထည့္ထားသည့္ ႏုိ့ခြက္၁၀ခြက္ကိုလည္း ယူလိုက္သည္။ထို႔ေနာက္ တစ္ခြက္ထဲသို႔ ေပါင္းထည့္လိုက္သည့္အခ်ိန္တြင္ နဂိုထည့္သည့္ပမာဏထက္ ပိုမ်ားျပားသြားၿပီျဖစ္ကာ အေပၚယံအလႊာကလည္း ကြဲထြက္သြားၿပီး အထဲသို႔ စိမ့္ဝင္သြားသည္။ ေလာင္းထည့္လိုက္သည့္နို႔ႏွင့္ ၾကက္ဥအကာမ်ားကို အတူတကြေရာေမႊလိုက္သည္။ ထို႔ျပင္သၾကားကိုထပ္ထည့္သည္။ သူထပ္ေမႊ၏။ ဒီအဆင့္ထိၿပီးသြားလွ်င္ အေသးစားလုပ္ငန္းမ်ားဟု ဆိုရမည္ျဖစ္သည္။ က်န္သမွ်က နို႔ေတြအားလုံးကို အေပၚမွအေရာင္းတစ္မ်ိဳးေျပာင္းရန္အတြက္ အေအးခံကာေတာက္ေလွ်ာက္ပင္ ေလာင္းေပးေနရမည္ျဖစ္သည္။ ထို႔ေနာက္ ပန္းကန္လုံးအေပၚမွပလပ္စတစ္ျပားကိုအုပ္ထားရမည္ျဖစ္သည္။ ဒီနည္းျဖင့္ ၁၀မိနစ္ခန့္ ေပါင္းထားရမည္ျဖစ္ကာ ၂လႊာသားဖက္ထုပ္က ၿပီးဆုံးသြားေပလိမ့္မည္။

သို႔ေသာ္ဒီျပဳလုပ္သည့္အဆင့္ဆင့္တိုင္းကို အကယ္ဒမီသိပၸံက တိုက္ရိုက္ရိုက္ကူးထားကာ သူတို႔က ျပန္လည္စမ္းသပ္မည္ျဖစ္သည္။ ထိုအခ်ိန္တြင္ဝက္နံရိုးစြပ္ျပဳတ္ကလည္းၿပီးဆုံးသြားခဲ့ေခ်ၿပီ။ သူက နံရိုးမ်ားကိုတူျဖင့္ထုတ္ၿပီးသည့္အခါ ႏူးညံ့ေနေၾကာင္းျမင္ရသည့္အတြက္ ဆားႏွင့္င႐ုတ္ေကာင္းအနည္းငယ္ကိုခတ္လိုက္သည္။ ထို႔ေနာက္ဝက္နံရိုးကို စြပ္ျပဳတ္အိုးထဲသို႔ထည့္လိုက္၏။

[ႏွာေခ်းတြဲေလာင္း:အရသာရွိမယ့္ပုံပဲ]

[ယန္ေကြ႕: မုန္လာဥကႏူးညံ့ေနတာပဲ ေတာ္ေတာ္ေလးကိုအရသာရွိတယ္ စြပ္ျပဳတ္ကလည္းလန္းဆန္းေနတာပဲ ေကာင္းလိုက္တာ]

မုန္လာဥျဖဴက စြပ္ျပဳတ္မွဆီမ်ားကို အျပည့္ဝစုပ္ယူထားသည့္အျပင္ နံရိုးမွအသားရနံ႕ေတြကလည္းျပည့္ႏွက္ေနသည္။ ထို႔ျပင္ နံရိုးကိုလည္း ေသခ်ာႏွပ္ထားသည္ျဖစ္ကာ အရိုးကပင္ႏူးညံ့ကာကိုက္စား၍ ရ၏။ စြပ္ျပဳတ္သားက ၾကည္လင္သည့္တိုင္ ခ်ိဳျမန္သည့္ရနံ႕က ပ်ံ့လြင့္ေနေသးၿပီး မုန္ုလာဥကလည္း အခ်ိဳကဲထားသည့္အတြက ဒိုင္ေတြႏွင့္ ၾကည့္ရႈသူမ်ားထံမွ ခ်ီးက်ဴးမႈအျပည့္အဝရရွိထားသည္။ သူတို႔ကမုန္လာဥဖက္မ်ားကိုပင္ ျဖဳန္းတီးျခင္းမရွိဘဲ အသည္းအသန္ပင္ လုစားၾက၏။. ၿပီးမွသာလွ်င္ နံရိုးမ်ားကို တူျဖင့္ေကာက္ကိုင္ကာစားၾက၏။

