ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 291K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

70

9.3K 1.5K 104
By Melinoe_Megami

Unicode

“ဟော်ရူယန်ကို ဘာလို့သတ်ခဲ့လဲဆိုတာ မသိချင်ဘူးလား..?”

ကောင်လေးရဲ့ အမူအရာက ပြောင်းလဲသွားပြီး ဘာမှမပြောလာပြန်တော့ ရင်းဆုယဲ့လည်း ဝှက်ဖဲကို ထုတ်သုံးလိုက်တယ်။ တကယ်တော့ ဟော်ရူယန်ကိုသတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်လေးက ဘာအမူအယာမှမပြပေမယ့် စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း သိချင်နေလိမ့်မယ်ဆိုတာ သူ,သိတယ်။

ဒီကိစ္စကို သေသေချာချာမရှင်းပြရင် သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ရှိလာလိမ့်မယ်။ ကောင်လေးက သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်မထားတတ်တော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ အကုန်သိသာနေတယ်လေ။ အဲ့တာကြောင့် ထုတ်ပြောပြလိုက်တယ်။

“…………..”

ရင်းဆုယဲ့ ပြောလိုက်တဲ့စကားက သူ့အညှာကို ကိုင်မိသွားတယ်ဆိုတာကို ရွှယ်ယို့ရှန်း ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး။ အမှန်တရားထက် သူ့ရဲ့အသက်ကို ပိုပြီးဂရုစိုက်မှဖြစ်မယ်။ ဒီကမ္ဘာမှာသေသွားရင် တကယ့်ကမ္ဘာအစစ်မှာလည်း သေသွားနိုင်သလားဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ။

“ဟော်ရူယန်က ခင်ဗျားကို အနာဂတ်မှာ သစ္စာဖောက်မှာကြောင့်လား..?”

ရင်ဆုယဲ့ကို အညံ့မခံချင်တော့ ရွှယ်ယို့ရှန်းက သူ့ဘာသာ ခန့်မှန်းကြည့်လိုက်တယ်။ ဟော်ရူယန်ကိုသတ်ခဲ့တဲ့ကိစ္စနှင့် ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာ ရှုပ်ထွေးနေတုန်းပဲ။ တစ်ဖက်မှာတော့ ‘ဟော်ရူယန်က ခင်ဗျားကို သစ္စာဖောက်လိမ့်မယ်’ ဆိုတဲ့ သူရဲ့စကားလေးတစ်ခွန်းတည်းနဲ့ ရင်ဆုယဲ့က ဟော်ရူယန်ကို သံယောဇဉ်ဖြတ်လိုက်တဲ့အတွက် အရမ်းပျော်နေမိပြန်တယ်။ သူ့ကို ယုံကြည်တဲ့သဘောပဲလေ။

ဒါပေမဲ့ ဟော်ရူယန်ကို မတုံ့မဆိုင်း သတ်ပစ်လိုက်တာကတော့ အကြင်နာတရားကင်းမဲ့လွန်းပါတယ်။

သူက စာရေးသူဖြစ်တဲ့အတွက် ရင်ဆုယဲ့အပေါ် ဟော်ရူယန် ဘယ်လောက်အထိ ဆိုးရွားခဲ့သလဲဆိုတာကို သိနေပေမယ့် ရင်ဆုယဲ့ကတော့ မသိဘူးလေ။ ပြီးတော့ ဟော်ရူယန်က ရင်းဆုယဲ့ကို ကလေးဘဝတုန်းက အရမ်းဂရုစိုက်ပေးခဲ့တယ်။ အခုမှ ကြိတ်ပြိုင်လာတာကတော့ ထားပါတော့။

ဘာပဲပြောပြော ဟော်ရူယန်က အခုအချိန်မှာ ရင်းဆုယဲ့ကို ထိခိုက်အောင် မလုပ်ရသေးဘူး။ ဒါကြောင့် ရွှယ်ယို့ရှန်းရဲ့ စကားလေးတစ်ခွန်းတည်းနဲ့ ဟော်ရူယန်နဲ့ အတိက်ကအမှတ်တရတွေကို ပစ်ပယ်ပြီး လူသတ်ခဲ့တာကတော့ ရင်ဆုယဲ့ ဘယ်လောက်အကြင်နာတရားမရှိကြောင်း၊ ရက်စက်တတ်ကြောင်းကို ပြသလိုက်သလိုပဲ။

မဖြစ်လာသေးတဲ့ကိစ္စအတွက် ရင်းဆုယဲ့က ဟော်ရူယန်ကို သတ်ဖြတ်ခဲ့တယ်။ တစ်နေ့နေ့မှာ တခြားကိစ္စအတွက်နဲ့ သူ့ကိုရော သတ်ဖို့ကြံစည်ဦးမှာလား..? ပြီးတော့ ရင်းဆုယဲ့အပေါ်မှာ သူ,ဖုံးကွယ်ထားတဲ့ကိစ္စတွေမှ အများကြီးပဲ။ အဲ့တာတွေကိုသာ ပြောပြလိုက်ရင် သေခြင်းတရားနဲ့ အဆုံးသတ်သွားရလိမ့်မယ်..!

သူ,သေရမှာကြောက်တယ်..!

“ဟော်ရူယန်က ခင်​ဗျားကို သစ္စာမဖောက်ရသေးဘူးလေ..!”

အဲ့တာကြောင့် ရင်းဆုယဲ့က ဟော်ရူယန်ကိုတွေ့တွေ့ချင်း ဘာမှမလုပ်ခဲ့တာပေါ့။ အတိတ်ဘဝတုန်းက သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ မိန်းမကို လုံးဝခွင့်လွှတ်မပေးနိုင်ဘူး။ လက်ရှိဘဝမှာ အခွင့်သာနေတုန်း ရှင်းပစ်ရမှာပဲ။ ပြီးတော့ သေလမ်းရှာနေခဲ့တာက အဲ့မိန်းမပဲလေ။ ကောင်လေးကို သတ်ဖြတ်ဖို့ကြံရဲတယ်။

အဲ့တော့ အန္တရာယ်များလွန်းတဲ့ မိန်းမကို အသက်ရှင်ခွင့်ပေးစရာအကြောင်း မရှိတော့ဘူး။ ကောင်လေးကို ထိခိုက်အောင်မလုပ်ခင် ကြိုပြီးလက်ဦးမှုယူထားရမယ်။ ဒါပေမဲ့ ရင်းဆုယဲ့က ဒီအကြောင်းတွေကို ရွှယ်ယို့ရှန်းကို ပြောပြမှာမဟုတ်ဘူး။ ကောင်လေးလိုမျိုး သန့်ရှင်းစင်ကြယ်တဲ့ လူသားတစ်ယောက်က ဒီလိုညစ်ညမ်းတဲ့အပြစ်တွေကို သိစရာမလိုဘူး။

(TN : Meli ဆွံ့အသွား..!!!)

“အဲ့တာဆို ဘာလို့သတ်လိုက်တာလဲ..?”

ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ရဲ့ ထူးဆန်းတဲ့အတွေးတွေကို လိုက်မမှီတော့ဘူး။ ရင်းဆုယဲ့က ဟော်ရူယန် ဘာမှမလုပ်ရသေးမှန်း သိနေရဲ့သားနဲ့ အတိတ်ရဲ့အမှတ်တရတွေကို ထောက်ထားပြီး ဒီလိုမလုပ်သင့်ဘူးလေ..!

သူ,မသိလိုက်ခင်မှာ ဘာတွေဖြစ်သွားတာပါလဲ..?

“သူမ,သစ္စာဖောက်လိမ့်မယ်..”

အရာရာကို သည်းခံခွင့်လွှတ်ပေးရလောက်အောင် သူက ဘုရားသခင်မဟုတ်ဘူး။ ဟော်ရူယန်က သေကိုသေရမှာ၊ အချိန်နည်းနည်းပိုစောသွားလို့ ဘာမှမထူးဆန်းသွားတာမရှိဘူး။

“……………”

ရင်းဆုယဲ့.. ခင်ဗျားဆေးမသောက်ရသေးဘူးလား..? အခုပြောနေတဲ့စကားတွေနဲ့ ခုနကစကားတွေက တခြားစီပဲနော်..! ဆေးသွားသောက်စမ်းပါ.. ဟုတ်ပြီလား..? ခင်ဗျားနဲ့မကစားချင်တော့ဘူး..!

ဘဝကြီးကနှင်းမှုန်လေးတွေလို အထီးကျန်ဆန်လိုက်တာ..!

“ကိုယ်မင်းကိုယုံကြည်တယ်..!”

ကောင်လေးရဲ့ ဆွံ့အ,သွားသလိုမျက်နှာကိုကြည့်ရင်း သူပြောလိုက်တာကို နားမလည်မှန်း ရင်းဆုယဲ့ သဘောပေါက်လိုက်တယ်။ နောက်ဆုံးတော့ သူလည်း မရှင်းပြတော့ပဲ ကျိန်ဆိုသလိုပြောလိုက်တယ်။

အရင်ဘဝတုန်းကမှတ်ဉာဏ်တွေ မရှိခဲ့ဖူးဆိုရင်လည်း ရွှယ်ယို့ရှန်းရဲ့သူ့အပေါ်ထားတဲ့ စိတ်ရင်း​ကြောင့် ဟော်ရူယန်ကို မသတ်ဘူးဆိုရင်တောင် ဝေးဝေးနေမိမှာပဲ။ ဟော်ရူယန်က သူ့ရဲ့ယုံကြည်မှုနဲ့မထိုက်တန်ဘူး..!

“ဘာလို့ကျွန်တော့်ကိုယုံကြည်ပေးတာလဲ..?”

ရင်းဆုယဲ့ရဲ့စကားတွေက ရှေ့နောက်မကိုက်ညီပေမယ့် သူ(ရွှယ်ယို့ရှန်း)နားမလည်လောက်တဲ့အထိတော့ မဟုတ်ဘူး။ ရင်းဆုယဲ့ပြောချင်နေတာက သူ့ကို ယုံကြည်တဲ့အတွက် ဟော်ရူယန်ကို အခုလိုလုပ်လိုက်တာဆိုတဲ့ သဘောပဲ။

သူ့ရဲ့အမြင်မှာ လူသတ်တာက အရမ်းဆိုးဝါးပေမယ့် သူ့ရဲ့စကားကြောင့် ရင်းဆုယဲ့က ဟော်ရူယန်ကို မုန်းတီးသွားမှန်း သိလိုက်ရတော့ ရွှယ်ယို့ရှန်းတစ်ယောက် ရှင်းမပြတတ်အောင် စိတ်ကျေနပ်သွားခဲ့တယ်။

ရုတ်တရက် သူ့ရဲ့သုံးဖက်မြင်အတွေးက ကွဲကြေသွားသလိုပဲ။ စကားတစ်ခွန်းတည်းနဲ့ ဟော်ရူယန်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရင်းဆုယဲ့ ဘယ်လောက်ရက်စက်တတ်မှန်း သူမေ့သွားခဲ့တယ်။ ကြည့်ရတာ သူကတော့ ကုစရာဆေးမရှိတော့ဘူးပဲ။

ရင်းဆုယဲ့ကို ဘက်လိုက်နေမှုကြီးက ကုစရာဆေးမရှိတော့ဘူး..!