ယြမ့္ထ်န္းက သူအသင့္ျပင္ထားသည့္ဗူးကိုၾကည့္လိုက္သည္။ ထို႔ေနာက္ မုန့္သားကအဆင္သင့္ျဖစ္ေၾကာင္းသိသည့္အခါ ထုတ္လိုက္ကာအပိုင္းႀကီးေတြပိုင္းလိုက္၏။ ထို႔ေနာက္ အလယ္ကိုခပ္ၿပီး အလႊာပါးပါးခန့္လုပ္ကာ တလိမ့္တုံးျဖင့္လွိမ့္သည္။

သူကမုန့္သားကိုလက္ျဖင့္ျဖန့္ကာရိုက္လိုက္ၿပီးသည့္ေနာက္တြင္ အသားေတြကိုတစ္ဇြန္းအျပည့္ထည့္ကာ အထဲသို႔ထည့္သည္။ ထို႔ေနာက္ ဖက္ထုပ္ကိုလုံးသည့္ကိစၥက စတင္လာေတာ့၏။ သူက ဖက္ထုပ္မ်ားကို ပန္းပြင့္မ်ားကဲ့သို႔ ပုံေဖာ္ကာလုံးေနျခင္းလည္းျဖစ္၏။

သူကမုန္ႊ႕သားတစ္ခုခ်င္းစီတိုင္းကိုအနီအဝါအနက္ႏွင့္အစိမ္းေရာင္ပုံစံေျပာင္းရန္အတြက္ ပါဝင္ပစၥည္းအမ်ိးမ်ိဳးကိုေျပာင္းကာသုံးထားျခင္းလည္းျဖစ္သည္။ အျပင္ဖက္မွၾကည္လင္ၿပီး အတြင္းဖက္က အေရာင္မ်ိဳးစုံျဖစ္ေနျခင္းကပင္ ထူးျခားသည့္ ပန္းတစ္ပြင့္ကဲ့သို႔ လွပေနေစ၏။ ဒါက မန္ခ်ဴးဟန္အင္ပါယာစားေတာ္ပြဲတြင္အလြန္ေက်ာ္ၾကားခဲ့သည့္ ၄ေရာင္ျခယ္ဖက္ထုပ္မ်ားျဖစ္ခဲ့သည္။

[သစ္ပင္ကိုမဖက္ပဲမေနနိုင္ဘူး: ဝိုးဒါကလွလိုက္တာ တကယ္ပဲအရသာရွိတယ္]

[ေျမာင္ေျမာင္က တင္ဆက္သူခ်င္သမွ်ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္: ဟုတ္တယ္ဟုတ္တယ္ ငါမေစာင့္နိုင္ေတာ့ဘူး သားေရက်သံ]

ယြမ့္ထန္းကေပါင္းအိုးထဲသို႔ထည့္ၿပီးသည့္ေနာက္တြင္အဖုံးကိုပိတ္ထားလိုက္သည္။ ၁၀မိနစ္ခန့္ေပါင္းၿပီးလွ်င္ အဆင္သင့္ျဖစ္ေပမည္။ သိပ္မၾကာခင္မွာပင္ သူက၂လႊာၾကားနို႔ပူတင္းမ်ားကိုထုတ္လိုက္ကာ အေအးကန့္ထဲသို႔ထည့္ၿပီး အေအးခံလိုက္သည္။ ေလးေရာင္ျခယ္ဖက္ထုပ္ကိုခ်က္ၿပီးသြားသည့္အခါ အတူတကြထည့္လိုက္မည္ျဖစ္သည္။