“မင်းက ယုံကြည်ပေးဖို့ထိုက်တန်တယ်..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို တည်ကြည်လေးနက်စွာ ပြောလိုက်တယ်။

ဒီဘဝမှာလည်း ယုံကြည်ပေးရမယ့်လူမရှိဘူးဆိုရင် သူ့ဘဝကြီးက အဓိပ္ပါယ်မရှိတော့ဘူး။ သိသာပါတယ်.. ရင်းဆုယဲ့ရဲ့အမြင်မှာတော့ သူ့ရဲ့အရင်ဘဝက တကယ့်ကို အရှုံးသမားပဲ။ လူပေါင်းများစွာကို ကျော်လွန်ပြီး ‘ကြီးမြတ်တဲ့ဘုရင်’ အဆင့်ကို ရောက်ခဲ့ပေမယ့် သူ့မှာ မိတ်ဆွေစစ်မရှိခဲ့ဘူး။ လူတိုင်းရဲ့ရန်သူဖြစ်နေရတဲ့ ဘဝက အထီးကျန်ဆန်ပြီး ရူးသွပ်လောက်တယ်။

တကယ်တော့ ဟွမ်ပေ့ချန်ကို ရှုံးနိမ့်သွားခဲ့တဲ့အချိန်တုန်းက ရှုံးနိမ့်မှုကို လက်မခံနိုင်တာထက် အရင်ကမခံစားဖူးတဲ့ လွတ်လပ်ခြင်းရဲ့ အရအသာကို ခံစားလိုက်ရသလိုပဲ။ နောက်ဆုံးတော့ မုန်းတီးစက်ဆုပ်ဖွယ်ရာ လောကကြီးကနေ ထွက်သွားခွင့်ရခဲ့ပြီ။

ဒါပေမဲ့ ပြန်ပြီးမွေးဖွားလာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ထိုတစ်ခဏမှာ ပြန်မွေးဖွားလာတာနဲ့ ပတ်သက်ပြီး ဝမ်းမသာတဲ့အပြင် စိတ်ပျက်ဒေါသထွက်ခဲ့ရတယ်။ စူးစူးဝါးဝါး နာကျည်းမုန်းတီးခဲ့တယ်။

ဘာကြောင့်လဲ..?  သူလွတ်လပ်တော့မယ့် အချိန်ရောက်မှ ဆိုးဝါးတဲ့ ကံကြမ္မာကြီးကို ဘာလို့ထပ်ခံစားရဦးမှာလဲ..? လောကကြီးက သူ့အပေါ်အရမ်းရက်စက်လွန်းတယ်။

ဒါပေမယ့် ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ရွှယ်ယို့ရှန်းက သူ့အရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။ သူ့ကို ယုံကြည်ပေးပါလို့ ပြောခဲ့တယ်။ ထိုအခြင်းအရာက စိတ်ဓာတ်လဲပြိုလုနီးပါးဖြစ်နေတဲ့သူကို ကယ်ဆယ်လိုက်သလိုပဲ။

သူဝန်ခံပါတယ်..! အဲ့အချိန်တုန်းက ရွှယ်ယို့ရှန်းရဲ့ စကားတွေက သူ့ရင်ကို ထိခတ်သွားပြီး ဆွဲဆောင်သွားနိုင်ခဲ့တယ်။ ရွှယ်ယို့ရှန်းက စိတ်ရိုင်းဝင်လုနီးပါးဖြစ်နေတဲ့ သူ့ဘဝထဲကို မျှော်လင့်ချက်တွေ သယ်ဆောင်ပေးလာခဲ့တယ်။ အဲ့တာကြောင့် ဒီအခွင့်အရေးကို သူ့ဘက်က တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရလိမ့်မယ်။

ဒါပေမဲ့ သူ့စိတ်ထဲမှာ လွန်ဆွဲနေခဲ့ပြန်တယ်။ ယုံကြည်ချင်ပေမယ့် မယုံကြည်ရဲဘူး။ ထပ်ပြီး သစ္စာဖောက်ခံရမှာကို ကြောက်ရွံ့နေခဲ့မိတယ်။ သူ,ထပ်ပြီး လှည့်စားမခံချင်တော့ဘူး။ မဟုတ်ရင် မျှော်လင့်ချက်မရှိတော့တဲ့ သူ့ဘဝကြီးက တကယ် လဲပြိုသွားရလိမ့်မယ်။ ရူးသွပ်သွားလိမ့်မယ်။

အဲ့တာကြောင့် ရွှယ်ယို့ရှန်းကို အခွင့်အရေးရတိုင်း အကြိမ်ကြိမ် စမ်းသပ်နေခဲ့မိတယ်။ စိတ်အေးလက်အေး မနေနိုင်ခဲ့ဘူး။ သူ့ရဲ့ အရင်ဘဝကြောင့် တခြားလူတွေကို ယုံကြည်နိုင်ဖို့ ခက်ခဲခဲ့တယ်။

သူ့ရဲ့ဘဝက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ တစ်ဖက်မှာ ရွှယ်ယို့ရှန်းကို တစ်သက်လုံးယုံကြည်နိုင်ဖို့ ဆုတောင်းနေမိပြီး တခြားတစ်ဖက်မှာ သူ့ကိုသစ္စာဖောက်သွားလိမ့်မယ်လို့ တွေးထင်နေခဲ့မိပြန်တယ်။

ဆန့်ကျင်ဘက်အတွေးနှစ်ခုက ရူးသွပ်သွားစေမတတ်ပဲ..!

သိကျွမ်းခဲ့ပြီးနောက်မှာ ရွှယ်ယို့ရှန်းက သူ,မမျှော်လင့်ထားလောက်အောင် သူ့အတွက် စဉ်းစားပေးခဲ့တယ်။ နောက်ဆုံးတော့ သူ့အတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့ပြီ။

ဒါပေမဲ့ ကံတရားက သူ့ကိုကျီစယ်နေတာလား..?

ရွှယ်ယို့ရှန်းက သူလူသတ်နေတာကို တွေ့သွားပြန်တယ်။ အဲ့အချိန်တုန်းက ရွှယ်ယို့ရှန်းသာ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရင်.. သူ့ကိုထားရစ်ခဲ့ရင် သူ,ဘာလုပ်မိမလဲ မသိတော့ဘူး..! ကံကောင်းချင်တော့ ရွှယ်ယို့ရှန်းက သူ့ကို စိတ်မပျက်စေခဲ့ဘူး။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာဘဲ အရမ်းမျှော်လင့်ထားလို့မရခဲ့ပြန်ဘူး။

ဒီလို ‘မတင်မကျဖြစ်’ဖြစ်နေတဲ့ ခံစားချက်ကြီးက သူ့ကို စိတ်အနှောင့်အယှက်ပေးနေတယ်..!