ယြမ့္ထ်န္းက အျခားပါဝင္ပစၥည္းမ်ားကိုမျပင္ဆင္ေတာ့သည့္အခါ အျခားသူမ်ားကေစာင့္ေနရန္သာတတ္နိုင္ေတာ့ေပသည္။ ၾကည့္ရႈသူမ်ားကမူ သူ၏ဒီေဖ်ာ္ေျဖမႈက ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္းသိေနၾက၏။

[မူမူ:အိုးဘုရားေရ ၉နာရီထိုးပဲရွိေသးတယ္ဟင္းပြဲလုံးကအဆင္သင့္ျဖစ္သြားၿပီပဲ]

[ေရွာင္ယန္ေရွာင္းေရွာင္ခ်ီေပါင္:ဟုတ္သားပဲ ငါတို႔ရဲ႕တင္ဆက္သူက ဟင္းခ်က္တဲ့ေနရာမွာ တကယ္ကိုေက်ာ္ၾကားၿပီး ၿပိဳင္ဖက္ကင္းၿပီး ျမန္ဆန္တယ္]

[ထရန္စပါးရန့္ေလး:ငါကေနာက္ဆုံးဟင္းပြဲအတြက္ေစာင့္ေနတာ ေသခ်ာေပါက္အေကာင္းဆုံးျဖစ္မွာေသခ်ာတယ္~သားေရက်ေနတဲ့အီမိုဂ်ီ]

[လူစီ:ဟုတ္တယ္ ေနာက္ဆုံးေတာ့ ဒိုင္ေတြကိုစိတ္ပ်က္ ငါတို႔ေတာင္သူတို႔ႏွင့္ လုစားခဲ့ရတာမဟုတ္လား..ကိုယ့္ကိုယ္ကိုအသားကုန္ဖက္ထားတဲ့အီမိုဂ်ီ]

၁၀မိနစ္ခန့္ၾကာၿပီးေနာက္ ေလးေရာင္ျခယ္ဖက္ထုပ္မ်ားကအဆင္သင့္ျဖစ္သြားေလၿပီ။ ထို႔ေၾကာင့္ ေႂကြပန္းကန္ျပားထဲသို႔ထည့္ကာ ပန္းပြင့္သ႑ာန္ေဖာ္လိုက္၏။

ေသခ်ာလွီးျဖတ္ထားသည့္ သရက္သီးမ်ားကိုျဖဴေဖြးေနသည့္ ၂လႊာသားနို႔ပူတင္းမ်ားေပၚတြင္ အလွဆင္ထားလိုက္သည္။

ၾကည့္ရႉသူမ်ား၏.ေမွ်ာ္လင့္ေစာင့္ဆိုင္းေနမႈေအာက္တြင္ ေနာက္ဆုံးဟင္း၂ပြဲ ၄ေရာင္ျခယ္ဖက္ထုပ္ႏွင့္ ၂လႊာသားနိ႕ပူတင္းသရက္သီးက ၿပီးဆုံးသြားခဲ့ေခ်ၿပီ။

[က်ဆင္းလာေသာဆာကူရာပန္း: ေဟးဒီအျဖဴေရာင္ပန္းႀကီးက အရမ္းလွလိုက္တာ ဒါကိုတကယ္ပဲ စားလို႔ရတာလား..]

[တင္ဆက္သူရဲ႕အျမႇီးေလး : အ႐ူးစားမွာျဖင့္စားစမ္းပါေနာက္မွၾကည့္ အခုသာမစားရင္ ဒိုင္ေတြစားလို႔ ကုန္သြားလိမ့္မယ္..]

[က်ဆင္းလာေသာဆူကူရာပန္ေလး:အိုးဟုတ္သားပဲ ျမန္ျမန္စားရမယ္]

[ေျမေခြးငယ္ေလး: အရသာရွိလိုက္တာ ၂ခုလုံးကအရမ္းေကာင္းတာပဲ]