သူ့ရဲ့စိတ်ထဲမှာ ရွှယ်ယို့ရှန်းကို ပြည့်ပြည့်ဝဝ ယုံကြည်ထားချင်တယ်။ အရမ်းပင်ပန်းလာတဲ့တစ်နေ့ သူ,နားခိုလို့ရမယ့် နေရာလေးတစ်ခု ဖြစ်စေချင်တယ်။ ရွှယ်ယို့ရှန်းရဲ့ ငယ်ရွယ်တဲ့ပုံရိပ်လေးက သူ,နားခိုဖို့ မလုံလောက်ပေမယ့် သူ့စိတ်ထဲမှာ ကျေနပ်နေမိတယ်။

တစ်စုံတစ်ယောက်က နွေးထွေးမှုကို ခံစားမိခဲ့ရင် ဘယ်တော့မှ လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ဘူး။ အဲ့အစား ပိုပိုပြီး လိုချင်လာလိမ့်မယ်။

အဲ့တာကြောင့် ရွှယ်ယို့ရှန်းအပေါ်မှာ ပိုပိုပြီး လောဘကြီးလာမိတယ်။ ဖြစ်နိုင်ရင် ရွှယ်ယို့ရှန်းကို ဘယ်သူမှမမြင်နိုင်တဲ့ နေရာတစ်ခုမှာ ဖွက်ထားချင်မိတယ်။ ဒီနည်းလမ်းကပဲ ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲမှာ သူ့တစ်ယောက်တည်းရှိအောင် လုပ်ပေးနိုင်လိမ့်မယ်။

ဒါပေမဲ့ အဲ့လိုလုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ ရွှယ်ယို့ရှန်းကို အရမ်းအလေးထားလို့ပဲ။

သူ့ရဲ့ တစ်ဖက်သတ်လုပ်ရပ်တွေကြောင့် ဒီကောင်လေး စိတ်မပျော်မရွှင်ဖြစ်သွားမှာကို စိုးရိမ်နေတယ်။ ဒီကောင်လေးသာ တခြားလူတွေလို သူနဲ့ဝေးရာကို ထွက်သွားခဲ့ရင် သူ့ရဲ့ကမ္ဘာကြီးမှာ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့လိမ့်မယ်။

ဆုံးရှုံးရမယ့်တန်ဖိုးက အရမ်းကြီးလွန်းတယ်။ သူ,မစွန့်စားရဲဘူး။

အဲ့တာကြောင့် ရွှယ်ယို့ရှန်းကို လွတ်လွတ်လပ်လပ် နေခွင့်ပေးထားခဲ့တယ်။ တခြားလူတွေနဲ့ အပေါင်းအသင်းလုပ်တာလည်း ခွင့်ပြုထားခဲ့တယ်။ ဘာလို့လဲဆိုတော့ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လေ။ လုံးဝစိတ်ပူစရာမရှိဘူး..!

ဒါပေမဲ့ သူက အလေးထားပြီး ဆက်ဆံနေချိန်မှာ ကောင်လေးက သူ့အပေါ် ကိစ္စတချို့ဖုံးကွယ်ထားတာကို ဘယ်လိုမှ လက်သင့်မခံနိုင်ဘူး။

သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကို ဖျက်ဆီးပစ်မယ့် ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုလူပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် လုံးဝခွင့်မပြုနိုင်ဘူး။  ရွှယ်ယို့ရှန်းရဲ့လျှို့ဝှက်ချက်က အသိသာဆုံးအချက်ပဲ။

ရွှယ်ယို့ရှန်းက သူလူသတ်တာကို မတော်တဆ တွေ့သွားခဲ့ပြီးပြီ။ တချို့အရာတွေက ရှောင်လွဲလို့မရသလို တစ်ဦးနဲ့တစ်ဦး မလိမ်ညာသင့်တော့ဘူး။ ကြိုတင်လက်ဦးမှုယူတာက အကောင်းဆုံးနည်းဗျူဟာပဲ။ ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် သူလိုချင်တဲ့ အဖြေကို ရမှဖြစ်မယ်..!

…………………………………….

Zawgyi

“ေဟာ္႐ူယန္ကို ဘာလို႔သတ္ခဲ့လဲဆိုတာ မသိခ်င္ဘူးလား..?”

ေကာင္ေလးရဲ႕ အမူအရာက ေျပာင္းလဲသြားၿပီး ဘာမွမေျပာလာျပန္ေတာ့ ရင္းဆုယဲ့လည္း ဝွက္ဖဲကို ထုတ္သုံးလိုက္တယ္။ တကယ္ေတာ့ ေဟာ္႐ူယန္ကိုသတ္တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ေကာင္ေလးက ဘာအမူအယာမွမျပေပမယ့္ စိတ္ထဲမွာ နက္နက္ရႈိင္းရႈိင္း သိခ်င္ေနလိမ့္မယ္ဆိုတာ သူ,သိတယ္။

ဒီကိစၥကို ေသေသခ်ာခ်ာမရွင္းျပရင္ သူတို႔ႏွစ္ေယာက္ၾကားမွာ အကြာအေဝးတစ္ခု ရွိလာလိမ့္မယ္။ ေကာင္ေလးက သူ႔ရဲ႕ခံစားခ်က္ေတြကို ဖုံးကြယ္မထားတတ္ေတာ့ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ အကုန္သိသာေနတယ္ေလ။ အဲ့တာေၾကာင့္ ထုတ္ေျပာျပလိုက္တယ္။

“…………..”

ရင္းဆုယဲ့ ေျပာလိုက္တဲ့စကားက သူ႔အညႇာကို ကိုင္မိသြားတယ္ဆိုတာကို ႐ႊယ္ယို႔ရွန္း ဘယ္ေတာ့မွဝန္ခံမွာမဟုတ္ဘူး။ အမွန္တရားထက္ သူ႔ရဲ႕အသက္ကို ပိုၿပီးဂ႐ုစိုက္မွျဖစ္မယ္။ ဒီကမာၻမွာေသသြားရင္ တကယ့္ကမာၻအစစ္မွာလည္း ေသသြားႏိုင္သလားဆိုတာ ဘယ္သူမွမသိႏိုင္ဘူးေလ။

“ေဟာ္႐ူယန္က ခင္ဗ်ားကို အနာဂတ္မွာ သစၥာေဖာက္မွာေၾကာင့္လား..?”

ရင္ဆုယဲ့ကို အညံ့မခံခ်င္ေတာ့ ႐ႊယ္ယို႔ရွန္းက သူ႔ဘာသာ ခန္႔မွန္းၾကည့္လိုက္တယ္။ ေဟာ္႐ူယန္ကိုသတ္ခဲ့တဲ့ကိစၥႏွင့္ ပတ္သက္ၿပီး သူ႔အျမင္ကို ထုတ္ေျပာလိုက္ေပမယ့္ သူ႔စိတ္ထဲမွာ ရႈပ္ေထြးေနတုန္းပဲ။ တစ္ဖက္မွာေတာ့ ‘ေဟာ္႐ူယန္က ခင္ဗ်ားကို သစၥာေဖာက္လိမ့္မယ္’ ဆိုတဲ့ သူရဲ႕စကားေလးတစ္ခြန္းတည္းနဲ႔ ရင္ဆုယဲ့က ေဟာ္႐ူယန္ကို သံေယာဇဥ္ျဖတ္လိုက္တဲ့အတြက္ အရမ္းေပ်ာ္ေနမိျပန္တယ္။ သူ႔ကို ယုံၾကည္တဲ့သေဘာပဲေလ။

ဒါေပမဲ့ ေဟာ္႐ူယန္ကို မတုံ႔မဆိုင္း သတ္ပစ္လိုက္တာကေတာ့ အၾကင္နာတရားကင္းမဲ့လြန္းပါတယ္။

သူက စာေရးသူျဖစ္တဲ့အတြက္ ရင္ဆုယဲ့အေပၚ ေဟာ္႐ူယန္ ဘယ္ေလာက္အထိ ဆိုး႐ြားခဲ့သလဲဆိုတာကို သိေနေပမယ့္ ရင္ဆုယဲ့ကေတာ့ မသိဘူးေလ။ ၿပီးေတာ့ ေဟာ္႐ူယန္က ရင္းဆုယဲ့ကို ကေလးဘဝတုန္းက အရမ္းဂ႐ုစိုက္ေပးခဲ့တယ္။ အခုမွ ႀကိတ္ၿပိဳင္လာတာကေတာ့ ထားပါေတာ့။

ဘာပဲေျပာေျပာ ေဟာ္႐ူယန္က အခုအခ်ိန္မွာ ရင္းဆုယဲ့ကို ထိခိုက္ေအာင္ မလုပ္ရေသးဘူး။ ဒါေၾကာင့္ ႐ႊယ္ယို႔ရွန္းရဲ႕ စကားေလးတစ္ခြန္းတည္းနဲ႔ ေဟာ္႐ူယန္နဲ႔ အတိက္ကအမွတ္တရေတြကို ပစ္ပယ္ၿပီး လူသတ္ခဲ့တာကေတာ့ ရင္ဆုယဲ့ ဘယ္ေလာက္အၾကင္နာတရားမရွိေၾကာင္း၊ ရက္စက္တတ္ေၾကာင္းကို ျပသလိုက္သလိုပဲ။

မျဖစ္လာေသးတဲ့ကိစၥအတြက္ ရင္းဆုယဲ့က ေဟာ္႐ူယန္ကို သတ္ျဖတ္ခဲ့တယ္။ တစ္ေန႔ေန႔မွာ တျခားကိစၥအတြက္နဲ႔ သူ႔ကိုေရာ သတ္ဖို႔ႀကံစည္ဦးမွာလား..? ၿပီးေတာ့ ရင္းဆုယဲ့အေပၚမွာ သူ,ဖုံးကြယ္ထားတဲ့ကိစၥေတြမွ အမ်ားႀကီးပဲ။ အဲ့တာေတြကိုသာ ေျပာျပလိုက္ရင္ ေသျခင္းတရားနဲ႔ အဆုံးသတ္သြားရလိမ့္မယ္..!

သူ,ေသရမွာေၾကာက္တယ္..!

“ေဟာ္႐ူယန္က ခင္​ဗ်ားကို သစၥာမေဖာက္ရေသးဘူးေလ..!”

အဲ့တာေၾကာင့္ ရင္းဆုယဲ့က ေဟာ္႐ူယန္ကိုေတြ႕ေတြ႕ခ်င္း ဘာမွမလုပ္ခဲ့တာေပါ့။ အတိတ္ဘဝတုန္းက သူ႔အေပၚ သစၥာေဖာက္ခဲ့တဲ့ မိန္းမကို လုံးဝခြင့္လႊတ္မေပးႏိုင္ဘူး။ လက္ရွိဘဝမွာ အခြင့္သာေနတုန္း ရွင္းပစ္ရမွာပဲ။ ၿပီးေတာ့ ေသလမ္းရွာေနခဲ့တာက အဲ့မိန္းမပဲေလ။ ေကာင္ေလးကို သတ္ျဖတ္ဖို႔ႀကံရဲတယ္။

အဲ့ေတာ့ အႏၲရာယ္မ်ားလြန္းတဲ့ မိန္းမကို အသက္ရွင္ခြင့္ေပးစရာအေၾကာင္း မရွိေတာ့ဘူး။ ေကာင္ေလးကို ထိခိုက္ေအာင္မလုပ္ခင္ ႀကိဳၿပီးလက္ဦးမႈယူထားရမယ္။ ဒါေပမဲ့ ရင္းဆုယဲ့က ဒီအေၾကာင္းေတြကို ႐ႊယ္ယို႔ရွန္းကို ေျပာျပမွာမဟုတ္ဘူး။ ေကာင္ေလးလိုမ်ိဳး သန႔္ရွင္းစင္ၾကယ္တဲ့ လူသားတစ္ေယာက္က ဒီလိုညစ္ညမ္းတဲ့အျပစ္ေတြကို သိစရာမလိုဘူး။

(TN : Meli ဆြံ႕အသြား..!!!)

“အဲ့တာဆို ဘာလို႔သတ္လိုက္တာလဲ..?”