၄ေရာင္ျခယ္ဖက္ထုပ္က အထဲတြင္အရသာ၅မ်ိဳးျပည့္ေနခဲ့ကာအသားႏွင့္ ဟင္း႐ြက္မ်ားအျပည့္ပါ၏။ ၾကည့္ေကာင္းသည့္အျပင္ အရသာအလြန္ေကာင္းသည္။ ေမႊးပ်ံ့သည့္ရနံ႕က ပါးစပ္ထဲသို႔ေပ်ာ္ဝင္သြားသည့္အခါ အရည္႐ႊမ္းသည့္ ၿပီးျပည့္စုံသည့္ခံစားခ်က္ကို ေပးစြမ္းမည္ျဖစ္သည္။ သို႔ေသာ္ မည္မွ်စားေလေလ လုံေလာက္သည္ဟုခံစားရမည္မဟုတ္ေပ။

၂လႊာသားနို႔ပူတင္းကလည္းၾကည့္၍အလြန္ေကာင္းသည္။ အရသာကလည္းအလြန္ေကာင္း၏။ ဒါက အေကာင္းဆုံးေသာအခ်ိဳပြဲျဖစ္သည္။ အရသာက အခ်ိဳမလြန္ေပ။ နို႔ရနံ႕ကဲသည့္တိုင္ေအာင္အလြန္အမင္း အီသည့္စိတ္ခံစားခ်က္ကိုျဖစ္မလာေစေပ။ ဒါကမိန္းကေလးေတြအတြက္အလြန္သေဘာက်ေစ၏။ အမ်ိဳးသားမ်ားပင္ ဒါကိုအလြန္သေလာက်ေနပုံရသည္။

ဟင္းလ်ာေတြအားလုံးၿပီးဆုံးသြားသည့္အခါ ယြမ့္ထ်န္းက ေနာက္ဆုံးဟင္းပြဲကို စတင္ခ်ခင္းျပရေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ေနာက္ဆုံးတြင္ ဥာဏ္ရည္ျမင့္စက္႐ုပ္ကို ေျပာလိုက္ကာ ဟင္းပြဲေတြအားလုံးကိုစားပြဲေပၚတြင္ ခင္းက်င္းထားလိုက္ေစသည္။

သူခ်က္ျပဳတ္ထားသမွ်ဟင္းပြဲအားလုံးက စားပြဲေပၚတြင္လွပစြာျဖင့္ ခမ္းနားစြာျပင္ဆင္ထား၏။ ဟင္းပြဲ၁၀ပြဲထဲတြင္ ပါဝင္ပစၥည္းအမ်ိဳး၂၀ပါသည့္အျပင္အလြန္လွပၿပီး ေလးရာသီစားပြဲကိုၿပီးျပည့္စံုံသြားေစသည္။

သာမန္ပြဲေတာ္မ်ားႏွင့္ ႏွိုင္းယွဥ္ရေသာ္ေလးရာသီစားပြဲက ေသးငယ္သည္ဟု ထင္ရသည္။ ပါဝင္ပစၥည္းေတြက မ်ားျပားေသာ္လည္း သက္ေတာင့္သက္သာရွိလွကာ အလြန္လွပလြန္းလွၿပီး ေႏြရာသီအတြက္သင့္ေတာ္သည္ဟုပင္ အလိုလိုခံစားရေစသည္။ အခ်ိဳ႕ေသာအရာမ်ိဳးကမူ အျခားေသာရာသီမ်ားအတြက္ သင့္ေတာ္သည္ဟုလည္း ခံစားရေစျပန္၏။ မည္သို႔ပင္ဆိုေစၾကည့္လိုက္႐ုံမွ်ျဖင့္ စိတ္ကိုေက်နပ္ေစသည္။

စားပြဲတြင္အျပည့္အဝခင္းက်င္းၿပီးသည့္အခါ ၾကည့္ရႈသူမ်ားက တရားဝင္ထပ္မံအရသာျမည္းနိုင္အုံးမည္ျဖစ္သည္။

ဒိုင္ေတြကလည္း ဒီအေျခအေနကိုေစာင့္ဆိုင္းေနျခင္းျဖစ္ကာ သူတို႔၏မဲအေရအတြက္ကၾကည့္ရႈသူမ်ားထက္ ေက်ာ္လြန္၍မရေသာ္လည္း ခ်က္ျပဳတ္ျခင္းတြင္အာဏာရွိသည့္အေလ်ာက္ သူတို႔ေျပာသည့္စကားမ်ားကလည္း ၾကည့္ရႈသူမ်ားအေပၚ သက္ေရာက္ခံရလိမ့္မည္ျဖစ္သည္။ သူတို႔ကသာ ပါဝင္ယွဥ္ၿပိဳင္သူ၏ဟင္းလ်ာအားလုံးကို ႏွစ္သက္မည္ဆိုလွ်င္ ၾကည့္ရႈသူမ်ားကလည္း ေသခ်ာေပါက္အေထာက္အပံ့ေပးၾကမည္မွာေသခ်ာ၏။