႐ႊယ္ယို႔ရွန္းတစ္ေယာက္ ရင္းဆုယဲ့ရဲ႕ ထူးဆန္းတဲ့အေတြးေတြကို လိုက္မမွီေတာ့ဘူး။ ရင္းဆုယဲ့က ေဟာ္႐ူယန္ ဘာမွမလုပ္ရေသးမွန္း သိေနရဲ႕သားနဲ႔ အတိတ္ရဲ႕အမွတ္တရေတြကို ေထာက္ထားၿပီး ဒီလိုမလုပ္သင့္ဘူးေလ..!

သူ,မသိလိုက္ခင္မွာ ဘာေတြျဖစ္သြားတာပါလဲ..?

“သူမ,သစၥာေဖာက္လိမ့္မယ္..”

အရာရာကို သည္းခံခြင့္လႊတ္ေပးရေလာက္ေအာင္ သူက ဘုရားသခင္မဟုတ္ဘူး။ ေဟာ္႐ူယန္က ေသကိုေသရမွာ၊ အခ်ိန္နည္းနည္းပိုေစာသြားလို႔ ဘာမွမထူးဆန္းသြားတာမရွိဘူး။

“……………”

ရင္းဆုယဲ့.. ခင္ဗ်ားေဆးမေသာက္ရေသးဘူးလား..? အခုေျပာေနတဲ့စကားေတြနဲ႔ ခုနကစကားေတြက တျခားစီပဲေနာ္..! ေဆးသြားေသာက္စမ္းပါ.. ဟုတ္ၿပီလား..? ခင္ဗ်ားနဲ႔မကစားခ်င္ေတာ့ဘူး..!

ဘဝႀကီးကႏွင္းမႈန္ေလးေတြလို အထီးက်န္ဆန္လိုက္တာ..!

“ကိုယ္မင္းကိုယုံၾကည္တယ္..!”

ေကာင္ေလးရဲ႕ ဆြံ႕အ,သြားသလိုမ်က္ႏွာကိုၾကည့္ရင္း သူေျပာလိုက္တာကို နားမလည္မွန္း ရင္းဆုယဲ့ သေဘာေပါက္လိုက္တယ္။ ေနာက္ဆုံးေတာ့ သူလည္း မရွင္းျပေတာ့ပဲ က်ိန္ဆိုသလိုေျပာလိုက္တယ္။

အရင္ဘဝတုန္းကမွတ္ဉာဏ္ေတြ မရွိခဲ့ဖူးဆိုရင္လည္း ႐ႊယ္ယို႔ရွန္းရဲ႕သူ႔အေပၚထားတဲ့ စိတ္ရင္း​ေၾကာင့္ ေဟာ္႐ူယန္ကို မသတ္ဘူးဆိုရင္ေတာင္ ေဝးေဝးေနမိမွာပဲ။ ေဟာ္႐ူယန္က သူ႔ရဲ႕ယုံၾကည္မႈနဲ႔မထိုက္တန္ဘူး..!

“ဘာလို႔ကြၽန္ေတာ့္ကိုယုံၾကည္ေပးတာလဲ..?”

ရင္းဆုယဲ့ရဲ႕စကားေတြက ေရွ႕ေနာက္မကိုက္ညီေပမယ့္ သူ(႐ႊယ္ယို႔ရွန္း)နားမလည္ေလာက္တဲ့အထိေတာ့ မဟုတ္ဘူး။ ရင္းဆုယဲ့ေျပာခ်င္ေနတာက သူ႔ကို ယုံၾကည္တဲ့အတြက္ ေဟာ္႐ူယန္ကို အခုလိုလုပ္လိုက္တာဆိုတဲ့ သေဘာပဲ။

သူ႔ရဲ႕အျမင္မွာ လူသတ္တာက အရမ္းဆိုးဝါးေပမယ့္ သူ႔ရဲ႕စကားေၾကာင့္ ရင္းဆုယဲ့က ေဟာ္႐ူယန္ကို မုန္းတီးသြားမွန္း သိလိုက္ရေတာ့ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ရွင္းမျပတတ္ေအာင္ စိတ္ေက်နပ္သြားခဲ့တယ္။

႐ုတ္တရက္ သူ႔ရဲ႕သုံးဖက္ျမင္အေတြးက ကြဲေၾကသြားသလိုပဲ။ စကားတစ္ခြန္းတည္းနဲ႔ ေဟာ္႐ူယန္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ရင္းဆုယဲ့ ဘယ္ေလာက္ရက္စက္တတ္မွန္း သူေမ့သြားခဲ့တယ္။ ၾကည့္ရတာ သူကေတာ့ ကုစရာေဆးမရွိေတာ့ဘူးပဲ။

ရင္းဆုယဲ့ကို ဘက္လိုက္ေနမႈႀကီးက ကုစရာေဆးမရွိေတာ့ဘူး..!

“မင္းက ယုံၾကည္ေပးဖို႔ထိုက္တန္တယ္..”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို တည္ၾကည္ေလးနက္စြာ ေျပာလိုက္တယ္။

ဒီဘဝမွာလည္း ယုံၾကည္ေပးရမယ့္လူမရွိဘူးဆိုရင္ သူ႔ဘဝႀကီးက အဓိပၸါယ္မရွိေတာ့ဘူး။ သိသာပါတယ္.. ရင္းဆုယဲ့ရဲ႕အျမင္မွာေတာ့ သူ႔ရဲ႕အရင္ဘဝက တကယ့္ကို အရႈံးသမားပဲ။ လူေပါင္းမ်ားစြာကို ေက်ာ္လြန္ၿပီး ‘ႀကီးျမတ္တဲ့ဘုရင္’ အဆင့္ကို ေရာက္ခဲ့ေပမယ့္ သူ႔မွာ မိတ္ေဆြစစ္မရွိခဲ့ဘူး။ လူတိုင္းရဲ႕ရန္သူျဖစ္ေနရတဲ့ ဘဝက အထီးက်န္ဆန္ၿပီး ႐ူးသြပ္ေလာက္တယ္။