ဟင္းလ်ာေတြကိုၾကည့္ျခင္းျဖင့္သူတုိ့၏မ်က္ႏွာေတြကနီရဲေနၾကသည္။ သူတို႔က ယြမ့္ထန္းကိုအလြန္အံ့ၾသစြာျဖင့္ မွတ္ခ်က္ေပးေနၾက၏။

“ဟာသပဲ ဒီလိုအဆင့္ကမွမေအာင္ရင္ ဘယ္အဆင့္က သြားေအာင္ေတာ့မွာလဲ ဒီအဆင့္ကသာမေအာင္ဘူးဆိုရင္ အဆင့္ ၾကယ္ေလးပြင့္စားဖိုမႉးေတြအားလုံး သက္ေသဖို႔ပဲရွိေတာ့တယ္။

----

T/N

မစစ္ရေသးဘူး😁

ေႂကြ လြန္ခဲ့တဲ့၃ရက္ကေန စေရးတာ မၿပီးမၿပီးနဲ႕ခုမွ ၿပီးတယ္ ေခၚထိုခ😁

ၿပီးမွ ပုံခ်ည္း Chpတစ္ခုတင္ၿပီးႏွိပ္စက္မယ္...

အမေလး ဒါေလးတင္ဖို႔ အေတာ္ ႐ုန္းကန္လိုက္ရတယ္

Continue Reading

You'll Also Like

268K 9.6K 40
แ€–แ€ฎแ€ธแ€”แ€…แ€บแ€„แ€พแ€€แ€บแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ท แ€›แ€„แ€บแ€€แ€ฝแ€ฒแ€™แ€แ€แ€บแ€กแ€ฑแ€ฌแ€บแ€Ÿแ€…แ€บแ€žแ€ถแ€Ÿแ€ฌ แ€œแ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€™แ€บแ€ธแ€กแ€ถแ€ทแ€†แ€ฒแ€†แ€ฒ แ€กแ€แ€ฑแ€ฌแ€„แ€บแ€•แ€ถแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€กแ€แ€ฐ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€€แ€ฝแ€šแ€บแ€•แ€ปแ€€แ€บแ€…แ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€šแ€บแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ แ€„แ€ซแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บ...
193K 23.1K 33
แ€›แ€ญแ€ฏแ€ธแ€›แ€ญแ€ฏแ€ธแ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€แ€…แ€บแ€•แ€ฏแ€’แ€บแ€•แ€ซแ€•แ€ฒ
2.3M 150K 96
แ€œแ€ฐแ€แ€ญแ€ฏแ€„แ€บแ€ธแ€•แ€ซแ€ธแ€…แ€•แ€บแ€–แ€ปแ€ฌแ€ธแ€™แ€พ แ€‡แ€™แ€บแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€€แ€ฑแ€ฌแ€„แ€บแ€€ แ€กแ€•แ€ฑแ€กแ€แ€ฑแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ญแ€ฏแ€ทแ€žแ€™แ€ฏแ€แ€บแ€œแ€ฒ แ€žแ€ฐแ€แ€ญแ€ฏแ€ทแ€žแ€แ€บแ€™แ€พแ€แ€บแ€แ€ปแ€€แ€บแ€กแ€แ€ญแ€ฏแ€„แ€บแ€ธแ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€…แ€ฑ.....แ€€แ€ญแ€ฏแ€šแ€บแ€ทแ€‘แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€šแ€บแ€…แ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€žแ€ฐแ€™แ€ปแ€ฌแ€ธแ€…แ€€แ€ฌแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€‘แ€ญแ€ฏแ€„แ€บแ€แ€ถแ€…แ€ฌแ€ธแ€”...