တကယ္ေတာ့ ဟြမ္ေပ့ခ်န္ကို ရႈံးနိမ့္သြားခဲ့တဲ့အခ်ိန္တုန္းက ရႈံးနိမ့္မႈကို လက္မခံႏိုင္တာထက္ အရင္ကမခံစားဖူးတဲ့ လြတ္လပ္ျခင္းရဲ႕ အရအသာကို ခံစားလိုက္ရသလိုပဲ။ ေနာက္ဆုံးေတာ့ မုန္းတီးစက္ဆုပ္ဖြယ္ရာ ေလာကႀကီးကေန ထြက္သြားခြင့္ရခဲ့ၿပီ။

ဒါေပမဲ့ ျပန္ၿပီးေမြးဖြားလာရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့ဘူး။ ထိုတစ္ခဏမွာ ျပန္ေမြးဖြားလာတာနဲ႔ ပတ္သက္ၿပီး ဝမ္းမသာတဲ့အျပင္ စိတ္ပ်က္ေဒါသထြက္ခဲ့ရတယ္။ စူးစူးဝါးဝါး နာက်ည္းမုန္းတီးခဲ့တယ္။

ဘာေၾကာင့္လဲ..?  သူလြတ္လပ္ေတာ့မယ့္ အခ်ိန္ေရာက္မွ ဆိုးဝါးတဲ့ ကံၾကမၼာႀကီးကို ဘာလို႔ထပ္ခံစားရဦးမွာလဲ..? ေလာကႀကီးက သူ႔အေပၚအရမ္းရက္စက္လြန္းတယ္။

ဒါေပမယ့္ ဒီကမာၻႀကီးကို ဖ်က္ဆီးပစ္ဖို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္မွာ ႐ႊယ္ယို႔ရွန္းက သူ႔အေရွ႕မွာ ေပၚထြက္လာခဲ့တယ္။ သူ႔ကို ယုံၾကည္ေပးပါလို႔ ေျပာခဲ့တယ္။ ထိုအျခင္းအရာက စိတ္ဓာတ္လဲၿပိဳလုနီးပါးျဖစ္ေနတဲ့သူကို ကယ္ဆယ္လိုက္သလိုပဲ။

သူဝန္ခံပါတယ္..! အဲ့အခ်ိန္တုန္းက ႐ႊယ္ယို႔ရွန္းရဲ႕ စကားေတြက သူ႔ရင္ကို ထိခတ္သြားၿပီး ဆြဲေဆာင္သြားႏိုင္ခဲ့တယ္။ ႐ႊယ္ယို႔ရွန္းက စိတ္႐ိုင္းဝင္လုနီးပါးျဖစ္ေနတဲ့ သူ႔ဘဝထဲကို ေမွ်ာ္လင့္ခ်က္ေတြ သယ္ေဆာင္ေပးလာခဲ့တယ္။ အဲ့တာေၾကာင့္ ဒီအခြင့္အေရးကို သူ႔ဘက္က တင္းတင္းက်ပ္က်ပ္ ဖက္တြယ္ထားရလိမ့္မယ္။

ဒါေပမဲ့ သူ႔စိတ္ထဲမွာ လြန္ဆြဲေနခဲ့ျပန္တယ္။ ယုံၾကည္ခ်င္ေပမယ့္ မယုံၾကည္ရဲဘူး။ ထပ္ၿပီး သစၥာေဖာက္ခံရမွာကို ေၾကာက္႐ြံ႕ေနခဲ့မိတယ္။ သူ,ထပ္ၿပီး လွည့္စားမခံခ်င္ေတာ့ဘူး။ မဟုတ္ရင္ ေမွ်ာ္လင့္ခ်က္မရွိေတာ့တဲ့ သူ႔ဘဝႀကီးက တကယ္ လဲၿပိဳသြားရလိမ့္မယ္။ ႐ူးသြပ္သြားလိမ့္မယ္။

အဲ့တာေၾကာင့္ ႐ႊယ္ယို႔ရွန္းကို အခြင့္အေရးရတိုင္း အႀကိမ္ႀကိမ္ စမ္းသပ္ေနခဲ့မိတယ္။ စိတ္ေအးလက္ေအး မေနႏိုင္ခဲ့ဘူး။ သူ႔ရဲ႕ အရင္ဘဝေၾကာင့္ တျခားလူေတြကို ယုံၾကည္ႏိုင္ဖို႔ ခက္ခဲခဲ့တယ္။

သူ႔ရဲ႕ဘဝက ႀကိဳးတန္းေပၚမွာ လမ္းေလွ်ာက္ေနရသလိုပဲ။ တစ္ဖက္မွာ ႐ႊယ္ယို႔ရွန္းကို တစ္သက္လုံးယုံၾကည္ႏိုင္ဖို႔ ဆုေတာင္းေနမိၿပီး တျခားတစ္ဖက္မွာ သူ႔ကိုသစၥာေဖာက္သြားလိမ့္မယ္လို႔ ေတြးထင္ေနခဲ့မိျပန္တယ္။

ဆန႔္က်င္ဘက္အေတြးႏွစ္ခုက ႐ူးသြပ္သြားေစမတတ္ပဲ..!

သိကြၽမ္းခဲ့ၿပီးေနာက္မွာ ႐ႊယ္ယို႔ရွန္းက သူ,မေမွ်ာ္လင့္ထားေလာက္ေအာင္ သူ႔အတြက္ စဥ္းစားေပးခဲ့တယ္။ ေနာက္ဆုံးေတာ့ သူ႔အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သမ္းလာခဲ့ၿပီ။

ဒါေပမဲ့ ကံတရားက သူ႔ကိုက်ီစယ္ေနတာလား..?

႐ႊယ္ယို႔ရွန္းက သူလူသတ္ေနတာကို ေတြ႕သြားျပန္တယ္။ အဲ့အခ်ိန္တုန္းက ႐ႊယ္ယို႔ရွန္းသာ ေၾကာက္လန္႔တၾကား ထြက္ေျပးသြားခဲ့ရင္.. သူ႔ကိုထားရစ္ခဲ့ရင္ သူ,ဘာလုပ္မိမလဲ မသိေတာ့ဘူး..! ကံေကာင္းခ်င္ေတာ့ ႐ႊယ္ယို႔ရွန္းက သူ႔ကို စိတ္မပ်က္ေစခဲ့ဘူး။ ဒါေပမဲ့ တစ္ၿပိဳင္နက္တည္းမွာဘဲ အရမ္းေမွ်ာ္လင့္ထားလို႔မရခဲ့ျပန္ဘူး။

ဒီလို ‘မတင္မက်ျဖစ္’ျဖစ္ေနတဲ့ ခံစားခ်က္ႀကီးက သူ႔ကို စိတ္အေႏွာင့္အယွက္ေပးေနတယ္..!

သူ႔ရဲ႕စိတ္ထဲမွာ ႐ႊယ္ယို႔ရွန္းကို ျပည့္ျပည့္ဝဝ ယုံၾကည္ထားခ်င္တယ္။ အရမ္းပင္ပန္းလာတဲ့တစ္ေန႔ သူ,နားခိုလို႔ရမယ့္ ေနရာေလးတစ္ခု ျဖစ္ေစခ်င္တယ္။ ႐ႊယ္ယို႔ရွန္းရဲ႕ ငယ္႐ြယ္တဲ့ပုံရိပ္ေလးက သူ,နားခိုဖို႔ မလုံေလာက္ေပမယ့္ သူ႔စိတ္ထဲမွာ ေက်နပ္ေနမိတယ္။

တစ္စုံတစ္ေယာက္က ေႏြးေထြးမႈကို ခံစားမိခဲ့ရင္ ဘယ္ေတာ့မွ လက္လြတ္ဆုံးရႈံးခံမွာ မဟုတ္ဘူး။ အဲ့အစား ပိုပိုၿပီး လိုခ်င္လာလိမ့္မယ္။

အဲ့တာေၾကာင့္ ႐ႊယ္ယို႔ရွန္းအေပၚမွာ ပိုပိုၿပီး ေလာဘႀကီးလာမိတယ္။ ျဖစ္ႏိုင္ရင္ ႐ႊယ္ယို႔ရွန္းကို ဘယ္သူမွမျမင္ႏိုင္တဲ့ ေနရာတစ္ခုမွာ ဖြက္ထားခ်င္မိတယ္။ ဒီနည္းလမ္းကပဲ ႐ႊယ္ယို႔ရွန္းရဲ႕ စိတ္ထဲမွာ သူ႔တစ္ေယာက္တည္းရွိေအာင္ လုပ္ေပးႏိုင္လိမ့္မယ္။

ဒါေပမဲ့ အဲ့လိုလုပ္မွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ သူ ႐ႊယ္ယို႔ရွန္းကို အရမ္းအေလးထားလို႔ပဲ။

သူ႔ရဲ႕ တစ္ဖက္သတ္လုပ္ရပ္ေတြေၾကာင့္ ဒီေကာင္ေလး စိတ္မေပ်ာ္မ႐ႊင္ျဖစ္သြားမွာကို စိုးရိမ္ေနတယ္။ ဒီေကာင္ေလးသာ တျခားလူေတြလို သူနဲ႔ေဝးရာကို ထြက္သြားခဲ့ရင္ သူ႔ရဲ႕ကမာၻႀကီးမွာ သူတစ္ေယာက္တည္း က်န္ရစ္ခဲ့လိမ့္မယ္။

ဆုံးရႈံးရမယ့္တန္ဖိုးက အရမ္းႀကီးလြန္းတယ္။ သူ,မစြန႔္စားရဲဘူး။

အဲ့တာေၾကာင့္ ႐ႊယ္ယို႔ရွန္းကို လြတ္လြတ္လပ္လပ္ ေနခြင့္ေပးထားခဲ့တယ္။ တျခားလူေတြနဲ႔ အေပါင္းအသင္းလုပ္တာလည္း ခြင့္ျပဳထားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အရာအားလုံးက သူ႔ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတယ္ေလ။ လုံးဝစိတ္ပူစရာမရွိဘူး..!

ဒါေပမဲ့ သူက အေလးထားၿပီး ဆက္ဆံေနခ်ိန္မွာ ေကာင္ေလးက သူ႔အေပၚ ကိစၥတခ်ိဳ႕ဖုံးကြယ္ထားတာကို ဘယ္လိုမွ လက္သင့္မခံႏိုင္ဘူး။

သူတို႔ႏွစ္ေယာက္ရဲ႕ ရင္းႏွီးမႈကို ဖ်က္ဆီးပစ္မယ့္ ဘယ္လိုအရာမ်ိဳးပဲျဖစ္ျဖစ္၊ ဘယ္လိုလူပုဂၢိဳလ္မ်ိဳးပဲျဖစ္ျဖစ္ လုံးဝခြင့္မျပဳႏိုင္ဘူး။  ႐ႊယ္ယို႔ရွန္းရဲ႕လွ်ိဳ႕ဝွက္ခ်က္က အသိသာဆုံးအခ်က္ပဲ။

႐ႊယ္ယို႔ရွန္းက သူလူသတ္တာကို မေတာ္တဆ ေတြ႕သြားခဲ့ၿပီးၿပီ။ တခ်ိဳ႕အရာေတြက ေရွာင္လြဲလို႔မရသလို တစ္ဦးနဲ႔တစ္ဦး မလိမ္ညာသင့္ေတာ့ဘူး။ ႀကိဳတင္လက္ဦးမႈယူတာက အေကာင္းဆုံးနည္းဗ်ဴဟာပဲ။ ဒီတစ္ေခါက္ေတာ့ ဘာပဲျဖစ္ျဖစ္ သူလိုခ်င္တဲ့ အေျဖကို ရမွျဖစ္မယ္..!

…………………………………….

Continue Reading

You'll Also Like

675K 39.5K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
23.5K 964 4
Growl company ရဲ႕သူေဌးျဖစ္တ့ဲ Oh Sehun နဲ႔ Growl company ကိုအလုပ္လာေလွ်ာက္တ့ဲ သာမန္မိန္းကေလးတစ္ဦးျဖစ္တ့ဲ LuHan
216K 19.7K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^